07/06/2021
🆗🆗🆗🆗🆗
"အဖိုးတန်တဲ့ မိန်းမ"
*******************
မိန်းမတစ်ယောက်ရဲ့
တန်ဖိုးဆိုတာ...
ရုပ်ရည်မဟုတ်ပါဘူး။
အရှက်နဲ့ သိက္ခာကို
အသက်ထက် တန်ဖိုးထားတာကို
ဆိုလိုတာပါ။
တန်ဖိုးကြီးတဲ့ ပစ္စည်းကို
လူတိုင်းက လိုချင်ကြပေမယ့်
လူတိုင်း ဝယ်မသုံးနိုင်ပါဘူး။
ဒီလိုပါပဲ။
အရမ်းချောမောလှပတဲ့
မိန်းကလေးတစ်ယောက်ကို
လူတိုင်းက လိုက်စချင်ပေမယ့်..
အရှက် သိက္ခာရှိတဲ့
မိန်းမကောင်းဖြစ်နေရင်
လူတိုင်းက လိုက်မစရဲတော့ပါ။
ဈေးပေါတဲ့ပစ္စည်းဆိုတာ
လှလှ မလှလှ..
အသုံးခံသည်ဖြစ်စေ..
မခံသည်ဖြစ်စေ..
လတ်တလော အဆင်ပြေစေဖို့ အတွက်
လူတိုင်းက မနှစ်သက်ကြပေမယ့်..
လူတိုင်း
ဝယ်သုံးနိုင်တဲ့ ဈေးနှုန်းဖြစ်နေလို့
လူတန်းစား မရွေး
ဝယ်သုံးလေ့ ရှိပါတယ်။
ထို့အတူ
ဈေးပေါတဲ့ မိန်းမတွေဆိုတာ
ရုပ်လှနေမှ မဟုတ်ပါဘူး။
မိန်းမကောင်း တစ်ယောက်ရဲ့
အဆင်းအင်္ဂါရပ်နဲ့ မညီပဲ
လူတိုင်းလိုက်စရဲတဲ့ အနေအထားမျိုး
ဖြစ်နေရင်
လူတန်းစား အရွယ်မရွေး
အနားကိုလာကပ်ခံရမှာပါပဲ။
တကယ်တော့..
လူတန်းစား အရွယ်မရွေး
အိမ်ထောင်သည်တွေကအစ
လိုက်စရဲတယ်ဆိုတာ
ဂုဏ်ယူစရာ မဟုတ်ပါဘူး။
ကိုယ်က အပေါစားဆန်လွန်းလို့
လူတကာ စရဲတာကသာ ရှက်စရာပါ..။
ဒါကြောင့် ..✔
လူတန်းစား အရွယ်မရွေး
အနားကပ်ခံနေရပြီဆိုရင်..
ငါ အရမ်းချောလှနေလို့လား လို့
တွေးမယ့်အစား..
ငါ အပေါစားဆန်နေလို့လား လို့
အရင်တွေးကြည့်လိုက်ပါ။
လူတကာ ချဉ်းကပ်ရဲတဲ့
မိန်းမ ဖြစ်နေဖို့ထက်..
လူတကာ မချဉ်းကပ်ရဲတဲ့
တန်ဖိုးထားရှိတဲ့ မိန်းမ ဖြစ်နေဖို့ပဲလိုတယ် ။
ကိုယ့်ကိုယ်ကို တန်ဖိုး ထားတတ်ပါစေ....
Credit..✍🌹