Safe Route

Safe Route Stability နဲ့ Speed ကို အဓိက ဦးစားပေးထားတဲ့ ဝန်ဆောင်မှု

VPN ချိတ်လိုက်ရင် ဘာလို့ လိုင်းမကောင်းတာလဲ?Free VPN တစ်ခုခု download ဆွဲပြီး ဖွင့်လိုက်တယ်၊ connect ဖြစ်တယ်၊ ပြီးတော့ Yo...
25/06/2026

VPN ချိတ်လိုက်ရင် ဘာလို့ လိုင်းမကောင်းတာလဲ?

Free VPN တစ်ခုခု download ဆွဲပြီး ဖွင့်လိုက်တယ်၊ connect ဖြစ်တယ်၊ ပြီးတော့ YouTube ဖွင့်ကြည့်တော့ VPN မဖွင့်ထားတဲ့ အချိန်ထက် ပိုနှေးနေတယ်။ Download ဆွဲလည်း အရမ်းနှေးတယ်။ ဒီအခါမှာ လူတော်တော်များများက VPN ကြောင့် အင်တာနက် နှေးရတယ်လို့ ထင်သွားတတ်ကြပါတယ်။ တကယ့်ပြဿနာကတော့ VPN ကြောင့်မဟုတ်ဘဲ Free VPN တွေဖြစ်နေလို့ပါ။ သေချာ Setup လုပ်ထားတဲ့ Premium VPN တစ်ခုက အင်တာနက် speed မလျော့သွားဘဲ တစ်စက္ကန့်အတွင်း connected ဖြစ်အောင် လုပ်ပေးနိုင်ပါတယ်။

Free VPN တွေရဲ့ သဘာဝက server တစ်ခုတည်းကို လူအများကြီးဝိုင်းသုံးတာဖြစ်တဲ့အတွက် သုံးတဲ့သူများလာတာနဲ့အမျှ bandwidth မလောက်ငှတော့တာမျိုးတွေဖြစ်လာပါတယ်။ လူများများကို ဝန်ဆောင်မှုပေးနိုင်အောင် တစ်ယောက်ချင်းစီကိုပေးရတဲ့ အင်တာနက်မြန်နှုန်းကို လျှော့ပစ်လိုက်ရပါတယ်။ အဲဒါကြောင့် အိမ်မှာ 30 Mbps ဝိုင်ဖိုင်လိုင်း တပ်ထားရင်တောင် Free VPN နဲ့ သုံးတဲ့အခါမှာ 10 Mbps လောက်အထိ မြန်နှုန်းကျသွားတာပါ။

ပြီးတော့ Free VPN တွေမှာ ဆာဗာတည်နေရာတွေက များသောအားဖြင့် အမေရိကန်နဲ့ ဥရောပနိုင်ငံတွေမှာ ရှိတတ်ကြပါတယ်။ အဲဒါကြောင့် ချိတ်ဆက်တဲ့အခါမှာ ကိုယ့်ရဲ့ data တွေက ကမ္ဘာတစ်ပတ် ပတ်ပြီး သွားနေရတဲ့အတွက် ping တက်ပြီး ချိတ်ဆက်ရတာ ကြာပါတယ်။ အဲဒီအပြင် ချိတ်မရလို့ ဆာဗာတစ်ခုပြီး တစ်ခုပြောင်းချိတ်နေရတာကလည်း နည်းပညာနဲ့ အကျွမ်းတဝင်မရှိသူတွေအတွက် မရိုးရှင်းလှပါဘူး။

VPN လေး တစ်ခါလောက် ချိတ်မိသွားဖို့ စက္ကန့် ၃၀ လောက် စောင့်နေရတာ၊ ချိတ်ပြီး ပြန်ပြုတ်နေတာ၊ VPN ချိတ်ဖို့ ကြော်ငြာတွေ ကြည့်နေရတာတွေက ကိုယ့်အတွက် မကုန်သင့်ဘဲ ကုန်သွားတဲ့ အချိန်တွေနဲ့ ဆုံးရှုံးလိုက်ရတဲ့ လွယ်ကူအဆင်ပြေမှုတွေပါ။ ပြီးတော့ app တစ်ခုက သုံးလို့ရနေရင်းနဲ့ နောက်ရက်အနည်းငယ်အကြာမှာ ချိတ်မရတော့တာမျိုးတွေဖြစ်ပြီး VPN ချိတ်လို့ရမယ့် app အသစ်တွေ လိုက်ရှာနေရတာကလည်း အဆင်မပြေပါဘူး။

Messenger မှာ စာတစ်စောင် reply ပြန်ဖို့ စက္ကန့် ၃၀ လောက် VPN ချိတ်ဖို့ ထိုင်စောင့်နေရတာတွေ၊ Website တစ်ခုခု ဝင်မယ်လုပ်တိုင်း VPN ချိတ်ဖို့ စောင့်နေရတာတွေ၊ Facebook သုံးရင်း အဝိုင်းလည်နေတာတွေ စတဲ့ အဆင်မပြေမှုတွေကို Safe Route VPN နဲ့ ဖြေရှင်းလို့ရပါတယ်။ Safe Route VPN မှာ ကိုယ်ပိုင် Singapore ဆာဗာနဲ့ ဝန်‌ဆောင်မှုပေးနေတာကြောင့်

✅တစ်စက္ကန့်နဲ့ တန်းချိတ်
✅အမြန်နှုန်းအပြည့်ရ
✅ကြော်ငြာလုံးဝမတက် စတဲ့ Premium Service တွေ ရနိုင်မှာဖြစ်ပါတယ်။

ဆက်သွယ်ရန်-
https://t.me/saferoute24

21/06/2026

ဆင်းကဒ် data နဲ့ အင်တာနက်မြန်နှုန်း ဘယ်လောက်ရှိလဲ စမ်းကြမယ်။

Safe Route နဲ့ဆို အဝိုင်းမလည်၊ VPN တစ်ခါချိတ်ဖို့ စက္ကန့် ၃၀ လောက် စောင့်နေစရာမလိုတော့ဘူး။

VPN တွေဘာကြောင့် ချိတ်ရခက်လာတာလဲ?Playstore မှာတွေ့ရတဲ့ VPN အများစုက WireGuard, OpenVPN Protocol တွေသုံးကြတယ်။ နည်းနည်း အ...
20/06/2026

VPN တွေဘာကြောင့် ချိတ်ရခက်လာတာလဲ?

Playstore မှာတွေ့ရတဲ့ VPN အများစုက WireGuard, OpenVPN Protocol တွေသုံးကြတယ်။ နည်းနည်း အဆင့်မြင့်တဲ့ VPN တချို့ကတော့ Shadowsocks ကို Obfuscation တွေထပ်ထည့်ပြီးသုံးတယ်။ ဒီ Protocol 3 ခုလုံးမှာ Initial Packet Size ပုံသေဖြစ်တာ၊ Packet Size တွေ consistent ဖြစ်တာ၊ packet pattern တွေက VPN မှန်းသိသာနေတာမျိုးတွေ တစ်ခုမဟုတ်တစ်ခု ဖြစ်တယ်။ ဒါတွေက DPI နဲ့ စစ်လိုက်ရင် VPN မှန်း သိသာနေတဲ့အတွက် အပိတ်ခံရပါတယ်။ အဲဒါကြောင့် VPN သုံးမရတော့တဲ့ post တွေ မကြာခဏ တွေ့လာရတာဖြစ်ပါတယ်။

ရုရှား blogger တစ်ယောက်ပြောပုံအရ Russia ရဲ့ TSPU Firewall စနစ်က OpenVPN ကို Connection စပြီး 30 Second အတွင်း detect လုပ်နိုင်တယ်လို့ဆိုပါတယ်။ WireGuard ရော၊ OpenVPN ရော Detection Rate 100% ပါ။ WireGuard ဆို UDP Only ဖြစ်တာ၊ OpenVPN ဆို Initial Packet Size က Fixed ဖြစ်နေတာ စတာတွေကြောင့် Detect လုပ်ရတာ လွယ်ပါတယ်။ (Play Store က VPN တချို့ သုံးလို့ရနေသေးတဲ့အတွက် မြန်မာက ရုရှားလောက်မဆိုးသေးဘူးလို့ ယူဆလိုက်ပါမယ်)

အရင်က မြန်မာနိုင်ငံမှာ လူသုံးများခဲ့တဲ့ (အခုလည်းသုံးနေကြဆဲ) Shadowsocks (Outline VPN) ကတော့ အပေါ်က နှစ်ခုထက် နည်းနည်းပိုအဆင့်မြင့်တယ်ပြောရမယ်။ Encryption ကောင်းတာ၊ Packet Size တွေကို Randomized လုပ်တာ စသဖြင့် obfuscate လုပ်ပြီး သုံးကြပါတယ်။ ဒါပေမဲ့ 2025 နှစ်လည်ပိုင်းလောက်ကစပြီး မြန်မာနိုင်ငံရဲ့ DPI စနစ်က Shadowsocks ကို ကောင်းကောင်း detect လုပ်နိုင်လာပါတယ်။ အဲဒါကြောင့် Outline VPN Setup တွေမှာ Server အပိတ်ခံရတာမျိုးတွေ ခဏခဏ ဖြစ်လာပါတယ်။ ရုရှား Blogger ရဲ့အဆိုအရ Shadowsocks ကို နာရီပိုင်းအတွင်း detect လုပ်နိုင်တယ်လို့ဆိုပါတယ်။ Detection Rate 95% လောက်ရှိပါတယ်တဲ့။ ဆိုလိုတာက ကိုယ်တိုင်တစ်ဦးတည်းသုံးဖို့ Outline Server ဆင်ပြီး သုံးတာက ပြဿနာမရှိလောက်ပေမဲ့ User များတဲ့အခါ၊ Traffic ပမာဏများလာတဲ့အခါ DPI က active probing စနစ်နဲ့ စစ်လာတဲ့အခါမှာ VPN မှန်းသိသွားမှာပါ။ အစစ်မခံရမချင်းတော့ ကိစ္စမရှိဘူးဆိုတဲ့သဘောပေါ့။ ပြီးတော့ ဒီ Protocol 3 ခုစလုံးက IP တိုက်ရိုက် ချိတ်တာဖြစ်တဲ့အတွက် ကိုယ့်ရဲ့ VPS IP က exposed ဖြစ်နေပါတယ်။

Digital Ocean, Vultr တို့လို မြန်မာနိုင်ငံက လူသုံးများတဲ့ VPS Provider တွေရဲ့ IP တော်တော်များများက Firewall စနစ်ရဲ့ Blacklist ထဲ ရောက်နေပြီးသားဖြစ်နေပါပြီ။ အဲဒါကြောင့် IP တိုက်ရိုက် ချိတ်ရတဲ့ Protocol တွေနဲ့ သုံးလို့ရမယ့် IP Address ရဖို့ လူသုံးနည်းတဲ့ Provider တွေဆီမှာ ခက်ခက်ခဲခဲသွားရှာရတာမျိုးတွေဖြစ်လာပါတယ်။

မြန်မာနိုင်ငံမှာ လူသုံးများတဲ့ Surfshark, Express, Nord VPN တို့က အပေါ်မှာပြောခဲ့တဲ့ WireGuard, OpenVPN, Shadowsocks တို့ကို Obfuscation နည်းပညာတွေထပ်ထည့်ပြီးသုံးကြပါတယ်။ ဒါက နိုင်ငံတကာမှာအဆင်ပြေပေမဲ့ မြန်မာနိုင်ငံလို censorship တင်းကြပ်တဲ့နိုင်ငံမှာပြဿနာဖြစ်လာပါတယ်။ တရုတ်၊ ရုရှားလို နိုင်ငံမျိုးမှာသုံးဖို့အတွက် obfuscation mode ဆိုပြီး သီးသန့် option တစ်ခုပေးထားပေမဲ့ documentation တွေအရ Shadowsocks နည်းပညာကို obfuscate လုပ်ထားရုံသာဖြစ်ပါတယ်။ လက်တွေ့မှာ သုံးမရပါဘူး။

VPN သုံးမရတဲ့ကိစ္စက ကိုယ်သုံးတဲ့ Simcard အမျိုးအစား၊ Wifi နဲ့လည်း ဆိုင်ပါ‌သေးတယ်။

Reference:

https://medium.com//vless-protocol-how-it-bypasses-censorship-in-russia-and-why-it-works-baa7fed416af

VPN ချိတ်ရခက်လို့ ဘာတွေ ဆုံးရှုံးသွားလဲ တွေးကြည့်ဖူးလား❓- တစ်ခါချိတ်ဖို့ အကြာကြီးစောင့်ရတယ်- ကြော်ငြာတွေ ထိုင်စောင့်နေရတ...
20/06/2026

VPN ချိတ်ရခက်လို့ ဘာတွေ ဆုံးရှုံးသွားလဲ တွေးကြည့်ဖူးလား❓

- တစ်ခါချိတ်ဖို့ အကြာကြီးစောင့်ရတယ်
- ကြော်ငြာတွေ ထိုင်စောင့်နေရတယ်
- အချိန်အကန့်အသတ်နဲ့မို့လို့ ပြန်ပြန်ချိတ်နေရတယ်
- ကိုယ်သုံးနေကျ VPN က သုံးမရတော့လို့ အသစ်လိုက်ရှာရပြန်တယ်

ဒီအရာတွေအတွက် အချိန်တွေ ဘယ်လောက်တောင် ဆုံးရှုံးလိုက်ရပြီလဲ❓

အချိန်ကုန်ခံမယ့်အစား တစ်စက္ကန့်နဲ့ ချိတ်လို့ရမယ့်၊ ဘယ်အချိန်သုံးသုံးရနေမယ့် VPN တစ်ခု ရှိနေရင် ဘယ်လိုနေမလဲလို့ တွေးကြည့်လိုက်ပါ။

✅ Client တွေစာပို့တာနဲ့ ချက်ချင်း စာပြန်လို့ရမယ်

✅Facebook, Messenger သုံးချင်ရင် ခလုတ်လေး တစ်ချက်နှိပ်ရုံနဲ့ ရပြီးသား

✅VPN ချိတ်မရတိုင်း Service Team က ဖြေရှင်းပေးမှာမို့လို့ VPN အမျိုးမျိုး ပြောင်းသုံးနေစရာမလိုတော့ဘူး

✅Device အကန့်အသတ်မရှိလို့ မိသားစု၊ ချစ်သူ၊ သူငယ်ချင်းတွေနဲ့လည်း မျှသုံးလို့ရမယ်

ဒီလို စိတ်ချမ်းသာမှုမျိုးအတွက် လက်ဖက်ရည်တစ်ခွက်စာ (၅၀၀၀ ကျပ်) တည်းနဲ့ Safe Route က ဝန်ဆောင်မှုပေးနေပါတယ်။

Safe Route ရဲ့ VPN စနစ်တွေက Firewall နဲ့ DPI စနစ်တွေ ကျော်နိုင်ဖို့အတွက် သီးသန့် design လုပ်ထားတဲ့ Vless နည်းပညာကြောင့် မြန်မာအပြင် တရုတ်နဲ့ ရုရှားနိုင်ငံတွေမှာပါ သုံးလို့ရပါတယ်။

Anti-Throttling နည်းပညာတွေအပြင် Failover စနစ်တွေပါ ထည့်သွင်းထားတာကြောင့် ကိုယ့်ရဲ့ wifi, internet မြန်နှုန်းရှိသလောက် speed အပြည့်ရမှာဖြစ်ပြီး လိုင်းကျသွားတာနဲ့ ဆာဗာအသစ်တွေနဲ့ ချက်ချင်းအစားထိုးပေးမှာဖြစ်ပါတယ်။

ဆက်သွယ်ရန် - https://t.me/saferoute24

Comment မှာ "Test" လို့ မန့်ထားလိုက်ရုံနဲ့ Safe Route VPN စမ်းသုံးခွင့် (၂) ရက်စာ Chatbox ကနေ ပို့ထားပေးပါမယ်။

User တို့ ချိတ်ဆက်ရလွယ်ကူစေဖို့ Server အသစ်တွေ ပေါင်းထည့်ပေးထားပါတယ်။Key တစ်ခုမရရင် နောက်တစ်ခုကို ပြောင်းချိတ်ဖို့အတွက် ...
18/06/2026

User တို့ ချိတ်ဆက်ရလွယ်ကူစေဖို့ Server အသစ်တွေ ပေါင်းထည့်ပေးထားပါတယ်။

Key တစ်ခုမရရင် နောက်တစ်ခုကို ပြောင်းချိတ်ဖို့အတွက် ဖြစ်ပါတယ်။

Update ခလုတ်လေးနှိပ်ပြီး server အသစ်တွေ ရယူနိုင်ပါပြီ။

VPN တွေ အမျိုးမျိုးပြောင်းသုံးတယ်.. ချိတ်လို့ရလိုက် မရလိုက်ဖြစ်ပြီး အဆင်မပြေဘူး။ ဘယ် VPN သုံးရမလဲ❓ စိတ်ညစ်မခံပါနဲ့ မိတ်ဆ...
14/06/2026

VPN တွေ အမျိုးမျိုးပြောင်းသုံးတယ်.. ချိတ်လို့ရလိုက် မရလိုက်ဖြစ်ပြီး အဆင်မပြေဘူး။ ဘယ် VPN သုံးရမလဲ❓

စိတ်ညစ်မခံပါနဲ့ မိတ်ဆွေ၊ Safe Route VPN ရဲ့ ခလုတ်လေးတစ်ချက်တည်းနဲ့ ဖြေရှင်းလို့ရပါတယ်။

Safe Route VPN က
✅ သုံးရတာ အရမ်းလွယ်တယ်
✅ တစ်စက္ကန့်နဲ့ တန်းချိတ်မယ်
✅ အဝိုင်းမလည်ဘူး

• ဟာ.. ကောင်းလှချည်လား၊ လိုင်းမကျတာ သေချာလား၊ အာမခံပေးလား? ချိတ်မရတော့ရင် တာဝန်ယူမှာလား❓

✅ ကိုယ်သုံးတဲ့ Wifi, Simcard ရဲ့ အင်တာနက်အမြန်နှုန်းအတိုင်း ရဖို့ အာမခံတယ်။ ချိတ်မရတော့ရင် ဆာဗာအသစ် လဲပေးတယ်။ User ကို ပစ်မထားဘဲ Error တက်တာနဲ့ ဖြေရှင်းပေးမယ်။ စိတ်တိုင်းမကျရင် ငွေပြန်အမ်းပေးမယ်။

• ချိတ်ရတာခက်လား.. ဖုန်းတွေဘာတွေ သိပ်မသုံးတတ်တဲ့ လူကြီးတွေအတွက်ရော အဆင်ပြေပါ့မလား❓

✅ ခလုတ်လေးတစ်ချက် နှိပ်လိုက်တာနဲ့ တန်းသုံးရုံပဲ။ သုံးရတာ အရမ်းလွယ်တယ်။

• Premium VPN တွေအများကြီးရှိတာပဲ.. ဘာလို့ Safe Route ကိုမှ ရွေးသင့်တာလဲ❓

✅ တာဝန်ယူမှုအပြည့်ရှိတယ်၊ User တစ်ယောက်ချင်းစီကို အသေးစိတ် ဂရုစိုက်တယ်။

စျေးနှုန်းလေးတွေကရော❓

Standard Plan
100 GB - 5000 Kyats - Unlimited Days/Unlimited Device

Premium Plan
Unlimited Data - 8000 Kyats - 30 Days/2 Device

🛡️ ကြော်ငြာတွေမတက်အောင် ပိတ်ပေးတဲ့စနစ်ပါမယ်
https://www.facebook.com/share/v/1B4AY7wgfj/

⚡အင်တာနက် Speed အပြည့်ရမယ်
https://www.facebook.com/share/r/1Gxoh13iKM/

ဆက်သွယ်ရန် - https://t.me/saferoute24

Facebook, Messenger, Instagram ဆာဗာတွေ ကမ္ဘာအနှံ့မှာ down သွားတာကြောင့် လောလောဆယ် သုံးမရ ဖြစ်နေနိုင်ပါတယ်။ User အချို့ဆီ...
12/06/2026

Facebook, Messenger, Instagram ဆာဗာတွေ ကမ္ဘာအနှံ့မှာ down သွားတာကြောင့် လောလောဆယ် သုံးမရ ဖြစ်နေနိုင်ပါတယ်။

User အချို့ဆီမှာ Facebook ပုံမပေါ်တာတွေ၊ Story မပေါ်တာတွေ ဖြစ်နေနိုင်ပါတယ်။ Meta ဘက်က သူတို့ ဆာဗာ တွေကို ပြုပြင်ပြီးတာနဲ့ ပုံမှန်အတိုင်း ဆက်အသုံးပြုလို့ရမှာဖြစ်ပါတယ်။

VPN Key တွေမှာ ပြဿနာတစ်စုံတစ်ရာမရှိကြောင်း User တို့ စိတ်မပူရအောင် အကြောင်းကြားလိုက်ပါတယ်။ Error တစ်စုံတစ်ခုရှိပါက Direct Message ပို့ပြီးဖြစ်စေ၊ Comment မှတဆင့် ဖြစ်စေ ပြောသွားလို့ရပါတယ်ခင်ဗျာ။

ကျေးဇူးတင်ပါတယ်။

သင်မသိအောင် သင့်ရဲ့ Data တွေ ဘယ်လို အခိုးယူခံနေရလဲ?အင်တာနက်ဖွင့်ထားရုံလောက်နဲ့ TikTok, Google, Facebook တို့လို ကုမ္ပဏီက...
03/06/2026

သင်မသိအောင် သင့်ရဲ့ Data တွေ ဘယ်လို အခိုးယူခံနေရလဲ?

အင်တာနက်ဖွင့်ထားရုံလောက်နဲ့ TikTok, Google, Facebook တို့လို ကုမ္ပဏီကြီးတွေက ကိုယ့်ရဲ့ Data တွေကို ယူသုံးနေတယ်။ ကိုယ် အလွယ်တကူမမြင်နိုင်တဲ့ background process တွေကနေ တဆင့် ကုမ္ပဏီကြီးတွေက data တွေ ဘယ်လိုယူသုံးနေကြောင်း ဒီ post မှာ အသေးစိတ်ပြောပြပေးပါမယ်။

Social Media ကုမ္ပဏီတွေက သူတို့ app ကို လူသုံးများဖို့အတွက်၊ လူတွေကို ဆွဲဆောင်ဖို့အတွက်၊ ကြော်ငြာတွေကို သင့်တော်တဲ့သူတွေဆီ ပြပေးနိုင်ဖို့အတွက် user တစ်ယောက်ချင်းစီရဲ့ data တွေကို ယူပါတယ်။ ပြီးတော့ profile တည်ဆောက်တဲ့ အဆင့်မှာ ဒီ user တစ်ယောက်က ခွေးချစ်သူလား၊ ကြောင်ချစ်တတ်သူလား၊ ကော်ဖီကြိုက်သလား၊ ဘာတွေကို စိတ်ဝင်စားလေ့ရှိလဲ ဆိုတာတွေကို မှတ်တမ်းယူပြီး user ရဲ့ စိတ်ကြိုက်ဖြစ်မယ့် post တွေ၊ content တွေ၊ ကြော်ငြာတွေ ပြပြီးတော့ user ကို သူတို့ app ကို ဆက်သုံးနေအောင် ဆွဲဆောင်ပါတယ်။ လူတွေကြားဖူးနေကြ algorithm ဆိုတာ user ကို ဆွဲဆောင်ဖို့အတွက် user တွေရဲ့ data ကို အသုံးချပြီး တည်ဆောက်ထားတဲ့ ဒီ စနစ်ကြီးကို ပြောတာပါ။

Google ရဲ့ googleadservices.com လို service မျိုးတွေက ကိုယ် google မှာ ရှာထားတဲ့ history တွေကို အသုံးချပြီး ကိုယ့်ကို ဆွဲဆောင်ဖို့ ကြော်ငြာတွေ အမျိုးမျိုးပြတယ်။

TikTok ရဲ့ analytics.tiktok.com လို service မျိုးတွေက User တစ်ယောက် video ကို ဘယ်နှစ်စက္ကန့် ကြည့်သလဲ၊ ဘယ်နေရာမှာ skip လုပ်သလဲ၊ ဘယ် video မှာ ရပ်ကြည့်သလဲ အကုန်မှတ်တမ်းယူပြီး server ကို ပို့တယ်။ user က like မနှိပ်ဘဲ ရပ်ကြည့်ရုံနဲ့တောင် "ဒီကောင် ဒီ content ကြိုက်တယ်" လို့ သိပြီးသားဖြစ်သွားတယ်။

Facebook ရဲ့ graph.facebook.com လို service မျိုးတွေက user တစ်ယောက် app ဖွင့်ချိန်၊ ပိတ်ချိန်၊ ဘယ် post တွေ မှာ scroll ရပ်တယ်ဆိုတာ မှတ်တယ်။ Meta pixel ဆိုတဲ့ tracking code က Facebook app မဟုတ်တဲ့ တခြား website တွေမှာတောင် ထည့်သွင်းထားပြီး Facebook မဖွင့်ဘဲ website တွေ ဖတ်နေတဲ့အချိန်တောင် ဘာဖတ်နေသလဲဆိုတာကို Meta (Facebook) က သိနေတယ်။

ဒီလိုမျိုး ကုမ္ပဏီကြီးတွေအပြင် ကိုယ် download ဆွဲပြီး ထည့်ထားတဲ့ app တွေမှာလည်း user analytics service တွေကို သုံးထားပြီးတော့ advertising ကုမ္ပဏီတွေကို ကိုယ့်ရဲ့ data ကို ပြန်ရောင်းတာမျိုးတွေလည်း ရှိနေပါတယ်။ Google မှာတစ်ခုခုရှာတာဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ မက်ဆေ့ပို့ရင်း product တစ်ခုခုအကြောင်းပြောတာပဲဖြစ်ဖြစ် လုပ်ပြီး မကြာခင်အချိန်အတွင်းမှာ အဲဒီ product, အကြောင်းအရာနဲ့ ပတ်သက်တဲ့ ကြော်ငြာတွေ တက်လာတယ်ဆိုတာက တိုက်ဆိုင်တာမဟုတ်ပါဘူး။ Social Media ကုမ္ပဏီကြီးတွေက ကျွန်တော်တို့အကြောင်းကို ကျွန်တော်တို့ထက်တောင် ပိုသိပါတယ်။ ဒါတွေက ကိုယ်မသိဘဲ ပေးလိုက်ရတဲ့ data တွေနဲ့ ကိုယ့်ကို မျှားခေါ်ခြင်းတစ်မျိုးပါပဲ။

ဒါပေမဲ့ ဒီလို ကိုယ့် data တွေ ကိုယ်မသိအောင် ယူသုံးခံနေရတာကို တားဆီးလို့မရဘူးလားဆိုရင်တော့ ရပါတယ်။ နည်းပညာအားကောင်းတဲ့နိုင်ငံတွေမှာ DNS Filtering စနစ်တွေ သုံးနေကြတာ ကြာပါပြီ။ မြန်မာနိုင်ငံမှာ သိပ်မတွင်ကျယ်သေးရုံပဲရှိတာပါ။

ဒီအခက်အခဲကို ဖြေရှင်းဖို့အတွက် user တို့အနေနဲ့ နည်းပညာကျွမ်းကျင်ဖို့မလိုပါဘူး။ ကျွန်တော်တို့ Safe Route VPN မှာ DNS Level Protection စနစ်တွေ တပ်ဆင်ထားပါတယ်။ DNS Level Protection စနစ်မှာ အပေါ်မှာပြောခဲ့တဲ့ ကုမ္ပဏီကြီးတွေအပါအဝင် ကိုယ့်ရဲ့ data တွေကို ယူဖို့ကြိုးစားနေတဲ့ သောင်းနဲ့ချီတဲ့ services တွေကို ပိတ်ထားပေးပါတယ်။ အဲဒီအပြင် ကြော်ငြာ services ပေါင်း ၂ သိန်းကျော်ကိုလည်း ပိတ်ထားတာကြောင့် ဘယ် website ကိုပဲ ဝင်ကြည့်ကြည့် ကြော်ငြာတွေမတက်တော့ဘဲ Privacy ရှိရှိ လုံလုံခြုံခြုံ ဝင်ကြည့်နိုင်မှာပါ။ VPN ဖွင့်ထားလိုက်ရုံနဲ့ ကိုယ့်ရဲ့ data ကို ယူဖို့အတွက် background service တွေ အလုပ်လုပ်တဲ့အခါမှာ ကိုယ့်ရဲ့ data တွေမပါသွားအောင် ကျွန်တော်တို့ရဲ့ VPN ဆာဗာကနေ တဆင့် အလိုအလျောက်ပိတ်ချပေးနေမှာဖြစ်တဲ့အတွက် user တို့အနေနဲ့ Privacy ပိုင်းကို စိတ်ချလက်ချထားပြီး Website တွေမှာ ကြော်ငြာမတက်ဘဲ အင်တာနက်အသုံးပြုနိုင်မှာပါ။

28/05/2026

YouTube ကြော်ငြာ ပိတ်နည်းလေးပါ။

VPN ချိတ်ပြီး Youtube ကြည့်ရင် ကြော်ငြာတွေတက်တဲ့ user တို့အနေနဲ့ ဖုန်းထဲမှာ ဒီလို setting ချိန်ထားလိုက်ရုံနဲ့ YouTube ကြည့်တဲ့အခါမှာ ကြော်ငြာတွေ မတက်တော့ပါဘူး။

ကိုယ် VPN မပါဘဲ သုံးချင်တဲ့ app တစ်ခုတည်းကို အမှန်ခြစ်လေး လုပ်ပေးထားလိုက်ရုံပါပဲ။ Video ထဲမှာ အသေးစိတ်လုပ်ပြထားပါတယ်။

Send a message to learn more

15/05/2026

VPN Key ထည့်သုံးတဲ့နည်းလေးပါ။

1. V2rayTun App ကို Playstore, App Store မှာ Download လုပ်ပါ။

2. ကျွန်တော်တို့ဘက်က ပေးတဲ့ Key ကို Copy ယူပါ။

3. App ထဲက Key ထည့်တဲ့နေရာလေးမှာ အပေါင်းလေးနှိပ်ပြီး Copy from clipboard နှိပ်လိုက်ရင် ရပါပြီ။

အသေးစိတ်ကို Video ထဲမှာ ကြည့်လို့ရပါတယ်။

Address

Yangon

Alerts

Be the first to know and let us send you an email when Safe Route posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share