Win Win Mobile Shop

Win Win Mobile Shop Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Win Win Mobile Shop, Mobile Phone Shop, Taunggyi.

  note 8 (all fine)ram 6 Stroage 128gBody condition  (98%) Snapdragon 665(11nm)Battwry 4000mahCamera 48mp(2160p) အလုံးသန...
16/12/2024

note 8 (all fine)
ram 6
Stroage 128g
Body condition (98%)
Snapdragon 665(11nm)
Battwry 4000mah
Camera 48mp(2160p)

အလုံးသန့်မယ်
second ကို စျေးတန်တန်နဲ့ရမယ်
210000ကျပ်ပါ
Cb (or)
ဖုန်း 09690955582

  10cRam 4+2stroage 128gGlobal ချိန်းပြီးသားAll finecpu snapdragon 680Camera 50MPBattery 5000mAhစျေးလည်း အများကြီးမသုံးခ...
16/12/2024

10c
Ram 4+2
stroage 128g
Global ချိန်းပြီးသား
All fine
cpu snapdragon 680
Camera 50MP
Battery 5000mAh
စျေးလည်း အများကြီးမသုံးချင်ဘူး
ဂိမ်းလည်း ကောင်းကောင်းဆော့ချင်တယ်
ဒါမှမဟုတ် ပုံလည်း ရိုက်ချင်တယ်ဆိုရင်
ဒီ redmi 10c ကိုသုံး
အဆင်ပြေ ok စေမယ်

second စျေးနဲ့
စျေး ၂၃၀၀၀၀ နဲ့ယူ ကိုယ်တိုင်လာယူရင် လမ်းစရိတ် လျှော့ပေးအုံးမယ်ဗျာ

စိတ်၀င်စားရင် cb
09451538094

ရှိ သူဌေး နှင့် မရှိ သူဌေး  {ပညာပေးပုံပြင်}********************************** #ဘဝရဲ့ဒဿန -၁၀       တစ်ရက်မှာ အရမ်းချမ်းသာ...
19/09/2023

ရှိ သူဌေး နှင့်
မရှိ သူဌေး {ပညာပေးပုံပြင်}
**********************************
#ဘဝရဲ့ဒဿန -၁၀
တစ်ရက်မှာ အရမ်းချမ်းသာတဲ့
သူဌေးကြီးတစ်ဦးက သူ့သားကို
ဆင်းရဲသား လယ်သမားတွေ နေထိုင်တဲ့
ကျေးလက်ဒေသကို ခေါ်သွားတယ်...

ရည်ရွယ်ချက်ကတော့ သူ့သားအနေနဲ့
ဆင်းရဲသားတွေ ရုန်းကန်လှုပ်ရှားနေရတဲ့
ဘဝတွေကို သိစေချင်လို့ပါ...

ဒီလိုနဲ့ သူဌေးကြီး သားအဖဟာ
အဆင်းရဲဆုံးလို့ ထင်ရတဲ့
မိသားစုတစ်စုထံမှာ ရက်အနည်းငယ်
နေထိုင်ပြီး ပြန်လာခဲ့ကြတယ်...

အပြန်လမ်းမှာ သူဌေးကြီးက
သူ့သားကို မေးတယ်...

"ဒီ…ခရီးက ဘယ်လိုနေလဲ…သား…"

"အရမ်းကောင်းပါတယ်…အဖေ…"

"သား တွေ့ခဲ့တယ်မလား…?
သူတို့ ဘယ်လောက်အထိ
ဆင်းဆင်းရဲရဲ နေထိုင်နေကြရသလဲ
ဆိုတာကို……"

"ဟုတ်…သားတွေ့…ပါတယ်…အဖေ"

"ကိုင်း…ဒါဖြင့် ငါ့သား သူတို့ဘဝတွေကနေ
ဘာတွေ…သိခဲ့ရလဲဆိုတာကို
ပြောပြစမ်းပါဦး……"

သူဌေးကြီးက အဲ့ဒီလို မေးလိုက်တဲ့အခါ
သားလုပ်သူက အခုလို ဖြေပါတယ်...

"သားတို့အိမ်မှာ ခွေးတစ်ကောင်ပဲရှိတယ်၊
သူတို့မှာတော့ လေးကောင်တောင်ရှိတယ်၊
သားတို့မှာ ဥယျာဉ် အလယ်လောက်ထိပဲ
ရောက်တဲ့ ရေကူးကန်ရှိတယ်၊
သူတို့မှာတော့ အဆုံးမရှိတဲ့
စမ်းချောင်းကြီးရှိတယ်၊
သားတို့ဥယျာဉ်ထဲမှာ နိုင်ငံခြားက
တင်သွင်းလာတဲ့ မီးတိုင်တွေပဲရှိတယ်၊
သူတို့မှာတော့ ညဘက်ဆို ကြယ်တွေရှိတယ်၊
သားတို့မှာ ခြံရှေ့အထိပဲရောက်တဲ့
ဝရန်တာရှိတယ်၊ သူတို့မှာတော့…
မိုးကုတ်စက်ဝိုင်း တစ်ခုလုံးကို ရှိနေတယ်"

"သားတို့မှာ နေစရာ ခြံဝင်းသေးသေးပဲရှိတယ်၊
သူတို့မှာတော့ မျက်စိတစ်ဆုံးကျယ်တဲ့
လယ်ကွင်းတွေရှိတယ်"

"သားတို့မှာ သားတို့ကို ပြုစုပေးမယ့်
အစေခံတွေရှိတယ်၊သူတို့ကတော့
အခြားသူတွေကို ပြန်ပြုစုပေးနိုင်တယ်၊
သားတို့က အစားအသောက်တွေကို
ဝယ်စားရတယ်၊သူတို့ကတော့
ကိုယ်တိုင်စိုက်ပျိုးစားသောက်တယ်"

"သားတို့မှာ သားတို့ပိုင်ဆိုင်မှုကို
ကာကွယ်ပေးမယ့် ဝန်းနံရံကြီးတွေရှိတယ်၊
သူတို့မှာတော့ သူတို့ကို ကာကွယ်ပေးမယ့်
မိတ်ဆွေကောင်းတွေရှိတယ်"

သားလုပ်သူရဲ့အဖြေကြောင့် သူဌေးကြီး…ခမျာ
ဘာမှပြန်မပြောနိုင်ရှာပါဘူး...

"ကျေးဇူးတင်ပါတယ် အဖေ၊
သားတို့ဘယ်လောက် ဆင်းရဲသလဲဆိုတာကို
သိအောင် ပြသပေးခဲ့လို့"

သားတို့က ရှိသူဌေး {သူဌေးအတု}
သူတို့က မရှိသူဌေး {သူဌေးအစစ်}ပါ အဖေ…

ပုံပြင်လေးကပေးတဲ့ သင်ခန်းစာ...

မေတ္တာတရား၊ စည်းလုံးမှု၊
ဂရုစိုက်ကြင်နာမှုနဲ့ စိတ်ချမ်းသာမှုဆိုတာ
ငွေကြေးကြောင့်ရတဲ့ အရာတွေထက်
ပိုပြီးချမ်းသာနိုင်တယ်ဆိုတာကိုပါ…။

✍𓂸✍𓂸✍𓂸✍𓂸
Crd

သာမန်အဆင့်က ရုန်းထွက်ဖို့အတွက်အဆင့်(၈)ဆင့်🌿 ၁။ ကိုယ့်ဘဝအတွက် တာဝန် စ ယူပါ ။အပြောင်းအလဲကို စတင်ဖို့အတွက် အရင်ဆုံး လုပ်ရမှ...
18/09/2023

သာမန်အဆင့်က ရုန်းထွက်ဖို့အတွက်အဆင့်(၈)ဆင့်

🌿 ၁။ ကိုယ့်ဘဝအတွက် တာဝန် စ ယူပါ ။

အပြောင်းအလဲကို စတင်ဖို့အတွက် အရင်ဆုံး လုပ်ရမှာက ကိုယ့်တာဝန် ကိုယ် စယူဖို့ပဲ ။ ပိုပြီး ကောင်းမွန်တဲ့ ဘဝတစ်ခုကို ရဖို့အတွက်က ကြိုးစားအားထုတ်မှုတွေ လုပ်ရတယ် ။ အဲဒီအားထုတ်မှုတွေကို လုပ်နိုင်လျက်သားနဲ့ မလုပ်ဘူးဆိုရင် ကိုယ့်မှာ အပြစ်ရှိသလို ခံစားရတယ်။

ဒီတော့ ကိုယ့်ရဲ့ လက်ရှိဖြစ်တည်မှုနဲ့ ပတ်သက်လို့ ကိုယ်တိုင်က လွဲလို့ တခြားသူတွေ အကုန်လုံးမှာ တာဝန်ရှိသလို ပုံချထားလိုက်တယ် ။

ကိုယ့်မိဘတွေကြောင့် ၊ ကိုယ့်အသိုင်းအဝိုင်းကြောင့် ၊ အရင်က အဖြစ်အပျက်တွေကြောင့် ၊ အထက်အရာရှိကြောင့် ၊ အသက်ကြီးလာတာကြောင့် စသဖြင့် ဘာကြောင့် ညာကြောင့်တွေကြောင့် ငါ့ဘဝ ဒီလိုဖြစ်နေရတာပါဆိုပြီး ပစ်ထားလိုက်တယ် ။

ငါ့ဘဝရဲ့ ဖြစ်တည်မှုတွေဟာ ငါ့ကြောင့် ဖြစ်လာရတာ ၊ ငါ့ရဲ့ ရွေးချယ်မှုတွေနဲ့ လုပ်ရပ်တွေကြောင့်ပါလို့ ကိုယ့်ကိုယ်ကိုယ် တာဝန်စပြီး မယူဘူးဆိုရင် အပြောင်းအလဲဆိုတာ ဖြစ်လာမှာမဟုတ်ဘူး ။ ကိုယ့်ဘဝရဲ့ ရွေးချယ်မှုတွေနဲ့ ကိုယ့်ရဲ့ လက်ရှိအနေအထားအတွက် တာဝန်စယူပါ ။

ဆင်းဆင်းရဲရဲမွေးလာတာ ကိုယ့်အပြစ်မဟုတ်ဘူးဆိုတာ မှန်တယ် ။ ဒါပေမယ့် အဲဒါကိုပဲ တစ်သက်လုံးအပြစ်တင်ရင်း သေဆုံးသွားရရင်တော့ ကိုယ့်အပြစ်ပဲ ။

🌿 ၂။ သာမန်ဘဝလောက်မှာပဲ မကျေနပ်နဲ့

ဒါကို ရောင့်ရဲတာလို့ အဓိပ္ပာယ်ဖွင့်ကြတာလည်း ရှိတယ် ။ တကယ်က Comfort Zone ထဲမှာ ပျော်မွေ့နေတာပါ ။ ဆက်ပြီး အားထုတ်မှုတွေ မလုပ်ချင်တော့ဘူး၊ မကြိုးစားချင်တော့ဘူး ။ မရုန်းကန်ချင် တော့ဘူး ။ ဒီတော့ အခုလောက်လေးလည်း မဆိုးပါဘူးလေဆိုပြီး ဖြေသိမ့်တယ် ။

လူတိုင်း ဒီလိုစိတ်ထားရမယ်လို့တော့ မဆိုလိုပါဘူး နောက်ဆုံးမှာ ကိုယ့်ရဲ့ပျော်ရွှင်မှုက အရေးအကြီးဆုံးပဲ မဟုတ်လား ။ ကိုယ့်ပျော်ရွှင်မှုအစစ်အမှန်က အေးအေးချမ်းချမ်း နေသွားချင်တာဆိုရင်လည်း ရတာပါပဲ ။ ဒါပေမယ့် ကိုယ့်လုပ်ရပ်က နောက်အနှစ် ၂၀ ၊ ၃ဝ လောက်မှာ ကိုယ့်ကိုယ်ကိုယ် မမုန်းနေဖို့တော့ လိုတယ် ။ ထိပ်ပိုင်းကို မရောက်နိုင်တာရဲ့ မကောင်းတဲ့အချက်ကတော့ သူများ သနားမှ ချမ်းသာရာရမယ့် ဘဝမှာ နေရတာပဲ ။ ရုံးတစ်ရုံးမှာ ဘယ်နေရာမှ မထူးချွန်တဲ့ မဖြစ်ထွန်းတဲ့သူတွေက အထက်အရာရှိကို အဖားရဆုံးပဲ ။ အလုပ်ပြုတ်သွားမှာ အကြောက်ရဆုံးပဲ ။ ကိုယ့်ကိုယ်ကိုယ် အဲဒီအနေအထားကို မတွန်းပို့ပါနဲ့ ။

🌿 ၃။ ကိုယ့်ရဲ့ အားသာချက်တွေကို ရှာပါ ။

သိထားဖို့အချက်က ကိုယ်က နေရာတိုင်းမှာတော့ ဆရာကြီး ဖြစ်မနေနိုင်ဘူးဆိုတာပဲ ။ နေရာတိုင်းမှာ တော်နေတဲ့သူဆိုတာ မရှိဘူး ။ အဲဒီလို နေရာတိုင်း တော်နေချင်ပြီး ဘယ်နေရာမှာမဆို ကိုယ်ပဲ ဆရာကြီးဖြစ်ချင်နေလို့ မရဘူး ။ ဒါကြောင့် ကိုယ့်ရဲ့
အားသာချက်က ဘယ်နေရာမှာ ရှိတာလဲဆိုတာကို ရှာပါ။

စကားပြောတဲ့နေရာလား ၊ စာရေးတဲ့နေရာလား ၊ ဆန်းသစ်တီထွင်မှုတွေလုပ်တဲ့ နေရာမှာလား ။ အဲဒါကို သိအောင်လုပ်ပါ ။

🌿 ၄။ ကိုယ့်ရဲ့ အားသာချက်တွေကို အသုံးချပြီး သွားလို့ရနိုင်မယ့် ပန်းတိုင် သတ်မှတ်ပါ ။

လူတော်တော်များများက သူတို့ကိုယ်တိုင် ဘာဖြစ်ချင်မှန်း မသိကြဘူး ။ ဘယ်နေရာရောက်လို့ ဘာတွေလုပ်နေမှန်းကိုလည်း မသိဘူး ။ ဒီတော့ လုပ်ချင်ရာလုပ်ပြီး ရောက်ချင်တဲ့နေရာ ရောက်နေကြတာ ။

ဒီလိုမဖြစ်အောင်ဆိုရင် ကိုယ့်ရဲ့အားသာချက်တွေကို အသုံးချပြီး ကိုယ်ဘယ်ကို သွားချင်တာလဲ ။ ဘာဖြစ်ချင်တာလဲ ။ အချိန်ဘယ်လောက်အတွင်း ဖြစ်ချင်တာလဲဆိုတာကို သိမှရမယ် ။

အဲဒါမှ နေ့ရက်တိုင်းမှာ ၊ လတိုင်း ၊ နှစ်တိုင်းမှာ ကိုယ်က ပန်းတိုင်နဲ့ နီးရာကို သွားနေလား ဝေးသွားလားဆိုတာကို ဆန်းစစ်နိုင်လိမ့်မယ် ။

🌿 ၅။ စည်းကမ်းရှိပါ။

အပြောင်းအလဲရဲ့ အရေးအကြီးဆုံးအပိုင်းကတော့ စည်းကမ်းပဲ ။ လူတွေမှာ ဖြစ်ချင်တာတွေရှိတယ် ။ ဒါပေမယ့် စည်းကမ်းတော့မရှိဘူး။

ကိုယ်အလေးချိန်ချချင်တယ် ။ အင်္ဂလိပ်စာတတ်ချင်တယ် ။ ဝင်ငွေ ကောင်းချင်တယ် ။ ပညာတတ်ချင်တယ် ။ ဒါပေမယ့် အဲဒါတွေ အကုန်လုံးကို အလကားလိုချင်တာ ။ စဉ်ဆက်မပြတ် ကြိုးစားအားထုတ်ရမယ့် စည်းကမ်းတော့ မရှိဘူး ။ မေးခွန်းက ဘယ်လိုလုပ်ရမှာလဲဆိုတာ မဟုတ်ဘူး။ လုပ်မှာလား မလုပ်ဘူးလား ဆိုတာပဲ ။

ဥပမာ ကိုယ်အလေးချိန် ဘယ်လိုချရမလဲမသိဘူးလား၊ အင်္ဂလိပ်စာ ကောင်းအောင် ဘယ်လိုလုပ်ရမလဲဆိုတာ မသိဘူးလား။

သိတယ် မလုပ်တာ ။ ကြိုးစားအားထုတ်မှုကို စည်းကမ်းမရှိနိုင်တာ ။ ကိုယ့်မှာ ဆုံးဖြတ်ချက်ရှိတယ်ဆိုရင် စည်းကမ်းရှိပါ ။ မဟုတ်ရင်တော့ ဘယ်မှမရောက်နိုင်ဘူး ။ ပန်းတိုင်ကိုရောက်ဖို့ လမ်းကိုပဲမြင်အောင်ကြည့် ။

အခက်အခဲတွေကြောင့် စိတ်ပျက်မသွားနဲ့ ။ မတွန့်သွားနဲ့ ။ တောင်တက်ရတာ ဘယ်တော့မှ သက်သောင့်သက်သာ မရှိဘူး ။ ဒါပေမယ့် တောင်ထိပ်ပေါ်က မြင်ကွင်းကို တောင်တက်ခဲ့သူတွေပဲ မြင်ရနိုင်တယ် ။

🌿 ၆။ အရာရာကို ဂရုလိုက်စိုက်မနေနဲ့ ။

ကိုယ့်အတွက် အဓိကကျတဲ့ အရာတွေနဲ့ သာမည ဗလုံးဗထွေးတွေနဲ့ကို ခွဲခြားသိမှ ဖြစ်မယ် ။ စကားပုံတစ်ခုအတိုင်းပဲ ပြောရရင် “ လမ်းမှာ ဟောင်သမျှ ခွေးတိုင်းကို ခဲနဲ့ထုနေရရင် ကိုယ်သွားချင်တဲ့လမ်းကို ရောက်မှာမဟုတ်တော့ဘူးတဲ့ ။

အရေးလုပ်သင့်တာတွေပဲ အရေးလုပ်ပါ ။ သူများတွေရဲ့ထင်မြင်ယူဆချက်တွေက ကိုယ့်အတွက် ဘာကြောင့် အရေးကြီးနေရမှာလဲ ။ ဝေဖန်တာတွေ ၊ ငြင်းပယ်ခံရတာတွေ ၊ အဆိပ်အတောက်များတဲ့ လူတွေ ၊ ဖိအားတွေကို ဂရုစိုက်နေရရင် ဘယ်မှသွားနိုင်မှာမဟုတ်ဘူး ။ သေချာစဉ်းစားကြည့် ၊ ကိုယ့်ကိုအကောင်းမြင်တဲ့သူအတွက် အရာရာက ကောင်းတယ် ။ ကိုယ့်ကို အဆိုးမြင်တဲ့သူအတွက်လည်း ကိုယ် ဘာတွေပဲ ကောင်းတာလုပ်လုပ် သူ့အမြင်မှာ ဆိုးနေမှာပဲ ။ ဒီတော့ ဘာကြောင့် ဂရုစိုက်နေတော့မှာလဲ ။

🌿 ၇။ လူရွေးပေါင်းပါ။

အဆင့်အတန်း ခွဲခြားခိုင်းတာ မဟုတ်ဘူး ။ ချမ်းသာတဲ့သူတွေနဲ့ပဲ ပေါင်းခိုင်းနေတာ မဟုတ်ဘူး ။ ကိုယ့်အတွက် သင့်တော်တဲ့သူတွေကို ရွေးပေါင်းခိုင်းတာပါ ။ လူတစ်ရာမှာ ကိုးဆယ်က ဘာမှမဟုတ်တဲ့သူတွေဖြစ်မှာ ။ ကိုယ့်ရဲ့လုပ်ရပ်တွေ အတွေးအခေါ်တွေနဲ့ ကြိုးစားအားထုတ်မှုတွေက အများစုနဲ့ တူနေပြီဆိုရင် ကိုယ့်ကိုယ်ကိုယ် ဘယ်နေရာရောက်နေလဲဆိုတာ သူများ သွားမေးနေစရာမလိုဘူး ။ ပတ်ဝန်းကျင်က အရမ်းစကားပြောတယ် ။

ကိုယ် အလေးချိန်ချနေတဲ့သူက အစားအသောက် သောင်းကြမ်းတဲ့သူတွေနဲ့ပဲ ပေါင်းသင်းနေရင် ဘယ်တော့မှ ကိုယ်အလေးချိန် ကျနိုင်မှာမဟုတ် ဘူး ။ အဲဒီလိုပဲ တိုးတက်ချင်တဲ့သူက ငပျင်းတွေနဲ့ ချည်းပေါင်းနေရင်တော့ သူလည်း ဘယ်တော့မှ အဲဒီ နွံထဲက ထွက်နိုင်မှာမဟုတ်ဘူး ။

🌿 ၈။ စိတ်ရှည်ပါ။ ဆက်လက်သင်ယူမှုတွေ အမြဲလုပ်ပါ။

အပြောင်းအလဲက စိတ်ရှည်ရတယ် ။ ချက်ချင်းလက်ငင်း ရသွားနိုင်တာမျိုး မဟုတ်ဘူး ။ တစ်သက်လုံး အင်္ဂလိပ်စာမတတ်လာဘဲ တစ်ပတ်လောက်သင်ပြီး ဘာမှလည်းမထူးဘူး။ ဆက်မလုပ်ချင်တော့ဘူးဆိုရင်တော့ ဒီလောက် ဖွ-တ်ဖြစ်မယ့်ကောင် ကိုယ့်ကိုယ်ကိုယ် သ-တ်ေ-သဖို့သာ ကောင်းတော့တယ် ။

ပန်းသီးတစ်နေ့တစ်လုံးစားရင် ဆရာဝန်နဲ့ဝေးတယ်တဲ့။ဒါပေမယ့် တစ်ရက်တည်း ပန်းသီးခုနစ်လုံးစားရုံနဲ့တော့ လိုချင်တဲ့ရလဒ် မရနိုင်ဘူး ။ စိတ်ရှည်ပါ။ နောက်ထပ် အရေးကြီးတာ တစ်ခုကတော့ ဆက်လက်သင်ယူမှုတွေ လုပ်ပါ။ လူရဲ့တိုးတက်ဖွံ့ဖြိုးမှုက သင်ယူမှုကို ရပ်တန့်လိုက်တာနဲ့ ဆုံးခန်း တိုင်ပါတယ်။ကိုယ်က တစ်နေရာတည်း ရပ်နေချင်တဲ့သူမဟုတ်ဘူးဆိုရင် ဆက်လက်သင်ယူပါ ။

မညည်းနဲ့ ၊ အကြောင်းပြချက် မပေးနဲ့ ၊ လူတွေက ကိုယ့်ရဲ့နောက်ခံ အကြောင်းရင်းတွေကို စိတ်မဝင်စားဘူး။ နောက်ဆုံးမှာ သူတို့ စိတ်ဝင်စားတာ ကိုယ်က ဘာကောင်လဲ ၊ ဘယ်လိုလူလဲ ၊ ဘယ်လောက် အောင်မြင်မှုတွေ ရထားပြီးပြီလဲဆိုတာပဲ။ အရေးပါမှ အရာပေးပါတယ် ။ ကိုယ်က အရေးမပါတဲ့သူဆိုရင်တော့ အရေးမပါသလို ဆက်ဆံခံရမှာပဲ။ အဲဒါ ကိုယ့်အပြစ်ပဲ ။

#လူရာဝင်ခြင်းမှတ်စုများ
#ဒေါက်တာသူရိန်လှိုင်ဝင်း
မူရင်း(လေးစားစွာcrdပေးပါသည်)✍🖤📖🌿
----------------------------------------

လူညံ့ လူဖျင်းတွေ ပြောလေ့ရှိတဲ့အချက်*********************************************( 1 ) ဘွဲ့ရအောင် မနေခဲ့ရလို့( 2 ) အလုပ်က...
18/09/2023

လူညံ့ လူဖျင်းတွေ ပြောလေ့ရှိတဲ့အချက်
*********************************************

( 1 ) ဘွဲ့ရအောင် မနေခဲ့ရလို့
( 2 ) အလုပ်က အရမ်း ပင်ပန်းတယ်
( 3 ) အချိန်ပြည့် ကျွန်လို လုပ်နေရတာ
( 4 ) လုပ်ရတာနဲ့ ရတဲ့လစာက မတန်ဘူး
( 5 ) မိဘကတောင် ငါ့ကို မငေါက်ဘူး
( 6 ) ချမ်းသာတဲ့အသိုင်းအဝိုင်းမှာလူမဖြစ်ရတာ နာတယ်
( 7 ) ငါက အရမ်းဆင်းရဲတာ ဒါတွေဝယ်နိင်မှာမဟုတ်ဘူး
( 8 ) ထီပေါက်သလို နေ့ခြင်း ညခြင်း ချမ်းသာရင်ကောင်းမယ်
( 9 ) ဘယ်တတ်နိင်မှာလဲ ငါက ကံမှမကောင်းတာ
(10) ငါ့မှာ အားပေးမယ့်သူမှမရှိတာ ကြိုးစားနေလဲ အလကားပဲ
(11) ဒီအလုပ်ကစည်းကမ်းကြီးလို့ထွက်လာတာ မင်းလဲမလုပ်နဲ့
(12) သူတို့လိုမှ မတော်တာ ငါလုပ့်နိင်ပါ့မလား
(13) တစ်ယောက်ယောက်က အလုပ်လာခေါ်ရင်ကောင်းမှာပဲ
(14) ငါ့လက်ထဲမှာငွေမှ မရှိတာ ဘယ်လိုလုပ်စီးပွားဖြစ်မှာလဲ
(15) ငါလည်း လုပ်နေတာပဲ ဖြစ်မလာတော့ မတတ်နိင်ဘူး ။
___________________________________
အထက်ပါအချက်တွေနဲ့ဘဝမှာညည်းညူနေရင်
မိတ်ဆွေရဲ့ ဘဝက ဘယ်တော့မှ တိုးတက်လာမှာမဟုတ်ဘူး
ဒီအကျင့်ဆိုး စရိုက်တွေကို အခုပဲ စွန့်လွှတ်ပြစ်လိုက်ပါ ။
____________________________________

မိတ်ဆွေ
အောင်မြင်မှုဆိုတာ ပန်းတိုင်တစ်ခုပဲ
ပန်းတိုင်ဆိုတာ ဦးတည်ချက်ပေါ့
ခရီးဆုံးတော့မဟုတ်သေးဘူး အောင်မြင်ခြင်းဆိုတာ
ကိုယ်ဝါသနာပါရာအတတ်ပညာတစ်ခုခုကို
အရင်းပြုပြီး ပေါက်မြောက်အောင်
စွမ်းဆောင် နိင်ခြင်းကို အောင်မြင်မူလို့ခေါ်ပါတယ် ။

မိတ်ဆွေ
ချမ်းသာခြင်းဆိုတာ ဘ၀အဆုံးမဟုတ်ပါဘူး
အများစုက ပိုက်ဆံစုတာကို ကလေးကလား
ဆန်တယ်လို့ တွေးနေတတ်ကြတယ်
အဲ့ဒါကြောင့်လည်း ပိုက်ဆံစုဖို့
လူတော်တော်များများ မလုပ်နိင်ကြတာ
ချမ်းသာခြင်းကိုတွေ့မှ ဘဝဆိုတာက စတာပါ
အောင်မြင်မူနဲ့ချမ်းသာခြင်းရဲ့ ကွာခြားမူက ဒါပါပဲ ။

မိတ်ဆွေ
ကိုယ့်ကို ငြင်းပယ်ခဲ့ဖူးတဲ့သူတွေ
အကျိုးလိုမှ ညောင်ရေလောင်းတာထက်
လိုမှ ပေါင်းတဲ့ သူတွေကို လုံး၀ အချိန်ကုန်မခံပါနဲ့
မိမိ အနာဂတ်ကို မိမိကိုယ်တိုင်ပုံဖော်နိင်အောင်ကြိုးစားပါ
ပတ်၀န်းကျင်ရဲ့ပုံဖော်ခြင်းခံရသူ မဖြစ်ဖို့အရေးကြီးတယ်
အဓိက မှာချင်တာက ပိုင်ဆိုင်ဖို့အတွက် မိမိဘက်က
ဘာတွေ ပေးဆပ်ရမလည်းဆိုတာ တွေးထားပါ ။

မိတ်ဆွေ
ငယ်ငယ်က မုန့်ခိုးစားလို့
မိဘက ရိုက်တဲ့အခါ ငါအသက်ကြီးလာရင်
မုန့်တွေအများကြီးဝယ်စားပစ်လိုက်မယ် ဆိုတဲ့
အတွေးမျိုး ကလေးဘဝမှာ ချန်ထားခဲ့လိုက်ပါ
မိတ်ဆွေရဲ့ခန္ဓာကိုယ်ပေါ်က အင်္ကျီ အဝတ်စားတွေ
ဘာကြောင့် ဝတ်နေရတာလဲ မေးရင်
မိတ်ဆွေ ဘာဖြေမလဲ ကျွန်တော် ပြောပြမယ်
အရှက် တရားအတွက် မဖြစ်မနေ ဝတ်နေရမယ့်အရာပဲ
ဘဝ ဆိုတာ ဒါပဲ အနာဂတ်အတွက် မဖြစ်မနေ
မိတ်ဆွေ ကြိုးစားနေရလိမ့်မည်။

Crd original uploader

Address

Taunggyi
06101

Website

Alerts

Be the first to know and let us send you an email when Win Win Mobile Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share