19/04/2024
သဘောကျလွန်းလို့ ရေးထားတာချစ်စရာလေးမို့ Crd ပေးပါတယ်ရှင်....
ယနေ့ခေတ်ကြီးမှာဖြစ်ပျက်နေတဲ့သဘောထားတွေ
သူဌေးသူငယ်ချင်းတွေရဲ့
post ကျမှမန့်ချင်တဲ့
ဌေးမန့် 🤣🤣🤣😁😁
သူဌေး ကိုမှ ကူညီတတ်တဲ့
👉"ဌေးကူ"
သူဌေး ကိုမှ လူလို့ထင်တဲ့
👉"ဌေးလူ"
သူဌေးပို့စ်တွေမှ ထိပ်ဆုံးကနေ လိုက်ပေးတာက
👉 ဌေးlike
ကိုယ့်မန့်တွေကို ကျော်ခွပြီး သူဌေးမန့်ကို မှ
အပြေးအလွှား ကျော်မန့်တာ
👉 ဌေးကျော်
သူဌေးတွေနဲ့ သူတို့ရဲ့
ကလေးတွေ ခွေးတွေကိုမှ ချစ်ပြတတ်တာ
👉 ဌေးချစ်
သူဌေးတွေကိုမှ လူထင်ပြီး ရွေးခင်တတ်တာ
👉 ဌေးခင်
သူဌေးတွေနဲ့ပေါင်းပြီး ဂုဏ်တွေဆာ
လူတကာအပေါ် တင်စီးတာ
👉 ဌေးတင်
ကျန်တဲ့သူတွေကို ချေ ပြီး သူဌေးတွေနဲ့မှ
ဟီးဟီးဟားဟား ဖြစ်နေတတ်တာ
👉 ဌေးရီ
သူဌေးတွေကို အောက်ကနေ ကပ်ဖားယပ်ဖားပေါင်းပြီး
စိတ်ကြီးဝင် ဘဝင်တွေမြင့်နေတာက
👉 ဌေးမြင့်
သူဌေးတွေနဲ့ပေါင်းပြီး မရှိ ရှိတာတွေနဲ့
ကြွယ်နေတာက
👉 ဌေးကြွယ်
သူဌေးတွေနဲ့ ဘယ်ပွဲမဆို ဓာတ်ပုံရိုက်ပီး
လုံးနေတင်နေရတာက
👉ဌေးလုံးတင်
ဌေးရှိန် - လူရှိန်အောင် သူဌေးနဲ့ရွေးပေါင်းသူ
selfie တွေထဲ မျက်နှာကြီး ထိုးထိုးထည့်
ဌေးဇော် - သူဌေးတွေနဲ့ပေါင်းပီး လူပေါ်လူဇော်လုပ်နေသူ
ဌေးချို - သူဌေးတွေကိုမှ ချိုချိုသာသာဆက်ဆံသူ
ဌေးမော် - သူဌေးတွေရဲ့ project
ချပေးမှာကို မော်ဖူးနေရသူ
လိုနေလို့ ထပ်ထည့်ပေးတာ ငိငိ....
သူဌေးမှရွေးလှတဲ့ ဌေးလှ
သူဌေးမှ ရွေး ချစ်စရာကောင်းတဲ့ ဌေးချစ်
သူဌေးမှ ရွေး စိုးရိမ် တဲ့ဌေးရိမ်
သူဌေးမှ ရွေး အူယားတာ ဌေးယား
ဒါတော့ကိုယ်ထပ်ဖြည့်တာ တခါတခါ အိုဗာတင်းတွေ
မြင်ရတာ ရယ်ချင်တယ် ကြည်ခင်ရယ်ပဲ...😬
😆😆😆😆😆😆