Easy Myanmar - News & Media

Easy Myanmar - News & Media Truth NEWS drive State's Sustainability & Empower the Nation

 #အွန်လိုင်းရှော့ပင်းများအားသတိမူစေလိုပါသည် #အပြိုင်အဆိုင်များတဲ့ လမ်းခဏခဏပျောက်တဲ့  #ဒစ်ဂျစ်တယ်ခေတ်ထဲမှာ သူ့ထက်ငါအလုအယက...
30/07/2020

#အွန်လိုင်းရှော့ပင်းများအားသတိမူစေလိုပါသည်

#အပြိုင်အဆိုင်များတဲ့ လမ်းခဏခဏပျောက်တဲ့ #ဒစ်ဂျစ်တယ်ခေတ်ထဲမှာ သူ့ထက်ငါအလုအယက် လွှင့် တွေဖန်တီး စီကာပတ်ကုံးကြော်ငြာ တွေပေး ပစ္စည်းတွေ လက်ဆောင်ပေး အစရှိသဖြင့် #ကြိုးစားပန်းစား #လမ်းဖောက်လုပ်ကိုင်နေရတာ #သိပ်တော့မလွယ်လှပါဘူး ဂုဏ်လည်းယူပါတယ် #အားလည်းပေးပါတယ် အားကျတဲ့စိတ်အမြဲဖြစ်မိပါတယ်

ကျွန်တော်တို့လည်းထို့နည်းတူစွာပါဘဲ ပေါင်းမြောက်များစွာထဲက တစ်ခုအပါအဝင်ဖြစ်တယ်.....

#ကိုယ်တိုင်ကြုံဖူးခဲ့လို့ ပြန်လည်မျှဝေချင်တဲ့ #အကြောင်းအရာလေးတစ်ခုကို လုပ်ချင်ပါတယ် ကျွန်တော်တို့အရင်လည်းများစွာကြုံဖူးကြသူတွေ ရှိကြမှာပါ။

#စစခြင်းသတိထားမိတော့ အဲ့ဒီလောက်မဟုတ်ပါဘူးပေါ့ #ဒီလိုကိစ္စတွေကနေ့စဉ်ကြုံနေ အမြဲဖြစ်ပျက်နေမှာပါဘဲပေါ့။

#ဘာအခြေအမြစ်မှမရှိသူတွေ #မိမိစတေးတပ်စ်ကိုမဖော်ပြနိုင်သူတွေ လို့တောင်ကြည့်ရတာမပီပြင်ကြသူတွေ #ဘာဆိုရှယ်မီဒီယာ မှမရှိသူတွေ (အလွန်ဆုံးရှိလှရင် Friends #30 #40 လောက်ဘဲရှိလိမ့်မယ်) အစရှိသဖြင့် မမြင်ရတဲ့အပေါ် (အွန်လိုင်းအခြေပြု မရိုးမသားလုပ်စားသူများ) တွေဖြစ်နေပြီး၊ Giveaway Programs တွေအတွက် ACC ပေါင်းမြေက်များစွာဖန်တီး၊ တွေသက်သက်ပေးပြီး #စီးပွားရေးတစ်ခုအဖြစ် လုပ်စားနေကြတယ်လို့ဘဲ နားလည်းမိပါတယ်.....

သို့ပေမယ့် တဖက်မှာ #စဉ်းစားစရာတွေ #သတိပြုဆင်ခြင်စရာတွေရှိနေပြန်တယ်

မိမိရဲ့ #ရောင်းအားတက်စေဖို့ ကြိုးစားပန်းစား တွေလက်ထဲအရောက်၊ ပျော်စရာကောင်းတဲ့ #စီစဉ်တင်ဆက်မှုလေးတွေနဲ့ လှုပ်ကှိုင်ဖန်တီးပေးကြရတာဆိုတော့ #အများကြီးနစ်နာပါတယ် :(

#ကိုယ့်ဖောက်သည်လက်ထဲမရောက်ဖူး
#အချိန်ကုန်တယ် ‌ #လူပင်ပန်းတယ် အခန့်မသင့်ရင် #စိတ်ပင်ပန်းပီးတော့ကျန်ခဲ့တယ် #ပြဿနာလေးပါ တစ်ခါတလေ အဆစ်ရလိုက်သေးတယ်၊ ကျန်သောအကြောင်းတရားတွေလည်း ရှိကောင်းရှိနိုင်ပါတယ် .....

ကျွန်တော်စဉ်းစားမိပြီး အကြံပြုလိုတာက #သေချာလေးစီစစ်ဖို့ပါဘဲ၊ #စည်းကမ်းချက်လေးတွေကြိုတင်စဉ်းစားပြီး Customers တွေလက်ထဲ #တိုက်ရိုက်ရောက်ပြီး မိမိ၏လုပ်ငန်း #ရောင်းချသောပစ္စည်း #တာဝန်ယူမှု၊ အစရှိသဖြင့် ဆောင်တဲ့ရလာဒ်ကောင်းတွေပိုင်ဆိုင်စေခြင်လို့ ရေးသားဖော်ပြခြင်းဖြစ်ပါတယ်။ ။

ကျွန်တော်တို့လို Online Shoppings တွေ တစ်ရက်တစ်ရက်ကို သူ့ထက်ငါပိုပြီး ရောင်းပန်းသာလို့ဝယ်ပန်းတွေလှနိုင်အောင် အစီအစဉ်တွေ ရာနဲ့ထောင်ချီထက်မက ရှိနိုင်ပါတယ်။ ကိုယ်ပေးလိုက်တဲ့ #ပစ္စည်းဘယ်နှစ်ခုဘဲဖြစ်ဖြစ်လုပ်စားနေသူတွေရသွားလို့ဘာမှမဖြစ်ပါဘူး၊ ဒါပေမယ့် #မိမိရဲ့ဖောက်သည်တွေ
၊ #တကယ်မှန်မှန်ကန်ကန်ဝင်ပြီး Share ပေး Like ပေး #ကြော်ငြာပေးတဲ့သူတွေ၊ မရရှိတာက #ဆုံးရှူံးမှုတစ်ခုပါဘဲ။ ။

#ရွှင်လန်းချမ်းမြေ့ကြပြီး #အလုပ်အကိုင်များအဆင်ပြေ၍ #စီးပွားလာဘ်လာဘတွေ #ဆထက်တန်ဖိုးပိုမို၍ #တိုးတက်ကြပါစေ။ ။



မှတ်ချက်။ ။လွပ်လပ်စွာမျှဝေနိုင်၍ ဝေဖန်အကြံပြုနိုင်ပါသည် :) ။ ။

🇨🇳  #တရုတ်နိုင်ငံအနေနဲ့နိုင်ငံခြားရေးမူဝါဒကိုပြန်သုံးသပ်ချိန်တန်ပြီလား⁉️တရုတ်နဲ့ ကမ္ဘာ့နိုင်ငံအတော်များများရဲ့ Honeymoon...
30/07/2020

🇨🇳 #တရုတ်နိုင်ငံအနေနဲ့နိုင်ငံခြားရေးမူဝါဒကိုပြန်သုံးသပ်ချိန်တန်ပြီလား⁉️

တရုတ်နဲ့ ကမ္ဘာ့နိုင်ငံအတော်များများရဲ့ Honeymoon period ချိုမြိန်သောဆက်ဆံရေးအချိန်တွေဟာ ပြီးဆုံးလုဖြစ်နေပါပြီ။

🇧🇬 ဘူဂေးရီးယားနိုင်ငံဟာ အရှေ့ဥရောပမှာ တရုတ်ကိုဆန့်ကျင်ပြတဲ့ လက်ရှိနောက်ဆုံးနိုင်ငံတစ်ခုဖြစ်ပါတယ်။

ဘူဂေးရီးယားရဲ့ဝန်ကြီးချုပ် Boiko Borissov ရဲ့အပြောအရ သူအိပ်နေတဲ့ပုံကို တရုတ်အစိုးရကပေးထားတဲ့ စပိုင်ဒရုန်းနဲ့ သူ့ကိုဆန့်ကျင်တဲ့သူတွေက ခိုးရိုက်သွားတယ်လို့ ဆိုပါတယ်။

အဲ့ဒီပုံထဲမှာ Boiko Borissov ဟာ သေနတ်တစ်လက်ရယ် ငွေအပုံလိုက်ရယ် အိပ်ရာဘေးမှာထားပြီး အိပ်နေတာတွေ့ရပါတယ်။

အဲ့ဒီမှာ မေးစရာဖြစ်လာတာက တရုတ်အနေနဲ့ သူနဲ့ချစ်ကြည်ပြီးသား အစိုးရနဲ့မိတ်ရင်းဆွေရင်းအစစ်အမှန်အဖြစ်ပေါင်းမလား⁉️ အစိုးရကိုဆန့်ကျင်နေသူတွေ လုံးလားထွေးလားနဲ့ အစိုးရကိုဆန့်ကျင်ဖို့ပစ္စည်းတွေထောက်ပံ့မှာလား⁉️ မေးစရာဖြစ်လာပါတယ်။

🔥 မီးစာတစ်ဖက်၊ 💦 ရေမှုတ်တစ်ဖက်ဝါဒဟာ ဒီခေတ်ကြီးမှာ ချစ်ကြည်ရေးတည်ဆောက်ထားသမျှ သဲထဲရေသွန်ဖြစ်တတ်ပါတယ်။

တကယ်တော့ Boiko Borissov ဟာ မကြာသေးခင် ၂၀၁၈ တုန်းက ဥရောပသမဂ္ဂရဲ့ ဖိအားပေးတာကိုဆန့်ကျင်ကာ တရုတ်ဖက်မျက်နှာသာပေးပြီး Sofia မှာ China-CEE summit 2018 ကို ဦးဆောင်ကျင်းပခဲ့သူပါ။

CEE ဆိုတာ ဥရောပအလယ်နဲ့အရှေ့နိုင်ငံများအဖွဲ့ဖြစ်ပါတယ်။

အရင်ဆိုဗီယက်ပြည်ထောင်စုရဲ့ ဝါဆောစာချုပ်ဝင်နိုင်ငံတွေများပါတယ်။

အခုတော့ ချိုမြိန်တဲ့ဆက်ဆံ​ရေးကနေ ချဉ်တဲ့ဘက်ကူးလာတဲ့ လက္ခဏာကို တွေ့နေရပါပြီ။

အဲ့ဒီဒေသတွင်းမှာ ဘူဂေးရီးယားတစ်နိုင်ငံတည်း တရုတ်နဲ့ဆက်ဆံရေး ပျက်ပြားစပြုလာတာမဟုတ်ပါ။

🇨🇿 ချက်ရီပ္ပလစ်ရဲ့ Prague မြို့တော်ကောင်စီက တရုတ်နိုင်ငံ ပေကျင်းမြို့တော်နဲ့ ညီအမမြို့တွေဖွဲ့ထားခြင်းကို ၂၀၁၉ အောက်တိုဘာလက ရပ်ဆိုင်းလိုက်ပါတယ်။

ချက်ရဲ့ ဆီနိတ်လွှတ်တော်ဥက္ကဌဟာ 🇹🇼 ထိုင်ဝမ်နိုင်ငံကို နောက်လထဲမှာ သွားရောက်လည်ပတ်ဖို့ စီစဉ်ထားပါတယ်။

ဒါဟာတရုတ်ကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်ပြလိုက်တာ ဖြစ်ပါတယ်။

ချက်သမ္မတဆိုရင် တချိန်က တရုတ်နဲ့အလွန်နီးကပ်စွာနေသူဖြစ်ခဲ့ပေမယ့် ပြီးခဲ့တဲ့ ဧပြီလတုန်းက တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုကတိတွေ မတည်မှုကို 17+1 summit မှာ ဝေဖန်ခဲ့တာပါ။

17+1 ဆိုတာ အစက CEE 16 နိုင်ငံနဲ့ တရုတ်နဲ့ စာချုပ်ချုပ်ခဲ့တာ။ နောက်တော့ 🇬🇷 ဂရိနိုင်ငံက 17 နိုင်ငံအဖြစ်ဝင်ပေါင်းလာတော့ 17+1 (ခေါ် ) 17+China ဖြစ်သွားတာ။

ပြီးခဲ့တဲ့မေလတုန်းကလည်း 🇱🇹 လစ်သူယေးနီးယားနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးဟာ ထိုင်ဝမ်ကို WHO ထဲပြန်သွတ်သွင်းဖို့ လှုံ့ဆော်ခဲ့ပါတယ်။

အဲ့ဒီလထဲမှာပဲ CEE ဥရောပအလယ်နဲ့အရှေ့နိုင်ငံများအဖွဲ့ရုံးက ဝန်ထမ်းတွေဟာ တရုတ်ဆီ ကန့်ကွက်လွှာပေးပို့တဲ့အထဲမှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

တရုတ်ရဲ့ ဟောင်ကောင်ကို အမျိုးသားလုံခြုံရေးဥပဒေသွတ်သွင်းတဲ့ကိစ္စကို ကန့်ကွက်ကြတာပါ။

CEE နိုင်ငံတွေဟာ အရင်ဆိုဗီယက်ပြည်ထောင်စုရဲ့ ထိန်းချုပ်မှုအောက်မှာနေခဲ့ရတော့ အခုလို အမျိုးသားလုံခြုံရေးဥပဒေမျိုးနဲ့ ပြည်မကြီးက တင်းကျပ်တာမျိုးကို မကြိုက်ကြပါ။

သူတို့မှာအတိတ်က ဆိုဗီယက်ရဲ့ နှိပ်ကွပ်မှုတွေကို ခါးသည်းစွာခံခဲ့ဖူးတာမို့ ဖြစ်ပါတယ်။

သူတို့ဟာ ဆိုဗီယက်ပြည်ထောင်စုကနေခွဲထွက်ပြီး ကိုယ့်နိုင်ငံကိုယ်ပြန်ထူထောင်ခဲ့ကြသူတွေပါ။

ဒါကြောင့် ဟောင်ကောင်သားတွေရဲ့ အခွင့်အရေးဆန္ဒပြပွဲတွေကို စာနာကြပါတယ်။

🇭🇰 ဟောင်ကောင်ဆန္ဒပြပွဲတွေမှာ အရှေ့ဥရောပရဲ့ဗျူဟာတွေသုံးတာရှိပါတယ်။ ဥပမာ - Lennon wall နဲ့ Baltic way တွေဖြစ်ပါတယ်။

၂၀၁၉ ဇူလိုင်လတုန်းကလည်း စလိုဗက်သမ္မတ Zuzana Caputova က အလည်လာတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi ကို လူ့အခွင့်ရေးသမားတွေကို နှိပ်ကွပ်မှုကိစ္စကို ဝေဖန်ခဲ့ပါသေးတယ်။

​နောက်လမှာပဲ လတ်ဗီးယားက တရုတ်သံတမန်တွေကိုခေါ်ပြီး ပြင်းထန်စွာဝေဖန်တာတွေလုပ်ခဲ့ပါသေးတယ်။

🇨🇳 တရုတ်ဘက်ကလည်း ကြက်ခေါင်းဆိတ်မခံဖြစ်ပြီး ဝေဖန်မှုကို ပြဿနာပြန်ရှာခဲ့ပါတယ်။

ချက်နိုင်ငံ Prague မြို့တော်က မူလပထမ Lennon Wall ပေါ်မှာ တရုတ်မျိုးချစ်ဆိုသူတွေက တရုတ်နိုင်ငံတည်ထောင်ခြင်း နှစ် ၇၀ မြောက် graffiti သရုပ်ပျက်တွေလာရေးခဲ့ပါတယ်။

ဒီနှစ်မေလမှာပဲ ရိုမေးနီးယားနိုင်ငံဟာ တရုတ်ကုမ္ပဏီနဲ့ နယူးကလီးယားဓာတ်အားပေးစက်ရုံတည်ဖို့ စာချုပ်ချုပ်ထားတာကို ပယ်ဖျက်ခဲ့ပါတယ်။

ပိုလန်ရယ်၊ ချက်ရယ်၊ ရိုမေးနီးယားရယ်၊ အက်စတိုးနီးယားရယ် လေးနိုင်ငံက တရုတ်ကုမ္ပဏီ ဟွာဝေးနဲ့ 5G ဆက်သွယ်ရေးကွန်ယက်တည်ဆောက်မယ့်ကိစ္စကို ပိတ်ပင်မယ်လို့ ဆိုလိုက်ပါတယ်။

လတ်ဗီးယားကလည်း တရုတ်-ရုရှားရဲ့ နဂါး-ဝက်ဝံ မဟာမိတ် (dragonbear alliance) လုပ်တာကိုကြည့်ပြီး လတ်ဗီးယားရဲ့ ထောက်လှမ်းရေးအေဂျင်စီမှာ တရုတ်ပြည်ကို #အမျိုးသားလုံခြုံရေးကိုခြိမ်းခြောက်မယ့်နိုင်ငံစာရင်းထဲ ထည့်ကြေညာလိုက်ပါတယ်။

အခု 17+China မှာ ဟန်ဂေရီ၊ ဂရိနဲ့ ဆားဗီးယားကလွဲလို့ ကျန်နိုင်ငံတွေက တရုတ်ရဲ့ ခေတ်သစ်ပိုးလမ်းမကြီးစီမံကိန်း Belt and Road ကိစ္စမှာ #ပါဝင်ဆွေးနွေးဖို့ငြင်းကြပါတယ်။

Covid-19 ကိစ္စမှာလည်း ကမ္ဘာ့နိုင်ငံတော်တော်များများက တရုတ်ရဲ့ကိုင်တွယ်ပုံကို မကြည်ကြပါဘူး။

အခုတင်ပြခဲ့သလို CEE ၁၇ နိုင်ငံမှာ ၁၄ နိုင်ငံက တရုတ်အပေါ်အမြင်မကြည်ကြပါ

ဥရောပသမဂ္ဂဝင်နိုင်ငံတွေကလည်း ဟောင်ကောင်ကိစ္စရော Covid ကိစ္စမှာ တရုတ်ကိုမကြည်ကြပါ။

အာရှတိုက်ဘက်မှာ အိန္ဒိယဟာ တရုတ်နဲ့နယ်စပ်ပြဿနာတက်နေပြီး ပြင်သစ်ကနေ အသစ်စက်စက်ရောက်လာတဲ့ စစ်လေယာဉ်တွေကို တရုတ်နယ်စပ်အရေးကိစ္စမှာသုံးမယ် အသံထွက်နေပါတယ်။

အိန္ဒိယဝန်ကြီးချုပ်မိုဒီက တရုတ်နယ်စပ်ကို စစ်သား ၃၅၀၀၀ ပို့နေပါတယ်။

Covid ကာလ ဧပြီလထဲမှာပဲ နီပေါမှာ တရုတ်ကုမ္ပဏီတစ်ခုနဲ့ ဒေသခံတွေ ပြဿနာတက်ခဲ့ပါတယ်။

အရှေ့အာရှမှာ ဂျပန်က တရုတ်ကနေရင်းနှီးမြှုပ်နှံမှုတွေ ပြန်ဆုတ်နေပါတယ်။

ဟောင်ကောင်ကိစ္စကသိတဲ့အတိုင်း ဟောင်ကောင်သားတွေက ပြည်မကြီးကို မကြည်ပါ။

ထိုင်ဝမ်နဲ့ကလည်း အခြေအနေတင်းမာနေတာ အားလုံးအသိပါ။

ဖိလစ်ပိုင်က သမ္မတဒူတာတေးဟာ တရုတ်နဲ့ ရင်းရင်းနှီးနှီးဆက်ဆက်တာကို ဖိလစ်ပိုင်ပြည်သူတွေမကြိုက်ကြပါဘူး။

တောင်တရုတ်ပင်လယ်ကိစ္စနဲ့ပတ်သက်ပြီး တရုတ်ကို ဖိလစ်ပိုင်၊ မလေးရှား၊ ဗီယက်နမ် စတဲ့နိုင်ငံတွေကမကြည်ပါ။

အင်ဒိုနီးရှားက လတ်တလောသင်္ဘောသားတွေကိစ္စပြဿနာတက်ထားပါတယ်။ တရုတ်ငါးဖမ်းသင်္ဘောတွေကိစ္စကလည်း ပြဿနာရှိပါတယ်။

ဒီနေ့ပဲတရုတ် PLA စစ်တပ်က H-6G နဲ့ H-6J ဗုံးကြဲလေယာဉ်ကြီးတွေ တောင်တရုတ်ပင်လယ်စစ်ဆင်ရေး ညဘက်လေ့ကျင့်တယ်လို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ ၃ နှစ်လောက်က စင်ကာပူက သံချပ်ကာကားတွေကို ဟောင်ကောင်မှာ ဖမ်းပြီးဆွဲစိဖူးတာကလည်း ကောင်းတဲ့ကိစ္စတစ်ခုမဟုတ်ခဲ့ပါ။

ဩစတေးလျကလည်း Covid ကာလမှာ တရုတ်နဲ့ပြဿနာတက်နေတာပါ။ တရုတ်ကိုဝေဖန်လို့ တရုတ်သံအမတ်က ဩစတေးလျရဲ့ 🍷 🍾 ဝိုင်နဲ့ 🥩 အမဲသားကို မဝယ်ဘူးခြိမ်းခြောက်ခဲ့အပြီးမှာ အမဲသားတင်သွင်းမှုကိစ္စပြဿနာတက်ခဲ့ပါတယ်။

အာဖရိကတိုက်ဘက်ကိုကြည့်ပြန်ရင်လည်း တရုတ်ပြည်ကအချဉ်အိုးတည်တာသာဆိုရင် တော်တော်အချဉ်ပေါက်နေပါပြီ။

အာဖရိကန်တွေကို တရုတ်ပြည် ကွမ်ကျိုးမှာ နွားလိုဆက်ဆံပါတယ်ဆိုပြီး အာဖရိကတိုက်နိုင်ငံအစိုးရတွေက မကျေနပ်ကြပါ။

ဒီအကြောင်းတွေကို ကျနော်သတင်းရေးဖူးတာမို့ အသေးစိတ်ပြန်မရေးတော့ပါ။

မြောက်အမေရိကတိုက်ဘက်ကိုကြည့်ပြန်ရင်လည်း အမေရိကန်ပြည်ထောင်စုနဲ့က ထရမ့်တက်လာပြီးနောက် ကုန်သွယ်ရေးစစ်ပွဲကနေ အခုသံတမန်ရေးစစ်ပွဲအထိဖြစ်လာပါပြီ။

ကနေဒါနိုင်ငံနဲ့ကလည်း Covid ကိစ္စရော ဟွာဝေးကုမ္ပဏီပိုင်ရှင်ရဲ့ သမီးကိစ္စမှာရော မပြေလည်ပါ။

​🇬🇧 ယူကေနိုင်ငံနဲ့က ဟောင်ကောင်ကိစ္စမှာ ဆက်ဆံရေးအတော်ကြီးဆိုးရွားခဲ့ပါတယ်။

🇫🇷 ပြင်သစ်ကလည်း တရုတ်သံရုံးကို Covid ကိစ္စ သတင်းအမှားဖြန့်ပါတယ်ဆိုပြီး သတိပေးဖူးပါတယ်။

တောင်အမေရိကတိုက်မှာလည်း Covid ကာလအတွင်း ဝေဖန်မှုအနည်းငယ်ရှိထားပါတယ်။

ဒါဆိုရင်တရုတ်အနေနဲ့ ကမ္ဘာပေါ်ရှိတိုက်ကြီးတွေအားလုံးမှာ အချဉ်အိုးလှည့်တည်သလို ဖြစ်ခဲ့ပါတယ်။

နိုင်ငံတော်တော်များများရဲ့မကျေနပ်ချက်တွေက....

▪️တရုတ်ပြည်ရဲ့ စီးပွားရေးကတိကဝတ်ကို လိုက်နာရန်ပျက်ကွက်တယ်လို့ မြင်ကြတာ။

▪️စီးပွားရေးမှာ တဖက်စောင်းနင်းနိုင်တယ်လို့ မြင်ကြတာ။

▪️ပြည်တွင်းရေးကိစ္စတွေမှာ အစိုးရကိုတကယ်ကူညီမှာလား၊ အစိုးရကိုဆန့်ကျင်သူတွေကို ဘာလို့နောက်ကွယ်ကနေကူညီနေသလဲလို့မေးလာကြခြင်းပါ။

▪️အခု Covid ကိစ္စကတော့ တရုတ်အပေါ်နိုင်ငံအသီးသီးက ပြည်သူတွေက ပိုပြီးအမြင်စောင်း​စေခဲ့ပါတယ်။

▪️အဆိုးရွားဆုံးက #တရုတ်ရဲ့တင်းတင်းမာမာတုန့်ပြန်ပြောဆိုမှုပါ။

ဒီလိုဆက်ဆံမှုတွေကြောင့် မကျေနပ်ကြချိန်မှာ Covid ကိစ္စကြောင့် တရုတ်ပြည်ဆန့်ကျင်ရေးအမြင်တွေ နိုးကြားလာစေခဲ့ပါတယ်။

🔬 တကယ်တော့ တရုတ်ပြည်ကနေ Covid ထိန်းမရအောင်ပြန့်နှံ့သွားခဲ့သော်လည်း ဝူဟန့်ရှိ ဓာတ်ခွဲခန်းကနေ Covid ပိုးကို ဖန်တီးယူတယ်လို့ ကျနော်လုံးဝမယုံကြည်ပါ။

တရုတ် သမ္မတ Xi Jiping ရဲ့ လက်ချက်ဆိုတာလည်း မယုံကြည်ပါ။

သို့သော် Covid အစပိုင်းမှာ တရုတ်ရဲ့ကိုင်တွယ်မှု မှားယွင်းခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ် တရုတ်ပြည်နဲ့ နိုင်ငံတော်တော်များများရဲ့ ဆက်ဆံရေးမကောင်းတာတော့အမှန်ပဲဖြစ်ပါတယ်။

CEE 17+1 နိုင်ငံတွေကဆိုရင် တရုတ်နဲ့ကူးလူးဆက်ဆံခဲ့သမျှဟာ #ဓာတ်ပုံရိုက်တင်တဲ့ရုပ်ပြတွေသာဖြစ်ပြီး ရင်နှီးမြှုပ်နှံမှုတွေ တကယ်လာဖို့ တရုတ်ပြည်က လက်တွန့်နေတယ်လို့ ဝေဖန်ပါတယ်။

ဒါ့ကြောင့်တရုတ်အစိုးရရဲ့ ခေတ်သစ်ပိုးလမ်းမကြီးစီမံကိန်းကို ယုံကြည်မှုလျော့နည်းလာပါတယ်။

တရုတ်နိုင်ငံအနေနဲ့ #ဆွေမျိုးပေါက်ဖော်စိတ်ဓာတ်အမှန်အကန်နဲ့ မြန်မာနိုင်ငံလို နိုင်ငံမျိုးကို ဆက်ဆံမှသာလျှင် #နှစ်ဦးနှစ်ဖက်အကျိုးဖြစ်ထွန်းပြီးရေရှည်တည်တန့်ခိုင်မြဲတဲ့မိတ်ဆွေကောင်းကို ရရှိမယ်လို့ မြင်ပါတယ်။

ဒါ့ကြောင့် အခုလက်ရှိအခြေအနေမှာ တရုတ်နိုင်ငံအနေနဲ့ နိုင်ငံခြားရေးပေါ်လစီကို ပြန်လည်သုံးသပ်ရန်လိုအပ်နေပြီလို့ မြင်ပါတယ်။

တဖက်ကလည်း တရုတ်ပြည်ကနေ #ပြည်ပကိုစီးပွားရေးလာလုပ်မယ့်သူတွေကို အဲ့ဒီနိုင်ငံတွေနဲ့ မိတ်ဆွေစိတ်ရင်းစေတနာအမှန်နဲ့ သွားရောက်လုပ်ကိုင်မှသာ ရေရှည်မှာအောင်မြင်မှာဖြစ်ကြောင်း ၊ အပေါ်စီးကနေ မနေသင့်ကြောင်း သင်တန်းတွေပေးသင့်နေပြီလို့ မြင်ပါတယ်။

အများနဲ့တစ်ယောက်မှာ အများကမနှစ်မြို့မှုဖြစ်လာရင် ရေရှည်မှာ အဆင်မပြေတဲ့ ဆက်ဆံရေးတွေပဲ ကြုံတွေ့ရမှာဖြစ်ပါကြောင်း။

ဘယ်သူမဆိုအပေါ်စီးကနေ အသာယူကာဆက်ဆံတတ်တဲ့သူမျိုးကို ရေရှည်လက်ခံကြမှာမဟုတ်ဘူးမလား⁉️

💞 🌏 ကမ္ဘာကြီးမှာ Global citizenship ဆိုတဲ့အမြင်နဲ့နေတတ် စီးပွားရေးလုပ်တတ်ဖို့ လိုလာပါပြီ။

https://www.facebook.com/Richard-Myo-Thant-109119807474881/

https://www.facebook.com/richard.myothant

Richard Myo Thant
30-July-2020

🦠 Covid-19 ကြောင့်  #သေနှုန်းဟာဒီနှစ်အကုန်မှာသိသိသာသာကြီးလျော့ကျသွားလိမ့်မယ်လို့ ဘီလ်ဂိတ်ကမှန်းပါသတဲ့။အင်္ဂါနေ့က CNBC နဲ...
29/07/2020

🦠 Covid-19 ကြောင့် #သေနှုန်းဟာဒီနှစ်အကုန်မှာသိသိသာသာကြီးလျော့ကျသွားလိမ့်မယ်လို့ ဘီလ်ဂိတ်ကမှန်းပါသတဲ့။

အင်္ဂါနေ့က CNBC နဲ့ အင်တာဗျူးလွှင့်ရာမှာ ဘီလ်ဂိတ်က အခုလိုပြောကြားလိုက်တာဖြစ်ပါတယ်။

ဘီဂိတ်အင်တာဗျူးအကြောင်းမပြောခင် ကမ္ဘာ့ Covid အခြေအနေကိုအရင်ပြောပါမယ်။

🌎 ယနေ့အထိ ကမ္ဘာမှာ Covid ပိုးတွေ့ရှိသူပေါင်း ၁၆.၉၇ သန်း ရှိပါတယ်။ နက်ဖြန်မှာ ၁၇ သန်းပြည့်ပါလိမ့်မယ်။

🔥 ကူးစက်နှုန်းက ကြောက်ခမန်းလိလိပါ။

#ဒီတစ်လခွဲကာလအတွင်းမှာ #နှစ်ဆတိတိဖြစ်သွားခဲ့တာပါ။ အလွန်မြန်ပါတယ်။

တိတိကျကျပြောရရင် ဇွန်လ ၁၄ ရက်နေ့မှာ ၈ သန်းပြည့်ပါတယ်။ ၁၆ သန်းကို ဇူလိုင် ၂၅ မှာပြည့်တာမို့ တစ်လခွဲတောင်မကြာခဲ့ပါ။

အခု ၅ ရက်အတွင်းမှာ နောက်တစ်သန်းထပ်တိုးသွားပြန်ပါပြီ။

မယုံနိုင်လောက်အောင် #ကူးစက်မှုမြန်ဆန်လွန်းပါတယ်။

ဒီနှုန်းနဲ့သာတိုးရင် လပိုင်းအတွင်း သန်း ၅၀ ဖြစ်သွားမှာပါ။ နှစ်မကုန်ခင်မှာ သန်း ၁၀၀ ဖြစ်သွားနိုင်ပါတယ်။

ပြဿနာက အခုထိအမြင့်ဆုံး peak ကို မရောက်သေးတာပါ။ ရောက်ပြီးရင် Poission distribution နဲ့ဆင်းရင် နှစ်ဆလောက် ဖြစ်မှာပါ။

ကာကွယ်ဆေးရော ကုသဆေးရောအရေးတကြီးလိုအပ်နေပါပြီ။

👉 လူတွေအကြောက်ဆုံးက Covid ကြောင့်လူသေဆုံးမှုနဲ့ ပျောက်ကင်းခဲ့ရင်တောင် ဆိုးရွားတဲ့နောက်ဆက်တွဲရောဂါခံစားရမှုဖြစ်မှာကိုပါ။

နိုင်ငံနဲ့ လူအမျိုးမျိုးပေါ်မူတည်ပြီး အခြေအနေဆိုးရွားနိုင်မှု အမျိုးမျိုးဖြစ်နေပါတယ်။

အခုအချိန်အထိ ကမ္ဘာမှာ Covid ဖြစ်မှုအများဆုံး နိုင်ငံ ၂၀ မှာ ယူကေနိုင်ငံက ၁၅. ၂ ရာနှုန်းအထိရှိပြီး ဆော်ဒီမှာတော့ ၁ ရာနှုန်းပဲရှိတာ တွေ့ရပါတယ်။

နိုင်ငံအများစုမှာတော့ သေနှုန်းဟာ ၄ ရာနှုန်းနဲ့ အောက်မှာပဲရှိနေတာကို တွေ့ရပါတယ်။

အခုလက်ရှိအခြေအနေကို တင်ပြအပြီးမှာ ဘီလ်ဂိတ်ရဲ့ အင်တာဗျူးကိုဆက်လက်တင်ပြပါမယ်။

Gilead Sciences ရဲ့ Remdesivir ဆေးဟာ လူနာတွေအနေနဲ့ ရောဂါလက္ခဏာတစ်ခုခုပြတာနဲ့ သုံးစွဲနိုင်တဲ့အထိ အဆင်ပြေအောင် ကြိုးပမ်းနေကြတယ်လို့ ဘီလ်ဂိတ်ကဆိုပါတယ်။

Remdesivir ဆေးကို အမေရိကန် FDA က မေလအတွင်းမှာ ဆေးရုံတွေရှိ Covid ရောဂါအခြေအနေဆိုးတဲ့လူနာတွေမှာ အရေးပေါ်သုံးစွဲခွင့်ပြုထားတာပါ။

💉 အကြောဆေးအနေနဲ့ပဲ ventilator နဲ့ အခြားအသက်ကူရှုကိရိယာသုံးရသူတွေမှာ ထိုးပေးခဲ့တာပါ။

ပြီးခဲ့တဲ့လက Gilead Sciences ရဲ့ CEO Daniel O'Day က #လူမှာရှုဆေးအနေနဲ့စမ်းသပ်သုံးနိုင်ဖို့ FDA က ခွင့်ပြုခဲ့တယ်လို့ ဆိုပါတယ်။

✅ ဒါဆိုရင် ရောဂါစဖြစ်တာနဲ့ ဆေးရုံပြင်ပမှာ လွယ်လွယ်ကူကူ သုံးစွဲနိုင်မယ့်သဘောဖြစ်တာမို့ #ရောဂါအခြေအနေဆိုးဝါးမှုကိုစောစောစီးစီးတားဆီးနိုင်မယ့်သဘောဖြစ်ပါတယ်။

စောစောစီးစီးကုလို့ပျောက်ရင် အသက်အန္တရာယ်သိပ်မစိုးရိမ်ရတော့ပါဘူး။

ဘီလ်ဂိတ်က အခြား Covid အတွက် ကုသနိုင်မယ့် #ကုထုံးနှစ်ခုရှိသေးကြောင်း ပြောပါတယ်။

💊 ဘယ်ဆေး ဘယ်ကုထုံးတွေလို့ အတိအကျမပြောပဲ ဒီနှစ်ကုန်မှာ Remdesivir လိုပဲ Covid ကြောင့် အသက်ဆုံးရှုံးမယ့်ဘေးက ကယ်တင်ပေးနိုင်မယ့် ဆေးနှစ်ခု ဒီနှစ်ကုန်မှာ ထွက်ပေါ်လာနိုင်တယ်လို့ ဆိုပါတယ်။

💉 အကြောဆေးထက် 💊 သောက်ဆေးဖြစ်ဖို့များတာကြောင့် လူတွေစောစီးလွယ်ကူစွာသုံးစွဲနိုင်ပါလိမ့်မယ်တဲ့။

Monoclonal antibodies နည်းဟာ အခြေအနေအကောင်းဆုံးနည်းဖြစ်လာနိုင်ပြီး Regeneron, Eli Lilly နဲ့ AstraZeneca တို့က အသေအချာကြိုးပမ်းနေကြပါတယ်တဲ့။

အဲ့ဒီ ကုထုံးတွေစမ်းသပ်မှုဟာ ကာကွယ်ဆေးထက် ပိုမြန်တာမို့ #လူတွေလက်ထဲမြန်မြန်ရောက်နိုင်ပါလိမ့်မယ်တဲ့။

🇺🇸 အမေရိကန်အစိုးရကလည်း လက်မနှေးပါ။

Regeneron Pharmaceuticals ကနေ Covid-19 antibody cocktail ကုထုံးကို ဒေါ်လာ သန်း ၄၅၀ ဖိုး စာချုပ်ချုပ်ထားပြီးပါပြီ။

အဲ့ဒီ Covid-19 antibody cocktail ကုထုံးဆိုတာက လူဖန်တီးယူထားတဲ့ antibody နဲ့ Covid ရောဂါကပြန်သက်သာလာတဲ့ လူနာဆီက antibody တို့ကို ရောစပ်ထားတဲ့စပ်ကုထုံးပါ။

(antibody = ရောဂါကာကွယ်သောပဋိပစ္စည်း)

အဲ့ဒီ ကုထုံးနဲ့ကုရင် လူနာကို ရောဂါကုနိုင်သလို ရောဂါကနေလည်း ကာကွယ်ပေးနိုင် ပါတယ်

ဒါပေမယ့် လူနာဟာ အဲ့ဒီ antibody ကို အကြိမ်ကြိမ်ထိုးဖို့ လိုကောင်းလိုပါလိမ့်မယ်။

ဘီလ်ဂိတ်ပြောခဲ့တဲ့ နောက် ကုမ္ပဏီတစ်ခုဖြစ်တဲ့ Eli Lilly ဟာ Shanghai Junshi နဲ့ပေါင်းပြီး တရုတ်ပြည်မှာ ပြီးခဲ့တဲ့လက Phase 1 စမ်းသပ်ကုသမှုကို လုပ်ခဲ့ပါတယ်။

Eli Lilly ရဲ့ အမေရိကန်က ပါတနာကလည်း တရုတ်နိုင်ငံပြင်ပမှာ စမ်းသပ်မှာပါ။

ပြီးခဲ့တဲ့လကပဲ Oxford University နဲ့တွဲပြီး ကာကွယ်ဆေးထုတ်နေတဲ့ AstraZeneca က Vanderbilt University ကနေ antibody ကုထုံးကို လိုင်စင်ရရှိခဲ့ပါတယ်။

အနှစ်ချုပ်ပြောရရင်...

Covid ကာကွယ်ဆေးကိုစောင့်မနေပဲ antibody ကုထုံးကိုအရင်ရနိုင်အောင် ကာကွယ်ဆေးနဲ့ပြိုင်တူ တွန်းပြီးကြိုးစားနေတာကို တွေ့ရပါတယ်။

👉 ဒီနှစ်အကုန်မှာ ကာကွယ်ဆေးနှစ်မျိုးလောက် ရနိုင်မယ်လို့ ယူဆရပါတယ်။

👉 ကုသဆေးဘက်က Remdesivir ကို လူတွေအလွယ်တကူသုံးနိုင်အောင်လုပ်နေတာတွေ့ရပါတယ်။

👉 ဘီလ်ဂိတ်အပြောအရ နှစ်ကုန်မှာ သောက်ဆေးနှစ်ခုပေါ်နိုင်ပါတယ်။

👉 antibody ကုထုံးသုံးခုလောက်ကလည်း အခြေအနေကောင်းနေပါတယ်။

#ဘီလ်ဂိတ်ရဲ့ခန့်မှန်းချက်အရ အခုကမ္ဘာ့ကပ်ရောဂါပြဿနာကြီးကို ကာကွယ်ဆေးမပေါ်ခင် ကုသဆေးတွေနဲ့ ကြောက်စရာရောဂါကြီးအဖြစ်မှ အသက်ဆုံးရှုံးမှာသိပ်မစိုးရိမ်ရတဲ့ #ကုသဆေးရှိတဲ့ရောဂါတစ်ခုအဖြစ် အသွင်ပြောင်းပစ်နိုင်ဖို့များပါတယ်တဲ့ခင်ဗျား။

အဲ့လိုဆိုရင် ကမ္ဘာကြီးဟာ ထင်တာထက်ပိုမြန်ပြီး ပြန်လည်သက်ဝင်လှုပ်ရှားနိုင်လာပါလိမ့်မယ်။

ဘီလ်ဂိတ်မှန်းထားသလို ကုထုံးနဲ့ ကုသဆေးတွေရော ကာကွယ်ဆေးရော ဒီနှစ်မကုန်ခင်မှာ ရပါစေလို့ဆုတောင်းလိုက်ပါတယ်။

✍️ အချိန်မရလို့ အသေးစိတ်ရေးမပေးနိုင်တာခွင့်လွှတ်ပါ။

https://www.facebook.com/Richard-Myo-Thant-109119807474881/

https://www.facebook.com/richard.myothant

Richard Myo Thant
29-July-2020

🇺🇸  #အမေရိကန်ကာကွယ်ဆေးအခြေအနေကောင်း။အမေရိကန်ပြည်ထောင်စု Moderna ကထုတ်တဲ့ Covid-19 ကာကွယ်ဆေးဟာ 🦠 D614G ဗိုင်းရပ်စ် သန္ဓေက...
26/07/2020

🇺🇸 #အမေရိကန်ကာကွယ်ဆေးအခြေအနေကောင်း။

အမေရိကန်ပြည်ထောင်စု Moderna ကထုတ်တဲ့ Covid-19 ကာကွယ်ဆေးဟာ 🦠 D614G ဗိုင်းရပ်စ် သန္ဓေကွဲကို #ကောင်းကောင်းကာကွယ်နိုင်တာ တွေ့ရပါသတဲ့။

ဘိုလိုရော မြန်မာလိုရောအားလုံးနားလည်ဖို့ ခက်ဆစ်ထည့်ပေးပါမယ်။

mutation = ဗိုင်းရပ်စ်သည်အချိန်ကြာလာလျှင် စွမ်းရည်မတူပဲအနည်းငယ်ကွဲသွားသည့် သန္ဓေကွဲသွားခြင်း။

strain = ဗိုင်းရပ်စ်သန္ဓေကွဲများ။

gene = မျိုးဗီဇ။

antibodies = ရောဂါပိုးကိုခုခံရန်လူကထုတ်ပေးသော ပဋိပစ္စည်း။

pseudovirus = လူလုပ်ဗိုင်းရပ်စ်အတု (လူက ကိုရိုနာဗိုင်းရပ်ပုံနဲ့ အသွင်သဏ္ဍာန်တူအောင်ဖန်တီးပြီး antibodies ထွက်စေဖို့လုပ်ထားတာ ဖြစ်ပါတယ်)

အခု D614G ဗိုင်းရပ်စ် သန္ဓေကွဲက အများဆုံးတွေ့ရတဲ့ သန္ဓေကွဲမျိုးတဲ့။

👉 သူ့ကို တကမ္ဘာလုံးရှိ Covid-19 case တွေရဲ့ ၇၀ ရာနှုန်းမှာတွေ့ရပြီး ဥရောပမှာ ၁၀၀ ရာနှုန်းနီးနီးတွေ့ရတာပါ။

သို့သော် တရုတ်ပြည်မှာတော့ D614G ဗိုင်းရပ်စ်ကို သိပ်မတွေ့ရပါဘူးတဲ့။

👉 အဲ့ဒီ 🦠 D614G ဗိုင်းရပ်စ် သန္ဓေကွဲဟာ လူရဲ့အသက်ရှုလမ်းကြောင်းထဲမှာ အခြားသန္ဓေကွဲတွေထက် ပိုပွားပြီး လူ-လူ ချင်းကူးဖို့ ပိုပြီးလွယ်ကူပါသတဲ့။

U Pen ပန်ဆန်ဗေးနီးယားတက္ကသိုလ်က Professor Drew Weissman တို့အဖွဲ့ကလေ့လာမှု လုပ်ခဲ့တာဖြစ်ပါတယ်။

သူတို့ဟာ 🙍‍♂️လူ၊ 🐒 မျောက်၊ 🐁 ကြွက်တို့မှာ Moderna ကာကွယ်ဆေး ထိုးပြီးစမ်းသပ်ခဲ့တာ ဖြစ်ပါတယ်။

ရက်သတ္တပတ်အနည်းငယ်အကြာမှာ သွေးနမူနာယူပြီး antibodies အခြေအနေကို စမ်းသပ်ပါတယ်။

အဲ့ဒီမှာ လူလုပ်ဗိုင်းရပ်စ်တုအပေါ်မှာ D614G gene တင်ပေးထားတာနဲ့ မတင်ပေးထားတာ အတော်ကွာပါသတဲ့။

သဘောက လူအချို့ကို D614G gene မပါတဲ့ လူလုပ်ဗိုင်းရပ်စ်တုရိုးရိုးထိုးပေးပြီး ကျန်လူအချို့ကို D614G gene ပါတဲ့ လူလုပ်ဗိုင်းရပ်စ်တုကို ထိုးပေးကြည့်တယ်ဆိုတဲ့သဘောပါ။

အဲ့ဒီမှာ D614G gene ပါတဲ့ လူလုပ်ဗိုင်းရပ်စ်တုထိုးထားတဲ့အုပ်စုက antibodies တုန့်ပြန်မှု လေးဆပိုပြီး လူလုပ်ဗိုင်းရပ်စ်တုနဲ့ ပေါင်းစပ်ထိန်းချုပ်နိုင်တာတွေ့ရပါသတဲ့။

အဲ့ဒီတော့ အခုလောလောဆယ် ကမ္ဘာမှာအဖြစ်များနေတဲ့ Covid-19 ဗိုင်းရပ်စ် သန္ဓေကွဲကို Moderna ရဲ့ကာကွယ်ဆေးက ကောင်းကောင်းကာကွယ်ပေးနိုင်လိမ့်မယ်ဆိုတဲ့ သဘောရှိနေပါတယ်။

Moderna ရဲ့ကာကွယ်ဆေးက ဒီအပတ်ထဲမှာ တတိယအဆင့် Phase 3 ကို စစမ်းမယ်လို့ ပြောပါတယ်။

တလက်စတည်း ဆက်လက်ပြီး သတင်းပေးလိုတာက 🇬🇧 အောက်စဖို့တက္ကသိုလ်နဲ့ 🇨🇳 တရုတ်ပြည် CanSino Biologics က ကာကွယ်ဆေးနှစ်မျိုးက နောက်ဆုံးအဆင့် Phase 3 စမ်းဖို့လုပ်နေပြီး Phase 1 နဲ့ Phase 2 စမ်းသပ်မှုရလဒ်တွေကို ထုတ်ပြန်ခဲ့ပါတယ်။

အောက်စဖို့တက္ကသိုလ်နဲ့ AstraZeneca က ကြိုးပမ်းနေတဲ့ AZD1222 ဆေးက ရလဒ်အတော်ကောင်းနေတာတွေ့ရပါသတဲ့။

တရုတ်ပြည် CanSino Biologics က ကာကွယ်ဆေးကလည်း အခြေအနေကောင်းနေပေမယ့် အသက်ကြီးတဲ့ လူတွေမှာ Covid-19 ခုခံအားတုန့်ပြန်မှုဟာ အတော်လေးအားနည်းတာတွေ့ရပါတယ်တဲ့။

အဲ့ဒီတရုတ်ကာကွယ်ဆေးက ဘရာဇီးမှာ နောက်ဆုံးအဆင့် စစမ်းသပ်နေပါပြီ။

Pfizer နဲ့ BioNTech ရဲ့ကာကွယ်ဆေးကို အမေရိကန်ပြည်ထောင်စုက ဆေး dose သန်း ၆၀၀ ဝယ်ဖို့ ပြီးခဲ့တဲ့အပတ်က စာချုပ်ချုပ်ခဲ့ပါတယ်။

အဲ့ဒီ Pfizer နဲ့ BioNTech ရဲ့ကာကွယ်ဆေးက Moderna ရဲ့ ကာကွယ်ဆေးလိုပဲ လူလုပ်ဗိုင်းရပ်စ်တု mRNA ဗိုင်းရပ်စ်ဖြစ်ပါတယ်။

https://www.facebook.com/Richard-Myo-Thant-109119807474881/

https://www.facebook.com/richard.myothant

(ကျနော်ရေးခဲ့သမျှ အားလုံးဖတ်ရစေရန် copy ကူးသူများ profile link ပါထည့်ကူးပေးရန် မေတ္တာရပ်ခံပါတယ်။)

Richard Myo Thant
26-July-2020

🇮🇱  #အစ္စရေးက_Covid_အမြန်စစ်ဆေးတဲ့နည်းကိုတီထွင်။Covid-19 ရောဂါရှိမရှိ Test စစ်ဆေးနည်း နှစ်နည်းရှိပါတယ်။▪️PCR Test လို့ခေ...
24/07/2020

🇮🇱 #အစ္စရေးက_Covid_အမြန်စစ်ဆေးတဲ့နည်းကိုတီထွင်။

Covid-19 ရောဂါရှိမရှိ Test စစ်ဆေးနည်း နှစ်နည်းရှိပါတယ်။

▪️PCR Test လို့ခေါ်တဲ့ Covid-19 ဖြစ်စေတဲ့ 🦠 ဗိုင်းရပ်စ်ပိုးရဲ့ RNA အစိတ်အပိုင်း လူမှာရှိမရှိ စစ်ဆေးတဲ့နည်းနဲ့

▪️Covid abtibodies ရှိမရှိ သွေးစစ်တဲ့နည်းဖြစ်ပါတယ်။

PCR Test က #စစ်ဆေးချိန်ကြာတယ်၊ ရောဂါပိုးအစိတ်အပိုင်းရှိမရှိ တိကျတယ်။ ဒါတောင်မှ အခုအချိန်မှာ အဲ့ဒီစစ်ဆေးခံရတဲ့လူဟာ Covid ရောဂါပိုးပြန့်ပွားစေနိုင်သူဟုတ်မဟုတ် မသေချာတော့ပါဘူး။

antibodies သွေးစစ်တဲ့နည်းက PCR Test လောက်တိကျမှုမရှိပါ။ အဲ့ဒီနည်းကလည်း Covid ရောဂါပိုးပြန့်ပွားစေနိုင်သူဟုတ်မဟုတ် မသေချာပါဘူး။

အခု အစ္စရေးကထွင်တဲ့နည်းက Covid ပိုးရဲ့အစိတ်အပိုင်းရှိမရှိ စက္ကန့် ၃၀ အတွင်းမှာသိစေမယ်လို့ဆိုပါတယ်။

antibodies ကိုစစ်တာမဟုတ်တဲ့အတွက် ပိုအသုံးကျမယ်လို့ ထင်ပါတယ်။

ဒါပေမယ့်တိကျမှုက ၈၅ ရာနှုန်းပဲရှိမှာပါ။

Test စစ်မယ့်နည်းလမ်းက -

▪️အစစ်ခံမယ့်လူက လေကိုနှာခေါင်းက ရှုသွင်းလိုက်မယ်၊

▪️အသက်အောင့်ထားပြီး နှာခေါင်းတစ်ဖက်ပိတ်ကာ ကျန်တစ်ဖက်က လေကိုရှုထုတ်လိုက်မယ်။

▪️ရှုထုတ်လိုက်တဲ့လေက ပလတ်စတစ်အိတ်ထဲဝင်သွားမယ်။

▪️အဲ့ဒီလေကို Scent Reader (အနံ့ရှုစက်) မှာ သွားချိတ်ပြီး စက်ကလေကိုရှုသွင်းသွားမယ်။

▪️စက္ကန့်ပိုင်းအတွင်းလေကိုစစ်ပြီး ပိုးရဲ့ RNA အစိတ်အပိုင်းရှိမရှိ အဖြေထုတ်ပေးမယ်လို့ဆိုပါတယ်။

▪️စက်ကလေးက လေးထောင့်သေးသေးလေးလို့ဆိုပါတယ်။

▪️လေကိုရှုသွင်းချိန်မှာ ဓာတ်ငွေ့တစ်ခုခုထည့်ပြီးရှုသွင်းဖို့လိုမလို မသိပါ။

ကျနော်သိသလောက်ပြောရရင် ကျနော်တို့ဟာ အလင်းရဲ့စွမ်းရည်ကိုအသုံးချပြီး စစ်ဆေးတာဖြစ်ပါတယ်။

ဘယ်ဂျီယံနိုင်ငံသားတစ်ယောက်ပြောဖူးသလို "we must not underestimate the power of light"

"အလင်းရဲ့စွမ်းရည်ကိုလျော့တွက်လို့မရပါ။"

အလင်းနဲ့ ဓာတ်ခွဲကြတာများပါတယ်။

အခုနည်းပညာက အစ္စရေးရဲ့ NanoScent ကုမ္ပဏီက တီထွင်တာဖြစ်ပါတယ်။

အခုစမ်းသပ်နည်းက အမေရိကန်ဒေါ်လာ ၁၀ ဒေါ်လာ လောက်ပဲ ကျမယ်လို့ ဆိုပါတယ်။

NanoScent ရဲ့ CEO ဖြစ်သူ Oren Gaveriely ရဲ့အပြောအရ ဒီနည်းပညာကို Covid-19 ရှိမရှိ စစ်ဆေးရာမှာ PCR Test နေရာမှာ အစားထိုးဖို့ မရည်ရွယ်ပါဘူးတဲ့။

Covid ကာလမှာ #အဓိကအရေးကြီးတာကလုပ်ငန်းခွင်ပြန်ဝင်နိုင်ဖို့ပဲဖြစ်ပါတယ်။

လုပ်ငန်းခွင်ပြန်ဝင်နိုင်ဖို့ #လူများများကိုမြန်မြန်နဲ့ စစ်ဆေးနိုင်ဖို့အဓိကရည်ရွယ်ပါတယ်တဲ့။

ဒီနေရာမှာ ကျနော်တစ်ခုပြောချင်တာက အခုနေရာတော်တော်များများမှာ စစ်ဆေးနေတဲ့ ကိုယ်အပူချိန်တိုင်း လေဆာဂန်းစက်တွေကို ကျနော့်အနေနဲ့ သိပ်အသုံးဝင်လှတယ်လို့ မထင်ပါ။

နေမကောင်းသူကိုရွေးထုတ်နိုင်တာမှန်ပေမယ့် အဲ့လိုအနားကပ်တိုင်းလို့ တိုင်းတဲ့လူကိုကူးပြီး အဲ့ဒီတိုင်းတဲ့လူကနေပြန်ကူးနိုင်တဲ့အန္တရာယ်လည်းရှိနေပါတယ်။

အခုထိ လေဆာဂန်းနဲ့စစ်ဆေးလို့ Covid သံသယရှိပြီးဆေးရုံပို့ရတဲ့ အကြောင်းမကြားမိသေးပါ။

ကျနော့်အနေနဲ့ အကျိုးနဲ့အပြစ်ကို ပြန်လည်ဝေဖန်ဆင်ခြင်ဖို့ပြောတာပါ။

စစ်တဲ့လူကလူတကာနဲ့မိုးလင်းမိုးချုပ်နေ့စဉ်ထိတွေ့နေပြီးကိုယ့်မျက်နှာအနားအရမ်းကပ်လာတိုင်းတာကို သိပ်မုန်းပါတယ်။

သူ့အလုပ်သူလုပ်တာချီးကျူးပေမယ့် မကြာခန ခပ်ခွာခွာတိုင်းဖို့ မျက်နှာနားကပ်ပြီးလေကြောမရှည်ဖို့ပြောရပါတယ်။

ကျနော့်အနေနဲ့ အပိုအလုပ်ဟုတ်မဟုတ်ဆင်ခြင်စေလိုပါတယ်။

#အပိုအလုပ်တွေရုပ်ပြအလုပ်တွေကိုမုန်းပါတယ်။

အစ္စရေးရှိ NanoScent ရဲ့နည်းကိုဆက်ရရင်...

NanoScent ဟာ အစ္စရေးက Covid-19 လူနာအယောက် ၁၀၀၀ ရဲ့အသက်ရှုပုံကို လေ့လာပြီး ဗိုင်းရပ်စ်ပါတဲ့ အနံ့ကိုခွဲခြားသိရှိဖို့ ကြိုးစားတာဖြစ်ပါတယ်။

ပြင်သစ်မှာ ခွေးတွေနဲ့ Covid လူနာဆီက အနံ့ခွဲခြားသိဖို့ စမ်းတာရေးဖူးပါတယ်။

အခုနည်းဟာ စက်ရုံ၊ ဆေးရုံအဝင်တွေ၊ လေဆိပ်အဝင်အထွက်တွေ၊ အစည်းအဝေးပွဲတွေ စတဲ့လူစုလူဝေးကိစ္စတွေမှာ အမြန်စစ်ဆေးဖို့ အလွန်အသုံးဝင်မယ့် ပစ္စည်းဖြစ်လာနိုင်ပါတယ်။

Tourism industry ပြန်လည်နလန်ထူနိုင်ဖို့ လိုအပ်တဲ့ပစ္စည်းဖြစ်လာနိုင်ပါတယ်။

🔬 ဗိုင်းရပ်စ်ပါတဲ့ အနံ့ကိုခွဲခြားသိရှိဖို့ ကြိုးစားတာဖြစ်ပါတဲ့အတွက် အတော်စိတ်ဝင်စားမိပါတယ်။

ကျနော်သတိတရဖြစ်သွားတာက ဆရာကြီးဒေါက်တာသာလှိုင်ပါ။

လွန်ခဲ့တဲ့ နှစ် ၂၀ တုန်းက ဆရာကြီးဆီမှာ ပညာသင်နေတုန်း ကျနော်က scent ရနံ့ဆိုတာဘာလဲ ဆရာကြီးလို့ မေးတဲ့အခါမှာ...

မြန်မာဆန်ဆန်ပုဆိုးခါးပုံစလေးထုတ်ပြီး လမ်းလျှောက်နေတဲ့ဆရာကြီးက ညင်သာတဲ့အသံနဲ့ "သားရေ.... အနံ့ဆိုတာ မော်လီကျူးလေးတွေကွဲ့ သူ့ကိုစစ်ဆေးလို့ရတယ်။"

အဲ့ဒီအနံ့ကို analyse လုပ်ပုံတွေကို တသီတတန်းကြီးဆက်ပြောနေတဲ့ ဆရာကြီးကို ပြန်လည်မြင်ယောင် သတိရနေမိပါတယ်။

https://www.facebook.com/Richard-Myo-Thant-109119807474881/

https://www.facebook.com/richard.myothant

(ကျနော်ရေးခဲ့သမျှ အားလုံးဖတ်ရစေရန် copy ကူးသူများ profile link ပါထည့်ကူးပေးရန် မေတ္တာရပ်ခံပါတယ်။)

Richard Myo Thant
23-July-2020

 #ချစ်ခြင်း‌မေတ္တာဆိုသည်မှာ🇵🇸 ပါလက်စတိုင်းက လူငယ်တစ်ယောက်ဟာ ဆေးရုံနံရံအမြင့်ကြီးပေါ်တက်ပြီး အထူးကုသဆောင် ICU ထဲက Covid-1...
22/07/2020

#ချစ်ခြင်း‌မေတ္တာဆိုသည်မှာ

🇵🇸 ပါလက်စတိုင်းက လူငယ်တစ်ယောက်ဟာ ဆေးရုံနံရံအမြင့်ကြီးပေါ်တက်ပြီး အထူးကုသဆောင် ICU ထဲက Covid-19 နဲ့ အသည်းအသန်ဖြစ်နေတဲ့ သူ့အမေကို ကြည့်သတဲ့။

အသက် ၇၃ နှစ်ရှိ Rasmi Suwaiti ဟာ ကြာသပတေးနေ့က Covid နဲ့ ဆုံးသွားရှာပါတယ်။

သူ့ရဲ့ အသက် ၃၀ အရွယ်သားက ဆေးရုံနံရံအမြင့်ပေါ်တက်ပြီး ပြတင်းမှန်ပေါက်ကနေ သူ့အမေမဆုံးခင်အထိ အမေ့မျက်နှာကို နေ့တိုင်း မျှော်ကြည့်ရှာသတဲ့။

အဲ့ဒါကိုမြင်ရတဲ့ UN ဝန်ထမ်းတစ်ယောက်က ပုံဆွဲပေးထားတာပါ။

Richard Myo Thant
22-July-2020

 #၁၀၀၀တန်ထုတ်ပြီး၅၀၀တန်ထုတ်တဲ့မဟာဗျူဟာလေးကိုသဘောကျတယ် :)ဗိုလ်ချုပ်အောင်ဆန်းပုံပါ ကျပ် ၅၀၀ တန် ငွေစက္ကူသစ် စတင်ထုတ်ဝေဗိုလ...
22/07/2020

#၁၀၀၀တန်ထုတ်ပြီး၅၀၀တန်ထုတ်တဲ့မဟာဗျူဟာလေးကိုသဘောကျတယ် :)

ဗိုလ်ချုပ်အောင်ဆန်းပုံပါ ကျပ် ၅၀၀ တန် ငွေစက္ကူသစ် စတင်ထုတ်ဝေ

ဗိုလ်ချုပ်အောင်ဆန်းပုံပါ ကျပ် ၅၀၀ တန်ငွေစက္ကူအသစ်ကို ဒီကနေ့ ဇူလိုင် ၂၁ ရက်နံနက်ပိုင်းက စတင်ထုတ်ဝေခဲ့ပါတယ်။ လူတစ်ဦးကို နှစ်ရွက်နှုန်းနဲ့ ရန်ကုန်က မြန်မာ့စီးပွားရေးဘဏ်ခွဲတွေမှာ စတင်လဲလှယ်ပေးနေတဲ့မြင်ကွင်းတွေကိုဖော်ပြပေးလိုက်ပါတယ်။

ဗိုလ်ချုပ်ပုံနဲ့ ကျပ် ၁၀၀၀ တန်ကို ပြီးခဲ့တဲ့ ပြည်ထောင်စုနေ့(ဖေဖော်ဝါရီ ၁၂) ရက်မှာ စတင်ထုတ်ဝေခဲ့ပြီးနောက် အခု ကျပ် ၅၀၀ တန် ကို ထပ်မံထုတ်ဝေတာဖြစ်ပါတယ်။ နောက်ပိုင်းမှာ ဗိုလ်ချုပ်ပုံပါ ငွေစက္ကူတွေကို ဆက်လက်ထုတ်ဝေသွားမယ်လို့ ဗဟိုဘဏ်က ပြောကြားထားပါတယ်။

ဓာတ်ပုံ - ရွှေအင်းသားခင်မောင်ဝင်း

ဘီဘီစီမြန်မာပိုင်း

ပါးစပ်နှင့် နှာခေါင်းစည်း (mask) တပ်ဆင်ပါ (၂၀၂၀) ပြည့်နှစ်၊ ဇူလိုင်လ (၁၈) ရက်▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄သင် COVID-19 ...
20/07/2020

ပါးစပ်နှင့် နှာခေါင်းစည်း (mask) တပ်ဆင်ပါ
(၂၀၂၀) ပြည့်နှစ်၊ ဇူလိုင်လ (၁၈) ရက်
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

သင် COVID-19 ရောဂါ မဖြစ်လိုပါက အပြင်ထွက်တိုင်းနှင့် လူစုလူဝေးရှိသည့်နေရာများသို့ သွားသည့်အခါတိုင်း ပါးစပ်နှင့် နှာခေါင်းစည်း (mask) ကို စနစ်တကျ မပျက်မကွက် တပ်ဆင်ပါ။

ပြည်ထောင်စုဝန်ကြီး
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန
(၁၈-၇-၂၀၂၀)

, , , , #ကိုရိုနာဗိုင်းရပ်စ်, , #ကိုဗစ်၁၉ကာကွယ်ရေး, #အသိပညာပေးနှိုးဆော်ချက်

 #တကယ့်ကိုစိတ်မကောင်းဖြစ်ရပါတယ်ကလေးရယ် 🇸🇦  ောဂါပိုးရှိမရှိစစ်ရင်းဆော်ဒီကလေးငယ်သေဆုံးမှု။ 🚨သေဆုံးခဲ့ရတဲ့ အကြောင်းရင်းကတော...
20/07/2020

#တကယ့်ကိုစိတ်မကောင်းဖြစ်ရပါတယ်ကလေးရယ်

🇸🇦 ောဂါပိုးရှိမရှိစစ်ရင်းဆော်ဒီကလေးငယ်သေဆုံးမှု။ 🚨

သေဆုံးခဲ့ရတဲ့ အကြောင်းရင်းကတော့ နှာခေါင်းထဲကနေ Covid #ရောဂါပိုးရှိမရှိနမူနာယူတဲ့အတံချောင်းကျိုးကျန်ခဲ့ရာကနေ ဖြစ်ပါတယ်။

🏨 ဖြစ်တဲ့နေရာက #ဆော်ဒီအာရေးဗီယားနိုင်ငံက Shaqra Hospital မှာ ဖြစ်ပါတယ်။

👶 တစ်နှစ်ခွဲအရွယ် ဆော်ဒီကလေးငယ်လေးဟာ ပြီးခဲ့တဲ့ စနေနေ့က သေဆုံးသွားတာ ဖြစ်ပါတယ်။

🌡️ ပြီးခဲ့တဲ့သောကြာနေ့ညနေက ကလေးငယ်လေးဟာ ကိုယ်ပူချိန်တက်လာတယ်ပြောလို့ Shaqra Hospital ကို ပို့ခဲ့ကြပါတယ်။

👨‍⚕️ ဆရာဝန်က ကလေးငယ်ကျန်းမာတာတွေ့ရတဲ့အတွက် Covid ရှိမရှိ nasal swab ယူဖို့ ဆုံးဖြတ်ကြပါတယ်။

ကလေးငယ် ကျန်းမာတယ်ဆိုတာက နှာခေါင်းကနေ Covid ပိုးနမူနာယူဖို့ ကျန်းမာတယ်လို့ ဆုံးဖြတ်တာကို ပြောပုံရပါတယ်။

သူ့ဦးလေးနဲ့ ဆော်ဒီသတင်းဌာန Al Arabiya မှာ အင်တာဗျူးအရ "ကလေးငယ်ဟာ နာတာရှည်ရောဂါနဲ့ အန္တရာယ်ရှိတဲ့ရောဂါမျိုးမရှိပါဘူး" တဲ့။

▪️ကလေးငယ်ရဲ့ အသက်ရှုလမ်းကြောင်းကနေ Covid nasal swab နမူနာယူချိန်မှာ swab အတံက ကျိုးကျန်ခဲ့ပါတယ်။

အဲ့ဒီအတံကို ပြန်ထုတ်ယူဖို့ မေ့ဆေးသုံးပြီး ခွဲစိတ်ပါတယ်။

ကလေးအဖေက အစကအဲ့ဒီ ခွဲစိတ်တဲ့ procedure ကို လက်မခံပါဘူး။ နောက်တော့ ဆွေမျိုးတွေနဲ့ ဆေးရုံဝန်ထမ်းတွေက ပြဿနာမရှိဘူးပြောလို့ လက်ခံလိုက်ပါတယ်။

ခွဲစိတ်မှုဟာ မနက် ၁ နာရီမှာ ပြီးဆုံးခဲ့ပြီး swab တံအကျိုးကို အောင်မြင်စွာ ဖယ်ထုတ်နိုင်ခဲတယ်လို့ ပြောပါတယ်။

ကလေးဟာ သတိပြန်လည်လာတဲ့အခါမှာ ကလေးအမေက #အထူးကုဆရာဝန်ကိုခေါ်ပေးဖို့ပြောပါတယ်။

ကလေးအမေက အထူးကုဆရာဝန်ကိုခေါ်ပြီး #ကလေးအခြေအနေကောင်းမကောင်းနဲ့ swab တံကို #အသေအချာဖယ်ထုတ်ခဲ့မှုရှိမရှိစစ်ဆေးပေးဖို့ တောင်းဆိုပါတယ်။

ခွဲစိတ်မှုမှာ သွေးထွက်လွန်ခြင်း၊ အသက်ရှုရခက်ခြင်းစတဲ့ surgery complication တွေမရှိဘူးလို့ ဆိုပါတယ်။

ဆေးရုံဝန်ထမ်းက ကလေးအမေကို #ဆရာဝန်ကြီးတွေမလာနိုင်သေးတဲ့အတွက်စောင့်ဖို့ပြောပါတယ်။

🚨 နောက်နေ့မနက် ၉ နာရီမှာ ကလေးဟာ သတိမလည်ဖြစ်လာပါတယ်။

🚨 ဆေးရုံဝန်ထမ်းက CPR ပြုလုပ်ပြီး အသက်ကူရှုစက်တပ်ပေးပါတယ်။

ကလေးအဖေဆေးရုံကို ရောက်လာပြီး #အထူးကုဆရာဝန်ကိုခေါ်ပေးဖို့တောင်းဆိုပါတယ်။

Radiologist က ဓာတ်မှန် X-ray ရိုက်ကြည့်တဲ့အခါမှာ ကလေးရဲ့အဆုတ်တစ်ဖက်မှာ အသက်ရှုလမ်းကြောင်းပိတ်နေတာကို တွေ့ရပါတယ်။

တကယ်တော့ ကလေးအခြေအနေမကောင်းတာနဲ့ ကလေးကို ကလေးအထူးဆေးရုံကို လွှဲပြောင်းပေးဖို့ စီစဉ်ခွင့်ပြုခဲ့ပါတယ်တဲ့။

🚨 ဒါပေမယ့် #တစ်နာရီလောက်ကြာတဲ့အထိအရေးပေါ်လူနာတင်ကားကမရောက်လာလို့ ဆေးရုံမှာထိုင်စောင့်နေခဲ့ရပါတယ်တဲ့။

လူနာတင်ကားဟာ နေ့လည် ၁ နာရီ ၁၉ မိနစ်မှာ ရောက်လာသော်လည်း ကလေးမိသားစုက ညနေ ၃ နာရီကနေ ၅ နာရီအထိ ထပ်စောင့်နေရပြန်ပါသတဲ့။

အဲ့ဒီအချိန်မှာ #ကလေးသေဆုံးသွားပါပြီလို့ ပြောကြားခဲ့ပါတယ်။

ဘာကြောင့် ဒီလောက်စောင့်ရတာလဲ အသေးစိတ်မသိရသေးပါ။

ကလေးမိသားစုက စုံစမ်းအရေးယူမှုတွေလုပ်ဖို့ တောင်းဆိုခဲ့ပါတယ်။

#ဘာကြောင့်ကလေးဟာမသေသင့်ပဲသေဆုံးခဲ့ရတာလဲ⁉️

#ဘယ်လို_procedure_တွေလုပ်ခဲ့သလဲ⁉️ စုံစမ်းအရေးယူပေးပါတဲ့။

ဆော်ဒီကျန်းမာရေးဝန်ကြီး Tawfiq bin Fawzan al-Rabiah က ဒီကိစ္စကို စုံစမ်းစစ်ဆေးဖို့ အမိန့်ပေးခဲ့ပါတယ်။

ဝန်ကြီက ကလေးအဖေကို ဆက်သွယ်ပြီး ဝမ်းနည်းကြောင်းနဲ့ သူကိုယ်တိုင်ဒီကိစ္စကို လိုက်ပါမည့်အကြောင်း ပြောကြားခဲ့ပါတယ်။

🚨 ဒီသတင်းကနေ ကျနော်တို့ ဘာသင်ခန်းစာရမလဲ⁉️

👉 Nasal swab ယူရင် #ဂရုပြုကြဖို့တိုက်တွန်းလိုပါတယ်။

👉 ကလေးငယ်နဲ့ နာမကျန်းသူအတွက် special procedure ရှိသင့်ပါတယ်။

👉 Nasal swab ယူခြင်းကို #မကြောက်လန့်ဖို့ပြောကြားလိုပါတယ်။ ကြောက်လန့်လွန်းရင်လည်း swab ယူရာမှာ ပြဿနာတက်နိုင်ပါတယ်။

👉 သို့သော်အခုလို #ကလေးငယ်သေဆုံးသွားတဲ့အထိမဖြစ်စေဖို့ တားဆီးနိုင်ဖို့ လိုပါတယ်။

👉 ဘာကြောင့်ဒီလောက်အထိဖြစ်သွားတာလဲကို သုံးသပ်သင်ခန်းစာယူတတ်ဖို့ လိုပါကြောင်း။

👉 အထူးကုဆရာဝန်ရောက်မလာတဲ့ ပြဿနာမှာ #ဆေးရုံရဲ့_procedure_ကို_အဓိကသုံးသပ်သင့်ပါတယ်။

တကယ်တမ်းပြောရရင် အရေးပေါ်အခြေအနေမှာ ဆရာဝန်ခေါ်လို့မရတာမျိုးက Singapore General Hospital လိုနေရာမျိုးမှာ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က နှစ်ကြိမ်လောက် ကြုံဖူးခဲ့ပါတယ်။

အခု procedure ပြောင်းမပြောင်းမသိပါ။ဆေးရုံရဲ့ procedure ပေါ်မှာပဲမူတည်ပါတယ်။

Mount Elizabeth Hospital လိုနေရာမျိုးမှာ အစစအရာရာပြည့်စုံတာတွေ့ရပါတယ်။

အခုလိုပြဿနာမျိုးမှာ ဆရာဝန်ကို အပြစ်တင်ကြမှာစိုးလို့ရှင်းပြတာပါ။ ဆေးရုံရဲ့ Management သာအဓိကဖြစ်ပါတယ်။

https://www.facebook.com/Richard-Myo-Thant-109119807474881/

https://www.facebook.com/richard.myothant

(ကျနော်ရေးခဲ့သမျှ အားလုံးဖတ်ရစေရန် copy ကူးသူများ profile link ပါထည့်ကူးပေးရန် မေတ္တာရပ်ခံပါတယ်။

Richard Myo Thant
20-July-2020

  --> Stands for the real spreads of its own         truthfully happenings around   or   being forced by the sides of   ...
09/07/2020

--> Stands for the real spreads of its own truthfully happenings around or being forced by the sides of nor :) It's thus so true & challenging to participate into realities.




Address

Yangon
11451

Alerts

Be the first to know and let us send you an email when Easy Myanmar - News & Media posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Easy Myanmar - News & Media:

Share