M&K Electrical Engineering Service & Installation Co.,Ltd

M&K Electrical Engineering Service & Installation Co.,Ltd Transformer Installation & Service Company
စိတ်ချယုံကြည် "M&K"Company

11/12/2023

အိမ်သုံး ( Digital Meter) မီတာပေါ်ရှိ Error များအကြောင်း
============================================

မိတ်ဆွေများအိမ်ရှိ အသစ်တပ်ဆင်ထားသော Digital meter လျှပ်စစ်မီတာပေါ်တွင် Error နံပါတ်များဖြင့် အချက်ပြမီးလင်းလျှင် ဘာ့ကြောင့်ဖြစ်တယ်ဆိုတာကိုတော့ သိထားရန်လိုအပ်ပါတယ်။

Error-1
မီတာကို By pass ပြုလုပ်ထားခြင်း ( မီတာ အဝင်ကြိုးနဲ့အထွက်ကြိုးကို အခြား ကြိုးတစနဲ့ တိုက်ရိုက်ချိတ်ဆက်ပြီး မီတာ ယူနစ်အတက်နှေးအောင်ပြု လုပ်ထားလျှင်) မီတာတွင် Error -1 လို့ပေါ်နေမည်။

Error-2
မီတာအဝင်မှာ Line(phase)အပူကြိုးနှင့်neutral အအေးကြိုးကို ပြောင်းပြန်တပ်ထားလျှင် မီတာပေါ်တွင် Error-2 လိုပေါ်နေမည်။

Error-3
မီတာအဝင် Neutral ကြိုးတပ်ထားသော်လည်း မီတာအထွတ်တွင် neutral ကြိုးကိုမသုံးဘဲ မြေဓာတ်ကျထားသော ကြိုးနှင့် သုံးစွဲခြင်း(သို့)
အိမ်တွင်းဝါယာကြိုးကိုအရည်အသွေးညံ့ ဖျင်းသောဝါကြိုးသုံး၍ပေါက်ပြဲခြင်းbody earth ကျနေခြင်း ၊ ၎င်း Earthကျနေ သော Body နှင့် Neutral ကြိုး၏ ပေါက်ပြဲနေ သောအစိတ်အပိုင်း နဲ့ထိနေခြင်းတို့ကြောင့် Error-3ပေါ်ခြင်း။

Error-4
မီတာအထွက်ဘက်ရှိ...ဝန်အားတစ်စိတ်တစ်ပိုင်းကို မြေဓာတ်ချပြီး
သုံးစွဲခြင်းတို့ကြောင့် Error-4ပေါ်ခြင်း။

Error-5
မီတာရဲ့ Terminal cover(ကြိုးအဝင်အထွက်) လုပ်တဲ့ အစိတ်အပိုင်းကို အုပ်ထားသော အဖုံးကိုဖြုတ်လျှင် Error-5 ပေါ်ခြင်း။

Error-6
မီတာအဝင်အထွက်ကြိုးကို အဝင်ကိုအထွက်၊အထွက်ကိုအဝင်လုပ်ပြီး
ပြောင်းပြန်တပ်ဆင်ထားလျှင် Error-6ပေါ်ခြင်း

Error-7
မီတာရဲ့ သတ်မှတ်ပေးထားသော ဝန်အား ထက် ပိုမိုကျော် လွန်ပြီး ရှိသမျှ လျှပ်စစ် ပစ္စည်းတွေကို စုပြုံသုံးလို့ ဝန်အားပိုဖြစ်လျှင် Error-7ပေါ်ခြင်း။

Error-8
မီတာအဝင်ဖက် Neutral ကြိုးကိုဖြုတ်တာဖြစ် ဖြစ်၊ဖြတ်တာဖြစ်ဖြစ် ဒါမှမဟုတ်တတ်ထား သလိုလုပ်ထားခြင်း၊တစ်ခုခုလုပ်ထားပြီး မီတာရဲ့ အထွက်ဘက်Lineကြိုးကိုထွက်ပြီး Neutral ကြိုးကိုတော့ Neutral
ကြိုးအစားအပြင်မှာမြေဓာတ်ချ သုံးစွဲခြင်း ဆိုလိုတာက မီတာဆီပါဝါမရောက်အောင် ပြု လုပ်ထားလျှင် Error-8ပေါ်ခြင်း။

Error-9
မီတာဆီပါဝါမရောက်အောင်ပြုလုပ်ခြင်း ပုံမှန်ဆို မီတာအဝင် Phaseတစ်ကြိုး၊ Neutralတစ်ကြိုးတပ်ခြင်းကိုမတတ်ဘဲနှစ်ပေါက်လုံးကို Phaseတပ်ထားလျှင် Error-9ပေါ်ခြင်း။

Credit: Tikyi ဆရာတည်ကြည် ရေးသားထားသော ဆောင်းပါးငယ်ကို ပြန်လည် မျှဝေပါသည် ။
မူရင်း Page သို့သွားရောက်လေ့လာရန်
https://www.facebook.com/OneForceElectric/

မင်္ဂလာပါခင်ဗျာ🙏.......................................................................

🔰လူကြီးမင်းတို့၏ လျှပ်စစ်လုပ်ငန်းများအတွက် "M&K" Electrical Engineering Co.,Ltd မှ လျှပ်စစ်အင်ဂျင်နီယာများကိုယ်တိုင်ဦးစီး၍ ဆောင်ရွက်ပေးရန် ကြိုဆို‌ပါတယ်ခင်ဗျာ။
----------------------------------------------
...☎

Ph: 📲– 09 - 5068941 , 09 - 897094442

Email 📧 [email protected]

11/12/2023

Breaker အကြောင်း သိကောင်းစရာများ
=============================
MCB ( Miniature Circuit Breaker ) တစ်လုံးကဘာတွေ အရေးပါလဲဆိုရင်တော့ သင့်အိမ်ကို ရှော့(Short Circuit) ဖြစ်ပြီးမီးမလောင် အောင်၊ Wire or Cable အပူလွန်ကဲမှု ကြောင့် မီးမလောင်အောင် ကာကွယ်ပေးနိုင်ပါတယ်။
မိမိအသက်၊မိမိစည်းစိမ် ကိုကာကွယ်ပေးတဲ့ ပစ္စည်းဖြစ်တာကြောင့် သေချာ ရွေးချယ် ဝယ်ယူသင့်ပါတယ်။ Breaker အကုန်လုံးမှာ Mechnical Life နဲ့ Electrical Life ဆိုတာရှိပါတယ်။ Mechnical Life ဆိုတာကတော့ Breaker မောင်းတံလေးကိုအတင်အချလုပ်တဲ့ အကြိမ်အရေအတွက်များရင် Mechnical Life အရ ခုခံနိုင်တဲ့ အကြိမ်အရေအတွက်နည်းလာပြီး ပျက်စီးဖို့များလာခြင်းပါ။ Electrical Life ဆိုတာကတော့ Overload or Short Circuit ကြောင့်ဖြစ်တဲ့ အကြိမ်အရေအတွက်များလေ ပျက်စီးဖို့များလေပါ။

MCB တစ်လုံးကိုသင်ဝယ်တော့မယ် သုံးတော့မယ် ဆိုရင် အချက် ( ၅ ) ချက်ကိုတော့သင်သိထားဖို့လိုပါတယ်။
(၁) ဘာအမျိုးစားအစားသုံးမှာလဲ၊ ဘယ်နိုင်ငံ Brand ကိုသုံးမှာလဲ
(၂) ဘယ်လောက် Pole သုံးမှာလဲ
(၃) ဘယ်လောက် Amp သုံးမှာလဲ
(၄) ဘယ် Curve အမျိုးအစားသုံးမှာလဲ
(၅) KA ( Breaking Capacity )

ဘယ်လောက်သုံးမှာလဲ

နံပါတ် (၁) အတွက်ကတော့ ဘယ်နိုင်ငံ Brand ကိုသဘောကျလဲ။ သဘောကျတဲ့ brand ကိုရွေးလိုက်ရုံပါပဲ။

နံပါတ် (၂) ဘယ်လောက် Pole သုံးမှာလဲ ဆိုတာကတော့ Single Phase ဆိုရင် 1Pole or 2Pole ၊ Three Phase ဆိုရင် 3Pole or 4Pole ပေါ့၊ 1Pole နဲ့ 2Pole ကွာခြားချက်လေးကိုပြောရမယ်ဆိုရင်တော့- 1 Pole သုံးတဲ့အခါ Phase တစ်ခုထဲကို Breaker ကပိတ်ပါတယ်။ 1Pole သုံးတဲ့အခါမှာ တပ်ဆင်တဲ့သူက Phase Neutral သေချာမစစ်ဘဲ Breaker တပ်ခဲ့တဲ့အခါမှာ အကြောင်းအမျိုးမျိုးကြောင့် ပျက်လို့ပြင်တဲ့အခါမှာ ဓါတ်လိုက်တာမျိုးဖြစ်နိုင်ပါတယ်။ Phase ကို Breaker ခံထားရင်လဲ အခြား circuit မှလျှပ်စစ်သုံးစွဲမှုကြောင့် Neutral ကနေ ဓါတ်လိုက်သလို မျိုးခံစားရနိုင်ပါတယ်။ 2Pole သုံးမယ်ဆိုရင်တော့ 1 Pole တွင်ဖြစ်သောပြသနာများကင်းဝေးစေ နိုင်ပါသည်။

နံပါတ် (၃) ဘယ်လောက် Amp သုံးမှာလဲ ဆိုတာကတော့ အသုံးပြုမည့် Watt နဲ့ Voltage အပေါ်မှာမူတည်ပြီးတွက်ယူရတာဖြစ်ပါတယ်။ အကြမ်းဖျင်းအနေနဲ့ကတော့ 200 Watt = 1A ပါ။ ဥပမာ အနေနဲ့ 1000W ဆိုရင် 5A ပါ Breaker ရွေးတဲ့အခါမှာ တကယ်အသုံးပြုတဲ့ Amp ထက် 20% ပိုဆောင်းရွေးချယ်ရပါတယ် 5 x 1.2 = 6A ပါ။

နံပါတ် (၄) ဘယ် Curve အမျိုးအစားသုံးမှာလဲဆိုတာကတော့ Breaker တွေမှာ BCDKZ ဆိုပြီး Curve ( ၅ ) မျိုးထွက်ပါတယ်။
မြန်မာနိုင်ငံမှာတော့ BCD ကိုရှာဝယ်မယ်ဆိုရင်တော့ရနိုင်ပါ တယ်။ ဈေးကွက်မှာ အပေါဆုံးက C-curve ပါ။ B-curve ကိုတော့ Legrand အမျိုးအစားထဲက ရနိုင်တယ်။ B-curve ကို Lighting and Socket တွေမှာသုံးတယ်။ C-curve ကို Machine တွေမှာ သုံးတယ်။ D-curve ကို Motor တွေမှာသုံးပါတယ်။

နံပါတ် (၅) KA ( Breaking Capacity ) ဘယ်လောက်သုံးမှာလဲ ဆိုတာကတော့ အသုံးပြု မည့် Load အပေါ်မှာမူတည်ပြီးတွက်ထုတ်ရတာဖြစ်ပါတယ်။ အိမ်သုံးအနေနဲ့ကတော့ 4.5KA , 6KA လောက်ဆိုအဆင်ပြေပါတယ်။

Crd

၁၁/၀.၄ကေဗွီ၊ ထရန်စဖော်မာများအား နှစ်တိုင်စင်ဖြင့်တည်ဆောက်ခြင်းဆိုင်ရာ  စံချိန်စံညွှန်းများ ဓာတ်အားဖြန့်ဖြူးရေးအပိုင်းမျာ...
05/09/2023

၁၁/၀.၄ကေဗွီ၊ ထရန်စဖော်မာများအား နှစ်တိုင်စင်ဖြင့်တည်ဆောက်ခြင်းဆိုင်ရာ စံချိန်စံညွှန်းများ

ဓာတ်အားဖြန့်ဖြူးရေးအပိုင်းများတွင် 11/0.4kV; Transformer များတည်ဆောက်မှုနှင့်ပတ် သက်၍ ရှိသင့်သည့် စံချိန်စံညွှန်းများအား ဖော်ပြထားခြင်းဖြစ်ပြီး၊ Pole Mounted Type Transformer အမျိုးအစားများ၊ Primary Side နှင့် Secondary Side များတွင် တွဲဖက်အသုံးပြုရမည့် ပစ္စည်းများ တပ်ဆင်ရမည့်ပုံစံများအား လေ့လာနိုင်စေရန်နှင့် စစ်ဆေးနိုင်ရန်ရည်ရွယ်ပါသည်။ ယခုစာတမ်းတွင် 11/0.4kV; Pole Mounted Type Transformer မ်ားအား နှစ်တိုင်စင်ပေါ်တင်၍ တည်ဆောက်ခြင်း ဆိုင်ရာ စံချိန်စံညွှန်းများအားလေ့လာနိုင်စေရန်ရေးသားတင်ပြလိုက်ရခြင်းဖြစ်ပါသည်။

(၁) Installation Method

နှစ်တိုင်စင် Pole Mounted Transformer များတပ်ဆင်ရာတွင် ဓာတ်အားလိုင်းဝင်သည့်ပေါ် မူတည်၍ အရှေ့ဘက်မျက်နှာစာမှ ဓာတ်အားလိုင်းဝင်ခြင်း၊ ဘေးဘက်မျက်နှာစာမှ ဓာတ်အားလိုင်း ဝင်ခြင်း ဟူ၍ ပုံစံနှစ်မျိုးဖြင့် တည်ဆောက်လေ့ရှိကြပါသည်။

(က) ၁၀ မီတာကွန်ကရစ်တိုင်နှစ်တိုင် စိုက်ထူခြင်း

ထရန်စဖော်မာထိုင်မည့်နေရာတွင် ၁၀ မီတာကွန်ကရစ်တိုင်နှစ်တိုင်အား Center to Center 2400 mm (၇ ပေ ၁၀ လက်မ)ခန့် အကြာ အပြိုင်တပ်ဆင်ရမည်ဖြစ်ပြီး၊ မြေဝင်အနက်အနေဖြင့် 1675 mm (၅ ပေ ၆ လက်မ)ခန့်တူးရမည်ဖြစ်ပါသည်။ Concrete Footing အနေဖြင့် 1:3:6 အချိုးဖျော်စပ်၍ 610 x 610 x 915 mm ( ၂ ပေ x ၂ ပေ x ၃ ပေ)ထုထည်လောင်းရမည်ဖြစ်ပါသည်။ ထိုသို့စိုက်ထူရာတွင် ကွန်ကရစ်တိုင်နှစ်တိုင်သည် ထိပ်ပိုင်းအမြင့်ညီညာမှုရှိစေရန်၊ အပြိုင်တည်မတ်စွာဖြစ်နေစေရန် အ တွက် တည်ဆောက်သည့်သူများမှ ဂရုတစိုက်ချိန်ညှိစိုက်ထူရမည်ဖြစ်ပါသည်။

(ခ) Cross Arm များတပ်ဆင်ခြင်း

အရှေ့ဘက်မှ ဓာတ်အားလိုင်းဝင်ခြင်းထရန်စဖော်မာအတွက် တိုင်အပေါ်မှ 150 mm (၆ လက္မ) ခန့်အကွာတွင် Galvanized Channel Iron for Arm (50x100x50x5tx3000 mm L) (2x 4 x 2 x 0.2 x 10) ကို ၁၁-ကေဗွီ၊ လိုင်း၏ Tension Fitting Gun Set (Two Disc Type)များတပ်ဆင်ရန်အ တွက် တပ်ဆင်ပေးရပါမည်။

ဘေးဘက်မှ ဓာတ်အားလိုင်းဝင်ခြင်းထရန်စဖော်မာအတွက် Galvanized Channel Iron for Sub-station Incoming Bus Arm (50x100x50x5tx2000 mm L) (2x 4 x 2 x 0.2 x 68) နှစ်ခုကို Bus ပြုလုပ်ရန်ပုံတွင်ပြထားသည့်အတိုင်းတပ်ဆင်ရမည်ဖြစ်ပါသည်။

၄ Channel Iron for Bus Tension Fitting Arm မြ အောက်ဘက် 1050 mm (၃ပေခွဲ)ခန့်အကွာ တွင် Galvanized Channel Iron for Arm (50x100x50x5tx3000 mm L) (2x 4 x 2 x 0.2 x 10) ကို Conductor နားရန်အတွက် 11kV Post Insulator (3)လုံးတပ်ဆင်ရန်အတွက် တပ်ဆင်ပေးရပါ မည်။

၄ Channel Iron for Support Post Insulator Arm မြ အောက်ဘက် 800 mm (၂ပေခွဲ)ခန့် အကွာတွင် Galvanized Channel Iron for Arm (50x100x50x5tx3000 mm L) (2x 4 x 2 x 0.2 x 10) နှစ်တန်းကို Disconnecting Switch (D/S) တပ်ဆင်ရန်အတွက် တပ်ဆင်ပေးရပါမည်။

၄ Double Channel Iron for Disconnecting Switch (D/S) Arm မြ အောက်ဘက် 1500mm (၅ပေ)ခန့်အကွာတွင် Galvanized Channel Iron for Arm (50x100x50x5tx3000 mm L) (2x 4 x 2 x 0.2 x 10) ကို Drop Off Fuse(D.O.F) နှင့် Lightening Arrester(L.A)များတပ်ဆင်ရန်အတွက် တပ်ဆင်ပေးရပါမည်။

၄ Channel Iron for Drop Off Fuse(D.O.F) နှင့် Lightening Arrester(L.A) Arm မြ အောက် ဘက် 2600 mm (၈ ပေခွဲ)ခန့်အကွာတွင် Galvanized Channel Iron for Arm (65x125x65x6tx3000 mm L) (2.5x 5 x 2.5 x 0.25 x 10)နှစ်တန်းကို ထရန်စဖော်မာတင်ရန်အတွက် တပ်ဆင်ပေးရမည် ဖြစ်ပြီး ၄တန်းနှစ်ခုအောက်တွင် Galvanized Angle Iron for Suspension Pole Bracing (Left & Right) (65x65x6tx900 mm L) ကိုတပ်ဆင်ပေးရမည်ဖြစ်သည်။

၄ Double Channel Iron for ထရန်စဖော်မာ Arm မှအောက်ဘက် 1000 mm (၃ပေ၃လက္မ) ခန့်အကွာတွင် Galvanized Channel Iron for Arm (50x100x50x5tx3000 mm L) (2x 4 x 2 x 0.2 x 10) ကို D/S Operating Switch တပ်ဆင်ရန်အတွက် တပ်ဆင်ပေးရပါမည်။

(ဂ) Electrical Equipment များတပ်ဆင်ခြင်း

နားကြွေသီး 11kV Pin Insulator ၃ လုံးအား နားတန်းတွင်တပ်ဆင်ခြင်း၊ Disconnecting Switch များတပ်ဆင်ခြင်းလုပ်ငန်းများအား အောက်ပါပုံတွင်ပြထားသည့်အတိုင်းတပ်ဆင်ပါ။LA နှင့် DOF များတပ်ဆင်ခြင်းလုပ်ငန်းအား အောက်ပါပုံတွင်ပြထားသည့်အတိုင်းတပ်ဆင်ပါ။

11/0.4kV; Transformer တပ်ဆင်ခြင်းလုပ်ငန်းအား အောက်ပါပုံတွင်ပြထားသည့်အတိုင်း တပ်ဆင်ပါ။

ထရန်စဖော်မာ၏ ၄၀၀ အထွက် Cable များတပ်ဆင်ရန်အတွက် Cable Ladder တပ်ဆင်ခြင်း၊ Cable များတပ်ဆင်ခြင်းလုပ်ငန်းအား အောက်ပါပုံတွင်ပြထားသည့်အတိုင်း တပ်ဆင်ပါ။

D/S Operating Rod တံနှင့် D/S မောင်းတင်များတပ်ဆင်ခြင်းလုပ်ငန်းအား အောက်ပါပုံတွင်ပြထားသည့်အတိုင်း တပ်ဆင်ပါ။

400 V Distribution Panel များတပ်ဆင်ခြင်းလုပ်ငန်းအား အောက်ပါပုံတွင်ပြထားသည့် အတိုင်း တပ်ဆင်ပါ။

ထရန်စဖော်မာ ဝန်းခြံတည်ဆောက်ခြင်းလုပ်ငန်းအား အောက်ပါပုံတွင်ပြထားသည့် အတိုင်း တပ်ဆင်တည်ဆောက်ပါ။

(ဃ) လျှပ်စစ်ပိုင်းဆိုင်ရာပစ္စည်းများအား တစ်ခုနှင့်တစ်ခုဆက်သွယ်ခြင်း

အထက်တွင်ဖော်ပြခဲ့သော လျှပ်စစ်ပိုင်းဆိုင်ရာပစ္စည်းများတပ်ဆင်ပြီးပါက ၄လျှပ်စစ်ပိုင်း ဆိုင်ရာပစ္စည်းများကိုတစ်ခုနှင့်တစ်ခု Connection ပြုလုပ်ပေးရမည်ဖြစ်ပါသည်။

(၂) Earthing Installation

Earthing Conductor ကို သက်ဆိုင်ရာ Earth Point နှင့် ထရန်စဖော်မာ၏ Body; Neutral; LA တို့နှင့် ဆက်သွယ်ပေးရမည်ဖြစ်သည်။

Body Earth; Neutral Earth; LA Earth တို့ကို သီးခြားစီဆက် သွယ်ပေးရမည်ဖြစ်ပြီး၊ Resistance တန်ဖိုးသည် 2 သို့မဟုတ် 2 အောက်ရှိရမည်ဖြစ်သည်။

Earth ကျင်းတစ်ခုနှင့်တစ်ခု အကွာအဝေးသည် အနည်းဆုံး ၃ မီတာ (၁၀)ပေခန့်ကွာဝေးရမည်ဖြစ်သည်။

Earth ကြိုးများကို Equipment နှင့် Earth Rod ဆက်သွယ်ရာတွင် ကြားတွင်အဆက်မရှိစေရပါ။ Earth Rod နှင့် Earth ကြိုးဆက်သွယ်ရာတွင်လည်း ခိုင်ခံစွာဆောင်ရွက်ရမည်ဖြစ်ပြီး၊ ၄ဆက်သွယ်သည့် နေရာကို အညှိတက်ခြင်းမှကာကွယ်ရန် Tape ပတ်ပေးရမည်ဖြစ်သည်။

အညှိတက်ခြင်းကြောင့် Earth Rod နှင့် Earth ကြိုးဆက်သွယ်သည့်နေရာပျက်ပြီး Earth လွတ်ခြင်းများဖြစ်ပေါ်စေနိုင်ပါသည်။

(၃) ထရန်စဖော်မာတပ်ဆင်ရာတွင်စစ်ဆေးရမည့်အချက်များ

(က) မတည်ဆောက်မီ စစ်ဆေးခြင်း

၁။ မျက်မြင်စစ်ဆေးခြင်း

ထရန်စဖော်မာ၏ Bushing များကွဲကက်နေခြင်းရှိ/မရွိ၊ ဆီယိုနေခြင်းရှိ/မရွိ Terminal Clamp များတင်းကြပ်မှုရှိ/မရွိ စသည့်အပြင်ဘက်အခြေအနေများကိုစစ်ဆေးရမည်ဖြစ်သည်။

၂။ InsulationResistance တိုင်းတာခြင်း

Megger နှင့် H.T to Body; L.T to Body; H.T to L.T တို့ကိုတိုင်းတာ မှတ်တမ်းတင်ထားရမည်။ Megger Result ပေါ်မူတည်၍ ကောင်းမကောင်းတိုင်းတာဆုံးဖြတ်ရမည်။

Tapping Point ကိုလည်း ကောင်းမကောင်းလှည့်ကြည့်ခြင်း၊ Name Plate တွင် Tapping အရေအတွက်အားကြည့်၍ လိုင်းအရှည်၊ ဝန်အား၊ ဗို့အားတို့ကိုတွက်ချက်၍ Tapping မည်မျှထားမည်ကိုဆုံးဖြတ်ခြင်းများ ဆောင်ရွက်ရမည်။

(၄) တည်ဆောက်နေစဉ်အတွင်း စစ်ဆေးခြင်း

(က) ထရန်စဖော်မာသယ်ဆောင်ရာတွင် စဉ်စားရမည့်အချက်များ

ထရန်စဖော်မာများကိုသယ်ဆောင်ရွာတွင် ထရန်စဖော်မာ၏ Bushing သည်အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်ပြီး၊ Crane ပေါ်တင်ခြင်း၊ ချခြင်း၊ တစ်တိုင်စင်ပေါ်တင်ခြင်းစသည့်ကိစ္စရပ်များ တွင် မတော်တဆထိခိုက်မှုများရှိနိုင်ပါသည်။ ထိုကြောင့် ထရန်စဖော်မာကို တိုင်တွယ်သယ်ယူသည့် သူမ်ား လုပ်ငန်းခွင်ကျွမ်းကျင်သည့်သူများကို ခိုင်းစေရပါမည်။ ထရန်စဖော်မာကိုသယ်ဆောင်ရာတွင် လည်း ရွှေ့လျားမှုမရှိစေရန် ခိုင်မြဲစွာချည်နှောင်၍ သယ်ဆောင်ရပါမည်။

(ခ) ထရန်စဖော်မာများအား သိုလှောင်သိမ်းဆည်းထားရာတွင် စဉ်းစားရမည့်အချက်များ

ထရန်စဖော်မာများကို ကွင်းပြင်ထဲ သို့မဟုတ် မြေကြီးပေါ်တွင်အချိန်အကြာကြီး သိမ်းဆည်း ထားပါက Dielectric Strength ကျဆင်းပြီး ၄ထရန်စဖော်မာများ၏ သက်တမ်းတိုစေနိုင်သည့်အပြင် ထရန်စဖော်မာ Tank များတွင်သော်လည်းကောင်း ၊ Bolt & Nut များတွင်သော်လည်းကောင်း သံချေး တက်စေနိုင်ပါသည်။ ထိုကြောင့် ထရန်စဖော်များကို အသုံးပြုမည့်အချိန်ပေါ်မူတည်၍ သိုလှောင်သည့် နေရာများကိုစဉ်းစားရမည်ဖြစ်ပါသည်။ အချိန်ကြာမြင့်စွာသိုလှောင်ထားမည်ဆိုပါက အမိုးအကာ၊ အခင်းရှိသော စတိုခန်းများတွင်ထည့်သွင်း၍ သိုလှောင်ခြင်းသည် ပိုမိုကောင်းမွန်စေပါသည်။

(ဂ) နားကြွေသီး 11kV Pin Insulator ၃ လုံးအား နားတန်းတွင်တပ်ဆင်ခြင်း

Disconnecting Switch များတပ်ဆင်ခြင်းလုပ်ငန်းများအား နှင့် DOF များတပ်ဆင်ခြင်းလုပ်ငန်းအားအောက်ပါပုံတွင်ပြထားသည့်အတိုင်းတပ်ဆင်ပါ။

LA အောက်ပာပုံတွင်ပြထားသည့်အတိုင်းတပ်ဆင်ပါ။။

11/0.4kV; Transformer တပ်ဆင်ခြင်းလုပ်ငန်းအား အောက်ပါပုံတွင်ပြထားသည့်အတိုင်း တပ်ဆင်ပါ။

(၅) ထရန်စဖော်မာ၏ ၄၀၀ အထွက် Cable များတပ်ဆင်ရန်အတွက် Cable Ladder တပ်ဆင်ခြင်း၊

Cable များတပ်ဆင်ခြင်းလုပ်ငန်းအား အောက်ပါပုံတွင်ပြထားသည့်အတိုင်း တပ်ဆင်ပါ။

D/S Operating Rod တံနှင့် D/S မောင်းတင်များတပ်ဆင်ခြင်းလုပ်ငန်းအား အောက်ပါပုံတွင်ပြထားသည့်အတိုင်း တပ်ဆင်ပါ။

400 V Distribution Panel များတပ်ဆင်ခြင်းလုပ်ငန်းအား အောက်ပါပုံတွင်ပြထားသည့် အတိုင်း တပ်ဆင်ပါ။

ထရန်စဖော်မာ ဝန်းခြံတည်ဆောက်ခြင်းလုပ်ငန်းအား အောက်ပါပုံတွင်ပြထားသည့် အတိုင်း တပ်ဆင်တည်ဆောက်ပါ။

(၆) Secondary Voltage များတိုင်းတာခြင်း

ထရန်စဖော်မာကို မီးထည့်ပြီးပါက ဝန်အားသုံးစွဲခြင်းမပြုမီ 400V Side Secondary Voltage မ်ား မှန်ကန်မှုရှိ/မရှိတိုင်းတာရမည်ဖြစ်ပြီး၊ သို့မြသာ Tapping မ်ား မှန်ကန်မှုရှိ/မရွိ၊ Contact မ်ား သေသေချာချာကပ်ခြင်းရှိ/မရွိ၊ Secondary Voltage များသတ်မှတ်ထားသောတန်ဖိုးအတွင်းရှိ/မရွိ၊ သတ်မှတ်ထားသောတန်ဖိုးထက်များနေခြင်း၊ နည်းနေခြင်းများရှိပါက Tapping များပြောင်းလဲခြင်း၊ Phase Sequence များမှန်ကန်မှုရှိ/မရွိ၊ ထရန်စဖော်မာပုံမှန်အသံဟုတ်မဟုတ် စသည်တို့ကို တိုင်းတာ သုံးသပ်စဉ်စားရမည်ဖြစ်သည်။

(က) စာရွက်စာတမ်းများမှတ်တမ်းတင်ထားရြှိခင်း

အထက်ပါ ထရန်စဖော်မာတစ်လုံအား မတည်ဆောက်မီ၊ တည်ဆောက်ပြီး စစ်ဆေးစမ်းသပ်ခြင်း မ်ားအား မှတ်တမ်းတင်ထားရှိရမည်ဖြစ်သည်။ ဥပမာ - Number of Taps; Tap Number; Name Plate; ဝန်အားမသုံးစွဲမီ Secondary Voltage တိုင်းတာခြင်း၊ဝန်အားသုံးစွဲလိုက်သည့်အခါဖြစ်ပေါ် လာသော Secondary Voltage, Secondary Current တိုင်းတာခြင်း၊ Earth Resistance စသည့် အချက်အလက်များအား နေ့ရက်၊ အချိန်အလိုက် မှတ်တမ်းတင်ထားရှိရမည်ဖြစ်သည်။

credit,လျှပ်စစ်စွမ်းအားဘာသာရပ်ဆိုင်ရာ

မင်္ဂလာပါခင်ဗျာ🙏.......................................................................

🔰လူကြီးမင်းတို့၏ လျှပ်စစ်လုပ်ငန်းများအတွက် "M&K" Electrical Engineering Co.,Ltd မှ ကြိုဆိုပါတယ်ခင်ဗျာ။

📫 "M&K" Electrical Engineering Co.,Ltd မှ လုပ်ငန်းခွင်အတွင်း လျှပ်စစ်အင်ဂျင်နီယာများကိုယ်တိုင်ဦးစီး၍ အရည်အသွေးပိုင်း ကောင်းမွန်စွာအသုံးပြုနိုင်စေရန် အန္တရာယ်ကင်းရှင်းစေရန် ဦးစားပေးဆောင်ရွက်လျှက်ရှိပါသည်။
----------------------------------------------
...☎

Ph: 📲– 09 - 5068941 , 09 - 897094442

Email 📧 [email protected]

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် Denko စက်သုံးဆီဆိုင်တွင် 11/0.4kV,100kVA (One Pole Structure ) Type Transformer တည်ဆောက...
21/07/2023

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် Denko စက်သုံးဆီဆိုင်တွင် 11/0.4kV,100kVA (One Pole Structure ) Type Transformer တည်ဆောက်ပြီးစီးမှု မှတ်တမ်းဓာတ်ပုံ

မင်္ဂလာပါခင်ဗျာ🙏.......................................................................

🔰လူကြီးမင်းတို့၏ လျှပ်စစ်လုပ်ငန်းများအတွက် "M&K" Electrical Engineering Co.,Ltd မှ ကြိုဆိုပါတယ်ခင်ဗျာ။

📫 "M&K" Electrical Engineering Co.,Ltd မှ လုပ်ငန်းခွင်အတွင်း လျှပ်စစ်အင်ဂျင်နီယာများကိုယ်တိုင်ဦးစီး၍ အရည်အသွေးပိုင်း ကောင်းမွန်စွာအသုံးပြုနိုင်စေရန် အန္တရာယ်ကင်းရှင်းစေရန် ဦးစားပေးဆောင်ရွက်လျှက်ရှိပါသည်။
----------------------------------------------
...☎

Ph: 📲– 09 - 5068941 , 09 - 897094442

Email 📧 [email protected]

"Breaker ရဲ့အစ fuse က "====================ကျနော်မှတ်မိသလောက် ပြောရရင်ရွာမှာ မီးရတာ 1985လောက်ကတည်းကပါ။ အိမ်တွေမှာ ဖျူ့(f...
20/07/2023

"Breaker ရဲ့အစ fuse က "
====================
ကျနော်မှတ်မိသလောက် ပြောရရင်ရွာမှာ မီးရတာ 1985လောက်ကတည်းကပါ။ အိမ်တွေမှာ ဖျူ့(fuse)တွေကို အသုံးပြုကြပါတယ်။
ကျနော်တို့ရွာလေးမှာ 2000ပြည့်နှစ်၊ ကျနော် 10နှစ်သား လောက်အထိ circuit breaker တွေ သုံးစွဲတာ မရှိသေးဘူး။ မြို့ကြီးတွေမှာတော့ အသုံးပြုနေပြီလား မပြုဘူးလားဆိုတာကိုတော့ကျနော်မပြောနိုင်ပါဘူး။
တကယ်တော့ ဖျူ့(fuse)တွေအစား circuit breaker ကို အစားထိုးဖို့ 1879 ခုနှစ်မှာ Thomas Edison က တီထွင်ခဲ့ပါတယ်။
ကနဦးဆုံး circuit breaker တွေဟာ ဖျူးစ်တွေအစား နေရာယူလာတာက over current (short circuit) နဲ့ overload ဖြစ်လျှင် အသစ်ဖျူးစ်စံ ပြန်လဲစရာမလိုအဲ့ အားသာချက်ပါ။
ဖျူးစ်နဲ့ 1879ခုနှစ်က စထွင်ခဲ့တဲ့ breaker တွေက လုပ်ဆောင်ချက် အတူတူသာရှိပါသေးတယ်။သံုးစွဲ လျှပ်စစ်ပစ္စည်းတွေကို မထိခိုက်မပျက်စီးအောင်ကိုသာ ကာကွယ်နိုင်ပါတယ်။
သို့သော် ခုလို နည်းပညာတိုးတတ်လာ ပြီးနောက်ပိုင်းမှာတော့ Electric Device တွေကို updateအဖြစ် ဆန်းသစ်လာခဲ့ကြတယ်။
ခုဆိုအသက်အန္တရာယ်ကာကွယ်နိုင်ဖို့ circuit breaker တွေအထိ ထပ်ပေါ်လာကြပါတယ်။
ဒါကြောင့် breakerကို မှန်မှန်ကန်ကန် ရွေးချယ်တပ်ဆင်မယ်ဆို DB တွေမှာ ဗျုစ်တွေ မလိုပါဘူး။ သို့သော် Control Panel တွေနဲ့ Indicator lamp တွေမှာတော့ fuse တွေ လိုအပ်နေတုန်းပါ။ နေရာယူနေကြတုန်းပါ။
ခုချိန်မှာတော့ over current, overload နဲ့ earth fault အပါ ကာကွယ်ရန် protection device တစ်ခုအဖြစ်
RCBO သို့မဟုတ် MCB+RCCB တို့ ပေါင်းစပ်တပ်ဆင်ပြီး တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြပါတယ်။
Current သဘောတရားက သုံးစွဲမှု များလာလေ ပို၍ များများစီးဆင်လေ။ များများစီးဆင်လေ အပူများများ ပိုထွက်လာလေပါပဲ။
အပူများများ ပိုထွက်လေ ဖုံးအုပ်ထားတဲ့ insulator တွေရဲ့ capacity ကျဆင်းလေပယပေါ့။
ကြာလာရင် အပူလွန်ကဲကာ ပေါက်ပြဲမီးလောင်းခြင်း၊ ရှော့ဖြစ်စေချင်းနှင့် မလိုအပ်တဲ့ ပြသနာတွေ ဖြစ်ပေါ်စေပါတယ်။
ထိုအန္တရာယ်တွေကာကွယ်ဖို့ protection device အနေနဲ့ ကျနော်တို့တွေ အမျိုးမျိုးသော circuit breaker တွေ အသုံးပြုဖို့ လိုအပ်လာခြင်း ဖြစ်ပါတယ်။
C.B (circuit breaker) တွေဟာ voltage level အလိုက်အမျိုးအစား ကွဲပြားကြပါတယ်။
ဗို့အားနိမ့် (Breaker in low voltage )
-----------------------
1.Molded Case Circuit Breaker(MCCB)
2.Miniature Circuit Breaker(MCB)
3.Earth Leakage Circuit Breaker(ELCB)
4.Residual Current Device (RCD or RCCB)
5.Residual Current Circuit Breake withoverload (RCBO)
*******************************************
Breaker in medium and high voltage
------------------
1.Oil Circuit Breaker(OCB) {H.V မှာအသုံးများ}
2.Air Blast Circuit Breaker (ABCB)
3.Vaccum Circuit Breaker (VCB)
4.Gas Circuit Breaker (GCB) {H.V မှာအသုံးများ}
ဒါတွေကတော့ AC (Alternating Current) မှာ သုံးတဲ့ breaker ပါ။
DC (Direct Current) မှာသုံးတဲ့ breaker များလဲ ရှိပါတယ်။
DC Circuit Breaker
1.Solid State Circuit Breaker(SSCB)
2.Hybird DC Circuit Breaker (HDCCB)
C.B (circuit breaker)တွေရဲ့ အလုပ်လုပ်ပုံနဲ့
Circuit breaker ခွဲခြားသတ်မှတ်ပုံတွေကို အောက်မှာ လေ့လာနိုင်ပါတယ်။ DC C.B တွေကို ဆက်လက်ရှင်းပြပေးသွားပါမယ်။
Credit: Aung Thu

Transformer အကြောင်းတစ်စေ့တစ်စောင်း================================နည်းပညာပိုင်းတွေ တိုးတတ်လာတာနဲ့အမျှ လျှပ်စစ်ပစ္စည်းတွ...
20/07/2023

Transformer အကြောင်းတစ်စေ့တစ်စောင်း
================================
နည်းပညာပိုင်းတွေ တိုးတတ်လာတာနဲ့အမျှ လျှပ်စစ်ပစ္စည်းတွေ အသုံးများလာကြရတယ်။
နောက်ပြီး ဇိမ်ခံလျှပ်စစ်ပစ္စည်းတွေလည်း သင့်တင့်တဲ့ဈေးနဲ့ ဝယ်ပျော်သုံးပျော် ဆိုတော့ အိမ်တိုင်းနီးပါး အသုံးပြုလာကြတယ်။ ဒါပေမဲ့ ခုလိုတိုးတတ်လာတဲ့ ခေတ်မှာ မီးချောင်းထွန်းချုပ်ကအစ တီဗွီအဆုံး ယခင်ကလို ကွိုင်ထုတ်တွေ ပါမလာတော့ပဲ ဆားကစ်တွေထည့်သုံးလာတာ သတိထားမိကြမှာပါ။
တိုးတတ်လာတယ်ဆိုပေမဲ့ ယခင်ကွိုင်ထုတ်ပါတာတွေလို မီးအား‌ ရုတ်တရက် အတတ်အကျဒဏ်ကိုတော့ မခံနိုင်တာက ပြသနာတစ်ခုဖြစ်လာတယ်။ မြန်မာနိုင်ငံမှာက မီးအားအတတ်အကျ အဖြစ်များသလို မီးအားနည်းတဲ့ ပြသနာကလည်း မကြာခဏ ကြုံတွေနေကြရတယ်။
ဒီတော့ (Transformer )ကို အိမ်တိုင်းလိုလို အသုံးပြုလာကြရတယ်။ ဒါကြောင့် transformer အကြောင်းလေး နည်းနည်းပြောဖို့ ပြချင်လာတယ်။
မိမိအိမ်ကအစ ရပ်ကွက်လမ်းတွေထဲအဆုံး တပ်ဆင်‌လာကြတဲ့ Transformer ရဲ့ သဘောသဘာဝလေးသိအောင်ပါ။
Transformer တိုင်းက မီးအားမြှင့်စက်မဟုတ်ပါဘူး။ step down transformer (မီးအားနှိမ့်စက်)၊ step up transformer (မီးအားမြှင့်စက်)ဆိုပြီး ရှိပါတယ်။
Transformer တိုင်းမှာ Primary Coil နဲ့ Secondary Coil ဆိုပြီး ကွိုင် ၂ ခုရှိပါတယ်။ မြင်သာအောင်ပြောရရင် အဝင်ကွိုင် အထွက်ကွိုင်လို့ သိရှိထားနိုင်ပါတယ်။ Primary Coil က epc မီးအားဝင်လာပါတယ်။ Secondary Coil နေ မီးထွက်ပြီး လိုအပ်နေရာကို အသုံးပြုကြပါတယ်။ ဒါပေမဲ့ primary coil နဲ့ secondary coil က ဝါယာကြိုးဆက်သွယ်မှုမရှိပါဘူး။ ညို့ဓါတ်လို့ခေါ်တဲ့ magnetic field နဲ့ အလုပ်ဖြစ်‌မြောက်‌စေတာပါချွင်းချက်။။ ။။ Auto Transformer တွေကတော့ တစ်ကွိုင်တည်းပါ။
လျှပ်စစ်ကူးပြောင်းဖို့ ရွေ့လျားနေတဲ့ အရာ၀တ္ထုတစ်ခုမှမပါလို့ Tranformer တွေဟာ အခြားသော လျှပ်စစ်ပစ္စည်းတွေလို Friction Loss ခေါ် ပွတ်တိုက် ဆုံးရှုံးမှု တွေမရှိပါဘူး။ Transformer တွေမှာရှိနေတဲ့ Electrical Lossကတော့ ပမာဏအလွန်နည်းတဲ့ Core Loss နဲ့ Copper Loss ဒီ ၂ ခုပဲ ရှိတာပါ။
🥰Transformer Tap Changer အကြောင်းဖတ်ရှုဖို့ အောက်မှာ link ပေးထားပါတယ်။🥰
လျှပ်စစ်ဖြန့်ဖြူး‌ေရးစနစ်မှာ Step Up Transformer နဲ့ Step Down Transformer ၂ ခုကို သင့်တော်သလို အသုံးပြုကြပါတယ်။
ဥပမာ - ဓါတ်အားပေးစက်ရုံကနေ မြို့တစ်မြို့ကို ပေးဖို့ လိုအပ်တဲ့ High Voltage အတွတ် step up transformer ကို သုံးရပြီး
ရပ်ကွက်တွေထဲက လူနေအိမ်တွေကို ပြန်လည်ဖြန့်ဖြူးဖ့်ုအတွတ် step down transformer ‌ေတွကို ပြန်သုံးပေးရပါတယ်။
လူနေအိမ်တွေ မှာတော့ များသောအားဖြင့် transformer အားလုံးကတော့ step up တွေပဲ အသုံးပြုထားကြတာပါ။
Transformer တွေဟာ လျှပ်စစ်ဖြန့်ဖြူးရေးစနစ်တွင်သာမက မိမိအိမ်သုံးအတွတ်ရော အလွန်အရေးပါတဲ့ ပစ္စည်းတွေထဲက တစ်ခုပါ။ ဒါကြောင့် ကြာရှည်ခံတဲ့၊ နည်းပညာမြင့်မားတဲ့၊ Loss တွေနည်းတဲ့ Transformer ကိုရွေးချယ်၀ယ်ယူအသုံးပြုဖို့လိုအပ်ပါတယ်။
ဒါမှသာ မိမိအိမ်သုံး လျှပ်စစ်ပစ္စည်းတွေအတွတ်တင်မကပဲ မိမိအသက်နှင့် အိုးအိမ်စည်းပွားကိုပါ ကာကွယ်ရာရောက်မှာပါ။
Credit: Aungthu

မင်္ဂလာပါခင်ဗျာ🙏.......................................................................

🔰လူကြီးမင်းတို့၏ လျှပ်စစ်လုပ်ငန်းများအတွက် "M&K" Electrical Engineering Co.,Ltd မှ လျှပ်စစ်အင်ဂျင်နီယာများကိုယ်တိုင်ဦးစီး၍ ဆောင်ရွက်ပေးရန် ကြိုဆို‌ပါတယ်ခင်ဗျာ။
----------------------------------------------
...☎

Ph: 📲– 09 - 5068941 , 09 - 897094442

Email 📧 [email protected]

" 𝟏𝟗 𝐉𝐔𝐋𝐘 မမေ့နိုင် "" အာ‌ဇာနည်နေ့ ဒို့မမေ့ "ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးသွားသော အာဇာနည်ခေါင်းဆောင်ကြီးများအား ရို...
19/07/2023

" 𝟏𝟗 𝐉𝐔𝐋𝐘 မမေ့နိုင် "
" အာ‌ဇာနည်နေ့ ဒို့မမေ့ "

ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးသွားသော အာဇာနည်ခေါင်းဆောင်ကြီးများအား ရိုသေလေးစားစွာ အလေးပြုပါသည်။

#အာဇာနည်နေ့
'_Day

#"M&K" Electrical Engineering Co.,Ltd

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် စက်မှုဇုန်အတွင်း 11/0.4kV,315kVA Transformer တည်ဆောက်ပြီးစီးမှု မှတ်တမ်းဓာတ်ပုံမင်္ဂလာပ...
16/07/2023

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် စက်မှုဇုန်အတွင်း 11/0.4kV,315kVA Transformer တည်ဆောက်ပြီးစီးမှု မှတ်တမ်းဓာတ်ပုံ

မင်္ဂလာပါခင်ဗျာ🙏.......................................................................

🔰လူကြီးမင်းတို့၏ လျှပ်စစ်လုပ်ငန်းများအတွက် "M&K" Electrical Engineering Co.,Ltd မှ ကြိုဆိုပါတယ်ခင်ဗျာ။

📫 "M&K" Electrical Engineering Co.,Ltd မှ လုပ်ငန်းခွင်အတွင်း လျှပ်စစ်အင်ဂျင်နီယာများကိုယ်တိုင်ဦးစီး၍ အရည်အသွေးပိုင်း ကောင်းမွန်စွာအသုံးပြုနိုင်စေရန် အန္တရာယ်ကင်းရှင်းစေရန် ဦးစားပေးဆောင်ရွက်လျှက်ရှိပါသည်။
----------------------------------------------
...☎

Ph: 📲– 09 - 5068941 , 09 - 897094442

Email 📧 [email protected]

ကိုယ့်အိမ်ကကိုယ့်အိမ်က မီတာ အရမ်းလည်မြန်နေလို့ စိတ်ပူနေလား စမ်းသပ်နည်းတွေရှိတယ်…မီတာခနဲ့ ချိန်ပြီး သုံးချင်လား ဒါလေးသိမှ...
15/07/2023

ကိုယ့်အိမ်ကကိုယ့်အိမ်က မီတာ အရမ်းလည်မြန်နေလို့ စိတ်ပူနေလား စမ်းသပ်နည်းတွေရှိတယ်…
မီတာခနဲ့ ချိန်ပြီး သုံးချင်လား ဒါလေးသိမှဖြစ်မယ်…..

ဥပမာ တစ်ယူနစ်ကို ၅၀ကျပ်ဆိုရင် အဲ့၅၀ဖိုးပဲသုံးချင်တယ် အိမ်ကမီးချောင်း ဘယ်နှစ်နာရီ ဖွင့်ခံမလဲ ဆိုတာမျိုးပေါ့…..

မီတာမှာ တစ်ယူနစ်တက်အောင် ဒီပစ္စည်းလေးကို ဘယ်လောက်ကြာကြာ သုံးရင်တက်လဲ သုံးရမလဲ.

ပေးလိုက်ရတဲ့မီတာခ ဟုတ်မှဟုတ်ရဲ့လား. TVလေးတစ်နေ့မှ တစ်နာရီလောက်ကြည့်တာ ငွေအား ဖြင့် ဘယ်လောက်ကုန်သွားလဲ…..

စက်ပြင်ဆရာတွေ တစ်နေကုန် ခဲဂေါက်ထိုးထားတယ် unit ဘယ်လောက်တက်သွားမလဲ….

တစ်ချို့ ဆိုင်ခန်းငှါးတဲ့ အဒေါ်ကြီးတွေက စက်ပြင်ဆိုင်ဆို မီတာခ အရမ်းကျတယ် ထင်နေတာ ဘယ်လိုပြန်ပြောပြရပါမလဲ…..

စတာတွေကို လူအများရှင်းအောင် နည်းပညာပိုင်းကို သိပ်အလေးမပေးဘဲ ပြောကြည့်ချင်ပါတယ်….

မီးပူကို တစ်နာရီ ဆက်တိုက် တိုက်ရင် မီတာမှာ တစ်ယူနစ် 1 unit တက်မယ် (အော်တိုပိတ်ပိတ်သွားချိန်မပါ)….

ဘာဖြစ်လို့လဲဆိုတော့ မီးပူဟာ Watt 1000 ရှိလို့…..

Watt 1000 ရှိတဲ့ပစ္စည်းကို တစ်နာရီကြာအောင်သုံးရင်…..

တစ်ယူနစ် တက်တယ်

အဲ့ဒါက ဖော်မြူလာပဲ 1000 watt × တစ်နာရီ = 1 unit…

တစ်နာရီကို unit ဘယ်လောက်တယ်တယ် သိရင်…..

နှစ်နာရီသုံးတယ်ဆို ၂ နဲ့မြောက်ပေါ့…

သုံးနာရီသုံးတယ်ဆို ၃ နဲ့မြောက်ပေါ….

အလွယ်လေး မခက်သေးဘူးနော်…..

ဒါဆို ကိုယ်မီးပူတိုက်နေတာ ဘယ်နှစ်နာရီဆို ဘယ်နှစ်ယူနစ်တက်မလဲ သိပြီပေါ့…..

ဟုတ်ပြီ ကျွန်တော် ကျွန်မ ခုသုံးနေတဲ့ ပစ္စည်းက watt 1000 မှ မဟုတ်တာဗျာ….

အိမ်မှာ လေးပေ မီးချောင်း တစ်ချောင်း ထွန်းထားတယ် အဲ့လေးပေ မီးချောင်းက Watt 40 ပဲ ရှိတာ..

ဘယ်နှစ်နာရီ ထွန်းထားရင် တစ်ယူနစ်တက်မလဲ ပိုက်ဆံဘယ်လောက် ကုန်မလဲ…

ဟုတ်ပြီ ကျွန်တော်တို့ သိချင်တာ ၃ မျိုး ရှိတယ်၊ မီတာမှာ unit ဘယ်လောက် တက်သွားလဲ အချိန်တစ်ခုအားဖြင့် ထွန်းထားတယ် ငွေဘယ်လောက် ကုန်သွားပြီလဲ…..

တစ်ယူနစ် မီတာမှာ တက်အောင် ဘယ်လောက်ကြာကြာ သုံးရမလဲ စတဲ့ အချိန်ရယ် ငွေရယ် ယူနစ်တက်သွားတာရယ်….

အဲ့မှာ ငွေကုန်ကြေးကျ တွက်တာက မီတာယူနစ်တက်သလောက် ငွေကုန်တာမို့ မီတာယူနစ် ဘယ် လောက် တက်သလဲ ဆိုတာကိုပဲ အရင်တွက်ရမယ်….

်ပြီးမှ တစ်ယူနစ်မီတာခနဲ့ မြောက်ပေါ့ ဟုတ်ပြီ ပြောနေတာတွေ ရှုပ်တယ်ညအလွယ်ပဲပြောမယ်ဗျာ…

ကိုယ်သုံးမယ့်ပစ္စည်းရဲ့ Watt ကို 1000 နဲ့စားရင် တက်သွားမယ့် ယူနစ်ရမယ်…..

(တစ်နာရီသုံးရင် အဲ့လောက်တက်မယ်လို့ ဆိုလိုတာ) အဲ့ Watt ကို 1000 နဲ့ စားတာကို ပြောင်းပြန် ပြန်တွက်လိုက်….

1000 ကို Watt နဲ့ပြန်စားလိုက် လို့ပြောတာ အာ့ဆို unit မရတော့ဘူး မီတာမှာ တစ်ယူနစ်တက်အောင် ဘယ်လောက်ကြာကြာ သုံးလို့ရ မလဲ ဆိုတဲ့ အချိန်ကို ရတယ်ဗျာ…….

အဲ့တော့ ဒီလို မှတ် 1000 (နဲ့) စားရင် ယူနစ် ရတယ် …..1000 (ကို) စားရင် အချိန် ရတယ်

ဥပမာ အပေါ်က ၄ ပေမီးချောင်း Watt 40 အဲ့ Watt 40 ကို 1000 (နဲ့) စား 40÷1000 = 0.04 unit ရတယ်……

အဲဒါဟာ ၄ ပေမီးချောင်းကို တစ်နာရီထွန်းရင် မီတာမှာ တက်မယ့်ယူနစ် 0.04 ရတယ် unit ရပြီဆို ပိုက်ဆံသိချင်ရင် တစ်ယူနစ်ကို၅၀ ဆို 0.04 × ၅၀ ပေါ. တစ်ယူနစ်ကို ၇၀ဆို 0.04 × ၇၀ ပေါ. မြောက်ကြည့်ကြပေါ့…..

နောက်တစ်နည်းက အပေါ်ကတွက်နည်းကို ပြောင်းပြန်လှန် 1000 (ကို) Watt 40 နဲ့စား 1000 ÷ 40 = 25 နာရီ ရတယ် အဲ.ဒါက ၄ ပေ မီးချောင်းကို ၂၅ နာရီကြာအောင်ထွန်းမှ မီတာမှာ တစ်ယူနစ်ပဲ တက်မယ်လို့ ဆိုလိုတာပဲ……

ဥပမာ ဘုရားစင်မှာထွန်းလေ့ရှိတဲ့ 5 Watt မီးသီး အစိမ်းလေးကို ထွန်းမယ်ဆိုရင် 1000 ÷ 5 = နာရီ ၂၀၀ လောက်ကြာအောင်ထွန်း ထား မှ မီတာမှာ တစ်ယူနစ်ပဲ တက်မှာပါ…..

အဲတော့ 1000 နဲ့စားတော့ ယူနစ်ပြ ပြောင်းပြန်လှန်တော့ အချိန်ရ ဒါလေး နဲ့တင် အများပြည်သူ သိရတွက်ရအဆင်ပြေလှ အင်း နည်း နည်း အဆင့်မြှင့်ကြည့်မယ်ဗျာ နာရီဝက်ပဲ မီးချောင်းထွန်း ရင်ကောဗျာ…..

၁၅ မီးနစ်ပဲ သုံးမယ်ဆိုရင်ကောဗျာ အာ.ဆို နည်းနည်းလေးတော့ ရှုပ်ပြီဗျ Watt ကို 1000 နဲ့စားလို့ ရတာကို နာရီဝက်ပဲ သုံးရင် 1/2 နဲ့ ထပ်မြောက်ဗျ ဘာလို့ဆို နာရီဝက်က တစ်နာရီရဲ့ နှစ်ပုံပုံရင် တစ်ပုံဖြစ် နေလို့……

၁၅မီးနစ်ပဲ သုံးတယ်ဆိုပြီး ၁၅နဲ့သွားမြေက်လို့မရဘူးဗျ ၁၅မီးနစ်သည် တစ်နာရီရဲ့ လေးပုံတစ်ပုံဖြစ်လို့ 1/4 နဲ့ထပ်မြောက်ဗျ…..

အသုံးပြုချိန်က နာရီနဲ့ပဲ တွက်ရလို့ဗျ မီးနစ်နဲ့တွက်ရင် killowatt hour ဆိုတဲ့ unit မရတော့လို့ပါ….

killowatt ဆိုတာကလည်း အခြားမဟုတ်ဘူးဗျ ကိုယ်သုံးတဲ့ပစ္စည်းရဲ့ watt ကို 1000 နဲ့စားလိုက်တဲ့ဖြစ်စဉ်ကို ပြောတာဗျ……

မူရင်းတန်ဖိုးက watt အာ.ဒါကို 1000 နဲ့စားလိုက်တော့ killowatt ဖြစ်လာတာပေါ. သဘောက resistor တန်ဖိုး ထောင်ကျော် တဲ့အခါ 1200အုမ်းလို့ ဘယ်မှာခေါ်လို့လဲ…..

1.2 K လို့ပဲ ခေါ်ကြတာ အဲ့ဒါလည်း 1000 နဲ့ စားလိုက်တာပဲလေ ကီလိုဖွဲ့လိုက်တယ်ဆိုပါစို့ဗျာ အဲ့ သဘော ပဲ Watt ကို 1000 နဲ့စားလိုက် တာလည်း ကီလိုဖွဲ့လိုက်သလိုပဲမို့ killowattရယ်လို့ဖြစ်လာ တာ…….

အဲ့ကီလိုဝပ်ကို နာရီနဲ့ထပ်မြောက်လို့ ကီလိုဝပ်နာရီ KWh = unit တန်ဖိုးဖြစ်လာတာ အဲ့တော့ သုံးစွဲ ပစ္စည်းရဲ့ Watt ကို 1000 နဲ့စား သုံးစွဲချိန် နာရီနဲ့ မြောက် တစ်လကုန် မီတာဘယ်လောက်တက်လဲ သိချင်ရင် ရက်ပေါင်း ၃၀ နဲ့ ထပ်မြောက် မီတာမှာ တိုက်ကြည့်ပေါ့……

မီတာအရမ်းလည်မြန်နေလို့မသင်္ကာရင်မီးပူတစ်နာရီတိုက်လို့တစ်ယူနစ်ပဲတက်တယ်ဆိုပုံမှန်ပဲ ပေါ.အထဲကဖွဲ့စည်းပုံကြောင့်လည် နှုန်း နှေးတာမြန်တာ ကိုယ့်အလုပ် ဟုတ်ဘူးလေ……

တစ်ယူနစ်ကို ၅၀ကျပ်ဆိုရင် ၅၀ကို မီးနစ်၆၀နဲ့စား တစ်မီးနစ်ကို ပြား၈၃ပြားလောက် ကျတယ်ပေါ. အဲ့တော့ ဘယ်လောက်ဖိုး သုံးမလဲ ကြာကြာသုံးရင် များများကုန်မယ် များများသုံးရင် မြန်မြန်ကုန်မယ် 1000(နဲ့)စားရင်unit ရမယ် 1000(ကို)စားရင်အချိန်ရမယ် ဒါလေး ပါပဲ…….

မူးရင် 🙏🙏

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် စက်မှုဇုန်အတွင်း 11/0.4kV,50kVA Transformer တည်ဆောက်ပြီးစီးမှု မှတ်တမ်းဓာတ်ပုံမင်္ဂလာပါ...
15/07/2023

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် စက်မှုဇုန်အတွင်း 11/0.4kV,50kVA Transformer တည်ဆောက်ပြီးစီးမှု မှတ်တမ်းဓာတ်ပုံ

မင်္ဂလာပါခင်ဗျာ🙏.......................................................................

🔰လူကြီးမင်းတို့၏ လျှပ်စစ်လုပ်ငန်းများအတွက် "M&K" Electrical Engineering Co.,Ltd မှ လျှပ်စစ်အင်ဂျင်နီယာများကိုယ်တိုင်ဦးစီး၍ ဆောင်ရွက်ပေးရန် ကြိုဆို‌ပါတယ်ခင်ဗျာ။
----------------------------------------------
...☎

Ph: 📲– 09 - 5068941 , 09 - 897094442

Email 📧 [email protected]

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် စက်မှုဇုန်အတွင်း 11/0.4kV,160kVA Transformer တည်ဆောက်ပြီးစီးမှု မှတ်တမ်းဓာတ်ပုံမင်္ဂလာပ...
15/07/2023

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် စက်မှုဇုန်အတွင်း 11/0.4kV,160kVA Transformer တည်ဆောက်ပြီးစီးမှု မှတ်တမ်းဓာတ်ပုံ

မင်္ဂလာပါခင်ဗျာ🙏.......................................................................

🔰လူကြီးမင်းတို့၏ လျှပ်စစ်လုပ်ငန်းများအတွက် "M&K" Electrical Engineering Co.,Ltd မှ ကြိုဆိုပါတယ်ခင်ဗျာ။
----------------------------------------------
...☎

Ph: 📲– 09 - 5068941 , 09 - 897094442

Email 📧 [email protected]

Address

No(250/A) , Swaw Taw Street, (5/8)Ward, Shwepyitar Township
Yangon
11411

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959897094442

Website

Alerts

Be the first to know and let us send you an email when M&K Electrical Engineering Service & Installation Co.,Ltd posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to M&K Electrical Engineering Service & Installation Co.,Ltd:

Share

Category