MEI Solutions

MEI Solutions ERP Consulting • Business Solutions • Practical ERP Training
We Connect Business & Technology.

**Mini Mart / Grocery Store**Mini Mart တစ်ခုမှာ အရောင်းဖြစ်တိုင်း ဘောက်ချာထုတ်နိုင်ရုံနဲ့ POS System သုံးရကျိုးနပ်ပြီလား...
03/09/2026

**Mini Mart / Grocery Store**

Mini Mart တစ်ခုမှာ အရောင်းဖြစ်တိုင်း ဘောက်ချာထုတ်နိုင်ရုံနဲ့ POS System သုံးရကျိုးနပ်ပြီလား?

တကယ်တော့ Mini Mart လုပ်ငန်းမှာ POS ကို **အရောင်းစာရင်းသွင်းဖို့တစ်ခုတည်း** မဟုတ်ဘဲ ဆိုင်ရဲ့ ပစ္စည်းဝင်၊ ပစ္စည်းထွက်နဲ့ ငွေစာရင်းတွေကို ထိန်းချုပ်နိုင်ဖို့ အသုံးပြုသင့်ပါတယ်။

ဥပမာ—

ကုန်ပစ္စည်းတစ်ခုကို Supplier ဆီက ဝယ်ယူလိုက်တဲ့အခါ Stock တိုးသွားမယ်။
Customer ကို ရောင်းလိုက်တဲ့အခါ Stock လျော့သွားမယ်။
ပစ္စည်းပျက်စီးတာ၊ သက်တမ်းကုန်တာနဲ့ ပျောက်ဆုံးတာတွေရှိရင်လည်း အကြောင်းရင်းနဲ့တကွ Stock Adjustment ပြုလုပ်ထားရမယ်။

ဒါမှသာ System ထဲက လက်ကျန်နဲ့ ဆိုင်ထဲမှာ အမှန်တကယ်ရှိနေတဲ့ ပစ္စည်းအရေအတွက် ကိုက်ညီနိုင်မှာပါ။

Mini Mart အတွက် POS အသုံးပြုတဲ့အခါ အဓိကထားစဉ်းစားသင့်တာတွေက—

✅ Barcode ဖြင့် အရောင်းမြန်ဆန်စွာ ပြုလုပ်နိုင်ခြင်း
✅ တစ်မျိုးတည်းသောပစ္စည်းကို ထုပ်ပိုးပုံနှင့် Unit မတူဘဲ ရောင်းချနိုင်ခြင်း
✅ ပစ္စည်းတစ်မျိုးချင်းစီ၏ ဝယ်ဈေး၊ ရောင်းဈေးနှင့် လက်ကျန်ကို သိရှိနိုင်ခြင်း
✅ Stock နည်းလာသည့်ပစ္စည်းများကို အချိန်မီ ပြန်လည်မှာယူနိုင်ခြင်း
✅ Expiry Date နီးလာသည့်ပစ္စည်းများကို စစ်ဆေးနိုင်ခြင်း
✅ Promotion နှင့် Discount များကို စနစ်တကျ သတ်မှတ်နိုင်ခြင်း
✅ Cashier တစ်ယောက်ချင်းစီ၏ အရောင်းနှင့် ငွေလက်ခံမှုကို စစ်ဆေးနိုင်ခြင်း
✅ နေ့ကုန်ချိန်တွင် System အရောင်းနှင့် Cash လက်ကျန်ကို နှိုင်းယှဉ်နိုင်ခြင်း
✅ ရောင်းအားကောင်းသောပစ္စည်းနှင့် ရောင်းအားနှေးသောပစ္စည်းကို Report မှ သိရှိနိုင်ခြင်း

ဒါပေမဲ့ System ရှိရုံနဲ့ Data မှန်သွားမှာ မဟုတ်ပါဘူး။

ပစ္စည်းဝင်လာတိုင်း Receipt မလုပ်ထားခြင်း၊ ဆိုင်သုံးပစ္စည်းကို မှတ်တမ်းမတင်ဘဲ ယူသုံးခြင်း၊ ပျက်စီးပစ္စည်းကို Stock ထဲက မလျှော့ခြင်းနဲ့ Cashier Closing မလုပ်ခြင်းတွေရှိနေရင် System Report ကလည်း လက်တွေ့အခြေအနေနဲ့ ကိုက်ညီမှာ မဟုတ်ပါဘူး။

ဒါကြောင့် Mini Mart အတွက် POS System ကောင်းတစ်ခုရွေးချယ်ရာမှာ **Feature များတာတစ်ခုတည်းကို မကြည့်ဘဲ ကိုယ့်ဆိုင်ရဲ့ ပစ္စည်းဝင်ကနေ ရောင်းချပြီး ငွေစာရင်းပိတ်တဲ့အထိ လုပ်ငန်းစဉ်တစ်ခုလုံးနဲ့ ကိုက်ညီမှုရှိမရှိ** စဉ်းစားဖို့လိုပါတယ်။

**မှတ်ထားသင့်တာက—**
POS System ဆိုတာ ဘောက်ချာထုတ်ပေးတဲ့စက်တစ်ခု မဟုတ်ပါဘူး။
ကိုယ့်ဆိုင်မှာ **ဘာတွေရောင်းရတယ်၊ ဘာတွေကျန်တယ်၊ ဘာတွေဆုံးရှုံးနေတယ်** ဆိုတာကို အချက်အလက်နဲ့ သိရှိစေတဲ့ Business Management Tool တစ်ခုဖြစ်ပါတယ်။

မိမိ Mini Mart လုပ်ငန်းအတွက် ဘယ်လို POS Functions တွေ လိုအပ်မလဲ သိချင်ရင် MEIT Solutions နဲ့ ဆွေးနွေးမေးမြန်းနိုင်ပါတယ်ရှင့်။

**MEIT – We Connect Business & Technology**

**Passive Income လိုချင်တယ်ဆိုတာနဲ့ လုပ်ငန်းက Owner မပါဘဲ လည်ပတ်နိုင်ပြီလား?**ဒီနေ့ခေတ်မှာ Passive Income ရှာမယ်၊ ကိုယ်မ...
19/08/2026

**Passive Income လိုချင်တယ်ဆိုတာနဲ့ လုပ်ငန်းက Owner မပါဘဲ လည်ပတ်နိုင်ပြီလား?**

ဒီနေ့ခေတ်မှာ Passive Income ရှာမယ်၊ ကိုယ်မလုပ်ရဘဲ ဝင်ငွေရအောင် လုပ်မယ်ဆိုတဲ့ အတွေးနဲ့ စကားတွေကို မကြာခဏ ကြားနေရပါတယ်။

ဒါပေမဲ့ လက်တွေ့လုပ်ငန်းခွင်ကို ပြန်ကြည့်လိုက်တဲ့အခါ—

Manager ခန့်ထားပြီးသားဖြစ်ပေမယ့် Owner မပါရင် ဆုံးဖြတ်လို့မရတဲ့အလုပ်တွေ ရှိနေတယ်။

Manager ကို တာဝန်ပေးထားပေမယ့် အောက်ခြေဝန်ထမ်းတွေရဲ့ အလုပ်အထိ Owner ကိုယ်တိုင် ဝင်ရောက်လုပ်ကိုင်နေရတယ်။

ဝန်ထမ်းတွေကလည်း ပြဿနာတစ်ခုဖြစ်တိုင်း သက်ဆိုင်ရာတာဝန်ရှိသူဆီမသွားဘဲ Owner ကို တိုက်ရိုက်ရှာနေကြတယ်။

အောင်သမာဓိမှ ဦးအောင် ပြောခဲ့ဖူးတဲ့ အကြောင်းအရာတစ်ခုကို သတိရမိပါတယ်။

သူက ကားနဲ့အပြင်သွားဖို့ Driver ကို တိုက်ရိုက်ပြောလို့ရတဲ့ အခြေအနေဖြစ်ပေမယ့် Driver Leader ခန့်ထားပြီးသားဖြစ်တာကြောင့် Leader ကတစ်ဆင့်သာ စီစဉ်စေတယ်လို့ ဆိုပါတယ်။

ဒီအချက်က လုပ်ငန်းတစ်ခုမှာ **တာဝန်ပေးထားခြင်းကို လေးစားဖို့နဲ့ သတ်မှတ်ထားတဲ့ လုပ်ငန်းလမ်းကြောင်းအတိုင်း လည်ပတ်ဖို့** ဘယ်လောက်အရေးကြီးသလဲဆိုတာ ပြသပေးပါတယ်။

**Job Description နဲ့ လုပ်ပိုင်ခွင့်ဟာ တွဲလျက်ရှိရပါမယ်။**

တာဝန်ပေးထားပေမယ့် ဆုံးဖြတ်ပိုင်ခွင့်မပေးရင် အဲဒီတာဝန်ကို အပြည့်အဝယူလို့မရနိုင်ပါဘူး။

လုပ်ပိုင်ခွင့်ပေးထားပေမယ့် ရှင်းလင်းတဲ့ Process၊ Report နဲ့ တာဝန်ယူမှုမရှိရင်လည်း လုပ်ငန်းကို ထိန်းချုပ်ဖို့ ခက်ခဲပါလိမ့်မယ်။

ဒါကြောင့် Passive Income ကို မစဉ်းစားခင် ကိုယ့်လုပ်ငန်းကို ပြန်မေးကြည့်ဖို့လိုပါတယ်။

* လူတစ်ဦးချင်းစီရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့် ရှင်းလင်းရဲ့လား။
* သတ်မှတ်ထားတဲ့ Approval Flow နဲ့ Reporting Line ရှိရဲ့လား။
* Owner မရှိတဲ့အချိန်မှာလည်း လုပ်ငန်းက ပုံမှန်ဆက်လည်ပတ်နိုင်ရဲ့လား။
* မှန်ကန်တဲ့ Data နဲ့ အချိန်မီဆုံးဖြတ်နိုင်မယ့် System ရှိရဲ့လား။

**Passive Income ဆိုတာ အစကတည်းက ရရှိလာတဲ့အရာမဟုတ်ပါဘူး။**

လူ၊ လုပ်ငန်းစဉ်၊ လုပ်ပိုင်ခွင့်နဲ့ System တွေ မှန်ကန်စွာချိတ်ဆက်ထားတဲ့ လုပ်ငန်းတစ်ခုက ရလာမယ့် Result ဖြစ်ပါတယ်။

Owner က အလုပ်အားလုံးကို ကိုယ်တိုင်လုပ်နိုင်တာက အောင်မြင်မှုမဟုတ်ပါဘူး။

**Owner မပါဝင်ချိန်မှာတောင် လုပ်ငန်းက စနစ်တကျ ဆက်လည်ပတ်နိုင်ခြင်းကသာ တကယ့် Business Growth ဖြစ်ပါတယ်။**

မိမိလုပ်ငန်းအတွက် စနစ်တကျ လည်ပတ်နိုင်မယ့် Business Process နဲ့ Digital System တည်ဆောက်လိုပါက MEIT Solutions သို့ Messenger မှတစ်ဆင့် ဆက်သွယ်ဆွေးနွေးနိုင်ပါတယ်။

Business စလုပ်ခါစမှာ Owner ကိုယ်တိုင် အရာအားလုံးလိုက်လုပ်ရတာ သဘာဝပါပဲ။Customer နဲ့ပြောတယ်။Sales လိုက်တယ်။Stock စစ်တယ်။ငွ...
18/08/2026

Business စလုပ်ခါစမှာ Owner ကိုယ်တိုင် အရာအားလုံးလိုက်လုပ်ရတာ သဘာဝပါပဲ။

Customer နဲ့ပြောတယ်။
Sales လိုက်တယ်။
Stock စစ်တယ်။
ငွေစာရင်းကြည့်တယ်။
ဝန်ထမ်းတွေရဲ့ ပြဿနာကိုလည်း ကိုယ်တိုင်လိုက်ရှင်းတယ်။

အစပိုင်းမှာတော့ “ကိုယ်မရှိရင် မဖြစ်ဘူး” ဆိုတာက ကိုယ်အလုပ်လုပ်နိုင်ကြောင်း ပြသသလိုဖြစ်နေတတ်တယ်။ ဒါပေမဲ့ လုပ်ငန်းကြီးလာတဲ့အခါ Owner တစ်ယောက်တည်းကိုပဲ အရာအားလုံးက မှီခိုနေရင် တိုးတက်ဖို့ခက်လာတယ်။

Owner မရှိတဲ့နေ့ အလုပ်တွေမရွေ့ဘူး။
ဝန်ထမ်းတစ်ယောက်ထွက်သွားရင် သူလုပ်ခဲ့တာတွေ ဘယ်သူမှ ဆက်မလုပ်တတ်ဘူး။
Information တွေကလည်း လူတစ်ယောက်ရဲ့ခေါင်းထဲမှာပဲ ရှိနေတယ်။

ဒါဟာ လူမတော်လို့ မဟုတ်ပါဘူး။
လုပ်ငန်းမှာ ရှင်းလင်းတဲ့ Process နဲ့ စနစ်ကျတဲ့ System မရှိသေးလို့ပါ။

Passive Income ရချင်တယ်ဆိုတာ ကိုယ်ဘာမှမလုပ်ဘဲ ဝင်ငွေရချင်တာမျိုး မဟုတ်ပါဘူး။ ကိုယ်အမြဲဝင်ပြီး လိုက်လုပ်စရာမလိုဘဲ လုပ်ငန်းက စနစ်တကျ ဆက်လည်ပတ်နိုင်အောင် ကြိုတင်တည်ဆောက်ထားတာပါ။

ဘယ်သူလုပ်ရမယ်၊ ဘယ်လိုလုပ်ရမယ်၊ အလုပ်ပြီးမပြီး ဘယ်လိုစစ်ဆေးမယ်၊ ရလဒ်တွေကို ဘယ်လိုတိုင်းတာမယ်ဆိုတာ ရှင်းလင်းတဲ့ Process နဲ့ System ရှိဖို့လိုပါတယ်။

Owner ရဲ့တာဝန်က အလုပ်အားလုံးကို ကိုယ်တိုင်လုပ်နေဖို့မဟုတ်ဘူး။ ကိုယ်မရှိတဲ့အချိန်မှာတောင် လုပ်ငန်းက ဆက်လည်ပတ်နိုင်မယ့် System တစ်ခုကို တည်ဆောက်ဖို့ပါ။

လူတစ်ယောက်ကို အားကိုးတဲ့ Business ထက်
System ကို အားကိုးတဲ့ Business ကသာ
တည်ငြိမ်စွာ တိုးတက်ပြီး ဝင်ငွေကို ဆက်လက်ဖန်တီးပေးနိုင်ပါတယ်။ 🌿

**Business Development နဲ့ Sales ဘာကွာသလဲ?**Business Development နဲ့ Sales ကို တူတယ်လို့ ထင်မိတတ်ကြပါတယ်။ နှစ်ခုလုံးက လု...
16/08/2026

**Business Development နဲ့ Sales ဘာကွာသလဲ?**

Business Development နဲ့ Sales ကို တူတယ်လို့ ထင်မိတတ်ကြပါတယ်။ နှစ်ခုလုံးက လုပ်ငန်းတိုးတက်ဖို့အတွက် အရေးကြီးပေမယ့် အဓိကတာဝန်နဲ့ ကြည့်တဲ့အမြင်ကတော့ မတူပါဘူး။

**Sales** က လက်ရှိရှိပြီးသား Product ဒါမှမဟုတ် Service ကို Customer ဆီရောက်အောင် မိတ်ဆက်ခြင်း၊ Follow-up လုပ်ခြင်း၊ ဈေးနှုန်းညှိနှိုင်းခြင်းနဲ့ အရောင်းတစ်ခု အောင်မြင်အောင် ပိတ်ခြင်းကို အဓိကထားပါတယ်။

တစ်နည်းအားဖြင့် Sales က—

**Lead → Follow-up → Quotation → Negotiation → Closing**

ဆိုတဲ့ လုပ်ငန်းစဉ်နဲ့ Revenue ရရှိလာအောင် လုပ်ဆောင်ပေးတာပါ။

**Business Development** ကတော့ ဒီထက်ပိုကျယ်ပြန့်ပါတယ်။

ဈေးကွက်မှာ ဘယ်လိုအခွင့်အလမ်းအသစ်တွေရှိသလဲ၊ Customer တွေရဲ့ တကယ့်ပြဿနာနဲ့ လိုအပ်ချက်က ဘာလဲ၊ ကိုယ့်လုပ်ငန်းက ဘယ်လိုတန်ဖိုးအသစ်တွေ ဖန်တီးပေးနိုင်မလဲဆိုတာကို ရှာဖွေရပါတယ်။

ဒါ့အပြင်—

* Target Market အသစ်ရှာဖွေခြင်း
* Customer Needs ကို လေ့လာခြင်း
* Product သို့မဟုတ် Service အသစ် တိုးချဲ့ခြင်း
* မိတ်ဖက်လုပ်ငန်းတွေနဲ့ Partnership တည်ဆောက်ခြင်း
* Sales၊ Marketing၊ Operations နဲ့ System တွေကို ချိတ်ဆက်ခြင်း
* ရေရှည်တိုးတက်နိုင်မယ့် လုပ်ငန်းလမ်းကြောင်း ဖန်တီးခြင်း

တို့လည်း Business Development ထဲမှာ ပါဝင်ပါတယ်။

ဥပမာ—Customer တစ်ယောက်က ERP System အကြောင်း စိတ်ဝင်စားလို့ ဆက်သွယ်လာတယ်ဆိုပါစို့။

သူ့ကို Demo ပြခြင်း၊ Quotation ပို့ခြင်း၊ Follow-up လုပ်ခြင်းနဲ့ Contract ရရှိအောင် ဆောင်ရွက်ခြင်းက **Sales** ဖြစ်ပါတယ်။

ဒါပေမဲ့ Customer ရဲ့ လက်ရှိ Business Process ကို လေ့လာခြင်း၊ တကယ့်ပြဿနာကို ရှာဖွေခြင်း၊ လိုအပ်တဲ့ Solution ကို ဒီဇိုင်းဆွဲခြင်းနဲ့ ရေရှည်အသုံးဝင်မယ့် တန်ဖိုးတစ်ခု ဖန်တီးပေးခြင်းကတော့ **Business Development** ဖြစ်ပါတယ်။

အတိုချုပ်ပြောရရင်—

**Sales က ဒီနေ့ရဲ့ Revenue ကို ဖန်တီးပေးတယ်။
Business Development က မနက်ဖြန်အတွက် အခွင့်အလမ်းနဲ့ တိုးတက်မှုလမ်းကြောင်းကို တည်ဆောက်ပေးတယ်။**

နှစ်ခုက မတူပေမယ့် တစ်ခုနဲ့တစ်ခု ခွဲထားလို့မရပါဘူး။ Business Development က မှန်ကန်တဲ့အခွင့်အလမ်းတွေကို ဖန်တီးပေးပြီး Sales က အဲဒီအခွင့်အလမ်းတွေကို အမှန်တကယ် Revenue ဖြစ်လာအောင် ပြောင်းလဲပေးတာပါ။

**Business လုပ်တယ်ဆိုတာ သိုင်းကွက်တစ်ကွက်တည်း တတ်ရုံနဲ့မရဘူး**ကျွန်မ ကိုယ်ပိုင်လုပ်ငန်း မစခင်က ဆရာတစ်ယောက်ပြောခဲ့ဖူးတယ်။...
14/08/2026

**Business လုပ်တယ်ဆိုတာ သိုင်းကွက်တစ်ကွက်တည်း တတ်ရုံနဲ့မရဘူး**

ကျွန်မ ကိုယ်ပိုင်လုပ်ငန်း မစခင်က ဆရာတစ်ယောက်ပြောခဲ့ဖူးတယ်။

“မမိုးမိုးခိုင်ရေ… ဒီလောကထဲကို ဝင်မယ်ဆိုရင် သိုင်းကွက်တစ်ကွက်တည်းနဲ့ ဝင်လို့မရဘူး။ သိုင်းကွက်တွေအများကြီး တတ်မှရမယ်” တဲ့။

အဲဒီအချိန်တုန်းကတော့ ဆရာ့စကားကို သဘောပေါက်သလိုလိုနဲ့ ဖြတ်ကျော်ခဲ့မိတယ်။ အခု ကိုယ်တိုင်လုပ်ငန်းလုပ်လာတဲ့အခါမှ ဒီစကားရဲ့အဓိပ္ပာယ်ကို တကယ်နားလည်လာခဲ့တာပါ။

ကိုယ်က Sales ကောင်းရင် လုပ်ငန်းအောင်မြင်မယ်လို့ ထင်ခဲ့ဖူးတယ်။ ဒါပေမဲ့ နေ့တိုင်း Sales Target ပြည့်နေတာနဲ့ လုပ်ငန်းအောင်မြင်နေပြီလို့ မဆိုနိုင်ပါဘူး။

ရောင်းအားကောင်းပေမယ့် ကုန်ကျစရိတ်ကို မထိန်းနိုင်ရင် အမြတ်မကျန်နိုင်ဘူး။

Customer အသစ်တွေရပေမယ့် ဝန်ဆောင်မှုမကောင်းရင် ရေရှည်မတည်မြဲနိုင်ဘူး။

လုပ်ငန်းကြီးလာပေမယ့် Process နဲ့ System မရှိရင် အလုပ်တွေ ပိုရှုပ်လာနိုင်တယ်။

လူတွေရှိပေမယ့် တစ်ယောက်နဲ့တစ်ယောက် မချိတ်ဆက်နိုင်ရင် လုပ်ငန်းက ရှေ့မရောက်နိုင်ဘူး။

အဲဒီအခါမှ Business တစ်ခုအောင်မြင်ဖို့ Sales သိုင်းကွက်တစ်ခုတည်းနဲ့ မလုံလောက်ဘူးဆိုတာ သိလာခဲ့တယ်။

Customer ကို နားလည်တဲ့ သိုင်းကွက်၊
Finance ကို စီမံခန့်ခွဲတဲ့ သိုင်းကွက်၊
Operation ကို ထိန်းချုပ်တဲ့ သိုင်းကွက်၊
လူတွေကို စီမံခန့်ခွဲတဲ့ သိုင်းကွက်၊
Process နဲ့ System တည်ဆောက်တဲ့ သိုင်းကွက်၊
အခွင့်အလမ်းအသစ်တွေ ရှာဖွေဖန်တီးတဲ့ Business Development သိုင်းကွက်—

ဒီသိုင်းကွက်တွေအားလုံး ဟန်ချက်ညီမှသာ Business တစ်ခုက ရေရှည်တိုးတက်နိုင်မှာပါ။

အရာအားလုံးကို ကိုယ်တစ်ယောက်တည်း ကျွမ်းကျင်နေရမယ်လို့ ဆိုလိုတာတော့ မဟုတ်ပါဘူး။ ဘယ်အပိုင်းက ဘယ်အပိုင်းနဲ့ ဆက်စပ်နေသလဲဆိုတာ နားလည်ပြီး ကိုယ်မတတ်တဲ့အရာကို လေ့လာဖို့၊ ကျွမ်းကျင်သူတွေနဲ့ ပူးပေါင်းဖို့ လိုအပ်တာပါ။

**Business Development ဆိုတာ အရောင်းမြှင့်တင်ခြင်းတစ်ခုတည်း မဟုတ်ပါဘူး။ လုပ်ငန်းတစ်ခုလုံး ဟန်ချက်ညီညီ တိုးတက်လာအောင် အခွင့်အလမ်း၊ လူ၊ လုပ်ငန်းစဉ်နဲ့ System တွေကို ချိတ်ဆက်တည်ဆောက်ပေးခြင်းပါ။**

ဆရာပြောခဲ့တဲ့ စကားတစ်ခွန်းကို လုပ်ငန်းလုပ်ပြီးတဲ့နောက်မှ ကိုယ်တိုင်ကြုံတွေ့ရင်း တကယ်နားလည်လာခဲ့ပါတယ်။

တစ်နေ့က သင်တန်းတစ်ခုမှာ ကြားခဲ့ရတဲ့ စကားတစ်ခွန်းကို အခုထိ သဘောကျနေတုန်းပါ။> **"If you want to go fast, go alone. If you ...
10/08/2026

တစ်နေ့က သင်တန်းတစ်ခုမှာ ကြားခဲ့ရတဲ့ စကားတစ်ခွန်းကို အခုထိ သဘောကျနေတုန်းပါ။

> **"If you want to go fast, go alone. If you want to go far, go together."**

မြန်မြန်ရောက်ချင်ရင် တစ်ယောက်တည်း သွားနိုင်ပါတယ်။
ဒါပေမဲ့ အဝေးကြီး ရောက်ချင်ရင်တော့ အဖွဲ့နဲ့ အတူတူ သွားရပါတယ်။

Business လောကမှာလည်း ဒီလိုပါပဲ။

လူတစ်ယောက်တည်းက အရာအားလုံးကို မကျွမ်းကျင်နိုင်ပါဘူး။
Business Owner ရဲ့ အမြင်၊ Functional Consultant ရဲ့ လုပ်ငန်းနားလည်မှု၊ Developer ရဲ့ နည်းပညာ၊ User ရဲ့ လက်တွေ့အတွေ့အကြုံ...
အားလုံး ပူးပေါင်းမှ ရလဒ်ကောင်းတစ်ခု ဖြစ်လာပါတယ်။

အောင်မြင်တဲ့ Project တစ်ခုရဲ့ နောက်ကွယ်မှာ "တော်တဲ့လူတစ်ယောက်" ထက် "ပူးပေါင်းလုပ်နိုင်တဲ့ အဖွဲ့တစ်ဖွဲ့" က ပိုအရေးကြီးပါတယ်။

တစ်ယောက်တည်း အနိုင်ရတာထက် အတူတူ ရှေ့ဆက်နိုင်တာက ပိုတန်ဖိုးရှိပါတယ်။

🚀 ERP Career Development Program with Odooဒီသင်တန်းမှာ Odoo အသုံးပြုနည်းကိုသာ သင်ကြားမှာ မဟုတ်ပါဘူး...Business Process က...
09/08/2026

🚀 ERP Career Development Program with Odoo

ဒီသင်တန်းမှာ Odoo အသုံးပြုနည်းကိုသာ သင်ကြားမှာ မဟုတ်ပါဘူး...
Business Process ကို နားလည်ပြီး Odoo ERP ကို လုပ်ငန်းခွင်မှာ ဘယ်လို အသုံးချရမလဲဆိုတာကိုပါ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

ERP Project တစ်ခု အောင်မြင်ဖို့ Software တစ်ခုတည်း မလုံလောက်ပါဘူး။

လုပ်ငန်းတစ်ခု ဘယ်လိုလည်ပတ်သလဲ၊ Department တစ်ခုနဲ့တစ်ခု ဘယ်လိုချိတ်ဆက်ပြီး အလုပ်လုပ်သလဲ၊ Business Process တွေကို ERP System တစ်ခုနဲ့ ဘယ်လို စနစ်တကျ စီမံခန့်ခွဲရမလဲဆိုတာကို နားလည်မှ ERP ရဲ့ တန်ဖိုးကို အပြည့်အဝ အသုံးချနိုင်မှာ ဖြစ်ပါတယ်။

ဒါကြောင့် ဒီ Program မှာ Business Process ကို အခြေခံပြီး Odoo ERP ကို လက်တွေ့အသုံးချနိုင်တဲ့အထိ အဆင့်လိုက် သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

✅ ERP Fundamentals

✅ Business Process & Workflow

✅ Sales, Purchase, Inventory & Accounting Process

✅ Business Process Mapping

✅ Odoo Navigation & Module Usage

✅ End-to-End Business Flow

✅ ERP Implementation Fundamentals

✅ Real Business Case Studies

👥 Who Should Join?

✔ University Students & Fresh Graduates

✔ ERP Functional Consultant ဖြစ်ချင်သူများ

✔ Business Analyst Career ကို စိတ်ဝင်စားသူများ

✔ Business Owners & Managers

✔ Odoo ERP ကို စတင်လေ့လာချင်သူများ

🌱 Beyond the Training

ဒီ Program ရဲ့ ရည်ရွယ်ချက်က Software အသုံးပြုတတ်တဲ့ User တစ်ယောက် မွေးထုတ်ဖို့ မဟုတ်ပါဘူး။

Business Process ကို နားလည်ပြီး ERP System ကို အကောင်အထည်ဖော်နိုင်တဲ့ Professional တစ်ယောက် ဖြစ်လာစေဖို့ပါ။

သင်တန်းပြီးဆုံးသူများထဲမှ သင်ယူလိုစိတ်၊ ကြိုးစားမှုနှင့် အရည်အချင်း ကို အခြေခံ၍ MEIT Internship Program တွင် ပါဝင်ခွင့်ရရှိနိုင်ပြီး၊ လက်တွေ့ ERP Project များတွင် အတွေ့အကြုံရယူနိုင်မည့် အခွင့်အရေးလည်း ရှိပါတယ်။

🎁 Bonus: Selected sessions will include an Odoo Workshop to provide additional practical exposure.

📅 Duration: 2 Months

📆 Weekend Program (Saturday & Sunday)

🕖 7:00 PM – 9:00 PM

💻 Online Training

🎓 Designed for University Students & Working Professionals

🎁 Bonus: Odoo Workshop

📩 Register via Page Messenger
"Learn the Business. Master the System. Build Your Future."

Give First. Then Take.တစ်နေ့က ဆရာတစ်ယောက် ပြောဖူးတဲ့ စကားကို ပြန်စဉ်းစားမိတယ်။“မြတ်စွာဘုရား ဖြစ်ဖို့ လေးအသင်္ချေနဲ့ ကမ္ဘ...
07/08/2026

Give First. Then Take.

တစ်နေ့က ဆရာတစ်ယောက် ပြောဖူးတဲ့ စကားကို ပြန်စဉ်းစားမိတယ်။

“မြတ်စွာဘုရား ဖြစ်ဖို့ လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ခဲ့ရတယ်။”

အဲဒီစကားကို ပြန်တွေးကြည့်တော့…

ရလဒ်ကြီးလေ… ပေးဆပ်မှုကလည်း ကြီးလေလေ ဆိုတာကို သတိထားမိတယ်။

ဥပမာ…

၇ ဘဝလောက် အားထုတ်ခဲ့ရုံနဲ့ မြတ်စွာဘုရား ဖြစ်မလာနိုင်ဘူး။

ကိုယ်ပေးဆပ်ထားတဲ့ အတိုင်းအတာနဲ့ ထိုက်တန်တဲ့ အကျိုးကိုပဲ ရမှာပါ။

ဒီအတွေးကို Business ဘက်က ပြန်ကြည့်လိုက်တော့လည်း အတူတူပဲ။

တစ်ခါတလေ…

လူတွေက အကောင်းဆုံး ရလဒ် ကို မျှော်လင့်ကြတယ်။

အကောင်းဆုံး ဝန်ဆောင်မှု၊ အကောင်းဆုံး အရည်အသွေး၊ အကောင်းဆုံး အတွေ့အကြုံ…

ဒါပေမယ့်…

အကောင်းဆုံး ရလဒ်တိုင်းရဲ့ နောက်ကွယ်မှာ အချိန်၊ အတွေ့အကြုံ၊ အသိပညာနဲ့ တာဝန်ယူမှုတွေ ရှိနေတယ်။

အဲဒါတွေက Value ပါ။

Value ကို ဖန်တီးဖို့ နှစ်ပေါင်းများစွာ အချိန်ပေးရတယ်။
အမှားတွေကနေ သင်ယူရတယ်။
အတွေ့အကြုံတွေ စုဆောင်းရတယ်။

ဒါကြောင့်…

အမြင့်ဆုံး ရလဒ်ကို လိုချင်ရင်၊ အဲဒီရလဒ်နဲ့ ထိုက်တန်တဲ့ Value ကိုလည်း နားလည်ဖို့ လိုတယ်။

Give and Take လို့ ပြောကြပါတယ်။

ဒါပေမယ့်…

Take မတိုင်ခင် Give က အရင်လာပါတယ်။

ဘဝမှာပဲဖြစ်ဖြစ်…
Business မှာပဲဖြစ်ဖြစ်…

ရေရှည်တည်တံ့တဲ့ ရလဒ်တွေက Value ပေါ်မှာပဲ တည်ဆောက်ထားတာပါ။

“Price is what you pay. Value is what you receive.”












**MEIT က ငြိမ်နေတယ်လို့ မတွေးလိုက်ပါနဲ့။**တစ်ခါတလေ **ငြိမ်နေတာက ရပ်နေတာမဟုတ်ဘူး... ပြင်ဆင်နေတာပါ။**ပိုကောင်းတဲ့ အကြောင်း...
04/08/2026

**MEIT က ငြိမ်နေတယ်လို့ မတွေးလိုက်ပါနဲ့။**

တစ်ခါတလေ **ငြိမ်နေတာက ရပ်နေတာမဟုတ်ဘူး... ပြင်ဆင်နေတာပါ။**

ပိုကောင်းတဲ့ အကြောင်းအရာတွေ၊
ပိုတန်ဖိုးရှိတဲ့ Training တွေ၊
ပိုအသုံးဝင်တဲ့ Business Solutions တွေ၊
ပိုကြီးမားတဲ့ အခွင့်အလမ်းတွေနဲ့...

**နောက်တစ်ဆင့်က ဘာတွေလဲဆိုတာတော့... မကြာခင် သိရပါလိမ့်မယ်။ 😉**

Stay Tuned. 🚀

🧠 Think Like a Functional ConsultantEpisode 1: Client ပြောသမျှကို အကုန်လုပ်ပေးရမှာလား?ERP Functional Consultant တစ်ယောက်...
01/08/2026

🧠 Think Like a Functional Consultant

Episode 1: Client ပြောသမျှကို အကုန်လုပ်ပေးရမှာလား?
ERP Functional Consultant တစ်ယောက်ရဲ့ အလုပ်က...
Client ပြောသမျှကို အကုန်လုပ်ပေးတာ မဟုတ်ပါဘူး။
Client ရဲ့ တကယ့်ပြဿနာကို နားလည်ပြီး၊ Business နဲ့ ကိုက်ညီတဲ့ Solution ကို Recommend လုပ်ပေးတာပါ။

👨‍💼 ဥပမာ...
Client က...
"ကျွန်တော် CRM Module လိုချင်ပါတယ်။"
လို့ ပြောပါတယ်။
Functional Consultant တစ်ယောက်အနေနဲ့...
CRM Module ကို ချက်ချင်း Recommend လုပ်သင့်လား?
ကျွန်တော်ဆိုရင် မလုပ်သေးပါဘူး။
အရင်ဆုံး ဒီမေးခွန်းကို မေးပါမယ်...

"ဘာကြောင့် CRM Module လိုချင်တာလဲ?"
❓ ဘာလို့ ဒီမေးခွန်းက အရေးကြီးတာလဲ?
ဘာလို့ဆိုတော့...
Client ပြောတာက Solution ဖြစ်နိုင်ပါတယ်။
ဒါပေမယ့်...

Functional Consultant ရှာရမှာက Problem ဖြစ်ပါတယ်။

📌 ဥပမာ...
Requirement Gathering လုပ်ကြည့်လိုက်တော့...
✅ Customer List ကို Excel နဲ့ပဲ စီမံနေတယ်။
✅ Sales Follow-up Process မရှိသေးဘူး။
✅ Customer History ကို မမှတ်တမ်းတင်ထားဘူး။
✅ Sales Pipeline ကို စနစ်တကျ မစီမံထားဘူး။
ဒီလိုဆိုရင်...
တကယ်လိုအပ်တာက CRM Module လား?
ဒါမှမဟုတ်...
Sales Process ကို အရင်တည်ဆောက်ဖို့ လိုနေတာလား?
💡 Functional Consultant ရဲ့ တာဝန်
❌ Module ရောင်းဖို့ မဟုတ်ဘူး။
❌ Client ပြောတာကို အကုန်လုပ်ပေးဖို့ မဟုတ်ဘူး။
✅ Business ကို နားလည်ဖို့။
✅ တကယ့်ပြဿနာကို ရှာဖွေဖို့။
✅ Business နဲ့ ကိုက်ညီတဲ့ Solution ကို Recommend လုပ်ဖို့။
📖 Functional Consultant Rule #1
Never recommend a solution before understanding the problem.
Problem ကို သေချာနားမလည်ခင် Solution ကို မအကြံပေးပါနဲ့။
🎯 Key Takeaway
A good Functional Consultant doesn't start with the module.
A good Functional Consultant starts with the business.
🚀 MEIT Insight
A Functional Consultant doesn't just implement software.
A Functional Consultant transforms the way businesses think.

💬 မင်းဆိုရင်ရော...
Client က...
"CRM Module လိုချင်ပါတယ်။"
လို့ ပြောရင်...
🔹 ချက်ချင်း Recommend လုပ်မလား?
🔹 ဒါမှမဟုတ်...
"ဘာကြောင့် လိုချင်တာလဲ?"
ဆိုတဲ့ မေးခွန်းကို အရင်မေးမလား?
👇 Comment မှာ မင်းရဲ့ အမြင်ကို မျှဝေပေးခဲ့ပါ။













Address

Thingangyun

Website

Alerts

Be the first to know and let us send you an email when MEI Solutions posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share