SanEain Mobile

SanEain Mobile ABOUT MOBILE

Mytel SIM ကတ်ပျောက်/ပျက်ဖြစ်လို့ ခေါင်းစားနေပြီလား? ဒါဆို မြန်ဆန်တဲ့ ဝန်ဆောင်မှုတွေရယူဖို့ ဆိုင်ကို လာခဲ့လိုက်တော့နော်။ ...
26/05/2025

Mytel SIM ကတ်ပျောက်/ပျက်ဖြစ်လို့ ခေါင်းစားနေပြီလား? ဒါဆို မြန်ဆန်တဲ့ ဝန်ဆောင်မှုတွေရယူဖို့ ဆိုင်ကို လာခဲ့လိုက်တော့နော်။




ဆိုင်အမည် - စံအိမ် mobile
လိပ်စာ -ဘုရားလမ်း ထူးကြီးမြို့
ဖုန်းနံပါတ် - 09250822858 09422205345

17/12/2017

EDL 9008 Mode ၀င်နည်းများ
*******************
၁ fastboot ကနေ fastboot oem edl (Mi Note Pro မှာအဆင်ပြေ)
*
၂ adb ကနေ adb reboot edl (တော်တော်များများအဆင်ပြေ)
*
၃ fastboot_edl.exe အသုံးပြုပြီး fastboot_edl.exe reboot-edl (Fastboot mode ကနေ Redmi Note 3 Pro အဆင်ပြေ)
*
၎ Vol up + Power ကိုင်ပြီး Menu ကွက်ပေါ်လာလျှင် Download ၀င် ( Redmi 3s3x , Redmi 3 အဆင်ပြေ)
*
5 ဖုန်းပိတ်နေတဲ့အနေအထားမှာ Vol up + Down > ကြိုးထိုး (Mi Max တွေမှာအဆင်ပြေ)
*
6 Qualcomm jig ကြိုးနဲ့ ၀င်နည်း > fastboot Mode ကိုအရင်ဝင်ပြီး Power ခလုတ်ကိုဖိထားပါ Screen off သွားတာ နဲ့ ကြိုးက ဘုလေးကို ၅ စက္ကန့်လောက်ဖိထားပြီးလွှတ်ပါ ( ဒါကတော့ အလုံးတိုင်းအဆင်ပြေ)
*
7 Test Poin ထောက်ပြီးဝင်ပါ (Dead နေတဲ့အလုံးများအဆင်ပြေပါတယ် 😂😂😂)
Download @ fastboot_edl.exe > http://www.mediafire.com/file/twcjl5nttc097wa/fastboot_edl.zip
===================================================
(Y) (Y) (Y) တလုံးလုပ်တာနဲ့အရင်းကျေပါတယ် (Y) (Y) (Y)
***Group***၀င်ကြေးဈေးတက်ပါပြီ
Mi Account Lock ကျခြင်းနှင့်တခြား Mi Phone ဆိုရင်ရာပြသနာများ Solution ပေးဖို့အတွက် Group ရည်ရွယ်ဖွဲ့စည်းပါတယ်။မရှိသေးတဲ့ Error တွေကိုလည်း ပိုစ်တင်ပြီးမေးနိုင်ပါတယ် ဒီ Group ထဲက ဖိုင်တွေ Solution တွေကို Public မရှဲကြဖို့တောင်းပန်အပ်ပါတယ် ဘာလို့လဲဆိုတော့ Mi Account Remove ဈေးတွေ ၁၀၀၀/၁၅၀၀ ဖြစ်သွားမှာစိုးလို့ပါ ဆားဗစ်ကြေးထိန်းတဲ့သဘောပါ အနည်းဆုံး ၁၀၀၀၀ လောက်တော့ယူကြပါ။ Group ၀င်ကြေးကတော့ ၃၀,၀၀၀ ပါ ATM or Wave Money or MAB or ဘဏ်ကနေ ငွေလွှဲပြီးဝင်နိုင်ပါတယ်။
PH - 09454359868

18/09/2017
20/07/2017
20/06/2017

XiaoMi Phone များ Pattern , Password , Pin Lock ကျသော် adb command ဖြင့် ဖြည်နည်း
*********************************************
Xiaomi Phone များ Pattern Password Pin Lock ကျသော်
( 1 ) Recovery Mode ခေါ်ပါ ( Power + Volume Up )
( 2 ) Recovery Mode ရောက်သော် ကြိုးထိုးနေပုံ ပေါ်ပါမည် ။ ( adb devices လို့ ရိုက်ကြည့်ပါ ( Sideload ) ဟုပေါ်လျှင် ရောက်ပါပြီ )
( 3 ) adb version ( 1.0.32 ) adb folder ရဲ့ လွတ်တဲ့နေရာမှာ Keyboard မှ Shift + Right Click ထောက်ပြီး --- Open Command Window Here
( 4 ) Command Box ကွက် ပေါ်လာရင် ( adb format-data ) လို့ ရေးပြီး Enter တစ်ချက်ခေါက်ပေးလိုက်ပါ ။ Success ပြလျှင်
( 5 ) Phone ကို Reboot ဆင်းပေးလိုက်ပါ ။ ( adb reboot )
( 6 ) ဒါဆို Xiaomi Phone များ Pattern , Password , Pin Lock ကို Command ဖြင့် ဖျက်နည်း ပြီးပါပြီ ။
Fastory Reset ချတာမို့ Home Screen ကို ရောက်ရန် နည်းနည်း ကြာပါမယ် ။
Pattern Lock ကျနေတဲ့ Phone ထဲမှာ Mi Account ရှိနေရင်တော့ ( adb format-data ) လုပ်ပြီးပါက Mi Account Lock ထပ်ကျပါမယ် ၊
Password သိရင် ပြန်ထည့်ပေးလိုက်ပါ ။
Adb Version ( 1.0.32 ) download Link
https://goo.gl/ByVSCZ

အဆင်ပြေကြပါစေဗျ
Aung Myint Myat ( Myanmar Youths)
09256480246

19/11/2014

Looking For Jobs In Myanmar? Yeah, Myanmar Dev Jobs is For You.

15/11/2014

Myanmar Dev Jobs ကမြန်မာပြည်မှအလုပ်အကိုင်အကြောင်းအရာတွေကိုကြော်ငြာပေးတဲ့ Page ပါအားလုံးဘဲ Like ထားနိုင်ပါတယ်...

https://www.facebook.com/myanmardevjobs

http://myanmardevjobs.com/

Jobs For Myanmar's Job Seekers & Employers

10/07/2014

Root My Device V1.2 APK

ဖုန်း model တော်တော်များများကို support လုပ်တဲ့ apk ပါ။ play store မှာတော့ ဈေးကြီးတယ်ဗျ.. ဒီ အေပီကေ လေးက android version 1.5 နဲ့ အထက်ရှိရင်သုံးလို့ရပါပြီ။

download>>>>http://www.solidfiles.com/d/ebaceb376c/RootMyDevice_v1.2_%28TrTech%29.rar

တယ်လီနော၊ အော်ရီဒူးနှင့် မမြင်နိုင်သော လက်နက်ပုန်း ဖုန်းဘေလ်များမြန်မာ့ဆက်သွယ်ရေး ဆိုတဲ့ MPT ကို လူအများ ကျိန်ဆဲနေတာ ကြာ...
07/07/2014

တယ်လီနော၊ အော်ရီဒူးနှင့် မမြင်နိုင်သော လက်နက်ပုန်း ဖုန်းဘေလ်များ

မြန်မာ့ဆက်သွယ်ရေး ဆိုတဲ့ MPT ကို လူအများ ကျိန်ဆဲနေတာ ကြာပေါ့ဗျာ။ အဝိုင်း လည်နေတာနဲ့ပဲ ဖုန်းဘေလ်ကုန်လို့ ဆိုတာကိုး။ အရင်ကတော့ ကျွန်တော့်စာတွေကို ပုံနဲ့တွဲသုံးသဗျ။ နောက်ပိုင်း ကျွန်တော့်မြန်မာပြည်က မိတ်ဆွေ စာဖတ်ပရိသတ်ကို အားနာလာတော့ များသောအားဖြင့် ပုံသိပ်မထည့်ဘဲ စာတွေရေးပါတယ်။ အခုနောက်ပိုင်း စက်တင်ဘာလမှာ တယ်လီနောက ဖုန်းကတ်တွေ ရောင်းပေးမယ်ဆိုတော့ မြန်မာနိုင်ငံက မိတ်ဆွေများ ပျော်ကြလေသည်ပေါ့။

သို့ပေမယ့် အလေးထား ဂရုစိုက်ရမယ့် အချက်တွေ အများကြီး ရှိနေပါလျက်နဲ့ ကုလားပိုင်လို့၊ တရုတ်ပိုင်လို့ မသုံးဘူး အော်နေကြတာတွေကို တွေ့ရပါတယ်။ အထူးအလေးထားသင့်တဲ့ အချက်တွေကို သတိမပြုကြလေတော့ သတိပေးချင်တာလေး တွေကို ရေးသားတင်ဆက် လိုက်ရပါတယ်ဗျာ။
အခုဆောင်းပါးမှာ ဦးတည်ချက်က ဘယ်အဖွဲ့အစည်းကပဲ လာလုပ်လုပ် နိုင်ငံတကာက လာရင်းနှီးလုပ်ကိုင်ပြီး စီးပွားရေးဆန်ဆန် လုပ်မယ်ဆိုရင် လိုအပ်တဲ့ ဝန်ဆောင်မှုတွေ စာဖတ်သူတို့ ရရှိမှာဖြစ်သလို အမျိုးမျိုးသော ဝန်ဆောင်မှုတွေ၊ စကားမရှင်းတရှင်းနဲ့ လည့်ပတ်မှုတွေ၊ သုံးစွဲသူတွေအပေါ် စကားလုံး အသာစီးတွေနဲ့ အမြတ်ကျန်အောင် လှည့်ပတ်ကြဦးမှာ ထုံးစံပါပဲ။ ဒါတွေကို သိထားကြပါသလား၊ လေ့လာဖူးကြပါသလား၊ ကြုံဖူးကြပါသလား။ ဒီလို စကားလုံး တစ်လုံးနှစ်လုံးနဲ့ ကပ်လှည့်စားမယ့် နည်းဗျူဟာတွေ၊ ဖုန်းဘေလ်တွေ အတွက်ရော ကာကွယ်ထား ကြပြီးပါပြီလား။ မတရားကုန်ကျလာမယ့် ကျသင့်ငွေတွေအတွက် တရားမျှတမှုဖြစ်အောင် တိုင်တန်းလို့ရမယ့် အာဏာပိုင် အဖွဲ့အစည်းတွေကိုရော ပြင်ဆင်ပြီးပါပြီလား။

ဘယ်လိုနှုန်းထားနဲ့ သတ်မှတ်လို့ ဘယ်လိုစည်းကမ်းတွေနဲ့ လုပ်ဆောင်ရမယ်၊ အငြင်းပွားလာရင် ဘယ်လိုသုံးစွဲသူတွေ ဘက်က ကာကွယ်ပေးမယ်ဆိုတဲ့ စည်းမျဉ်းဥပဒေ လုပ်ထုံးလုပ်နည်း တွေရော ချမှတ်ပေး ထားပြီးကြပါပြီလား။ ထိုင်းနိုင်ငံမှာ လူဦးရေ ၆၆ သန်းရှိပါတယ်။ ၁၉၉၆ ခုနှစ် လောက်ကတည်းက မိုဘိုင်းလ်ဖုန်းကို စတင်အသုံးပြုခဲ့ပြီး အခုအခါ မိုဘိုင်းလ်ဖုန်းနဲ့ အင်တာနက်ကို လျှောက်ထားအသုံးပြုသူက သန်း ၉၀ ရှိပါတယ်။ ဘက်စုံသုံး Smart Phone တွေ အသုံးပြုသူကတော့ တစ်နှစ်ကို ၃၆ ရာခိုင်နှုန်း တိုးတက်လာပါသတဲ့။ အဲဒီဖုန်းတွေကို ဆက်သွယ်ရေးနဲ့ အင်တာနက် ဝန်ဆောင်မှုပေးနေတဲ့ ကုမ္ပဏီကြီးသုံးခု ရှိပါတယ်။

တယ်လီနောပိုင် (ဒီတက်) (Telenor (DTAC)၊ ထရူး (TRUE) နဲ့ အေအိုင်အက်စ် (AIS) တို့ပါ။ သူတို့ကို ထိန်းချုပ်ပြီး လုပ်ထုံးလုပ်နည်းတွေ စည်းကမ်းဥပဒေတွေ ချမှတ်ပေးတာ၊ ဖုန်းသုံးစွဲသူတွေနဲ့ ကုမ္ပဏီကြီးတွေအကြား ပဋိပက္ခ ဖြစ်လာခဲ့ရင် ဆုံးဖြတ်ဖြေရှင်းပေးတာကတော့ ထိုင်းအစိုးရ အမျိုးသားအသံလွှင့်နှင့် ဆက်သွယ်ရေးကော်မရှင် National Broadcasting and Telecommunications Commission (NBTC) ဖြစ်ပြီး ဒီကော်မရှင်ရဲ့ ထိန်းချုပ်မှုအောက်မှာ ကုမ္ပဏီကြီးတွေဟာ တစ်ခုနဲ့တစ်ခု အပြိုင်အဆိုင် ဝန်ဆောင်မှုလုပ်ငန်းတွေ လုပ်ကြပါတယ်။ မြန်မာနိုင်ငံမှာ မိုဘိုင်းလ်ဖုန်း၊ အင်တာနက် စတာတွေသုံးစွဲတဲ့သူတွေ ပထမဦးဆုံး သိထားသင့်တဲ့ အချက်က နိုင်ငံတကာက ဆက်သွယ်ရေး လုပ်ငန်းတွေ အခြေတည်လာပြီဆိုရင် သုံးစွဲသူနဲ့စနစ်ကို အခြေခံ နှစ်မျိုးခွဲထားပါတယ်။ Prepaid ကြိုတင်ငွေပေးချေမှုနဲ့ Postpaid သုံးစွဲသမျှ ကျသင့်ငွေ ကောက်ခံမှုပါ။ Prepaid တွေရဲ့ ပွေးဝဲယားနာအကြောင်း အရင်ပြောပါမယ်။

Prepaid ဆင်းမ်ကတ်တွေကို လမ်းဘေးမှာကြိုက်သလို ဝယ်လို့ရပါတယ်။ တစ်ခါတလေ အခမဲ့ပေးပါတယ်။ Postpaid စနစ်နဲ့ ကွာဟချက်က အသုံးပြုခ ဈေးပိုများပါတယ်။ အရေးပေါ် လုံခြုံရေးအတွက် လိုအပ်ခဲ့ရင်တော့ မှတ်ပုံတင်ခိုင်းပါတယ်။ ဒီနေရာမှာ စာချုပ်ချုပ်တာနဲ့၊ မှတ်ပုံတင်တာနဲ့ ကွာခြားကြောင်း သတိပြုစေလိုပါတယ်။ Prepaid စနစ်ကတော့ ရှင်းပါတယ်။ ကိုယ့်ဖုန်းထဲကို ငွေကြိုထည့်၊ ကျသလောက်သုံး၊ ကုန်ရင်ထပ်ဖြည့်ပါ။ ဒါတောင်မှ အရင်က ထိုင်းကဖုန်းနဲ့ အင်တာနက် ကုမ္ပဏီကြီးတွေက ဝယ်ဖြည့်ပြီး ဘယ်နှရက်အတွင်းပဲ ရက်ရတယ်၊ အဲဒီရက်ကျော်ရင် သုံးလို့မရဘူးဆိုတာ ရှိခဲ့ပါတယ်။

ဥပမာ-ဘတ် ၅၀၀ တန် ငွေဖြည့်ကတ် ဝယ်ဖြည့်လိုက်ရင် ဖုန်းထဲမှာ ဘတ် ၅၀၀ ဖြည့်ထားတာ ပေါ်လာပြီး နောက်ဘယ်နှရက်အတွင်းမှာ သုံးပါ၊ နောက်ရက်ထပ်တိုးချင်ရင် တစ်ပတ်ကို ဘတ်ဘယ်လောက် စသဖြင့်ပေါ့ဗျာ။ လူလည်လုပ်ပြီး သုံးစွဲသူတွေဆီက ငွေချူယူကြပါတယ်။ အဲဒီသတ်မှတ်ရက် ကျော်သွားလို့ မသုံးဖြစ်ရင် ဒါမှမဟုတ် ရက်သက်တမ်း ထပ်မတိုးဖြစ်ခဲ့ရင် ထည့်ထားတဲ့ငွေ ပလုံ ပေါ့ဗျာ။ အဲလောက်အထိ လူလည်ကျပါတယ်။
နောက်ပိုင်းမှ တိုင်တဲ့သူတွေများလာတော့ ထိုင်းအစိုးရ NBTC ကော်မရှင်က အဲလိုနည်းနဲ့လုပ်လို့ ဖုန်းသုံးစွဲသူတွေဆီက အလကားရလိုက်တဲ့ငွေဟာ တစ်နှစ်တစ်နှစ် ဘတ်သန်းရာကျော်ရှိလို့ အဲဒီလို မလုပ်ရဘူးလို့ တားမြစ်လိုက်တာ သိပ်မကြာလှသေးပါဘူး။ ဒီနည်းဟာ ဖုန်းသုံးစွဲသူတွေကို တန်ရာတန်ကြေး ဝန်ဆောင်မှု မပေးလိုက်ဘဲ မတရား အမြတ်ရသွားတဲ့ နည်းတွေထဲက တစ်နည်းပါ။ မြန်မာနိုင်ငံမှာရော…။

လာတော့မယ့် အော်ရီဒူးတို့၊ တယ်လီနောတို့ရော ဒီလိုအချိုးမျိုးလာမှာ လား……။ ဒါ့အပြင် ကြော်ငြာကုမ္ပဏီ တွေနဲ့ ဆက်စပ်ပြီး မိတ်ဆွေတို့ရဲ့ ဖုန်းနံပါတ်ကို ရောင်းစားတဲ့သကာလ မိတ်ဆွေတို့ဖုန်းထဲမှာ တစ်နာရီကို နှစ်ခါသုံးခါလောက် ကြော်ငြာမက်ဆေ့ခ်ျတွေ ဝင်လာပါတော့မယ်။
ဒါတွေကို သုံးစွဲသူဘက်က ရပ်တည်ပြီး သမာသမတ်ကျကျ တိုင်တောလာရင် ရပ်တည်ဖြေရှင်းပေးဖို့ ကော်မရှင်တစ်ရပ်ဟာ မဖြစ်မနေ အရင်ဖွဲ့စည်းထားရမှာပါ။ လွန်ခဲ့တဲ့ ၂ ရက်လောက်က ထိုင်းလယ်သူမကြီး တစ်ယောက်ရဲ့ သား၊ အမေ့ဖုန်းနဲ့ အင်တာနက်ဂိမ်းက စိန်ရမှတ်တွေကို ဘုမသိဘမသိ ဝယ်ဆော့နေတာ လကုန်ငွေရှင်းဖို့ တောင်းခံစာလာတော့ ဘတ် ၂ သိန်းကျော် (မြန်မာငွေ သိန်း ၆၀ ကျော်) တောင်းလာပါတယ်။ ဖုန်းကုမ္ပဏီရုံးခွဲကို သွားပြောတော့ သုံးပြီးဖြစ်နေလို့ မတတ်နိုင်ဘူး။ ပေးရမှာပဲလို့ ဆိုပါသတဲ့။ ဒီအဖြစ်အပျက်ကို စာနယ်ဇင်းတွေကတစ်ဆင့် ထိုင်းအစိုးရ NBTC ကော်မရှင်က သိသွားတော့ ကော်မရှင်အတွင်းရေးမှူးချုပ် တာကွန်တန်တာစစ်က ကုမ္ပဏီကို ခေါ်ပြောတော့မှ လယ်သူမ သားအမိ ဘုမသိဘမသိ လုပ်မိတဲ့အတွက် အဲဒီငွေတွေ မပေးပါနဲ့။ လျှော်ပစ်ပါတယ်လို့ အကြောင်းပြန်လာပါတယ်။ ဒီလိုနောက် ထပ်မဖြစ်အောင် ဖုန်းကုမ္ပဏီတွေကို အမြင့်ဆုံးဖုန်းကနေ ဝယ်ယူနိုင်တဲ့ ငွေပမာဏကို သတ်မှတ်ပေးဖို့ အမိန့်ထုတ်ပါတယ်။

အစိုးရကော်မရှင် ကနေ ပြည်သူတွေ မနစ်နာရအောင် ကြားဝင်ရပ်တည်ပေးတာပါ။
မြန်မာပြည်မှာ ဆိုရင်ရော ကလေးတစ်ယောက် အူကြောင်ကြောင် သုံးမိတဲ့အတွက် တစ်အိမ်သားလုံး ဆယ်သက်ဆပ်မကုန် ဘဝပျက်ရမှာပါလား။ ဘယ်အဖွဲ့အစည်းက ဝင်ရောက် ရပ်တည် ဖြေရှင်းပေးမှာပါလဲ။ မင်းတို့ လက်ကမြင်းတာ မင်းတို့ဘာသာ ခံပေရော့လို့ အကြောင်းပြန်မှာပါလား။

မြန်မာပြည်မှာ ဒီလုပ်ငန်းကြီးတွေက လုပ်လာမယ့် ဒီလိုအချိုးမျိုး လူလည်ကျမှုတွေကို စနစ်တကျ ထိန်းချုပ်ပြီး တိုင်တောလို့ရမယ့် အစိုးရ အာဏာပိုင် အဖွဲ့အစည်းတွေနဲ့ လုပ်ထုံးလုပ်နည်းတွေ ကြပ်မတ်ပြီး သုံးစွဲသူတွေဘက်က ရပ်တည်ဖို့ ပြင်ဆင်ပေးပြီးကြပြီလား။ ဖြစ်လာမှာနော်..။ နိုင်ငံခြားက လာတည်ထောင်လို့ သူတို့လက်သိပ်ထိုးတဲ့ ဂေါက်ဆက်ကလေးနဲ့ ဂေါက်သီးရိုက်လိုက် ဂျော်နီဝါးကား ဒဗယ်ဘလက်လေးနဲ့ နေနေရင်တော့ ဖုန်းသုံးမယ့်သူတွေကို သနားလှပါသဗျာ။ ဖုန်းသုံးသူတွေ … ထူးမခြားနားသီချင်းဆိုပြီး ငိုချင်းသာ ချနေပါတော့။ ကဲ… နောက် အကြောင်းဆက်ရေးမယ်ဗျာ။
နောက်တစ်မျိုးကတော့ Postpaid အကြောင်းဗျ။ နိုင်ငံတကာကနေပြီး ဆက်သွယ်ရေး လုပ်ငန်းတစ်ခုခုကို တခြားတစ်နိုင်ငံမှာ ဝန်ဆောင်မှု လာပေးလာဟာ အဲဒီနိုင်ငံသားတွေ အတွက် ဝန်ဆောင်မှုပေးပြီး အကျိုးအမြတ်ကို ရယူတာဖြစ်ပါတယ်။ ဒီတော့ လာရောက် ရင်းနှီးမြှုပ်နှံတဲ့ ကုမ္ပဏီကြီးတွေ အခြေတကျ ဖြစ်တာနဲ့ နိုင်ငံသားတွေအတွက် Postpaid စနစ်ကို အမြန်ဆုံး ပူးတွဲ အကောင်အထည် ဖော်ကြပါတော့တယ်။ သုံးစွဲသူတွေကို နည်းမျိုးစုံနဲ့ မက်လုံးပေးကြတာပါ။

ဥပမာအားဖြင့် ကျွန်တော် အသုံးပြုတဲ့ မိုဘိုင်းလ်ဖုန်းဆိုရင် 3G အင်တာနက်ကို ကြိုက်သလောက်သုံး၊ ပြီးရင်ဖုန်းက ပြည်တွင်းမှာကြိုက်တဲ့ မိုဘိုင်းလ်ဖုန်းနံပါတ်ကို မိနစ် ၅၀၀ အခမဲ့ခေါ်၊ ပြည်တွင်း ကြိုက်တဲ့နံပါတ်ကို မက်ဆေ့ခ်ျ အစောင် ၅၀၀ အထိ အခမဲ့ပို့ စတဲ့အတွဲကို ယူထားတာ တစ်လကို ၅၉၉ ဘတ်ပေးရပါတယ်။ ပိုသုံးရင် ပိုတာထပ်ပေး၊ ပြည်ပခေါ်တာ သတ်သတ်ပေးပေါ့ဗျာ။ အင်တာနက်လည်း သုံးချင်သုံး မသုံးချင်နေပါ။ အဲဒီတော့ အခြေခံအားဖြင့် တစ်လ ၅၉၉ ဘတ်ကတော့ ပေးနေပေါ့ဗျာ။
ဒါက သူတို့ပေးတဲ့ ဝန်ဆောင်မှု ဥပမာပါ။ အများကြီး ရှိပါတယ်။ တစ်လ ဘတ် ၁၀၀ တန်၊ ၂၀၀ တန်၊ ၃၀၀ တန် ဝန်ဆောင်မှုတွေကနေ ဘတ် ၁၅၀၀ ကျော် ဝန်ဆောင်မှုတွေအထိ ရှိပါတယ်။

ကိုယ်ကြိုက်တာ ကိုယ်ရွေးယူပြီး လူတန်းစား အသီးသီးအတွက် ဘယ်ဘက်ကမှ လွတ်မသွားရအောင် ဈေးကွက်ရှာကြတာပါ။ ခက်တာက အဲဒီလိုင်းတွေကို ကိုယ်ကနှစ်သက်လို့ တစ်ခုခုရွေးပြီး ဝယ်လိုက်မိရင် အတိုင်းအတာတစ်ရပ် အထိပဲ 3G 4G စသဖြင့် သုံးလို့ရပါတယ်။ သူတို့သတ်မှတ်တဲ့ မီဂါဘိုက် ဂစ်ဂါဘိုက် အရေအတွက်ပြည့်တာနဲ့ အဲဒီ 3G 4G Speed တွေကို ရပ်ဆိုင်းလိုက်ပြီး GPRS 2G အဆင့်ကို ပြောင်းချလိုက်တော့တာပါပဲ။ အဲဒီနောက်မှာတော့ ဖုန်းကနေတစ်ဆင့် အပိုထပ်ဝယ်ချင်ရင် ဘယ်နံပါတ်ကို နှိပ်ပါဆိုပြီး မက်ဆေ့ခ်ျတွေ အဆက်မပြတ် ပို့ပါတော့တယ်။

အဲဒီသုံးစွဲမှုစနစ်တွေ အနေနဲ့ မြန်မာအစိုးရကရော သတ်မှတ် ထားပေးပါပြီလား။ အဲလို သတ်မှတ်ပေးခြင်း မရှိလို့ကတော့ မြန်မာပြည်က သုံးစွဲသူတွေ နစ်နာစေမှာ ဖြစ်ပါတယ်။ ကျွန်တော်တင်ပြတာ အများစုဟာ မြန်မာပြည်က စာဖတ်သူတွေအနေနဲ့ တွေ့ကြုံဖူးခြင်း မရှိသေးတဲ့အတွက် အထူးအဆန်းလို ဖြစ်နေဖို့ များပါတယ်။ နောက်တစ်ခုက အင်တာနက် ကုမ္ပဏီတွေရဲ့ မစားရ ဝခမန်း ရန်ကုန်တစ်မြို့လုံးပဲ ရမလို၊ မြန်မာပြည် နေရာအနှံ့ပဲ ရမလိုနဲ့ ပြောတတ်ကြပါတယ်။ ထိုင်းလို မိုဘိုင်းလ် အင်တာနက် အသားကျပြီးနေတဲ့ နိုင်ငံမှာတောင် ဘန်ကောက်မြို့ တချို့နေရာတွေမှာ လိုင်းမမိတာတွေ ရှိပါတယ်။ အဲဒီတော့ အင်တာနက် ဝန်ဆောင်မှု ကုမ္ပဏီကနေ လိုင်းတစ်ခု ဝယ်တော့မယ်ဆိုရင် မိမိနေတဲ့ အရပ်ဒေသမှာ လိုင်းမိ မမိ လွှင့်အား ဘယ်လောက်ရတတ်လဲ မေးကြည့်ရပါတယ်။

တချို့နေရာတွေမှာ ကုမ္ပဏီ တစ်ခုနဲ့တစ်ခု ဈေးကွက်မျှတဲ့ အနေနဲ့ တယ်လီနော လိုင်းမိတဲ့နေရာမှာ အော်ရီဒူးမမိ၊ အော်ရီဒူးမိတဲ့ နေရာမှာ တယ်လီနောမမိ ဖြစ်တတ်ပါတယ်။ ဖြစ်တတ်တယ် ဆိုတာထက် ဖြစ်ကိုဖြစ်ပါတယ်။ နောက်ဆုံးအနေနဲ့ တင်ပြချင်တဲ့ အကြောင်းအရာက Roaming လို့ဆိုတဲ့ ကိုယ့်ဖုန်းနံပါတ်ကို တခြားနိုင်ငံမှာ သယ်သွားချင် ကြတဲ့သူတွေအတွက် ဖုန်းကုမ္ပဏီတွေက ပေးတဲ့ ဝန်ဆောင်မှုပါ။ ဒီဝန်ဆောင်မှုကို တော့ မိမိဖုန်းနံပါတ်ကနေ အလုပ်လုပ်နေကြတဲ့ တကယ့်ကို ကိုယ့်ဖုန်းနံပါတ်က အရေးပါတဲ့ အနေအထားမှာ ရှိနေသူတွေ သုံးကြတာပါ။ သာမန်လူတွေကတော့ မသုံးသင့်လှပါဘူး။

ဒီကနေ့ပဲ ထိုင်းသတင်းစာမှာ သတင်းတစ်ပုဒ် ပါလာပါတယ်။ လုပ်ငန်းရှင်တစ်ယောက်က နိုင်ငံခြားကို သွားပါတယ်။ မြန်မာနိုင်ငံမှာတော့ မသိဘူးပေါ့ဗျာ။ ဒီမှာကတော့ Roaming ဝန်ဆောင်မှုကို ဖုန်းကနေ ဖွင့်လိုက်တာနဲ့ တိုက်ရိုက် တန်းရနေတော့ အဲဒါကို ဖွင့်မိပါတယ်။ အဲဒါကြီးနဲ့ နိုင်ငံခြားမှာ အဆက်အသွယ်လုပ်တော့ လုပ်လို့လည်း မရပါဘူးတဲ့။ မရလေ ဖုန်းကို Restart ချပြီး ဖွင့်ချည် ပိတ်ချည်နဲ့ လုပ်လေနဲ့ နိုင်ငံခြားမှာ တစ်လကြာသွားပါတယ်။ ပြန်လာတော့ ရောက်လာတဲ့ ဖုန်း ဘေလ်တောင်းခံလွှာမှာ ဘတ် ၁၄ သန်း Roaming ကျသင့်ငွေအဖြစ် တောင်းခံထားပါသတဲ့။ မကျေနပ်လို့ ထိုင်းအစိုးရ NBTC ကော်မရှင်ကိုတိုင်တော့ ကော်မရှင် အတွင်းရေးမှူးချုပ် တာကွန်တန်တာစစ်က အခု လုပ်ငန်းရှင်ကိုင်တဲ့ ဖုန်းကို အင်တာနက်နဲ့ ဖုန်းဝန်ဆောင်မှုပေးတဲ့ တယ်လီနောရဲ့ ဒီတက် (DTAC) နဲ့ TRUE ပိုင် (TRUE MOVE) တို့ကို ဆင့်ခေါ်ပြီး ဒီလုပ်ငန်းရှင်က ဒေတာ အချက်အလက်တွေကို တကယ်သုံးခဲ့တာလား၊ ဒါမှမဟုတ် ဖုန်းကပဲ ပျက်ယွင်းနေလို့ ကောင်းကောင်း အလုပ်မလုပ်ဘဲ ကြောင်နေတာလား ပြန်စစ်ဖို့ အမိန့်ပေးထားပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံဆိုင်ရာ ဂူဂဲလ်ပလေးစတေရှင် ကိုယ်စားလှယ်နဲ့ တခြားဖုန်းလုပ်ငန်း လုပ်ကိုင်နေကြတဲ့ မိုဘိုင်းလ်ဖုန်း ကုမ္ပဏီတွေကိုခေါ်ပြီး ဖုန်းကနေ အများဆုံး သုံးနိုင်မယ့် ငွေကြေးပမာဏကို သတ်မှတ်ဖို့လာမယ့် ကြာသပတေးနေ့မှာ အစည်းအဝေး ခေါ်ထားပါတယ်။ ဒီတော့ မလိုအပ်ရင် Roaming ဝန်ဆောင်မှုကို မသုံးသင့်ကြောင်းလည်း အသိပေးချင်ပါတယ်ဗျာ။

နောက်တစ်ချက်က ဖုန်းတွေကို လျှော့ဈေးနဲ့ ပေးပါတယ်။ ဥပမာ- iPhone 5S ဖုန်းမျိုးကို ပေါက်ဈေးထက် ထက်ဝက်လောက် လျှော့ပေးပြီး သူတို့ရဲ့ အင်တာနက်စနစ်ကို ဝယ်ယူအသုံးပြုရပါတယ်။ အဲလို ဘယ်နှနှစ် တောက်လျှောက် အသုံးပြုပါ့မယ်ဆိုတာ စာချုပ်ရပါတယ်။ စာချုပ်အတိုင်း မသုံးခဲ့ရင် တရားစွဲပါတယ်။ ရှုံးရင် တရားစရိတ်ကအစ ကျခံရပါတယ်။ တခြားအင်တာနက် ပက်ကေ့ဂ်ျတွေမှာလည်း အဲလိုစာချုပ်နဲ့ တွဲဝယ်ရတာမျိုး ရှိပါတယ်။ ၆ လ အနည်းဆုံး သုံးရမယ်တို့၊ တစ်နှစ် အနည်းဆုံးတို့ ချည်ပြီးတုတ်ပြီး သုံးခိုင်းကြတာပါ။ ကိုယ်က လစဉ်မပေးနိုင်ရင် သတိပေးစာ ပို့ပါတယ်။ ပျက်ကွက်ခဲ့ရင် တရားစွဲပါတယ်။ အဲလိုမျိုးတွေမှာ စေ့စေ့စပ်စပ် လှည့်ကွက်တွေကို ကြည့်ပြီးမှ ဝယ်သင့်ပါတယ်။
Postpaid ဖုန်းရဲ့ ဆင်းမ်ကတ်တစ်ခု ဝယ်ရင် မှတ်ပုံတင်ပြပြီးမှ ကျား၊ မ နေရပ်လိပ်စာ ဖြည့်စွက်ပြီး ဝယ်ရတာနဲ့ ပတ်သက်လို့က ကျွန်တော်သိသလောက် တခြားနိုင်ငံတွေမှာလည်း လုပ်ရပါတယ်။

ဆင်းမ်ကတ်ကို ဖုန်းအနေနဲ့ သက်သက်အသုံးပြုရင် သိပ်အကြောင်း မဟုတ်ပေမယ့် အင်တာနက်လိုင်းဖွင့်ဖို့ လျှောက်တော့မယ် ဆိုရင်တော့ အော်ရီဒူးမှ ကွက်တောင်းတာ မဟုတ်ပါဘူး။ တယ်လီနောရော၊ ထရူးရော အကုန်တောင်းကြရပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ လုံခြုံရေးနဲ့ ပတ်သက်နေပါတယ်။ ဒီလိုလုပ်ဆောင်မှုကြောင့် အကြမ်းဖက်မှုတွေ၊ ရာဇဝတ်မှုတွေကို ကာကွယ်ရာမှာ အများကြီး အထောက်အကူပြုပါတယ်။ နောက်ပိုင်းမှာ တွင်ကျယ်လာမယ့် မိုဘိုင်းလ်ဖုန်းသုံး ဘဏ်စနစ်တွေ၊ ငွေပေးချေမှုစနစ်တွေမှာ အများကြီး အထောက်အကူပြုပါတယ်။ ဘယ်လုပ်ငန်းကြီးလာလာ ဒီအချက်ကတော့ အခုမဟုတ်တောင် နောက်က လိုက်လုပ်ကြမှာပါ။

ဒီတော့ မရောင်ရာဆီလူး အစိုးရိမ်ပိုပြီး အဆုံးစွန်တွေ ကြိုတွေးမပူသင့်ပါဘူး။ ဒီစနစ်တွေအားလုံးရဲ့ အဓိက လိုအပ်ချက်ဟာ ကျွန်တော် အပေါ်မှာပြောခဲ့တဲ့ ဖုန်း၊ အင်တာနက် သုံးစွဲသူနဲ့ ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်မယ့် ကုမ္ပဏီကြီးတွေကြားမှာ စံနှုန်း၊ လုပ်ထုံးလုပ်နည်း၊ စည်းစနစ် ချမှတ်ပေးမယ့်အပြင် အထက်က ဖော်ပြခဲ့တဲ့ ဖြစ်ရပ်တွေလို ဖြစ်လာရင် ညှိနှိုင်းပေးနိုင်မယ့်၊ ဖြေရှင်းပေးရမယ့် သြဇာအာဏာရှိတဲ့ အမှုဆောင် ကော်မရှင်တစ်ရပ်က လိုကိုလိုအပ်ပါတယ်။ ကုမ္ပဏီဖွင့်ဟ… လုပ်ကြဟ… ငါတို့ကို နှစ်စဉ်ကြေးသွင်း၊ အခွန်အကောက်သွင်း၊ ကျန်တာ…မင်းတို့ အဆင်ပြေသလို စိတ်ကြိုက် လုပ်ထုံးလုပ်နည်း ချမှတ်ကြ ဆိုရင်တော့ ဖုန်းသုံးသူတွေနဲ့ ကုမ္ပဏီတွေကြားမှာ ကုမ္ပဏီတွေက သူတို့ကြိုက်သလို မိုဘိုင်းလ် အင်တာနက် ဝန်ဆောင်မှု စာချုပ်တွေကို ရေးချင်သလို အသာစီး ရေးဆွဲသွားရင် မြန်မာပြည်သား ဖုန်းသုံးစွဲသူတွေ နစ်နာမှာပါ။ ဘယ်နိုင်ငံမှာမဆို ဖုန်းသုံးစွဲသူတွေ အင်တာနက် ဝန်ဆောင်မှုကို ရယူကြတော့မယ်ဆိုရင် စာချုပ်ချုပ်ဆိုကြရတာ ထုံးစံပါ။ ကုမ္ပဏီတွေလည်း ရတဲ့နည်းနဲ့ အမြတ်ထုတ်ကြမှာပါ။

နိဂုံးချုပ်အနေနဲ့ တိုက်တွန်းရရင်တော့ ဘယ်ကုမ္ပဏီက ဝယ်သုံးသုံး အထက်ဖော်ပြခဲ့တဲ့ ဝဲကွက်၊ ပွေးကွက်တွေတော့ ပါမှာဖြစ်ပါတယ်။ အလောတကြီး ဝမ်းသာအားရ မဝယ်ကြဘဲ သေသေချာချာမေးမြန်းပြီး ကိုယ်နဲ့သင့်တင့်မယ့် ဝန်ဆောင်မှုကိုသာ စောင့်ကြည့် ဝယ်သူသင့်ကြောင်း တိုက်တွန်းလိုက်ပါတယ်။

Ref & Credit: The Voice Weekly Journal

Address

Infront Of The Train Station
Tugyi

Opening Hours

Monday 08:00 - 20:00
Tuesday 08:00 - 20:00
Wednesday 08:00 - 20:00
Thursday 08:00 - 20:00
Friday 08:00 - 20:00
Saturday 08:00 - 20:00
Sunday 08:00 - 20:00

Telephone

+959790206291

Website

Alerts

Be the first to know and let us send you an email when SanEain Mobile posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share