19/08/2026
Leak တွေထွက်လာတဲ့ GTA VI ရဲ့ Gameplay
NEWS
Aug 19, 2026
Netflix က Grand Theft Auto 6 ရဲ့ Gameplay ကို ပိုမိုအသေးစိတ်ပြသမယ့် အစီအစဉ်ကို August 27 ရက်မှာ ထုတ်ဖော်မယ်လို့ ဆိုထားပေမယ့် အခုအချိန်မှာပဲ GTA 6 ရဲ့ Gameplay Leak အသစ်တွေ ထွက်ပေါ်လာပါတယ်။ အဆိုပါ Leak တွေက Rockstar Games က Game ထဲမှာ အသေးစိတ်အရာတွေကို ဘယ်လောက်အထိ ထည့်သွင်းဖန်တီးထားလဲ၊ Crime လုပ်တာတွေအပြင် Player တွေ ဘာတွေလုပ်နိုင်မလဲဆိုတာကိုပါ အနည်းငယ် မြင်တွေ့ခွင့်ပေးပါတယ်။ Hacker Group တစ်ခုလို့ ယူဆရတဲ့အဖွဲ့က GTA 6 Gameplay Video အသစ်တွေကို ထပ်မံဖြန့်ချိခဲ့တာဖြစ်ပြီး 2022 ခုနှစ်က ဖြစ်ခဲ့တဲ့ GTA 6 Leak ကြီးနဲ့ ဆင်တူပါတယ်။ Leak ထဲက Video တစ်ခုမှာတော့ Jason က သူ့အိမ်မှာ အေးအေးဆေးဆေးနေနေပြီး ပင်လယ်လေကို ခံစားနေတာကို တွေ့ရတာကြောင့် GTA 6 ဟာ Crime တွေ လုပ်ရုံတင်မကဘဲ Game World ထဲမှာ အေးအေးဆေးဆေး ထိုင်ပြီး ပတ်ဝန်းကျင်ဖြစ်ပျက်တာတွေကို ကြည့်နေနိုင်တဲ့အထိ အသေးစိတ်ဖန်တီးထားတဲ့ Game ဖြစ်နိုင်ပါတယ်။
Leak Video ထဲမှာ Jason က Basketball ယူပြီး ပစ်ကစားတာကို တွေ့ရပြီး ဘောလုံးဝင်သွားတိုင်း Platformer Game တွေမှာ Coin ကောက်တဲ့အသံမျိုး ထွက်ကာ “Focus” ဆိုတဲ့ အမှတ်တစ်မျိုး ရရှိပါတယ်။ Jason က လမ်းလျှောက်ရင်း Dribble လုပ်နိုင်သလို Basketball ကို အမျိုးမျိုးသော လမ်းကြောင်းနဲ့ ပစ်နိုင်ပြီး ဘောလုံးရေထဲကျသွားတဲ့အခါ ရေပြင်ကပါ လက်တွေ့ဆန်ဆန် တုံ့ပြန်တာကို မြင်ရပါတယ်။ ဒါ့အပြင် Leak မှာ GTA 6 ရဲ့ HUD ကို အနည်းငယ်ပိုမြင်ရပြီး လက်ရှိအခြေအနေအလိုက် ပြောင်းလဲနိုင်တဲ့ Stamina Meter တစ်ခုနဲ့ In-game Money အမျိုးအစား ၂ ခု ပါရှိသလို မြင်ရပါတယ်။ တစ်ခုက Jason ရဲ့ ကိုယ်ပိုင်ပိုက်ဆံဖြစ်နိုင်ပြီး နောက်တစ်ခုက သူ့အိမ်နဲ့ ဆက်စပ်တဲ့ ငွေကြေးဖြစ်နိုင်ကာ Red Dead Redemption 2 ရဲ့ Camp Funds နဲ့ ဆင်တူနိုင်ပါတယ်။ ဒါပေမယ့် Video ထဲမှာ ပုံမှန် Button Icon တွေ မပါဝင်တာကြောင့် ဒီ Leak Gameplay က ဘယ် Version ကနေ ထွက်လာတာလဲဆိုတာတော့ မသေချာသေးပါဘူး။�
Leak Video ဒုတိယတစ်ခုမှာတော့ ပုံမှန် GTA Gameplay ပုံစံကို ပိုမြင်ရပြီး Player က Leonida Highway ပေါ်မှာ ကားကို အလွန်မဆင်မခြင်မောင်းကာ GTA 6 ထဲက UPS လိုမျိုးဖြစ်တဲ့ Scoop Delivery Truck ကို ဝင်တိုက်မိပါတယ်။ အဲဒီနောက် ကားမောင်းသူနှစ်ယောက် ရန်ဖြစ်ကြပြီး Jason က တစ်ဖက် Driver ရဲ့ Wrench ကိုယူကာ အပြင်းအထန် ရိုက်နှက်တာကို တွေ့ရပါတယ်။ Gameplay က အရင် GTA Series တွေရဲ့ ရင်းနှီးနေတဲ့ Chaos ပုံစံမျိုးဖြစ်ပေမယ့် ပတ်ဝန်းကျင်လှုပ်ရှားမှုတွေနဲ့ အသေးစိတ်အချက်အလက်တွေကို အလွန်အမင်း ထည့်သွင်းဖန်တီးထားတာကို မြင်ရပါတယ်။ ဒီ Clip ကို Cyberleek လို့ခေါ်တဲ့ အဖွဲ့က ဖြန့်ချိခဲ့တာဖြစ်ပေမယ့် သူတို့က ဒီ Footage ကို ဘယ်လိုရရှိခဲ့တာလဲ၊ အဖွဲ့က ဘယ်လိုအဖွဲ့အစည်းမျိုးလဲဆိုတာ မသိရသေးသလို သူတို့ Website မှာ နောက်ထပ် Footage တွေကြည့်နိုင်တယ်လို့ ဆိုထားပေမယ့် တကယ်တမ်း နောက်ထပ်ဘာမှ မတွေ့ရတာကြောင့် အဲ့ဒီ Website ကို မဝင်တာက ပိုကောင်းပါတယ်။
GTA Fan တွေအနေနဲ့ ဒီလကုန် August 27 ရက်မှာ Rockstar နဲ့ Netflix တို့က GTA 6 ရဲ့ Gameplay ကို Official အနေနဲ့ ပြသမယ့် Extended Look ကို ထုတ်ပြန်တဲ့အခါ Game အကြောင်းကို ပိုပြီး အသေးစိတ်မြင်တွေ့ရမှာပါ။ Grand Theft Auto 6 ကိုတော့ November 19, 2026 မှာ PlayStation 5 နဲ့ Xbox Series X/S အတွက် ထွက်ရှိဖို့ စီစဉ်ထားပါတယ်။
ref: Patricia Hernandez from Polygon
Game နဲ့ပက်သက်တဲ့ Update NEWS တွေကို Weekdays ညနေ ငါးနာရီတိုင်းတင်ပေးနေတာမို့လို့ Page ကို Like&Follow လုပ်ခဲ့ပေးပါ။
Stay Safe, Play at Home & Buy from Play with Thomas