18/08/2026
PUBG Mobile က Light Version အသစ် ထွက်တော့မယ်
PUBG Mobile ဆော့ချင်ပေမဲ့ ဖုန်းမှာ နေရာလွတ် မရှိလို့ စိတ်ညစ်နေသူတွေအတွက် သတင်းကောင်းပါ
အခုအသစ်ထွက်လာမယ့် Version က Game Size အတော်လေး နည်းပါးမှာဖြစ်ပြီး (Android: 1GB၊ iOS: 2GB ဝန်းကျင်) မူရင်း Erangel map နဲ့ gameplay အပြည့်အဝကို ရရှိမှာဖြစ်ပါတယ်။
မိမိရဲ့ မူရင်းအကောင့်နဲ့ ချိတ်ဆက်ပြီး Skin တွေ Outfit တွေကို ပြန်သုံးလို့ရမှာဖြစ်သလို PUBG Mobile ဆော့နေတဲ့ သူငယ်ချင်းတွေနဲ့လည်း Cross-play ဆော့နိုင်ဦးမှာပါ။
ဩဂုတ်လ ၂၅ ရက်မှာ Pre-register စတင်လုပ်နိုင်ပြီး ၂၀၂၆ အတွင်းမှာ တရားဝင် ထွက်ရှိလာမှာပါ။