09/09/2026
🔥 မိတ်ဆွေတို့ စောင့်မျှော်နေကြတဲ့ iPhone 18 Pro နဲ့ Pro Max အကြောင်း အသေးစိတ် သုံးသပ်ချက်
Apple ကနေ တရားဝင် ထုတ်ပြန်လိူက်ပါပြီ
အချက်အလက်တွေအရ ဒီတစ်ခေါက် ထွက်လာမယ့် Pro စီးရီးက ဘာတွေများ ထူးခြားလာမလဲဆိုတာ တစ်ခုချင်းစီ အသေးစိတ် ကြည့်ရအောင်ပါ။ 👇
၁။ Pre-order နှင့် ဈေးနှုန်းပိုင်းဆိုင်ရာများ
Pre-order ရက်ချိန်း: လာမယ့် စနေနေ့ (Saturday) မှာ တရားဝင် စတင်လက်ခံသွားမှာ ဖြစ်ပါတယ်။
စတင်ရောင်းချမည့် ဈေးနှုန်းများ (Storage 256GB မှ စတင်):
iPhone 18 Pro (256GB): $1,199 မှ စတင်
iPhone 18 Pro Max (256GB): $1,299 မှ စတင်
ဝယ်ယူရလွယ်ကူမည့် အစီအစဉ်: Apple Upgrade Program ကို အသုံးပြုမယ်ဆိုရင် ၂၄ လစာချုပ်နဲ့ တစ်လကို $34.99 ကျသင့်မှာဖြစ်ပြီး၊ ဖုန်းဟောင်း Trade-in လုပ်မယ်ဆိုရင်တော့ ပိုပြီး ဈေးသက်သာစွာနဲ့ ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။
၂။ ဒီဇိုင်းနှင့် မျက်နှာပြင် (Display & Design)
အရွယ်အစားအနေနဲ့ 6.9 လက်မ နဲ့ 6.3 လက်မ ဆိုပြီး ရွေးချယ်စရာ အရွယ်အစားနှစ်မျိုးနဲ့ ထွက်ရှိလာပါတယ်။
ခေတ်မီဆန်းသစ်တဲ့ အရောင်အသစ်တွေအပြင် Redesigned Dynamic Island ပါဝင်လာတာကြောင့် အသုံးပြုရတာ ပိုမိုတွင်ကျယ်စေပါတယ်။
၃။ စွမ်းဆောင်ရည်နှင့် နည်းပညာအသစ်များ (Performance & AI)
A20 Pro Chip: စွမ်းဆောင်ရည် အဆမတန် မြင့်တက်လာမည့် နောက်ဆုံးပေါ် A20 Pro ချစ်ပ်ပြားကို တပ်ဆင်ပေးထားပါတယ်။
Apple Intelligence & Siri AI: ဉာဏ်ရည်တု အခြေခံ လုပ်ဆောင်ချက်တွေနဲ့ ပိုမိုထက်မြက်လာတဲ့ Siri AI တို့ကြောင့် ဖုန်းသုံးစွဲမှု အတွေ့အကြုံသစ်ကို ခံစားရမှာ ဖြစ်ပါတယ်။
V***r Chamber Cooling: ဖုန်းသုံးတဲ့အခါ အပူချိန်ထိန်းညှိပေးနိုင်ဖို့အတွက် Next-generation V***r chamber အအေးပေးစနစ်ကို ထည့်သွင်းပေးထားပါတယ်။
၄။ ကင်မရာပိုင်းဆိုင်ရာ အထူးအချက်များ (Camera Specs)
48MP Fusion Main Camera: Variable aperture (အလင်းဝင်ပေါက် အပြောင်းအလဲလုပ်နိုင်မှု) ပါဝင်လာတဲ့အတွက် ပုံထွက်တွေ ပိုမိုကောင်းမွန်လာပါတယ်။
Telephoto & Cinematic: 4x/8x Fusion Telephoto ကင်မရာစနစ်အပြင် ရိုးရိုးဗီဒီယိုကိုပါ Cinematic ပုံစံ ဖန်တီးနိုင်စွမ်း၊ Photographic Styles နဲ့ texture control တို့ ပါဝင်ပါတယ်။
၅။ ဘက်ထရီနှင့် အားသွင်းစနစ်
ဘက်ထရီ သက်တမ်းအနေနဲ့ Best battery life ever လို့ ဆိုထားတဲ့အတွက် တစ်နေကုန် စိတ်ချလက်ချ အသုံးပြုနိုင်မှာ ဖြစ်ပြီး၊ ပိုမိုမြန်ဆန်တဲ့ Faster wired charging စနစ်လည်း ပါဝင်ပါတယ်။
ဒီလို အပြောင်းအလဲအသစ်တွေနဲ့ လာမယ့် iPhone 18 Pro စီးရီးအပေါ် ဘယ်လိုမြင်ကြလဲ၊ ဘယ် Feature က အကြိုက်ဆုံးလဲဆိုတာ Comment မှာ ဆွေးနွေးသွားကြရအောင်ပါ။ 👇