𝗩𝗘𝗥𝗧𝗘𝗫-𝗣𝗋𝗂𝗇𝗍𝗂𝗇𝗀 𝗦𝗈𝗅𝗎𝗍𝗂𝗈𝗇

  • Home
  • Myanmar
  • Yangon
  • 𝗩𝗘𝗥𝗧𝗘𝗫-𝗣𝗋𝗂𝗇𝗍𝗂𝗇𝗀 𝗦𝗈𝗅𝗎𝗍𝗂𝗈𝗇

𝗩𝗘𝗥𝗧𝗘𝗫-𝗣𝗋𝗂𝗇𝗍𝗂𝗇𝗀 𝗦𝗈𝗅𝗎𝗍𝗂𝗈𝗇 Silkscreen Printing အတွက် 𝗩𝗘𝗥𝗧𝗘𝗫

ကိုယ့်ဆရာတွေနဲ့ အမှတ်တရ
29/05/2026

ကိုယ့်ဆရာတွေနဲ့ အမှတ်တရ

High Density Printing အထည် ၃၀၀ ကစပြီးလက်ခံနေပါပြီ။ နည်းပညာ အသစ်နဲ့ ရိုက်နှိပ်ထားတာကြောင့် အရင်လို စျေးမကြီးတော့ပါဘူး။ Qu...
16/05/2026

High Density Printing အထည် ၃၀၀ ကစပြီးလက်ခံနေပါပြီ။ နည်းပညာ အသစ်နဲ့ ရိုက်နှိပ်ထားတာကြောင့် အရင်လို စျေးမကြီးတော့ပါဘူး။ Quality ကလဲ အရင်ထက် ပိုမိုက်လာပါပြီ။

အခုပုံလေးတွေကတော့ စမ်းသပ်တုန်း အခြေအနေကို မနေနိုင်လို့ တင်လိုက်တာပါ။

09/05/2026

ဆေးရိုက်ခုံမှာ ကော်တွေမကပ်တော့လျှင် ကော်အသစ်ပြန်သုတ်ဖို့ လိုသလား?

08/05/2026

အကောင်းမွန်ဆုံး ဝန်ဆောင်မှူတွေ ပေးနိုင်ဖို့ မကြာမှီ မြောက်ဒဂုံထဲ ရောက်လာတော့မယ်နော် Keep going 𝗩𝗘𝗥𝗧𝗘𝗫.

07/05/2026

Screen Making💪🏻💪🏻

06/05/2026

Puff Printing Project
************************
ဒီ Printing Effect လေးကတော့ ပုံမှန်မြင်ဖူးနေကျ ဆေးရိုက်ပုံစံတွေကနေ ကွဲထွက်နေတာကြောင့်မြင်လိုက်ရတဲ့ သူတိုင်း ၂ခါပြန်ငေးကြည့်နေစေမှာ အသေအချာပါဘဲ။ နောက်တစ်ချက်က ဒီ Printing Effect က အင်္ကျီပိတ်သားပေါ်မှာ အဖု အဖောင်းလေးတွေ ကြွတက်နေတာကြောင့် လက်နဲ့ ကိုင်ကြည့် ပွတ်ကြည့်တဲ့ အခါ Design ကပေးတဲ့ Texture အရသာကို ခံစားမိစေမှာပါ။ ဒီနေ့ခေတ် Fashion ရေစီးကြောင်းကပေးတဲ့ အသိကတော့ လူတွေက အင်္ကျီတွေ ဝတ်နေတာ မဟုတ်တော့ပါဘူး Style တွေ Message တွေ နဲ့ Vibe လို အမြင်အရသာတွေကို ဝတ်ဆင်နေတာဖြစ်လာပါပြီ။ဒါ့ကြောင့် ကိုယ့် ရဲ့ Brand က သူများနဲ့မတူကွဲထွက်နေဖို့ဆိုရင် ကျွန်တော်တို့ VERTEX - Printing Solution ကူညီဖို့ အသင့်ရှိနေပါတယ်ခင်ဗျာ။

အခုအရမ်းခေတ်စားနေတဲ့ Puff Printing (မြန်မာအခေါ် ဖောင်းကြွ) ရိုက်ထားတာလေးပါ။သူက ရိုးရိုး Flat ရိုက်ထားတာထက်စာရင် ပိုပြီး ...
06/05/2026

အခုအရမ်းခေတ်စားနေတဲ့ Puff Printing (မြန်မာအခေါ် ဖောင်းကြွ) ရိုက်ထားတာလေးပါ။

သူက ရိုးရိုး Flat ရိုက်ထားတာထက်စာရင် ပိုပြီး ကြည့်ရတာ ဆွဲဆောင်မှုရှိစေတဲ့ အားသာချက်ရှိပါတယ်။ မြင်လိုက်တာ နဲ့ အနည်းဆုံးတော့ လက်ကလေးနဲ့ ကိုင်ကြည့် ပွတ်ကြည့်လိုက်ရမှာ နေသာထိုင်သာရှိတယ်ဆိုတာ ဒီလို Printing လက်ရာမျိုးပါဘဲ။

စျေးလဲ အရမ်း မသုံးချင်ဘူး အမြင်ဆန်းတာလေးလဲ လိုချင်တော့ ဆိုရင်တော့ အခု Puff Printing လေးကို Fully Recommen ပေးပါတယ်ခင်ဗျာ။

𝗩𝗘𝗥𝗧𝗘𝗫-𝗣𝗋𝗂𝗇𝗍𝗂𝗇𝗀 𝗦𝗈𝗅𝗎𝗍𝗂𝗈𝗇 ရဲ့ တစ်နေ့တာ လည်ပတ်ပုံ😍Quality Printing တစ်ခုရရှိဖို့ နောက်ကွယ်ကနေ ကြိုးစားပေးနေကြတဲ့ကိုယ့်ရဲဘေ...
05/05/2026

𝗩𝗘𝗥𝗧𝗘𝗫-𝗣𝗋𝗂𝗇𝗍𝗂𝗇𝗀 𝗦𝗈𝗅𝗎𝗍𝗂𝗈𝗇 ရဲ့ တစ်နေ့တာ လည်ပတ်ပုံ😍

Quality Printing တစ်ခုရရှိဖို့ နောက်ကွယ်ကနေ ကြိုးစားပေးနေကြတဲ့

ကိုယ့်ရဲဘော်တွေ။

ဝန်ထမ်းတွေဘာကြောင့်မမြဲသလဲ?========================ယခုကိစ္စသည် ကျွန်တော်တို့ Screen Printing လောကတွင်သာမက တခြားသော နယ်ပယ...
03/05/2026

ဝန်ထမ်းတွေဘာကြောင့်မမြဲသလဲ?
========================
ယခုကိစ္စသည် ကျွန်တော်တို့ Screen Printing လောကတွင်သာမက တခြားသော နယ်ပယ်စုံ ကဏ္ဌစုံတွင် အမြဲကြားနေရသော ကိစ္စတစ်ခုဖြစ်နေပါပြီ။ အလုပ်ရှင် အများစုကတော့ ဝန်ထမ်းတွေ ထွက်တိုင်းထွက်တိုင်းမှာ မိမိတို့ကြောင့်လို့ မထင်ဘဲ ဝန်ထမ်းတွေကြောင့်လို့သာ မှားယွင်းစွာ မှတ်ယူနေကြသည်မှာ အင်မတန်ဝမ်းနည်းဖွယ်ဖြစ်ပါသည်။ ‘’ငါတို့အလုပ်လောက်ကောင်းတာ ငါတို့အလုပ်ဘဲရှိတယ်၊ ဒီလောက် ကောင်းပေးထားတာတောင် လုပ်ရက်တယ်၊ သူ့တို့ မိသားစုတောင် ငါတို့လောက်ဂရုစိုက်ပေးနိုင်မှာ မဟုတ်ဘူး’’ စသည့်စကားများသည် အလုပ်ရှင် ၁၀ဦးတွင် ၇ဦးလောက်က ဒီပုံစံအတိုင်းဘဲ ပြောလေ့ရှိကြသည်။
တချို့သော အလုပ်ရှင်များသည် ‘’ငကန်းသွားရင် ငစွေလာလိမ့်မယ့် ဝန်ထမ်းတွေ တစ်ယောက်မှ မရှိခင်ကတည်းက ငါတစ်ယောက်တည်း ဒီလုပ်ငန်းကို စခဲ့တာ မင်းတို့ ထွက်လည်း ဂရုမစိုက်ဘူး’’ စသည့် စကားမျိုးများဖြင့် မိမိ၏ ဝန်ထမ်းများအပေါ်မကျေနပ်သည်များကို မခံမရပ်နိုင်ဖြင့် ဝန်ထမ်းများတည်ရှိမှုကို လုံးဝအသိအမှတ်မပြုဘဲ ငါတကော ကော နေသော လုပ်ငန်းရှင်မျိုးများလည်း ကျွန်တော်တို့ ပတ်ဝန်းကျင်တွင် အမြဲတွေ့ရတက်ပေသည်။

ထိုသို့သော လုပ်ငန်းရှင်များကြောင့် ယခုကိစ္စများသည် ဘယ်သောအခါမှ ပြေလည်သွားသည်မရှိဘဲ ဖြစ်မြဲအတိုင်းသံသရာလည်နေလေတော့သည်။ ထွက်သွားသောဝန်ထမ်းနေရာ လူအသစ်ပြန်ခန့် ၊ ခန့်ထားတဲ့လူက အလုပ်ပြန်ထွက် စတဲ့ ကိစ္စများသည် လုပ်ငန်းထူထောင်လာသော နှစ်သာတစ်နှစ်ပြီး တစ်နှစ်ကုန်ဆုံးသွားပြီး ဝန်ထမ်းများသည် အသစ် အသစ်များဖြင့် လုပ်ငန်းကို ခက်ခက်ခဲခဲဖြင့် ရှေ့ဆက်နေလေရတော့သည်။

ဤသို့လျှင် ယခုကိစ္စအားဘယ်သို့ ဘယ်ပုံဖြေရှင်းသင့်ပါသနည်းဟု မေးစရာရှိလာပါပြီ။ ကျွန်တော်တို့ အနေဖြင့် လောလောဆယ် လူသားအရင်းအမြစ်ရဲ့ အသုံးဝင်ပုံနဲ့ အကျိုးကျေးဇူးကို အရင်နားလည်ထားဖို့လိုပါသည်။ လူတစ်ယောက်သည် ၁၀မိနစ်အတွင်း သစ်
တစ်လုံးသယ်နိုင်သည်ဆိုပါစို့ လူ၁၀ယောက်ဆိုလျှင် သစ်ဆယ်လုံး သယ်သွားနိုင်ပါပြီ။ ကုန်ဆုံးသွားသော အချိန်ကား ၁၀မိနစ်ပင် ဖြစ်ပါသည်။ လူတစ်ယောက်တည်းသာ အသုံးပြုနေမည် ဆိုလျှင် သစ် ၁၀လုံးပြီးစီးဖို့ မိနစ် ပေါင်း ၁၀၀ ဖြင့် ၂နာရီနီးပါ ကြာမြင့်နိုင်
ပါသည်။ အခန့်မသင့်လျှင့် အလွန်တရာ ပင်ပန်းသွားနိုင်သည့်အတွက် နောက်တနေ့ အလုပ်မှ ခွင့်ယူကောင်းယူနိုင်ပါသည်။ ထိုသို့သာဖြစ်လာပါက အလုပ်ရှင်အတွက် အလုပ်လုပ်ရသည့်ရက် တစ်ရက် ထပ်မံ၍နစ်နာဖို့သာရှိပါမည်။ သို့ပါသောကြောင့် လုပ်ငန်းရှင်များအနေဖြင့် ဝန်ထမ်းများသည် မိမိတို့ အကျိုးစီးပွားကို များစွာ အထောက်အကူပြုနေသည်ဆိုသော အချက်ကို ရှင်းရှင်းလင်းလင်း သိရှိနားလည်သင့်ပေသည်။

ကျွန်တော်တို့ ယခုလို နည်းပညာတွေ တိုးတက်မြင့်မားပြီး သတင်းအချက်အလက် လျှင်မြန်စွာစီးဆင်းနေတဲ့ Ai ခေတ်ကြီးထဲတွင် ဝန်ထမ်းများကို ထိမ်းသိန်းရသည်မှာ လွန်ခဲ့သော ၁၀နှစ်ကထက်ပို၍ပင် ခက်ခဲလာပါသည်။ အချို့သော လုပ်ငန်းများဆိုလျှင် ဝန်ထမ်းတွေအပေါ်ဆက်ဆံပုံ လစာ နှင့် Bonus ကောင်းကောင်း ပေးပုံတွေကို လူမှုကွန်ယက်တွေမှတဆင့် ပြသကာဆွဲဆောင်လျှက်ရှိနေပေသည်။ သင့်လုပ်ငန်းကသူတို့ကို မမှီနေပါက သင့်ဝန်ထမ်းသည် သူတို့ဝန်ထမ်းအဖြစ်သို့ ရောက်ရှိစေမှာ မြေကြီးလက်ခတ်မလွဲပင်ဖြစ်သည်။
အဲ့ဒီတော့ ကျွန်တော်တို့ အနေနဲ့ လူသားအရစ်အမြစ်ရဲ့ တန်ဖိုးနဲ့ အသုံးဝင်ပုံကို သိရှိနားလည်ပြီဆိုပါက ဒီလူသားရင်းမြစ်ကြီးကို ဘယ်လို ထိမ်းသိန်းစီမံရမလဲဆိုတဲ့ မဟာဗျူဟာတွေ နားလည် သိရှိဖို့ လိုအပ်လာပါတယ်။ ပထမဦးဆုံး ရိုးရိုးလေး စဥ်စားကြည့်လိုက်
ရအောင် ဝန်ထမ်းတွေအားလုံးသည် လူသားတွေပင်ဖြစ်နေသည်အတွက် ကျွန်တော်တို့အနေနဲ့ လူသားတွေရဲ့ စိတ်ပိုင်းဆိုင်ရာဖြစ်တည်မှုနဲ့ ပြောင်းလဲမှုတွေကို နားလည်ထားဖို့လိုပါတယ်။

လူသားတွေလိုချင်တာဘာလဲ?
ပျော်ရွှင်မှုပါ ဟုတ်ပါတယ် လူသားတွေဟာ ပျော်ရွှင်ရမှုကို တော်တော်လေးခုံမင်ကြတာကို အားလုံးအသိဘဲဖြစ်မှာပါ လူတွေဟာ ပျော်ရွှင်ရမှ dopamine ထွက်မှာဖြစ်ပါတယ်။ အဲ့ဒီတော့ ဘယ်အရာတွေက ပျော်ရွှင်စေရမှာလဲဆိုရင် လူသားတစ်ယောက်အနေနဲ့တော့ အကြောင်းအရင်း များစွာရှိနေနိုင်ပါတယ်။ ဒါပေမယ့် ဝန်ထမ်းတစ်ယောက်အတွက်ကတော့ ကျွန်တော်တို့အနေနဲ့ ရိုးရိုးရှင်းရှင်း စဥ်းစားကြည့်လို့ရပါတယ်။ အခြေခံက ၂မျိုးသာရှိပါတယ် ငွေကြေးနဲ့ ရုပ်ပိုင်းဆိုင်ရာ၊စိတ်ပိုင်းဆိုင်ရာ အဆင်ပြေဖို့ပါ။
၁။ လစာ စနစ်
လစာဟာ သင့်ရဲ့ လုပ်ငန်းခွင်ကို မဝင်ရောက်မီ ဝန်ထမ်းတစ်ယောက်ပထမဦးဆုံး မျှော့်လင့်ရခဲ့ရတဲ့ အရာတစ်ခုပါဘဲ။ သူတို့အနေနဲ့ လစာဟာ သူတို့မှန်းထားသလို (သို့မဟုတ်) မှန်းထားတာထက် ပိုတဲ့ လစာ ငွေကြေးတစ်ခုရပြီဆိုရင် သင့်ဆီမှာ သူတာဝန်ထမ်းဆောင်ဖို့အဆင်သင့် ဖြစ်နေပါပြီ။

၂။ SOP (Standard Operation Procedure)
သူဟာ လစာအဆင်ပြေလို့ လုပ်ငန်းခွင်ထဲရောက်လာတဲ့အခါ သူထမ်းဆောင်ရမယ့် တာဝန်တွေကိုစတင်လက်ခံရပါလိမ့်မယ် အဲ့ဒီအခါ ဒီဝန်ထမ်းအတွက် ချမှတ်ထားတဲ့ SOP (Standard Operation Procedure) လို့ခေါ်တဲ့ ပုံမှန်လုပ်ကိုလုပ်နေရမယ့် သူ့ရဲ့တာဝန်တွေကို တိတိကျကျချမှတ်ထားဖို့ပါဘဲ။ SOP မရှိတဲ့လုပ်ငန်းခွင်တွေဟာ ဝန်ထမ်းတွေ အထွက်များတဲ့လုပ်ငန်းခွင်တွေဖြစ်နေတက်ပါတယ် ဥပမာ မနက်အလုပ်စဝင်လာပြီဆိုရင် ဝန်ထမ်းတွေက ဘယ်ဟာကို စပြီးလုပ်ရမလဲဆိုတာ မသိကြတာပါ အဲ့ဒီတော့ အဆင်ပြေလောက်မယ့်ဟာကို သူတို့စဥ်းစားရွေးချယ်ပြီးလုပ်ကြတယ် ပြီးလဲပြီးရော အလုပ်ရှင်က ဒါမလုပ်ရဘူး ဟိုဟာလုပ်ရမယ်ဆိုတာတွေ ဖြစ်ကုန်တာပါ။ တစ်ချို့ကျတော့ အလုပ်တာဝန် တိတိကျကျမရှိတာပါ ဥပမာ ငွေစာရင်းတွေ တွက်ချက်ကိုင်တွယ်ဖို့ Accountant ကိုခေါ်ခန့်ထားပေမယ့် ပစ္စည်းဝယ်ဖို့လွှတ်လိုက်တာမျိုးတွေ၊ စတိုထဲဝင်ပြီး ပစ္စည်းတွေ ဝင်စစ်ပေးရတာမျိုးတွေပေါ့ ဝန်ထမ်းတွေဟာ သူတို့မှန်းထားတာနဲ့ လုပ်ရတာနဲ့ လွဲနေတဲ့ လုပ်ငန်းခွင်မျိုးမှာလဲ ရေရှည်မနေကြပါဘူး။

၃။ လုပ်ငန်းခွင်ဆက်ဆံရေး
လစာလဲ OKပြီ SOP လဲတိတိကျကျရှိနေပြီဆိုရင်တော့ နောက်တစ်ချက်က ဝန်ထမ်းအချင်းချင်းနဲ့ ရာထူးအထက်အောက် ဆက်ဆံရေးတွေပါ။ တချို့သော လုပ်ငန်းခွင်အများစုဟာ လူသစ်ကိုသိပ်ပြီး ကြိုဆိုလေ့ မရှိပါဘူး။ စဥ်စားကြည့်ရင် ကျွန်တော်တို့ ငယ်ငယ်က မူကြိုတက်ခါစလိုခံစားချက်ပေါ့ မျက်စိသူငယ် နားသူငယ်နဲ့ ထမင်းဂျိုင့် ဘယ်နားထားရမှန်းမသိ အိမ်သာဘယ်နားရှိမှန်းမသိ ရေဘယ်နေရာမှာ သွားသောက်ရမှန်းမသိဖြစ်နေတဲ့ အချိန်မှာ ဝန်ထမ်းဟောင်းတွေက ဖေးဖေးမမကြိုဆိုကြဖို့က အင်မတန်အရေးကြီးပါတယ်။ အဲ့ဒီကမှတဆင့် သူလုပ်ရမယ့် တာဝန်တွေကို Senior တွေ Leader တွေက စိတ်ရှည်လက်ရှည်နဲ့ ဂရုတစိုက်နဲ့ သင်ကြားပြသပေးဖို့လိုပါတယ်။ ဒီလိုကိစ္စတွေကိုလည်း အလုပ်ရှင်တွေ ဘက်ကနေ ဝန်ထမ်းအသစ်ရောက်တာဟာ မိမိတို့လုပ်ငန်းရဲ့ အကျိုးစီးပွားကိုတိုးတက်ဖို့ဆိုတာကို ဝန်ထမ်းဟောင်းတွေအပေါ်မှာ နားလည် လက်ခံနိုင်အောင် ရှင်းလင်းပြောဆိုပေးထားဖို့ လိုအပ်ပါတယ်။

၄။ အသိအမှတ်ပြုမှု
ဝန်ထမ်းတွေဟာ လူသားတွေ ဖြစ်တဲ့အတွက် ချီးမွမ်းမြောက်စားတာတွေဟာ သည်းခြေခိုက်အောင် ကြိုက်ကြတယ်ဆိုတာ မေ့မထားသင့်ပါဘူး ပါးစပ်ကသာထုတ်မပြောတာ အကုန်လုံးမက်မောကြတဲ့ ကိစ္စပါဘဲ ကျွန်တော်အထက်မှာပြောခဲ့သလို ဒီပျော်ရွှင်မှုက လူတွေကို dopamine ထွက်စေတယ်လေ။ အဲ့ဒီတော့ ဝန်ထမ်းတွေတော်ရင် တော်သလို အသိအမှတ်ပြုပေးပါ ချီးကျူးစကားဆိုပေးပါ။ အလုပ်ရှင်တွေရဲ့ ပြသနာက ဘာလဲဆိုရင် လုပ်ငန်းတစ်ခုလုံးကို ခေါင်းထဲ ထည့်ထားကြရတဲ့အတွက် အမြဲမျက်မှောင်ကြီးကြုံပြီး အရယ်အပြုံးသိပ်မရှိတက်ကြပါဘူး ဒါကလည်း နားလည်ပေးလို့ရပါတယ်။ သို့သော် ဝန်ထမ်းတွေနဲ့ ပြောဆို ဆက်ဆံတဲ့အခါ ချိုချိုသာသာနဲ့ နားဝင်အောင် ပြောနိုင်ဆိုနိုင်ရပါမယ်။ တချို့အလွန်ဆိုးရွာတဲ့ အလုပ်ရှင်တွေဆို လင်မယားချင်း ပြသနာတက်ပြီး ရန်ဖြစ်လာရင် ကိုယ့် အလုပ်အထဲအထိပါ အဲ့ဒီဒေါသအရှိန်ကို ပါလာခဲ့စေတာပါဘဲ။ ကျွန်တော်တို့ အထက်မှာ ပြောခဲ့သလိုတွေပါဘဲ အားလုံးဟာ လူသားတွေ ဖြစ်တဲ့ အတွက် လူသားတွေ အနေနဲ့ လက်မခံနိုင်တဲ့ ကိစ္စတွေကို ကိုယ်ချင်းစာပြီး မလုပ်ကြရင် တော်တော် အဆင်ပြေသွားမှာပါ။ တချို့အလုပ်ရှင်တွေပြောနေကျ စကားတစ်ခုရှိတယ် ငါတို့က စိတ်ဆိုးနေတုန်းသာ အော်ဟစ်ဆဲဆိုပစ်လိုက်တာ ပြီးရင် ရင်ထဲမှာ ဘာမှမရှိတော့ဘူး ဆိုတဲ့စကား အဲ့တာက ပြောတဲ့ သူအတွက်တော့ ဟုတ်ပေမယ့် ခံရတဲ့ သူအတွက်က အဲ့ဒီစကားလုံး တစ်လုံးချင်းစီတိုင်းက သူ့ရဲ့မှတ်ဥာဏ်ထဲမှာ သေသည်အထိ ပါသွားမှာပါ အဲ့ဒီမှတ်ဥာဏ်ကို ဘယ်လိုဖျက်ပစ်ရမလဲ။ နောက်တစ်ချက်က သူ့အနေနဲ့ ဘယ်လောက်တိုးတက်လာတယ်ဆိုတာကို သတိထားစောင့်ကြည့်ပြီး သူနဲ့ ထိုက်တန်တဲ့ အခွင့်အရေးတွေလည်းပေးရပါမယ်။ လူဟာ သူ့အနေနဲ့ ဒီအလုပ်က ရစရာကုန်ပြီလို ထင်လာရင်လည်း အလုပ်ထွက်တက်ပါတယ်။

၅။ ဝန်ထမ်းတွေရဲ့ အနာဂတ်(Golden Bridge)
ဒီအဆင့်ဟာ အင်မတန် အရေးကြီးတဲ့ အဆင့်ပါ ရှေ့မှာပြောခဲ့တဲ့ အချက်တွေ အားလုံးအဆင်ပြေလို့ အဲ့ဒီဝန်ထမ်းဟာလဲ ကိုယ့်ဆီမှာ အချိန် ၆လ-၁နှစ်လောက်မြဲနေပြီဆိုပါစို့ အဲ့ဒီအချိန်မှာ လုပ်ငန်းရှင်တွေအနေနဲ့ ဒီလို အချိန်ယူပြီးပြုစုပျိုးထောင်ပေးထားတဲ့ ဝန်ထမ်းတစ်ယောက် အလုပ်ထွက်သွားတဲ့အခါ အင်မတန်နှမြောဖို့ ကောင်းတယ်ဆိုတာ သတိပြုစရာရှိပါတယ်။ ဝင်ဝင်ချင်း အလုပ်သင်တစ်ယောက် ထွက်သွားတာ ပြသနာမဟုတ်ပေမယ့် ကိုယ်အတွက် အားကိုးရပြီး အလုပ်ရဲ့ အကြောင်းကို နားလည်တက်ကျွမ်းသွားတဲ့ သူတစ်ယောက်ဆုံးရှုံးရတာဟာ အင်မတန် ခံရခက်စေပါတယ် နှမြောဖို့လဲ အင်မတန်ကောင်းပါတယ် ပြောရရင် အဲ့ဒီဝန်ထမ်းက မိတ်ဆွေတို့ဆီကထွက်ပြီး ဒီအတိုင်းနေမှာမဟုတ်ဘူးလေ မိတ်ဆွေတို့ သင်ပေးလိုက်တဲ့ အတက်ပညာတွေ သူရရှိလာတဲ့ အတွေ့အကြုံတွေကို အသုံးချပြီး နောက်ထပ် လုပ်ငန်းတစ်ခုမှာ ပြန်ပြီးအလုပ်အကျွေးပြုတော့မှာပါ အခန့်မသင့်ရင် မိတ်ဆွေတို့ရဲ့ ပြိုက်ဘက် လုပ်ငန်းတစ်ခုတောင် ဖြစ်နေနိုင်ပါတယ်။ ဒါဟာ ဘာကြောင့်ထွက်တာလဲ? အဓိက ကတော့ ရပိုင်ခွင့်တွေ မလုံလောက်တဲ့ အတွက် သူ့ရဲ့ အနာဂတ်ကို စိုးရိမ်လာလို့ပါ။ ဝန်ထမ်းတစ်ယောက်ဟာ လစာပုံမှန်ရတယ် အလုပ်ခွင်ထဲမှာလဲ ဆက်ဆံရေးပြေလည်တယ် အလုပ်ရှင်ကလည်း သဘောကောင်းတယ် ဆိုယုံလောက်နဲ့ ဒီအဆင့်မှာ မလုံလောက်တော့ပါဘူး ကိုယ့်ဆီမှာ လုပ်သက် ကြာပြီး ယုံကြည်အားကိုးရတဲ့ ဝန်ထမ်းတွေရှိနေပြီဆိုရင် ကျွန်တော်တို့ အနေနဲ့ သူတို့ရဲ့ ဘဝ သူတို့ရဲ့ အနာဂတ်ကိုပါ ထည့်သွင်းစဥ်းစားပေးရတာမျိုးတွေ ရှိလာပါပြီ။ သူတို့ကို ဘာထပ်လုပ်ပေးရမလဲဆိုတာ စဥ်စားပေးသင့်ပါပြီ သူတို့ရဲ့ အချိန်တွေ တစ်ချို့ဆို ၅နှစ်တို့ ၁၀ နှစ်တို့ လုပ်သက်တွေရလာတဲ့အခါ သူတို့ရဲ့ ဘဝအချိန်တွေကို ဒီလုပ်ငန်းထဲမှာဘဲ နှစ်မြုပ်ပြီး အိုမင်းလာပေးခဲ့ကြတဲ့ သူတွေပါ။ ကျွန်တော်တို့ဘက်က သူတို့ရဲ့ ရှေ့ဆက်လျှောက်လှမ်းရမယ့် အနာဂတ်(Golden Bridge) ကို ရှင်းရှင်းလင်းလင်းပြသပေးဖို့လိုအပ်ပါတယ်။ အဲ့လို လူမျိုးတွေကျတော့ အလုပ်ရဲ့ တစ်လရတဲ့ အမြတ်ငွေထဲက ရာခိုင်နှုန်းဘယ်လောက်ကို ခံစားစေတာမျိုး (Profit Sharing System) မျိုးတွေ တချို့လုပ်ငန်းတွေဆို ဒီအလုပ်ရဲ့ ရှယ်ယာ ပမာဏ ဘယ်လောက်ကို ပေးပစ်လိုက်တာမျိုးတွေတောင်ရှိပါတယ်။ ဒါတွေဟာ ရုတ်တရက်ကြည့်ရင်တော့ ငွေပိုကုန်တယ် လို့ထင်ရပေမယ့် အဲ့တာက ခင်ဗျားတို့ အနာဂတ်အတွက် ရင်းနှီးမြုပ်နှံနေတာပါ သူတို့လိုလူတွေ မရှိရင် ဖြစ်သွားမယ့် ခင်ဗျားရဲ့ လုပ်ငန်းခွင် အခြေအနေကို တွေးကြည့်လိုက်စမ်းပါ။ နောက်တစ်ချက်က ဒီလိုပေးခြင်းအားဖြင့် သူတို့လောက် လုပ်သက်မရှိသေးတဲ့ ဝန်ထမ်းငယ်တွေဟာလဲ သူတို့ကိုကြည့်ပြီး အားကျ အတုယူစရာတွေ ဖြစ်လာပါလိမ့်မယ်။

၆။ မိသားစုလို သဘောထားပါ
ဒီစကာားပြောရတာလဲ ခပ်လန့်လန့်ပါ ဘာလို့လဲဆို ဝန်ထမ်းတွေက ဖမ်မလီတိုက်(Family Type) ဆိုကြောက်နေကြပါပြီ။ Family Type ဆိုတာ ကိုယ့်အိမ်က မွေးထားတဲ့ သားသမီးတွေလို စိတ်ထင်ရာတွေ လျှောက်ပြော လျှောက်ခိုင်းနေတောကို ပြောတာမဟုတ်ပါဘူး။
မိသားစုလိုသဘောထားဖို့ ဆိုတာ သူတို့မိသားစုရဲ့ အနာဂတ်တွေကိုပါ ထည့်စဥ်းစားစိတ်ပူပေးနေရတဲ့ ဆက်ဆံရေးဖြစ်နေဖို့ ပြောတာပါ ဒီလိုဝန်ထမ်းမျိုးတွေကလည်း မိတ်ဆွေတို့ဆီမှာ တသက်လုံး ဦးဆွေးဆံမြေ့ တာဝန်ထမ်းဆောင်ပေးဖို့ အသင့် ရှိနေတဲ့ သူတွေဖြစ်နေပါပြီ။ ဒါ့ကြောင့် သူတို့ရဲ့ အနာဂတ် နောက်ထပ် သူတို့ကနေ မွေးဖွားလာမည့် မျိုးဆက်သစ် ကလေးတွေရဲ့ အနာဂတ် စတာတွေပါ ကိုယ့်ဘက်ကနေ ထည့်သွင်းစဥ်းစားပေးနိုင်ဖို့ပါ တချို့ဆိုရင် ကိုယ့်မိဘလုပ်တဲ့ လုပ်ငန်းခွင်မှာ ကိုယ်ပါဆက်ပြီး ဝင်လုပ်နေတဲ့ လုပ်ငန်းတွေ အများအပြားရှိနေပါတယ် အားလုံးဟာ အောင်မြင်တဲ့ လုပ်ငန်းကြီးတွေပါဘဲ ဒီလောက်အထိ ဝန်ထမ်းတစ်ယောက်ကို တန်ဖိုးထားတဲ့ လုပ်ငန်းစာလဲ မအောင်မြင်စရာ ဘာအကြောင်းမှ မရှိပါဘူး။ ကျွန်တော်တို့ ငယ်စဥ်ကတည်းက ဖွင့်ထားတဲ့ ရွှေဘဲ စားတော်ဆက် က စားဖိုမှူးကြီးတွေဆို ဒီနေ့အထိတာဝန်ယူချက်ပြုတ်နေတုန်းပါ လုပ်သက်က နှစ်ပေါင်း ၄၀ ကျော်ခဲ့ပြီလို့ အင်တာဗျူးတစ်ခုမှာ ကြည့်ခဲ့ ရဖူးပါတယ်။

အဲ့ဒီတော့ နိဂုံးချုပ်အနေနဲ့ ဝန်ထမ်းတွေဟာလည်း လူသားတွေဘဲ ဖြစ်တာကြောင့် လူသားဆန်ဆန်တွေးတော့ပြီး ထိမ်းသိန်းကိုင်တွယ်သွားနိုင်ကြဖို့တိုက်တွန်းလိုပါတယ်ခင်ဗျာ။

အားလုံးအဆင်ပြေကြပါစေ။

𝗩𝗘𝗥𝗧𝗘𝗫-𝗣𝗋𝗂𝗇𝗍𝗂𝗇𝗀 𝗦𝗈𝗅𝗎𝗍𝗂𝗈𝗇

လုပ်ငန်းအတွေ့အကြုံဆိုတာ အရေးကြီးသလား?••••••••••••••••••••••••••••••••••••••••••••••••••••••စာလုံးတွေရိုက်တဲ့အခါတခါတလေမှာ...
03/05/2026

လုပ်ငန်းအတွေ့အကြုံဆိုတာ အရေးကြီးသလား?
••••••••••••••••••••••••••••••••••••••••••••••••••••••

စာလုံးတွေရိုက်တဲ့အခါ
တခါတလေမှာဇာ Mesh ကျဲတာဟာ ဆေးကျများတာမှန်ပေမယ့်။
တခါတလေမှာတော့ မိမိရိုက်နှိပ်မယ့် Design (or) Text တွေဟာ ဇာရဲ့လက်ခံနိုင်မှုထက် ပိုမိုကျော်လွန်နေတာတွေ ရှိတက်ပါတယ်။ ယခုပုံတွေမှာဆိုလျှင် စာလုံး အရေအတွက် ၁၀ လုံးပါတဲ့ ၂လက်မခွဲ အရွယ် စာလုံးဆိုဒ်ကို ဘောင်ကူးယူထားတာပါ။ ပုံမှန် အမြင်အရ ကြည့်ရင် အဆင်ပြေတယ် ထင်ရပေမယ့် ယခုလို အနုစိတ် ချဲကြည့်လိုက်လျှင်တော့ ဇာရဲ့ Mesh တွေဟာ Photo Emulsion (ဘောင်ကူး ကော်) ကို ကောင်းစွာ လက်ခံထားနိုင်ခြင်း မရှိတာ တွေ့ရမှာပါ။

ဒီအခြေအနေအတိုင်းသာ ရိုက်နှိပ်လိုက်မည်ဆိုပါက စာလုံးတွေရဲ့ အနားသတ်တွေဟာ တိကျပြတ်သားမှု ရှိမည်မဟုတ်ဘဲ လက်ရာကောင်းသော Printing Quality တစ်ခု ဖြစ်နိုင်မည်မဟုတ်ပါ။ ပုံမှန်စျေးကွက်ထဲတွင် လက်ခံလို့ရကောင်းရနိုင်ပေမယ့် QC(Quality Control) အင်မတန် တင်းကျပ်သော စက်ရုံများတွင်တော့ ယခုလိုအခြေအနေမျိုးကို လုံးဝ လက်ခံမည်မဟုတ်ပါ။ ကျွန်တော် ကိုယ်တိုင်လွန်ခဲ့သော ၅နှစ်ခန့်က တောင်ဒဂုံစက်မှုဇုံထဲရှိ Export အထည်ချုပ်စက်ရုံတစ်ခုအား ပိတ်စဖိုးတွေ ပြန်လျော်ပေးခဲ့ရတာကို အမှတ်ရစေပါသည်။

ကျွန်တော်တို့ အနေဖြင့် ယခုလို အခြေအနေမျိုးကြုံလာခဲ့လျှင် (အတွေ့အကြုံများသော Printer တစ်ယောက်ဖြစ်ပါက) အခြေအနေ အရပ်ရပ်ကို သုံးသပ်ကာ ဘောင်ကူးကော်ကို ပြန်လည် ပြင်ဆင်ခြင်း၊ ဇာMesh တွေကို ပြောင်းလဲ အသုံးပြုခြင်း ဖြင့် လွယ်ကူစွာ ဖြေရှင်းနိုင်မည်ဖြစ်သော်လည်း။

လုပ်ငန်းအတွေ့ အကြုံနည်းသေးသော Printer များအနေဖြင့် လွန်စွာ အကျပ်ရိုက်စေနိုင်ပါသည်။ ဒါကြောင့် Printer သမားကောင်းတစ်ယောက်ဖြစ်ဖို့ဟာ မိမိလုပ်ကိုင်နေသော လုပ်ငန်းအပေါ်မှာ အသေးစိတ်လေ့လာမှတ်သားပြီး မိမိအသုံးပြုနေရတဲ့ ဆက်စပ်ပစ္စည်းတွေ အပေါ်မှာလဲ ကိုယ်ရော စိတ်ရောနှစ်ပြီး ရင်းနှီးကျွမ်းဝင်မှုရှိအောင် လေ့လာသင်ယူသင့်ပါတယ် ဒါမှသာ အချိန်ကြာလာလေလေ ကျွမ်းကျင်လေလေဖြစ်လာပြီး အဘက်ဘက်ကပြီးပြည့်စုံတဲ့ Screen Printer ကောင်းတစ်ယောက် ဖြစ်လာစေမှာ မလွဲဧကန်ဖြစ်ပါသည်။ ။ အားလုံး အဆင်ပြေချောမွေ့ကြပါစေဗျာ။

Aung Kyaw Myat
𝗩𝗘𝗥𝗧𝗘𝗫-𝗣𝗋𝗂𝗇𝗍𝗂𝗇𝗀 𝗦𝗈𝗅𝗎𝗍𝗂𝗈𝗇

Address

No-388, Yarza Thin Gyan 8th Street, 11 Quarter, South Oakkalapa Township
Yangon
11091

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when 𝗩𝗘𝗥𝗧𝗘𝗫-𝗣𝗋𝗂𝗇𝗍𝗂𝗇𝗀 𝗦𝗈𝗅𝗎𝗍𝗂𝗈𝗇 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share