EduTech Myanmar

EduTech Myanmar " နည်းပညာသည် ဆရာများကို အစားထိုးရန်မဟုတ်။
ဆရာတို့၏ လက်ရုံးတစ်ဖက်အဖြစ် ရပ်တည်ရန်။ "

ဆရာ၊ ဆရာမတွေအနေနဲ့ စာသင်တဲ့အခါမှာ သင်ရုံသက်သက်မဟုတ်ဘဲ ကျောင်းသားတွေကို ပြန်မေးတဲ့အခါမှာလည်း တစ်မူထူးတဲ့ အနေအထားမျိုးနဲ့ ...
27/02/2026

ဆရာ၊ ဆရာမတွေအနေနဲ့ စာသင်တဲ့အခါမှာ သင်ရုံသက်သက်မဟုတ်ဘဲ ကျောင်းသားတွေကို ပြန်မေးတဲ့အခါမှာလည်း တစ်မူထူးတဲ့ အနေအထားမျိုးနဲ့ ရပ်တည်ရပါတယ်။ ဒါကိုပဲ ပညာရေးအသုံးအနှုန်းအရ Prompter လို့ခေါ်ပါတယ်။ ဆရာဟာ ကျောင်းသားတွေကို အဖြေတွေ တိုက်ရိုက်မပေးဘဲ သူတို့ဘာသာသူတို့ ဖြေဆိုနိုင်ဖို့ အရိပ်အမြွက်လေးတွေ ပြသူ၊ လမ်းညွှန်ပေးသူအနေနဲ့ ဆောင်ရွက်ရတာပါ။

တစ်ခါတလေ စာသင်ခန်းထဲမှာ ဆရာက မေးခွန်းတစ်ခုမေးလိုက်တဲ့အခါ ကျောင်းသားတွေ ချက်ချင်းမဖြေနိုင်ကြပါဘူး။ တချို့က ရှက်လို့၊ တချို့က မသေချာလို့၊ တချို့ကလည်း အဖြေကို ခေါင်းထဲမှာ ရှာမတွေ့သေးလို့ပါ။ ဒီလိုအချိန်မျိုးမှာ ဆရာက ချက်ချင်းပဲ အဖြေကို ပြောမပစ်လိုက်ဘဲ ကျောင်းသားကို အားပေးတဲ့အနေနဲ့ မျက်နှာအမူအရာလေးနဲ့ ပြုံးပြလိုက်တာ၊ ခေါင်းညိတ်အားပေးလိုက်တာမျိုး လုပ်ပေးရပါတယ်။ တစ်ခါတလေ "ဟုတ်ပြီလေ... မင်းပြောချင်တာက..." ဆိုတဲ့ အားပေးတဲ့ လေသံမျိုး၊ "ဆက်ပြော... နီးစပ်နေပြီ" ဆိုတဲ့ အားပေးစကားလေးတွေ ပြောပေးရပါတယ်။

နောက်တစ်နည်းကတော့ ကျောင်းသား ပြောချင်တဲ့ စကားလုံးရဲ့ အစလေးကို ဖောက်ပေးလိုက်တာမျိုးပါ။ ဥပမာ - "ကမ္ဘာပေါ်မှာ အကြီးဆုံး သမုဒ္ဒရာက ဘာလဲ" လို့မေးတဲ့အခါ ကျောင်းသားက "ပစ်..." ဆိုပြီး ရပ်သွားရင် ဆရာက "ပစိဖိတ်" လို့ အဆုံးထိမပြောဘဲ "ပစိ..." လို့ပဲ ဖောက်ပေးလိုက်တာမျိုး။ ဒီလိုလုပ်ပေးခြင်းအားဖြင့် ကျောင်းသားက ကိုယ်တိုင် "ပစိဖိတ်သမုဒ္ဒရာ" လို့ ဆက်ပြောနိုင်သွားပါတယ်။ ဒီလိုမျိုးဆိုရင် ကျောင်းသားအနေနဲ့ ကိုယ်တိုင်ဖြေနိုင်ခဲ့တယ်ဆိုတဲ့ စိတ်ကျေနပ်မှု ရသွားပြီး နောက်ထပ်လည်း ပြန်ဖြေဖို့ သတ္တိရှိလာမှာပါ။

ဒါ့အပြင် ကျောင်းသားတွေ စကားပြောတဲ့အခါမှာလည်း ဆရာက Prompter အနေနဲ့ ကူညီပေးနိုင်ပါတယ်။ အင်္ဂလိပ်စကားပြောတဲ့အခါ ကျောင်းသားက စကားလုံးတစ်လုံးကို မှားသုံးမိရင် ချက်ချင်းအပြစ်မတင်ဘဲ မှန်ကန်တဲ့ စကားလုံးကို သွယ်ဝိုက်ပြီး ပြောပြတာမျိုး၊ ဒါမှမဟုတ် "ဒီနေရာမှာ ဒီစကားလုံးသုံးရင် ပိုကောင်းမယ်နော်" ဆိုပြီး ညွှန်ပြတာမျိုး လုပ်ပေးရပါတယ်။ တစ်ခါတလေ ကျောင်းသားက ဆက်မပြောရဲတော့ဘဲ ရပ်သွားရင် "ဟုတ်ပြီ... ဒါဆို နောက်တစ်ခုက ဘာဖြစ်မလဲ" ဆိုတဲ့ မေးခွန်းလေးတွေ ထပ်မေးပြီး ဆက်ပြောဖို့ တွန်းအားပေးရပါတယ်။

ဒီနေရာမှာ သတိထားရမှာက ဆရာက အရိပ်အမြွက်ပြတဲ့အခါ ကျောင်းသား ကိုယ်တိုင်တွေးခေါ်နိုင်ဖို့ နေရာအလုံအလောက် ပေးရပါမယ်။ ချက်ချင်းအဖြေပြောပြလိုက်ရင် ကျောင်းသားအနေနဲ့ ကိုယ်တိုင်စဉ်းစားခွင့် မရတော့ဘဲ ဆရာ့ကို အမြဲမှီခိုနေတဲ့သူ ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် ဆရာက ကျောင်းသားကို စဉ်းစားဖို့ အချိန်ပေးရပါမယ်။ တစ်ခါတလေ ၁၀ စက္ကန့်၊ ၂၀ စက္ကန့်လောက် စောင့်ပေးရင်း မျက်နှာအမူအရာနဲ့ အားပေးနေဖို့ လိုအပ်ပါတယ်။ ကျောင်းသားက တကယ်ကို မဖြေနိုင်မှသာ အရိပ်အမြွက်လေး ပြပေးရတာပါ။

ဒီလိုမျိုး Prompter ကောင်းကောင်း လုပ်နိုင်ဖို့ဆိုရင် ဆရာဟာ ကျောင်းသားတစ်ယောက်ချင်းစီရဲ့ အရည်အချင်းကို သိထားဖို့ လိုအပ်ပါတယ်။ ဘယ်ကျောင်းသားက ဘယ်လောက်အထိ ဖြေနိုင်တယ်၊ ဘယ်နေရာမှာ အကူအညီလိုတယ်ဆိုတာ သိမှ အချိန်မှန်မှန် နည်းမှန်လမ်းမှန် ကူညီနိုင်မှာပါ။ တစ်ချို့ကျောင်းသားတွေက အရိပ်အမြွက်နည်းနည်းလေး ပြရုံနဲ့ ဖြေနိုင်ပေမယ့် တစ်ချို့ကျောင်းသားတွေကျတော့ ပိုပြီးရှင်းရှင်းလင်းလင်း လမ်းညွှန်ဖို့ လိုအပ်တတ်ပါတယ်။

ဒါကြောင့် ဆရာတစ်ယောက်အနေနဲ့ Prompter အဖြစ် ဆောင်ရွက်တဲ့အခါ ကျောင်းသားတွေကို အဖြေတွေ ချက်ချင်းမပေးဘဲ သူတို့ဘာသာသူတို့ တွေးခေါ်နိုင်ဖို့ လမ်းဖွင့်ပေးရပါတယ်။ မျက်နှာအမူအရာ၊ လေသံ၊ စကားလုံးအစလေး ဖောက်ပေးခြင်းတို့အားဖြင့် ကျောင်းသားတွေကို အားပေးရပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် ကျောင်းသားတွေဟာ စာသင်ခန်းထဲမှာ ပိုပြီးရဲရဲဝံ့ဝံ့ ပါဝင်လာမယ်၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုရှိလာမယ်၊ နောက်ဆုံးမှာတော့ ဆရာ့အကူအညီမပါဘဲ ကိုယ်တိုင်ဖြေဆိုနိုင်တဲ့အထိ ဖြစ်လာမှာပါ။




ဆရာ့တာဝန် (၂)ဆရာ၊ ဆရာမတွေဟာ စာသင်တဲ့နေရာမှာ အချက်အလက်တွေကို ရှင်းပြရုံသက်သက်မဟုတ်ပါဘူး။ တစ်ခါတစ်လေ ကိုယ်တိုင် စာသင်မပေးဘ...
26/02/2026

ဆရာ့တာဝန် (၂)

ဆရာ၊ ဆရာမတွေဟာ စာသင်တဲ့နေရာမှာ အချက်အလက်တွေကို ရှင်းပြရုံသက်သက်မဟုတ်ပါဘူး။ တစ်ခါတစ်လေ ကိုယ်တိုင် စာသင်မပေးဘဲနဲ့တောင် ကျောင်းသားတွေ သင်ယူနိုင်ဖို့ နောက်ကွယ်ကနေ ပံ့ပိုးပေးနေရတာမျိုးလည်း ရှိပါတယ်။

ဒီလိုနေရာမျိုးမှာ ဆရာဟာ သင်ယူမှုဖြစ်စဉ်ကို ချောမွေ့စေသူ၊ အားလုံးအဆင်ပြေအောင် စီစဉ်ပေးသူ၊ ကျောင်းသားတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးသူ အနေနဲ့ ရပ်တည်ရပါတယ်။ ဒါကိုပဲ ပညာရေးအသုံးအနှုန်းအရ Facilitator လို့ ခေါ်ပါတယ်။

ဒီလိုပံ့ပိုးကူညီမှုတွေက သေးသေးလေးတွေ ဖြစ်ပေမယ့် ကျောင်းသားတွေအတွက် အရမ်းကို အရေးပါပါတယ်။ ဥပမာပြောရရင် မနက်ပိုင်း စာသင်ချိန်မှာ ကျောင်းသားတစ်ယောက် ခဲတံမေ့ခဲ့လို့ စာမရေးနိုင်တဲ့အခါ ဆရာက ကိုယ့်မှာရှိတဲ့ ခဲတံကို ငှါးလိုက်တာမျိုး၊ စာအုပ်ပါမလာလို့ ကိုယ့်စာအုပ်ထုတ် ပေးရတာမျိုး လုပ်ပေးရတတ်ပါတယ်။ ဒါမျိုးလေးတွေက ဆရာ့အတွက် သာမန်ကိစ္စလေးပဲ ဖြစ်ပေမယ့် ကျောင်းသားအတွက်ကတော့ တစ်နေ့တာလုံး စာသင်ခွင့်ရသွားတာပါပဲ။

နောက်တစ်မျိုးကတော့ ကျောင်းသားတစ်ယောက်ချင်းစီရဲ့ လိုအပ်ချက်ကို လိုက်လျောညီထွေ ဖြည့်ဆည်းပေးရတာမျိုးပါ။ ဥပမာ - အဝေးမှုန်တဲ့ ကျောင်းသားကို အတန်းရှေ့ဆုံးမှာ ထိုင်ခိုင်းတာ၊ ညာသန်တဲ့ ကျောင်းသားတွေအတွက် ခုံတန်းရှည်တွေက ဘယ်သန်ကျောင်းသားအတွက် အဆင်မပြေတဲ့အခါ နေရာရွှေ့ပေးတာမျိုးတွေ လုပ်ပေးရပါတယ်။ ဒါတွေဟာ စာသင်တာမဟုတ်ပေမယ့် စာသင်ဖို့အတွက် အခြေခံအဆင်ပြေအောင် ဖန်တီးပေးတဲ့ လုပ်ဆောင်ချက်တွေပါပဲ။

ခေတ်နဲ့အညီ နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးမှုတွေလည်း ရှိလာပါတယ်။ အခုဆိုရင် ကျောင်းတော်တော်များများမှာ E-books တွေ၊ PDF ဖိုင်တွေနဲ့ သင်ကြားနေရပါတယ်။ ဒါပေမယ့် တစ်ချို့ကျောင်းသားတွေက ဖုန်းလေးနဲ့ပဲ ကြည့်ရတာ၊ ဖိုင်တွေက ဖွင့်မရတာမျိုးတွေ ရှိတတ်ပါတယ်။ ဒါမျိုးတွေကို သတိထားမိတဲ့ ဆရာက "ဒီဖိုင်က ဖွင့်ရတာ ခက်နေတယ်ဆိုတော့ ငါ PowerPoint ထဲပြန်ထည့်ပြီး ရှင်းရှင်းလင်းလင်း လုပ်ပေးလိုက်မယ်" ဆိုပြီး ပြင်ဆင်ပေးလိုက်တာမျိုး၊ ဒါမှမဟုတ် Projector နဲ့ ချပြပေးတာမျိုး လုပ်ပေးရပါတယ်။ ကျောင်းသားတွေ လက်လှမ်းမီတဲ့ Application တွေ၊ Platform တွေကို ရွေးချယ်ပေးတာ၊ အင်တာနက် မရတဲ့သူတွေအတွက် Offline ကြည့်လို့ရတဲ့ ဖိုင်မျိုးတွေ ပြင်ဆင်ပေးတာတွေလည်း ပါဝင်ပါတယ်။

ဒါ့အပြင် စာသင်ခန်းထဲမှာ အုပ်စုလိုက်ဆွေးနွေးတဲ့အခါ၊ Project တွေ လုပ်တဲ့အခါမှာလည်း Facilitator အနေနဲ့ ဆရာ့အခန်းကဏ္ဍက ထင်ရှားလာပါတယ်။ အုပ်စုတစ်ခုက ဘယ်လိုစတင်ရမှန်း မသိဖြစ်နေရင် လမ်းညွှန်ပေးတာ၊ ပစ္စည်းကိရိယာ လိုအပ်ရင် ရှာပေးတာ၊ အုပ်စုထဲမှာ ပါဝင်သူတွေ အားလုံး တန်းတူပါဝင်ခွင့်ရအောင် သေချာဂရုစိုက်တာမျိုး လုပ်ပေးရပါတယ်။ တစ်ခါတလေ ကျောင်းသားတွေ ဆွေးနွေးနေတုန်း ဆရာက ဘေးနားကနေ ကြည့်ရုံပဲ ကြည့်နေပေမယ့် လိုအပ်ရင် ချက်ချင်းဝင်ကူဖို့ အဆင်သင့်ရှိနေတာမျိုးပါ။

ဒါပေမယ့် Facilitator ကောင်းတစ်ယောက်ရဲ့ အဓိကကျတဲ့ အချက်က ကျောင်းသားတွေကို သူတို့ဘာသာသူတို့ အားကိုးတတ်အောင်၊ ကိုယ့်ပြဿနာကိုယ်ဖြေရှင်းတတ်အောင် လေ့ကျင့်ပေးဖို့ပါပဲ။ အစပိုင်းမှာ ဆရာက အရာရာလုပ်ပေးရပေမယ့် တဖြည်းဖြည်းနဲ့ ကျောင်းသားတွေ ကိုယ်တိုင် လုပ်တတ်လာအောင် ဆုတ်ခွာပေးရပါတယ်။ ဒါမှသာ ကျောင်းသားတွေဟာ ဆရာ့ကို အမြဲမှီခိုနေတဲ့သူတွေ မဖြစ်ဘဲ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်တဲ့ လူတွေ ဖြစ်လာမှာပါ။

ဒါကြောင့် ဆရာတစ်ယောက်ဆိုတာ စာသင်ပေးရုံသက်သက် လုပ်တဲ့သူမဟုတ်ပါဘူး။ ကျောင်းသားတွေ သင်ယူမှုခရီးစဉ်မှာ အနှောင့်အယှက်တွေ ကင်းရှင်းအောင် ရှင်းပေးသူ၊ လိုအပ်တဲ့ ပစ္စည်းကိရိယာတွေ ပံ့ပိုးပေးသူ၊ စိတ်ပိုင်းဆိုင်ရာ အားပေးကူညီသူ၊ နောက်ဆုံးမှာတော့ သူတို့ဘာသာသူတို့ ရပ်တည်နိုင်အောင် လမ်းပြပေးသူပါပဲ။ ဒီလိုမျိုး ဘက်ပေါင်းစုံကနေ ပံ့ပိုးပေးနိုင်မှသာလျှင် ဆရာတစ်ယောက်ဟာ တကယ့် Facilitator အစစ်အမှန် ဖြစ်လာမှာပါ။




#ဆရာ့တာဝန်

ဆရာ၊ ဆရာမတစ်ယောက်ရဲ့ အရေးအကြီးဆုံးတာဝန်တစ်ခုက ကျောင်းသားတွေကို နားလည်လွယ်တဲ့ သင်ခန်းစာတွေ ပေးနိုင်ဖို့ပါပဲ။ တစ်ခါတလေ ကို...
25/02/2026

ဆရာ၊ ဆရာမတစ်ယောက်ရဲ့ အရေးအကြီးဆုံးတာဝန်တစ်ခုက ကျောင်းသားတွေကို နားလည်လွယ်တဲ့ သင်ခန်းစာတွေ ပေးနိုင်ဖို့ပါပဲ။

တစ်ခါတလေ ကိုယ်သိတာတွေ အများကြီးရှိပေမယ့် ကိုယ်နားလည်သလို ကျောင်းသားတွေကိုပါ ပြောပြမိရင် သူတို့အတွက် ခက်ခဲသွားနိုင်တယ်။

ဒါကြောင့် ဆရာတစ်ယောက်အနေနဲ့ ကျောင်းသားတွေရဲ့ အသက်အရွယ်၊ အဆင့်အတန်းကို ကြည့်ပြီး သူတို့နားလည်နိုင်မယ့် စကားလုံးတွေ၊ ဥပမာတွေကို ရွေးချယ်သုံးတတ်ဖို့ လိုအပ်ပါတယ်။

ကလေးငယ်တွေကို သင်ပေးတဲ့အခါမှာ ရုပ်ဝတ္ထုပစ္စည်းတွေ၊ ရုပ်ပုံတွေ၊ ကစားနည်းတွေနဲ့ သင်ပေးတာက အကောင်းဆုံးပါပဲ။ ဥပမာ - သူငယ်တန်းကျောင်းသားလေးတွေကို သစ်သီးဝလံအကြောင်း သင်မယ်ဆိုရင် သစ်သီးအစစ်တွေ ယူလာပြပြီး ဒါက ပန်းသီး၊ ဒါက ငှက်ပျောသီးလို့ ပြောပြနိုင်ပါတယ်။

ပြီးရင် အရောင်ခြယ်တဲ့ပုံတွေ ပေးခြယ်ခိုင်းတာ၊ သစ်သီပုံတွေ ကပ်ခိုင်းတာမျိုး လုပ်ပေးလို့ရပါတယ်။

ဒါမှ ကလေးတွေအတွက် မြင်သာပြီး မှတ်မိလွယ်မှာပါ။ နောက်ပြီး "ငါးကလေးတစ်ကောင်ရှိတယ်" ဆိုတဲ့ သီချင်းလေးကို ဆိုပြီး လက်နဲ့ ငါးပုံစံလုပ်ပြရင်း သင်ပေးတာမျိုးကလည်း ကလေးတွေ ပျော်ပျော်ရွှင်ရွှင် သင်ယူနိုင်စေပါတယ်။

မူလတန်းကျောင်းသားတွေအတွက်ကတော့ သူတို့ရဲ့ နေ့စဉ်ဘဝနဲ့ ဆက်စပ်တဲ့ ဥပမာတွေ ပေးဖို့ လိုပါတယ်။
သင်္ချာသင်ခန်းစာမှာ အပေါင်း၊ အနုတ် သင်မယ်ဆိုရင် ကျောင်းစာသင်ခန်းထဲက ခဲတံတွေ၊ စာအုပ်တွေနဲ့ လက်တွေ့လုပ်ပြနိုင်ပါတယ်။

"မောင်မောင့်မှာ ခဲတံ ၅ ချောင်းရှိတယ်၊ မမေက နောက်ထပ် ၃ ချောင်း ထပ်ပေးတယ်၊ အခုမောင်မောင့်မှာ ခဲတံ ဘယ်နှစ်ချောင်းရှိပြီလဲ" ဆိုတဲ့ မေးခွန်းမျိုးက ကလေးတွေ စိတ်ဝင်စားပြီး တွက်ချက်ရတာ ပိုလွယ်ကူစေပါတယ်။ ဒါမှမဟုတ် ဈေးဆိုင်ကစားနည်းလေး လုပ်ပြီး ငွေတွက်တတ်အောင် သင်ပေးတာမျိုးလည်း လုပ်လို့ရပါတယ်။

အလယ်တန်းကျောင်းသားတွေဆိုရင် သူတို့ဟာ ပိုပြီး ယုတ္တိကျကျ တွေးခေါ်နိုင်စွမ်း ရှိလာပါပြီ။ ဒါကြောင့် သူတို့နားလည်နိုင်မယ့် ဥပမာတွေက ပိုရှုပ်ထွေးလာနိုင်ပါတယ်။

ဥပမာ - သိပ္ပံဘာသာရပ်မှာ အလင်း အကြောင်း သင်မယ်ဆိုရင် မှန်တွေ၊ ဓာတ်မှန်တွေသုံးပြီး လက်တွေ့စမ်းသပ်ခိုင်းတာမျိုး လုပ်လို့ရပါတယ်။ ဒါမှမဟုတ် သမိုင်းဘာသာရပ်မှာ ပုဂံခေတ်အကြောင်း သင်မယ်ဆိုရင် ဗီဒီယိုဖိုင်လေးတွေ ပြသပြီး ဆွေးနွေးခိုင်းတာ၊ အုပ်စုဖွဲ့ပြီး သုတေသနလုပ်ခိုင်းတာမျိုး လုပ်ပေးနိုင်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် ကျောင်းသားတွေဟာ ကိုယ်တိုင်ပါဝင်လာပြီး သင်ခန်းစာကို ပိုနားလည်လာမှာပါ။

အထက်တန်းကျောင်းသားတွေအတွက်ကတော့ သူတို့ရဲ့ အနာဂတ်ဘဝနဲ့ ချိတ်ဆက်ပြီး သင်ပေးဖို့ လိုအပ်လာပါပြီ။ ဥပမာ - စီးပွားရေးဘာသာရပ်မှာ supply and demand အကြောင်း သင်မယ်ဆိုရင် လက်ရှိဈေးကွက်ထဲက ဖုန်းဈေးနှုန်းတွေ၊ ပစ္စည်းတွေရဲ့ ဈေးအတက်အကျတွေကို ဥပမာပေးပြီး ရှင်းပြနိုင်ပါတယ်။

ဒါမှမဟုတ် အင်္ဂလိပ်စာသင်ခန်းစာမှာ စာစီစာကုံးရေးတဲ့အခါ သူတို့ဝါသနာပါတဲ့ ခေါင်းစဉ်တွေ ဖြစ်တဲ့ ဂီတအကြောင်း၊ အားကစားအကြောင်း၊ နည်းပညာအကြောင်းတွေ ရေးခိုင်းတာမျိုး လုပ်ပေးနိုင်ပါတယ်။ ဒီလိုမျိုး သူတို့စိတ်ဝင်စားတဲ့အကြောင်းအရာတွေနဲ့ ချိတ်ဆက်ပေးတဲ့အခါ သင်ယူရတာ ပိုပျော်ရွှင်ပြီး ထိရောက်မှုလည်း ရှိလာမှာပါ။

နောက် post မှာ ထပ်ဆက်ပါဦးမယ်ဗျ



😞လကုန်ရင် သင်တန်းဆရာ၊ ဆရာမတွေ စိတ်အညစ်ရဆုံးအရာ✳️လကုန်ခါနီးရင် ဘယ်သင်တန်းသားက လခပေးပြီးပြီလဲ ✳️ဆက်တက်မှာလား၊ ✳️လခကို မေ့ပ...
24/02/2026

😞လကုန်ရင် သင်တန်းဆရာ၊ ဆရာမတွေ စိတ်အညစ်ရဆုံးအရာ

✳️လကုန်ခါနီးရင် ဘယ်သင်တန်းသားက လခပေးပြီးပြီလဲ

✳️ဆက်တက်မှာလား၊

✳️လခကို မေ့ပြီးပဲ မပေးသေးတာလား

✳️တစ်ခါမေးပြီးပေမဲ့လည်း ဘာမှ အကြောင်းမပြန်ဘဲ Online အတန်းထဲ ဆက်တက်နေတုန်းလား

စတဲ့ စာသင်တာအပြင် စိတ်ပင်ပန်းရတဲ့ လခကောက်ရတဲ့ ကိစ္စကို ကြုံဖူးကြမှာပါ

သတင်းကောင်းကတော့ လကုန်တိုင်း ကျောင်းလခ/ကျူရှင်ခ ကောက်ခံရတဲ့ ဒုက္ခကြီးက လွတ်မြောက်နိုင်ပါပြီ

မိဘတွေကို လစဉ် လိုက်သတိပေးနေရတဲ့ ပင်ပန်းမှု၊ ကျောင်းသားမေ့တိုင်း ပြန်လိုက်သတိပေးရတဲ့ စိတ်ညစ်စရာတွေ မလို‌တော့ပါဘူး

ကျွန်တော်တို့ရဲ့ EduDesk" application လေးနဲ့ မိတ်ဆက်ပေးပါရစေ။

ဒီ Application နဲ့ဆိုရင်

✅ ကျောင်းသားတွေကိုလည်း ကိုယ်တိုင်လိုက်သတိပေးစရာမလိုတော့ဘူး

✅ သင်တန်းလခတွေကို အလိုအလျောက် စနစ်တကျ စီမံခန့်ခွဲနိုင်မယ်

✅ ဘယ်သူပေးပြီး ဘယ်သူမပေးသေးလဲဆိုတာ တစ်ချက်ကြည့်ရုံနဲ့ သိနိုင်မယ်

✅ အချိန်ကုန်၊ စိတ်ပင်ပန်းတာတွေကနေ လွတ်မြောက်မယ်

အချိန်ကုန်သက်သာပြီး သင်ကြားရေးကိုပဲ အာရုံစိုက်ချင်တဲ့ ဆရာ၊ ဆရာမတိုင်းအတွက် သုံးရလွယ်ကူတဲ့ application လေးပါ။

ဒါ့ အပြင် အခမဲ့ စမ်းသုံးခွင့်ပေးထားလို့ စိတ်ဝင်စားတဲ့ ဆရာ၊ ဆရာမများ စမ်းသုံးကြည့်လို့ ရပါတယ်ဗျ


မင်္ဂလာပါဗျကျွန်တော်ကတော့ ပညာရေးနယ်ပယ်မှာ နှစ်ပေါင်း ၂၀ ကျော်ကြာ သင်ကြားပို့ချခဲ့တဲ့ ဆရာတစ်ဦးပါ။2020 ကစပြီး Computer နဲ့...
12/02/2026

မင်္ဂလာပါဗျ

ကျွန်တော်ကတော့ ပညာရေးနယ်ပယ်မှာ နှစ်ပေါင်း ၂၀ ကျော်ကြာ သင်ကြားပို့ချခဲ့တဲ့ ဆရာတစ်ဦးပါ။

2020 ကစပြီး Computer နဲ့ IT ပညာရပ်တွေကို ကိုယ်တိုင်လေ့လာသင်ယူပြီး ဆော့ဖ်ဝဲလ်ရေးသားခြင်းကို အတတ်ပညာတစ်ခုအဖြစ် သင်ယူခဲ့ပါတယ်။

သင်ကြားရေးအတွေ့အကြုံနဲ့ နည်းပညာကျွမ်းကျင်မှုကို ပေါင်းစပ်ပြီး EduTech Myanmar ကို တည်ထောင်ခဲ့ပါတယ်။

ကျွန်တော်တို့ EduTech Myanmar ရဲ့ ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံရဲ့ ပညာရေးကဏ္ဍကို နည်းပညာအကူအညီဖြင့် မြှင့်တင်ရန်ဖြစ်သည်။

ကျွန်တော်တို့ရဲ့ ဆောင်ပုဒ်ကတော့

"နည်းပညာသည် ဆရာကို အစားထိုးရန်မဟုတ်။
ဆရာ၏ လက်ရုံးတစ်ဖက်အဖြစ် ရပ်တည်ရန်။" ဆောင်ပုဒ်အတိုင်း

မြန်မာနိုင်ငံရှိ ပညာရေးအဖွဲ့အစည်းများအတွက် လက်တွေ့ကျပြီး အသုံးပြုရလွယ်ကူတဲ့ ဆော့ဖ်ဝဲလ်များကို ဖန်တီးပေးဖို့ ရည်ရွယ်ပါတယ်။

ကျွန်တော်တို့ရဲ့ ထုတ်ကုန်တိုင်းက

၁။ ပြည်တွင်း၌သာ ရေးသားထားခြင်း

၂။ ဆရာများ၏ အမှန်တကယ်လိုအပ်ချက်ကို အခြေခံခြင်း

၃။ အပြည်ပြည်ဆိုင်ရာ အဆင့်မီနည်းပညာကို အသုံးပြုခြင်း

၄။ မြန်မာ့ပညာရေးစနစ်နှင့် အံဝင်ခွင်ကျဖြစ်ခြင်း

၅။ ဈေးနှုန်းသင့်တင့်ခြင်း

စသည့် အချက်များကို အခြေခံထားပါတယ်။


Address

Yadanar Road
Yangon
11095

Website

Alerts

Be the first to know and let us send you an email when EduTech Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share