18/01/2026
ကျွန်တော်ဒီ Post ကိုရေးတာကတော့ ကျွန်တော့်ရဲ့ပြိုင်ဖူးခဲ့တဲ့ international hackathon တွေကရတဲ့ Knowledge တွေကို ပြန်လည်မျှဝေပေးထားတာဖြစ်ပါတယ်။
ကယ်။ ပထမဆုံး Hackathon ဆိုတာကဘာလဲ⁉️
ချုပ်ပြောရရင်တော့ Software Development ပြိုင်ပွဲပေါ့။ သတ်မှတ်ထားတဲ့အချိန်တစ်ခုအတွင်း သတ်မှတ်ထားတဲ့ Problem Statement ကိုဘဲဖြစ်ဖြစ်၊ ကိုယ့် idea ကိုဘဲဖြစ်ဖြစ် software တစ်ခုအမြန်ဆုံးထုတ်လုပ်ပြီး business idea တစ်ခုအနေနဲ့ pitch လုပ်ပြီး၊ တစ်ခြားအသင်းတွေနဲ့ထိပ်တိုက်ယှဉ်ပြိုင်ရတဲ့ high intensity ပွဲမျိုးဖြစ်ပါတယ်။
ကယ်။ ခဏလေးဘဲလုပ်တာဆိုတော့ တစ်ခြားလူတွေ ကျွန်တော့် Hackathon Idea ကိုခိုးသွားလို့ရတယ်မဟုတ်ဘူးလား ⁉️
To be honest ‼️ yes, risk ရှိတယ်။ ခိုးသွားနိုင်တယ်။ ဒါပေမယ့်...
ဒီခေတ်ဒီခါမှာ idea ရှိလည်း ex*****on မရှိရင် တန်ဖိုးမရှိတော့ပါဘူး။ ဘာကြောင့်? Idea တွေကလူတိုင်းမှာရှိပါတာ လူတိုင်းကိုယ်တိုင်ကတကယ်တမ်း သူတို့ကိုယ့်ကိုအဟုတ်ကြီးထင်ကြပါတယ် (ကျွန်တော်အပါအဝင်)။ အဲ့ဒီ idea ကိုလျှိုထားမှာထက် ကောင်းတဲ့ Hackathon ပွဲတစ်ခုမှာချပြပြီး လူအသစ်တွေနဲ့ network ကောင်းကောင်းလုပ်နိုင်ရင် ပွဲမှာဆုကြေးရသည်ဖြစ်စေ၊ မဖြစ်စေ congratulations သင်နိုင်သွားပါပြီ။
Hackathon project တွေကကြီးကြီးကျယ်ကျယ်ဖြစ်မြောက်သွားတာရှိလို့လား ⁉️ လုပ်ပြီးအချိန်ကုန်တာဘဲအဖက်တင်တယ် portfolio project ဘဲကောင်းကောင်းကြာကြာလုပ်ရင် ပိုပြီး technical skill ပြနိုင်တယ်လေ။
မှန်ပါတယ်။ သိထားရမှာက Hackathon တွေမှာတကယ်တမ်းဆို type နှစ်ခုရှိတယ်။
1. Code2Career Hackathons - ဒီကောင်တွေရဲ့ main point က ကျောင်းသား၊ ကျောင်းသူတွေကို အတွေ့အကြုံပေးပြီး educate လုပ်ပေးတဲ့ hackathons တွေလို့သတ်မှတ်လို့ရတယ်။ main point ကတော့ experience ရအောင်၊ ပြီးတော့ တစ်ခါတည်း sponsor company တွေအတွက် လူတော်ကျောင်းသားတွေရှာထုတ်လွယ်အောင် လုပ်ပေးတဲ့ပွဲပေါ့။ စဉ်းစားကြည့်ပါ၊ လူတွေအများကြီး apply လုပ်တာကို တစ်ယောက်ချင်းစီ interview မှာထက် ဒီလိုဆိုရင်အကောင်းဆုံးအသင်း၊ လူကို ချက်ချင်းသိရလိမ့်မယ်။ technical side ကိုပိုကြည့်ကြလေ့ရှိတယ်။
2. Code2Startup Hackathons - ဒီကောင်တွေရဲ့ main objectives ကတော့ Hackathon project အကောင်းဆုံးနဲ့၊ team အကောင်းဆုံးကို investor တွေအတွက်ရှာထုတ်ပြီး၊ သူတို့အတွက်တစ်ခါတည်း startup accelerator တွေထဲထည့်ပေးလို့ရအောင် ကျင်းပပေးတဲ့ကောင်တွေပေါ့။ ဒီကောင်တွေက business side ကိုပိုကြည့်ကြလေ့ရှိတယ်။
3.
အဲ့ကြောင့် အဲ့မေးခွန်းအတွက်ကတော့ "it depends", but ပွဲမှန်ရင် လူမှန်နဲ့တွေ့ပြီး ဖြစ်မြောက်စရာရှိဖြစ်မြောက်သွားလိမ့်မယ်။ ဥပမာ - Colosseum Solana Hackathon ကို Google မှာခေါက်ရှာကြည့်၊ Prize Pool မြင့်တာကတစ်ပိုင်း၊ အခုနိုင်သွားတဲ့ကောင်တွေက funding နဲ့ startup တွေစကြုံးနေပြီ။ ဘာမှမဖြစ်သွားတဲ့ risk ရှိလိမ့်မယ်၊ but high risk high reward, ကိုယ့်ပါကိုကိုယ့်ေပါ်ကို လောင်းနိုင်ရင် results ကိုထွက်လာမှာပါဘဲ။
Hackathon တွေဘယ်မှာသွားရှာရမှာလဲဆိုတာမသိဘူး 😔ရော ‼️
ကျောင်းပတ်ဝန်းကျင်မှာဆိုရင် ဆရာ၊ ဆရာမတွေကိုမေးကြည့်ရှိမရှိ။ မရှိမှတစ်ခြားနေရာတွေလိုက်ရှာ။
Online မှာက သုံးလို့ရတဲ့ Platform တွေကတော့
1. https://ethglobal.com/
2. https://www.colosseum.com/
3. https://taikai.network/
4. https://dorahacks.io/
5. https://devpost.com/
6. https://devfolio.co/
ဆိုပြီးရှိကြတယ်။ 1-4 ကမြန်မာဖြစ်လည်းကိစ္စမရှိ။ 5-6 က rules and regulations ထဲမှာသွားဖတ်ပြီး ကြည့်သင့်၊ မြန်မာပြည်ကို သူတို့ sanctioned ထားတော့နိုင်လည်းမပေးဘူးဆိုတဲ့အဖြစ်တွေကြားဖူးနေတာများနေပြီ။
ကျွန်တော့်မှာ coding အတွေ့အကြုံမရှိဘူး။ မပြိုင်ရဲဘူး 😭‼️
မပြိုင်ရဲရင်လည်း ပြိုင်။ အတွေ့အကြုံယူ။ ကိုယ့်မှာလည်း ခေါင်းတစ်လုံး၊ သူ့တို့မှာလည်းခေါင်းတစ်လုံးစီရှိကြတယ်။ ပြိုင်လည်းရှုံးပြီးဘာဖြစ်လဲ။ တစ်ခါပြိုင်ပြီးရှုံးပြီးအရှက်ကွဲလည်းကွဲပေါ့။ ဘဝကတိုတိုလေး။ လုပ်စရာရှိတာလုပ်၊ နိုင်ဖို့ဆိုတာက လမ်းကဖြောင့်နေတာမဟုတ်ဘူး၊ ဖြစ်မှာလဲ၊ ရှုံးရင်လည်းရှုံး။ but ပြိုင်တဲ့အချိန်မှာကတော့ နိုင်ကိုနိုင်ရမယ်ဆိုတဲ့စိတ်နဲ့ပြိုင်။ expectation မ meet လေကောင်းလေ။ အဲ့ချိန်မှာကိုယ်ဘယ်လောက်လိုကြောင်းတကယ်တမ်းသိလာရင် improve လုပ်ရတာလမ်းမြင်လာရလိမ့်မယ်။ စနိုင်ရင် မင်းအတွက်ကိုမင်းသက်သေပြနိုင်ပြီ ဆိုပြီးမှတ်။ just do it
မင်းကဘာကောင်မို့ ကြီးကြီးကျယ်ကျယ်ပြောနေတာလဲ 😡‼️
ကျွန်တော်ပြိုင်တာ ၁၅ ပွဲရှိပြီ။ နိုင်တဲ့ပွဲက ၇ပွဲ။ ပွဲတိုင်းကို မတူတဲ့လူတွေနဲ့တူတူလုပ်ပြီး ပြိုင်တာ။ ရှုံးလဲအတွေ့အကြုံရ network ရ၊ နိုင်လည်း ဆုကြေးရနဲ့ opportunity ရနဲ့ ၁ နှစ်ခွဲရှိပြီ။ ကျွန်တော့်လို normal family background ကနေလာတဲ့လူတစ်ယောက်အနေနဲ့က Hackathon တွေကနေရတဲ့အတွေ့အကြုံက ကျုပ်ဘဝကိုအသွင်ပြောင်းလဲလိုက်ပြီလို့ ကျွန်တော်ကိုယ်တိုင်သိပြီးတွေ့မြင်ခံစားမိခဲ့လို့ အခုစာဖတ်သူတွေအနေနဲ့လည်း ဖြစ်နိုင်တယ်လို့ပြောတာပါ။ ကျွန်တော်လည်းအခု Hackathon hunter အဆင့်ကနေ entrepreneur အဆင့်ကိုပြောင်းနေတဲ့အဆင့်မှာပါ။ ကျွန်တော်မတော်ပါဘူး၊ လိုပါသေးတယ်။ အဲ့ကြောင့် ကျွန်တော်လည်းဆက်ကြိုးစားနေရင်း အတွေ့အကြုံကိုပြန်လည် မျှဝေပေးရုံသာသာပါ။
ကျွန်တော်ပြိုင်ခဲ့တဲ့အကြောင်းအရာအချို့သိချင်ရင်၊ ဒီမှာဖတ်ကြည့်ပါ 👉
https://www.facebook.com/share/p/1FJnxQRsZ4
အားပေးတွေအတွက် ကျေးဇူးတင်ပါတယ်
(Taipei မှာပြိုင်တုန်း Pitching လုပ်ခဲ့တဲ့ပုံလေး)