Rises up

Rises up Engineering Services & Trading Company

😍Coming soons new products forour valuable customer. ! Rises up☺️☺️☺️
11/05/2022

😍Coming soons new products for
our valuable customer.
! Rises up☺️☺️☺️

Coming Soon products 😊😊😊
11/05/2022

Coming Soon products 😊😊😊

  Panels သန့်ရှင်းရေးလုပ်ခြင်း✅Solarပြားတွေကို အသုံးပြုချိန် ကြာလာတာနှင့် အမျှ ဖုန်တွေကပ်တာမျိုးဖြစ်တတ်ပါတယ်...solar pan...
07/05/2022

Panels သန့်ရှင်းရေးလုပ်ခြင်း✅

Solarပြားတွေကို အသုံးပြုချိန် ကြာလာတာနှင့် အမျှ ဖုန်တွေကပ်တာမျိုးဖြစ်တတ်ပါတယ်...
solar panelsတွေ နေရောင်ကောင်းစွာမရတာ/အညစ်အကြေးကပ်နေတာမျိုးဆိုရင်
15-25% efficiency လျော့ကျစေပါတယ

Solar panelsတွေ ဘယ်လိုသန့်ရှင်းရေးလုပ်မလဲ????

Step (1) ပထမဆုံး ကိုယ်အသုံးပြုထားတဲ့ Inverter breaker/solar အဝင် breaker/
Ac input/output breakerတွေ ပိတ်ရပါတယ်

Step(2) သန့်ရှင်းရေးလုပ်မဲ့အချိန်ရွေးရပါမယ်
နေ့ခင်းဘက် နေပူနေတဲ့အချိန်မှာ solar ပြားတွေကို ရေနဲ့ဆေးကြောတာ/သန့်ရှင်းရေးလုပ်တာအဆင်မပြေပါဘူး
ဘာကြောင့်လဲဆိုတော့...ပူနေတဲ့ solar ရဲ့မှန်ကို ရေနဲ့ထိတွေတဲ့အခါ ကွဲနိုင်ပါတယ်
ဒါကြောင့် မနက်စောစော သန့်ရှင်းရေးလုပ်သင့်ပါတယ်

Step(3) နူးညံ့တဲ့ အဝတ် ကိုဆပ်ပြာနဲ့ အလွယ်တကူ Solarမျက်နာပြင်ကို ဆေးကြောနိုင်ပါတယ်

Solar panelsတွေကို ဖုန်အရမ်းတက်ရင် နှစ်ပတ်/တစ်လ တစ်ကြိမ်သန့်ရှင်းရေးလုပ်သင့်ပါတယ်နော်
ပုံမှန်အနေနဲ့ ခြောက်လတစ်ကြိမ်လုပ်သင့်ပါတယ်။ ။
Credit to original uploader 🙏

Inverter များကိုOverload ခနခန သုံးမိခြင်းEPC မီးအားအဝင် ဆောင့်တတ်ခြင်းBattery (+),(-) မှားတပ်မိခြင်းအထက်ပါ  အဓိက အကြောင်...
28/04/2022

Inverter များကို
Overload ခနခန သုံးမိခြင်း
EPC မီးအားအဝင် ဆောင့်တတ်ခြင်း
Battery (+),(-) မှားတပ်မိခြင်း
အထက်ပါ အဓိက အကြောင်းအရင်း များကြောင့်လည်း FET များ ထိခိုက်ပျက်စီးရပါသည်။

ထို့ကြောင့် မိတ်ဆွေ Custormer များအနေဖြင့် စက်ရဲ့ သတ်မှတ်ထားသော
ဝန်အားပမာဏရဲ့ 70-80 % လောက် သုံးချင်သည်သာ အသင့်တော်ဆုံးဖြစ်ပါသည်။
(FET field effect transistor)

Me
ပေးပါတယ် ခင်ဗျာ။
Thanks 4 knowledge sharing.
🙏🙏🙏

Japan က small electronic devices အရောင်းဆိုင်လေး👍
28/04/2022

Japan က small electronic devices အရောင်းဆိုင်လေး👍

Motor Troubleshootings အပိုင်း(1)(2)(3)မော်တာပြစ်ချက်ရှာဖွေခြင်းအကြောင်းပြန်လည်စုစည်းဖော်ပြခြင်းဖြစ်ပါသည်။အပိုင်း(1)မော်...
26/04/2022

Motor Troubleshootings အပိုင်း(1)(2)(3)
မော်တာပြစ်ချက်ရှာဖွေခြင်းအကြောင်း
ပြန်လည်စုစည်းဖော်ပြခြင်းဖြစ်ပါသည်။

အပိုင်း(1)
မော်တာပြစ်ချက်ရှာဖွေရာမှာ
ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားဖြေရှင်းနိုင်စေဖို့
ရည်ရွယ်ပြီး သိထားသမျှလေးတွေ
မျှဝေပေးချင်ပါတယ်။

၁။Motor မလည်ခြင်း

(a)Controller မကောင်းခြင်း
(b)Single Phase ဖြစ်ခြင်း(Input Circuitမှာလား၊motor windingမှာလားစစ်ပါ)
(c)Rotor,Bearing သို့မဟုတ် Driven Loadမှာ Locked ဖြစ်ခြင်း(Loadဖြုတ်ပြီး အလွတ်လည်ကြည့်ပါ)

၂။Motor လည်နေရင်း Tripဖြစ်ခြင်း

(a)Overload Relay ကြောင့်(Sizeနှင့် Setting စစ်ပါ)
(b)Starting Time ကြာခြင်းကြောင့်
(Time Setting ပြန်စစ်ပါ၊ယေဘုယျအားဖြင့်
Small 10s,Medium 12s,Large 15sထက်
ပိုကြာလျှင် o/l Trip ဖြစ်သည်)

၃။Motor နှေးကွေးစွာလည်ခြင်း

(a)Voltage Drop များခြင်းကြောင့်(Running Voltage က Supply Voltageအောက် 3%ထက်
ပိုလျော့လျှင်)

*ဒီနေရာမှာ Voltage Dropဖြစ်စေတဲ့အကြောင်းရင်းတွေဟာအရေးပါလာပါတယ်။

1.Overload ကြောင့် မနိုင်ဝန်ထမ်းရလို့
Voltage Drop များနိုင်ပါတယ်။
ဒါဆိုရင် Load ကိုလျှော့ရင်လျှော့ ၊မော်တာအကြီး
ပြောင်းသုံးရင်သုံး၊ အဆင်ပြေပါတယ်။

ဒီနေရာမှာ
Motorက Loadကို တကယ်မနိုင်လို့
Overloadဖြစ်တာမဟုတ်ဘဲ
တခြားအကြောင်းကြောင့် Overloadဖြစ်နိုင်တာကို
သိထားရပါမယ်။
(i)Hight Resistance Connectionကြောင့်လည်းဖြစ်တတ်ပါတယ်၊Connectionတွေပြန်စစ်ပါScrewတွေပြန်ကြပ်ပါ)
(ii)Power Line Undersizeပါ။သင့်လျော်တဲ့ကြိုးဆိုဒ် ပြန်လဲပါ)
(iii)Capactor Bank တည်ဆောက်ပုံလွဲရင်လည်း
ဖြစ်တတ်ပါတယ်)

ဒုတိယပိုင်း ဆက်ပါမယ်။

Motor Troubleshootings အပိုင်း(2)

(b)Motor နှေးကွေးစွာလည်စေခြင်းရဲ့
နောက်ထပ်အကြောင်းအရင်းတစ်ခုကတော့
Starting Loadများခြင်းကြောင့်လည်း
ဖြစ်နိုင်ပါတယ်။ Starting Loadကို လျော့ပေးခြင်းအားဖြင့် ဖြေရှင်းနိုင်ပါတယ်။

(c)နောက်တစ်ချက်က
Starting Torqueမလုံလောက်လို့လည်း
ဖြစ်နိုင်ပါတယ်။ Reduce Voltage Starting System သုံးတဲ့အခါ
(i)Star/Delta
(ii)Part Winding
(iii)Auto-Transformer Starting
စတဲ့ System တွေထဲက
Starting Torqueပိုကောင်းနဲ့ Systemကို
သုံးခြင်းအားဖြင့်လည်းကောင်း၊
Time Setting (1st stage to 2nd stage)ကို
လျော့ချပေးခြင်းဖြင့်သော်လည်းကောင်း
ဖြေရှင်းနိုင်ပါတယ်။

Soft Starterသုံးရင်တော့
Torque နဲ့ Time Setting ကိုယ်လိုသလို
ချိန်ညှိအသုံးပြုနိုင်ပါတယ်။

(၄)Motor ကိုယ်ထည်ပူခြင်းနှင့် Tripဖြစ်ခြင်း

ကိုယ်ထည်ပူခြင်းနှင့် Tripဖြစ်ခြင်းတို့ဟာ

(a)Motor လောင်ကျွမ်းသွားခြင်းကြောင့်၊
(b)Operation Cycleအတွင်းမှာ Start အကြိမ်ရေများလွန်းခြင်းကြောင့်၊
(c)Motorရဲ့ Ambient Temperatureက
40°C(104°F)အထက် ကျော်လွန်ခြင်းကြောင့်၊
(d)Ventilationမကောင်းသောကြောင့်၊
(e)Motor Controllerမှာ အပူချိန်မြင့်မားသောကြောင့် စတဲ့အကြောင်းတွေကြောင့် ဖြစ်နိုင်ပါတယ်။

တတိယပိုင်းမှာ
ကျန်တဲ့ သိသင့်တာလေးတွေ
ဆက်လက်မျှဝေပေးပါ့မယ်။

ဝေဖန်ထောက်ပြအကြံပြုဆွေးနွေးခြင်းတွေ
ပြုလုပ်ပေးဖို့လည်း ခေါ်ဖိတ်ပါတယ်ခင်ဗျာ။

Motor Troubleshootings အပိုင်း(3)

(၅)Motor လည်သော်လည်းName Plate Speed ထက် လျော့နေခြင်း

(a)Speed Measurement မတိကျတာလည်း
ဖြစ်နိုင်ပါတယ်။ သေချာတိုင်းပါ။
(b)High Overloadကြောင့်လည်းဖြစ်နိုင်ပါတယ်။
(c)Excessive Voltage Dropကြောင့်လည်း
ဖြစ်နိုင်ပါတယ်။
(Voltage drop 10 to 15%ရှိပါက
Motorရဲ့ Speedကို 1 to 2%အထိ လျော့နည်းစေပါတယ်။)

(၆)Motorဆူညံသံ ထွက်ပေါ်လာခြင်း

Single Phase ဖြစ်ခြင်းကြောင့်ဖြစ်ပါတယ်။
Motor သည် Over heatဖြစ်ပြီး Tripကျပါလိမ့်မယ်။

Powerပိတ်ပြီး Start ပြန်လုပ်ကြည့်ပါ။
မော်တာက ညဉ်းသံထွက်ပြီး ပူလာပြီး မလည်ဘူးဆိုရင် Single Phaseဖြစ်ဖို့ သေချာသလောက်ရှိပါတယ်။

*Motor Starting Current နဲ့
အသုံးဝင်မယ့် အနီးစပ်ဆုံး Assumptionလေး
ပေးချင်ပါတယ်။

1.Direct On Line-------7Times of FLA
2.Auto-Transformer(75%Tap)-------4Times
3.Star/Delta or (60%Tap)------2/3 Times
4.Startor-Rotor Starter-------1 to 2 Times

ဖတ်ရှုပေးခဲ့ကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ဒီ ပို့စ်တွေကိုဖတ်ပြီး Motor ပြစ်ချက်ရှာဖွေဖို့အတွက်
အထောက်အကူ အထိုက်အလျောက်ရနိုင်မယ်လို့
မျှော်လင့်ပါတယ်။

Motor နဲ့ပတ်သက်လို့
သိသင့်သိထိုက်တာလေးတွေ
ဆက်လက်မျှဝေပေးသွားပါ့မယ်ခင်ဗျာ။

Inverter တစ်ခုရဲ့ work design ပေါ်မူတည်ပြီး နှစ်မျိုးရှိတယ်၊1) Low frequency type2) High frequency typeLow frequency typ...
26/04/2022

Inverter တစ်ခုရဲ့ work design ပေါ်မူတည်ပြီး နှစ်မျိုးရှိတယ်၊
1) Low frequency type
2) High frequency type

Low frequency type မှာ DC to AC ကို MOSFET switchingနဲ့ဘဲ ပြောင်းပြီး Powerful Transformer နဲ့ AC Load ကို အသုံးပြုတယ်၊
Transformerပါတော့ လေးတယ်၊ loss ရှိတယ်၊ထုတ်လုပ်စရိတ်ကြီးတာပေါ့၊ ဈေးကြီးတယ်။
Load ကိုlong term ဆွဲရင်ခံနိုင်တယ်၊ circuit ရိုးရှင်းတယ်၊ ကိုယ် design လုပ်နိုင်သလောက် အကျိုးကျေးဇူးများတယ်၊

High frequency type မှာတော့ step တွေပိုလာတယ်၊
DC to AC လုပ်တယ် ပြီး DC ပြန်ပြောင်းတယ်၊ ပြီးမှ ACထူတ်ပေးတယ်၊။ ferrite core transformer နဲ့ high frequency AC သုံးတယ်၊ transformer သေးသွားတယ်၊
Size သေး၊ သယ်ရလွယ်၊ high efficiency , loss နဲ၊ ဈေးသက်သာ၊
Home use တော့ ပြဿနာမရှိနိုင်၊ load မျိုးစုံသုံးမယ့်သူတွေရဲ့ recommendations တွေက သိပ်မကောင်း၊ နယ်ကလူတွေက ပိုသုံးတော့ အကြောင်းပိုသိတယ်၊

ဒီလောက်ဆို inverter အသေးနဲ့ အကြီးခွဲလို့ ရပြီးထင်ပါတယ် ဗျ။
Credit to original uploader.
🙏🙏🙏

25/04/2022

ကမ္ဘာပေါ်က သူဌေးတွေနဲ့ နှိုင်းယှဉ်ရင် မြန်မာပြည်က သူဌေးတွေက income rich ဝင်ငွေအရ ချမ်းသာတာ မဟုတ်ကြပါဘူး။ ပိုင်ဆိုင်မူအရချမ်းသာတာ property rich ပါ။ ဒါကလည်း ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်းမှာ အိမ်မြေဈေး အရမ်းတက်ပြီး ချမ်းသာသွားကြတာပါ။ မြန်မာပြည်က သူဌေး အများစုရဲ့ စည်းစိမ်တန်ဖိုး ၉၀ရာခိုင်နှုန်းက သူတို့ ကိုယ်တိုင်ရှာတာ မဟုတ်ပါဘူး။ ဈေးတက်သွားလို့ပါ။

ဒီလို ချမ်းသာသွားတာကို မူဒီတာပွားနိုင်ပေမဲ့ တိုင်းပြည်အတွက် လုံးဝမကောင်းဘူးဆိုတာ သိစေချင်ပါတယ်။ အဲဒီလူတွေချမ်းသာသွားတယ်လို့ ပြောနိုင်တာထက် တနိုင်ငံလုံးက ကျန်တဲ့သူတွေ အိမ်မြေ မဝယ်နိုင်တော့တဲ့အတွက် မွဲသွားတယ်လို့ ပြောရင်ပိုမှန်ပါတယ်။

အိမ်ခြံမြေသမားတွေက ဓနခွဲဝေမူ နည်းတတ်ပါတယ်။ အလုပ်အကိုင်လဲ မဖန်တီးပေးနိုင်ပါဘူး။ နောက်ပြီး ထုတ်ကုန်တခုခုလည်း မထုတ်တတ်ပါဘူး။ နောက်ပြီး property rich တွေက ပိုချမ်းသာကြတဲ့အတွက် သူတို့က သုံးစရာရှိရင် နိုင်ငံခြားထွက် ပြီးသုံးကြပါတယ်။
ဥပမာ နိုင်ငံထွက်ပြီး shopping သွားတာမျိုး အလည်သွားတာမျိုး ဆေးကုတာမျိုး ကလေးကျောင်းထားတာမျိုးပါ။ ဒါကြောင့် သူတို့ချမ်းသာတာကလွဲရင် နိုင်ငံထဲမှာ တခြားလူကို အန္တရာယ်ပိုဖြစ်စေပါတယ်။ ကိုယ်တိုင်ကလည်း ကြာလေ ဥစ္စာစောင့်နဲ့ ပိုတူလာလေပါ။

income rich ကတော့ အလုပ်ကိုင်သစ် ဖန်တီးပေးတတ်ပါတယ်။ ဓနခွဲဝေမူလည်းဖြစ်ပါတယ်။ ထုတ်ကုန်လည်းထုတ်ပါတယ်။ ဒါကြောင့် ကာယကံရှင်ရော အလုပ်သမားရော နိုင်ငံရော ကောင်းပါတယ်။ နိုင်ငံစီးပွားလည်းတက်စေပါတယ်။ income rich က မြန်မာပြည်မှာ နဲပါတယ်။ တနှစ်ကို ဒေါ်လာ ၁ သန်းအထက် ဝင်ငွေရှိတဲ့လူ ကမ္ဘာပေါ်မှာ လူ တသန်းလောက်ရှိပါတယ်။ လူ ၇၀၀၀ ၈၀၀၀ မှာ တယောက်ဆိုပါတော့ မြန်မာပြည်မှာတော့ လွန်ရော ကျွံရော လူ ၄၀၀၀၊ ၅၀၀၀ ထက်မပိုနိုင်ပါဘူး။ လူ တသောင်းမှာ တယောက်နှုန်းထက် နည်းနိုင်ပါတယ်။ ရန်ကုန်လို မြို့ကြီးမှာ ဘွဲ့ရ လုပ်သက် နှစ်နှစ်ရှိတဲ့ လူငယ် အများစု ရဲ့ ဝင်ငွေက တလကို ၅ သိန်းအောက်မှာဘဲ ရှိပါသေးတယ်။

အခု မြန်မာနိုင်ငံမှာ တရားဝင် ထုတ်ပြန်ကြေညာတာမျိုးမရှိပေမဲ့ အမြဲနေပြီးစီးပွားရေးလုပ်နေတဲ့ နိုင်ငံခြားသားတွေ သိန်းဂဏန်းရှိနေပါပြီ။ ကန့်သတ်ထားတဲ့ လုပ်ငန်းကလွဲပြီး လုပ်ငန်းပေါင်းစုံ လုပ်နေပါပြီ။ ဘောလုံးသမား၊ အင်္ဂလိပ်စာဆရာ၊ ဆောက်လုပ်ရေးက အလုပ်ကြမ်းသမားက စပြီး ကိုယ်ပိုင်လုပ်ငန်းမျိုးစုံ ဥပမာ ဆံပင်ညှပ်ဆိုင် စားသောက်ဆိုင် ကုမ္ပဏီ စက်ရုံ မျိုးစုံပါ။

အဲဒီလူတွေက နိုင်ငံတကာက အတွေ့အကြုံ နည်းပညာ အဆက်အသွယ် ပိုရှိပြီး အရင်းအနှီးပိုကြပါတယ်။ ဒါအပြင် အရမ်းကြိုးစားကြပါတယ်။ လုပ်သက် အတွေ့အကြုံရှိတဲ့ လူငယ်တွေကို တလ ၅ သိန်း ကျော်အောင်ပေးခန့်နေတဲ့ လုပ်ငန်းရှင်တွေက အဲဒီ နိုင်ငံခြားသားတွေဖြစ်နေပါပြီ။ SME small and median enterprises လုပ်နေတဲ့ မြန်မာနိုင်ငံသား အဖေအမေတွေက သားသမီးတွေအတွက် တည်ငြိမ်တဲ့ အလုပ် မဖန်တီးပေးနိုင်တော့ပါဘူး။ သားသမီးတော်တော်များများက ဝန်ထမ်း စဖြစ်နေပါပြီ။ ဈေးကွက်အနေအထား သေချာ မလေ့လာနိုင်တဲ့ မြန်မာသူဌေးများလည်း လုပ်ကွက်ပျောက်တော့မှာပါ။

ဥပမာ - အိမ်မြေဆိုပါတော့ ကွန်ဒို တလုံးဆောက်မယ်၊ အဆင့်မြင့်အိမ်ယာစီမံကိန်းက ဖော်ထုတ်မယ်၊ ပုဂ္ဂလိကစက်မူဇုံ ဖော်ထုတ်မယ်။ နမူနာတော့ မပြောတော့ပါဘူး။ ပြီးတော့ မြန်မာနိုင်ငံသားတွေ ဝယ်ယူနိုင်ဖို့ လက်တွေ့မကျတဲ့ ဈေးနှုန်းခေါ် ပြီး မရောင်းဘဲထားပြီး ထိုင်စောင့်ကြမှာ မြန်မာသူဌေးတွေပါ။ ဈေးကွက် ရှိမရှိ မလေ့လာဘဲ ဆောက်ခဲ့ပါတယ်။

နိုင်ငံခြားသားတွေတော့ အရောင်းအဝယ်ဖြစ်နိုင်မဲ့ ဈေးနှုန်း ဒါမှမဟုတ် နည်းလမ်းတွေတခါထဲရှာလာပြီး ရောင်းထွက်အောင် အလုပ်ဖြစ်အောင် လုပ်သွားမှာပါ။ ( နမူနာ ပေးရရင် သီလဝါ စက်မူဇုံပါ။ အရမ်းကောင်းပါတယ်။) တခုချင်းမှာ အမြတ်များများတင်ရောင်းထက် အရေအတွက်များများ ကို အမြတ်နည်းနည်းနဲ့ ရောင်းတာမျိုး ဝန်ဆောင်မူ ပိုပေးတာမျိုး ဖောက်သည်ရှိတဲ့နေရာ အထိ လိုက်ရောင်းတာမျိုး လုပ်လာကြတော့မှာပါ။

ဘဏ်တွေဆိုရင်လည်း တကယ် အလုပ်လုပ်မဲ့ လုပ်ငန်းရှင်တွေကို ထုတ်ချေးပေးတာမျိုး လုပ်ရတော့မှာပါ။ အခုအချိန်မှာတော့ မြန်မာပြည်က ဘဏ်သူဌေးက လာအပ်တဲ့ငွေတွေကို နီးစပ်သူတွေနဲ့ သူတို့ ကိုယ်ပိုင်လုပ်ငန်းတွေလုပ်ဖို့ ကိုယ့်ဖာသာကိုယ်ဘဲပြန်ချေးတာပါ။ အပြင်လုပ်ငန်းရှင်တွေကို ချေးပေးတာမျိုး အရမ်းနည်းပါတယ်။

အကြမ်းအားဖြင့်တော့ အိမ်ခြံမြေနဲ့ချမ်းသာလာတဲ့ မြန်မာသူဌေးတွေက income rich ဖြစ်အောင် မလုပ်ရင် ရေရှည်ရပ်တည်ဖို့ ခက်သွားပါလိမ့်မယ်။ အစိုးရကလည်း နိုင်ငံအတွက် productive ဖြစ်အောင် မလုပ်တဲ့သူကိုတော့ ဆက်ထားမယ် မထင်ပါဘူး။

၂၀၁၅ NLD အစိုးရ တက်လာပြီး စီးပွားရေးလုပ်ငန်းတွေကို စည်းကမ်းကြပ်မတ်ခဲ့ပြီး နောက်ပိုင်း ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းတွေ ဆက်တိုက် ကျဆင်းလာပြီးနောက် မြန်မာနိုင်ငံမှာ သူဌေးရာထူး အပြောင်းအလဲ အတော်ဖြစ်ခဲ့ပါတယ်။ နိုင်ငံအတွက် မိမိရဲ့ လူမူအဖွဲ့အစည်းအတွက် productive ဖြစ်အောင် မလုပ်နိုင်တဲ့ သူဌေးတွေက နောက်ကို တဖြေးဖြေးရောက်သွားပြီး productive ဖြစ်အောင် လုပ်နိုင်တဲ့ သူဌေးတွေက ရှေ့ကို ပိုရောက်လာပါတယ်။ ဈေးကစားပြီး ချမ်းသာခဲ့တဲ့ သူဌေးတွေတော့ လာမဲ့တနှစ် နှစ်နှစ်အတွင်းမှာ ပိုကြပ်တည်းလာနိုင်ပါတယ်။ ဘဏ်တွေက တရားစွဲတာ မဖြစ်မနေ ခံကြရတော့မှာပါ။

နိုင်ငံတကာကနေ ပညာသင်၊ အလုပ်လုပ်ခဲ့တဲ့ လူငယ်အများအပြားဟာ မြန်မာပြည် ပြန်ရောက်လာကြပြီး ( စင်္ကာပူ က professional and semi professional အဆင့် လူငယ် အများစု မြန်မာပြည် ပြန်ရောက်နေပါပြီ။) စီးပွားရေး နယ်ပယ်အသီးသီးမှာ ဝင်ရောက်လုပ်ကိုင်နေကြပြီး သိပ်မကြာခင်မှာ မြန်မာပြည်ရဲ့ သန်းကြွယ်စာရင်းမှာ အများအပြားပါဝင်လာဖို့ ရှိပါတယ်။

သူဌေး ဒုတိယမျိုးဆက်ဖြစ်ခဲ့ရင်တော့ ဒေါ်လာ သန်း ၃၀ အထက် ချမ်းသာတဲ့ သူဌေးကြီး အဆင့် ဖြစ်ဖို့ရှိနေပါတယ်။ သူဌေးလောင်းအသစ်တွေ က လုပ်ငန်းနယ်ပယ်အသစ်တွေ လုပ်ကြတော့မှာမို့ သူတို့ကို အုပ်ချုပ်မဲ့ လူငယ်အစိုးရ အရာရှိတွေကို အမြန်လဲဖို့ လိုနေပါပြီ။ ဝန်ကြီးလို နေရာမျိုးတွေကို လူငယ်တွေ အမြန်ပေးဖို့ လိုနေပါတယ်။

Respectfully Credit - U တင်စိန်
🙏🙏🙏

25/04/2022

"Strike iron when it is Hot!"

အခုလိုညနေစောင်းလေးပဲ။ လွန်ခဲ့တဲ့နှစ် ၂၀ ကျော်က ဖေဖော်ဝါရီလထဲမှာ နေဝင်ရီတရောအချိန်ပေါ့။

ကျနော်က ရွာကမီးဖိုမှာ မီးအသည်းအသန်မွှေးနေတယ်။ အဲ့ဒီအချိန်မှာ ကိုစပ်ဖြဲရောက်လာတယ်။

ကျနော်မီးမွှေးတာကို ကြည့်လိုက်၊ အနားက ကင်ပွန်းချဉ်ခက်တွေရယ်၊ ထမင်းအိုးရယ်ကိုကြည့်လိုက်လုပ်နေတယ်။

အမှန်က အဲ့ဒီညနေမိုးကောင်းကင်တခုလုံး မရမ်းစေ့ရောင်လွှမ်းချိန်ဆိုရင် ကျနော်က အသားခြောက်လေးကင်လိုက် ကိုစပ်ဖြဲဖြစ်ဖြစ် ဦးကုတ်နဲ့ဖြစ်ဖြစ် စကားပြောလိုက်လုပ်နေကျ။ ဒီနေ့မှနောက်ကျတာ။

အသားခြောက်က ကျနော်ကိုယ့်ဘာသာကိုယ်လုပ်ပြီးနေလှန်းထားတာ။ ဝက်သားကို ပါးပါးလေးတွေလှီးပြီး ကြိုးချည်နေလှန်းထားတာ။ ၃ - ၄ နေ သေချာမိလို့ကတော့ အသားကကင်လိုက်ရင် ရဲပြီး ဘေကွန်လိုဖြစ်နေတာ။

ဝါးပြားလေးမှာညှပ်ပြီး မီးလေးပြလိုက်ရင် အသားခြောက်ပြားက ဆီလေးတွေဆူထွက်လာပြီး ရဲလာရော။ အနံ့မွှေးလာရင် သံပုရာသီးနည်းနည်းလေးညှစ်ပြီး ရေနွေးနဲ့မြည်းနေကျ။

အခုမီးမွှေးပြီးရင် ထမင်းအိုးတည်ရမယ်။ ပြီးရင် ဘဲဥကြော်မယ်။ ပြီးရင် ကင်ပွန်းချဉ်ရွက်ကို ပုဇွန်ခြောက်နဲ့မစပ်တစပ်ကြော်မယ်။

ဖြစ်ချင်တော့ ဒီညနေမှာကျနော်က ကင်ပွန်းချဉ်ပင်ခုတ်လိုက်၊ ဟိုဟာထလုပ်လိုက် ဒီဟာထလုပ်လိုက်နဲ့ ထမင်းကိုမချက်ရသေးတာ။

ကျနော်မီးမွှေးတာကြည့်ပြီး ကိုစပ်ဖြဲကတစ်ခွန်းပြောတယ်။

"ပေါက်စ ... ငါစကားတစ်ခွန်းပြောလို့ရမလား?"

"မင်းတနေ့ကျရင် ခေါင်းဆောင်တစ်ယောက်လုပ်မယ်ဆိုရင် အီလေးဆွဲတဲ့အကျင့်ကိုဖျောက်။"

မင်းမီးမွှေးတာမဟုတ်သေးဘူး။ ငါက ဗကပတွေနဲ့ တိုက်လာတာ။ မြေပြင်စစ်ဆင်ရေးမှာ "အစကောင်းမှအနှောင်းသေချာတယ်။"

မီးမွှေးတယ်ဆိုတာ အရှိန်ရနေတုန်းမီးဟုန်းဟုန်းတောက်အောင်မွှေးရတယ်ကွ။ အဲ့ဒါမှ မီးကကိုယ့်ဖက်ပါတယ်။

မင်းဟာကမီးစမွှေးလို့တောက်လာမယ်ရှိသေးတယ် မင်းကအီလေးဆွဲနေတော့ မီးတောက်ကသေသေသွားရော။

မီးလေးတောက်လာလိုက် မင်းကကင်ပွန်းချဉ်ရွက်ခြွေလိုက်၊ ဒီဟာလုပ်လိုက်နဲ့။ အခုထိ ဘာအလုပ်မှမပြီးဘူး။

👉 ဖြစ်သင့်တာက မီးကိုအရှိန်ရအောင်အရင်မွှေး၊ မီးသေချာစွဲသွားပြီဆိုမှ ထမင်းအိုးတည်ထားရင်း ဟင်းရွက်ခြွေ၊ ငရုတ်သီးထောင်း။

ထမင်းအိုးရေငှဲ့ပြီး နှပ်ထားတုန်းကျန်တာဆက်လုပ်။

👉 အဓိကကမီးအရှိန်ရဖို့ပဲကွ။ #မီးတောက်အရှိန်ရနေရင်မင်းဘာချက်ချက်ရတယ်။

မီးစတောက်ခါစမှာ အီလေးဆွဲမနေနဲ့။ #မီးသေမှမီးပြန်မွှေးရတာအရမ်းပင်ပန်းတယ်။

အခုမင်းကိုယ်မင်း #နောက်ကျနေမှန်းသိရင် ဘယ်သူလာစကားပြောပြော ခွန်းတုန့်ပြန်မနေနဲ့။ လုပ်စရာရှိတာတွန်းလုပ်။

- မီးအရှိန်ရအောင်ဆက်လုပ်။ မီးတောက်မရှိတော့ရင် မင်းဘာမှဆက်လုပ်လို့မရဘူး။

လုပ်ငန်းတစ်ခုလုပ်ရင်လည်းအဲ့လိုပဲ။

စကတည်းက မီးတောက်လေးအရှိန်ရကာစမှာ မီးတောက်ကြီးဖြစ်ပြီး ကိုယ့်ဘက်ပါလာအောင် လုံ့လစိုက်ထုတ်ရတယ်။

အီးရောအီးရောမနေရဘူး။

"မီးအရှိန်သေသွားချိန်မှ နောင်တမရနဲ့ ။"

မနှစ်ကဓာတ်ပုံတွေကြည့်ရင်း ကိုစပ်ဖြဲကိုသတိရတယ်။

မီးတောက်မရှိပဲထမင်းချက်ချင်လို့မရဘူး။ ကျနော်တို့ အချိန်ဖြုန်းတဲ့အကျင့်ကိုပြင်ရမယ်။

If you want to be successful ... Shut up and Work hard.

"Strike iron when it is Hot!"

Credit with respectfully

4-March-2022

25/04/2022

အခြေခံမျှသာ
အပိတ်/အဖွင့် အတွက် Circuit Breaker ရှိနေပြီလေ ....DS က ဘာဖြစ်လို့ ထပ်ပြီး တပ်နေရသေးလဲလို့ တွေးမိနေလား ...

ELECTRICAL (Air Break) Disconnecting Switch အလုပ်လုပ်ပုံ
HIGH VOLTAGE OUTDOOR SWITCHYARD တွေမှာ တပ်ဆင်ထားသော DS ( DISCONNECTION SWITCH ) နဲ့ GCB ( CIRCUIT BREAKER ) တွေရဲ့ အလုပ် လုပ်ဆောင်ပုံ နဲ့ ကွဲပြားချက် တချို့ပါ
ပုံမှန် အားဖြစ် DS နဲ့ CB က ဓါတ်အားလိုင်း တခုကို ဖွင့်ခြင်း ပိတ်ခြင်း ပြုလုပ်ပေးသော SWITCHING DEVICE တွေပါ ၊
ကျနော် တို့သိထားတဲ့အတိုင်း CURRENT ပမာဏ တခု စီးဆင်းနေသော ပတ်လမ်းကို ဖွင့်ခြင်း / ပိတ်ခြင်း ပြုလုပ်ပါက SWITCHING ACTION ( MAKING & BREAKING ) ကိုပြုလုပ်ပေးသော Switching Device ရဲ့ FIX CONTACT နဲ့ MOVING CONTACT ကြားထဲတွင် ELECTRIC ARC ( လျှပ်စစ်မီးပန်း ) ခုန်ကူးခြင်းဖြစ်ပေါ်ပြီး ဒီ ARC ကို ငြိမ်းသတ်နိုင်သော ARC EXTINGUISHING MEDIUM ပေါ်မူတည်ပြီး Switching operation ကို လေထဲမှာပြုလုပ်ရင် ACB ( Air Circuit Breaker ) / လေဟာနယ်ထဲမှာပြုလုပ်ရင် ( Vacuum Circuit Breaker ) VCB / SF6 လို Gas ထဲမှာ Switching Action ကိုပြုလုပ်ရင် Gas Circuit Breaker GCB စသဖြစ် ကွဲပြားသွားနိုင်ပါတယ်။
ဒီနေရာမှာ CB တလုံး အနေနဲ့ ၎င်း CB ၏ BREAKER Contact များ၌ ဓာတ်အားရှိနေလျက်( On load အနေအထားတွင် ) အခြားလိုင်းတခု၊ ထရန်စဖော်မာတလုံးဆီသို့ဓာတ်အားပေးလွှတ်ခြင်း၊ ဓာတ်အားပေးလွှတ်ခြင်း အခြေအနေမှ ရုတ်တရက် ဓာတ်အားဖြတ်တောက်ခြင်း၊ Fault current မြောက်များစွာ စီးနေဆဲအချိန်၌ ဓာတ်အားဖြတ်တောက်ခြင်း၊ Fault ရှိနေနိုင်သော ဓာတ်အားလိုင်းတခုသို့ ဓာတ်အားလွှတ်ခြင်းများကို GCB အနေနဲ့ SWITCHING OPERATION ကိုအန္တရာယ်ကင်းစွာ ဆောင်ရွက်နိုင်ပါတယ်။ဒီနေရာမှာ Switching Action ကြောင့်ဖြစ်ပေါ်သော လျှပ်စစ်မီးပန်း( Electric Arc ) ခုန်ကူးမှုကို ငြိမ်းသက်ပေးနိုင်သော Arc Extinguishing အနေဖြစ် Vacuum ဒါမှမဟုတ် Gas က ( Interrupter ) အတွင်း တွင်ဖြစ်ပွားပီး ငြိမ်းသတ်ပေးခြင်းဖြစ်သည်။
သို့သော် DS ( DISCONNECTING SWITCH ) သည် ဓါတ်အားလိုင်း တခုကို ဖွင့်ခြင်း ပိတ်ခြင်း ပြုလုပ်ပေးသော SWITCHING DEVICE ဖြစ်သော်လည်း DS တွင် LOAD CURRENT စီးဆင်းနေချိန် DS Contact များ၌ ဓာတ်အားရှိနေလျက် DS ကို အဖွင့်အပိတ် ပြုလုပ်ပါက DS တွင် ( MAKING & BREAKING ) ကိုပြုလုပ်ပေးသော FIX CONTACT နဲ့ MOVING CONTACT ကြားထဲတွင် ELECTRIC ARC ( လျှပ်စစ်မီးပန်း ) ခုန်ကူးခြင်းဖြစ်ပေါ်ပြီး ဒီ ARC ကို ငြိမ်းသတ်နိုင်သော ARC EXTINGUISHING MEDIUM မပါရှိ၍ DS CONTACT များကြား (ဓာတ်အားပမာဏပေါ်မူတည်၍) လွန်စွာ ဆိုးရွားပြင်းထန်သော လျှပ်စစ် မီးပန်းခုန်ကူးမှုကိုဖြစ်ပေါ်စေမည်ဖြစ်သည်ထိုကြောင့်၊DS အပိတ်/အဖွင့် ပြုလုပ်ခြင်းကို ၎င်း၏ Contact များ၌ ဓာတ်အားမရှိတဲ့ (Off-Load) /( No LOAD ) အချိန်များမှာသာ ဆောင်ရွက်သင့်ပါသည်။
ပုံမှန်အား ဖြစ် ၂ တိုင်စင် TRANSFORMER ကဲ့သို့ပင် OUTDOOR SWITCHYARD တွင်လည်း DS ကို အဝင် HT လိုင်းနဲ့ ဆက်သွယ်ထားသော ပထမဆုံး SWITCHING DEVICE အဖြစ်တပ်ဆင်ကာ ၎င်းနောက်မှ CB ကိုတပ်ဆင်လေ့ရှိပါသည်။
လုပ်ငန်း လိုအပ်ချက် DESIGN ပေါ်မူတည်၍ အချို့နေရာ၌ DS / DSE စသဖြစ် ၂ ဆင့် တွေ့နိုင်ပါသည်။
LINE IN OPERATION ( DS OPERATION IS FIRST IN )
OUTDOOR SWITCHYARD အတွင်းသို့ လျှပ်စစ် ဓါတ်အားစတင်ဝင်ရောက်ရာတွင် ပထမဆုံး DS ကို ( NO LOAD အနေအထားဖြစ် ) စတင် ကပ်ပေး ( CLOSE ) လုပ်ပေးရမည်ဖြစ်သည် ထို့နောက် သက်ဆိုင်ရာ GCB ကို OPERATE ပြုလုပ်ခြင်းဖြစ် CB သည် လျှပ်စစ်ဓါတ်အားကို သက်ဆိုင်ရာ TRANSFORMER or LOAD နဲ့ ချိတ်ဆက်ပေးပါသည်၊ လက်ရှိ LINE IN( SWITCH ON ) အနေအထား၌ GCB မပိတ်ခင် DS OPEARTION ကိုပြုလုပ်၍ မရနိုင်အောင် INTERLOCK SYSTEM ကိုတပ်ဆင်ရန်လိုအပ်ပါသည်။
LINE OUT OPERATION ( DS OPERATION IS LAST OUT )
ထို့အတူ လျှပ်စစ် ဓါတ်အားကို ပိတ်လိုပါက GCB ကို OPEN CIRCUIT ပြုလုပ်ပြီး ( LOAD နဲ့ ခွါပြီးမှသာ ) သာ DS ကို ( NO LOAD ) အနေအထား နဲ့ ခွါနိုင်မှာဖြစ်ပါတယ်၊
ပုံမှန်အားဖြစ် DS ၏ အလုပ် လုပ်ဆောင်မှု အခြေအနေကို CONTACT အနေ အထား CLOSE / OPEN အနေအထားကို မျက်မြင်စစ်ဆေးနိုင်ခြင်းကြောင်း ဓါတ်အားလိုင်း ပြုပြင်ထိန်းသိမ်းသူများအနေဖြစ် VCB အတွင်း တွင် open circuit ပြုလုပ်ထား၍ CB contact များ ကွာနေသော်လည်း မျက်မြင်အခြေအနေ နှင့် နှိုင်းယှဉ်ပါက DS ၏ OPEN ဖြစ်နေသော contact ၏ လုံခြုံစိတ်ချရသော အနေအထားကို စစ်ဆေးသိမြင်နိုင်ခြင်းကြောင့် DS ကို SWITCHING DEVICE အပြင် SAFETY အတွတ်ပါ အသုံးချနိုင်ပါသည်၊
DS ကို IEC 62271-102 အရ စံသတ်မှတ်တည်ဆောက်ပြီး ဒီဇိုင်းအရ မျိုးကွဲ တွေရှိနိုင်သော်လည်း အခြေခံ design အားဖြစ်
၁။ Centre-Break Disconnecting Switch
၂။ Double-Break Disconnecting Switch
၃။ 1 arm pantograph
၄။ Pantograph Disconnecting Switch
၅။ Vertical Disconnecting Switch
၆၊၊ Vertical Break knee Type
တွေ ဖြစ်ပြီး DESIGN အလိုက် အားသာ ချက်/ အားနည်းချက်တွေကို လေ့လာနိုင်ပါတယ်။
Disconnection Switch များ၏ တည်ဆောက်မှု အခြေခံ Design ကွဲပြားမှု
Center Break Double Rotation နဲ့ Double Break Center Rotation အရ DS Disconnection Switch တည်ဆောက်မှု ကို အခြေခံအရ Design ကွဲပြားခြားနားမှုကို သိရဲ့လား
Center Break Double Rotation ....
Center Break ဖြစ်၍ Breaking ဖြစ်သော Point ( Switching Operation ) သည် DS ၏ အလယ် Center တွင်ဖြစ်ပေါ်သည်။
Double Rotation ဖြစ်၍ လည်ပတ်မှု အစိတ်အပိုင်း ၂ ပိုင်းပါဝင်ပါသည်။ နမူနာ အနေဖြစ် ရင်ကွဲ ဂိတ်တံခါးတစ်ခု အဖွင့်အပိတ်လုပ်ပုံနှင့် တူညီပါသည်။
One Phase တွင် ဘယ်/ညာ ကြွေသီး ၂လုံးသာ ပါဝင်ပြီး စုစုပေါင်း DS တစ်စုံလုံးအနေဖြစ် ကြွေသီး ၆ လုံးသာပါဝင်ပါသည်။
66 kV ,132 kV , 230 kV Voltage အဆင့်များတွင် အများဆုံးတွေ့ရပါသည် ။
Double Break Center Rotation ....
Double Break ဖြစ်၍ Breaking ဖြစ်သော Points ( Switching Operation ) Point ၂ နေရာတွင် ဖြစ်ပေါ်ပြီး Center Rotation ဖြစ်၍ လည်ပတ်မှု အစိတ်အပိုင်း သည် DS ၏ ဗဟိုချက်မှ အထက်ဖော်ပြပါ Switching Point ၂ ခု သို့ ဗဟိုလ်မဏ္ဍိုင် အနေဖြစ် လည်ပတ်ပါသည် ။ နမူနာ အနေဖြစ် ဆုံလည် ဂိတ်တံခါးတစ်ခု အဖွင့်အပိတ်လုပ်ပုံနှင့် တူညီပါသည်။
One Phase တွင် ဘယ်/ညာ ကြွေသီး ၂လုံး အပြင် အလည် center တွင် မဏ္ဍိုင်လည်ပတ်မှု အတွက် ကြွေသီး တစ်လုံး စုစုပေါင်း ၃ လုံး ပါဝင်ပြီး စုစုပေါင်း DS တစ်စုံလုံးအနေဖြစ် ကြွေသီး ၉ လုံးဖြစ်တည်ဆောက်ထားလေ့ရှိပါသည် ။
Medium Voltage , High Voltage အများစုသည် အထက်ဖော်ပြပါ Double Break Center Rotation ဖြစ် အများစု တည်ဆောက်ထားလေ့ရှိပါသည်။
Disconnection Switch များကို Design ပြုလုပ်တပ်ဆင်ရာတွင် ...မြေနေရာ ရရှိမှု , switching clearance , side clearance , Opearation & Maintenance အတွက် မြေနေရာရရှိမှုကို အခြေခံထား၍ ရွေးချယ်တပ်ဆင်လေ့ရှိပါသည်။




Ko Myo Zaw

🙏🙏🙏

General electrical knowledge & symbol
25/04/2022

General electrical knowledge & symbol

Address

Yangon

Telephone

+959766086845

Website

Alerts

Be the first to know and let us send you an email when Rises up posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Rises up:

Share