05/06/2026
"မေမြို့ရဲ့ အေးချမ်းတဲ့လေပြေ၊ လမ်းဘေးက ရောင်စုံပန်းလေးတွေနဲ့အတူ မြင်းခွာသံ တဒေါက်ဒေါက်ကို ကြားဖူးကြရဲ့လား..."
ကျွန်တော့်နာမည်ကတော့ ဦးခင်မောင်ဝင်းပါ။ ဒီမေမြို့လေးမှာပဲ မွေးဖွားကြီးပြင်းလာခဲ့ပြီး၊ ကျွန်တော့်ဘဝရဲ့ (၃၅) နှစ်တာ ကာလကို ဒီမြင်းလှည်းလေးပေါ်မှာပဲ ဖြတ်သန်းလာခဲ့တာပါ။ ဘိုးဘွားလက်ထက်ကတည်းက ဆင်းသက်လာတဲ့ မြင်းလှည်းမောင်းတဲ့ အလုပ်လေးဟာ ကျွန်တော့်အတွက်တော့ အသက်မွေးဝမ်းကြောင်းတစ်ခုတင်မကဘဲ အမွေအနှစ်တစ်ခုလည်း ဖြစ်နေပါတယ်။
ခေတ်ကာလတွေ ပြောင်းလဲလာတဲ့အခါမှာတော့ ဒီအလုပ်လေးက တဖြည်းဖြည်း ပျောက်ကွယ်လုနီးပါး ဖြစ်လာပါပြီ။ သားသမီးတွေ လက်ထက်ကျရင်တော့ ဒီအလုပ်လေး ဆက်လုပ်ဖြစ်မယ် မထင်ပါဘူး။ ပင်လဲပင်ပန်းတာကိုး..
အထူးသဖြင့် မိုးတွင်းကာလလိုမျိုး ခရီးသွားနည်းတဲ့အချိန်တွေမှာဆိုရင် ဝမ်းရေးအတွက် အဆင်မပြေမှုတွေနဲ့ ရင်ဆိုင်ရတာပေါ့။
ဒါပေမဲ့လည်း... ကျွန်တော် ဒီအလုပ်ကို မစွန့်လွှတ်ရက်သေးပါဘူး။
မြန်မာ့မျက်နှာဖုံးကို ဖတ်ရှူနေကြပြီး
မေမြို့ကို အလည်လာမယ့် မိတ်ဆွေတို့ရေ...
မေမြို့ရဲ့ အေးချမ်းတဲ့အရသာကို အပြည့်အဝခံစားရင်း၊ ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ မြင်းလှည်းလေးကို စီးပေးကြပါဦး။ ခေတ်မီတဲ့ ကားတွေနဲ့ မတူတဲ့ မြင်းလှည်းစီးခြင်းရဲ့ ရသကို ကျွန်တော့်မြင်းလှည်းလေးနဲ့အတူ ခံစားကြည့်ဖို့ ဖိတ်ခေါ်ချင်ပါတယ်။
အမှတ်တရ ခရီးစဉ်လေးတစ်ခုအတွက် ကျွန်တော့်ကို အချိန်မရွေး ဆက်သွယ်နိုင်ပါတယ်။
📞 ဆက်သွယ်ရန် - 09794810486 (ဦးခင်မောင်ဝင်း)