Shwe Delta Accessories

Shwe Delta Accessories Shwe Delta Accessories is a leading wholesale and retailer for our partners SME and customers.

11/11/2022

တစ်ခါကရွာတစ်ရွာတွင် ယာယာဟုခေါ်သော #သူကြီးသမီး ရုပ်ဆိုးဆိုး အပျိုကြီးတစ်ယောက်ရှိသည်…
တစ်ခါကရွာတစ်ရွာတွင် ယာယာဟုခေါ်သော သူကြီးသမီး ရုပ်ဆိုးဆိုး အပျိုကြီးတစ်ယောက်ရှိသည်..။ ယောကျာၤးလိုချင်နေတာ လက်လက် ထနေ၏..။

ခက်သည်က ရွာက ကာလသားအားလုံး လက်ရှောင်နေကြ၍ ဘယ်သူကိုမှမချိတ်နိုင် ဖြစ်နေသည်..။

တစ်နေ့တစ်နေ့ အိမ်ပြူတင်းပေါက်မှ ငေးမျှော်နေရတာ အပျိုကြီး ယာယာအဖို့ စိတ်ညစ်စရာကြီး ဖြစ်နေပြီ…။ အိမ်ပြူတင်းပေါက်မှ လူလုံးပြသော်လည်း စဉ့်အိုးကြီး ပိတ်နေသလိုဖြစ်နေသော သူ့ခန္ဓာကိုယ်ကြီးကြောင့် ဘယ်သူမှစိတ်မဝင်စားကြ…။

ရွာထုံးစံ ရွာဦးဘုန်းကြီးကျောင်းရှိသည်..။ ဆရာတော်ကြီးက သူကြီးအပါအဝင် အားလုံးပေါ် သြဇာရှိ၏…။ ဆရာတော်ကြီးတွင် သာအိ ဆိုသည့် ကျပ်မပြည့်သော တူ တစ်ယောက်ရှိသည်…။

လူပျိုပေါက်ဖြစ် ကြီးကောင် ဝင်နေသော်လည်း ကလေးစိတ်သာ ရှိသေး၍ သုံးစားမရ ဖြစ်နေသည်..။တစ်နေ့တစ်နေ့ ရွာရိုးကိုးပေါက် ဂွေလှိမ့်၊ ဂေါ်လီရိုက် ကစားလိုက် ကျောင်းပြန် စားလိုက်၊ အိပ်လိုက်ပဲလုပ်တတ်သည်..။

တစ်နေ့ သာအိ ပုဆိုးကွင်းသိုင်း ဂွေလှိမ့်ရင်း သူကြီးသမီး အိမ်ပြူတင်းပေါက် ရှေ့ မှဖြတ်သွားမိသည်…။ပြူတင်းပေါက်မှ လင်လောင်းမျှော်နေသော သူကြီးသမီး တွေ့သွားသည်…။

ယခင်က အရူးအပေါ သတ်မှတ်ပြီး စာရင်းမသွင်းထားခဲ့သော ဘုန်းကြီးတူ သာအိကို အရွယ်ရောက်နေမှန်း သိသွားခဲ့ပြီ…။ ကလေးစိတ် မကုန်သေးသော သာအိကလဲ ပုဆိုးကိုကွင်းသိုင်းပြီး ဖွားဖက်တော်ပေါ်သည်ကို ရှက်ရကောင်းမှန်းမသိခဲ့ သည်ကိုး…။

သူကြီးသမီး ဖိုးသိုးဖတ်သတ် ဖြစ်ပြီး ကျန်ခဲ့သည်…။ ထိုနေ့ တစ်ညလုံး အိပ်မပျော်တော့ ဟိုလှိမ့်ဒီလှိမ့် နှင့်မိုးလင်းခဲ့ရသည်…။ နောက်နေ့တွေလဲ ပြူတင်းပေါက်က သာအိကို ထွက်မျှော်သည်..။

မတွေ့ရတော့ပိုဆိုးလာသည်..။ ညစဉ် အိပ်ပျက်လာသည်..။ အိပ်ပျော်သွားတဲ့ အချိန်လေးမှာတောင် သာအိနဲ့ အိပ်မက်ထဲမှာ ချစ်ဗျူဟာခင်းသည်ချည်းပဲ မက်နေတော့၏..။ ခက်ပြီ…။

ကြာတော့ ချောင်ကျလာသော သမီးမျက်နှာကိုကြည့်ပြီး သူကြီးကတော် ဒေါ်ဖွ မေးရပြီ…။ “ငါ့သမီး အခုတလော ကောင်းကောင်းလဲ မစားဘူး၊ ညည လဲ တချွတ်ချွတ်နဲ့ မအိပ်ဖူး ဘာဖြစ်နေသလဲသမီး အမေ့ကိုပြောစမ်း”…။

ယာယာ ငိုရပြီ။ နောက်ဆုံး ကြိုက်မရှက် ၊ ပြောလိုက်ရပြီ…။ “အောင်မလေး ဒါများသမီးရယ် ညည်းနှယ် ကြိတ်ခံလို့အေ စောစောကပြောရောပေါ့ သမီးရယ်…။ ရွာဦးဘုန်းကြီးကို ညည်း အဖေ လျှောက်ခိုင်းမှာပေါ့”…။

ယာယာ ဝမ်းသာရပြီ…။ တကယ်လားအမေ အမေတကယ်တောင်းပေးမှာလား…။ ဒေါ်ဖွ သမီးလေးတစ်ယောက်တည်းရှိတာ စိတ်ချမ်းသာအောင် ကတိပေးလိုက်၏..။ ရွာဦးကျောင်းဆရာတော် ….. ဒကာကြီး မဖြစ်ဘူးထင်တယ်နော်…။

ဒီကောင် သာအိက ကလေးစိတ်ပဲရှိသေးတာ အိမ်ထောင်ရေးဘယ်လိုမှ မသိသေးဘူး ဒကာကြီး..။သူကြီး …… အို ဆရာတော်ကလည်း အိမ်ထောင်ရေးဆိုတာ သူ့ဘာသာသိသွားမှာပါ..။ သူတို့ချင်း ပေးစားလိုက်ဖို့သာ ဆရာတော်သဘောတူပေးပါ။

ဒီကောင်မကလည်း ဘုန်းကြီးတူကိုမှ ဘာကြည့်ပြီးကြိုက်လဲမသိပါ ဘုရား။ သာအိ မှ သာအိ ဖြစ်နေတော့တာ မအိပ်နိုင်၊ မစားနိုင်မို့ တပည့်တော်လည်း ရှေ့မျက်နှာ နောက်ထားလျှောက်ရတာပါ ဘုရား…။

ရွာဦးကျောင်းဆရာတော် …….. အေးလေ ဒါဆိုလည်း ပေးစားရတာပေါ့…။ ဒီလိုနဲ့ဘုန်းကြီးနဲ့ သူကြီးအပေးအယူတည့်ပြီး သဘောတူလိုက်ကြ၏…။ ရွာမှာ မင်္ဂလာပွဲကြီး ခြိမ့်ခြိမ့်သဲကျင်းပလိုက်ကြသည်..။

သို့သော်…သို့သော် သူကြီးသမီးယာယာတစ်ယောက် ဝမ်းသာရမှာလား၊ ဝမ်းနည်းရမှာလား အဖြစ်ကြုံနေရပြီ..။ လိုချင်သည့် ယောကျာၤးတစ်ယောက် အဖေ့ကျေးဇူးကြောင့် ရခဲ့ပြီ..။

သို့သော်…သို့သော် မင်္ဂလာဦးညမှ တစ်ပတ်တိုင်လာခဲ့ပြီ။ သာအိက နေ့ဖက်ဆော့တုန်း ညည တရှုးရှုးနဲ့ ထိုးအိပ်တာကလွဲပြီး မိန်းမကိုလှည့်ကြည့်ကောင်းရမှန်းမသိ…။ ဒီကိစ္စ ထုံးစံအတိုင်း သမီးမှအမေ၊ အမေမှသူကြီး ဆီရောက်သွားသည်…။

သမီးကိုယ်တိုင်က မမြူဆွယ်နိုင်တဲ့ကိစ္စ ယောက္ခမတွေက သမက်ကိုသင်ရမတဲ့လား…။နောက်ဆုံး ဆရာတော်ဆီပဲ ရောက်သွားသည်..။ ဆရာတော်ကလည်း ဘုန်းကြီးဒီကိစ္စတွေ မှာ ဝင်မပါချင်..။ သူကြီးကိုပဲ ဖိမာန်တော့သည်…။

သူကြီးကလည်းမျက်နှာငယ်လေးနှင့်…။ ကဲကဲ ဘုန်းကြီးပဲ ဝိနည်းလွတ်ကြည့်ပြောပါမယ်ပေါ့…။ ဒကာကြီး ခဏရှောင်နေ..။ဟဲ့ သာအိ…။ ဘုရား…။ နင်မိန်းမရတာ ဘာလုပ်ဖို့လဲသိလား…။ မသိပါဘုရား…။

ဟာ ဒီကောင် .. မိန်းမတွေမှာ ကောင်းတာတစ်ခုရှိတယ်ဟဲ့ သာအိရဲ့…။ ဘာများလဲ ဘုရား…။ အေး ငါပြောလိုက်မယ်…။ ညကျရင် သူ့ကိုမေး ယာယာ နင်တို့မိန်းမတွေမှာ ကောင်းကွက်ဘာရှိလဲမေးရင် သူပြတာလုပ်လိုက်လဟဲ့…။

တင္ပါ့ ဘုရား…။ မှတ်ထားနော် ငါပြောတာ ညကျ မေးဖို့မမေ့နဲ့…။ တင္ပါ့ဘုရား…။ကဲ ဒကာကြီးရေ သွားကြတော့ ဘုန်းကြီးတော့မှာလိုက်ပြီ…။ သွားကြတော့ ဒီကောင် ဒီလောက်တော့ ဒုံးဝေးမှာ မဟုတ်ပါဘူး…။

သူကြီးတို့ အိမ်ပြန်ရောက်တော့မျှော်နေတဲ့သားအမိကို လက်မလေးထောင်ပြလိုက်တာပေါ့…။ ယာယာ တစ်ယောက်ဝမ်းသာလုံးဆို့ပြီး ညကျ သူ့လင်တော်မောင်စားဖို့ ကောက်ညှင်းပေါင်း ပူပူ၊ အားရှိအောင်သောက်ဖို့ နွားနို့ပူပူလေး စီမံမယ်ပေါ့…။

သာအိကလည်း အစားသောင်းကျန်းတော့ ခါတိုင်းနဲ့မတူ ကောက်ညှင်းပေါင်းနဲ့ နွားနို့နဲ့ ဒီညတော့ စားရချည်သေးရဲ့ပေါ့…။ ဒီညတော့ သာအိ အိပ်ယာထဲက မအိပ်ပဲစောင့်နေတယ်။ သူ့မယားကလဲ မီးဖိုထဲကောက်ညှင်းပေါင်းသွားခပ်နေ..။

ခဏနေ မယားရောက်လာတော့ စားဖို့ပြင်တဲ့သာအိကို ”ဟိုး..ဟိုးဆရာ စားဖို့ခဏနေဦး၊ ဆရာတော်ဘာမှာလိုက်လဲပြောဦးလေ”ဆိုပြီးသတိပေးတော့မှ ဘသားချောက .. အေး ဆရာတော်က မေးခိုင်းတယ်ဟ၊ နင်တို့မိန်းမတွေမှာ ကောင်းကွက်တစ်ခုရှိတယ်တဲ့ အဲ့ဒါဘာလဲငါ့ကို ပြစမ်းဟာ…။

ယာယာ ဝမ်းသာအားရပြတော့တာပေါ့…။ ဒါပဲရှင် ကျွန်မတို့ကောင်းကွက်က…။ ဟေ တကယ်ကောင်းတာလားဟ…။ အဟုတ်ပဲရှင်…။ စားဖို့လောက်သာသိတဲ့ သာအိ ကောက်ညှင်းပေါင်းပူပူကိုယူထည့်ပြီး သူ့မယားကောင်းကွက်နဲ့ တို့စားလိုက်တာ ယာယာတစ်ယောက် အမလေး တပြီး ကောင်းကွက်အပူလောင် ဗြောင်းဆန်လို့ တစ်အိမ်လုံးနိုးကုန်ကြပါရောလား…။

သူကြီးအကြောင်းစုံသိတော့ပေါက်ကွဲပြီး နှလုံးပြူးဆွဲ သမက်ကိုပစ်မယ်တကဲကဲလုပ်နေလို့ မနည်းဝိုင်းဆွဲရပါသတဲ့…။ နောက်နေ့မနက် သူကြီးဒေါကန်ပြီး သမက်ပါခေါ် ဆရာတော်ဆီလျှောက်ပြန်တာပေါ့…။ ဆရာတော်ဘုရား ရှင်းရှင်းသာ သင်ပေးလိုက်ပါတော့ ဘုရား…။

တပည့်တော် ဟိုလင်တရူးမကြောင့်ရှက်လွန်းလို့ ဒီကောင့်ကိုသင်ဖို့ရာ ဘယ်လိုမှပြောမထွက်လို့ပါ ဘုရား…။ကဲကဲ မင်းတို့အမှု ဘုန်းကြီးတော့ ပတ်ပြီ၊ ကဲ မထူးပါဘူး ဟေ့ကောင်သာအိ ဒီလိုဒီလိုရှိတယ်လို့ နှစ်ကိုယ်ကြားတီးတိုးတီးတိုး သင်ပေးလိုက်ရတာပေါ့…။

အေး ဒါပေမယ့်ငါ့ကောင် အချိန်မရွေးတော့မလုပ်လေနဲ့၊ ရွာဦးကျောင်းကအုန်းမောင်းသံ ကြားမှ (ည ၁၀နာရီခွဲခန့် လူခြေတိတ်ချိန်ကိုဆိုလိုသည်) လုပ်ပေတော့…။မင်းကြောင့် ငါလဲအာပါတ်သင့်ရပြီ..။ ဒါနောက်ဆုံးပဲ ဒကာကြီး၊ နောက်ဒီကိစ္စနဲ့ ငါ့ဆီထပ်မလာနဲ့တော့ကြားလာ…။

သူကြီးမင်းလည်း ဒီတစ်ခါတော့ မလွဲနိုင်တော့ဘူးထင်ရဲ့ဆိုပြီး သမက်ကိုခေါ် ပြန်ခဲ့တာပေါ့…။ အိမ်ရောက်တော့ သူကြီးကထုံးစံအတိုင်း လက်မထောင်ပြပြန်ရော..။ ဒီတစ်ခါတော့ အပူလောင်မှာကြောက်တဲ့ ယာယာ ကောက်ညှင်းပေါင်းတို့ နွားနို့တို့ မလုပ်ရဲတော့ဘူးပေါ့…။

ညရောက်တော့ ဘသားချောက မအိပ်ဘူး…။ တစ်ခုခုကို စောင့်နေတဲ့ပုံ ဂနာတော့ မငြိမ်ဘူး…။ ရွာဦးကျောင်းက ညဝတ်တက်ဖို့ အုန်းမောင်းသံ တတုံတုံကြားမှ ထလာပြီး မိန်းမရေ မင်းဟိုတစ်ခါပြတဲ့ကောင်းကွက် ပြန်ပြပါအုံးဆိုပြီး …..

” အပေါက်အလန်းတည့်တည့်“မှန်မှန်ကန်ကန် တစ်ညလုံး ကလောဟိလိုက်တာ မိုးလင်းခါနီး လင်းကြက်တွန်မှအိပ်ကြသတဲ့…။ သာအိက တောက်!!! စောစောက မသိခဲ့တာ နာသကွာ ဆရာတော်ပြောတဲ့ ကောင်းကွက် ကောင်းချက်တော့လက်ကုန်ပဲဟေ့ မိန်းမရေ ဆိုပဲ..။ (ကောင်းမှန်းသိ သာအိတစိုစို ဆိုတာ ဒီကစတာဖြစ်မယ်)

အကျေနပ်ကြီး ကျေနပ်နေတဲ့ ယာယာတစ်ယောက် အိပ်ရေးပျက်ပေမယ့် မနက်စောစောထ ဈေးသွားပြီး ချစ်လင် သာအိစားဖို့ ဖွယ်ဖွယ်ရာရာလေးတွေဝယ်ပြီး သူ့အမေဒေါ်ဖွနဲ့ နှစ်ယောက်တူ ချက်ကြ၊ ပြုတ်ကြပေါ့…။ သီချင်းလေးတောင် ညည်းလိုက်သေး…

”သူ့အတွက်ဆို အပြုံးမပျက်ပေါင် စိတ်လက်ရှည်ရှည်၊ အိစက်ညက်ညောတဲ့ ဖဲမွေ့ယာပေါ်ဝယ် ချစ်တလင်းခေါ်မယ်၊ ချစ်ဗြူဟာခင်းတဲ့တူမောင်မယ်”အမေ မျက်စောင်းထိုးမှရပ်တော့တယ်..။မနက်စာစားဖို့ ပြင်ပြီးလောက်တော့မှ ဘသားချော နိုးလာတယ်..။

ညကကောင်းကွက်ကို မဝနိုင်သေးဘူး..။ ဆရာတော်မှာထားတဲ့ အုန်းမောင်းသံကိုသာ နားစွင့်နေတယ်..။ ရွာဓလေ့ထမင်းကို ၁၀ နာရီဝန်းကျင်လောက် မနက်စာစားနေကြတာပေါ့…။ သံဃာတွေဆွမ်းစားဖို့ ၁၀ နာရီခွဲ ရွာဦးကျောင်းက အုန်းမောင်းသံလည်းကြားရော ထမင်းစားလက်စ ကဗျာကယာလက်ဆေးပြီး မိန်းမလက်ဆွဲ အိပ်ခန်းထဲဒရွတ်ဆွဲ ခေါ်တော့တာပဲဗျို့…။

ပါးစပ်ကလဲ အုန်းမောင်းခေါက်နေပြီ…။ အုန်းမောင်းခေါက်နေပြီ…။ ဆိုပြီးအော်လို့ သူကြီးကတော်က ကြောင်လို့၊ သူကြီးက သူ့နှစ်လုံးပြူးနဲ့ လိုက်ပစ်ချင်နေတဲ့စိတ်ကိုချိုးနှိမ်ပြီး ထမင်းဝိုင်းကထ အိမ်ဝိုင်းပြင်ဘက် ထွက်ပြေးခဲ့ရပါရောလား…။

ကျောင်းသားဘဝ RC 1 Canteen မှာ ကိုညီ(လူရွှင်တော် ညောင်ညောင်) ကိုကျော်ဝင်းရဲ့လ္ဘက်ရည်ဆိုင်မှာ သူငယ်ချင်းတွေကို ပြောပြသည့် ပုံပြင်လေး ဖြစ်ပါသည် ခင်ဗျား…။ ဇီးကွက်ကြီး (Scuba Som) Credit to Original Writer

10/11/2022

လက်ကုတ်တိုင်း..ကိုယ့်လူမမှတ်နဲ့..!!
🙌🙌🙌🙌🙌🙌🙌🙌🙌🙌🙌

🤝လူထုဦးလှရဲ့ပုံပြင်လေးတစ်ပုဒ်ပါ။

🤝ရွာတစ်ရွာမှာ ဦးဖြူနဲ့ဦးမဲတို့ နှစ်ယောက် သူ့နွားလှည်းကကောင်းတယ် င့ါနွားလှည်းကကောင်းတယ်နဲ့ ငြင်းကြသတဲ့။

🤝အဲဒီအချိန်မှာ ဦးဥာဏ်ပိုင်ဆိုတဲ့ လူက၀င်ထောင်တယ်။
🤝ကောင်းမကောင်း ...ပြိုင်ကြည့်မှ သိမှာပေါ့တဲ့။
🤝ဦးဖြူနဲ့ဦးမဲတို့ နွားလှည်းချင်းပြိုင်ကြတဲ့အဆင့် ရောက်ပါလေရော။

🤝ပြိုင်ခါနီး အချိန်မတော့ ..ဦးဥာဏ်ပိုင်တစ်ယောက် ဦးဖြူနဲ့ ဦးမဲနှစ်ယောက်ကြားကို၀င်ပြီး နှစ်ယောက်လုံးကို တွင်တွင်သာ လက်နဲ့ ကုတ်ပါလေသတဲ့။

🤝ပြိုင်ပွဲပြီးတဲ့အခါ ဦးဖြူကနိုင်ပြီး ဦးမဲက ရှုံးသွားတယ်။

🤝ဦးဥာဏ်ပိုင်က ဦးဖြူဆီသွားပြီး ..."ကဲ...ကျုပ်မပြောဘူးလား ခင်ဗျာနိုင်မယ်မှန်းသိလို့ ကျုပ်လက်ကုတ်တာလို့ပြောသတဲ့။
🤝ဦးဖြူက ကျေးဇူးတွေတင်ပြီး ဦးဥာဏ်ပိုင်ကို ထန်းရည် အ၀တိုက်လိုက်သတဲ့။

🤝နောက်တစ်ခါ ..ဦးဥာဏ်ပိုင်ဟာ ဦးမဲဆီထပ်သွားသတဲ့ ။ ပြီးတော့ ...ဦးမဲကို " ခင်ဗျားဗျာ မပြိုင်ပါနဲ့ လို့ လက်ကုတ်ပြီး ပြောနေတာ ပြိုင်ဖြစ်အောင်ပြိုင်တယ်"လို့..ပြောပါလေရော။

🤝ဦးမဲကလည်း..ဦးဥာဏ်ပိုင်က..ငါ့အပေါ် စေတနာကောင်းရှာသားဆိုပြီး ထန်းရည်အ၀ တိုက်လိုက်ပြန်ပါရော။

🤝ဒီခေတ်မှာ..
ဦးဥာဏ်ပိုင်လိုလူတွေ အများကြီးဖြစ်နေပြီ။ ခေတ်ကလည်း..ပြောင်းနေပြီ မဟုတ်လား။ လက်ကုတ်တိုင်းတော့ ...ကိုယ့်လူလို့ ... မမှတ်ကြနဲ့နော်။

Credit:Original uploader.
#စာပေချစ်သူများအားလေးစားစွာဖြင့်🍄Sunshine

27/05/2022

#ရွာတရွာရဲ့ အစွန်အဖျားမှာ နေတဲ့
ဆင်းရဲတဲ့ လူတယောက် ရှိတယ်။
သူဟာ တောထဲက ထင်းခြောက်တွေ ကောက်ပြီး
ခပ်လှမ်းလှမ်းက ဈေးတခုမှာ ရောင်းချခြင်းနဲ့ အသက်မွေးဝမ်းကျောင်း ပြုပါတယ်..

သူ့မှာ အရမ်း အသုံးဝင်တဲ့
ထင်းသယ် မြည်းကလေး တကောင်လည်း ရှိတယ်
ထင်းကောက်သမားဟာ သူကောက်လို့ ရသမျှ ထင်းခြောက်တွေကို ဒီမြည်းကလေးပေါ်တင် ဈေးအထိ
သွားပြီး ရောင်းချရလေ့ ရှိတယ်..

တနေ့တော့ သူဆင်းရဲလေးဟာ
ထင်းခြောက် များများရဖို့
တောနက်ထဲအထိ သွားကောက်ရာကနေ
လမ်းပျောက် ပါတော့တယ်..

မြည်းကလေးနဲ့ အတူ
လမ်းပျောက်ရှာရင်းနဲ့ ညနေသာ စောင်းလာတယ်
လမ်းက မတွေ့ပါဘူး
နောက်ဆုံးမှာ ရသေ့ကြီးတပါး သီတင်းသုံးတဲ့ တဲလေးတလုံး တွေ့တော့ ညအိပ်ခွင့် တောင်းပြီး တဲနဲ့ ခပ်လှမ်းလှမ်းက သစ်ပင်အောက်မှာ နေရာချတယ်..

အိပ်ဖို့ ပြင်နေရင်းနဲ့မှ သူ့မြည်းကလေးကို ချည်ဖို့ ကြိုး
ပါမလာခဲ့ဘူး ဆိုတာ သတိရလာတော့တယ်..

ဒါနဲ့ ရသေ့ကြီးဆီ ကြိုးရှိပါက တညတာ ငှားရန် လျှောက်ထားတဲ့ အခါ ရသေ့ကြီးက
“ရသေ့ကြီးဆီမှာ ကြိုးဆိုတာ မရှိသလို ဘယ်အရာကို မဆို ကြိုးနဲ့ ချည်တတ်တဲ့ အကျင့် မရှိပါဘူး ဒကာကြီး၊ ဒကာကြီး ကြည့်ရတာ ခါတိုင်းလည်း ဒီမြည်းကလေးကို သစ်ပင်မှာ ကြိုးချည်ပြီး အိပ်တယ်နဲ့ တူတယ်”

”အမှန်ပါပဲ ရသေ့ကြီး” လို့ ထင်းကောက်သမားက
ရိုသေစွာ ပြန်ဖြေတယ်..

ရသေ့ကြီးက “ဒါဆိုလည်း ခါတိုင်းလိုပဲ သစ်ပင်မှာ ကြိုးချည်တဲ့ ဟန်ပြပြီး အိပ်လိုက်ပေါ့၊ ရသေ့ကြီးတော့ ဒီမြည်းကလေး လျှောက်သွား လိမ့်မယ်လို့ မမြင်မိဘူး” လို့ ပြောတယ်..

အဲဒါနဲ့ ထင်းကောက်သမားလည်း ရသေ့ကြီး ပြောတဲ့အတိုင်း မြည်းကလေးကို သစ်ပင်မှာ ကြိုးချည်ဟန် ပြုပြီး အိပ်ယာ ဝင်ခဲ့တယ်..

ရသေ့ကြီးဟာ သူ့တန်ခိုးနဲ့ မြည်းကလေး မပြေးနိုင်အောင် လုပ်ပေးထားတယ် လို့ တွေးထင်ပြီး ထင်းကောက်သမားလေးဟာ စိတ်ချလက်ချ အိပ်ပျော် သွားတော့တယ်..

မနက်ခင်း နိုးလာလို့ ကြည့်လိုက်တော့ သူ့မြည်းကလေးကို ညက သူထားခဲ့တဲ့ အတိုင်း သစ်ပင်အောက်မှာ
တွေ့ရတယ်..

ထင်းကောက်သမားဟာ ရသေ့ကြီးကို နှုတ်ဆက်ကာ လမ်းရှာပြီး ခရီးဆက်မယ် ပြင်တဲ့အခါ မြည်းကလေးဟာ ညက ထားခဲ့တဲ့ နေရာကနေ မရွေ့တော့ဘူး
ထင်းကောက်သမား ဘယ်လို ကြိုးစား ခေါ်ခေါ် မရဘူး..

အဲဒါနဲ့ ထင်းကောက်သမားဟာ ရသေ့ကြီးဆီ ပြေးသွားပြီး ဖြစ်ကြောင်းကုန်စင် လျှောက်တင်တဲ့ အခါ ရသေ့ကြီးက အကြောင်းစုံကို သိတဲ့ ပုံစံနဲ့ ပြုံးပြီး ပြောလိုက်တယ်..

“ဒကာကြီး သစ်ပင်က ကြိုးကို မဖြည်ဘူးလား
မဖြည်ပဲ နဲ့တော့ ဘယ်သွားလို့ ရပါ့မလဲ ဒကာကြီးရယ်” လို့ပြောတယ်
ထင်းကောက်သမားက “တပည့်တော်မှ ကြိုးတကယ်
မချည်ထားပဲ” လို့ ပြောလိုက်တယ်..

ရသေ့ကြီးက “အော် ဖြစ်ရလေ ဒကာကြီး ၊ မြည်းကလေးက သူ့ကို ကြိုးနဲ့ တကယ် ချည်ထားတယ် လို့ပဲ ထင်နေတာ ။ ညကအတိုင်းပဲ သစ်ပင်က ကြိုးကို ဖြည်တဲ့ပုံ
လုပ်ပြီး ပြန်ခေါ်လိုက်ရင် လိုက်လာမှာပါ”

ထိုအခါ ထင်းကောက်သမားလည်း ရသေ့ကြီး ပြောတဲ့အတိုင်း ကြိုးဖြည်ဟန် ပြုလုပ်လိုက်ရာ မြည်းကလေးမှာ ရွေ့လျားလာပြီး သူဆွဲတဲ့ နောက်ကို လိုက်ပါကာ အတူ ခရီးဆက်ခဲ့ကြ ပါတော့တယ်..

တကယ်တော့ ကျွန်တော်တို့ကို ဘယ်သူကမှ
ဘယ်ကြိုးတွေနဲ့မှ ချည်ထားတာ ပါဘူး..

ကျွန်တော်တို့ ကိုယ်တိုင် ကျေကျေနပ်နပ် ချည်ထားတဲ့ ကြိုးမဟုတ်တဲ့ ကြိုးတွေပဲ ရှိပါတယ်..

ဒီကြိုးတွေကို ဘယ်သူမှ ဖြည်ပေးလို့ မရနိုင်ပါဘူး၊ ကျွန်တော်တို့ ကိုယ်တိုင် ဖြည်မှပဲ ရပါလိမ့်မယ်...။

Credit...Org

ဘဝမှာ
အမှုမဲ့ အမှတ်မဲ့
ကျွန်တော်တို့ကိုယ်တိုင်
ကိုယ့်ကိုယ်ကို ချည်လိုက်မိသောကြိုးတွေ
ဘယ်လောက်တောင် များနေပြီလဲမသိဘူး..

ကျွန်တော်တို့
ကိုယ်တိုင်ချည်လိုက်တဲ့ကြိုးတွေကို
ဘယ်သူမှ လာ​ဖြည်ပေးလို့မရပါဘူး၊
ကျွန်တော်တို့ကိုယ်တိုင်​ဖြည်မှသာရမှာပါ..

တကယ်လို့များ
ဒီကြိုးတွေကို
ကျွန်တော်တို့ကိုယ်တိုင်ဖြည်ဖို့
မေ့နေကြပြီး
ဒီလိုနဲ့ ဘဝနေဝင်ချိန် နောက်ဆုံးအချိန်ကို
ရောက်လာခဲ့ရင်ဖြင့်..........

မူရင်းရေးသားသူအားCreditပေးပါသည်။

ဂေါ်လီ ဋီကာ...(18 + )ပိုစ့်တစ်ခုမှာ ဂေါ်လီအကြောင်းကွန်းမန့်ဝင်ရေးမယ်လုပ်ပြီးမှ စိတ်ကူးပေါက်လို့ပိုစ့်ပဲတင်လိုက်တော့တယ်။(...
24/05/2022

ဂေါ်လီ ဋီကာ...(18 + )

ပိုစ့်တစ်ခုမှာ ဂေါ်လီအကြောင်း
ကွန်းမန့်ဝင်ရေးမယ်လုပ်ပြီးမှ စိတ်ကူးပေါက်လို့
ပိုစ့်ပဲတင်လိုက်တော့တယ်။

(မဖတ်ခင် ကြိုပြောချင်တာက ဒီပိုစ့်ဟာ
ဘာအကျိုးကျေးဇူးမှ ရှိတဲ့ပိုစ့်မဟုတ်ပါ)

ဂေါ်လီ အကြောင်း ဒီခေတ်လူငယ်တွေ
ဗဟုသုတ သိရအောင်သာ..။

ဂေါ်လီထည့်ရင် ဘယ်နေရာမှာထည့်မလဲ..
အခြေခံကတော့
(1)တိုက်လုံး
(2)ခိုက်လုံး
(3)မိုက်လုံးဆိုပြီး သုံးမျိုးရှိတယ်။
ထည့်မယ့်လိင်တံရဲ့
အဖျား အလည် အရင်းပေါ့ဗျာ..။

အဲဒီမှာမှ
မြေလျှိုး နဲ့ မိုးပျံဆိုပြီး နှစ်မျိုးခွဲသေးတယ်။
အပေါ်မှာထည့်မလား
အောက်မှာထည့်မလားပေါ့..
အဲဒါကျတော့ လှေထိုးရိုးရိုး ပိုဇေရှင်နဲ့
ဒေါ့ကီစတိုင် နှစ်ခုအတွက် ရွေးချယ်ရမယ့်
အရာနှစ်ခုပေါ့။

တချို့ကလည်း နေရာမသေချာမှာစိုးလို့
တြိဂံပုံစံထည့်ကြတယ်။

ဆရာ့ဆရာတွေကျ အဲဒါတွေကိုအာရုံနောက်လို့
နဂါးပတ်လို အလုံးများများနဲ့ လိင်တံတလျောက်
ခွေချလိုက်တာပဲ။

နဂါးပတ်က ထည့်တဲ့သူ မကျွမ်းကျင်ရင်
ပြောင်ဖူးလိုဖြစ်သွားတတ်တယ်။
ဘယ် Feel ကိုယူရမယ်မသိဖြစ်သွားတတ်လို့
နဂါးပတ်က ဆရာကျတဲ့သူနဲ့ထည့်မှ။

အများစုက ဂေါ်လီဆို အလုံးတွေပဲ
ထည့်ကြပေမယ့် တချို့ ငစားမန်တွေက
ရှည်မျောမျော ဂလန့်တွေလည်းထည့်ကြတယ်။
ဂလန့်က လူသိနည်းတယ်။
ဂလန့်ရော အလုံးရော နှစ်ခုလုံးထည့်ထားရင်တော့
မြေအောက်လောကမှာ ''ဘုဂလန့် ''လို့
ခေါ်ကြတယ်။

ပုံမှန်ကတော့ အလုံးတွေပါပဲ။
..................................

ဂေါ်လီကို ဘယ်လိုဖန်တီးမလဲ..

ဂေါ်လီကို 70 ဘွန်းတွေက
ဖန်ပုလင်းကိုခွဲပြီး ပုလင်းဖင်ကို
ဂေါ်လီလုံးလိုဖြစ်နေအောင် သွေးကြတယ်။
ဒီလိုသွေးတာ ဂေါ်လီတစ်လုံးဖြစ်အောင်
တစ်ပတ်လောက်ကြာတတ်လို့
80 ဘွန်းတွေ အလှည့်မှာတော့
အရက်ပုလင်းက ဘောစေ့တွေကို ထုတ်ပြီး
အလွယ်တကူ ထည့်လိုက်ကြရော..
တချို့တွေက ငွေတွေ ရွှေတွေကို
ပန်းတိမ်မှာ လုံးပြီးထည့်ကြတယ်။
အဲဒါက အခန့်မသင့်ရင် ဘေးဖြစ်တတ်တယ်။

တချို့ကျ တွင်းထွက်ဖြစ်တဲ့ ပတ္တမြားကိုသုံးတယ်။
ဒါကျစျေးကြီးလှပါတယ်။

ဂေါ်လီထည့်ဖို့ အသင့်တော်ဆုံးက
ဘာလဲဆိုပြီးကျွန်တော့်ကိုလာမေးရင်တော့
ပုလဲကိုသာ ရီကွန်မန်းပေးရမယ်။
ကြိုက်တဲ့ဆိုဒ်ကို ရွေးဝယ်လို့ရတယ်။
စျေးသင့်တဲ့ ပုလဲတွေလည်းရှိတယ်။
ကမာကောင်လေး အသွေးအသားထဲကမို့
လူ့အသားထဲထည့်တဲ့အခါ ရွှေ ငွေတွေထက်
ဘေးထွက်ဆိုးကျိုးနည်းမယ်(ထင်တာပဲ)..။
........................................

ကဲဂေါ်လီရွေးပြီးရင် ထည့်ကြမယ်။

ဂေါ်လီထည့်မယ်ဆိုရင်
ထောင်ထဲမှာတော့ (ဓားမရှိလို့)
သွားပွတ်တံဖင် ၊ ဇွန်းဖင်ကို မြေ့နေအောင်သွေးပြီး
ထည့်ကြတယ်ပြောတယ်။

အပြင်မှာတော့ ဓားကိုအလွယ်တကူ
ဝယ်လို့ရလို့ ဓားနဲ့ထည့်ပေါ့။
ခွဲခန်းသုံး ဓားသေးသေးလေးနဲ့
အစိမ်းခွဲပြီးထည့်ကြတာများတယ်။

အမှန်ကန်ဆုံးဂေါ်လီထည့်နည်းက
ညအချိန်မှာ ထည့်တာအကောင်းဆုံး။
ဓားကို အရက်ပျံနဲ့ပိုးသတ်ပြီးရင်
ညအချိန် မီးမှိတ်ထားတဲ့အခန်းထဲမှာ
လုပ်ငန်းစပေတော့။

ထည့်မယ့်နေရာက လိင်တံအရေပြားကို ဆွဲလိုက်။
ဆွဲထားတဲ့အရေပြားကိုဒီဘက်ကနေ
ဓာတ်မီးနဲ့ထိုးရင် အရေပြားပါးပါးလေးထဲက
သွေးကြောနီနီလေးတွေကို
အမှောင်ထဲမှာ အထင်အရှားတွေ့ရမယ်။
အဲဒီသွေးကြောလေးတွေအောက်ကျသွားအောင်
လက်လေးနဲ့ ချေချ။
မဟုတ်ရင် သွေးကြောထိပြီး
သွေးအများကြီး ထွက်တတ်လို့။

ဓာတ်မီးနဲ့ထိုးထားတဲ့ အရေပြားမှာ
သွေးကြောတွေ မရှိတော့ချိန်ကျမှ
ဓားလေးနဲ့ ဆတ်ခနဲခွဲလိုက်..
ပြွတ်ခနဲ ဂေါ်လီထည့်လိုက်..
အဲဒီနေရာမှာအရေးအကြီးဆုံးက ထည့်ပြီးရင်
ဂေါ်လီကို အပေါ်ဖက်လေး နည်းနည်း
ဆွဲယူရတယ်။
မဟုတ်ရင် ခွဲထားတဲ့နေရာကနေ ဂေါ်လီက
ဗြွတ်ခနဲ ပြန်ထွက်လာတတ်လို့။

ဂေါ်လီထည့်ဖို့ အရေပြားခွဲတာကသိပ်မနာဘူး။
ဂေါ်လီထည့်ပြီးမှ အပေါ်ဆွဲပင့်ယူတာက
ပိုနာတာ..(လို့ ပြောကြတာပဲ..)။

တကယ်ဆရာကျတဲ့ ပုဂ္ဂိုလ်တွေဆို
အဲဒီအဆင့်တွေအကုန်ကို စက္ကန့် ၂၀
လောက်ပဲ ကြာတယ်။
(လက်တစ်ဖက်ထဲနဲ့နော်..)

လိင်တံအရည်ပြား ဖုံးနေသူတွေကတော့
ဂေါ်လီထည့်ရင် နည်းနည်းခေါင်းစားရတယ်။
နေရာရွေးပေမယ့် လိင်တံထောင်မတ်လာရင်
အရည်ပြားက နောက်ဆုတ်သွားလို့
လိုချင်တဲ့နေရာ မရတတ်ဘူး။
........................

ဂေါ်လီထည့်ပြီးရင် ဘယ်လိုဂရုစိုက်မလဲ..

ဘာမှသိပ်မလိုဘူး။
ဆေးနီမှုန့်သိပ်.. ပတ်တီးစည်း။
ပတ်တီးကို တစ်လမလောက်နေရာနေ
အပေါက်လေးတစ်ခုဖောက်..
အဲဒီအပေါက်လေးထဲ ဂေါ်လီလေးကို
ဖော်ပြီးမှ စည်းရတယ်။

ရေချိုးမယ်ဆိုရင်တော့ ကြွပ်ကြွပ်အိပ်လေး
စွပ်ပြီးမှချိုး..
ရေထိရင် အနာမကျက်လို့။
ပုံမှန်ဆို အညော်မမိရင်
သုံးရက်နဲ့အနာကျက်တယ်။
ဒီကြားထဲ ကီးမို့နဲ့အမောက်ဆလင်လေး
သောက်ပေးရုံပဲ။

တစ်ပတ်လောက်နဲ့
အနာကျက်တယ်ဆိုပေမယ့်
လိင်ဆက်ဆံတာကိုတော့ တစ်လလောက်
စောင့်သင့်တယ်။
ဟယ်.. ငါ့ဂေါ်လီကြီး အထဲမှာ ကျန်ခဲ့ပြီ
ဆိုတာမျိုးတွေ မကြာခဏကြားဖူးလို့။
..................

ဂေါ်လီထည့်ရင် စော်ကြည်သလား..

ဂေါ်လီထည့်ထားတဲ့အခါ အဲဒီဘုလုံးက
အမျိုးသမီးရဲ့နုနယ်တဲ့အတွင်းပိုင်းကို
အကြိမ်များစွာ ပွတ်တိုက်မိပြီး
အသားနုကနေ အသားမာဖြစ်လာတယ်လို့
ဆရာကြီးတွေကပြောကြတယ်။
အဲဒီအသားမာက လိင်မဆက်ဆံရတဲ့အခါ
ယားယံပါသတဲ့။
ဒါကြောင့်ဂေါ်လီနဲ့ဆက်ဆံပါများပြီး
လင်ယောက်ျားက ကျန်းမာရေးမကောင်းတာတို့
ခရီးရက်ရှည်သွားတာတို့ဆိုရင်
မိန်းမက လင်ငယ်နေတတ်သတဲ့။
(ပါးစပ်ရာဇဝင်တွေကို ပြောတာနော်..)

ဒါကြောင့် ဆရာကြီးတွေဟာ
မိန်းမယူခါနီးမှာ ဂေါ်လီပြန်ထုတ်ကြပါတယ်တဲ့။

(ဂေါ်လီထုတ်ရင်လည်း ဘာမှမခက်ဘူး။
ဂေါ်လီလုံးပေါ် အပ်ဖျားလေးနဲ့သာထောက်လိုက်..
အရည်ပြား တင်းအားနဲ့ ပတောက်ဆို
ကန်ထွက်လာရော..)
...............................

ဂေါ်လီဖြစ်ပေါ်လာပုံ..

ဂေါ်လီအစ မြန်မာကလို့ ဆိုရမှာဖြစ်ပါတယ်။
ဂေါ်လီကို အင်းဝခေတ် ၁၅ ရာစုလောက်ထဲက
အင်းဝသားတွေ တွင်တွင်ကျယ်ကျယ်
ထည့်ကြပါတယ်လို့ ဆရာခက်ဇော်ရဲ့
Ava 1740s (season 2) မှာရေးထားတယ်။

အင်းဝမြို့စွန် လေးထောင့်ဝဲရပ်မှာ
အမျိုးသမီးတွေကိုယ်တိုင် ရွှေစေ့ ငွေစေ့တွေကို
ဂေါ်လီလုပ်ဖို့ရောင်းပါသတဲ့။
ဂေါ်လီထည့်ဖို့ ဆေးဝါးအစုံအလင်နဲ့
ဆိုင်တွေဘာတွေ ဖွင့်ပြီးလုပ်ကိုင်ကြပါသတဲ့။
အဲဒီကတဆင့် ဂေါ်လီယဥ်ကျေးမှုဟာ
အန္ဒိယ တရုတ်အပါအဝင် ဥရောပအထိ
ပျံ့သွားပါတယ်တဲ့။
တရုတ်ရှေးဟောင်းစာပေတွေမှာ ဂေါ်လီကို
Burmese Bells လို့သုံးထားတော့ ဒါဟာ
တော်တော်ဖြစ်နိုင်ခြေရှိပါတယ်။

ဒါကြောင့် ဂေါ်လီအစဟာ မြန်မာကလို့
ဂုဏ်ယူချင် ယူလို့ရပါတယ်။

နိဂုံးချုပ်ရရင်တော့
ဂေါ်လီထည့်သင့် မထည့်သင့်လာတိုင်ပင်ရင်
မထည့်ဖို့ ကျွန်တော်တားပါမယ်။
ဆေးပညာသဘောအရ
လူ့ခန္ဓာကိုယ်ထဲကို ပြင်ပပစ္စည်းတစ်ခုခု
ရောက်ရှိနေတာဟာ ကင်ဆာအပါအဝင်
ဘေးထွက်ဆိုးကျိုး များလှပါတယ်။

ဂေါ်လီကြောင့် စော်ကြည် မကြည်တော့
မသိပါ။
ရောဂါရဖို့တော့ ရာခိုင်နှုန်းများတယ်။
စော်ကြည်ချင်ရင်တော့
ငွေရှိအောင်သာ လုပ်ပါဗျာ..
ရေလျှံရင် ကိုယ့်လူက
ဘားကျွတ်လေးဖြစ်နေပါစေအုံး...
ခင်ဗျားနားမှာ အရွယ်စုံ ၊ ဆိုဒ်ဆုံတွေ ဝိုင်းအုံနေမှာ
ကျိန်းသေပါကြောင်း...။

ကိုစိုးထိုက်(ဖဒို)

ကြားဖူးနားဝများကို ချရေးခြင်းဖြစ်ပါတယ်။
အဟီး..။

Credit to ကိုစိုးထိုက် ဖဒို

" #ယောင်္ကျားတွေရဲ့ဘ၀မှာလည်း အားကိုးလောက်စရာ မိန်းမမျိုး လိုအပ်တယ် "ဘယ်ယောင်္ကျားမှတော့ ..မိန်းမတစ်ယောက်ကို အားကိုးမှီတွ...
23/04/2022

" #ယောင်္ကျားတွေရဲ့ဘ၀မှာလည်း အားကိုးလောက်
စရာ မိန်းမမျိုး လိုအပ်တယ် "

ဘယ်ယောင်္ကျားမှတော့ ..မိန်းမတစ်ယောက်
ကို အားကိုးမှီတွယ်ဖို့ဆိုပြီး မယူတတ်ကြပါဘူး

ဒါပေမယ့် .. အဲဒီယောင်္ကျားရဲ့ဘ၀မှာ စီးပွားရေး ၊
ကျန်းမာရေး ၊ လူမှုရေး အခက်အခဲ တွေ .. ကြုံရတဲ့ အခါ
သူတို့ကို ပြန်အားပေးမယ့် ၊
သူတို့ဘက်က သတ္တိရှိရှိ မားမားမတ်မတ်
ရပ်ပေးမယ့် ၊ စိတ်ဓာတ်ခိုင်မာတဲ့ .. သူတို့အားနည်းချက်မှာ
ဦးဆောင်ဖေးမပေးမယ့် မိန်းမမျိုးတော့ ..
လိုအပ်တယ် ။

သူတို့ ကျဆုံး လဲပြိုတဲ့ဒဏ်ကို မခံနိုင်တဲ့
မိန်းမတွေကျတော့ .. ယောင်္ကျားက
အဆင်မပြေရင် ညူစူဆောင့်အောင့်ရန်လုပ်ကြတယ် ။

၀မ်းနည်းငိုယိုပူဆာကြတယ် ၊ တစ်ချို.စိတ်ဓာတ်
မခိုင်တဲ့မိန်းမတွေဆို ဖောက်ပြန်ကြတယ် ။
တစ်ခြားအားကိုးရာ ရှာသွားကြတယ် ။

အဲဒါကြောင့် ယောင်္ကျားတစ်ယောက်
ဘ၀မှာလည်း အားကိုးလောက်စရာ မိန်းမမျိုး ရမှ ..
သူတို့လည်း အောင်မြင်တိုးတက်နိုင်မှာပါ ။

ယောင်္ကျားဆိုတိုင်းလည်း .. အမှီအတွယ်မပါဘဲ
အရာရာကို ဦးဆောင်သွားနိုင်တဲ့သူတွေပဲလို့
ယူဆလို့ မဖြစ်ပဲ
သူတို့မှာလည်း သူတို့ မစွမ်းနိုင်တဲ့ ကိစ္စတွေကျရင် မိန်းမတွေကိုမှီခိုအားထားရတာပါပဲ.....။

အိမ်မှုကိစ္စတွေ စီမံဖို့ ၊ သားသမီး ကို
ရင်အုပ်မကွာပြုစုဖို့ ..ကိစ္စတွေမှာလည်း
မိန်းမအပေါ် မှီခိုကြရတာပါပဲ နော် ။

ဒါကြောင့် .. ယောင်္ကျားတွေရဲ့ဘ၀မှာလည်း
အားကိုးလောက်စရာ မိန်းမမျိုး.......
လိုကို လိုအပ်ပါတယ် 🙂😊

Credit .,

04/04/2022

▣ တရားအတုတွေ ဟောတဲ့ တိုင်းပြည်

- မြန်မာစကားမှာ ရှိတယ်။
- ဆိတ်ဆိတ်နေ ထောင်တန်သတဲ့။

- ဒီလူမှုအယူအဆကို၊ ဆရာကြီး ပီမိုးနင်းက ငြင်းဖျက်ခဲ့ဖူးတယ်။
- ပြောသင့်ပြောထိုက်တာကို မပြောဘဲ၊
- နှုတ်ဆိတ်နေရင် ၊
- အဲဒါဟာ ထောင်လည်း မတန်ဘူး၊
- သောင်းလည်း မတန်ဘူးတဲ့။

- မြန်မာတွေဟာ ရှောင်သင့်တာတော့ ရှောင်ဖို့ ကြိုးစားကြတယ်။
- လုပ်သင့်တာတော့ လုပ်ဖို့ ပျက်ကွက်နေကြတယ်။
- မပြောသင့် မပြောထိုက်တာကို ပြောမှ အပြစ် မဟုတ်ဘူး။
- ပြောသင့်ပြောထိုက်တာကို မပြောရင်လည်း အပြစ်ပဲ။
- မြန်မာအတော်များများဟာ “ရှောင်ရန်” ဆိုတာကို အာရုံပြုတာများပြီး၊
- “ဆောင်ရန်” ဆိုတာကိုတော့ မသိလိုက် မသိဘာသာ နေတတ်ကြလွန်းတယ်။
- ဖာသိဖာသာ နေတတ်လွန်းကြတယ်။

- မြန်မာစကားမှာ ရှိသေးတယ်။
- ထိုင်နေရင် အကောင်းသား….
- ထသွားမှ အကျိုးမှန်း သိသတဲ့။
- တကယ်တော့ ဒါဟာ ကိုယ် ကျိုးနေ၊ ကန်းနေတာကို ဟန်ဆောင်ဖုံးဖိထားတာ။
- ကိုယ့်ကို ကျိုးနေကန်းနေမှန်း လူသိမှာစိုးလို့
- တစ်သက်လုံး ထိုင်ရာက မထဘဲ
- အကောင်းလို ဟန်ဆောင်နေကြတာတွေ များတယ်။
- တကယ်တော့ ဒါဟာ မမှန်ဘူး။
- ကိုယ့်အားနည်းချက်ရှိရင် ဒါကို ပြင်ဖို့ ကြိုးစားရမှာသာ ဖြစ်တယ်။

- မြန်မာအတော်များများဟာ ကိုယ့်ရှေ့မှာ မဟုတ်တာ လုပ်နေရင်၊
- ခပ်ဆိတ်ဆိတ် နေတတ်လွန်းတယ်။
- နေသာသပ လေညာက ၊ ငါ့မထိသေးပါဘူးဆိုတဲ့ စိတ်နဲ့
- နေသာသလို နေတတ်လွန်းကြတယ်။
- တကယ်တော့ ကိုယ့်ထိလာချိန်ကြမှ၊
- ကူပါအုံး ကယ်ပါအုံးနဲ့ ဒေါသခြောင်းခြောင်း ထွက်တတ်ကြတယ်။

- အဲသည့်အခါကျရင်လည်း
- ကိုယ့်ဝမ်းနာ ကိုယ်သာသိ ၊ ငါ့ကျမှ ဖြစ်ရလေခြင်းလို့ သတိသံဝေဂတွေ ရတတ်တယ်။
- ဒါပေမယ့်လည်း ကိစ္စ မရှိပါဘူး။
- မြန်မာတွေ ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာမှာ၊
- ဘုန်းကြီးသံဃာတွေက
- ရန်ကိုရန်ချင်း မတုံ့နှင်းလေနဲ့….
- ဝဋ်ရှိလို့ ခံရတာ….
- အကြွေးရှိရင် ဆပ်ရမှာပဲ…. လို့ နားချတယ်။
- ဒါကိုလည်း မြန်မာတွေက လက်ခံလိုက်တယ်။

- အများအမြင်မှာတော့ မြန်မာတွေဟာ သည်းခံတတ်ကြတယ်ပေါ့။
- ခန္တီတရား သိပ်အားကြီးတဲ့ လူမျိုးတွေ၊ ဘုရားအမျိုးတွေလို့ ပြောမပေါ့။
- ဒါပေမယ့် လက်တွေ့မှာ အဲသည်လို မဟုတ်ဘူး။
- မြန်မာတွေဟာ တအုံနွေးနွေးနဲ့ ကြိမ်မီးအုံးသလို၊
- တငွေ့ငွေ့နဲ့ မကျေနပ်ချက်တွေကို စုထား မွေးထားတတ်ကြတယ်။
- မြန်မာတွေစိတ်ထဲက မကျေနပ်ချက်တွေဟာ
- ဖွဲမီးလို အတွင်းကျိတ်ပြီး တငွေ့ငွေ့ လောင်နေတယ်။
- အကယ်၍ အကြောင်းအကျိုးသင့်ချိန် ရောက်ပြီဆိုရင်တော့
- မီးခိုး ကြွက်လျှောက်….
- ချေးခြောက်ရေနူးပြီး
- အတိတ်က ပြီးခဲ့တာတွေကို မပြီးနိုင် မစီးနိုင်
- ရေဆုံးမြေဆုံးထိ ဖော်ကြတော့တယ်။
- ငယ်စဉ်ကလေးဘဝ မသိနားမလည်ခဲ့စဉ်အချိန်တွေတုန်းက
- အပြစ်တွေကိုတောင်
- ငယ်ကျိုးငယ်နာ ဖော်သလို မြေလှန်ထိုးဖွတတ်ကြတယ်။

- ဒီလိုနဲ့ မြန်မာ့လူ့အဖွဲ့အစည်းမှာ ပြဿနာတွေဟာ
- ဘယ်တော့မှ အကင်းသေတယ်လို့ မရှိဘူး။
- တကယ်တော့ မြန်မာ့လူမှုဓလေ့မှာ ပြဿနာတွေကို လက်တွေ့ကျကျ မဖြေရှင်းဘဲ၊
- အမှိုက်တွေကို ဖျာအောက်ထဲ ထိုးထည့်သလို သိမ်းသိမ်းထားတတ်တယ်။
- ကြည့်လိုက်ရင်တော့ အခန်းထဲမှာ ရှင်းလင်းနေသလိုပဲ။
- ဒါပေမယ့် ဖျာအောက်ထဲမှာ အမှိုက်တွေကို စုစုပြီး ဖုံးထားတယ်။
- တချိန်ကျတော့ ဖျာလည်း လှန်လိုက်ရော၊
- အမှိုက်တွေ အဖွေးသားနဲ့
- တစ်ခန်းလုံး အမှိုက်တွေနဲ့ ပွထနေတော့တယ်။
- ရှင်းလို့တောင် မနိုင်ဖြစ်ရတယ်။

- အတိတ်က အမုန်းနဲ့ အာဃာတတွေကိုလည်း
- အငြိုးအတေးလို သိမ်းဆည်းထားတတ်ကြတယ်။
- ဒါတွေကို အတိတ်က အနာဆွေးတွေလို့ ပြောရမယ် ထင်တယ်။
- အတိတ်က အနာဟောင်းတွေဟာ မကျက်ဘူး၊ မပျောက်ဘူး။
- အနာတွေကို ဆေးမြီးတိုနဲ့ ကုတာ မြန်မာတွေမှာ အကျင့်တစ်ခုလို ဖြစ်နေတယ်။
- မြန်မာ့လူမှုအတွေးအခေါ်တွေဟာ
- ဗုဒ္ဓဘာသာယဉ်ကျေးမှုကနေ ဆင်းသက်လာတာ များတယ်။

- မြန်မာ့ဓလေ့မှာ၊ လူ့အဖွဲ့အစည်းတွင်းက ဒဏ်ရာတွေကို
- လက်တွေ့ကျကျ ကုဖို့ ဆိုတာထက် ၊
- ပျားရည်နဲ့ ဝမ်းချသလို
- ကျောသပ် ရင်သပ်လုပ်ပြီး နားချတာ များတယ်။
- ရန်ကို ရန်ချင်း မတုံ့နှင်းနဲ့….
- ဝဋ်ရှိလို့ ခံရတာ….
- အကြွေးရှိရင် ဆပ်ရမပေါ့….
- အကြောင်း ရှိလို့ အကျိုးဖြစ်တာ….
- ပြုသူ အသစ် ဖြစ်သူအဟောင်းပေါ့…. ဆိုတဲ့ အယူအဆတွေနဲ့ ၊
- နားချပြီး ငုံ့ခံခိုင်းတာ များတယ်။
- မတရားမှုကို တွန်းလှန်ဖို့ဆိုတာထက်
- “သူ့အကုသိုလ်နဲ့သူ သွားလိမ့်မယ်” လို့ ယူဆခိုင်းပြီး ၊
- အဓမ္မမှုလုပ်နေသူကို ဘာတုံ့ပြန်မှုမှ မလုပ်ဘဲ အသာနေခိုင်းတာပါတယ်။
- အသာနေတော့ ၊ အသေနာကြကုန်တာပေါ့။

- ဒါ့ကြောင့်လည်း မြန်မာ့လူ့အဖွဲ့အစည်းထဲမှာ
- နိုင့်ထက်စီးနင်း လုပ်တာတွေ၊ ဗိုလ်ကျ စော်ကားတာတွေနဲ့
- မတရားမှုတွေဟာ ဒင်းကြမ်း ပြည့်နှက်နေတာ မဆုံးနိုင်ဘူး။
- ကမ္ဘာမှာ အကောင်းဆုံးသော ဘာသာတရားရှိတဲ့ နိုင်ငံလို့ ပြောပေမယ့်၊
- ရွက်ကြမ်းရေကျို အဆင့်လောက်တောင်မှ ၊
- တရားမျှတမှု မကိန်းအောင်းတဲ့ နိုင်ငံ။

- အဓမ္မကို ဓမ္မကမှ အနိုင်မရရင်
- ဘယ်ဘုရားမှ ငါ မကိုးကွယ်ဘူး… လို့ ပြောရမလို ဖြစ်နေပြီ။

မင်းသေ့
နေ့လယ် ၃း၄၈
၁၆ မတ် ၂၀၂၂

မဇ္ဈိမ ရေဒီယို အစီအစဉ်ကနေ (၂၆ ရက် ၊ မတ်လ၊ ၂၀၂၂ ) စနေနေ့ ညပိုင်းအချိန် သံစဉ့်အိမ် အစီအစဉ်က ထုတ်လွှင့်သွားတဲ့ မင်းသေ့ရဲ့ တရားအတုတွေ ဟောတဲ့တိုင်းပြည် ဆိုတဲ့ ရေဒီယို အသံလွှင့်ချက် ဖြစ်ပါတယ်။

04/04/2022

လွတ်မြောက်မည်ကို ကြောက်သူများ
-------------------------------------
ပြင်သစ်တော်လှန်ရေးဖြစ်ပွားစဉ်ကာလကဖြစ်သည်

ပြင်သစ်နိုင်ငံ၏ နာမည်ကျော် ရဲတိုက်ကြီးဖြစ်သော ဘက်စ်တီးအကျဉ်းထောင်ကြီးထဲတွင် တစ်သက် တစ်ကျွန်းဒဏ် ချမှတ်ခြင်းခံထားရသူ အကျဉ်းသားပေါင်းများစွာ ရှိနေသည်။ ထိုထောင်ကလည်း နာမည်ကျော် သည်မှာ ထောင်ထဲဝင်သွားပြီးလျှင် အသက်ရှင်လျက် ပြန်ထွက်ရသူမရှိ၊ အလောင်းသာ ပြန်ထုတ်ရသောဟူ၏။

ထောင်ထဲတွင် ရောက်နေသော အကျဉ်းသားများမှာ သံတိုင်တွေကြားထဲတွင် နေရရုံမျှမက လက်ထိပ်များ၊ သံခြေချင်းများနှင့်ပါ ခတ်ထားခြင်းခံရသည်။ အကျဉ်းသားများကို သံခြေချင်းနှင့် လက်ထိပ်ခတ်လိုက်ပြီးလျှင် သော့တွေကို ထောင်ထဲရှိ ရေတွင်းထဲကို လွှင့်ပစ်လိုက်ကြသည်။ အဘယ်ကြောင့်ဆိုသော် ပြန်လွှတ်မည် မဟုတ်ဆိုသည့်သဘောတရားကို ထင်ရှားစေချင်သောကြောင့်ဖြစ်သည်။ အကျဉ်းသားတစ်ယောက်သည် အကျဉ်းခန်းတစ်ခုထဲ လှောင်ပိတ်ထားခြင်း ခံလိုက်ရသည်နှင့် ထိုသံတံခါးကိုလည်း ပြန်ဖွင့်ပေးရရိုးထုံးစံမရှိပေ။

ဘက်စ်တီးအကျဉ်းထောင်ကြီးထဲတွင် ထိုစဉ်က အကျဉ်းစံထောင်သား ၅၀၀၀ ကျော်ရှိသည်။ သူတို့သည် ထောင်ကြီးထဲရှိ အမှောင်ခန်းထဲတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ကြရသည်။ တော်လှန်ရေးကြီး ဖြစ်ပွား ချိန်တွင် တော်လှန်ရေးသမားတွေက ဘက်စ်တီးထောင်ကြီးကို စီးနင်းပြီး အကျဉ်းသားများ အားလုံးကို လွှတ်ပေးရန် ဆုံးဖြတ်လိုက်ကြသည်။ အကျဉ်းသားများထဲတွင် နှစ် ပေါင်း ၆၀ ကျော် အမှောင်ခန်းလေးထဲတွင် နေကြရ သူတွေ ရှိသလို၊ သေမိန့်နှင့် သေဒဏ်ကို စောင့်နေသူပေါင်းများစွာလည်း ရှိကြသည်။

တော်လှန်ရေးသမားတွေက အကျဉ်းထောင်ကြီးကို စီးနင်းပြီးနောက် တံခါးတွေကို ရိုက်ချိုး ဖျက်ဆီးပစ် ကြသည်။ အကျဉ်းသားတွေ၏ ခြေချင်းနှင့် လက်ထိပ်တွေကို ရိုက်ဖျက်ပေးကြသည်။

“ခင်ဗျားတို့ လွတ်လပ်ပြီ ... ထွက်ကြတော့ ... သွားကြတော့” ဟု လိုက်အော်ကြသည်။

နှစ်ပေါင်း ၆၀ ကျော် အကျဉ်းခန်းအမှောင်ထဲတွင် နေခဲ့ရသူတစ်ဦးက တံခါးအပြင်ကို ထွက်လာပြီး နေရောင်ကို မဝံ့မရဲမော့ကြည့်သည်။ သူက အလင်းရောင်ကို ကြောက်သဖြင့် အမှောင်ခန်းထဲကို ပြန်ဝင်သွားသည်။ သူ့အသက်က ၈၀ ခန့်ရှိနေပြီဖြစ်သည်။ အသက် ၂၀ အရွယ်လောက်ကတည်းက ဤထောင်ကြီး အတွင်းကို ရောက်နေခဲ့သူလည်း ဖြစ်သည်။

“အဘိုး ... သွားတော့လေ ... လွတ်လပ်ပြီဗျ ... သွားချင်ရာသွားတော့” ဟု တော်လှန်ရေးသမား တစ်ယောက်က ပြောလိုက်သည်။ သူ့လက်ထိပ်နှင့် သံခြေချင်းတို့ကိုလည်း ရိုက်ဖြုတ်ပေးလိုက်သည်။ သို့သော် အဘိုးအိုက ဘယ်လိုခေါ်ထုတ်ထုတ်၊ အကျဉ်းခန်းထဲက မထွက်ပေ။

ဤနေရာတွင် ပြဿနာတစ်ခုပေါ်လာသည်။ အကျဉ်းသားအများစုသည် သူတို့ကို လွှတ်ပေး လိုက်သော်လည်း အကျဉ်းထောင်အပြင်ကို ထွက်ရန် ငြင်းဆန်နေကြခြင်းဖြစ်သည်။

“ငါတို့ကို ဘယ်သူက ပေါင်မုန့်ပေးမှာလဲ”

“အပြင်မှာ ရှာစားလို့ရတယ်လေ”

“ငါတို့က ဒီမှာ ရှာစားစရာမှ မလိုတာ ... အချိန်တန် စားဖို့ရောက်လာတာပဲ”

“ဒါပေမဲ့ ဒါက ထောင်လေဗျာ ... ခင်ဗျားတို့ကို မတရားချုပ်နှောင်ထားတာလေ ... ခုတော့ လွတ်လပ်ပြီ”

“ဘာဖြစ်ဖြစ် ... အပြင်မှာ ငါတို့ ဇနီး ... သားသမီးတွေလည်း ရှိချင်မှ ရှိတော့မှာ။ ဘယ်သွားလို့ ဘယ်လာရမှန်းလည်း မသိတော့ဘူး။ ငါတို့ကို ဘယ်သူက အလုပ်ပေးမှာလဲ။ ငါတို့မှာ လုပ်နိုင်တဲ့ စွမ်းအင် တွေလည်း မရှိတော့ဘူး။ ဒီမှာပဲနေ ... ဒီမှာပဲသေပါရစေ။ အပြင်မှာ ငါတို့အတွက် အိပ်စရာ ... နေစရာ ... စားစရာ မရှိဘူး”

နှစ်ပေါင်း ၆၀ ကျော် ထောင်ထဲရောက်နေသူ အများစုမှာ ထိုအတိုင်းတောင်းဆိုပြီး ပေကပ်ကာ ထောင်ထဲတွင် နေကြသည်။ တော်လှန်ရေးသမားတွေကလည်း ထောင်ထဲရှိသူတွေအားလုံးကို မောင်းထုတ်လိုက် ကြသည်။

သို့သော် ထိုညတွင် မောင်းထုတ်လိုက်သော အကျဉ်းသားအိုကြီးတွေက ဘက်စ်တီးလ်ထောင်ကြီးရှေ့ကို ပြန်ရောက်လာကာ

“ငါတို့ကို အစာပေးပါ” ဟု အော်ဟစ်တောင်းဆိုကြသည်။

အချို့တောင်းဆိုမှုက ပိုပြီး ထူးဆန်းသည်

“ငါတို့ လက်ထိပ်တွေ ပြန်ခတ်ပေး”

“ငါတို့ခြေချင်းတွေ ပြန်ခတ်ပေး”

တော်လှန်ရေးသမားတွေက ထူးဆန်းသောတောင်းဆိုမှုအတွက် ထိတ်လန့်ကုန်ကြသည်

“အစာတောင်းတာကတော့ ထားပါ ... ခင်ဗျားတို့က ဘာဖြစ်လို့ လက်ထိပ်တွေ ... ခြေချင်းတွေ ပြန်တောင်းကြရတာလဲ”

“ငါတို့ နှစ်ပေါင်း ၆၀ ကျော်လောက် အဲဒီ လက်ထိပ်တွေ ... ခြေချင်းတွေနဲ့ အသားကျနေပြီ ... အဲဒါတွေ လက်မှာ ခြေမှာ မရှိရင် မနေတတ်တော့ဘူး ... အိပ်လို့လည်း ပျော်မှာမဟုတ်ဘူး။ ပြီးတော့ အပြင် လောကကြီးက လင်းလွန်းတယ်။ ငါတို့နဲ့ အသားမကျဘူး ... အမှောင်ခန်းလေးတွေထဲမှာပဲ နေပါရစေ”

နှစ်ပေါင်းများစွာ အမှောင်ထဲရောက်နေသူတို့၏ အတွေးအခေါ်ကား ထူးဆန်းလှသည်။ ကျွန်ဘဝတွင် အနှောင်အဖွဲ့နှင့် အမှောင်ထဲတွင် အသားကျနေသူတို့မှာ အလင်းကိုကြောက်သည်။ အချုပ်အနှောင်က လွတ်ထွက်သွားမည်ကို ကြောက်ကြသည်။ အဘယ်ကြောင့်နည်း

ထောင်လိုလိုနေရာတွေက လောကတွင် အများကြီးရှိနေသည်။ အသိဉာဏ်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ထိုအမှောင်တိုက်ထဲရောက်သွားလျှင် အမှောင်နှင့် အသားကျသွားသည်။ ထိုအမှောင်နှင့် သူတို့ လက်တွေ၊ ခြေတွေမှာ ချည်နှောင်ထားသည့် သံကြိုးတွေက သူတို့ကို ဘယ်တော့မှ မလွတ်မြောက်နိုင်တော့ ဆိုသည့် အသိအပြင်၊ သော့တွေကို လွှင့်ပစ်ပြလိုက်သောကြောင့်လည်း လမ်းဆုံးပြီဟု သူတို့ဘဝတွေကို အဆုံးစွန်အထိ တွေးထားပြီး ဖြစ်နေသည်။

ထောင်ထဲတွင် ဆင်းရဲဒုက္ခတွေနှင့် နေရသော်လည်း အသက်ရှင်ရန်အတွက် ပေးကျွေးထားသည့် မဝရေစာလေးကိုပင် သူ့တို့အတွက် ဘဝကြီးတစ်ခုလို့ထင်နေကြသည်။ ထို့ပြင် ထို့သို့ မဝရေစာ ပေးကျွေး ထားသူများကိုပင် ကျေးဇူးတော်အရှင်သခင်များဖြစ်စေရန် စနစ်ကပုံစံသွင်းထားပေးလိုက်သည်။

လူ့အသိကို ပုံစံရိုက်သွင်းခြင်း ခံလိုက်ရလျှင် မည်သည့်လွတ်မြောက်မှုမျိုးကိုမဆို တောင့်တတော့မည် မဟုတ်ပေ။ မသေရုံ ပေးကျွေးထားသည်ကိုပင် ကျေးဇူးရှင်ဟု အထင်ခံရစေရန် ချုပ်ထား၊ တုတ်ထားခြင်း ခံရသူတွေမှာ မည်မျှပင်လွှတ်ပေးသည်ဖြစ်စေ လွှတ်ပေးသူကို ကျေးဇူးတင်မည်မဟုတ်သည့်အပြင် ရန်ပြုခြင်း ကိုပင် ခံရဖွယ်ရှိသည်။

(Ref: Fear to Freedom)

Credit: တင်ညွန့်

၄.၄.၂၀၂၂

31/03/2022

မှီခိုလွန်းသည့်စိတ်ကို ဖြတ်တောက်ပြစ်ပါ

တစ်ခါက ဘုရင်ကြီးတစ်ပါးဟာ အာရေဗျ သိမ်းငှက်နှစ်ကောင်ကို လက်ဆောင်ရခဲ့ပါသတဲ့။ အဲဒီသိမ်းငှက်တွေလို လှပတဲ့ငှက်မျိုးကို ဘုရင်ကြီးက တစ်ခါမှမတွေ့ဖူးသေးပါဘူး။ သူ့ရဲ့အဖိုးတန် သိမ်းငှက်နှစ်ကောင်ကို စောင့်ရှောက်ဖို့နဲ့ လေ့ကျင့်ပေးဖို့ကို နန်းတွင်းသိမ်းငှက်လေ့ ကျင့်ရေးမှူးကိုတာဝန်ပေးထားလိုက်ပါတယ်။လအနည်းငယ်အကြာမှတော့ လေ့ကျင့်ရေးမှူးကြီးက သိမ်းငှက်နှစ်ကောင်အနက် တစ်ကောင်ကတော့ ကောင်းကင်ပေါ်မှာ ခန့်ခန့်ညားညားတစ်ဟုန်ထိုး လေဟုန်စီးပြီး ပျံတက်ပျံဆင်းနဲ့ ပျံသန်းနေပြီဖြစ်ပေမယ့် အခြားတစ်ကောင်က တော့ ပျံသန်းရမယ့်အစားရောက်လာတဲ့နေ့ကစပြီး သူ့ရဲ့သစ်ကိုင်းမှာပဲ နားနေပါတယ်လို့ ဘုရင်ကြီးကိုလာရောက်လျောက်ထားပါတယ်။အဲဒါကြောင့် တိုင်းပြည်တလွှားကို ကြေငြာမောင်းခတ်ပြီး သိမ်းငှက်ကို ပျံအောင် ဆောင်ရွက်နိုင်မယ့် ဆေးဆရာတွေ၊ မှော်ဆရာတွေကို ဆင့် ခေါ်ပြီး ကုသခိုင်းပေးမယ့်မရပါဘူး။ အဲဒါနဲ့ဘုရင်ကြီးက စိတ်မလျော့ပဲ ပညာရှိတွေနဲ့ မှူးကြီးမတ်ရာတွေကို တာဝန်ပေးပြီး ကြိုးစားလုပ် ဆောင်ခိုင်းတော့လဲ မအောင်မြင်ပြန်ပါဘူး။နည်းပေါင်းစုံသုံးပေးမယ့်လည်း မအောင်မြင်တာကြောင့် ဘုရင်ကြီးက ပြန်သုံးသပ်တော့ “ကျေး လက်တောရွာထဲက ငှက်တွေရဲ့သဘာဝကိုနားလည်မယ့် သူတစ်ဦးကိုရှာဖွေပြီး တာဝန်ပေးလျှင်ရနိုင်လောက်တယ်” လို့အကြံရသွားပါတယ်။ အဲဒါနဲ့ ရဲမက်တွေကို ကျေးလက်တောရွာထဲမှလေ့ကျင့်ပေးနိုင်မည့်သူအား ရှာဖွေဖို့လွှတ်လိုက်ပါတယ်။
နောက်တစ်နေ့မနက်ခင်းမှာ ဘုရင်ကြီးဟာ ဥယျာဉ်တော်ပေါ်မှာ ပျံသန်းနေတဲ့ သိမ်းငှက်ကိုတွေလိုက်ရတော့ အံ့အားသင့်ပြီး ရဲမက်များအား “သိမ်းငှက်အားပျံသန်းအောင် ဆောင်ရွက်နိုင်သူကို ရှေ့တော်မှောက်သွင်းစေ” လို့အမိန့်တော်ချလိုက်ပါတယ်။ အဲဒါနဲ့ ကျေးတောသားတစ်ဦးကို ရဲမက်များကခေါ်လာရာမှာ ဘုရင်ကြီးက “မောင်မင်း သိမ်းငှက်ကို ပျံသန်းအောင် မည်သို့ပြုလုပ်သနည်း” လို့မေးတော့ ကျေးတောသားမှ အရိုအသေပေးရင်း “အလွန်တရာမှ လွယ်ကူပါတယ်အရှင်မင်းကြီး၊ သိမ်းငှက်နားနေသည့် သစ်ကိုင်းအားခုတ်ဖြတ်လိုက်ခြင်းသာဖြစ်ပါတယ်” လို့လျောက်တင်လိုက်ပါတယ်။ ကျွန်တော်တို့အားလုံးကို ပျံသန်းနိုင်ဖို့အတွက်ဖန်ဆင်းထားခြင်းဖြစ်ပါတယ် – ကျွန်တော်တို့ဟာ လူ သားတစ်ယောက်ဖြစ်ပြီး မိမိတို့ရဲ့ အကန့်အသတ်မဲ့ လုပ်ဆောင်နိုင်စွမ်းကို သဘောပေါက်သိရှိပြီး အပတ်တကုတ်ကြိုးစားအားထုတ်နေကြရမှာဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာကျွန်တော်တို့ဟာ ကြိုးစားအားထုတ်ရမယ့်အစား မိမိတို့ရဲ့ရင်းနှီးကျွမ်းဝင်ရာ အရာများကိုဖက်တွယ်ထားမိတတ်ကြပါတယ်။ ကျွန်တော်တို့ရဲ့ တိုးတက်ကြီးပွားနိုင်ချေဟာ အတိုင်းအဆမရှိပေမယ့် အများစုကတော့ မိမိရဲ့တိုးတက်နိုင်စွမ်းကို မသိရှိကြပါဘူး။ ကျွန်တော်တို့ဟာ ရင်းနှီးကျွမ်းဝင်ပြီးသားအရာများ၊ သက်တောင့်သက်သာဖြစ်မှုများနဲ့ သာမန်ဘဝအားပိုမိုနှစ်ခြိုက်လေ့ရှိကြပါတယ်။ အဲဒါကြောင့် အသက်တာကို သာမန်အမှုမဲ့အမှတ်မဲ့ဖြတ်သန်းနေခြင်းမဟုတ်ပဲ ကြိုးစားအားထုတ်ရင်း ကျွန်တော်တို့ရဲ့ မသိရှိရသေးတဲ့ ကိုယ်ပိုင်အစွမ်းအစများအားဖေါ်ထုတ်ကြပါစို့။

Credit:
Original
https://www.facebook.com/2098416850374447/posts/3128428337373288/
စာပေမြို့တော်

29/03/2022

လူတစ်ယောက်ကို မေးဖူးတယ်။
ဘယ်အချိန်မှာ ပျော်ရွှင်ရမှာလဲလို့။
သူကပြောတယ်။
စိတ်ကိုပဲ ကောင်းကောင်းထားတဲ့။
တစ်နည်း စိတ်ကိုပဲ ကြည်အောင်ထား။
အဲ့တည်းက စိတ်ကို ကြည်အောင်ထားတယ်။
Positive ပဲ ရအောင်တွေးတယ်။
နည်းနည်းလေး အနှောင့်အယှက်ဝင်လာတာနဲ့
ရအောင်ခြစ်ထုတ်တယ်။
သိသိသာသာ ကံကောင်းလာပြီး၊
သိသိသာသာ ပျော်ရွှင်လာပါတယ်။
သိသိသာသာပဲ အကောင်းတွေ ရောက်လာတယ်။
စစ်မှန်တဲ့လူတွေနဲ့ တွေ့လာတယ်။
ဆုံးရှုံးခဲ့တဲ့အရာတွေ တစ်စတစ်စပြန်ရလာတယ်။
ကံက ကိုယ်တိုင်ဖန်တီးရတာပဲ။
ဒါကြောင့် ကံကို မယုံဘူး။
ကိုယ့်ကိုယ်ကိုပဲ ယုံပါတယ်။
ပျော်ရွှင်ချင်ရင် စိတ်ကို positive thinking ပဲ ရအောင်မွေးရပါမယ်။
positive energy ပဲ ဖြန့်ဝေရပါမယ်။
မင်းကိုယ်တိုင်က ပျော်အောင်မနေတတ်ရင်
ဘယ်ဘုရားမှ မင်းကို ပျော်ရွှင်အောင် မလုပ်ပေးနိုင်ဘူး။
အဆိုးတွေပဲ တွေးနေရင် အဆိုးတွေပဲ ရတယ်။
ကောင်းအောင်နေရင် ကောင်းတဲ့အရာတွေ ဖြစ်လာပါတယ်။
ဒါတကယ် လက်တွေ့ပါ။
ချုပ်ဆိုရရင် စိတ်ကို ကြည်နေအောင်ပဲထားပါ။
ပျော်ရွှင်မှုတွေကို သိသိသာသာ ရှာတွေ့လာပါလိမ့်မယ်။ သိသိသာသာပဲ အကောင်းတွေ ရောက်လာပါလိမ့်မယ်။

Crd

Address

Sanpya Market
Thingangyun

Website

Alerts

Be the first to know and let us send you an email when Shwe Delta Accessories posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category