Wcom Broadband - Hlaing Showroom

Wcom Broadband - Hlaing Showroom Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Wcom Broadband - Hlaing Showroom, Internet Company, Yangon.

အနှောင့်အယှက်ကင်းတဲ့ Digital လုပ်ငန်းခွင်အတွက် Wcom ရဲ့ Business Plan 💻 လုပ်ငန်းတစ်ခု တိုးတက်ဖို့ဆိုတာ အချိန်နဲ့တစ်ပြေးည...
22/05/2026

အနှောင့်အယှက်ကင်းတဲ့ Digital လုပ်ငန်းခွင်အတွက် Wcom ရဲ့ Business Plan

💻 လုပ်ငန်းတစ်ခု တိုးတက်ဖို့ဆိုတာ အချိန်နဲ့တစ်ပြေးညီ ဆက်သွယ်ဆောင်ရွက်နိုင်မှုအပေါ် အများကြီး မူတည်ပါတယ်

အရေးကြီးတဲ့ Meeting တွေ၊ Data Transfer တွေနဲ့ နေ့စဉ် Workflow တွေမှာ အင်တာနက်လိုင်းကြောင့် အနှောင့်အယှက်မဖြစ်စေဖို့ Wcom ရဲ့ Business Plan က အကောင်းဆုံး ပံ့ပိုးပေးသွားမှာပါ

Professional လုပ်ငန်းခွင်တွေအတွက် သင့်တော်တဲ့ ဈေးနှုန်းနှင့် Speed များ -

▪️ 60 Mbps - 90,000 MMK

▪️ 80 Mbps - 110,000 MMK

▪️ 100 Mbps - 135,000 MMK

▪️ 150 Mbps - 180,000 MMK

▪️ 200 Mbps - 245,000 MMK

လုပ်ငန်းခွင်ရဲ့ Productivity ကို မြှင့်တင်ဖို့ Wcom Business Broadband ကို အခုပဲ ရွေးချယ်လိုက်ပါ 📈

☎️ 09 949220242

လှိုင်မြို့နယ်အတွက် Wcom ရဲ့ မေလ Surprise! 🎁☀️ အပြင်မှာ အပူရှိန်တွေ ဘယ်လောက်ပဲ တက်နေပါစေ လှိုင်မြို့နယ်က မိဘပြည်သူတွေနဲ့...
01/05/2026

လှိုင်မြို့နယ်အတွက် Wcom ရဲ့ မေလ Surprise! 🎁

☀️ အပြင်မှာ အပူရှိန်တွေ ဘယ်လောက်ပဲ တက်နေပါစေ လှိုင်မြို့နယ်က မိဘပြည်သူတွေနဲ့ လုပ်ငန်းရှင်တွေရဲ့ လုပ်ငန်းဆောင်တာတွေမှာ အင်တာနက် Speed ဒီဂရီတွေ အရှိန်အဟုန်နဲ့ တက်လာစေဖို့ Wcom က သတင်းကောင်းလေး ယူဆောင်လာပါပြီ

မေလအတွင်း လှိုင်မြို့နယ်မှာ အင်တာနက်အသစ် တပ်ဆင်မယ့်သူတွေအတွက် သီးသန့်ပေးထားတဲ့ Special Promotion ကြီး ရှိနေပြီနော်📢

💸 ဒီမေလမှာ အသစ်တပ်ဆင်သူတိုင်းအတွက် တပ်ဆင်ခ အခမဲ့အပြင် ပထမဆုံးလစဉ်ကြေးကိုပါ ၁၀% Discount ချက်ချင်းလျှော့ပေးမှာဖြစ်လို့ အကုန်အကျအသက်သာဆုံးနဲ့ စတင်နိုင်မှာ ဖြစ်ပါတယ်

ဒါတင်မကသေးဘဲ ၃ လစာ ကြိုတင်ပေးသွင်းရုံနဲ့ အိမ်သုံး Customer များအတွက် 10 Mbps အပိုနဲ့ လုပ်ငန်းသုံး Customer များအတွက် 20 Mbps အပို Bonus Speed တွေကိုပါ ထပ်ဆောင်းခံစားခွင့် ရရှိဦးမှာဖြစ်ပါတယ်

တစ်ခါတည်းနဲ့ အဝသုံးပြီး ပိုတန်ချင်သူတွေအတွက် Wcom ရဲ့ အစဉ်အလာမပျက် လက်ဆောင်မွန်တွေဖြစ်တဲ့ ၆ လသွင်း ၁ လအပိုနဲ့ ၁၂ လသွင်း ၂ လအပို Promotion တွေမှာလည်း Bonus Mbps တွေကိုပါ တစ်ပြိုင်တည်း ပူးတွဲရရှိဦးမှာဆိုတော့ တကယ်ကို Double အမြတ်တွေ ရနိုင်မှာနော်

🗓️ လှိုင်မြို့နယ်သားတွေအတွက်ပဲ သီးသန့်ပေးထားတဲ့ ဒီအထူးအခွင့်အရေးကို မေလ ၃၁ ရက်နေ့အထိသာ ရရှိနိုင်မှာဖြစ်လို့ အမြန်ဆုံး ဆက်သွယ်တပ်ဆင်လိုက်ပါ

လူကြီးမင်းတို့ရဲ့ လုပ်ငန်းနဲ့ အိမ်သုံးအတွက် အကောင်းဆုံးဝန်ဆောင်မှုတွေပေးဖို့ Wcom က အမြဲအသင့်ရှိနေပါတယ်
ရှင်…
☎️ 09 949220242

“အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့”တစ်နေ့တာရဲ့ လည်ပတ်မှုတိုင်းမှာ အဓိကကျတဲ့ အစိတ်အပိုင်းကနေ ပါဝင်နေကြတဲ့ အလုပ်သမားထုကြီးတစ်ရ...
01/05/2026

“အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့”

တစ်နေ့တာရဲ့ လည်ပတ်မှုတိုင်းမှာ အဓိကကျတဲ့ အစိတ်အပိုင်းကနေ ပါဝင်နေကြတဲ့ အလုပ်သမားထုကြီးတစ်ရပ်လုံးကို Wcom Broadband မှ လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုအပ်ပါတယ်

လုပ်ငန်းခွင်အသီးသီးမှာ ကိုယ်စိတ်နှစ်ပါး အားမာန်အပြည့်နဲ့ ကြိုးစားနေကြသူများအားလုံး ဒီနေ့မှာ ပျော်ရွှင်အနားယူနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင့်

April Fool မဟုတ်တဲ့ Wcom ရဲ့ အစစ်အမှန် Promotion 🎁💦 သင်္ကြန်ရဲ့ အေးမြတဲ့ အငွေ့အသက်တွေနဲ့အတူ Wcom Broadband မှ ချစ်ရတဲ့ C...
01/04/2026

April Fool မဟုတ်တဲ့ Wcom ရဲ့ အစစ်အမှန် Promotion 🎁

💦 သင်္ကြန်ရဲ့ အေးမြတဲ့ အငွေ့အသက်တွေနဲ့အတူ Wcom Broadband မှ ချစ်ရတဲ့ Customer များအတွက် ပိုမိုမြန်ဆန် သစ်လွင်စေမယ့် "Thingyan Promotion" အထူးအစီအစဉ်ကြီးကို ယူဆောင်လာပါပြီ

📅 ဧပြီလ ၁ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ တစ်လလုံးလုံး Wcom အင်တာနက် အသုံးပြုသူတိုင်း ခံစားခွင့်ရရှိမယ့် Thingyan Promotion လက်ဆောင်တွေကတော့

✅ ၃ လစာ ကြိုတင်ဘေလ်ပေးဆောင်ပါက အိမ်သုံး Home Plan အသုံးပြုသူတိုင်း အပိုဆောင်း +10 Mbps Bonus ကို (၃) လတိတိ ခံစားခွင့် ရရှိမှာဖြစ်ပြီး

✅ လုပ်ငန်းသုံး BB Plan အသုံးပြုသူတိုင်းကတော့ အပိုဆောင်း +20 Mbps Bonus ကို (၃) လတိတိ ခံစားခွင့် ရရှိမှာ ဖြစ်ပါတယ်

ဒါ့အပြင် ၆ လစာ ကြိုတင်ဘေလ်ပေးဆောင်ပါက ပုံမှန်ရရှိနေကျ (၁) လစာ အခမဲ့ (FOC) အပြင် ၆ လ တိတိ Bonus Mbps များကို ရရှိနိုင်မှာဖြစ်သလို

၁၂ လစာ ကြိုတင်ဘေလ်ပေးဆောင်ပါက ပုံမှန်ရရှိနေကျ (၂) လစာ အခမဲ့ (FOC) အပြင် ၁၂ လတိတိ Bonus Mbps များကိုလည်း ရနိုင်မှာ ဖြစ်ပါတယ်

💦 ဒီနှစ်သင်္ကြန်မှာ မိသားစုဝင်တွေ၊ သူငယ်ချင်းတွေနဲ့အတူ အင်တာနက်ကို အမြန်နှုန်းအမြင့်ဆုံးနဲ့ စိတ်ကြိုက်အသုံးပြုနိုင်ဖို့အတွက် Wcom ရဲ့ Thingyan Promotion ကို အမိအရ ရယူလိုက်ပါ

☎️ 09 949 220 242

အစစအရာရာမြင့်တက်နေတဲ့အချိန်မှာ !!!10% Off Promotion…🛜စက်လည်းအခမဲ့ ဌားရမ်းပေးပြီး….🆓ကြိုးဖိုး + တပ်ဆင်ခကလည်းအခမဲ့ဆိုတော့…...
20/03/2026

အစစအရာရာမြင့်တက်နေတဲ့အချိန်မှာ !!!
10% Off Promotion…🛜

စက်လည်းအခမဲ့ ဌားရမ်းပေးပြီး….🆓
ကြိုးဖိုး + တပ်ဆင်ခကလည်းအခမဲ့ဆိုတော့…🧐
စဉ်းစားမနေနဲ့တော့နော်..🙂‍↔️
ဒါ့အပြင်…10% Promotion ရှိတာကိုရောသိပြီးကြပြီလား ?

➡️ လူကြီးမင်းတို့အသုံးပြုမဲ့ Packages လစဉ်ကြေးကို
တစ်လချင်း ပေးသွင်းပြီး 2 ရက်အတွင်း
တပ်ဆင်လိုက်တော့နော်🥰

➡️ အခုလိုပူပြင်းတဲ့နွေရာသီမှာ Wcom WiFi ရှိယုံနဲ့..
မိမိအိမ်မှာပဲ..သက်တောင့်သက်သာ WFH အလုပ်တွေကို
အောင်မြင်ပြီးမြောက်စွာလုပ်ဆောင်လို့ရနေပါပြီ🥰

➡️ ကလေးတွေအတွက်လည်းနွေရာသီကျောင်းပိတ်ရက်မှာ
Wcom WiFi ရှိယုံဖြင့် Cartoon Series တွေအဝကြည့်လို့
ရပြီနော်…😎

"ဆိုတော့ 10% Promotion ကိုတော့ယခု မတ်လ 25 ရက်နေ့
အထိပြုလုပ်သွားမှာပဲဖြစ်ပါတယ်ရှင်"

➡️ Promotion ရရှိမည့် မြို့နယ်တွေကတော့ 🌐
➡️ Thingangyun
➡️ Yankin
➡️ Mingalar Taungnyunt စသည့်မြို့နယ်တွေမှာ
တပ်ဆင်အသုံးပြုမည့် ကာကာတွေအကုန်ရရှိမှာပါရှင့်🥰

"သိလိုတာများကို Page chat box သို့လာရောက်မေးမြန်းနိုင်ပြီး အမြန်ဆုံးပြန်လည်ဖြေကြားပေးသွားမှာပါရှင့်" 🥰

☎️09 949 220 242

#အမ်သုံးwifi

Map ပေါ်က ဒီ (၃) နေရာမှာ ရှိနေရုံနဲ့ 10% Off 💥📍ရန်ကင်း၊ မင်္ဂလာတောင်ညွန့် နဲ့ သင်္ဃန်းကျွန်းမြို့နယ်မှာ နေထိုင်သူတွေအတွက...
15/03/2026

Map ပေါ်က ဒီ (၃) နေရာမှာ ရှိနေရုံနဲ့ 10% Off 💥

📍ရန်ကင်း၊ မင်္ဂလာတောင်ညွန့် နဲ့ သင်္ဃန်းကျွန်းမြို့နယ်မှာ နေထိုင်သူတွေအတွက် Wcom ကနေ အထူးအစီအစဉ်တစ်ခု ပြုလုပ်ပေးထားပါတယ်

အိမ်မှာဖြစ်ဖြစ်၊ ရုံးမှာဖြစ်ဖြစ် အင်တာနက်လိုင်း မတည်ငြိမ်လို့ အလုပ်တွေကြန့်ကြာတာ၊ စိတ်အနှောင့်အယှက်ဖြစ်ရတာမျိုးတွေ မရှိစေဖို့အတွက် Wcom ရဲ့ တည်ငြိမ်တဲ့ အင်တာနက်ကို အခုပဲ စတင်အသုံးပြုလိုက်ပါ

🏠 ဒီမြို့နယ် (၃) ခုမှာရှိတဲ့ Customer အသစ်တွေအတွက် First Payment မှာတင် ၁၀% တိတိ လျော့ဈေး ရရှိမှာဖြစ်လို့ အင်တာနက်ကောင်းတစ်ခုကို ဈေးသက်သက်သာသာနဲ့ အသုံးပြုနိုင်မယ့် အခွင့်အရေးကြီးပဲ ဖြစ်ပါတယ်

Regional Promotion က မတ်လ ၁၀ ရက်ကနေ ၂၅ ရက်အတွင်းပဲဖြစ်လို့ အချိန်လေးရှိတုန်း အမြန်ဆုံး ဆက်သွယ်လိုက်ဖို့တော့ လိုမယ်နော်

☎️ 09 : 949 220 242

Business Hotline : 01 470 6868

မတ်လရဲ့ အပူဒဏ်ကို Wcom ရဲ့ Promotion နဲ့ အံတုလိုက်ပါ ⛱️🏜️ နွေအပူရှိန်က ဘယ်လောက်ပဲ ပြင်းပြင်း လူကြီးမင်းတို့ရဲ့  အိမ်တွင်...
10/03/2026

မတ်လရဲ့ အပူဒဏ်ကို Wcom ရဲ့ Promotion နဲ့ အံတုလိုက်ပါ ⛱️

🏜️ နွေအပူရှိန်က ဘယ်လောက်ပဲ ပြင်းပြင်း လူကြီးမင်းတို့ရဲ့ အိမ်တွင်းအပန်းဖြေမှုတွေနဲ့ အရေးကြီးတဲ့ လုပ်ငန်းဆောင်တာတွေကို အနှောင့်အယှက်မရှိ ချောမွေ့စွာ လုပ်ဆောင်နိုင်ဖို့ Wcom မှာ အမိုက်စား Regional Promotion ကြီး ရှိနေပါပြီ

မင်္ဂလာတောင်ညွန့်၊ ရန်ကင်းနဲ့ သင်္ဃန်းကျွန်း စတဲ့ မြို့နယ် ၃ မြို့နယ်အတွင်းမှာရှိတဲ့ အင်တာနက် အသစ်တပ်ဆင်အသုံးပြုမယ့် မိတ်ဆွေတို့အတွက် ပထမလ ဘေလ်ပေးချေမှုမှာ 10% တိတိ လျော့ဈေးများကို ပေးသွားမှာ ဖြစ်ပါတယ် 📍

🏠 Home Broadband Package

25 Mbps - 37,500

30 Mbps - 45,000

35 Mbps - 485,00

40 Mbps - 55,000

50 Mbps - 65,000

🏢 Business Broadband Package

60 Mbps - 90,000

80 Mbps - 110,000

100 Mbps - 135,000

150 Mbps - 180,000

200 Mbps - 245,000

အိမ်သုံးရော လုပ်ငန်းသုံး Customer များပါ ရရှိနိုင်မယ့် Regional Promotion ကာလကတော့ မတ်လ (၁၀) ရက်နေ့ကနေ (၂၅) ရက်နေ့အထိသာ ဖြစ်လို့ လက်လွတ်မခံဘဲ အခုပဲ Register လုပ်ထားလိုက်တော့နော်

☎️09 949 220 242

Happy International Women’s Day 🌸👩 အမျိုးသမီးတစ်ဦးရဲ့ စွမ်းဆောင်ရည်ဟာ အကန့်အသတ်မရှိသလို သူမတို့ရဲ့ အိပ်မက်တွေကလည်း နယ်ပယ...
08/03/2026

Happy International Women’s Day 🌸

👩 အမျိုးသမီးတစ်ဦးရဲ့ စွမ်းဆောင်ရည်ဟာ အကန့်အသတ်မရှိသလို သူမတို့ရဲ့ အိပ်မက်တွေကလည်း နယ်ပယ်တိုင်းမှာ တောက်ပနေပါတယ်

အိပ်မက်တွေဆီ အရောက်လှမ်းနေတဲ့ အမျိုးသမီးတိုင်းအတွက် အမြဲတမ်း အဆက်အသွယ်မပြတ်အောင် Wcom က ပံ့ပိုးပေးသွားပါ့မယ်

အားမာန်အပြည့်နဲ့ ရှေ့ဆက်နေကြတဲ့ အမျိုးသမီးထုတစ်ရပ်လုံး ကိုယ်ပိုင်အရည်အချင်းများဖြင့် တောက်ပနိုင်ကြပြီး စိတ်ချမ်းမြေ့စရာကောင်းတဲ့ နေ့ရက်များကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း Wcom မှ ဂုဏ်ပြုဆုတောင်းပေးလိုက်ပါတယ်ရှင့် 🙏

☎️09 949 220 242

📶 Wi-Fi Password ခိုင်မာမှု မရှိရင် ဘာတွေဖြစ်နိုင်သလဲ?မိမိအိမ်မှာ အသုံးပြုနေတဲ့ Wi-Fi Password က ခန့်မှန်းရလွယ်ကူပြီး လု...
06/03/2026

📶 Wi-Fi Password ခိုင်မာမှု မရှိရင် ဘာတွေဖြစ်နိုင်သလဲ?

မိမိအိမ်မှာ အသုံးပြုနေတဲ့ Wi-Fi Password က ခန့်မှန်းရလွယ်ကူပြီး လုံခြုံမှုမရှိရင် အနီးနားပတ်ဝန်းကျင်မှ လူများက အလွယ်တကူ ခိုးယူချိတ်ဆက် အသုံးပြုသွားနိုင်ပါတယ် 🔓

👥 ဒီလိုခွင့်ပြုချက်မရှိဘဲ ချိတ်ဆက်သူ များပြားလာတဲ့အခါ အင်တာနက်လိုင်း အမြန်နှုန်း (Bandwidth) ကို ခွဲဝေသုံးစွဲလိုက်ရပြီး အွန်လိုင်းဂိမ်းကစားရာတွင် Lag ဖြစ်ခြင်း၊ ဗီဒီယိုနှင့် Live များကြည့်ရှုရာတွင် Buffering တက်ခြင်း စတဲ့အနှောင့်အယှက်များကို ကြုံတွေ့ရနိုင်ပါတယ်

🚨 ဒါ့အပြင် ပိုမိုစိုးရိမ်စရာကောင်းတဲ့အချက်ကတော့ သင့် Wi-Fi ကို ခိုးယူအသုံးပြုသူတွေဟာ မသမာတဲ့လုပ်ရပ်တွေ ဒါမှမဟုတ် ဥပဒေနဲ့မကင်းတဲ့ ကိစ္စရပ်တွေမှာ အသုံးချသွားခဲ့ရင် အင်တာနက်လိုင်းပိုင်ရှင်ဖြစ်တဲ့ သင်ကသာ ပထမဆုံး တာဝန်ခံရမယ့်သူ ဖြစ်လာနိုင်ခြင်းပါပဲ

တစ်ချိန်တည်းမှာပဲ သင့်ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ ခိုးယူခံရတာ၊ လူမှုကွန်ရက်အကောင့်တွေကို Hack ခံရတာ စတဲ့ ဒီဂျစ်တယ်လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတွေကိုလည်း ရင်ဆိုင်ရနိုင်ပါတယ်

🔑 ဒီလို ပြဿနာတွေကနေ ကင်းဝေးဖို့အတွက် Wi-Fi Password ကို ခိုင်မာအောင် ထားရှိပြီး ပြည့်စုံကောင်းမွန်တဲ့ Wcom Broadband ရဲ့ အကောင်းဆုံး အင်တာနက် အတွေ့အကြုံကို အနှောင့်အယှက်ကင်းကင်းနဲ့ အပြည့်အဝ ခံစားလိုက်ပါ

📞 Hotline : 09 949 220 242

#အမ်သုံးwifi

🧧 Gong Xi Fa Cai (恭喜发财) 🧧ယနေ့မှာ ကျရောက်တဲ့ တရုတ်နှစ်သစ်ကူး အခါသမယမှာ ချစ်ရတဲ့ Customer များအားလုံး စိတ်၏ချမ်းသာခြင်း၊ က...
17/02/2026

🧧 Gong Xi Fa Cai (恭喜发财) 🧧

ယနေ့မှာ ကျရောက်တဲ့ တရုတ်နှစ်သစ်ကူး အခါသမယမှာ ချစ်ရတဲ့ Customer များအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပြီး စီးပွားလာဘ်လာဘများ “မြင်းအဟုန်ဖြင့် တစ်ဟုန်ထိုး တိုးတက်အောင်မြင်ပါစေ" လို့ Wcom Broadband မိသားစုမှ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်ရှင့် 🙏

🏮 Wcom ကို တပ်ဆင်ပြီး နှစ်သစ်ရဲ့ မင်္ဂလာအပေါင်းနဲ့အတူ မိသားစုတိုင်း ပျော်ရွှင်ချမ်းမြေ့စေဖို့ Speed Bonus Promotion လေးကို ဖေဖော်ဝါရီ ၂၈ ရက်နေ့အထိ စိတ်ကြိုက်ရယူနိုင်မယ့်အကြောင်းလည်း အသိပေးအပ်ပါတယ်ရှင့်

အိမ်သုံးအတွက် Bonus 10 Mbps နဲ့ လုပ်ငန်းသုံးအတွက် Bonus 20 Mbps အထိ အပိုလက်ဆောင်တွေ ရရှိနိုင်မှာ ဖြစ်ပါတယ်

နှစ်သစ်ရဲ့ ကံကောင်းခြင်းလာဘ်လာဘများ အမြဲတမ်း ပြည့်စုံကြွယ်ဝပြီး ပိုမိုမြန်ဆန်တဲ့ အနာဂတ်ပန်းတိုင်ဆီသို့ Wcom နဲ့အတူ တစ်ဟုန်ထိုး တက်လှမ်းနိုင်ကြပါစေ‌ရှင့် 🐎

🧧❤️

Address

Yangon

Telephone

+959971810906

Website

Alerts

Be the first to know and let us send you an email when Wcom Broadband - Hlaing Showroom posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share