Electronic Basic Devices

  • Home
  • Electronic Basic Devices

Electronic Basic Devices "Community Leadership & Technical Education" Electronic and industrial ပစ္စည်းတွေ ဝယ်ယူရရှိနိုင်ပါတယ်ခင်ဗျာ

06/05/2026

#လျှပ်စစ်

22/04/2026

21/04/2026
21/04/2026

* LDR Sensor ကို အခြေခံပြီး တည်ဆောက်ထားတဲ့ Auto Street Lighting Control အလွယ်တပ်ဆင်နည်းလေး ဖြစ်ပါတယ်...
* Page ကို Follow ထားတဲ့ ကျွန်တော်တို့ရဲ့ မိတ်ဆွေတွေအတွက် နောက်ထပ် ကောင်းနိုးရာရာ Video လေးတွေကိုလည်း တင်ပေးသွားဖို့ ရှိပါတယ်...

ကောင်းသောဆန္ဒတွေနဲ့ အောင်မြင်မှုတွေရကြပါစေ
Aung Htet(Mech;)
Founder Of Electronic BasicDevices

20/04/2026

* ကျွန်တော်တို့ Online Course အတန်းမှာ ပါဝင်တဲ့ Variable Resistor အသုံးချ Dimmer အခြေခံ Short Video လေးပါ။

18/04/2026

* PIR Sensor မှ Signal သာယူပြီး Time Delay အတွက် စိတ်ကြိုက်လိုသလို ဖန်တီးလို့ရအောင် ပြုလုပ်ထားပါတယ်
* 555 IC ကို အဓိက သုံးထားပြီး 2000W အထိ စိတ်ချ လက်ချ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်
* ဒီပစ္စည်းလေးကိုတော့ လှေကားအတက်အဆင်းလိုနေရာတွေနဲ့ Power Saving လုပ်ဖို့ လိုအပ်တဲ့ နေရာတွေမှာ သုံးနိုင်ပါတယ်
* ယခုပြထားတာလေးကတော့ Demo ပုံစံလေးသာဖြစ်ပါတယ်ဗျ။မကြာခင်မှာ အချောသတ်ထုတ်လုပ်ဖို့ ရှိပါတယ်
* ဒီဆားကစ်သဘောတရားကိုတော့ ကျွန်တော်တို့ Online Course က ညီကိုမောင်နှမတွေ ကောင်းကောင်းသိပါတယ်ဗျာ

ကောင်းသောဆန္ဒတွေနဲ့ အောင်မြင်မှုတွေ ရကြပါစေ
Aung Htet(Mech;)

15/04/2026

📍 Electronics ပညာရပ်ကို အခြေခံကနေ Project တွေ ကိုယ်တိုင်ဆောက်နိုင်တဲ့အထိ လေ့လာချင်ပါသလား?
​အိမ်မှာနေရင်း မိမိအားလပ်ချိန်မှာ အခြေခံကစပြီး စနစ်တကျ လေ့လာနိုင်မယ့် Online Video Course (၂) ခုကို မိတ်ဆက်ပေးပါရစေ။
​၁။ Electronic Basic Course (၅၀,၀၀၀ ကျပ်)
​Electronics နယ်ပယ်ကို အခြေခံကစပြီး ခြေလှမ်းလှမ်းချင်သူများအတွက် 👇
✅ မီတာတိုင်းနည်းနှင့် အခြေခံ Components (Resistor, Transistor, Diode) များအကြောင်း။
✅ Power Supply နှင့် Voltage Regulator Circuit များ တည်ဆောက်ခြင်း။
✅ 555 IC, 741 IC တို့ဖြင့် လက်တွေ့အသုံးချ Project များ ဖန်တီးခြင်း။
✅ Motion Detect, Alarm နှင့် မီးပြေးဆားကစ်များ ကိုယ်တိုင်ဆောက်လုပ်ခြင်း။
​၂။ Digital Electronic Course (၅၀,၀၀၀ ကျပ်)
​Logic IC များအကြောင်းကို အသေးစိတ် လေ့လာပြီး Digital စနစ်ကို နားလည်လိုသူများအတွက် -
✅ Logic Gates အမျိုးအစားအားလုံးကို PLC Board နှင့် ယှဉ်တွဲလေ့လာခြင်း။
✅ Flip Flop, Counter ဆားကစ်များနှင့် Data ဖတ်နည်းများ။
✅ လက်တွေ့လေ့လာရန် Logic Training Kit ဖြင့် စနစ်တကျ သင်ကြားပေးခြင်း။
​🌟 ဘာကြောင့် ဒီသင်တန်းကို ရွေးချယ်သင့်သလဲ?
🔹 Lifetime Access: Facebook & Telegram Group တွင် တစ်သက်တာ ကြည့်ရှုလေ့လာနိုင်ခြင်း။
🔹 Offline Study: Telegram တွင် Video များ Download ဆွဲထားပြီး အင်တာနက်မလိုဘဲ လေ့လာနိုင်ခြင်း။
🔹 Direct Support: နားမလည်သည်များကို ဆရာနှင့်တိုက်ရိုက် Messenger/Telegram မှ မေးမြန်းနိုင်ခြင်း။
🔹 Continuous Update: သင်ခန်းစာသစ်များနှင့် Circuit Project Video အသစ်များကို အမြဲ Update တင်ပေးခြင်း။
​💰 သင်တန်းကြေး: တစ်ဘာသာလျှင် ၅၀,၀၀၀ ကျပ် သာ (တစ်ခါအပ်ရုံဖြင့် ထာဝရလေ့လာနိုင်)
​📩 သင်တန်းတက်ရောက်ရန်:
သင်တန်းအပ်လိုပါက Page Messenger သို့ "Course" ဟု စာပို့ပေးပါ။ ငွေလွှဲပြီးသည်နှင့် သင်တန်း Group ထဲသို့ ချက်ချင်း Add ပေးပါမည်။
​📞 ဆက်သွယ်ရန်: 09 425 372107 (ကိုအောင်ကိုဦး)
(KBZ Pay / Wave Pay / CB Pay / AYA Pay တို့ဖြင့် အဆင်ပြေစွာ ပေးချေနိုင်ပါသည်။)

27/03/2026

Safety Alarm order လေးတွေ လုပ်ပေးဖြစ်နေပါတယ်ဗျာ
*9V / 12VDC အနေနဲ့ အသုံးပြုနိုင်ပါတယ်
* မှာယူသူမိတ်ဆွေအပေါင်း လုပ်ငန်းများ တိုးတက်အောင်မြင်ကြပါစေ...

02/03/2026

* ရေတင် ရေပိတ်ဖို့ မေ့တတ်လား? ရေလျှံမှာကို စိတ်ပူနေရသလား? 💧
​အခုပြထားတဲ့ Automatic Water Pump Controller လေးရှိရင် ရေကန်ထဲမှာ ရေကုန်တာနဲ့ အလိုအလျောက် ရေတင်ပေးမှာဖြစ်ပြီး ရေပြည့်တာနဲ့ စက်ကို အလိုအလျောက် ပိတ်ပေးမှာပါ။

Sinking & Sourcing 📍 Sink & Source သဘောကိုတော့  PLC I/O တွေရဲ့ အဓိက ချိတ်ဆက်တဲ့နေရာတွေမှာ သုံးပါတယ်။ဒါကြောင့် ဒီသဘောကို ...
27/01/2026

Sinking & Sourcing

📍 Sink & Source သဘောကိုတော့ PLC I/O တွေရဲ့ အဓိက ချိတ်ဆက်တဲ့နေရာတွေမှာ သုံးပါတယ်။ဒါကြောင့် ဒီသဘောကို သိထားရပါမယ်။

၎င်းတို့ရဲ့ အလုပ်လုပ်ပုံကို နားလည်လွယ်အောင် အောက်ပါအတိုင်း ရှင်းပြပေးပါမယ်။

​ Sink Type (Sinking Logic)

📌 ​ဒီနည်းလမ်းမှာတော့ Load ကို အပေါင်းဘက် Vcc နဲ့ အမြဲတမ်း ချိတ်ဆက်ထားပြီး ခလုတ် ကို GND (အနှုတ်) ဘက်မှာ ထားရှိတာဖြစ်ပါတယ်။ဒါကြောင့် ဒီအမျိုးအစားမှာတော့ Switch သို့မဟုတ် Sensor ကနေလာတဲ့ Volt ဟာ GND ဖြစ်ရပါမယ်။ဒါမှသာ အလုပ်လုပ်မှာဖြစ်ပါတယ်။အကယ်၍ GND နေရာမှာ Vcc ဖြစ်ပါက အလုပ်လုပ်မှာ မဟုတ်ပါ။

📌 ​အလုပ်လုပ်ပုံမှာ ခလုတ်ကို On လိုက်တဲ့အခါ လျှပ်စစ်စီးကြောင်းဟာ Vcc ကနေ Load ကို အရင်ဖြတ် ပြီးမှ ခလုတ်ကတစ်ဆင့် Ground ထဲကို စီးဝင်သွားပါတယ်။​ဒီအခြေနေကတော့ Switch ကနေ လျှပ်စစ်စီးကြောင်းကို Ground ထဲသို့ Sink လုပ်ပေးလိုက်တာပဲဖြစ်ပါတယ်။

Source Type (Sourcing Logic)

📌 အလွယ်ပြောရမယ်ဆိုရင် Source Type ကတော့ Sink နဲ့ ပြောင်းပြန်ဖြစ်ပါတယ်။​ဒီနည်းလမ်းမှာတော့ ခလုတ် ကို Power ရဲ့ အပေါင်းလိုင်း Vcc ဘက်မှာ ထားရှိပြီး Load က Ground နဲ့ အမြဲချိတ်ဆက်နေတာဖြစ်ပါတယ်။

📌 ​အလုပ်လုပ်ပုံကတော့ ခလုတ်ကို On လိုက်တဲ့အခါ လျှပ်စစ်စီးကြောင်းဟာ Vcc ကနေ ခလုတ်ကို အရင်ဖြတ် ပြီးမှ Load ဆီကို စီးဝင်သွားပါတယ်။​ဒီအခြေနေကတော့ Switch ကနေ လျှပ်စစ်ပါဝါကို Load ဆီသို့ စီးဆင်းအောင် Source ပေးလိုက်တာဖြစ်ပါတယ်။ဒါကြောင့် Sensor တွေနဲ့ ချိတ်ဆက်တဲ့အခါ NPN သုံးမလား PNP သုံးမလားဆိုတာ ရွေးချယ်နိုင်ဖို့ မိမိသုံးမဲ့ PLC ဟာ Sinking လား Sourcing လားဆိုတာ ဦးစွာ သိဖို့လိုပါတယ်။

ကောင်းသောဆန္ဒတွေနဲ့ အောင်မြင်မှုတွေ ရကြပါစေ
Aung Htet(Mech;)
Founder of Electronic Basic Devices

Address

ရွှေပြည်သာမြို့နယ်၊ ရန်ကုန်

Telephone

+959425372107

Website

Alerts

Be the first to know and let us send you an email when Electronic Basic Devices posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Electronic Basic Devices:

Share