11/12/2024
ဘယ်လောက်ပဲစျေးတက်သွားပါစေအမြဲဝယ်သုံးမယ့်ထဲပါတဲ့ “Charlotte Tilbury Airbrush Foundation” ရဲ့ Honest Review ✨✨
နိုင်ငံခြား Blogger တွေ Makeup Artist တွေရဲ့လက်သုံးစွဲလို့တောင်ပြောလို့ရတဲ့ 🙈
ကဲ …. ဒီ Post ကို CT foundation စမ်းသုံးချင်တယ် ဒါပေမယ့် ဘယ်နံပါတ်ဝယ်ရမှန်းမသိဘူး (or) ကိုယ့် skin နဲ့လိုက်ဖက်ပါ့မလား (or) ဝယ်ပီးမှမကြိုက်လို့ဆိုတဲ့သူတွေ ဆက်ဖတ်ကြည့်ပါ။
ဘယ်လိုသူတွေ မသုံးသင့်ဘူးလဲ ?
➡️ အသားရေအရမ်းခြောက်တဲ့သူတွေ (or) normal dry skin ရှိတဲ့သူတွေမသုံးသင့်ပါဘူး။ Coverage က Thick type ဖြစ်တဲ့အတွက် Blend ရခက်တာမျိုးတို့ ကွက်တာမျိုးတော့ ကြုံနိုင်ပါတယ်။
( But , မျက်နှာမှာ အမာရွတ် / ဝက်ခြံ / အမဲစက် တွေရှိတဲ့သူတွေဆိုရင်တော့ တော်တော် Coverage လုပ်နိုင်တဲ့ထဲပါတဲ့အတွက် Dry Skin သမားတွေသုံးချင်ရင်တော့ Skin Care Steps သေချာလုပ်ပီးမှ အသုံးပြုသင့်ပါတယ် )
Makeup Number ဘယ်လိုရွေးချယ်မလဲ ?
➡️ အရင်ဦးဆုံး ကိုယ်က Warm Tone လား ၊ Cool Tone လား ၊ Netural Tone လားဆိုတာ အရင်သိအောင်လုပ်ရပါမယ်။ ဒါမျိုးတွေကို ကိုယ့်ရဲ့သွေးကြောအရောင်ကနေလဲ ကြည့်နိုင်သလို Google မှာ ကိုယ်သုံးနေကျ Makeup Brand Name & num ကိုရှာပီးတော့ CT အတွက် အနီးစပ်ဆုံး Number ကိုလည်းရွေးချယ်နိုင်ပါတယ်။ (ဒါကခုမှစသုံးပီး online ပေါ်ကပဲမှာချင်တဲ့သူတွေအတွက် အရောင်အရွေးမှားတာမျိုးမဖြစ်အောင်ပါ)
[ N - Neutral / W - Warm / C - Cool ] ၃ မျိုးလာတဲ့ထဲမှာမှ …..
✔️မြန်မာအသားအရေနဲ့အလိုက်ဖက်များတာကတော့ Warm tone series (W) ထဲကနေ အသုံးများကြပါတယ်။ Example - ကိုယ်က အသားရေ warm tone အဝါဖောက်ကိုမှ ဖြူတဲ့ထဲလတ်တဲ့ဘက်သွားရင် 2W / 3W စသဖြင့် ရွေးလို့ရပါတယ်။
✔️အသားရေဖြူပီး အပန်းဘက်ဖောက်တယ်ဆိုရင်တော့ Cool Tone ထဲကရွေးနိုင်ပါတယ်။
✔️အသားရေ W or C နှစ်ခုလုံးမဟုတ်တဲ့သူတွေကတော့ N - Neutral ကို Recommend လုပ်ပါတယ်။
( Diana ကတော့ 2N ရော 3N ရောသုံးပါတယ်။ 3N ကတော့ Diana ရဲ့အသားအရေကိုတထပ်ထဲကျပီး Fit ဖြစ်ပီးညီစေတဲ့အပြင် Smoothing effect ရစေပါတယ်။ ဒါပေမယ့် ကိုယ့်နဂိုအသားအရေထက် Tone မြင့်တာလေးလိုချင်လို့ 2N လေးကို ပိုကြိုက်ပါတယ်။ မျက်နှာက လင်းလင်းလေးနဲ့ သိပ်သိပ်လေးမို့ တော်တော်လှပါတယ်)
သူများတွေကတော့ ပွဲတက်လောက်ပဲသုံးကြပေမယ့် Diana အနေနဲ့တော့ Sometimes Dailywear အပြင် Gym သွားရင်တောင် လိမ်းဖြစ်ပါတယ်။ ချွေးထွက်ရင်တောင်မှ မိတ်ကပ်သားလုံးဝမရွေ့သွားတာမျိုးကို သဘောကျလို့ပါ။ အထူကြီးမလိမ်းတဲ့အတွက် မျက်နှာပေါ်မှာမထူပါဘူး🤪
Strengths —-
💟 အရင်ဦးဆုံး Skincare Steps တွေ သေချာလုပ်ဖို့ Recommend လုပ်ပါတယ်။
💟 လိမ်းပီးသွားတဲ့အခါ Photo တွေကို edit လုပ်တဲ့အခါ Smooth ဖြစ်သွားသလိုပုံစံမျိုး အပြင်မှာဖြစ်တဲ့အတွက် အဲ့လိုကြိုက်တဲ့သူတွေက Must try ပါ။ (Scars / အမှတ် ရှိတဲ့သူတွေကတော့ Full coverage မို့ ပိုလို့တောင် Try သင့်ပါတယ်။)
အောက်က images တွေကတော့ Original နဲ့ပဲရိုက်ထားတာပါ။ အရမ်းကြိုက်လွန်းလို့ Review ရေးမယ်ရေးမယ်နဲ့ ခုမှပဲရေးဖြစ်တော့တယ်။ ဒီကြားထဲ other foundation တွေ try ပီးပေမယ့်လဲ (3 နှစ်လုံး CT ပဲ တောက်လျှောက်သုံးခဲ့တာ) CT သုံးပီးရင် CT မှ CT ဖြစ်နေတော့တာပဲရှင်။
Not Sponsor Post
ဒါက စိတ်ချရပီး Diana ဝယ်ဖြစ်တဲ့ဆိုင်တွေပါ။
Beauty Department Store
Seoul Cosmetics Distribution-YGN