11/02/2026
Customer Service အလုပ်ရှာနေပါသလား?
စကားပြောဆက်ဆံရေးကောင်းပြီးCustomer တွေနဲ့ အလုပ်လုပ်ရတာကို ကြိုက်တယ်ဆိုရင်
👉 ဒီအခွင့်အရေးကို လက်မလွတ်ပါနဲ့နော် 👈
BMG Company မှာ လုပ်ကိုင်ဖို့အတွက် အလုပ်အကိုင် အခွင့်လမ်းသစ်များ ခေါ်ယူနေပါတယ် !!
𝗖𝘂𝘀𝘁𝗼𝗺𝗲𝗿 𝗦𝗲𝗿𝘃𝗶𝗰𝗲 𝗣𝗼𝘀𝗶𝘁𝗶𝗼𝗻 – (𝟮 𝗣𝗼𝘀𝘁𝘀)
𝗦𝗮𝗹𝗮𝗿𝘆 - 𝗡𝗲𝗴𝗼
BMG မှ Customer များနှင့် ပူးပေါင်းဆောင်ရွက်ပြီး Professional Customer Service ပေးနိုင်သူများကို ကြိုဆိုနေပါသည်။
တာဝန်များ
• Customer များ၏ မေးခွန်းများကို ဖုန်း / Chat / Email ဖြင့် ပြန်လည်ဖြေကြားပေးရမည်။
• Customers ဖုန်း ခေါ်ဆိုမှုများကို ဂရုတစိုက်ပြန်လည်ဖြေကြားခြင်း ၊ သက်ဆိုင်ရာ Department များသို့ ဆက်သွယ် အကြောင်းအကြားပေးရမည်။
• Company ၏ Service နှင့်ပတ်သက်သည့် အချက်အလက်များကို ရှင်းလင်းစွာရှင်းပြပေးနိုင်သူဖြစ်ရမည်။
• Customer Complaint များကို စနစ်တကျ ကိုင်တွယ်ဖြေရှင်းပေးနိုင်သူဖြစ်ရမည်။
• Company Policy များကို လေးစားလိုက်နာပြီး အလုပ်လုပ်နိုင်ရမည်။
လိုအပ်သော အရည်အချင်းများ
• Customer Service သို့မဟုတ် ဆက်သွယ်ရေးလုပ်ငန်း အတွေ့အကြုံရှိသူကို ဦးစားပေးမည်။
• ဆက်ဆံရေးကောင်းမွန်ပြီး စကားပြော ပြေပြစ်သူဖြစ်ရမည်။
• Computer (Microsoft/Email/Internet) များအသုံးပြုတတ်ရမည်။
• စိတ်ရှည်သည်းခံပြီး တာဝန်ယူစိတ်ရှိသူဖြစ်ပြီး အသင်းအဖွဲ့နှင့်ပူပေါင်းဆောင်ရွက်နိုင်သူဖြစ်ရမည်။
• သီချင်းများအကြောင်းနားလည်ပြီး သီချင်းများကို ချစ်နှစ်သက်သောသူဖြစ်ရမည်။
အခြား သတ်မှတ်ချက်များ
❇️အထက်ပါခေါ်ယူနေသော position အတွက် လိင်စိတ်တိမ်းညွတ်မှု (ကျား၊မ အစရှိသဖြင့် မကန့်သတ်ပါ)
❇️ ပညာအရည်အချင်း (တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိထားသူဖြစ်ရမည် ၊ ကျောင်းကိစ္စကင်းရှင်းသူဖြစ်ရမည်။)
❇️ ရုံးတက်ပြီး အလုပ်လုပ်နိုင်သူဖြစ်ရပါမည်။ (WFH မဟုတ်ပါ။)
▪️BMG Company သည် လူငယ်အများစုနှင့် ဖွဲ့စည်းထားသည့်ရုံးဖြစ်ပြီး အာရုံသိပ်မနောက်ဘဲ အလုပ်ပြီးမြောက်မှုကိုသာ အဓိကထားပါတယ်။ တီထွင်ဖန်တီးမှုကို ဦးစားပေးတဲ့ ရုံးပတ်ဝန်းကျင်ကောင်း တစ်ခုဖြစ်ပါတယ်။
❇️ လျှောက်ထားရန်
CV Form နဲ့အတူ မျှော်မှန်းလစာကို [email protected] ဆီ ပေးပို့နိုင်ပါပြီ။
⏰ ရုံးချိန်: မနက် ၉ နာရီ မှ ညနေ ၅ နာရီအထိ (စနေ ၊ တနင်္ဂနွေနှင့် အစိုးရ ရုံးပိတ်ရက် များပိတ်ပါသည်)။
📍 ရုံးလိပ်စာ: Room-102, Central Tower, ၃၉ လမ်းထောင့် နဲ့ အနော်ရထာလမ်း၊ ရန်ကုန်မြို့။
🛑 𝗜𝗻𝘁𝗲𝗿𝘃𝗶𝗲𝘄 ဖြေရမည့်သူများကို ပြန်လည်ဆက်သွယ်ပေးမည်။ (လျှောက်ထားသူအကုန်လုံးကို အကြောင်းပြန်ရန် အခက်အခဲရှိသည့်အတွက် နှစ်ပတ်အတွင်း ဖုန်း၊ 𝑬𝒎𝒂𝒊𝒍 တို့ဖြင့် အကြောင်းမပြန်ပါက 𝗜𝗻𝘁𝗲𝗿𝘃𝗶𝗲𝘄 အရွေးချယ်မခံရခြင်းကြောင့်ဖြစ်သည်ကို ကြိုတင်အသိပေးအပ်ပါသည်ခင်ဗျာ။)