MCNG IT.Gadgetry

MCNG IT.Gadgetry IT Accessories

10/07/2023

Facebook အစား ဒီWebsite ၁၀ ခုနဲ့ သင့်ကိုယ်သင် အဆင့်မြှင့်တင်ကြည့်ပါ

လူတိုင်းနီးပါးဟာ တစ်နေ့ကို ၂ နာရီလောက် ဆိုရှယ်မီဒီယာတွေမှာ အချိန်ဖြုန်းတတ်ကြပါတယ်။

ပြန်စဉ်းစားကြည့်ကြမယ်ဆိုရင် အဲဒီလို ၂ နာရီလောက် ပုံမှန်အချိန်ဖြုန်းနေပမယ့် အဲဒီကနေ လောက်လောက်လားလား မက်လောက်စရာ ကျွန်တော်တို့ ဘာပြန်ရပါသလဲ။

ဘာသာစကားအသစ်တွေ လေ့လာမိသလား? တခြားအရည်အသွေးတွေ မြင့်တက်လာသလား?

အခု ကျွန်တော်က အခရာ ပရိတ်သတ်တွေကို လူမှုကွန်ယက်မဟုတ်တဲ့ စိတ်ဝင်စားစရာ Website ၁၀ ခုနဲ့ မိတ်ဆက်ပေးပါမယ်။

ဒီ Website ၁၀ ခုက ပရိတ်သတ်တွေရဲ့ ဘဝကို ပိုစမတ်ကျကျ တိုးတက်လာစေမယ့် Website တွေဆိုတာကိုတော့ အာမခံပါတယ်။ ကြည့်ကြရအောင် …

1.Unplug The TV
www.unplugthetv.com

ဒီ Website ထဲကို တစ်ကြိမ်ဝင်ကြည့်လိုက်တိုင်းမှာ မတူညီတဲ့ ဗီဒီယိုအသစ်တစ်ခုကို ကြည့်ရှုရပါလိ့မ်မယ်။ ဘယ်လို ဗီဒီယိုဖိုင်မျိုးလဲဆိုတော့ မိမိကိုယ်ကိုယ် စမတ်ကျကျရှင်သန်နိုင်စေဖို့ လမ်းညွှန်ပေးမယ့် ဗီဒီယိုဖိုင်မျိုးပေါ့။ တကယ်လို့ အကြောင်းအရာက ကိုယ်စိတ်ဝင်စားတဲ့ အကြောင်းအရာမျိုးမဟုတ်ခဲ့ရင်တောင်မှ ဗီဒီယိုဖိုင်ကို ပြီးဆုံးသည်အထိ ကြည့်ကြည့်ပါ။ မတူညီတဲ့ အကြောင်းအရာတွေ တင်ပြပုံတွေထဲကနေ သင့်ကို အမြင်ကျယ်စေပြီး စိတ်ချမ်းသာမှုကို တည်ဆောက်နိုင်စေမယ့် အကြောင်းအရာတွေ မျှဝေပေးပါလိမ့်မယ်။

2.Skillshare
www.skillshare.com

နယ်ပယ်အသီးသီးက ကျွမ်းကျင်သူ ပညာရှင်တွေက သင်ခန်းစာတွေ သင်ကြားပေးမှာဖြစ်ပါတယ်။ သီအိုရီတွေ ပညာခန်းတွေ တစ်ခုမှမပါဝင်ပါဘူး။ အသုံးဝင်ပြီး ထိရောက်တဲ့နည်းတွေချည်း ချပြမှာဖြစ်ပါတယ်။ ကိုယ်ဝါသနာပါရာကို ရှာဖွေကြည့်ရုံပါပဲ။

3.University of the People
www.uopeople.edu

အကျိုးအမြတ်မယူတဲ့ လူမှုအဖွဲ့အစည်းတစ်ခု ဖန်တီးထားတဲ့ ဒီ Website ဟာ တက္ကသိုလ်ပညာရေးကနေ ဘွဲ့ရပြီးတဲ့အထိ ပါဝင်တဲ့ ပညာရပ်နယ်ပယ်အသီးသီးက ဘာသာရပ်တွေကို လေ့လာဖို့ ကျူရှင်မဟုတ်တဲ့ အွန်လိုင်းသင်တန်းတွေကို ဖွင့်လှစ်ပေးထားပါတယ်။

4.High Brow
www.highbrow.com

ဒီ Website ကို Subscribe လုပ်ထားမယ်ဆိုရင် သူတို့ဆီကနေ ၅ မိနစ်စာ ဘာသာရပ်အလိုက် သင်ခန်းစာတွေကို နေ့စဉ် အခမဲ့ ပို့ပေးနေမှာဖြစ်ပါတယ်။ စိတ်ဝင်စားစရာကောင်းသလို ဗဟုသုတလည်းရပါတယ်။

5.Investopedia
www.investopedia.com

Wikipedia တော့ အားလုံးကြားဖူးကြမှာပါ။ ဒါက Wikipedia မဟုတ်ပေမယ့် Wiki လိုပဲ လူတွေကို အထောက်အကူပြုတဲ့ Site တစ်ခုပါပဲ။ ရင်းနှီးမြှုပ်နှံမှုနဲ့ ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်တွေက ရှုပ်ထွေးပြီးတော့ နားလည်ရခက်ခဲပါတယ်။ ဒါပေမယ့် မိမိနှစ်သက်သည်ဖြစ်စေ မနှစ်သက်သည်ဖြစ်စေ ငွေကြေးဆိုတာ အမြဲတစေပတ်သက်နေရမှာပါ။ ဒီတော့ ဒီ Website ထဲကနေတဆင့် အချက်အလက် ကိုင်တွယ်စုဆောင်းမှုပညာရှင်တွေနဲ့ ငွေကြေးကဏ္ဍကျွမ်းကျင်သူတွေရဲ့ လမ်းညွှန်ချက်တွေ အချက်အလက်တွေ ဗဟုသုတတွေ အကြံဥာဏ်တွေကို ရယူနိုင်ပါတယ်။

6.Brain Pump
www.brainpump.net

ထူးထူးထွေထွေ ဆန်းဆန်းပြားပြားတွေကိုမှ စိတ်ဝင်စားသူတွေဟာ ဒီ Site ထဲကို ဝင်ကြည့်သင့်ပါတယ်။ ကမ္ဘာတစ်လွှားက လူသိနည်းတဲ့ ဗဟုသုတတွေ အိုင်ဒီယာတွေကိုမှ သီးခြား စုစည်းဖော်ပြပေးတဲ့ Website မို့ပါ။ ဒီအတိုင်း ရှာဖွေဖတ်ရှုဖို့တောင် ခက်ခဲတဲ့ ဗဟုသုတတွေဆိုတော့ လူမှုကွန်ယက်စာမျက်နှာတွေမှာ ဒီလို တစုတစည်းထည်း မြင်ရဖို့ဆိုတာ ဝေလာဝေးပါပဲ။ တစ်ခုအကြံပေးချင်တာက ဒီထဲက အကြောင်းအရာတွေက လူတိုင်းအတွက် အသုံးဝင်ချင်မှ ဝင်ပါလိ့မ်မယ်။ ဒါပေမယ့် သေချာတာကတော့ သင်ဒီထဲဝင်ကြည့်ပြီးရင် အရင်ကထက်ပိုပျော်တတ်လာပြီး ပိုတီထွင်ဆန်းသစ်ချင်လာမယ်ဆိုတာပါပဲ။

7.Spreeder
www.spreeder.com

ဖြည်းဖြည်းနဲ့ မှန်မှန် စာဖတ်ကျင့်ရှိတဲ့သူတွေဟာ တဖြည်းဖြည်းချင်း ခိုင်မာအားကောင်းတဲ့ အမြင်စူးရှမှုကို ရလာပါလိမ့်မယ်။ ဒီတော့ တဖြည်းဖြည်းချင်းပဲ သူများတွေထက် တိုးတက်လာမှာပေါ့။ အခု Website ကတော့ သင်တို့ကို ခပ်မြန်မြန်စာဖတ်နိုင်အောင် ကူညီပါလိမ့်မယ်။ ကိုယ်ဖတ်ချင်တဲ့စာကို Copy/Paste လုပ်ပြီး Site ထဲထည့်ရင် Site က အမြန်ဆုံးနဲ့ အရှင်းဆုံးဖြစ်အောင် ဘယ်လိုဖတ်ရမယ်ဆိုတာကို ပြင်ဆင်လမ်းညွှန်ပေးပါလိမ့်မယ်။

8.Coursera
www.coursera.org

Coursera ဟာ အွန်လိုင်းပေါ်ကနေ Learning လုပ်ဖို့ အကောင်းဆုံး Website လို့ ညွှန်းပါရစေ။ ကျွန်တော်ကိုယ်တိုင်လည်း ဒီ Website ကနေ သင်ခန်းစာတွေ Subscribe လုပ်ပြီး လေ့လာနေလို့ပါ။ သိပ်ကောင်းပါတယ်။ အခမဲ့ အွန်လိုင်း သင်ခန်းစာတွေ/သင်ကြားမှုတွေပေးတဲ့နေရာမှာ ဂုဏ်သိက္ခာအကြီးမားဆုံး Website တစ်ခုဖြစ်ပါတယ်။ Data Science တို့ Machine Learning တို့လိုမျိုး ခက်ခဲနက်နဲတဲ့ ဘာသာရပ်တွေအထိ ရှာဖွေ လေ့လာနိုင်ပါတယ်။

9.Hemingway Editor
www.hemingwayapp.com

လူတိုင်းနီးပါးက ဝါသနာကြောင့်ဖြစ်စေ အကြောင်းအမျိုးမျိုးကြောင့်ဖြစ်စေ စာရေးဖြစ်တတ်ကြပါတယ်။ ဒီ Website ကတော့ စာဘယ်လိုရေးရမယ်ဆိုတာကို လမ်းညွှန်ပါလိမ့်မယ်။ ကိုယ်ရေးသားထားတဲ့ စာတွေကို Site ထဲ Paste လုပ်လိုက်တဲ့အခါ စာသားတွေကို ဘယ်လိုထားသိုသင့်တယ်၊ ဘယ်လို မက်ဆေ့ခ်ျပေးမယ်၊ စာပိုဒ်တွေ ဘယ်လိုတည်ဆောက်မယ် စသဖြင့်ပေါ့လေ ပြင်ဆင်တည်းဖြတ်ပေးပါလိမ့်မယ်။ ဒါက ကိုယ့်ရဲ့ ကိုယ်ပိုင် အယ်ဒီတာလေးဖြစ်နေမှာပါ။

10.edX
www.edx.org

ဒီ Website ထဲမှာ ကမ္ဘာတစ်လွှားက တက္ကသိုလ်ပေါင်းမြောက်များစွာရဲ့ အွန်လိုင်း သင်တန်းပေါင်းမြောက်များစွာကို ရှာဖွေနိုင်ပါတယ်။ ၂၀၁၆ ဒီဇင်ဘာတုန်းက ဒီ Site ကနေတဆင့် ပညာသင်ကြားခဲ့တဲ့ ကျောင်းသား ၁၀ သန်းပြည့်ခဲ့ပြီးတော့ သင်တန်းအရေအတွက်အားဖြင့်လည်း ၁၂၇၀ ခုအထိ ချိတ်ဆက်ဖွင့်လှစ်ပေးထားပါတယ်တဲ့ဗျာ။
Credit: အခရာ

10/07/2023

Microsoft နှင့် LinkedIn တို့သည် AI Skills ကျွမ်းကျင်သူများ မွေးထုတ်ရန် ရည်ရွယ်၍ "AI Skills Initiative (ASI)" ကို ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

စျေးကွက်မှာ AI ကျွမ်းကျင်သူတွေ အများအပြား လိုအပ်တာကြောင့် ASI ကို စတင်လုပ်ဆောင်ရတယ်လို့ ဆိုထားပါတယ်။

ASI တွင် Microsoft သည် AI ကို တာဝန်သိသိဖြင့် ထိထိရောက်ရောက် အသုံးချရန် လိုအပ်သော အသိပညာများကို သင်ကြားပေးမည် ဟုဆိုထားသည်။

ASI တွင် LinkedIn ကတော့ AI နည်းပညာဆိုင်ရာ သင်တန်းတွေကို အခမဲ့ ဖွင့်ပြီး သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။ သင်တန်းပြီးမြောက်သောသူများကိုလည်း AI ကျွမ်းကျင်သူအဖြစ် အသိအမှတ်ပြုသော Professional Certificate ပေးသွားမှာပါ။

Microsoft နဲ့ Linkedin မှ AI အခမဲ့သင်တန်းများ Link -
https://www.linkedin.com/learning/paths/career-essentials-in-generative-ai-by-microsoft-and-linkedin

အဲ့ Link ကနေ ဝင်ရောက် သင်ကြားကြပါ။ Free လည်းသင်ရမယ်၊ Professional Certificate လည်း ရမယ်ဆိုတော့ ရှယ်ပဲပေါ့။



17/06/2023
Desktop Memory
28/05/2023

Desktop Memory

SSD
17/05/2023

SSD

18/03/2023

မိတ်ဆွေတို့ရေ ဒီနေ့ Pre-VarCamp ရှိတယ်နော်

→ Pre-VarCamp ဆိုတာ ဘာလဲ?

VarCamp ပွဲမတိုင်ခင် တစ်ရက်မှာ ပွဲကြိုသဘော ကျင်းပတဲ့ VarCamp ပွဲ အသေးစား တစ်ခုပဲ ဖြစ်ပါတယ်။

→ Pre-VarCamp ကို ဘယ်အချိန် လုပ်မှာလဲ?

ဒီတစ်ခေါက် Pre-VarCamp ကို မတ်လ ၁၈ ရက် (ယနေ့) ည ၆ နာရီကနေ ၈ နာရီ အထိ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

→ Pre-VarCamp မှာ ဘာတွေ လုပ်ကြမှာလဲ?

VarCamp မှာ ဦးဆောင် ဆွေးနွေးမယ့်သူတွေ ပွဲမတိုင်ခင် စမ်းသပ်ပြင်ဆင်နိုင်ဖို့၊ VarCamp ကို ယခုတစ်ခေါက်မှ စတင် တက်ရောက်မယ့် VarCamper တွေလည်း VarCamp ပွဲအကြောင်း ပိုမိုနားလည် သိရှိနိုင်စေဖို့နဲ့ ပွဲစီစဉ်သူ၊ ဝိုင်းဝန်းကူညီသူ၊ ဦးဆောင်ဆွေးနွေးသူ၊ ပါဝင်တက်ရောက်သူ အားလုံး ရင်းရင်းနှီးနှီး စကားလက်ဆုံကျ နိုင်မယ့် အစီအစဉ်တွေ စီစဉ်ထားပါတယ်။

→ Pre-VarCamp ကို ဘာလို့ တက်သင့်လဲ?

VarCamp ပွဲနေ့ ရောက်တဲ့အခါ အခက်အခဲမရှိ အဆင်ပြေချောမွေ့စွာ တက်ရောက်နိုင်ဖို့ အထောက်အကူ ဖြစ်စေပါတယ်။

→ Pre-VarCamp ကို ဘယ်က တက်ရမလဲ?

https://play.var.camp ဆိုတဲ့ ဝဘ်ဆိုက်လိပ်စာကနေ တက်ရောက်နိုင်ပါတယ်။

16/03/2023
15/03/2023
15/03/2023

VarCamp နဲ့ နီးစပ်နိုင်မယ့် နည်းလမ်းတွေ

--

မကြာခင် (မတ် ၁၉ ရက်၊ တနင်္ဂနွေနေ့) မှာ ကျင်းပမယ့် VarCamp ပွဲကို တက်ရောက်ဖို့ အဆင်သင့် ဖြစ်နေပြီလား?

VarCamp နဲ့ ပတ်သက်တဲ့ ပွဲကြို ပြင်ဆင်မှု သတင်းတွေ၊ ဦးဆောင် ဆွေးနွေးမယ့်သူတွေနဲ့ ဟောပြော ဆွေးနွေးမယ့် အကြောင်းအရာတွေ အပါအဝင် အခြား သိထားသင့်တာလေးတွေကို အလွယ်တကူ သိရှိနိုင်စေမယ့် နည်းလမ်းလေးတွေကို ပြောပြပေးမယ်နော်။

✅ Official Website

ပထမဆုံး VarCamp ရဲ့ တရားဝင် ဝဘ်ဆိုက်နဲ့ မိတ်ဆက် ပေးချင်ပါတယ်။ လိပ်စာက https://www.var.camp ဖြစ်ပါတယ်။

VarCamp ဝဘ်ဆိုက်မှာ ပွဲတက်ဖို့နဲ့ ဦးဆောင် ဆွေးနွေးဖို့ စာရင်းသွင်းနိုင်တဲ့ အပြင် ဦးဆောင် ဆွေးနွေးမယ့်သူတွေနဲ့ ပွဲ အချိန်ဇယားကိုလည်း ဝင်ရောက် ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကျင်းပပြီးစီးခဲ့တဲ့ (၂၀၂၂ နဲ့ ၂၀၂၃) ပွဲတွေက ဟောပြော ဆွေးနွေးမှု အချို့ကို ပြန်လည် နားဆင်နိုင်မှာ ဖြစ်ပြီး VarCamp ပွဲအကြောင်းနဲ့ VarCamper တွေ သိထားသင့်တဲ့ ဗဟုသုတနဲ့ သတင်း အချက်အလက်တွေကိုလည်း တင်ဆက် ပေးထားပါတယ်။

ပွဲနေ့ (မတ် ၁၉) ရောက်တဲ့အခါမှာ https://play.var.camp ဆိုတဲ့ လိပ်စာကနေ VarCamp ပွဲခင်းထဲကို ဝင်ရောက်ရမှာ ဖြစ်ပါတယ်။

✅ Social Media Channels

VarCamp ပွဲအကြောင်း တတ်နိုင်သမျှ လူအများဆီ ပျံ့နှံ့ ရောက်ရှိနိုင်စေဖို့ ပြည်တွင်းနဲ့ နိုင်ငံတကာမှာ လူသုံးအများဆုံးဖြစ်တဲ့ ဆိုရှယ်မီဒီယာတွေ သာမက သက်ဆိုင်ရာ နယ်ပယ်အလိုက် ထင်ရှားတဲ့ ပလက်ဖောင်းတွေမှာပါ VarCamp ရဲ့ Official Account တွေ ဖွင့်လှစ်ပြီး သတင်းအချက်အလက်တွေ ဖြန့်ချိလျက် ရှိပါတယ်။

VarCamp page - https://fb.me/varcamp

- ဝဘ်ဆိုက်နဲ့ တစ်ပြေးညီ ပွဲ သတင်းအချက်အလက်တွေ တင်ဆက်ပေးနေပြီး VarCamper တွေ ပွဲအကြောင်း သိလိုသမျှ အလွယ်တကူ မေးမြန်းစုံစမ်းနိုင်တဲ့ နေရာတစ်ခု ဖြစ်ပါတယ်

VarCamp Facebook Group - https://www.facebook.com/groups/varcamp/

- ဦးဆောင် ဆွေးနွေးသူတွေရဲ့ အကြောင်းအရာ မိတ်ဆက်တွေ၊ ပွဲကြို ပြင်ဆင်ထားရှိမှုတွေကို ဝင်ရောက် လေ့လာနိုင်မယ့် နေရာ ဖြစ်ပါတယ်။

YouTube - https://youtube.com/

- ကျင်းပပြီးစီးခဲ့တဲ့ VarCamp ပွဲတွေက ဟောပြောဆွေးနွေးမှုတွေကို ပြန်လည် ကြည့်ရှုနားဆင် နိုင်မှာ ဖြစ်ပါတယ်။

✅ အလားတူ အောက်ဖော်ပြပါ နေရာတွေကလည်း VarCamp ပွဲ သတင်း အချက်အလက်တွေ တင်ဆက်နိုင်ဖို့ ပြင်ဆင်လျက် ရှိပါတယ်

Twitter - (https://twitter.com/varcampmyanmar)

Instagram - (https://www.instagram.com/var_camp)

Telegram Channel - https://t.me/thevarcamp

Mastodon - https://burma.social/

VarCamp ရှိနေတဲ့ ဆိုရှယ်မီဒီယာတွေ စာရင်းကို https://bio.link/varcamp ကနေ ဝင်ကြည့်လို့ ရပါတယ်

ဒါ့အပြင် VarCamp ကို အွန်လိုင်းပေါ်ကနေ ကျင်းပနိုင်ဖို့ အသုံးပြုတဲ့ WorkAdventure ဝဘ်ဆိုက် (https://workadventu.re) နဲ့ အခန်းတွင်း ဟောပြောဆွေးနွေးရာမှာ သုံးတဲ့ Jitsi Meet (https://jitsi.org) ဝဘ်ဆိုက်တွေကို ကြိုတင် ဝင်ရောက် လေ့လာပြီး ပွဲကြိုပြင်ဆင်မှုတွေ ပြုလုပ်ထားနိုင်ပါတယ်။

ကဲ ခုဆို သင့်လက်တစ်ကမ်းတင် VarCamp ရှိနေပါပြီ။ အရောက် လှမ်းလာခဲ့ဖို့သာ မမေ့ပါနဲ့နော်။

03/03/2023
28/02/2023

ChatGPT နဲ့ ဖြစ်နေတာ က update/upgrade မလုပ် ချင် လို့ မဟုတ်ပါဘူး၊ ဘယ်သူ ကမှ အင်တာနက် ဒေတာ တခု လုံး ကို ChatGPT လို memorize လုပ်နိုင် မှာ မဟုတ်ပါဘူး၊ ဒါဆို ChatGPT ကို အသုံးပြု ရ မှာ လားမေး ရင် ၊ ပြန်မေး သင့်တာ က ChatGPT က ဘယ်လောက်မှန် နေလို့လဲ? သူ့ အဖြေ ကို ဘယ်လောက် ယုံကြည် ရလို့လဲ? သူ့ ကို သုံးပြီး မှ မဟုတ် တဲ့ အဖြေ တွေ ပေး ရင် ဘယ်လို လုပ်မလဲ? ပြီး တော့ အင်တာနက် က ရှာဖွေ သလို up to date မရနိုင်ဘူး။

နောက်တချက် က ChatGPT အသုံးပြုတာက အင်တာနက် ဒေတာပါ၊ အင်တာနက် ဒေတာ ဆိုတာ လူသားတွေ ၏ ဖန်တီး တီထွင်ချက်ပါ၊ ပြီးပြည့်စုံလား ဆိုတော့ လည်း မဟုတ်ပါဘူး၊ ကိုယ် က ဒေတာ ကို စုဆောင်း ဖို့အတွက် သာ အသုံးပြုသင့် ပြီး၊ တုပတာ ပြုစုတာ တွေ ထပ်ထည့်ရမှာ ပါ၊ အခု ChatGPT ပေးတာ က အဲဒီ ဒေတာ ကို ယူသုံးပြီး သူပေးချင်တဲ့ အဖြေကို ပေးတာပါ၊ ကော်ဖီတခွက်ကို နှပ် ပြီး နွားနို့ သကြားထည့်သောက်ရင် အနည်းဆုံးတော့ ကော်ဖီ ကို ကိုယ်ကြိုက်သလို ဖျော် တတ် သွား မှာ ပါ၊ ဒါမှ မဟုတ်ပဲ 3-1 coffee ☕ mixed ကို သောက် ချင် ရင်တော့ ရေနွေး ပူပူ ပဲ လိုပါတယ်၊ ကော်ဖီ ဖျော်နည်း သိဖို့မလိုအပ် ပါဘူး။

အရေးကြီး ဆုံး က ကိုယ့် ၏
စဉ်းစားတွေး ခေါ်ပုံ သုံးမရတော့ မှာ ပါပဲ၊ ဂဏန်းပေါင်းစက် ကို အစကတည်း က စသုံး ရင် အပေါင်းအနုတ်အမြှောက်အစား အ‌ခြေခံ လောက်တောင် မလုပ်တတ် တော့ပါဘူး၊ ပေါင်းတာ နုတ်တာကို အစကတည်း က ဘယ်လိုပေါင်းမယ် နုတ်မယ် သင်မထား ပဲ ဘယ်လို ပေါင်း ရမယ် နုတ်ရမယ် မှန်း ဘယ်လို သိမှာ လဲ?

တကယ်တော့ ChatGPT သုံးချင် ရင် သုံး လို့ရတယ်၊ သုံးရင် သူပေးတဲ့ အဖြေ က သူ့ကို လေ့ကျင့်ပေးထားတဲ့ ‌အပေါ် မူတည် ကာ မှား ကောင်း မှား နိုင်ပါတယ်၊ မှန်တော့ကော သူ ဖြေထားတဲ့ အဖြေ က ကိုယ်ဘာသာ ကိုယ် ပြုစုထားတဲ့ အဖြေ လို ကောင်းမှာ လား? ကောင်းမကောင်း ဆိုတာက ကိုယ် ဘယ်လောက် ပြုစု တတ်တယ် ဆိုတာပေါ် မူတည်ပါတယ်။

သင်္ချာမေးခွန်းဖြေချင် ရင် သင်္ချာ ပညာ တခုတည်း ကို နှစ်ပေါင်း များစွာ လေ့ကျင့် ရမှာ ပါ၊ ဒါတောင် စစ်စစ် ပေါက်ပေါက် မဖြေနိုင်တာ တွေ ရှိ နိုင်ပါတယ်၊ ChatGPT ဆိုတာ ဘာသာရပ်တခုခု အတွက် နှစ်ပေါင်းများစွာ လေ့ကျင့်ပေး ထားတာမျိုး မဟုတ်တာကြောင့်၊ လူလို စဉ်းစားတတ်တာမျိုး မဟုတ်တာကြောင့် အကောင်း ‌ဆုံး အဖြေကို ဘယ်လိုမှ မဖြေ နိုင်ပါဘူး။

မင်းကော ChatGPT မသုံးဘူးလား ဆို လာရင် လက်ရှိ အခြေအနေ အရ မသုံး ပါဘူး၊ ဘာလို့ လဲ ဆိုတော့ ကျွန်တော် google search ကနေတဆင့် ChatGPT ထက်ပိုကောင်း တာကို ရှာနိုင်ပါတယ်၊ ကိုယ့်ဆီ မှာ ရှိတဲ့ idea ကို ပေါင်းထည့်ရမှာပါ၊ Google search ကို နှံ့နှံ့ စပ်စပ် သေသေချာချာ သုံးဖူး ရင်၊ အဲဒီ ကမှ တဆင့် ကိုယ့်၏ အတွေ့အကြုံ၊ အကြံဉာဏ် တွေ ပေါင်းထည့် ပြီး စာရေး ဖူး ရင် ကျွန်တော်ပြောတာကို သဘောပေါက် ပါတယ်။

ကွန်ပြူတာ တလုံး အဆင့်ဆင့်တည်ဆောက်ပုံ ကို မေးတဲ့ အခါ ChatGPT က ကွန်ပြူတာအကြောင်း လုံးဝ မသိသူ တယောက် အထင်ကြီး အောင်ဖြေ နိုင်ပါတယ်၊ ဒါပေမယ့် experience များစွာ ရှိတဲ့ professional တယောက်က သူဖြေတာ ကို မှားမှန်း သိတယ်၊ ChatGPT က past experiences မရှိပါဘူး၊ ပြီးတော့ how to build a computer ဆိုတဲ့ YouTube videos တွေ ကို သူက ခွဲခြမ်းစိတ်ဖြာ နိုင်စွမ်း လည်း မရှိပါဘူး၊ သူ က text only ပါ။

ဒါကြောင့် how to build a computer ဆိုတဲ့ မေးခွန်း မှာ သူ့မှာ လိုအပ်ချက်များ စွာ ရှိနေပါတယ်။

ကျွန်တော် တို့ chess ကစားချင်ရင် ကစားကွက် တွေကို အရင်မှတ်ရတယ်၊ ပြိုင်ဖက် က ဘယ်အကွက်ရွှေ့ရင် ကိုယ် က ဘယ်အကွက်ရွှေ့မယ်ဆို တာကို လေ့လာသင်ယူရတယ်၊ learn or train လုပ်တာပါပဲ၊ အဲဒါ မရှိပဲ ကစားလို့ မရပါဘူး၊ computer ကို chess ကစား တဲ့ အခါ လူက ရှုံး တာသည် ကွန်ပြူတာက အဲဒီ အကွက် သန်းပေါင်း များစွာ ကို သူမှတ်ထားပြီး ပြိုင်ဖက် က တကွက်ရွှေ့ရင် အဲဒီ အကွက် ပေါ် မူတည်ကာ ဘယ်လိုအကောင်း ဆုံး ပြန်ရွှေ့ ရမလဲ ဆိုတာကို သူ မှာ မှတ်ထားတဲ့ အကွက်ပေါင်း များစွာ ထဲ က algorithm အရ ရွှေးချယ်တာပါ၊ ပြီးမှ အကောင်းဆုံး အကွက်ကို ရွှေ့တာပါ။

လက်ရှိမှာ ChatGPT သည် 2021 အထိ သာ လေ့ကျင့်ထားပေးတယ် ဆိုပါတယ်၊ အဲဒီ နောက်ပိုင်း ပေါ်လာတာတွေ ကို ChatGPT ကိုသွားမေး လို့ မရနိုင်ပါဘူး၊ ဥပမာ။ ။ ကိုဗစ် နဲ့ ပါတ်သက်ပြီး သုတေသီ တွေ ၏ နောက်ဆုံး တွေ့ရှိချက် ကို သွားမေးရင် မသိပါဘူး၊ ဒါကြောင့်ကိုယ် က အမြဲတမ်း update လုပ် ချင် နေသူ တယောက်သည် လက်ရှိ ChatGPT ကို အသုံးပြုလို့ မရနိုင်ပါဘူး။

Update လုပ်ချင် ရင်တော့ ကိုယ် ၏ အရည်အချင်း ကို ပဲ update လုပ်ရမှာ ပါ။

အကြံပြုချင်တာက စာကောင်းပေကောင်း များများ ဖတ်ပါလို့ ပါ၊ ကိုယ် အထူးပြု လေ့လာချင်တာမျိုး ကို ပိုပြီး ဖတ်မှတ်၊ လေ့လာ သုံးသပ်ရမှာပါ။

Chess ကစား ဖို့ လေ့ကျင့်ထားသူ ကို ကွန်ပြူတာ အကြောင်း မေးလို့ မရ ပါဘူး၊ ဓါတုဗေဒ အထူးပြု လေ့လာထားသူကို ကဗျာ စပ် ခိုင်း လို့ ရ ချင် မှ ရပါမယ်၊ မြန်မာစာ ချည်း လေ့လာထား သူကို အင်္ဂလိပ်စာ ရေး ခိုင်း လို့မရနိုင်ပါဘူး၊ ဆိုလိုတာ က လူသား တိုင်း က မိမိ လေ့လာ ဖတ်ရှုပြီး တာကို ပဲ အကောင်းဆုံး ပြန်ထုတ်နှုတ် သုံးဆွဲ နိုင်တာ မျိုး ပါ။

ဒါကြောင့် သက်ဆိုင်ရာ ဘာသာ ရပ် အသီးသီး မှာ တောင် မျိုးကွဲ တွေ အများ ကြီး ဖြစ်ပေါ်လာတာပါ၊ အင်္ဂျင်နီယာ လို့ပြောရင် ဘာ အင်္ဂျင်နီယာ လည်း ဆို တာ ပါလာပါတယ်၊ သူ ၏ အထူးပြု လေ့လာချက်ပါ၊ Electronic Engineer
တယောက်သည် Civil Engineering အကြောင်း မသိပါဘူး၊ ဘာလို့ မသိတာလဲ ဆိုတော့ သင်မှ မသင်ထားတာပါ။

အရေးကြီး တာ နောက် တခု က မိမိ ၏ အတွေး အခေါ် တွေ သည် မိမိ ဖတ်မှတ် လေ့လာ ချက်များ ကို ဦးနှောက် က သိမ်းဆည်းထားချက်ပေါ် မှာ မူတည်ပြီး ပြန်လှန် စဉ်းစား သုံးသပ်ကာ အဖြေ ထုတ်ပေး ခြင်း မျိုး ပင် ဖြစ်ပါတယ်၊ ဘာလေ့လာမှုမှ မရှိရင် ကိုယ့်၏ ဦးနှောက်မှာ ဘာ သိမ်းဆည်းထားမှု မှ မရှိ‌တာကြောင့် ဘာ တခု မှ ကြံစည်တွေးတော ထုတ်ပေး လို့ မရတော့ တာပါ။

ဘယ်လို အချိန် မျိုး မှာ ChatGPT က ကိုယ့်ထက် သာသွားနိုင်မလဲ ဆိုတာကတော့ လေ့လာနေရမှာပါ၊ ChatGPT က ထုတ်ပေးတဲ့ results သည် ကိုယ့် ဦးနှောက် က ထုတ်ပေးတဲ့ results ထက် သာရင် တော့ ကိုယ် က သူပေးတာကို တုပ ပြီး သူ့ထက် ပိုကောင်း တဲ့ results ဖြစ်အောင် ပြုပြင် နိုင်ပါတယ်၊ လောလောဆယ်တော့ ChatGPT သည် မေးတဲ့ မေးခွန်း အတူတူ မှာ ပြန်ပေးတဲ့ အဖြေ က တကြိမ် နဲ့ တကြိမ် မတူ ပါဘူး၊ ဒါဟာ ဘာကို ဖေါ်ပြ နေသလဲ ဆိုရင် ChatGPT အဖြေ ထုတ် ပေးတာ တခါတည်း အကောင်းဆုံး မဟုတ်ဘူး ဆိုတာပါ၊ သူထုတ်ပေး တဲ့ results တွေ ၏ အဖြေပေါ် မူတည် ပြီး ပေါင်းစပ် သင့်က ပေါင်းစပ်ပေး ပါက ပိုမိုကောင်း မွန်တဲ့ အဖြေတခု ရရှိနိုင်ပါတယ်။

တကယ်လို့ ၁၀ ကြိမ် အဖြေ ထုတ်လို့ တကြိမ်မှ ကိုယ်တွေးတော စဉ်ခြင် တဲ့ ၊ လိုချင် တဲ့ အဖြေ မျိုး မထုတ်ပေး နိုင်ရင်တော့ ChatGPT ၏ စွမ်းရည် သည် မေးခွန်း ထုတ်စရာ ဖြစ်ပါတယ်။✍️

https://m.facebook.com/story.php?story_fbid=1941404925943433&id=805387429545194

Address

Yangon

Telephone

+959765415310

Website

Alerts

Be the first to know and let us send you an email when MCNG IT.Gadgetry posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share