28/02/2026
Earphone လား? Smart Watch လား? ဝေခွဲမရအောင် Function တွေအစုံပါတဲ့ iB H8 Bluetooth Earphone
- Bluetooth Version 5.3+EDR
- QC Fast Charge, Li-Po Battery
- ABS+PC Material, Tap Operation
- ANC/ENC Technology, Hands-Free Calling, 4-Microphone
- Customizable Equalizer, Voice Assistant Activation
- Colour LED Display Screen စတဲ့ Specification တွေနဲ့ iB H8 Bluetooth Earphone
မေး - နားကြပ်မှာ ဖုန်းနဲ့အသုံးပြုလို့ရတဲ့ Function ပါလား?
ဖြေ - Handsfree ဖုန်းပြောဆိုခြင်း Function များအပြင် Google Assistant နဲ့ Siri တို့လည်း သုံးလို့ရပါတယ်။
မေး - Mode အသစ်ပါလား?
ဖြေ - ဟုတ်ကဲ့ ပါ၀င်တဲ့ Mode များကို အသေးစိတ်ရှင်းပြပါမယ်။
✨ Control Method ထဲတွင် Touch Sensor Function များကို စိတ်ကြိုက် Customize လုပ်၍အသုံးပြုနိုင်ခြင်း။
✨ ANC/ENC Mode များ အပြင် Game Mode, Music Mode များပါ၀င်ခြင်း။
✨ Sound Effect ထဲတွင် အသံများချိန်ညှိ နားဆင်နိုင်ခြင်း။
✨ Case မှတဆင့် သီချင်းသံ Pause/Play, Next/Previous, Volume Up/Down တို့လုပ်လို့ရပါတယ်။
✨ Calculator နဲ့ Flashlight တို့ပါ၀င်ခြင်း။
✨ Brightness အတိုးအလျှော့လုပ်လို့ရပါတယ်။
✨ Alarm, Timer နဲ့ Stopwatch တို့လည်းပါ၀င်ပါတယ်။
✨ Find Headphones ဖြင့် နားကြပ်ကို အသံပေး၍ ရှာနိုင်ခြင်း
မေး - ဖုန်းအမျိုးအစားရွေးလား?
ဖြေ - နားကြပ်ကဖုန်းအမျိုးအစားမရွေးတဲ့အတွက် Android မှာရော iOS မှာရော အသုံးပြုနိုင်ပါတယ်။
မေး - Bluetooth Version ဘယ်လောက်လဲ?
ဖြေ - Bluetooth Version 5.3 ပါ။ Protocol တွေအနေနဲ့ HSP, HFP, A2DP, AVRCP တို့ကို Support ပေးပါတယ်။
မေး - Wireless Range ဘယ်လောက်ထိအသုံးပြုလို့ရလဲ?
ဖြေ - ဖုန်းနဲ့ 15 Meters အကွာအဝေးထိအသံမပျက်ဘဲ အသုံးပြုနိုင်ပါတယ်။
မေး - IP Rating ပါလား?
ဖြေ - IP Rating အနေနဲ့ Official ဖော်ပြထားခြင်းမရှိပါ။
မေး - Button လား Touch Sensor လား? ဘယ်နားမှာလဲ?
ဖြေ - Touch Sensor နဲ့ဖြစ်ပြီး နားကြပ်ရဲ့ မျက်နှာပြင်မှာရှိပါတယ်။
မေး - နားကြပ်အသံနဲ့ပတ်သက်ပြီး ဘယ်လိုရှိလဲ?
ဖြေ - နားကြပ်ရဲ့အသံ Quality အနေနဲ့ အသံကြည်လင်ပြတ်သားပြီးတော့ Bass သံအသင့်အတင့်နိုင်ပါတယ်။ ဖုန်းပြောဖို့အတွက်လည်းအဆင်ပြေပါတယ်။
မေး - နားကြပ်က ဘယ်လို Sound System မျိုးကို Support ပေးလဲ?
ဖြေ - Sound System ပိုင်းမှာ Bass သံပိုင်းကို ဦးစားပေးထားတာမျိုးမဟုတ်ဘဲ Treble (အမြင့်သံ) နဲ့ Mid-Range ပိုင်းကို အသံစူးရှမှုမရှိအောင် ညှိပေးထားပါတယ်။
မေး - အားသွင်းကြိုးပါလား? ဘာ Type လဲ?
ဖြေ - နားကြပ်ဘူးမှာ USB to Type-C အားသွင်းကြိုးတို ပါ၀င်ပြီး နားကြပ် Case မထိခိုက်ဖို့ဆိုရင် ဘူးမှာပါတဲ့ အားသွင်းကြိုးနဲ့သာ အားသွင်းအသုံးပြုသင့်ပါတယ်။
မေး - တခြားအားသွင်းကြိုးနဲ့သွင်းလို့ရလား?
ဖြေ - နားကြပ်ဘူးမှာပါတဲ့ကြိုးရဲ့ Ampere ကတခြားကြိုးတွေနဲ့မတူတဲ့ အတွက် နားကြပ် Case ကိုတခြားအားသွင်းကြိုးနဲ့မသွင်းသင့်ပါဘူး။
မေး - နားကြပ်ရဲ့ဈေးနှုန်းဘယ်လောက်လဲ။
ဖြေ - iB H8 Bluetooth Earphone နားကြပ်ဈေးနှုန်းလေးက ၉၂,၀၀၀ ကျပ်ပါ။
မေး - နားကြပ်ကိုအာမခံ ဘယ်လောက်ပေးလဲ?
ဖြေ - နားကြပ်ကို အာမခံ (၁) နှစ်ပေးပါတယ်။
မေး - အာမခံက ဘယ်အပိုင်းတွေကိုပေးတာလဲ?
ဖြေ - User Fault ကြောင့်မဟုတ်ဘဲ Factory Fault Error အားလုံးအာမခံအကျုံး၀င်ပါတယ်။
Factory Fault များမှာ နားကြပ်နှစ်ဖက်နဲ့ပတ်သက်ပြီး အသံမကြားရခြင်း၊ Touch Sensor ရပြီး နားကြပ်သံမကြားရခြင်း၊ နားကြပ်အသံထောက်ခြင်း၊ အသံထစ်ခြင်း၊ Mic Error ဖြစ်ခြင်း၊ နားကြပ်နှင့် Case Battery အားမခံခြင်း တို့ဖြစ်ပါတယ်။
မေး - အာမခံအတွက်ဘာတွေသိမ်းထားရမလဲ?
ဖြေ - အာမခံကာလအတွင်း နားကြပ်ဘူးပစ္စည်းအပြည့်အစုံ Warranty Card နဲ့ဆိုင်ဘောင်ချာကိုသိမ်းထားပေးရပါမယ်။
မေး - နားကြပ်တစ်ဖက်စီမှာ Battery Capacity ဘယ်လောက်ပါလဲ?
ဖြေ - နားကြပ်တစ်ဖက်မှာ Battery Capacity 30mAh စီပါပါတယ်။
မေး - နားကြပ်တစ်ဖက်စီ အားဘယ်လောက်ခံလဲ?
ဖြေ - နားကြပ်တစ်ဖက်စီကိုအဆက်မပြတ်နားထောင်အသုံးပြုမယ်ဆိုရင် (၃~၄) နာရီဝန်းကျင်နားထောင်အသုံးပြုနိုင်ပါတယ်။
မေး - နားကြပ် Case မှာ Battery Capacity ဘယ်လောက်ပါလဲ?
ဖြေ - နားကြပ် Case မှာ Battery Capacity 250mAh ပါ၀င်ပြီးတော့ နားကြပ်တစ်ဖက်စီကို (၂~၃)ကြိမ်ခန့်ပြန်လည် အားသွင်းအသုံးပြုနိုင်ပါတယ်။
မေး - နားကြပ် Case ကို အားဘယ်လောက်ကြာအောင်အားသွင်းသင့်လဲ?
ဖြေ - နားကြပ် Case ကို ဘူးမှာပါတဲ့ ကြိုးနဲ့ (၁) နာရီ၀န်းကျင်သာ အားသွင်းသင့်ပါတယ်။
မေး - အားဝင်မဝင်ဘယ်လိုသိရလဲ?
ဖြေ - နားကြပ် Case ကိုအားသွင်းတဲ့အခါမှာ Case မှာပါ၀င်တဲ့ LED Display မှာ Battery Percentage ကိုအတိအကျ ဖော်ပြပေးမှာဖြစ်ပါတယ်။
မေး - နားကြပ်ဘူးမှာဘာတွေပါသေးလဲ?
ဖြေ - နားကြပ်ဘူးမှာ အားသွင်းကြိုးနဲ့ User Manual စာရွက်တို့ ပါပါတယ်။
မေး - နားကြပ်နာမည်ပြောင်းလို့ရလား?
ဖြေ - နားကြပ်နာမည်ကို Bluetooth Setting ကနေ Change လို့ရပါတယ်။
မေး - နားကြပ်က နားနာနိုင်လား?
ဖြေ - နားကြပ်က Half In Ear Type မို့ အချိန်ကြာကြာတပ်ထားမယ်ဆိုရင် အနည်းငယ် နာနိုင်ပါတယ်။
မေး - ချိတ်ထားတဲ့ဖုန်းနဲ့ဆိုရင် ထပ်ချိတ်ပေးရသေးလား?
ဖြေ - iOS နဲ့ Android နှစ်မျိုးလုံးမှာ ချိတ်ထားတဲ့ဖုန်းတွေနဲ့ဆိုရင် နားကြပ် Case အဖုံးဖွင့်ပြီး နားကြပ်ကိုထုတ်လိုက်တာနဲ့ ဖုန်းနဲ့တန်းချိတ်ပါတယ်။
မေး - နားကြပ်ရဲ့ Touch Sensor Function နဲ့ ပတ်သက်ပြီးရှင်းပြပေးပါလား?
ဖြေ - နားကြပ်ရဲ့ Touch Sensor Function နဲ့ ပတ်သက်ပြီးရှင်းပြပေးပါမယ်။
📌 Default Touch Sensor တွေအနေနဲ့
✨ Single Tap - Pause/Play
✨ Double Tap Right - သီချင်းအရှေ့ကို ကျော်မယ်
✨ Double Tap Left - သီချင်းအနောက်ကို ပြန်ရစ်မယ်
✨ Triple Tap Right - အသံချဲ့မယ်
✨ Triple Tap Left - အသံတိုးမယ်
✨ Tap Four Times - Game Mode/Music Mode
✨ Long Press - Voice Assistant ပွင့်မယ်
📌 Phone ပြောမယ်ဆိုရင်
✨ Single Tap - ဖုန်းကိုင်မယ်
✨ Double Tap - ဖုန်းပြောပြီး ချမယ်
✨ Long Press - ဖုန်းမကိုင်ဘဲ ချမယ်
📌 ထူးခြားချက် - Touch Sensor Function များကို Control Method ထဲတွင် စိတ်ကြိုက် Customize လုပ်၍အသုံးပြုနိုင်ပါတယ်။
iB H8 Bluetooth Earphone နှင့် ပတ်သက်၍ ထပ်မံ သိရှိလိုပါက Page CB မှ ဆက်သွယ်နိုင်သလို စကားသံချိုချိုလေးနဲ့ ရှင်းပြတာလေးနားထောင်ချင်ရင်တော့ ဖုန်း နံပါတ် 09778687775 ကိုဆက်သွယ် စုံစမ်း မေးမြန်းနိုင်ပါတယ်။