Ethan Tech Academy

Ethan Tech Academy We offer awesome IT courses and help you find great jobs in Asian countries. 🚀 "

ဝါလကင်းလွတ် သီတင်းကျွတ်အခါသမယမှာ ရောဂါဘယ ကင်းကွာကြ၍ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံပြီး စီးပွားလာဘ်လ...
13/10/2024

ဝါလကင်းလွတ် သီတင်းကျွတ်အခါသမယမှာ ရောဂါဘယ ကင်းကွာကြ၍ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံပြီး စီးပွားလာဘ်လာဘများ တိုးတက်ပါစေကြောင်း
Ethan Tech Family မှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။ 🙏🏻🙏🏻🙏🏻

Ethan Tech Academy
Learning Today Leading Tomorrow!

🙋Web Developer ‌တစ်ယောက်အနေနဲ့ အသက်မွေးဝမ်းကြောင်း ပြုချင်သူများအတွက်!👏👏Full-stack web developer တစ်ယောက်ဖြစ်ဖို့ ဘာတွေလ...
13/09/2024

🙋Web Developer ‌တစ်ယောက်အနေနဲ့ အသက်မွေးဝမ်းကြောင်း ပြုချင်သူများအတွက်!👏👏

Full-stack web developer တစ်ယောက်ဖြစ်ဖို့ ဘာတွေလေ့လာထားသင့်သလဲ?🤔
-full stack developerဆိုတာFront-end & Back-end ၂မျိုးစလုံးdevelopလုပ်တဲ့သူကို ခေါ်ပါတယ်

-frontend web developer တစ်ယောက်က Html,CSS frameworkတွေဖြစ်တဲ့ Bootstrap,tailwind CSSနှင့်JS frameworks တွေဖြစ်
တဲ့VueJS,React,Angularကို သိထားရပါမယ်
Front end developer က backend dataကိုခေါ်သုံးဖို့ရာအတွက် RESTFul API အကြောင်းကိုလည်း သိထားရန်လိုအပ်ပါတယ်

-Backend web developer တစ်ယောက်က server side languages တွေဖြစ်တဲ့ PHP,Ruby,NodeJS,Python,Java,C #.Net language တစ်ခုခုကိုလည်း ကျွမ်းကျင်ပိုင်နိုင်စွာသိဖို့လိုအပ်ပါတယ်
Database အပိုင်းမှာတော့ SQL,AWS,Oracle,MongoDB,Azure ကိုလည်းသိဖို့လိုအပ်ပါတယ်
ထို့အပြင်Backend web developer တစ်ယောက်ကမဖြစ်မနေ Data Structure နဲ့ Algorithm ကိုလည်း သိထားဖို့ လိုအပ်ပါတယ်
Git& Github ကတော့
software development အတွက် အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခုဖြစ်တဲ့အတွက် မဖြစ်မနေ သိထားသင့်ပါတယ်,code တွေကို manage လုပ်နိုင်ပြီး trackingလုပ်ရတာ လွယ်ကူပြီးတော့ teamwork အနေနဲ့ လုပ်ဆောင်တဲ့ အခါမှာ ပိုမိုလွယ်ကူစေပါတယ်

Web development ကို အချိန်တိုအတွင်းတတ်‌မြောက်ချင်ရင်တော့ Ethan Tech Academyမှာ ဖွင့်လှစ်တဲ့ ABE Endorsed diploma in Web development အတန်းကိုတက်ရောက်ဖို့ဖိတ်ခေါ်ပါတယ်။
Septemberလ အကုန်မှာ စတင်မှာဖြစ်တဲ့အတွက် အမြန်ဆုံးအပ်နှံလိုက်ပါ။

Ethan Tech Academy
Learning Today, Leading Tomorrow!

📢 အလုပ်လုပ်ရင်း UK မှ ဘွဲ့ကို အချိန်တိုအတွင်း ရယူလိုသူများအတွက် ABE endorsed Diploma in Web Development (Online)တန်းခွဲအ...
10/09/2024

📢 အလုပ်လုပ်ရင်း UK မှ ဘွဲ့ကို အချိန်တိုအတွင်း ရယူလိုသူများအတွက် ABE endorsed Diploma in Web Development (Online)တန်းခွဲအသစ်ကို ကျောင်းအပ်လက်ခံနေပါပြီ။

Web Developer တစ်ယောက်ဖြစ်ဖို့ အခြေခံကစပြီး အချိန်၆လပဲ ပေးဖို့လိုပြီး Professional လမ်းကြောင်းတစ်ခုကိုရောက်ရှိမှာပဲဖြစ်ပါတယ်။

သင်ကြားပေးမယ့် Web Development Course တွေကတော့

HTML
CSS
Javascript
Jquery
Bootstrap
PHP
Laravel
Mysql Database
MVC တွေပဲဖြစ်ပါတယ်။

Course outline အတိုင်း အတွေ့အကြုံရှိတဲ့ Instructor များကိုယ်တိုင် သင်ကြားပို့ချပေးမှာပဲဖြစ်ပါတယ်။

မည်သူမဆို တတ်ရောက်သင်ကြားနိုင်တဲ့ Learning Environment တစ်ခုဖြစ်အောင်လို့ ပညာအရည်အချင်းကန့်သတ်ထားခြင်းလည်း မရှိပါဘူး။

သင်ကြားချိန်အတွင်း ထိရောက်မှုရှိအောင်လို့ အတန်းတစ်တန်းမှာ လူဆယ်ယောက်လောက်ပဲကန့်သတ်ထားတာမို့ လူမပြည့်မှီ အမြန်ဆုံးစာရင်းလာသွင်းလိုက်ပါ။

September 15 မတိုင်ခင် ကျောင်းအပ်ရင် 5% discount လဲရဦးမှာနော်။

သင်တန်းအပ်နှံလိုပါက
Page messenger
သို့မဟုတ်
09766481238
Welcome to Ethan Tech Academy!
Learning Today, Leading Tomorrow!
🌐 https://www.ethantechacademy.com
☎️ 09 766 48 1238
906, Shwe Hinthar Condo, Tower B, Hlaing Tsp., Yangon.

📣"𝐖𝐞'𝐫𝐞 𝐇𝐢𝐫𝐢𝐧𝐠"📣- Project -based Mid-level Flutter Freelance Developer M/F (1) post- Permanent Junior Flutter Developer ...
04/09/2024

📣"𝐖𝐞'𝐫𝐞 𝐇𝐢𝐫𝐢𝐧𝐠"📣

- Project -based Mid-level Flutter Freelance Developer M/F (1) post
- Permanent Junior Flutter Developer M/F (1)post

Mid Level Flutter Developer(Project Based)

✓ Requirements
-A degree in Computer Science, Information Technology, or a related field is often preferred but not always required depending on experience
-Strong experience in developing mobile applications using Flutter and Dart.
-Familiarity with Flutter's widget tree, state management techniques (e.g., Provider, Riverpod, Bloc), and custom widgets
-Ability to integrate and manage RESTful APIs.
-Understanding of network requests, JSON parsing, and error handling.
-Experience with local databases (e.g., SQLite, Hive) and integration with remote databases (e.g., Firebase, MySQL).
-Understanding of data modeling and handling complex queries
-Experience with implementing secure user authentication (e.g., OAuth, Firebase Auth).
-Proficiency in managing app state using appropriate state management solutions like Provider, Riverpod, or Bloc
-Proficiency in using Git for version control.
-Knowledge of Material Design and iOS design principles.
-Willingness to collaborate with backend developers, designers, and other team members
-Experience with Flutter Web ,android & iOS.

Junior Flutter Developer(Remote)

✓ Requirements
-A degree in Computer Science, Information Technology, or a related field is often preferred but not always required depending on experience
-Understanding of Flutter’s core concepts and the ability to build simple mobile applications.
Familiarity with Dart programming language, including basic syntax and concepts.
-Experience in building user interfaces using Flutter’s built-in widgets.
-Basic understanding of responsive design and how to handle different screen sizes and orientations.
-Familiarity with basic state management techniques, such as using setState and possibly an introduction to simple state management libraries like Provider
-Basic understanding of how to make network requests, consume RESTful APIs, and parse JSON data.
-Basic knowledge of Git for version control, including creating repositories, committing changes, and pushing code.
-Familiarity with local data storage solutions, such as SQLite or shared preferences in Flutter.
-A strong desire to learn and grow as a developer. Openness to feedback and the ability to quickly pick up new concepts.
-Willingness to work as part of a team, follow directions from more experienced developers, and contribute to team goals.

Sent your CV to:
[email protected]

"Frontend Development ကို Self Study ဘယ်လိုလုပ်မလဲ"Front-end Development ပိုင်းနဲ့ပတ်သတ်လို့ ကျွန်တော်ရေးချင်နေတာတော့ကြာ...
08/08/2024

"Frontend Development ကို Self Study
ဘယ်လိုလုပ်မလဲ"
Front-end Development ပိုင်းနဲ့ပတ်သတ်လို့ ကျွန်တော်ရေးချင်နေတာတော့ကြာပါပြီ။အထူးသဖြင့် ဒီအပိုင်းကို Self Study ဘယ်လိုလုပ်ရမလဲ ဘယ်လိုလေ့လာသွားသင့်လဲ ဆိုတာတွေကို ကျွန်တော်ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံတွေအပေါ်မှာ မူတည်ပြီး ရေးသွားမှာဖြစ်လို့ ဒီခရီးအတွက် အထောက်အပံ့တစ်ခု ဖြစ်စေနိုင်ပါတယ်။
ပထမဆုံးအနေနဲ့ ကျွန်တော် Learning Method နှစ်ခုကို နည်းနည်းလောက်ပြောချင်ပါတယ်။
ဒီ Front-end Development ပိုင်းနဲ့ပတ်သတ်တဲ့ သင်တန်းတွေတတ်တယ်၊ Tutorials တွေကြည့်တယ်၊ သင်တန်းကသင်တဲ့ဆရာနဲ့အတူတူ Code တွေတူတူရေးတယ်၊ side project တွေရေးတယ်၊ လိုအပ်လာရင် Documentation တစ်ခါလောက်သွားဖတ်လိုက်တယ်။ ဒီလိုမျိုး Action တွေဟာ ဦးနှောက်အတွက်သိပ်ပြီး Effort မလုပ်ရတဲ့ အတွက် Active Learning လို့ခေါ်ပါတယ်။ ဒီလို learning မျိုးဟာ လုပ်နေစဉ်ခဏပါပဲ ကိုယ့်ရဲ့ခေါင်းထဲမှာကြာကြာမခံပါဘူး။ ကျွန်တော်ကတော့ Active Learning ထက်စာရင် Passive
Learning Method ကိုသာအားပေးပါတယ်။
Passive Learning ကိုစပြီးမလုပ်ခင် ကိုယ့်ရဲ့ Personal Time Goal တစ်ခုကိုအရင်ဆုံးဆွဲထားဖို့လိုအပ်ပါတယ်။ ဒီနေရာမှာပြောစရာရှိတာက တစ်ယောက်နဲ့တစ်‌ယောက် ဦးနှောက်အာရုံစိုက်နိုင်တဲ့ အချိန်ခြင်းမတူကျပါဘူး။ တစ်ချို့ကလည်း မနက်ပိုင်း Learning လုပ်ရတာပိုအားသန်တယ်၊ တစ်ချို့ကျတော့ ညပိုင်းလုပ်ရတာမျိုးကို ပိုပြီးအားသန်တယ်။ ပြောလိုတာက မနက်ပိုင်းလုပ်လုပ် ညပိုင်းလုပ်လုပ် ကိစ္စမရှိပါဘူး၊ ကိုယ့်ရဲ့ ဦးနှောက်အာရုံစိုက်နိုင်မှု မြင့်နိုင်တဲ့အချိန်မျိုးကို
ကြိုပြီးတော့ Goal တစ်ခုရေးဆွဲထားဖို့တော့
လိုပါတယ်။
နောက်တစ်ခုပြောလိုတာက အချိန်။ Front-end ပိုင်းမှာ တစ်နေ့ 4နာရီလောက်အချိန်ပေးနိုင်မယ်ဆို လုံလောက်ပါတယ်။ 5နာရီလောက်ဆိုလည်း ပိုပြီး Perfect ဖြစ်သလို 3နာရီပေးနိုင်ရင်လည်း အဆင်ပြေပါတယ်။ ဒီအောက်မှာ‌တော့ Frontend
Development အတွက် 4နာရီလောက် Learning လုပ်ဖို့အဆင်ပြေမဲ့ To Do List တစ်ခုထည့်ပေးထားပါတယ်။
(0) Spend minimum 30 minutes on Freecodecamp
(1) 1 hour React Course on Scrimba
(2) Learning about of Computer Science 50
(3) Read 15 Pages a days in Eloquent JavaScript Book
(4) Look up what difference between relative and absolute position
(5) Deep dive in JavaScript documentation
(6) Solve a Code war Challenge
(7) Learning about of Git Command
ဒီဟာကတော့ ကျွန်တော် နမူနာပုံစံလုပ်ပြထားတဲ့ To Do List တစ်ခုပါ။ ကိုယ့်နဲ့သင့်တော်ပြီးအဆင်ပြေမဲ့ To Do List တစ်ခုကို ဒီလိုပုံစံမျိုးလေးဆွဲထားပါ လို့ပြောချင်ပါတယ်။
အပေါ်ကရေးခဲ့တာဟာတွေက Active Learning Zone ထဲမှာပဲရှိပါသေးတယ်။ Passive Learning အတွက်ကခုမှစမှာပါ။ Passive Learning ဆိုတာက Tutorials တစ်ခုကြည့်နေရင်းမှတ်စရာတွေ့ရင် Note တစ်ခုထုတ်လိုက်တာမျိုး၊ Flashcards လုပ်ပြီး လေ့လာတာမျိုး Coding Practice လုပ်တာမျိုးတွေကို Passive Learning လုပ်တာလို့ခေါ်ပါတယ်။တစ်နည်းအားဖြင့် ဦးနှောက်ကို Output များများထုတ်ခိုင်းတာကြောင့် ပိုပြီးတော့မှတ်မိစေလွယ်ပါတယ်။
Flashcards တွေနဲ့ပတ်သတ်ပြီးတော့ ရေးချင်တာလေးတွေရှိပါသေးတယ်။ JavaScript ကို
တစ်နာရီလောက်တော့ လုပ်လိုက်ပါရဲ့ နောက်နေ့ကျ var သုံးရမလား const နဲ့ရေးရမလားနဲ့ သင်ပြီးတာတွေကိုမမှတ်မိတာမျိုး ဇဝေဇဝါ ဖြစ်တာမျိုးတွေကြုံတတ်ပါတယ်။ ဒီလိုမျိုးဖြစ်တာကိုအစားထိုးဖို့ အတွက် Flashcards Create လုပ်ဖို့လိုပါတယ်။ Flashcards သုံးပြီးလေ့လာတာ memory ကို recall ပြန်ခေါ်ပေးတာမို့ Frontend ပိုင်းတင်မဟုတ်ပါဘူး math တို့ physics တို့မှာလည်းသုံးကြပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း Project ရေးနေရင်း တစ်ခါတစ်လေ CSS Color Hexcode တွေရောတာတွေဖြစ်ဖူးပါတယ်။ Flashcards သုံးပြီးနောက်ပိုင်း ဒီလို ရော တဲ့ပြသနာတော်တော်လေးနည်းသွားပါတယ်။အောက်မှာတော့ Flashcards လုပ်ဖို့အတွက် website ကောင်းတစ်ခုထည့်ပေးထားပါတယ်။
https://app.studysmarter.de/home
ဒီအပိုင်းကတော့ Coding Practice များများလုပ်ဖို့ပါပဲ။ Passive Learning ဘက်အတွက်လည်း အကြုံးဝင်ပြီးသားပါ။ Coding Practice လုပ်ဖို့အတွက် Hacker Rank တို့ Leet Code တို့ Codewar တို့ရှိပေမဲ့ ကျွန်‌တော်ကတော့ Hacker Rank နဲ့ Leet Code တို့ကိုမညွှန်းချင်ပါဘူး။ ဒီ website နှစ်ခုက beginners တွေအတွက် ငရဲ နဲ့တူပါတယ်။တော်‌‌တော်လေးခက်တယ်လို့ပြောတာပါ။အဲ့ဒီအစား Codewar မှာသွားပြီး Practice လုပ်သင့်ပါတယ်။ Codewar မှာ ရှိတဲ့ Problemတွေက 1kyu ကနေ 8kyu ထိအဆင့်ဆင့် ခွဲထားပေးတာမို့ ကိုယ့် level နဲ့ကိုက်တဲ့ Kyu ကိုရွေးပြီး solve လုပ်ရုံပါပဲ။
https://www.codewars.com

နောက်ဆုံးကတော့ projects တွေရေးဖို့လိုပါတယ်။ Project တစ်ခုရေးတာက Tutorial 10 hours ကြည့်တာနဲ့ညီပါတယ်။ Project ရေးမဲ့နေရာမှာ ဥပမာ- ဒီနေ့ကိုယ်က HTML,CSS လောက်သင်ခဲ့ရင် သူနဲ့ဆိုင်တဲ့ mini project သေးသေးလေးတွေရှိပါတယ်။ စ‌ပြီးရေးကြည့်ပါ။သူ့အိုးနဲ့သူ့ဆန် ဆိုသလို ကိုယ့်ရဲ့ skill က HTML CSS လောက်ရနေပေမဲ့ React နဲ့ရေးရတဲ့ Project တွေကို သွားခုန်ပြီး ရေးမယ်ဆိုရင် အချိန်သာကုန်မယ် ဘာမှရလာမှာမဟုတ်ပါ။
ကိုယ်ရေးထားတဲ့ project ကိုလည်း GitHub လို Platform မျိုးတွေမှာတင်ထားသင့်ပါတယ်။ ကိုယ်ကိုတိုင်ရေးခဲ့တဲ့ Project တစ်ခုရဲ့ soure code ကို GitHub မှာထိုင်ပြီးကြည့်နေရတာကိုက လက်ရာမြောက်တဲ့ ပန်းချီကားတစ်ချက်ကြည့်နေရသလိုကို အရသာရှိပါတယ်။
ဒီဟာတွေကတော့ Fron-tend Development ပိုင်းနဲ့ဆိုင်တဲ့ Free Materials Stuff တွေပါ။

https://scrimba.com
https://code.org
https://www.frontendmentor.io
https://www.theodinproject.com
https://www.codewell.cc
https://www.udacity.com/course/intro-to-javascript--ud803
https://www.udacity.com/.../object-oriented-javascript...
https://developer.mozilla.org/en-US/
(ရေးခဲ့တဲ့ post တစ်ခုလုံးကိုခြုံငုံပြပြောထား
တာပါ)
0. Documentation များများဖတ်ဖို့
1. Time Goal တစ်ခုတည်ဆောက်ထားဖို့
2. နေ့စဉ်လုပ်မဲ့ ToDoList တစ်ခုထားရှိဖို့
3. Flashcards သုံးဖို့
4. Coding Practice လုပ်ဖို့
5. Projects တွေများများရေးဖို့
6. Note ထုတ်ဖို့
7. Active Learning လျော့ပြီး Passive Learning များများလုပ်ဖို့ပဲဖြစ်ပါတယ်။
နောက်ဆုံးပိတ်ပြောလိုတာကတော့ Keep Going
ပါပဲ။ Front-end Development ပိုင်းမှမဟုတ်
ပါဘူး။ ဘာကိုပဲလေ့လာ လေ့လာ သင်ယူတဲ့ပုံနည်းစနစ် မမှန်ရင်ရှေ့ဆက်မရောက်ဘဲအနားမှာ တဝဲလည်လည်ဖြစ်နေတတ်ပါတယ်။ ကျွန်တော်အပေါ်မှာရေးခဲ့တဲ့ ထိရောက်မှုရှိတဲ့ နည်းလမ်းတွေဟာ Front-end Journey ခရီးအတွက်အထောက်အကူဖြစ်စေနိုင်မယ်လို့ မျှော်လင့်
မိပါတယ်။
Learning today, leading tomorrow!

23/07/2024

ABE Endorsed Diploma in Web Development အတန်းရဲ့ ထူးချွန်ကျောင်းသား ကိုဗမ်ရွှေမောင်ရဲ့ Project လေးအား ဖော်ပြပေးလိုက်ပါတယ်။

Learning today, leading tomorrow!

Programming အတွက် Laptop  ရွေးချယ်မယ်ဆိုရင် ဒီအချက်လေးတွေကို ထည့်ပြီးစဥ်းစားထားသင့်တယ်။ပထမဆုံးအနေနဲ့ ဘယ်လို CPU မျိုးကို...
17/07/2024

Programming အတွက် Laptop ရွေးချယ်မယ်ဆိုရင် ဒီအချက်လေးတွေကို ထည့်ပြီးစဥ်းစားထားသင့်တယ်။
ပထမဆုံးအနေနဲ့ ဘယ်လို CPU မျိုးကိုသုံးမှာလဲ။ ကိုယ်က Programming ပဲလုပ်မှာ၊ ဂိမ်းတွေဘာတွေလည်း အဲ့လောက်မဆော့ဘူးဆိုရင် Intel ဆို i5 လောက်နဲ့ AMD ဆို Ryzen 5600 series လောက်ဆိုရင် လုံလောက်ပြီ လို့ပြောလို့ရတယ်။ Code လေးလည်းရေးချင်တယ်၊ ရေးလို့ပျင်းလာရင် ဂိမ်းလေးဘာလေးလည်း ဆော့ချင်သေးတယ်၊ video editing ပါ တွဲလုပ်ဦးမယ်ဆိုရင် AMD ဆို Ryzen 7 လောက်နဲ့ Intel ဆို i7 or i9 လောက်ရွေးထားတာအကောင်းဆုံးပဲ။
နောက်တစ်ခုစဥ်းစားစရာက Ram၊ Laptop ဝယ်မယ်ဆို Ram များရင်ပြီးရောကွာဆိုပြီး မဝယ်သင့်ဘူး။ဒီ Ram က DDR4 လား DDR5 လား ဘယ်လောက် Speed နဲ့အလုပ်လုပ်တာလဲ slot တွေဘာတွေအပိုပါဦးမလားဆိုတာပါ ထည့်တွက်ရမယ်။ ပုံမှန်အားဖြင့် Web လောက်ရေးမယ်ဆို 8GB တစ်ချောင်းလောက်နဲ့တင် မောင်းလို့ရပေမဲ့ Mobile ရေးမယ်ဆို 8GB လောက်နဲ့က ကလေးကစားသလိုဖြစ်နေပြန်ရော။ အဲ့တော့ 16GB လောက်သုံးနိုင်ရင် ပိုကောင်းတယ်။
Battery အကြောင်းနည်းနည်းပြောမယ်။ ခုဆိုမီးတွေက မမှန်ဘူး အရမ်းကိုပျက်တယ်။ ဒီအချိန်မှာ Battery ကလည်း ထည့်ပြီးစဥ်းစားရပြန်ရော၊ Normal Usage လောက်ပဲသုံးတာကို ၁နာရီ ၂နာရီ လောက်တောင်မခံရင် Programming အတွက်ဆို ပိုဆိုးပြီ။ ခုဆိုလည်း နာရီဝက်လောက်သွင်းထားတာနဲ့ အား တစ်ဝက်လောက် ပြန်ပြည့်တယ်ဆိုတဲ့ fast charging တွေလည်း ထွက်နေတာမို့ Battery အတွက်ဆို wh များလေ ကြာကြာသုံးလို့ကောင်းလေလေပဲ။
ခုနောက်ပိုင်း Laptop Display တွေက 1080P လောက်နဲ့လာတာမို့ အရမ်းကြီးပြောစရာတော့မရှိဘူး။ ‌စျေးတတ်နိုင်ရင်တော့ OLED လောက်သုံးပေါ့။ Budget ပဲဆိုရင်လည်း 100% RGB တွေလည်းရှိတယ်။(ကျွန်တော်ကတော့ 2K လောက်သုံးတယ်၊ ကြွားတာပါ) 😜
Screen Size ကတော့သုံးမဲ့သူပေါ်မှာပဲမူတည်တယ်၊ တစ်ချို့ကလည်း Screen Size သေးတာကြိုက်တယ် ၊ တစ်ချို့ကျပြန်တော့လည်း Size ကြီးမှ ကြည့်ရတာ အားရတယ်တို့ ဘာတို့ပေါ့။ ဒါ‌ကတော့ ကိစ္စမရှိဘူး ၊ ကိုယ်နဲ့အဆင်ပြေတာကိုယ်ရွေးပေါ့၊
Modern Storage တော်တော်များများက SSD တွေနဲ့ပဲလာကြတော့တာမို့ ဝယ်မယ်ဆို Storage ပိုများလေ ပိုကောင်းလေပါပဲ။ Storage ကလည်း များလေ စျေးကလည်းကြီးတာမို့ Budget သမားတွေအတွက်‌ကတော့ minimum 256 GB လိုရပါပြီ။
နောက်ဆုံးတစ်ခု‌ကတော့ brand ရွေးချယ်တဲ့အပိုင်းပဲ။ စျေးကလည်းသက်သာရမယ် ၊ Price to performance ထဲကလိုချင်တယ်ဆိုရင် Lenovo, HP, Dell ဒီသုံးခုကိုတော့ recommend ပေးချင်တယ်။ နောက်ပိုင်း window မသုံးချင်ဘူး Linux ပြောင်းသုံးမယ်ဆိုလည်း ဒီသုံးခုရဲ့ hardware တွေက Linux ရဲ့ hardware certified ဖြစ်ပြီးသားမို့ ရွေးချယ်ကြည့်ဖို့ အကြံပေးချင်တယ်။ ပိုက်ဆံလိုက်နိုင်ရင် MacBook ဝယ်သုံးတာတော့ အကောင်းဆုံးပေါ့။

Leading today, learning tomorrow! ✨

2024 ခုနှစ် ၊ June  လတွင် ကျင်းပခဲ့တော့ UK နိုင်ငံ​အသိအမှတ်ပြု ABE Endorsed Diploma in Web Development  Exam ကို အောင်မြ...
09/07/2024

2024 ခုနှစ် ၊ June လတွင် ကျင်းပခဲ့တော့ UK နိုင်ငံ​အသိအမှတ်ပြု ABE Endorsed Diploma in Web Development Exam ကို အောင်မြင်ခဲ့ကြသော ABE Batch 1 မှ ကျောင်းသားများအား Ethan Tech Academy မှ ဝမ်းမြောက်ဂုဏ်ယူကြောင်း.........👏👏👏
✅ကောင်းမွန်မှန်ကန်သောရွေးချယ်မှုနှင့် သင့်အောင်မြင်မှုအတွက် Ethan Tech Academy မှ အမြဲ အသင့်ရှိနေပါတယ်။

https://m.facebook.com/story.php?story_fbid=476820561597508&id=100078087033136
Learning today, leading tomorrow!

၆လအချိန်ပေးရုံနဲ့ ABE UK မှပေးအပ်သွားမဲ့ professional diploma in web development ဘွဲ့ကို ပိုင်ဆိုင်နိုင်မဲ့ အခွင့်အလမ်းတ...
27/06/2024

၆လအချိန်ပေးရုံနဲ့ ABE UK မှပေးအပ်သွားမဲ့ professional diploma in web development ဘွဲ့ကို ပိုင်ဆိုင်နိုင်မဲ့ အခွင့်အလမ်းတစ်ခုကို Ethan Tech Academy မှ ဆောင်ယူလာပါပြီ။

2023ခုနှစ်မှာ နာမည်ကြီး Forbes magazine ကနေထုတ်ပြန်ထားသော အချက်အလက်များအရ ကမ္ဘာပေါ်မှာ websites ပေါင်း 1.13 billion ထက်မနည်းရှိနေတယ်လို့ဆိုထားပါတယ်။လာမဲ့နှစ်တွေများမှာလည်း ခုထက်ကိုပိုများလာလ်ိမ့်ဦးမယ်လို့လည်း မှန်းထားကြပါတယ်။ Websites တွေပိုများလာတာနဲ့အမျှ Web Development နဲ့ပက်သတ်တဲ့ အလုပ်အကိုင်တွေလည်း ပေါများလာပါတယ်။ Web Developer ဆိုတဲ့အလုပ်ဟာ လစာ income ကလည်းအရမ်းကိုမှ High နေသလို Internet ရှိနေရုံမျှနဲ့ ဘယ်နေရာကနေမဆို အလုပ်လုပ်ပြီး ဝင်ငွေရှာလ်ို့ရတဲ့ အားသာချက်တွေကလည်း ရှိနေပါသေးတယ်။

ဒီလိုမျိုး လစာကလည်း ကောင်း အလုပ်အကိုင်အခွင့်အလမ်းကလည်း ပေါများတဲ့ web developer တစ်ယောက်အဖြစ်လျှောက်လမ်းကြမဲ့ သူများအတွက် Ethan Tech Academy မှ တာဝန်ယူ လမ်းဖောက်‌ဆောင်ရွက်ပေးပါရစေ။

အချိန် ၆လတာ ကာလအတွင်း လက်ရှိ Web Development လုပ်ငန်းခွင်နယ်ပယ်မှာအသုံးပြုနေကြတဲ့ နည်းပညာတွေဖြစ်တဲ့ -
HTML
CSS
Javascript
Jquery
Bootstrap
PHP
Laravel
Mysql Database
MVC
စတဲ့ နည်းပညာတွေကို ခိုင်မာကျစ်လစ်လျှက်ရှိတဲ့ ABE Endorsed Web Development courses outline အတိုင်း အတွေ့အကြုံရှိတဲ့ Instructor များကိုယ်တိုင် သင်ကြားပို့ချပေးမှာပဲဖြစ်ပါတယ်။

မည်သူမဆို တတ်ရောက်သင်ကြားနိုင်တဲ့ Learning Environment တစ်ခုဖြစ်အောင်လို့ ပညာအရည်အချင်းကန့်သတ်ထားခြင်းလည်း မရှိသလို သင်ကြားနေစဥ် ကာလအတွင်း အခက်အခဲများရှိခဲ့ရင်လည်း services ပေးနိုင်ဖို့အတွက် Admission Team ကလည်း အဆင့်သင့်ရှိနေပါတယ်။

သင်တန်းကာလပြီးဆုံးသွားရင်လည်း အလုပ်အကိုင်အတွက်လည်း စိတ်ပူစရာမလိုအောင် သင်တန်းကျောင်းသားတွေထဲကမှ ထူးချွန်ကျောင်းသားတစ်ယောက်ကို ရွေးချယ်ပြီး Paid Internship အဖြစ် ရွေးချယ်ပေးသွားဦးမှာပါ။

အလုပ်တစ်ဖက်၊ ‌ကျောင်းတစ်ဖက်နဲ့ တတ်ရောက်မဲ့သူများအဆင်ပြေအောင်လို့ Campus ရော Online ရော ကြိုက်တာရွေးချယ်ပြီး တတ်ရောက်လို့ရအောင်လည်းလုပ်ပေးထားပါတယ်။

သင်ကြားချိန်အတွင်း ထိရောက်မှုရှိအောင်လို့ အတန်းတစ်တန်းမှာ လူဆယ်ယောက်လောက်ပဲကန့်သတ်ထားတာမို့ လူမပြည့်မှီ အမြန်ဆုံးစာရင်းလာသွင်းလိုက်ပါ။

သင်တန်းအပ်နှံလိုပါက
Page messenger
သို့မဟုတ်
09766481238
Welcome to Ethan Tech Academy!
Learning Today, Leading Tomorrow!
🌐 https://www.ethantechacademy.com
☎️ 09 766 48 1238
906, Shwe Hinthar Condo, Tower B, Hlaing Tsp., Yangon.

" Roadmap for PHP developers"ကျွန်တော် ဒီနေ့မှာတော့ PHP ကိုစတင်လေ့လာမယ့်သူတွေ နဲ့ PHP developer တွေအတွက် Roadmap လေးရေပေ...
14/06/2024

" Roadmap for PHP developers"

ကျွန်တော် ဒီနေ့မှာတော့ PHP ကိုစတင်လေ့လာ
မယ့်သူတွေ နဲ့ PHP developer တွေအတွက် Roadmap လေးရေပေးချင်ပါတယ် ။ ဒီတော့ PHP ကိုလေ့လာရင် ဘယ်အဆင့်ကနေ ဘယ်အခြေနေလောက်ထိလေ့လာသင့်လဲ ဘာတွေဆက်စပ်လေ့လာဖို့လိုအပ်လဲဆိုတာ လမ်းမပျောက်ရအောင်ဆက်လက်ဖတ်ရှုကြည့်ပါ ။

အရင်ဆုံး PHP ဆိုတာဘာလဲ?

PHP ဆိုတာ Server side Scripting Language တစ်ခုပါ ။ ပြောချင်တာက ကျွန်တော်တို့ Website ရဲ့ Backend ပိုင်းတွေကိုအလုပ်လုပ်မှာပေါ့ဗျာ ။ အသုံးချလုပ်ဆောင်ချက်တွေ ပါလာတော့မှာပေါ့ ။ ဥပမာ ကျွန်တော်တို့က Username, Email, Password အစရှိတဲ့ Data တွေကို Form ဖြည့်ပြီ ကျွန်တော်တို့က Server side Language တွေ
မပါရင် ဒီ Data တွေက ဘယ်မှမရောက်တော့ဘူး ။ ဒီတော့ ကျွန်တော်တို့ Form က ရလာမယ့် Data တွေကို Database မှာသွားရောက်သိမ်းချင်တာပဲ ဖြစ်ဖြစ် သိမ်းထားတာတွေကို ပြန်လည်ခေါ်သုံးလိုတာဖြစ်ဖြစ် ဒီလိုလုပ်ဆောင်တော့မယ်ဆို PHP လို server side language တစ်ခုခု ကိုလေ့လာထားရပါမယ် ။ဒါက အကြမ်းဖျင်းပြောတာ တခြားလုပ်ဆောင်နိုင်တာတွေလဲအများကြီးရှိပါသေးတယ်

PHP ကိုမလေ့လာခင် ဘာတွေအရင်လေ့လာထားဖို့လိုအပ်လဲ?

PHP မလေ့လာခင်သိထားသင့်တာတွေကတော့ Web fundamental တွေပေါ့ ။ ဘာတွေလေ့လာရမလဲဆို အဓိကအနေနဲ့ Html,css,JavaScript basic လောက်လေ့လာထားသင့်ပါတယ် ။ အဆင်ပြေမယ်ဆို Jquery, Bootstrap ပါ ဆက်လေ့လာထားပါ ။ ဒါတွေက ကျွန်တော်တို့ရဲ့ website ရဲ့ user interface ပိုင်းကိုရေးသားပေးပြီ ဆိုပါတော့ ။ ပြီးရင် ကျွန်တော်တို့ PHP ချက်ချင်းတန်းမလေ့လာသင့်ပါဘူး ။ ဘာလို့လဲဆို PHP လို server side language တစ်ခုအတွက် client နဲ့ server ရဲ့ ဆက်သွယ်ချက်တွေကိုကောင်းကောင်းနားလည်ထားဖို့လိုအပ်ပါတယ် ။ဒီတော့ ဘာတွေလေ့လာရမလဲဆိုရင် ပထမဆုံး website တွေ Internet တွေ ဘယ်လိုအလုပ်လုပ်လဲဆိုတာလေ့လာပါ ။ဒါမှသာ Server ရဲ့ လုပ်ဆောင်ချက်တွေ ကိုနားလည်မှ PHP ကိုလေ့လာရလွယ်ကူမှာပါ ။နောက်ထပ်လေ့လာထားရမှာက HTTP Request,Response လုပ်ဆောင်ချက်တွေ Status Code တွေအကြောင်းတွေလေ့လာ
ထားပါ။

- Website နဲ့ Internet တွေအလုပ်လုပ်ပုံလေ့လာရန်
https://youtu.be/zN8YNNHcaZc

- Http full course
https://youtu.be/iYM2zFP3Zn0

ဒီလောက်လေ့လာထားရင် PHP စကိုင်လို့ရပါပြီ။

အကယ်လို့စလေ့လာလာတော့မယ်ဆို Beginner တစ်ယောက်အနေနဲ့ Basic Concept တွေကိုသေချာလေးလေ့လာထားပါ ။ Data type တွေ loops တွေ Conditional Statement တွေ String,Array အစုံသေသေချာချာလေ့လာပါ ။ ပြီးရင် Session, Cookie တွေအကြောင်းတွေ Composer တွေ Namespace တွေ အစရှိသဖြင့် Beginner level ထဲက ကျေနေအောင်လေ့လာဖို့မှာချင်ပါတယ် ။ ဘာလို့လဲဆို နောက်ပိုင်း Framework တွေ ကိုင်တော့မယ်ဆို အခြေခံမပိုင်ရင်သူများထက်လေ့လာရပိုခက်သွားမှာပါ ။

PHP Basic Concept တွေလေ့လာပြီးရင် ဘာဆက်လေ့လာရမလဲ ။

ဆက်လေ့လာသင့်တာကတော့ OOP (Object Oriented Programming) ပါ ။ ဒီ ကောင်ကို ကောင်းကောင်းအသုံးပြုတက်မှ Project တွေရေးတဲ့အခါ အဆင်ပြေသလို Framework တွေမှာလဲ OOP ပုံစံသာအသုံးပြုထားတော့ အခြေခံအနေနဲ့လေ့လာထားဖို့လိုအပ်ပါတယ် ။ပြီးရင် Composer ရဲ့အလုပ်လုပ်ပုံတွေအသုံးဝင်ပုံတွေကိုလေ့လာထားသင့်ပါတယ် ။ နောက်ပြီးဆက်လေ့လာရမှာကတော့ Database ပဲ ဖြစ်ပါတယ် ။ အများစုကတော့ PHP ကို Mysql နဲ့ပဲတွဲသုံးကြပါတယ် ။ Beginner တစ်ယောက်ဆို Mysql ကိုပဲ ပိုင်ပိုင်နိုင်နိုင်လေ့လာထားသင့်ပါတယ် ။

အထက်ပါလေ့လာစရာတွေကို အောက်ပါ Course တွင်တစ်ဆင့်ချင်းလေ့လာသွားနိုင်
ပါတယ်။

https://www.youtube.com/playlist?list=PLr3d3QYzkw2xabQRUpcZ_IBk9W50M9pe-

ဒါပြီးရင် Project တွေစတင်ရေးသားနိုင်ပါပြီ ။ PHP pure နဲ့ project တွေရေးတဲ့အခါ mini ကနေ pro အဆင့်ထိ တစ်ဆင့်ချင်း တက်ပြီးရေးသားကြည့်ပါ ။ CRUD ကိုကောင်းကောင်းအသုံးပြုပါ။ Ecommerce site လောက်ထိရေးသားနိုင်အောင်ကြိုးစားကြည့်ပါ ။ ကိုယ်လိုအပ်တာတွေ ထည့်ချင်တဲ့ Features တွေကို ရှာဖွေလေ့လာအသုံးပြုပြီး ရေးသားကြည့်ပါ ။

- To Do App With PHP
https://youtu.be/NxeNqHdJFxs

- Login system Project
https://youtu.be/gCo6JqGMi30

- Shopping Cart Project
https://youtu.be/1Ip7_hdSqzY

OK ဒါတွေက server side ရဲ့ beginner level ပဲရှိပါသေးတယ် ။ ဒါတွေပိုင်နိုင်မှ company တွေဘာတွေမှာ သုံးတဲ့ Design pattern တွေ framework တွေအကြောင်းကိုဆက်လေ့လာကြည့်ပါ ။ Design Pattern တွေအမျိုးမျိုးရှိပါတယ် ။ ကျွန်တော်တို့က PHP လေ့လာနေတော့ သူနဲ့အသင့်တော်ဆုံးက MVC design pattern ပါ ။

- MVC(Model View Controller)ရဲ့အလုပ်လုပ်ပုံ
https://www.tutorialspoint.com/design_pattern/mvc_pattern.htm

- Design Pattern လေ့လာရန်
https://youtu.be/NU_1StN5Tkk

ကျွန်တော်တို့ ထပ်ဆောင်းအနေနဲ့ လေ့လာသင့်တဲ့အထဲမှာ Api တွေလဲပါပါတယ် ။ PHP pure နဲ့ Api တွေ စမ်းလေ့လာပါ ။ ပြီးရင် JavaScript Ajax နဲ့ CRUD တွေစမ်းရေးသားကြည့်ပါ ။

- Api with PHP
- https://www.youtube.com/watch?v=OEWXbpUMODk&list=PLillGF-RfqbZ3_Xr8do7Q2R752xYrDRAo

အများစုက ဒီလောက်လေ့လာပြီးရင် Framework တွေသွားကြပါတယ် ။ ဒါပေမယ့် ကြားဖြတ်ပြောချင်တာက အထက်မှာပြောပြခဲ့တာတွေလေ့လာပြီးရင် ကိုယ်ပိုင် Custom MVC Framework ရေးလို့ရတယ်ဗျ ။ အကြီးကြီးမဟုတ်တောင် ကိုယ့် Project အတွက် အဆင်ပြေလောက်တဲ့ ထိပေါ့ ။ PHP Pure မှာ တင် Pro ကျချင်ရင်တော့ အောက်ပါ link မှာ လေ့လာကြည့်လိုက်ပါ ။

https://www.youtube.com/watch?v=WKy-N0q3WRo&list=PLLQuc_7jk__Uk_QnJMPndbdKECcTEwTA1

OK ဒါတွေပြီးရင် Framework ဆက်လေ့လာပါ ။ PHP မှာ Framework တွေ အမြောက်အများရှိပြီး ရေပန်းစားနေတာကတော့ Laravel Framework ပါ ။ နောက် Yii တို့ Symfony တို့လဲရှိပါသေးတယ်။ Framework ဆိုပြီး ကျွန်တော်အသွင်သွင်ပြောနေတာ Framework ရဲ့သဘောတရားက ကျွန်တော်တို့ project အတွက် လိုအပ်တဲ့ package တွေ component တွေကို သက်ဆိုင်ရာ design pattern နဲ့အတူ စုစည်းပေးထားတာလို့မှတ်ယူနိုင်ပါတယ် ။ အလုပ်ကိုလျင်လျင်မြန်မြန်ပြီးမြောက်စေဖို့ ကူည်ီပေးနိုင်တာပေါ့ဗျာ ။ အသင့်သုံးရတဲ့ package တွေ ရှိသလို ကိုယ်တိုင်လဲ လိုသလိုဝင်ရောက်ပြင်ဆင်အသုံးပြုနိုင်ပါတယ်။ နောက်ပီး Security လဲအသင့်တးထည့်သွင်းပေးထားတော့ Pure မှာလို တစ်ခုချင်းလိုက်ရေးစရာမလိုတော့ဘဲ အလွယ်တကူ အလုပ်ပြီးမြောက်စေမှာပါ ။

- Laravel Framework ကိုလေ့လာရန်
- https://youtu.be/ImtZ5yENzgE
- Yii Framework ကိုလေ့လာရန်
- https://youtu.be/whuIf33v2Ug
- Laravel Ecommerce Project ကိုလေ့လာရန်

www.youtube.com/watch?v=o5PWIuDTgxg&list=PLEhEHUEU3x5oPTli631ZX9cxl6cU_sDaR

ကျွန်တော်ပြောချင်တာကတော့ ဒီလောက်ပါပဲ။
ကိုယ်ကအတွေ့အကြုံနဲ့ skill များများသာချင်ရင် Project သာများများရေးပါ ။ ဆက်စပ်လေ့လာသင့်တာတွေမှာ Api တွေအပြင် Npm package တွေ Ajax တွေ Ides တွေအပြင် DevTools ကိုလဲ ပိုင်ပိုင်နိုင်နိုင်လေ့လာထားပါ ။ အရေးကြီးဆုံးကတော့ Security ဗျ။ Framework တွေက အသင့်သုံးတွေထည့်ပေးထားပေမယ့် ။ ကိုယ်က သဘောတရားလောက်တော့ နားလည်ထားသင့်ပါတယ် ။ ဒါမှဘာဖြစ်ရင် ဘယ်ကဖြစ်တယ် ။ ဘယ်ဟာက Attack ခံရတယ်ဆိုတာကို သိလာပြီး ကာကွယ်နိုင်လာပါလိမ့်မယ် ။

Ethan Tech Academy
Learning today, Leading tomorrow

🍀 Student Honest Review 🍀Ethan Tech Academy မှ Instructor Phyo Hein Kyaw ရဲ့ Web Design (Online) certificate course Batc...
06/06/2024

🍀 Student Honest Review 🍀

Ethan Tech Academy မှ Instructor Phyo Hein Kyaw ရဲ့ Web Design (Online) certificate course Batch 9 အတန်းမှ သင်တန်းသား/သူ များ ရဲ့ student honest review လေး ဖြစ်ပါတယ်။👏👏👏

သင်တန်းများစုံစမ်းအပ်နှံလိုပါက
✉️ Page messenger

(သို့မဟုတ်)

📞 09766481238 ကိုဆက်သွယ်နိုင်ပါတယ်။

Learning today, Leading tomorrow !



Ethan Tech Academy ရဲ့ Quiz time လေးပါ။ 👏အဖြေမှန်လေးသိတဲ့သူတွေ comment မှာမန့်ပေးခဲ့ကြပါအုံး။Learning today, Leading tom...
31/05/2024

Ethan Tech Academy ရဲ့ Quiz time လေးပါ။ 👏

အဖြေမှန်လေးသိတဲ့သူတွေ comment မှာမန့်ပေးခဲ့ကြပါအုံး။

Learning today, Leading tomorrow


Address

906, Shwe Hinthar Condo, Tower B, Hlaing Tsp
Yangon

Alerts

Be the first to know and let us send you an email when Ethan Tech Academy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Ethan Tech Academy:

Share