NET AGE

NET AGE Desktop, Laptop and accessories

ကြိုးရှုပ်‌တာတွေ ၊ Wireless Connection မကောင်းလို့ Lag တာတွေ ၊ ဒီ အချက်တွေက Gamer တစ်ယောက်အတွက် တော့ အတော်လေး စိတ်ရှုပ်စ...
28/03/2026

ကြိုးရှုပ်‌တာတွေ ၊ Wireless Connection မကောင်းလို့ Lag တာတွေ ၊ ဒီ အချက်တွေက Gamer တစ်ယောက်အတွက် တော့ အတော်လေး စိတ်ရှုပ်စရာကောင်းပါတယ် ။

ဒီလိုပြဿနာတွေကင်းဝေးဖို့အတွက်ဆိုရင်တော့ Rapoo V600SE လို Gaming Pad ကောင်းကောင်းတစ်ခုတော့ ရှိဖို့လိုပါတယ်

Rapoo V600SE Gaming Pad ကို‌ရွေးချယ်သင့်တဲ့ အချက်‌တွေက ...

📶 Wireless Mode & Wire Mode

- 2.4GHz Wireless နဲ့ (၁၀) မီတာအထိ အဝေးကနေ အေးဆေးဆော့လို့ရသလို၊ Type-C ကြိုးနဲ့ တိုက်ရိုက်ချိတ်ဆော့မယ်ဆိုရင်လည်း Lag တာမျိုး လုံးဝမရှိပါဘူး။

🔋 နာရီပေါင်းများစွာ Non-stop ဆော့

- 600mAh ဘက်ထရီ ပါဝင်လို့ တစ်ခါအားသွင်းထားရုံနဲ့ (၁၀) နာရီကနေ (၁၅) နာရီအထိ အသုံးခံပါတယ် ။

📳 Realistic Vi****or

- Dual Vibration Motors ပါဝင်တာကြောင့် ဂိမ်းထဲက Action တွေထဲကအတိုင်း တကယ်ဖြစ်‌နေသလိုကိုယ့်လက်ထဲမှာ ခံစားရစေမှာပါ။

🕹 Support Device

- Windows PC ဖြစ်ဖြစ်၊ Android ဖုန်းဖြစ်ဖြစ် အလွယ်တကူ ချိတ်ဆက်ကစားနိုင်ပါတယ့်အပြင် X/D/A mode တွေပြောင်းပြီး PS3 မှာပါ သုံးလို့ရပါသေးတယ်။)

🎯 သက်သောင့်သက်ရှိတဲ့ Design အပိုင်း

လက်ချွေးထွက်လို့ ချော်တာမျိုးမဖြစ်အောင် ဖန်တီးပေးထားတဲ့အပြင် ခလုတ်တွေကလည်း နှိပ်လိုက်တာနဲ့ ချက်ချင်းတုံ့ပြန်ပေးနိုင်စွမ်းရှိပါတယ် ။

ဒါ‌ကြောင့်စျေးနှုန်းလည်း သင့်တင့်ပြီး စွမ်းဆောင်ရည်လည်း ရှယ်ကောင်းတဲ့ Gamepad တစ်လုံးရှာနေတယ်ဆိုရင်တော့ Rapoo V600SE ကို သေချာပေါက် စမ်းသုံးကြည့်သင့်ပါတယ် ဗျ ။

ရန်ကုန်မြို့တွင်း ၊ မြို့ပြင် နှင့် တစ်ခြားမြို့များကို Royal Express Delivery ဖြင့်အိမ်တိုင်ရာရောက်ပို့ဆောင်ပေးတဲ့အပြင် အိမ်ရောက်ငွေရရှိသော မြို့ များကိုလည်း COD စနစ်ဖြင့် ပို့ဆောင်ပေးပါတယ်ဗျ ... 🚚

ဆက်သွယ်ရန်

------

📱 𝟎𝟗 - 𝟗𝟒𝟑𝟎𝟏𝟎𝟐𝟖𝟒 , 𝟎𝟗 - 𝟕𝟓𝟎𝟎𝟔𝟒𝟐𝟔𝟏

📍 No ( 5 ) , Yadanar Theinkha Street, Sangyi Qtr , Mingalardon Township , Yangon.

🗺️ https://maps.app.goo.gl/n5EiLNP722Kwq9mp6

ဂိမ်းဆော့မလား ၊ ရုပ်ရှင်ကြည့်မလား ?Alldocube iPlay 50 Pro Tablet နဲ့ အေးဆေး Chill 💯- ရုပ်ရှင်ပဲကြည့်ကြည့် ၊ ဂိမ်းပဲဆော့ဆ...
22/03/2026

ဂိမ်းဆော့မလား ၊ ရုပ်ရှင်ကြည့်မလား ?

Alldocube iPlay 50 Pro Tablet နဲ့ အေးဆေး Chill 💯

- ရုပ်ရှင်ပဲကြည့်ကြည့် ၊ ဂိမ်းပဲဆော့ဆော့ လုပ်ဆောင်ချက်ပေါ်မူတည်ပြီး အသုံးပြုပေးထားတဲ့ Helio G99 Processor ရဲ့ စွမ်းဆောင်ရည်ကို အပြည့်ထုတ်ပေးနိုင်မယ့်အပြင်ကိုမှ RAM 8GB နဲ့ဆိုတော့ လုပ်ဆောင်ချက်တိုင်းက Smooth ဖြစ်နေမှာပါ ။

- ရုပ်ရှင်ကြည့်တတ်တဲ့သူတွေအတွက်ဆိုရင်လည်း ရွေးချယ်စရာအချက်ဖြစ်တဲ့ 2K Resolution Full View ကိုမှ 10.4 inches Screen Size ကို အသုံးပြုပေးထားပါတယ် ။

- Storage အနေနဲ့က 128GB ပါဝင်ပါတယ် ။

ယုံကြည်စိတ်ချရတဲ့ Official Warranty
------------

ဒီ Tablet က Official Global EDITION Brand အသစ်တစ်ခုအနေနဲ့ ဝင်လာတယ်ဆိုပေမယ့် Warranty နဲ့ ပတ်သက်ပြီး စိုးရိမ်စရာမရှိပါဘူး ။

ဘာကြောင့်လဲဆိုရင် ....

- Service Warranty ၁ နှစ်
- Parts Warranty ၆ လ
- Accessories Warranty အနေနဲ့ Adapter/Charger ကို ၃ လအထိပေးထားပါတယ် ။

ဒါကြောင့် ဒီလိုမျိုး စိတ်ချရတဲ့ Warranty တွေနဲ့ အတူ ၇ သိန်းဝန်းကျင်မှာ သင့်တော် Performance ပေးနိုင်မယ့် Tablet တစ်လုံးကိုရှာနေတယ်ဆိုရင်တော့ ကျွန်တော်တို့ Net Age မှ နွေးထွေးစွာကြိုဆိုလျက်ပါခင်ဗျာ .... 🙏🏻

-------

Specification
-------
Brand - Alldocube
Model - iPlay 50 Pro Tablet ( Official Global )
Screen Size - 10.4 inch
Resolution - 2K Fullview
SOC - Helio G99
Embedded GPU - Mali-G57 MC2
RAM - 8GB
Storage - 128 GB

Warranty
----
Service Warranty - 1 year
Parts Warranty - 6 Months
Accessories Warranty - 3 Months for Charger/Adapter

Price - 680,000 MMK
Gift - Cover & Temper Glass

ရန်ကုန်မြို့တွင်း ၊ မြို့ပြင် နှင့် တစ်ခြားမြို့များကို Royal Express Delivery ဖြင့်အိမ်တိုင်ရာရောက်ပို့ဆောင်ပေးတဲ့အပြင် အိမ်ရောက်ငွေရရှိသော မြို့ များကိုလည်း COD စနစ်ဖြင့် ပို့ဆောင်ပေးပါတယ်ဗျ ... 🚚

ဆက်သွယ်ရန်

------

📱 𝟎𝟗 - 𝟗𝟒𝟑𝟎𝟏𝟎𝟐𝟖𝟒 , 𝟎𝟗 - 𝟕𝟓𝟎𝟎𝟔𝟒𝟐𝟔𝟏

📍 No ( 5 ) , Yadanar Theinkha Street, Sangyi Qtr , Mingalardon Township , Yangon.

🗺 https://maps.app.goo.gl/n5EiLNP722Kwq9mp6

၄ သိန်းဝန်းကျင် Ram အသစ်တစ်ချောင်းကို ၂ သိန်း မကျော်တဲ့ ဈေးနဲ့ရမယ်ဆို စိတ်ဝင်စားလား ... !ဟုတ်ပါတယ် ။ ကျွန်တော်တို Net Ag...
19/03/2026

၄ သိန်းဝန်းကျင် Ram အသစ်တစ်ချောင်းကို ၂ သိန်း မကျော်တဲ့ ဈေးနဲ့ရမယ်ဆို စိတ်ဝင်စားလား ... !

ဟုတ်ပါတယ် ။ ကျွန်တော်တို Net Age မှာ Taiwan Made ဖြစ်တဲ့ TEAMGROUP Brand 8GB DDR 4 3200MHz တစ်‌ချောင်းကို မြန်မာငွေ ၁၉၈,၀၀၀ကျပ် ဖြင့်ဝယ်ယူရရှိနိုင်မယ့် အပြင် Limited Lifetime Warranty ( Local Warranty ) လဲပါမယ်ဗျာ ။

ဒါကြောင့် နောက်အသစ်တွေထပ်ဝင်ရင် ဒီ‌ဈေးနဲ့မရနိုင်တော့တာမို လက်သွက်ဖိုတော့လိုပါမယ်ဗျို ။

Brand - TEAMGROUP
Capacity - 8GB
Speed - DDR 4 3200MHz
Price - 198,000 ks
Warranty - Limited Lifetime Warranty

ရန်ကုန်မြိုတွင်း ၊ မြိုပြင် နှင့် တစ်ခြားမြိုများကို Royal Express Delivery ဖြင့်အိမ်တိုင်ရာရောက်ပိုဆောင်ပေးတဲ့အပြင် အိမ်ရောက်ငွေရရှိသော မြို များကိုလည်း COD စနစ်ဖြင့် ပိုဆောင်ပေးပါတယ်ဗျ ... 🚚

ဆက်သွယ်ရန်

------

📱 𝟎𝟗 - 𝟗𝟒𝟑𝟎𝟏𝟎𝟐𝟖𝟒 , 𝟎𝟗 - 𝟕𝟓𝟎𝟎𝟔𝟒𝟐𝟔𝟏

📍 No ( 5 ) , Yadanar Theinkha Street, Sangyi Qtr , Mingalardon Township , Yangon.

🗺️ https://maps.app.goo.gl/n5EiLNP722Kwq9mp6



NET AGE PC Sales and Services · No.5 Yadanar Theinkha Street, Yangon, Myanmar (Burma) (https://maps.app.goo.gl/n5EiLNP722Kwq9mp6)
★★★★★ · Computer accessories store

သင့်ရဲ့ Data တွေကို နှစ်ပေါင်း ၁၀,၀၀၀ အထိ အပျက်အစီးမရှိ သိမ်းဆည်းပေးမယ့် Microsoft ရဲ့ "Project Silica"လက်ရှိ ကျွန်တော်တ...
16/03/2026

သင့်ရဲ့ Data တွေကို နှစ်ပေါင်း ၁၀,၀၀၀ အထိ အပျက်အစီးမရှိ သိမ်းဆည်းပေးမယ့် Microsoft ရဲ့ "Project Silica"

လက်ရှိ ကျွန်တော်တို့ နေ့စဉ်သုံးနေတဲ့ Hard Drive တွေ၊ SSD တွေနဲ့ USB Flash Drive တွေက ဘယ်လောက်အထိ အသုံးခံတယ်လို့ ထင်ပါသလဲ?

ပုံမှန်အားဖြင့် ၅ နှစ်ကနေ ၁၀ နှစ်ဝန်းကျင်လောက်ဆိုရင် စက်ပိုင်းဆိုင်ရာ ယိုယွင်းမှုတွေဖြစ်လာပြီး ကိုယ့်ရဲ့ အရေးကြီးတဲ့ Data တွေ ဆုံးရှုံးသွားတတ်ပါတယ်။ ဒီလို ပြဿနာကို ဖြေရှင်းဖို့ Microsoft ကတော့ ဖန်ပြားလေးတွေ (Glass) ထဲမှာ Data တွေကို နှစ်ပေါင်း သောင်းချီတဲ့အထိ သိမ်းဆည်းနိုင်မယ့် နည်းပညာအသစ်တစ်ခုကို ဖန်တီးနေပါတယ် ။ ဒါကို Project Silica လို့ ခေါ်ပါတယ်။

ဒါဆို ဖန်ပြားထဲမှာ Data ကို ဘယ်လိုသိမ်းမလဲ?

ဒီနည်းပညာက အခြေခံအားဖြင့် သန့်စင်တဲ့ ဖန် (Quartz Glass) ကို အသုံးပြုထားတာပါ။ မီးဖိုချောင်သုံး ဖန်ခွက်တွေနဲ့ အကြမ်းဖျင်း သဘောတရားတူပေမယ့်၊ အလုပ်လုပ်ပုံကတော့ အတော်လေး ဆန်းပါတယ် ။

Microsoft ဟာ အလွန်လျင်မြန်တဲ့ လေဆာ (Femtosecond Lasers) တွေကို သုံးပြီး ဖန်သားထဲမှာ Data တွေကို 3D ပုံစံ ဖန်တီးပြီး ရေးသွင်း (Encode) တာဖြစ်ပါတယ်။ ဒီလို ရေးသွင်းထားတဲ့ Data တွေကို ပြန်လည်ဖတ်ယူတဲ့ အခါမှာလည်း သာမန်နည်းလမ်းနဲ့ မရဘဲ Computer Vision နည်းပညာနဲ့ Machine Learning ကို အသုံးပြုပြီး ဖန်သားထဲက အလင်းယိုင်ဆင်းမှုတွေကနေတဆင့် ပြန်လည် ဖတ်ယူ (Decode) တာမျိုးပါ ။

ဘာကြောင့် ဖန် (Glass) ကို ရွေးချယ်ရတာလဲ?

နည်းပညာနယ်ပယ်မှာ ဖန်ကို အသုံးပြုတာ အကြောင်းရင်း (၃) ခု ရှိပါတယ် ။

အကြမ်းခံနိုင်ခြင်း
--------

ဒီ ဖန်ပြားလေးတွေက ရေနွေးပူထဲပြုတ်တာ၊ မီးဖို (Oven) ထဲထည့်ဖုတ်တာ၊ ခြစ်မိတာ၊ ပြုတ်ကျတာ ဒါမှမဟုတ် သံလိုက်စက်ကွင်း (EMP) ဖြတ်သန်းသွားတာတွေ လုပ်ရင်တောင် အထဲက Data တွေ လုံးဝ (လုံးဝ) မပျက်သွားပါဘူး။

သက်တမ်း ရှည်ကြာခြင်း
----------

Data တွေကို အနည်းဆုံး နှစ်ပေါင်း ၁၀,၀၀၀ (တစ်သောင်း) ကျော်အထိ လုံခြုံစွာ သိမ်းထားနိုင်ပါတယ်။ ဒါဟာ ယနေ့ခေတ် Data Storage သမိုင်းမှာ အရှည်ကြာဆုံးနဲ့ ယုံကြည်ရဆုံး နည်းလမ်းတစ်ခု ဖြစ်လာမှာပါ။

သဘာဝပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေမှုရှိခြင်း
---------------------

ပုံမှန် Data Center ကြီးတွေလို Server တွေကို အမြဲတမ်း အဲယားကွန်း (Air-con) အပြည့်ဖွင့်ပြီး အအေးခံထားစရာ မလိုပါဘူး။ ဖန်ပြားတွေက အပူချိန်ကို ဂရုစိုက်စရာမလိုဘဲ ရိုးရိုးစင်ပေါ် တင်ထားရုံနဲ့ ရတဲ့အတွက် လျှပ်စစ်စွမ်းအင် သုံးစွဲမှုကို အများကြီး လျှော့ချနိုင်ပြီး ကုန်ကျစရိတ်ကိုလည်း သိသိသာသာ သက်သာစေပါတယ်။

ဘယ်သူတွေအတွက် အဓိက ရည်ရွယ်တာလဲ?

လောလောဆယ်မှာတော့ ဒီနည်းပညာက သာမန် User တွေရဲ့ ဖုန်းတွေ၊ ကွန်ပျူတာတွေထဲမှာ နေ့စဉ်အသုံးချဖို့ (ဥပမာ - သီချင်းထည့်ဖို့၊ ဂိမ်းဆော့ဖို့) မဟုတ်သေးပါဘူး။ ဘယ်တော့မှ မဖျက်ပစ်မယ့်၊ အမြဲတမ်း သိမ်းဆည်းထားရမယ့် Archival Data တွေဖြစ်တဲ့ အရေးကြီးမှတ်တမ်းတွေ၊ ရုပ်ရှင် Master Copy တွေ၊ ဆေးဘက်ဆိုင်ရာ မှတ်တမ်းတွေနဲ့ Cloud Storage Data Center ကြီးတွေအတွက် အဓိက ရည်ရွယ်တာပါ။

နည်းပညာနယ်ပယ်မှာ နေ့စဉ်သုံး ပစ္စည်းတစ်ခုဖြစ်တဲ့ "ဖန်" ကို အဆင့်မြင့် Data Storage အဖြစ် ပြောင်းလဲလိုက်နိုင်တာဟာ တကယ်ကို ကောင်းမွန်တဲ့ ဖန်တီးမှုတစ်ခုပါပဲ ။

" The Colors of WD Drive means "ယနေ့ခေတ် ကျွန်တော်တို့ အသုံးပြုနေကြတဲ့ Storage Device အမျိုးအစားပေါင်းများစွာရှိပါတယ် ။ ...
11/03/2026

" The Colors of WD Drive means "

ယနေ့ခေတ် ကျွန်တော်တို့ အသုံးပြုနေကြတဲ့ Storage Device အမျိုးအစားပေါင်းများစွာရှိပါတယ် ။ ဒီလိုအမျိုးအစားတွေထဲကမှ ကျွန်ဝောာ်တို့ သတိမထားမိတဲ့ WD Drive တွေမှာ သတ်မှတ်ထားတဲ့ Color Coding နဲ့ပတ်သက်ပြီး ဒီ Post လေးမှာ ပြောပြပေးမှာဖြစ်ပါတယ်ဗျ ။

WD Blue
----

ဘယ်သူတွေအတွက်လဲ ?

ရုံးလုပ်ငန်းလုပ်သူတွေ၊ ကျောင်းသားတွေနဲ့ သာမန် အိမ်သုံးကွန်ပျူတာ သုံးသူတွေအတွက်သင့်လျော်ပါတယ် ။

အဓိကအားသာချက် အနေနဲ့ OS (Windows) တင်ဖို့နဲ့ Data တွေသိမ်းဖို့အတွက် စွမ်းဆောင်ရည်ရော၊ ဈေးနှုန်းပါ အမျှတဆုံးဖြစ်အောင် ထုတ်လုပ်ထားတာ ကြောင့် လူသုံးအများဆုံး Standard Drive တစ်ခုဖြစ်ပြီး သာမန် နေ့စဉ်သုံးအတွက်ဆို Blue လေးက အိုကေပါတယ် ။

WD Black
---

Gamers တွေ၊ Video Editors တွေ၊ 3D Animation ဆွဲသူတွေနဲ့ Content Creators တွေအတွက်အဆင်ပြေပါတယ် ။

Speed ကို အဓိကထားပြီးထုတ်လုပ်ထားလို့ Read/Write speed အရမ်းမြန်ပြီး Performance အမြင့်ဆုံးပေးနိုင်ပါတယ်။ ဒါကြောင့် Graphic မြင့်တဲ့ ဂိမ်းတွေဆော့ဖို့နဲ့ Software အကြီးကြီးတွေ Run ဖို့အတွက်ဆိုရွေးချယ်လို့ရပြီး စွမ်းဆောင်ရည်မြင့်သလို ဈေးလည်းပိုကြီးတတ်ပါတယ်။

WD Red
---

အိမ်မှာဖြစ်ဖြစ်၊ ရုံးမှာဖြစ်ဖြစ် Data တွေကို Network ကနေ မျှဝေသုံးမယ့် NAS (Network Attached Storage) စနစ် တည်ဆောက်ချင်သူတွေအတွက်ပိုကောင်းပါတယ် ။

ဒီ Drive က ၂၄ နာရီ၊ ၇ ရက် (24/7) ပိတ်စရာမလိုဘဲ အလုပ်လုပ်နိုင်အောင် အထူးဖန်တီးထားပါတယ် ။ ဒါ့အပြင့် Drive တွေအများကြီးပူးတွဲသုံးတဲ့အခါ ထွက်လာမယ့် တုန်ခါမှုနဲ့ အပူဒဏ်ကို ခံနိုင်ရည်ရှိအောင် လုပ်ဆောင်ပေးထားလို့ NAS နဲ့ Sever တွေမှာ အသုံးပြုချင်တဲ့သူတွေအတွက် သင့်လျော်ပါတယ် ။

WD Purple
---

အိမ်၊ ဆိုင် နဲ့ ရုံးတွေမှာ CCTV တပ်ဆင်မယ့်သူတွေအတွက်ပါ။

ဒီကောင်လေးကတော့ Surveillance system တွေအတွက် အထူးထုတ်လုပ်ထားတာပါ ။ ကင်မရာကနေ ရိုက်ကူးနေတဲ့ Video Data တွေကို အချိန်ပြည့် (24/7) အဆက်မပြတ် Write လုပ် (မှတ်တမ်းတင်) နိုင်ဖို့ အဓိကထားပြီး ထုတ်ထားတဲ့ Drive တစ်ခုပါ ။

WD Gold
----

ဒီ Drive လေးက ကုမ္ပဏီကြီးတွေရဲ့ Data Center တွေနဲ့ အဆင့်မြင့် Server အကြီးကြီးတွေအတွက်ဖြစ်ပါတယ် ။

WD ရဲ့ High Grade Drive တစ်ခုပါ။ Heavy Workload တွေအတွက် ရည်ရွယ်ထုတ်လုပ်ထားပြီး တာရှည်အခံဆုံး၊ Error အနည်းဆုံး Drive လည်းဖြစ်ပါတယ်။ ဒါကြောင့် ဈေးကလည်းကြီးတဲ့အထဲပါပါတယ်။

WD Green
----

ဒီ Drive ကတော့ Data တွေကို အရန်သိမ်းထားချင်သူတွေ၊ Budget သက်သာချင်သူတွေအတွက်ဖြစ်ပါတယ် ။

ဒီ Drive အမျိုးအစားတွေဟာ အရင်ကတော့ HDD တွေအနေနဲ့ လာပြီး Power စား သက်သာအောင် ၊ အသံငြိမ်အောင် ထုတ်လုပ်ထားတာပါ။ အခုနောက်ပိုင်းမှာတော့ Entry-level SSD တွေအနေနဲ့ ပိုတွေ့ရပါတယ်။ Storage အပိုတစ်ခုအနေနဲ့ Data တွေ၊ ရုပ်ရှင်တွေ၊ ဓာတ်ပုံတွေ သိမ်းထားဖို့ (Secondary Storage) အတွက်သုံးမယ်ဆိုရင် အဆင်ပြေပါတယ်။

အသစ်မှ အသစ်ဆိုတဲ့ သူတွေအတွက် Brand New HDD နဲ့ SSD တွေရမယ်ဗျာ ။ ဈေးကလည်း ထပ်တက်နိုင်သလို နောက်ထပ်ပစ္စည်းရောက်ဖို့ဆိုတာကလ...
09/03/2026

အသစ်မှ အသစ်ဆိုတဲ့ သူတွေအတွက် Brand New HDD နဲ့ SSD တွေရမယ်ဗျာ ။ ဈေးကလည်း ထပ်တက်နိုင်သလို နောက်ထပ်ပစ္စည်းရောက်ဖို့ဆိုတာကလည်း ကြာနိုင်တာကြောင့် လိုအပ်ရင်တော့ Quality ၊ Warranty အတွက် ပူစရာမလိုဘဲ ရွေးချယ်ဝယ်ယူထားဖို့လိုပါမယ်ဗျို့ ... 💯

ပစ္စည်းအရေအတွက် နည်းတာကြောင့် First Come ... First Served ပါခင်ဗျာ ... 🤩

ရရှိနိုင်မည့် HDD နှင့် SSD များ
-----------

Brand - WD My Passport
Model - WD Black SN7100 M.2 NVMe SSD
Capacity - 1 TB
Price - 550,000 Ks
Warranty - 3 Years Thai Warranty

Brand - WD My Passport
Model - WD Blue SN500 M.2 NVMe SSD
Capacity - 2 TB
Price - 780,000 Ks
Warranty - 3 Years Thai Warranty

Product - ADATA
Model - SU650 SATA SSD
Capacity - 512 GB
Price - 250,000 Ks
Warranty - 3 Years Thai Warranty

Product - SanDisk
Model - Extreme Portable SSD
Capacity - 2 TB
Price - 830,000 Ks
Warranty - 3 Years Thai Warranty
🎁 🎁 Gift 🎁 🎁 - Protection Bag

Product - WD My Passport
Model - Portable SSD
Capacity - 2 TB
Price - 750,000 Ks
Warranty - 3 Years Thai Warranty

Product - WD My Passport
Model - Portable SSD
Capacity - 1 TB
Price - 490,000 Ks
Warranty - 3 Years Thai Warranty

Product - WD My Passport
Model - Portable HDD
Capacity - 2 TB
Price - 450,000 Ks
Warranty - 3 Years Thai Warranty

Product - WD My Passport
Model - Portable HDD
Capacity - 4 TB
Price - 580,000 Ks
Warranty - 3 Years Thai Warranty

Product - WD My Passport
Model - Portable HDD
Capacity - 5 TB
Price - 670,000 Ks
Warranty - 3 Years Thai Warranty

Product - SEAGATE
Model - ONE TOUCH Portable SSD
Capacity - 1 TB
Price - 490,000 Ks
Warranty - 3 Years Thai Warranty

ရန်ကုန်မြို့တွင်း ၊ မြို့ပြင် နှင့် တစ်ခြားမြို့များကို Royal Express Delivery ဖြင့်အိမ်တိုင်ရာရောက်ပို့ဆောင်ပေးတဲ့အပြင် အိမ်ရောက်ငွေရရှိသော မြို့ များကိုလည်း COD စနစ်ဖြင့် ပို့ဆောင်ပေးပါတယ်ဗျ ... 🚚

ဆက်သွယ်ရန်

------

📱 𝟎𝟗 - 𝟗𝟒𝟑𝟎𝟏𝟎𝟐𝟖𝟒 , 𝟎𝟗 - 𝟕𝟓𝟎𝟎𝟔𝟒𝟐𝟔𝟏

📍 No ( 5 ) , Yadanar Theinkha Street, Sangyi Qtr , Mingalardon Township , Yangon.

🗺️ https://maps.app.goo.gl/n5EiLNP722Kwq9mp6

External SSD နဲ့ External HDD ပစ္စည်းအနည်းငယ် ထပ်ရထားပါတယ်ခင်ဗျာ ။ လက်ရှိ ဈေးတွေပြန်တက်နေတာမို့ ဈေးတွေ အရမ်းမတက်ခင် လိုအ...
02/03/2026

External SSD နဲ့ External HDD ပစ္စည်းအနည်းငယ် ထပ်ရထားပါတယ်ခင်ဗျာ ။ လက်ရှိ ဈေးတွေပြန်တက်နေတာမို့ ဈေးတွေ အရမ်းမတက်ခင် လိုအပ်ပါက လက်သွက်ဖို့တော့လိုပါမယ်ဗျ ။

ပစ္စည်းတိုင်းက စိတ်အေးရတဲ့ Warranty နှင့်အတူ စစ်မှန်တဲ့ Quality နဲ့မို့ လိုအပ်ရင် နှစ်ခါစဉ်းစားစရာမလိုအောင် စိတ်ချရပါတယ် ခင်ဗျာ ... 💯

ရရှိနိုင်မည့် HDD , SSD များ
----------
𝐏𝐫𝐨𝐝𝐮𝐜𝐭 - 𝐄𝐱𝐭𝐞𝐫𝐧𝐚𝐥 𝐇𝐃𝐃
𝐂𝐚𝐩𝐚𝐜𝐢𝐭𝐲 - 𝟓𝟎𝟎 𝐆𝐁
𝐏𝐫𝐢𝐜𝐞 - 𝟔𝟎,𝟎𝟎𝟎 𝐊𝐬
𝐖𝐚𝐫𝐫𝐚𝐧𝐭𝐲 - 𝟔 𝐌𝐨𝐧𝐭𝐡𝐬
🎁🎁 𝐆𝐢𝐟𝐭 - 𝐌𝐨𝐯𝐢𝐞𝐬 𝐚𝐧 it𝐝 𝐒𝐞𝐫𝐢𝐞𝐬

𝐏𝐫𝐨𝐝𝐮𝐜𝐭 - 𝐄𝐱𝐭𝐞𝐫𝐧𝐚𝐥 𝐇𝐃𝐃
𝐂𝐚𝐩𝐚𝐜𝐢𝐭𝐲 - 𝟏𝐓𝐁
𝐏𝐫𝐢𝐜𝐞 - 𝟏𝟐𝟎𝟎𝟎𝟎𝐊𝐬
𝐖𝐚𝐫𝐫𝐚𝐧𝐭𝐲 - 𝟔 𝐌𝐨𝐧𝐭𝐡𝐬
🎁🎁 𝐆𝐢𝐟𝐭 - 𝐌𝐨𝐯𝐢𝐞𝐬 𝐚𝐧𝐝 𝐒𝐞𝐫𝐢𝐞𝐬

𝐁𝐫𝐚𝐧𝐝 - 𝐎𝐫𝐢𝐜𝐨
𝐌𝐨𝐝𝐞𝐥 - 𝐄𝐱𝐭𝐞𝐫𝐧𝐚𝐥 𝐇𝐃𝐃
𝐂𝐚𝐩𝐚𝐜𝐢𝐭𝐲 - 𝟏 𝐓𝐁
𝐏𝐫𝐢𝐜𝐞 - 𝟏𝟒𝟓,𝟎𝟎𝟎 𝐊𝐬
𝐖𝐚𝐫𝐫𝐚𝐧𝐭𝐲 - 𝟔 𝐌𝐨𝐧𝐭𝐡𝐬
🎁🎁 𝐆𝐢𝐟𝐭 - 𝐌𝐨𝐯𝐢𝐞𝐬 𝐚𝐧𝐝 𝐒𝐞𝐫𝐢𝐞𝐬

𝐏𝐫𝐨𝐝𝐮𝐜𝐭 - 𝐎𝐫𝐢𝐜𝐨 𝐄𝐱𝐭𝐞𝐫𝐧𝐚𝐥 𝐍𝐕𝐌𝐞 𝐌.𝟐 𝐒𝐒𝐃
𝐂𝐚𝐩𝐚𝐜𝐢𝐭𝐲 - 𝟏 𝐓𝐁
𝐏𝐫𝐢𝐜𝐞 - 𝟑𝟔𝟎,𝟎𝟎𝟎 𝐊𝐬
𝐖𝐚𝐫𝐫𝐚𝐧𝐭𝐲 - 𝟔 𝐌𝐨𝐧𝐭𝐡𝐬
🎁🎁 𝐆𝐢𝐟𝐭 - 𝐌𝐨𝐯𝐢𝐞𝐬 𝐚𝐧𝐝 𝐒𝐞𝐫𝐢𝐞𝐬

ရန်ကုန်မြို့တွင်း ၊ မြို့ပြင် နှင့် တစ်ခြားမြို့များကို Royal Express Delivery ဖြင့်အိမ်တိုင်ရာရောက်ပို့ဆောင်ပေးတဲ့အပြင် အိမ်ရောက်ငွေရရှိသော မြို့ များကိုလည်း COD စနစ်ဖြင့် ပို့ဆောင်ပေးပါတယ်ဗျ ... 🚚

ဆက်သွယ်ရန်

------

📱 𝟎𝟗 - 𝟗𝟒𝟑𝟎𝟏𝟎𝟐𝟖𝟒 , 𝟎𝟗 - 𝟕𝟓𝟎𝟎𝟔𝟒𝟐𝟔𝟏

📍 No ( 5 ) , Yadanar Theinkha Street, Sangyi Qtr , Mingalardon Township , Yangon.

🗺️ https://maps.app.goo.gl/n5EiLNP722Kwq9mp6

OpenClaw က တကယ်အလုပ်လုပ်တဲ့ AI Agent လား? ဒါမှမဟုတ် Security Nightmare တစ်ခုလား?နည်းပညာတွေတရှိန်ထိုးတိုးတက်လာတာနှင့်အမျှ...
16/02/2026

OpenClaw က တကယ်အလုပ်လုပ်တဲ့ AI Agent လား? ဒါမှမဟုတ် Security Nightmare တစ်ခုလား?

နည်းပညာတွေတရှိန်ထိုးတိုးတက်လာတာနှင့်အမျှ Ai နည်းပညာတွေရဲ့ တိုးတက်မှုဟာလည်း ကြောက်ခမှန်းလိလိပါပဲ ။ အခု 2026 အစောပိုင်းကာလမှာ Tech လောကတစ်ခုလုံး စိတ်ဝင်တစားဖြစ်စေမယ့် Openclaw ဆိုတဲ့ Ai Agent တစ်ခုပေါ်လာပြန်တယ် ။

ဒီ Ai Agent က ကျွန်တော်တို့ ခိုင်းလိုက်တဲ့ စာကိုပဲ ပြန်ရေးပေးတာ မဟုတ်ဘူး ။ ကျွန်တော်တို့အစား တကယ် "အလုပ်လုပ်ပေးတဲ့" (Action-Oriented) AI Agent လို့သတ်မှတ်လို့ရတယ် ။

ကျွန်တော်တို့တွေအနေနဲ့ အရင်က AI ကို "Email ရေးပေးပါ" လို့ ပြောရင် Ai ကစာရေးပေးတယ်။ ကိုယ်တိုင် Copy ယူပြီး Send နှိပ်ရတယ်။ OpenClaw ကျတော့ အဲ့လိုမဟုတ်တော့ဘူး။ "ဒီ Email ကို Client ဆီပို့လိုက်၊ ပြီးရင် Calendar မှာ Meeting မှတ်လိုက်" လို့ ပြောလိုက်တာနဲ့ သူ့ဘာသာ Gmail API နဲ့ ချိတ်မယ်၊ ပို့မယ်၊ Calendar မှာ Schedule ဆွဲမယ်။ Everything is automated လို့တောင်ပြောလို့ရတယ် ။

The Security Nightmare
--------------

Cisco လို ကုမ္ပဏီကြီးကတော့ ဒါဟာ "Security Nightmare" (လုံခြုံရေးဆိုင်ရာ အိပ်မက်ဆိုး) လို့တောင် သတိပေးထားပါတယ်။ ပြဿနာက "Permission" ပါ။

OpenClaw က "အလုပ်လုပ်နိုင်တယ်" ဆိုတဲ့ သဘောက သင့်ရဲ့ အကောင့်တွေ၊ Wallet တွေ၊ Server တွေကို ဝင်ရောက်ထိန်းချုပ်ခွင့် ပေးထားရတယ်ဆိုတဲ့ သဘောပါပဲ။ ဥပမာ - သင့် OpenClaw ကို Hacker တစ်ယောက်ကများ Control ရသွားခဲ့ရင် (သို့မဟုတ်) Prompt Injection နဲ့ လှည့်စားလိုက်နိုင်ရင် သင့် Bank Account ထဲက ပိုက်ဆံတွေ ပါသွားနိုင်သလို၊ သင့် Server တစ်ခုလုံးကိုလည်း ဖျက်ပစ်လိုက်လို့ရပါတယ်။

Cisco တို့လို့ နာမည်ကြီး Tech Blog မှာဆိုရင် OpenClaw လို Personal AI Agents တွေဟာ Corporate Network တွေအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။ ဘာလို့လဲဆိုတော့ ဝန်ထမ်းတစ်ယောက်က အလုပ်မြန်ချင်လို့ OpenClaw ကို သုံးလိုက်တာနဲ့ ကုမ္ပဏီရဲ့ Internal Data တွေအကုန်လုံးက AI လက်ထဲ (သို့မဟုတ် ) Third-party server) လက်ထဲ ရောက်သွားနိုင်လို့ပါ။

နောက်ပိုင်းဘာဆက်ဖြစ်မလဲ?

" Bots talking to Bots "

ဒါကတော့ နည်းနည်း creepy ဖြစ်တယ်လို့ပြောလို့ရတယ် ။ ဘာလို့လဲဆို OpenClaw Agent တွေဟာ သူတို့အချင်းချင်း ပြန်ချိတ်ဆက်ပြီး "Social Network" တစ်ခုကို တည်ဆောက်နေကြပြီလို့ ဆိုပါတယ်။ ဆိုလိုတာက သင့်ရဲ့ AI Agent က တခြားသူရဲ့ AI Agent နဲ့ စကားပြောပြီး သတင်းအချက်အလက် ဖလှယ်တာ၊ Deal လုပ်တာမျိုးတွေ လုပ်လာနိုင်ခြေ ရှိနေပါတယ်။ သိပ္ပံရုပ်ရှင်တွေထဲကလို လူတွေမပါဘဲ စက်ရုပ်အချင်းချင်း communicate လုပ်နေတဲ့ ကမ္ဘာတစ်ခုက လက်တွေ့ဖြစ်လာနေပြီလို့ပြောလို့ရတယ် ။ ပြီးတော့ အချင်းချင်း ပိုင်ရှင်အကြောင်းအတင်းအုပ်တယ်ဆိုတာကြီးကတော့ တကယ်စားတယ် ။
-
ပြောရမယ်ဆို OpenClaw က Game Changer ဖြစ်လာနိုင်ပြီးတော့ Productivity ကိုလည်းပိုကောင်းစေနိုင်တဲ့ Tool တစ်ခုဖြစ်ပေမယ့် "Risk and Reward" ကိုတော့ ချိန်ဆရပါလိမ့်မယ်။

 ဘရားသားတို့ ... ဂိမ်းဆော့နေရင်း Frame Rate တွေ ကျလို့ စိတ်သွားတိုင်းကိုယ်မပါဖြစ်နေရပြီလား ?Video Editing မှာ Rendering ...
11/02/2026



ဘရားသားတို့ ...

ဂိမ်းဆော့နေရင်း Frame Rate တွေ ကျလို့ စိတ်သွားတိုင်းကိုယ်မပါဖြစ်နေရပြီလား ?

Video Editing မှာ Rendering အချိန်ကြာလွန်းလို့ အလုပ်မတွင်ဖြစ်နေပြီလား ?

ဒါဆိုရင်တော့ Gamer နဲ့ Creator ဘရားသားတို့အတွက် Perfect Combo ဖြစ်စေမယ့် ပစ္စည်းလေးတွေ ရမယ်ဗျာ ။ လိုအပ်တာ တစ်ခုချင်းစီကိုလည်း ရွေးချယ်အသုံးပြုနိုင်ပါတယ်ဗျ ။

ထုံးစံအတိုင်း ပစ္စည်းရောက်ကုန်ဖြစ်လို့ လိုအပ်ရင် လက်ဦးထားမှ စိတ်ချရပါမယ်ခင်ဗျာ ... 💯

Brand - ASUS
Model - GEFORCE RTX 5060 OC EDITION
VRAM - 8GB
Price - 1,730,000 Ks
Warranty - 3Yrs Thai Warranty

Brand - WD Black
Model - SN7100 M.2 NVMe SSD
Capacity - 1 TB
Price - 550,000 Ks
Warranty - 3 Yrs Thai Warranty

Brand - SMAILWOLF
Model - RS8 Gaming Mouse
Price - 120,000 Ks
Warranty - Warranty 3 Months

အခြားရရှိနိုင်မည့် ပစ္စည်းများ
--------------

Brand - WD My Passport
Model - Portable HDD
Capacity - 2 TB
Price - 450,000 Ks
Warranty - 3 Yrs Thai Warranty
🎁🎁 Gift - Movies and Series

Brand - ADATA Internal SATA SSD
Model - SU650
Capacity - 512 GB
Price - 250,000 Ks
Warranty - 3 Yrs Thai Warranty

Brand - SanDisk
Model - Extreme Portable SSD
Capacity - 1 TB
Price - 495,000 Ks
Warranty - 3 Yrs Thai Warranty

ရန်ကုန်မြို့တွင်း ၊ မြို့ပြင် နှင့် တစ်ခြားမြို့များကို Royal Express Delivery ဖြင့်အိမ်တိုင်ရာရောက်ပို့ဆောင်ပေးတဲ့အပြင် အိမ်ရောက်ငွေရရှိသော မြို့ များကိုလည်း COD စနစ်ဖြင့် ပို့ဆောင်ပေးပါတယ်ဗျ ... 🚚

ဆက်သွယ်ရန်

------

📱 𝟎𝟗 - 𝟗𝟒𝟑𝟎𝟏𝟎𝟐𝟖𝟒 , 𝟎𝟗 - 𝟕𝟓𝟎𝟎𝟔𝟒𝟐𝟔𝟏

📍 No ( 5 ) , Yadanar Theinkha Street, Sangyi Qtr , Mingalardon Township , Yangon.

🗺️ https://maps.app.goo.gl/n5EiLNP722Kwq9mp6

" သိပ်မကြာခင်မှာ ထွက်ရှိလာနိုင်တယ့် Microsoft ရဲ့ Windows 12 "Windows 12 က တကယ်ထွက်လာမှာလား? ဒါမှမဟုတ် နာမည်ပြောင်းသွားတ...
06/02/2026

" သိပ်မကြာခင်မှာ ထွက်ရှိလာနိုင်တယ့် Microsoft ရဲ့ Windows 12 "

Windows 12 က တကယ်ထွက်လာမှာလား? ဒါမှမဟုတ် နာမည်ပြောင်းသွားတာလား စသည်ဖြင့် Windows 12 နဲ့ပတ်သက်ပြီး သတင်းတွေက အမျိုးမျိုးထွက်နေတာကြောင့် လူတွေတော်တော်များများ ဇဝေဇဝါဖြစ်နေကြပါတယ် ။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်းမှာ Tech လောကတစ်ခုလုံးက "Windows 12 ထွက်လာတော့မယ်" ဆိုပြီး မျှော်လင့်ခဲ့ကြပါတယ်။ ဒါပေမဲ့ Microsoft က မမျှော်လင့်ထားတဲ့ အလှည့်အပြောင်းတစ်ခုကို လုပ်ခဲ့ပါတယ်။

ဘယ်လို အလှည့်အပြောင်းလဲဆိုရင် ...

လက်ရှိအချိန်ထိ Microsoft က Windows 12 ကို တရားဝင်ကြေညာခြင်း မရှိသေးပါဘူး။

အစောပိုင်း သတင်းတွေအရ ၂၀၂၄ မှာ Windows 12 ထွက်မယ်လို့ မှန်းဆခဲ့ကြပေမယ့်၊ Microsoft ဟာ User Base ကွဲသွားမှာစိုးရိမ်တာကြောင့် Windows 12 အစား Windows 11 (Version 24H2) ဆိုတဲ့ နာမည်နဲ့ပဲ Major Update ကြီးတစ်ခုကို ထုတ်ပေးခဲ့ပါတယ်။ တကယ်တန်းဆို ဖော်ပြချက်တွေအရ Windows 11 24H2 ဟာ Windows 12 အနေနဲ့ ထုတ်ဖို့ Microsoft အနေနဲ့ ရည်ရွယ်ထားတာပါ ။

လက်ရှိခန့်မှန်းချက်တွေအရ Windows 12 ၂၀၂၆ သို့မဟုတ် ၂၀၂၇ လောက်မှ ထွက်လာနိုင်ခြေရှိပါတယ်။

အကယ်၍ Windows 12 ထွက်လာခဲ့ရင် အကြီးမားဆုံး ပြောင်းလဲမှုက ဘာဖြစ်မလဲ ?

အကြီးမားဆုံး ပြောင်းလဲမှုအနေနဲ့က UI မဟုတ်ပါဘူး ။ OS ရဲ့ တည်ဆောက်ပုံ (Architecture) ဖြစ်ပါတယ်။ ဒီပြောင်းလဲမှု CorePc လို့ခေါ်ပါတယ် ။

လက်ရှိ Windows တွေမှာ OS ဖိုင်တွေနဲ့ User Data တွေ ရောထွေး‌နေတာဖြစ်ပြီး ပြောင်းလဲသွားမယ့် CorePC မှာတော့ Read-only Partition ဆိုပြီး OS စနစ်ပိုင်းကို သီးသန့်ခွဲထုတ်ထားပါလိမ့်မယ်။ (iOS နဲ့ Android မှာ သုံးတဲ့ ပုံစံမျိုးပါ)။

ဒီလိုမျိုး System အပိုင်း ( OS ) ကို Read Only Partition အနေနဲ့သီးသန့် ခွဲထုတ်လိုက်တာကြောင့် Update လုပ်ရင် အရင်လို Restart အကြာကြီး ဖြစ်မနေတော့ဘဲ မြန်ဆန်လာပါလိမ့်မယ် ။

ဖော်ပြချက်‌တွေအရ ဒီလိုပြောင်းလဲမှုကြောင့် Virus ဝင်ရင်တောင် OS အပိုင်းကို လွယ်လွယ်ကူကူ မဖျက်ဆီးနိုင်တော့တဲ့အတွက် Windows ခနခန ပြန်တင်ရတာမျိုးမဖြစ်တော့ပါဘူး ။

ပြီးတော့ Microsoft က "AI Everywhere" ဆိုတဲ့ မူဝါဒကို နည်းနည်း ပြန်လျှော့ထားပုံရပါတယ် ။ အကြောင်းကတော့ သုံးစွဲသူတွေက နေရာတကာ AI ဝင်ပါနေတာကို သိပ်ဘဝင်မကျလို့ဘဲဖြစ်တယ် ။ ဒါပေမဲ့ မည်သို့ပင်ဆိုစေကာမူ Windows 12 က AI-Native OS ဖြစ်လာမှာပါ ။

Ai ပေါင်းစပ်ပါဝင်တဲ့ OS တစ်ခုဖြစ်တဲ့အတွက် NPU မရှိမဖြစ် လိုလာပါမယ် ။ သာမန် CPU (Central Processing Unit) တွေက AI ကို တွက်ချက်ရာမှာ Powerful မဖြစ်တဲ့အတွက် Windows 12 သုံးမယ်ဆိုရင် NPU (Neural Processing Unit) ပါဝင်တဲ့ CPU တွေ (ဥပမာ - Intel Core Ultra, AMD Ryzen AI 300 series) ကို Requirements တစ်ခုအနေနဲ့ မဖြစ်မနေ တောင်းဆိုလာနိုင်ပါတယ် ။

ခန့်မှန်းချက် တွေအရ အနိမ့်ဆုံး RAM 16GB လောက် လိုအပ်လာနိုင်တယ်လို့ ခန့်မှန်းရပါတယ်။ (AI Model တွေ Run ဖို့အတွက်ပါ)။

နောက်ပြောင်းလဲမှုတစ်ခုကတော့ Design အပိုင်းပါ ။ Design အပိုင်းမှာ macOS ဆန်လာမယ် ။

အောက်ခြေက Taskbar ဟာ မျက်နှာပြင်အောက်ဆုံးမှာ ကပ်မနေတော့ဘဲ လေပေါ်မြောက်နေသလို (Floating) ပုံစံဖြစ်နေမယ် ။

Wi-Fi, Battery, Clock စတာတွေကို ဖုန်းတွေ၊ Mac တွေလိုမျိုး မျက်နှာပြင် အပေါ်ထိပ်ဆုံးမှာ နေရာချထားတဲ့ Design မျိုးတွေ ဖြစ်လာနိုင်ပါတယ် ။

ဒီလို‌ပြောင်းလဲမှု‌တွေ နဲ့အတူ Windows 12 ဟာ တစ်ချို့သော Laptop Brand တွေရဲ့ နောက်ထွက်မယ့် Model အသစ်တွေမှာ Pre Installed အနေနဲ့ ပါဝင်လာနိုင်ပါတယ် ။

စိတ်ချရပြီး Quality မှန်တဲ့ SSD , HDD ကို ရှာနေပါသလား ?ဒါဆိုရင်တော့ ကျွန်ဝောာ်တို့ Net Age မှာ HDD , SSD များကို နှုန်းသ...
04/02/2026

စိတ်ချရပြီး Quality မှန်တဲ့ SSD , HDD ကို ရှာနေပါသလား ?

ဒါဆိုရင်တော့ ကျွန်ဝောာ်တို့ Net Age မှာ HDD , SSD များကို နှုန်းသင့်လို့ အပြုံးလေး နဲ့ စိတ်တိုင်းကျ ‌ရွေးချယ် အသုံးပြုနိုင်ပါတယ်ဗျ ... 💯

ရရှိနိုင်မည့် HDD , SSD များ
----------

Product - External HDD
Capacity - 1 TB
Price - 100,000 Ks
Warranty - 6 Months
🎁🎁 Gift - Movies and Series

Product - External HDD
Capacity - 500 GB
Price - 55,000 Ks
Warranty - 6 Months
🎁🎁 Gift - Movies and Series

Brand - Orico
Model - External HDD
Capacity - 1 TB
Price - 135,000 Ks
Warranty - 6 Months
🎁🎁 Gift - Movies and Series

Brand - Orico
Model - External SSD
Capacity - 2 TB
Price - 385,000 Ks
Warranty - 6 Months
🎁🎁 Gift - Movies and Series

Brand - WD My Passport
Model - Portable HDD
Capacity - 2 TB
Price - 450,000 Ks
Warranty - 3 Yrs Thai Warranty
🎁🎁 Gift - Movies and Series

Brand - ADATA Internal SATA SSD
Model - SU650
Capacity - 512 GB
Price - 250,000 Ks
Warranty - 3 Yrs Thai Warranty

Brand - SanDisk
Model - Extreme Portable SSD
Capacity - 1 TB
Price - 495,000 Ks
Warranty - 3 Yrs Thai Warranty

Brand - WD Black
Model - SN7100 M.2 NVMe SSD
Capacity - 1 TB
Price - 550,000 Ks
Warranty - 3 Yrs Thai Warranty

ရန်ကုန်မြို့တွင်း ၊ မြို့ပြင် နှင့် တစ်ခြားမြို့များကို Royal Express Delivery ဖြင့်အိမ်တိုင်ရာရောက်ပို့ဆောင်ပေးတဲ့အပြင် အိမ်ရောက်ငွေရရှိသော မြို့ များကိုလည်း COD စနစ်ဖြင့် ပို့ဆောင်ပေးပါတယ်ဗျ ... 🚚

ဆက်သွယ်ရန်

------

📱 𝟎𝟗 - 𝟗𝟒𝟑𝟎𝟏𝟎𝟐𝟖𝟒 , 𝟎𝟗 - 𝟕𝟓𝟎𝟎𝟔𝟒𝟐𝟔𝟏

📍 No ( 5 ) , Yadanar Theinkha Street, Sangyi Qtr , Mingalardon Township , Yangon.

🗺️ https://maps.app.goo.gl/n5EiLNP722Kwq9mp6

ပါ-ကင်မှ ကြိုက်ပါတယ် ... Brand New မှ ဆိုတဲ့ညိုကီ တို့အတွက် ကျွန်တော်တို့ Net Age မှာ အသစ်ရောက် Brand New SSD တွေ အပြင်က...
27/01/2026

ပါ-ကင်မှ ကြိုက်ပါတယ် ... Brand New မှ ဆိုတဲ့ညိုကီ တို့အတွက် ကျွန်တော်တို့ Net Age မှာ အသစ်ရောက် Brand New SSD တွေ အပြင်ကိုမှ Gamer နဲ့ Creator ညိုကီတို့အတွက်လည်း Graphic ရှယ်ကြီးရမယ်ဗျာ ။

ဈေးကွက်ထဲမှာ ပစ္စည်းရှားပါးနေတဲ့ အချိန်လည်းဖြစ်သလို Net Age ရဲ့ ထုံးစံ ပစ္စည်းကလည်း ရောက်ကုန် ဖြစ်တာကြောင့် လက်ဦးဖို့တော့လိုပါမယ်ဗျ ... 💯

Brand - SAMSUNG
Model - EVO 990 PLUS M.2 NVMe SSD
Capacity - 1 TB
Price - 550,000 Ks
Warranty - 3Yrs Thai Warranty

Brand - LeXar
Model - NS 100 SATA SSD
Capacity - 512 GB
Price - 270,000 Ks
Warranty - 3Yrs Thai Warranty

Brand - ADATA
Model - SU 650 SATA SSD
Capacity - 512 GB
Price - 250,000 Ks
Warranty - 3Yrs Thai Warranty

Brand - WD Black ( Western Digital )
Model - SN7100 M 2 NVMe SSD
Capacity - 1 TB
Price - 550,000 Ks
Warranty - 3Yrs Thai Warranty

Brand - SanDisk
Model - SSD PLUS M.2 NVMe SSD
Capacity - 1 TB
Price - 330,000 Ks
Warranty - 3Yrs Thai Warranty

Brand - SanDisk
Model - Portable SSD
Capacity - 2 TB
Price - 750,000 Ks
Warranty - 3Yrs Thai Warranty
🎁🎁 Gift - Movies and Series

Brand - ASUS
Model - GEFORCE RTX 5060 OC EDITION
VRAM - 8GB
Price - 1,730,000 Ks
Warranty - 3Yrs Thai Warranty

ရန်ကုန်မြို့တွင်း ၊ မြို့ပြင် နှင့် တစ်ခြားမြို့များကို Royal Express Delivery ဖြင့်အိမ်တိုင်ရာရောက်ပို့ဆောင်ပေးတဲ့အပြင် အိမ်ရောက်ငွေရရှိသော မြို့ များကိုလည်း COD စနစ်ဖြင့် ပို့ဆောင်ပေးပါတယ်ဗျ ... 🚚

ဆက်သွယ်ရန်

------

📱 𝟎𝟗 - 𝟗𝟒𝟑𝟎𝟏𝟎𝟐𝟖𝟒 , 𝟎𝟗 - 𝟕𝟓𝟎𝟎𝟔𝟒𝟐𝟔𝟏

📍 No ( 5 ) , Yadanar Theinkha Street, Sangyi Qtr , Mingalardon Township , Yangon.

🗺️ https://maps.app.goo.gl/n5EiLNP722Kwq9mp6

Address

No 5, Yathanartheinkha Street, Sangyiwa Qtr, Mingalardon Township
Yangon

Website

Alerts

Be the first to know and let us send you an email when NET AGE posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category