03/08/2021
အရေးပေါ်အသုံးစရိတ်ကို ဘာလို့လိုအပ်တာလဲ။
ငွေစုခြင်းက ဘာလို့ အရေးကြီးတာလဲ။
ငွေစုသင့်တဲ့ အကြောင်းရင်း
အရေးပေါ်အသုံးစရိတ်တည်ဆောက်ခြင်း
ဘဝရဲ့ဖြစ်ရပ်များအတွက် စုဆောင်းခြင်း
ငွေစုရည်မှန်းချက် ဘယ်လိုတည်ဆောက်မလဲ။
ဘဝဆိုတာ ကိုယ်ဖြစ်ချင်တဲ့အတိုင်း အမြဲတမ်း ဖြစ်မနေတတ်ပါဘူး။
မတော်တဆမှုများ၊ သဘာဝဘေးအန္တရာယ်များ၊ အလုပ်အကိုင်ဆုံးရှုံးခြင်းများ၊ ကျန်းမာရေးပြဿနာများ အစရှိတဲ့ပြဿနာတွေက မထင်မှတ်ပဲ ရိုက်ခတ်တတ်ပါတယ်။
ဒီလိုအချိန်မျိုးမှာ အရေးပေါ်အသုံးစရိတ်က ကျွန်တော်တို့ကို ကူညီပေးနိုင်ပါတယ်။
အဓိကအချက်များ
အရေးပေါ်အသုံးစရိတ် စုဆောင်းထားခြင်းက ကောင်းမွန်တဲ့ ဘဏ္ဍာရေးအစီအစဉ်ရဲ့ အဓိကအစိတ်အပိုင်းတစ်ခုပါ။
လက်တွေ့ကျကျစည်းမျဉ်းစည်းကမ်းအရ တစ်အိမ်လုံးအသုံးစရိတ် ၃ လ ကနေ ၆ လ အထိ ကာမိစေမယ့် ငွေပမာဏကို စုမိဖို့ပါပဲ။
အသုံးစရိတ်တည်ဆောက်ဖို့အတွက် ငွေပိုစု၊ ငွေပိုရှာပြီး ငွေလျော့သုံးဖို့လိုပါတယ်။
အရေးပေါ်အသုံးစရိတ်ဆိုတာဘာလဲ။
အရေးပေါ်အသုံးစရိတ် စုဆောင်းထားရှိရတဲ့ အကြောင်းရင်းက
မထင်မှတ်ထားတဲ့ ကုန်ကျစရိတ်များ – ဆေးဖိုးဝါးခမှစ၍ အရေးကြီးသော အိမ်ပြုပြင်မှုများ။
ဝင်ငွေဆုံးရှုံးခြင်း – စီးပွားရေးအကျပ်အတည်းမှစ၍ အလုပ်မလုပ်နိုင်တော့အောင် ဖြစ်စေတဲ့ ထိခိုက်မှုများ။
အဆိုးဆုံးအခြေအနေမှာ ဒီအဖြစ်အပျက်နှစ်ခုလုံးက တစ်ပြိုင်တည်းလည်း ဖြစ်စေ ဖြစ်နိုင်ပါတယ်shwe။ ဥပမာပြောရရင် သဘာဝဘေးအန္တရာယ်ကြောင့် မထင်မှတ်ထားတဲ့ကုန်ကျစရိတ်တွေကုန်ကျတာ၊ အလုပ်အကိုင်ဆုံးရှုံးတာတွေ တစ်ချိန်တည်းမှာ ဖြစ်ပျက်စေနိုင်ပါတယ်။
အရေးပေါ်အသုံးစရိတ်ဆိုတာ တစ်ခုခုဝယ်ယူဖို့အတွက် စုဆောင်းထားတဲ့ငွေနဲ့ မတူပါဘူးshwe။ (ဥပမာ – ဖုန်းအသစ်တစ်လုံးဝယ်ယူဖို့အတွက် စုဆောင်းခြင်း။)
အရေးပေါ်အသုံးစရိတ်ဆိုတာ လူတိုင်းအတွက် အတိအကျသတ်မှတ်ထားတဲ့ ပမာဏရယ်လို့ မရှိပါဘူးshwe။ ကိုယ့်ရဲ့နေထိုင်မှုပုံစံအပေါ်မူတည်ပြီး ကွဲပြားမှုရှိနိုင်ပါတယ်shwe။ အခုမှစုမယ်ဆိုရင် ပမာဏအနည်းငယ်ကစပြီး စုဆောင်းနိုင်ပါတယ်။
အရေးပေါ်အသုံးစရိတ်ကို ဘာလို့လိုအပ်တာလဲ။
အရေးပေါ်အသုံးစရိတ်ဆိုတာ မရှိမဖြစ်လိုအပ်တဲ့ အရာတစ်ခုပါ။
ကိုယ့်ကိုယ်ကို ထိခိုက်မိဖို့၊ အလုပ်ပြုတ်ဖို့ တမင်တကာ စီစဉ်ထားလေ့မရှိသလို အဲဒီအတွက် ဘယ်သူမှလည်း စဉ်းစားချင်မှာ မဟုတ်ပါဘူးshwe။ ဒါပေမယ့် မထင်မှတ်ပဲ ဒီလိုအခြေအနေတွေကြုံလာခဲ့ရင် အရေးပေါ်အသုံးစရိတ်က ကိုယ့်အတွက် အထောက်အကူဖြစ်စေမှာပါ။
ဒီလို အသုံးစရိတ်ထားရှိခြင်းအားဖြင့် ဘဝလောကဓံရဲ့ အတက်အကျဒဏ်ကို ခံနိုင်ရည်ရှိစေသလို၊ စိတ်ပူပင်သောကမရှိ စိတ်အေးလက်အေး နေထိုင်နိုင်ပါတယ်shwe။ အရေးကြီးဆုံးကတော့ ကိုယ်ပြန်မဆပ်နိုင်လောက်အောင်များတဲ့ အကြွေးတင်ခြင်းမျိုးကနေ ကင်းဝေးစေနိုင်တာပါပဲ။
အရေးပေါ်အသုံးစရိတ်က ဘယ်လောက်ထိများဖို့လိုလဲ။
တစ်ယောက်နဲ့ တစ်ယောက်ရဲ့ အရေးပေါ်အသုံးစရိတ်က ကွဲပြားနိုင်ပေမယ့် ၃ လ ကနေ ၆ လအထိ ဖူလုံမယ့် အသုံးစရိတ်ကို ရည်ရွယ်ပြီး စုဆောင်းထားခြင်းက ကောင်းမွန်တဲ့ အစပြုခြင်းပါ။
ဆုံးဖြတ်ချက်ကတော့ ကိုယ့်အပေါ်ပဲ မူတည်ပါတယ်shwe။ ဆန္ဒရှိတယ်ဆိုရင် ဒီထက် ပိုပြီးစုဆောင်းနိုင်ပါတယ်။
ဒါဆိုရင် ၃-၆ လစာ အသုံးစရိတ်ဆိုတာ ဘယ်လောက်ရှိမလဲshwe။ ကိုယ့်ရဲ့ လစဉ်အသုံးစရိတ်ကို တွက်ကြည့်ဖို့အတွက် လစဉ် ဘာတွေအတွက် သုံးနေရတယ်ဆိုတာ ချရေးပါTank။
အခြေခံစားသောက်စရိတ်
အိမ်ငှားခ
သယ်ယူပို့ဆောင်ခ
ပေးဆောင်နေရတဲ့ မီတာဘေလ်များ
ချေးငွေပြန်လည်ပေးဆပ်ခြင်း
မိဘထံပို့ပေးရမည့်ငွေ
ကလေးများရဲ့ ကျောင်းစရိတ်
ကိုယ့်အပေါ် မှီခိုနေတဲ့သူတွေရဲ့ ကုန်ကျစရိတ်ပါ ထည့်သွင်းဖို့ မမေ့ပါနဲ့shwe။ ကိုယ့်ရဲ့ လိုအပ်ချက် (Needs) တွေကိုလည်း ထည့်သွင်းရပါမယ်shwe။ လိုချင်တဲ့အရာတွေ (Wants) အတွက်ကတော့ ထည့်ထားမလားဆိုတာတော့ ကိုယ့်အပေါ်မူတည်ပါတယ်။
အသုံးစရိတ်နဲ့ ကုန်ကျစရိတ်ကို အမြဲခြေရာခံတဲ့သူတွေအတွက်တာ့ ဒီစာရင်းပြုလုပ်ဖို့ တော်တော်လေး လွယ်ကူပါလိမ့်မယ်shwe။ ပြီးခဲ့တဲ့လတွေက အသုံးပြုခဲ့တဲ့အရာတွေကို ပြန်ကြည့်ပြီး ကုန်ကျစရိတ်ကို ခန့်မှန်းကြည့်နိုင်ပါတယ်။
လစဉ်ကုန်ကျစရိတ်တွေကို တွက်ကြည့်ပြီးပြီဆိုရင် ကိုယ့်ရဲ့အရေးပေါ်အသုံးစရိတ်က ဘယ်လောက်ရှိရမယ်ဆိုတာ သိရှိဖို့အတွက် ၃ (သို့) ၆ နဲ့ မြှောက်လိုက်ပါ။
ဥပမာ –
၁ လအတွက် ကုန်ကျစရိတ် ၃ လအတွက် ကုန်ကျစရိတ် ၆ လအတွက် ကုန်ကျစရိတ်
၁၅၀,၀၀၀ ၄၅၀,၀၀၀ ၉၀၀,၀၀၀
၃၀၀,၀၀၀ ၉၀၀,၀၀၀ ၁,၈၀၀,၀၀၀
၅၀၀,၀၀၀ ၁,၅၀၀,၀၀၀ ၃,၀၀၀,၀၀၀
ကြည့်ရတာ တအားများနေတယ်လို့ ထင်ကောင်းထင်နိုင်ပါတယ်shwe။ ဒါပေမယ့် စိတ်မပူပါနဲ့shwe။ ဒီပမာဏရှိတဲ့ အရေးပေါ်အသုံးစရိတ်ကို တစ်ညတည်းနဲ့ တစ်ခါတည်း ဖန်တီးလိုက်ဖို့ မလိုပါဘူး။
အရေးပေါ်အသုံးစရိတ်ကို ဘယ်လိုစုဆောင်းရမလဲ။
မျှော်မှန်းထားတဲ့ ပမာဏတစ်ခုသတ်မှတ်ပြီးပြီဆိုတော့ ဒီမျှော်မှန်းထားတဲ့ ပမာဏရောက်ဖို့ ဘယ်လောက်မြန်မြန် သွားချင်လဲဆိုတာ ဆုံးဖြတ်ရပါမယ်။
နေ့တိုင်း၊ အပတ်တိုင်း၊ လတိုင်း ပိုစုလေလေ၊ ဒီသတ်မှတ်ထားတဲ့ ပမာဏကိုရောက်ဖို့ ပိုမြန်လေလေပါပဲ။
ကျွန်တော်တို့ရဲ့ စုဆောင်းငွေရည်မှန်းချက်တွက်စက်ကို အသုံးပြုပြီး ဒီမျှော်မှန်းချက်ကို ရောက်ဖို့ ဘယ်လောက်စုသင့်တယ်ဆိုတာကို တွက်ကြည့်နိုင်ပါတယ်။
ဒီအရေးပေါ်အသုံးစရိတ်ကို တစ်ညတည်းနဲ့ ရနိုင်ဖို့တော့ စိတ်ကူးမယဉ်ပါနဲ့shwe။ အောင်မြင်ဖို့အတွက် နှစ်တော်တော်ကြာအထိလည်း တစိုက်မတ်မတ် စုဆောင်းသွားဖို့ လိုအပ်နိုင်ပါတယ်။
အခုမှ စစုတာဆိုရင် ပမာဏနည်းတဲ့ ပန်းတိုင်တစ်ခုထားပြီး နည်းနည်းချင်းစီ စစုပါshwe။ အရင်ဆုံး နှစ်ပတ်စာအသုံးစရိတ်ရအောင် စပြီးစုကြည့်ပါshwe။ ပြီးတော့မှ တဖြည်းဖြည်း တိုးပြီးစုတာပေါ့။
ငွေစုတဲ့အခါ အကြံဥာဏ်ရအောင် ကျွန်တော်တို့ရဲ့ ငွေစုဆောင်းချွေတာနည်း (၃) မျိုးကို ဒီမှာဖတ်ကြည့်လိုက်ပါ။
ကိုယ့်ရဲ့ အရေးပေါ်အသုံးစရိတ်အတွက် မျှော်မှန်းထားတဲ့ပမာဏရောက်ပြီဆိုရင်တော့ ဆက်လက်ပြီးစုဆောင်းနိုင်သလို အခြားရည်ရွယ်ချက်တစ်ခုအတွက်လည်း ပြောင်းလဲပြီး စုဆောင်းနိုင်ပါတယ်။
အရေးပေါ်အသုံးစရိတ်ကို ဘယ်လိုထိန်းသိမ်းထားမလဲ။
ကိုယ့်ရဲ့ အရေးပေါ်အသုံးစရိတ်ကို လုံခြုံတဲ့နေရာမှာ သိမ်းထားပါshwe။ အိမ်မှာ ငွေသားအဖြစ် သိမ်းထားဖို့ဆိုတာ အလုံခြုံဆုံးနေရာ မဟုတ်ပါဘူးshwe။ ဒါကြောင့် ငွေစုဘဏ်အပ်ငွေစာရင်း ဖွင့်ပြီးစုဆောင်းဖို့ စဉ်းစားကြည့်နိုင်ပါတယ်။
ကိုယ့်ရဲ့ နေ့စဉ်အသုံးပြုနေတဲ့ ငွေစုဘဏ်အပ်ငွေစာရင်းမဟုတ်ပဲ အသစ်တစ်ခု သပ်သပ်ဖွင့်သင့်ရင်လည်း ဖွင့်လိုက်ပါshwe။ ဒါမှ ကိုယ့်ရဲ့အရေးပေါ်အသုံးစရိတ်ကို သေချာခွဲထားလို့ရမှာပါ။
ဖြစ်နိုင်ရင်တော့ ဒီအသုံးစရိတ်ကနေ ငွေအနည်းငယ် ပြန်ဝင်စေသင့်ပါတယ်shwe။ ဒါပေမယ့် ဆုံးရှုံးနိုင်ခြေ မရှိဖို့တော့ သတိထားရပါမယ်shwe။ စာရင်းသေအပ်ငွေစာရင်းတွေက အတိုးရပေမယ့် ဆုံးရှုံးနိုင်ချေအနည်းဆုံးပါပဲshwe။ သက်တမ်းမပြည့်ခင် အရေးပေါ်ငွေထုတ်လိုက်မိလို့ အတိုးမရဘူးဆိုရင်တောင် စုထားခဲ့တာတွေကို လုံလုံခြုံခြုံနဲ့ အဆင်ပြေပြေထုတ်ယူနိုင်ပါတယ်။
အရေးပေါ်အသုံးစရိတ်ဆိုတာ လိုအပ်ရင်လိုအပ်သလို ထုတ်ယူနိုင်ဖို့လိုတာကြောင့် ရွှေနဲ့ အခြားပစ္စည်းတွေကို ဝယ်ပြီး အရေးပေါ်အသုံးစရိတ်အဖြစ် သိမ်းဆည်းထားခြင်းကိုတော့ အားမပေးပါဘူး။