ဇာတ္ဆရာ

ဇာတ္ဆရာ Aung Hein Computer Center Ahpyauk

💁ကွန်ပျူတာပညာရပ်ကို စတင်လေ့လာမည့်သူများအတွက် Computer Basic Course အတန်းခွဲသစ် လက်ခံနေပါပီခင်ဗျာ.....*******************...
26/06/2023

💁ကွန်ပျူတာပညာရပ်ကို စတင်လေ့လာမည့်သူများအတွက် Computer Basic Course အတန်းခွဲသစ် လက်ခံနေပါပီခင်ဗျာ.....
************************************
😍😍(Monday to Friday) (8:00-10:00, 10:00-12:00,) Basic အတန်းလေးလူထပ်ဖြည့်ဖို့ရှိပါတယ်ဗျာ

👉 ကွန်ပျူတာပညာရပ်ကို စတင်လေ့လာမည့်သူများ၊
👉 ရုံးလုပ်ငန်း နှင့် ကုမ္ပဏီလုပ်ငန်းများတွင် Office Staff တစ်ယောက်အဖြစ် ဝင်ရောက်အလုပ်လုပ်ကိုင်မည့် သူများအတွက် အခြေခံမှ စပြီး စနစ်တကျ သင်ကြားပေးသည့်
𝗶𝗢𝗳𝗳𝗶𝗰𝗲 𝗕𝗮𝘀𝗶𝗰
(Computer Basic)
ဒီသင်တန်းလေးတွင် Computer အခြေခံမရှိသူများမှစပြီးလေ့လာသင်ယူနိုင်ရန်
✪Typing,
✪Mouse Skill မှစ၍ ရုံးသုံး Software များဖြစ်သည့်
✪Microsoft Word,
✪Microsoft Excel,
✪Microsoft PowerPoint,
✪Using Internet,
✪Adobe PageMaker များကို တက်မြောက်သည်အထိ သင်ကြားပေးမှာဖြစ်ပါတယ်။

✔ တက်မြောက်ရေးကို အလေးပေး သင်ကြားပေးတဲ့ အတွက် သင်ခန််းစာများကို ကိုယ်တိုင်လက်တွေ့ ပြုလုပ်တက်အောင် သင်ကြားပေးနေပါပြီ

အချိန်ကာလသတ်မှတ်မထားပဲတက်မြောက်သည်အထိသင်ကြားပေးနေပါပြီ
==============
အသေးစိတ် စုံစမ်းမေးမြန်းလိုပါက

🏘️ (​၄)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးအနီး၊ အဖျောက်မြို့။

☎️ 09-969622199

11/09/2019
19/09/2018

1----ကွန်​ပျုတာဆိုတာ
ကွန်​ပျုတာဆိုတာအင်္ဂလိပ်စကားလုံးcompute(မြန်​မာလိုတွက်​ချက်​)လိုအဓိပ္ပါယ်​ရပါတယ်​။တွက်​ချက်​တယ်​လို့အဓိပ္ပါယ်​ရတဲ့အင်္ဂလိပ်​စကား​တော်​​တော်​များများရှိပါတယ်​။ဥပမာ-
Calculate(တွက်​ချက်​သည်​)ဒါ​ပေမဲ့Calculator(ဂဏန်း​ပေါင်းစက်​)သာဖြစ်​သွားခဲ့သည်​ ကျွန်​​တော်​တို့ရဲ့လူ​ပြောအများဆုံးကွန်​ပျုတာက​တော့ Compute က​နေComputerဖြစ်​လာတယ်​ တွက်​ချက်​တဲ့စက်​ပါပဲ ဒါ​ပေမဲ့ Calculator ထက်​​တော့အများကြီးသာတာ​ပေါ့
ကွန်​ပျုတာလို​ပြောခြင်းအားဖြင့်​ input device,Output device,Processing Device,Storage Device များအ​ခြေခံပါတယ်
Essential Device​ပေါ့မရှိမဖြစ်​ပါဝင်​ရမည်​ပစ္စည်းလိုဆိုလိုချင်​တာပါ။ခုနကအင်္ဂလိပ်​လို​တွေ​ပြောလိုက်​​လိုနာမလည်းဘူးဖြစ်​သွားတယ်​ထင်​ပါတယ်​(ခုမှကွန်​ပျုတာကိုစသင်​ပါတယ်​ဆိုမှ ဗိုလ်​လိုကြီးပဲမှုတ်​​နေတယ်​ ဆန္ဒမ​စောပါနဲ့ဗျာ ပြန်​ရှင်းပြပါမယ်​။

A......Imput Device
Input Device ဆိုတာကData​တွေကိုထည့်​သွင်းဖို့ကိုဆိုလိုတာပါ။

B............Output Device
Output Deviceဆိုတာကတွက်​ချက်​ထားတယ်​အ​ဖြေ​တွေကိုပြန်​လည်​​ဖော်​ပြ​ပေးတဲ့ပစ္စည်း​တွေလိုဆိုလိုတာပါ။

C..........Processing Device
Processing Device ဆိုတာကတွက်​ချက်​​ပေးမယ်​သူ(လူလိုဆိုရင်​ဦး​နှောက်​)ကိုဆိုလိုတာပါ။ကွန်​ပျုတာထဲမှဆိုအမြင့်​ဆုံးပစ္စည်း​ပေါ့

D..........Storage Device
Storage DeviceဆိုတာကData​တွေကိုသိမ်းဆည်းဖို့​နေရာ​တွေ့ကိုဆိုလိုတာပါ။ခုချိန်​မှာဆိုရင်​computerဆိုတာဘာလဲ​မေးရင်​ Intput+Process+Output+Storage Function​တွေပါ​သောElectronic Device (လျှပ်​စစ်​ပစ္စည်းလိုအကြမ်းဖျင်းမှတ်​ထား​ပေးပါခင်​ဗျာ

CPU အကြောင်းသိကောင်းစရာ...********************************အရင်တရက်က RAM အကြောင်းတင်းပေးပြီပြီ ။အခုက CPU အကြောင်းပါ ။Comp...
21/04/2018

CPU အကြောင်းသိကောင်းစရာ...
********************************

အရင်တရက်က RAM အကြောင်းတင်းပေးပြီ
ပြီ ။

အခုက CPU အကြောင်းပါ ။

Computer ရဲ့ဦးနှောက်လို့တင်စားခေါ်

ဝေါ်လေ့ရှိတဲ့ Microprocessor (ဝါ) CPU

သည် transistor သန်းပေါင်းများစွာဖြင့်ပြုလုပ်ထားပြီး
motherboard (သို့) circuit board ပေါ်တွင် တိုက်ရိုက်တပ်ဆင်အသုံးပြုရသည့်အကြီးမားဆုံးသော Chip တစ်ခုပင်ဖြစ်ပါတယ်။

(၁၉၇၁) ခုနှစ်တွင် Intel company မှ
4004 processor ကိုပထမဦးဆုံးစီးပွားဖြစ် တီထွင်ထုတ်လုပ်ရောင်းချခဲ့ပါတယ်။
ထို 4004 processor ကို transistor ပေါင်း ၂၃၀၀ခန့်ဖြင့်တည်ဆောက်ထားပြီး 60 kHz ဖြင့်
အလုပ်လုပ်ဆောင်ပါတယ်။ 60 kHz ဆိုတာကတော့
တစ်စက္ကန့်မှာတွက်ချက်မှုပေါင်း(၆)သန်းခန့်ကို
လုပ်ဆောင်နိုင်ခြင်းပင်ဖြစ်ပါတယ်။
ယနေ့ခေတ်ပေါ် processor များကိုတော့
သန်းနှင့်ချီသော transistor များဖြင့်
တည်ဆောက်ထားပြီး တစ်စက္ကန့်မှာ
တွက်ချက်မှုပေါင်း သန်းထောင်ချီပြီး လုပ်ဆောင်နိုင်ကြပြီဖြစ်ပါတယ်။

Microprocessor ရဲ့ပါတ်လည်အနားတစ်လျှောက်မှာ
ရာနှင့်ချီသော pin များကို တွေ့ရပါလိမ့်မယ်။
ထို pin များထဲမှ အချို့ဟာ
Bus (data carrier) များမှလာသော
Signal Line များနှင့်ချိတ်ဆက်ရန်ဖြစ်ပြီး
အချို့ကတော့ Chip ကို ပါဝါပေးရန်ဖြစ်ပါတယ်။
CPU တစ်ခုကို ပကတိ မျက်စိဖြင့်ကြည့်မယ်ဆိုရင်
Component တစ်ခုတည်းအဖြစ်သာမြင်ရမှာဖြစ်ပြီး
အတွင်းပိုင်းမှာတော့ ALU (Arithmetic Logic Unit) ၊ Register ၊ CU (Control Unit) အစရှိသောအစိတ်အပိုင်းများကိုစုပေါင်းပြီး
ထည့်သွင်းတည်ဆောက်ထားပါတယ်။
ဖွဲ့စည်းတည်ဆောက်ပုံများသည် CUP အမျိုးအစားပေါ်မူတည်ပြီး အမျိုးမျိုးကွဲပြားကြသော်လည်းအခြေံကျသော
သဘောတရားများမှာတော့ အတူတူပင်ဖြစ်ပါတယ်။
CPU သည် Calculation နှင့် Data များကို
Program မှညွှန်ကြားသော Instruction များအတိုင်း
process လုပ်ရသောတာဝန်များကိုဆောင်ရွက်ရပါတယ်။
Instruction များဆိုတာကတော့ရောက်ရှိလာတဲ့
data များကို CPU မှဘယ်လိုထိန်းချုပ်လုပ်ဆောင်ရမလဲဆိုတာကို ညွှန်ကြားတဲ့ command များပဲဖြစ်ပါတယ်။
ဥပမာ 2 + 7 ရဲ့အဖြေကိုတွက်ထုတ်တဲ့အခါမှာ + (Add) သည်အခြေခံကျဆုံး instruction တစ်ခုပဲဖြစ်ပါတယ်။
2 နဲ့ 7 ကိုတော့ calculate မလုပ်ခင်မှာ
ခုနကပြောခဲ့တဲ့ Register ဆိုတဲ့အခန်းငယ်လေးထဲမှာ ခဏသိမ်းထားပါတယ်။

အလားတူပဲ program တစ်ခု (ဥပမာ Microsoft Word) ကိုအသုံးပြုပြီး file တစ်ခုရေးဖွဲ့တဲ့နေရာမှာဆို
ထို file အတွင်းပါစာသားများ ၊ ရုပ်ပုံများ ဟာ
data များပင်ဖြစ်ပါတယ်။
အဲ့ဒီ file ကိုသိမ်းဆည်းရန် (သို့)
printer ထုတ်ရန်အတွက် Print (သို့)
Save တွင် click နှိပ်ပြီး command ပေးရပါမယ်။
ထို Print (သို့) Save သည် CPU အား
data များအပေါ်မှာ ဘယ်လိုပြုမှုဆောင်ရွက်ရမလဲဆိုတာကို
ညွှန်ကြားသော Program (သို့ )
series of instructions များပဲဖြစ်ပါတယ်။
CPU ဟာ Instruction တစ်ခုလာတဲ့အခါ
ထို instruction သည် ဘာကိုလုပ်ဆောင်ဖို့ရန်
ခိုင်းစေသလဲဆိုတာကို နားလည်ဖို့လိုပါတယ်။
CPU အပါအဝင်
computer အစိတ်အပိုင်းအားလုံးအသီးသီးတို့သည်
Lowest-level programming language
ဖြစ်သော machine language ကိုသာလျှင်
နားလည်ပါတယ်။ ထို machine language ကို
CPU မှအလွယ်တကူနားလည်လက်ခံနိုင်သော်လည်း
လူသားများအတွက်တော့ ရေးဖို့ဖတ်ဖို့ရန်မဖြစ်နိုင်ပါ။

ဘာဖြစ်လို့လဲဆိုတော့ machine language တွင်
number (1 & 0) များသာ
ပါဝင်သောကြောင့်ဖြစ်ပါတယ်။

ဥပမာ - 0000 0001 0010
1000 0101 1100 00111
ဒါကြောင့် software ရေးသားသူ programmer များက Assembly (သို့)
high level programming language
လို့ခေါ်တဲ့ C ၊ Fortran ၊ Pascal တို့ကိုအသုံးပြုပြီး
software များကိုရေးသားရပါတယ်။
ဟိုးယခင် Programming ခေတ်ဦးကာလတုန်းကဆိုရင်
Program အားလုံးတို့ကို Assembly language ဖြင့်သာရေးသားခဲ့ကြပါတယ်။ Assembly language သည် machine language နှင့်ဆင်တူသော Structure နှင့် Command များပါရှိပါတယ်။

သို့သော် number များအစား name များဖြင့်
ရေးသားနိုင်ပါတယ်။
ဥပမာ - add $r2, $r3, $r4
ယနေ့အချိန်မှာတော့ Assembly language အသုံးပြုမှုနည်းပါးသွားပြီဖြစ်ပြီး
high level language များဖြစ်ကြသော
C ၊ Fortran ၊ Pascal တို့ကိုသာ
အဓိကထားအသုံးပြုပြီး program များကို
ရေးသားလျက်ရှိပါတယ်။
ထို high level language များသည်
human language နှင့်ဆင်တူသည့်အတွက်ကြောင့်
Program များကို အလွယ်တကူရေးနိုင် ဖတ်နိုင် ပြုပြင်ထိန်းသိမ်းနိုင်ကြပါတယ်။
သို့သော်ငြားလည်း speed သည် အရေးကြီးပြီး
high level language နှင့်ရေးသားဖို့ရန်မဖြစ်နိုင်သော
operation များအတွက် assembly language ကို ယနေ့တိုင်အသုံးပြုရဆဲဖြစ်ပါတယ်။

Program တစ်ခုကို မည်သည့် language နဲ့ရေးဖွဲ့စေကာမူ နောက်ဆုံးတစ်ချိန်မှာ CPU နားလည်လက်ခံနိုင်သော
machine language အဖြစ်သို့
translate လုပ်ပေးရပါတယ်။
ထိုသို့ translate လုပ်နိုင်ရန်အတွက်
high level language မှ
machine language သို့ပြောင်းလဲပေးသော
compiler ၊ interpreter ၊ assembly မှ
machine language သို့ပြောင်းလဲပေးနိုင်သော
assembler တို့ဖြင့် translate လုပ်ပေးရပါတယ်။ Microprocessor ဈေးကွက်ကို လွှမ်းမိုးထားပြီး ယနေ့ computerအများစုတို့အတွင် အသုံးပြုလျက်ရှိသော Microprocessor များကို အဓိကထုတ်လုပ်သူ
company ကြီး၂ခုသာရှိပါတယ်။
Intel နဲ့ AMD (Advanced Micro Device)
တို့ပဲဖြစ်ပါတယ်။

Intel သည် processor ဈေးကွက်ကိုလွှမ်းမိုးထားပြီး ဈေးကွက်ဝေစုအများဆုံးပိုင်ဆိုင်ထားသော
CPU ထုတ်လုပ်သည့် company ဖြစ်ပါတယ်။
အစောပိုင်း CPU တွေကို အမည်ပေးတဲ့နေရာမှာ နံပါတ်တွေနဲ့ပေးသားခဲ့ပါတယ်။

8080 ၊ 286 ၊ 486 အစရှိတဲ့အမည်များနဲ့ဖြစ်ပါတယ်။
486 နောက်ပိုင်းအမည်ပေးတဲ့နေရာမှာ
Pentium ၊ Celeron ၊ အစရှိတဲ့
Pentium မျိုးဆက်ပဲဖြစ်ပါတယ်။
အဲ့ဒီနောက်ပိုင်းမှာတော့ Pentium မဟုတ်ပဲ
Core အမည်များနဲ့လာပါတယ်။
Core 2 Duo ၊ Core 2 Quad ကနေစပြီး
ယနေ့နောက်ဆုံးပေါ် Core i3 ၊ Core i5 ၊ Core i7 တို့ထိအောင်ဖြစ်ပါတယ်။
CPU အလုပ်လုပ်ပုံ Computer ပေါ်မှာ
software တစ်ခုကို install လုပ်ခြင်းသည်
series of instruction များပါဝင်သော
program code များနှင့် ဆက်စပ်လျက်ရှိသော
file များကို hard disk ပေါ်တွင် သိုလှောင်သိမ်းဆည်းထားခြင်းပင်ဖြစ်ပါတယ်။
အလားတူပင် image များ document များအစရှိသော
data များသည်လည်း storage device လို့ခေါ်သည့်
hard disk များ CD ROM များပေါ်တွင်
သိမ်းဆည်းထားပါတယ်။
Program ကို run တဲ့အခါမှာသော်လည်းကောင်း
data များ storage device ထဲမှနေပြီး
RAM (Random Access Memory) ပေါ်သို့ copy ကူးယူလိုက်ပါတယ်။ ထို RAM မှတစ်ဆင့် data များကို
Bus များမှတစ်ဆင့် ယူငင်အသုံးပြုပြီး
CPU မှစတင် process လုပ်ပါလိမ့်မယ်။
အလားတူပင် process လုပ်ပြီံးသွားသော data များကို
CPU မှ RAM ပေါ်သို့ RAM မှ
storage device (Hard Disk) ပေါ်သို့အဆင့်ဆင့်ပြန်ရေးရပါတယ်။
ဒီလိုနဲ့ data တွေကို memory ပေါ်ခဏတင်ထားပြီး
CPU မှ process လုပ်ကာ
အသုံးပြုသူက save လိုက်တာနဲ့တစ်ပြိုင်နက်
hard disk ထဲကိုပြန်သိမ်းပေးပါတယ်။

ကဲ…ဒါဆိုရင်စာဖတ်သူတို့လည်း
Microprocessor (သို့) CPU ဘယ်လိုအလုပ်လုပ်တယ် ဘယ်လိုဖွဲ့စည်းထားလဲဆိုတာကို သိသွားပြီဖြစ်ပါတယ်။
နောက်ထပ် processor တွေရဲ့ Speed ကိုတွက်ချက်ပုံများကိုထပ်မံဖော်ပြပေးပါဦးမယ်။
အစဉ်လေးစားစွာဖြင့်….


#မူရင်းရေးသားသူကိုcreditပေးပါတယ်။
#ဗဟုတုသရန်shareပေးခြင်းဖြစ်ပါတယ်။

#အပန်းမကြီးရင်Shareသွားနော်။

Windows Registry အကြောင်း=========================မနေ့က တင်ပေးမယ်ပြောထားတဲ့ Windows Registry အကြောင်း တင်ပေးလိုက်ပါတယ်။C...
20/04/2018

Windows Registry အကြောင်း
=========================

မနေ့က တင်ပေးမယ်ပြောထားတဲ့ Windows Registry အကြောင်း တင်ပေးလိုက်ပါတယ်။

Computer Windows နဲ့ပတ်သက်လာရင် Registry ပိုင်းကို မေ့ထားလို့ ပစ်ထားလို့မရပါဘူး ဒါကြောင်း Windows မှာ အရေးပါတဲ့ Registry ကို တင်ပေးလိုက်ပါတယ်။

ကျွန်တော်တို့အများစုဟာ Windows ရဲ့ Setting တွေကို ပြင်ဆင်တဲ့အခါမှာ Control Pannel ထဲကနေဝင်ပြီး ပြင်ဆင်ကြတာများပါတယ် ဒီနေရာက လွယ်ကူတော့ Userတွေအတွက်လုပ်ရတာအဆင်ပြေတဲ့နေရာဖြစ်တယ်...။

ဒါပေမဲ့ Windows ဟာ သူ့အတွက် ထိခိုက်စေနိုင်တဲ့ အရေးကြီးတဲ့ တစ်ချို့ ပြင်ဆင်မှုမျိုးတွေကိုတော့ Control Pannel ကနေ ပြင်ဆင်ပြုလုပ်ခွင့်မပေးထားတော့ဘူး ဒါကလည်း Windows OS ပျက်စီးသွားမှာစိုးလို့ မှားယွင်းတဲ့ ပြင်ဆင်မှုတွေ ပြုလုပ်မိမှာစိုးလို့ ကန့်သတ်ထားတာ ဖြစ်ပါတယ် ဒါကြောင်း ကျွန်တော်တို့ Windiws OS နဲ့ပတ်သက်တဲ့ အရေးကြီး အစိတ်အပိုင်းတွေကို ပြင်ဆင်ပြုလုပ်ချင်တယ်ဆိုရင် Registry ကနေသာ ပြင်ဆင် ပြုလုပ်ခွင့်ပေးထားတာဖြစ်ပါတယ်။

Registry ဆိုတာကတော့ OS နဲ့ စက်ရဲ့ Application,Software, Hardware, Device , Driver
နဲ့ Network Protocols တွေနဲ့သက်ဆိုင်တဲ့ သတင်းအချက်လက် အစုဝေးနေရာဖြစ်ပါတယ်။

ဒီ Registry ထဲမှာ အဓိက ပါဝင်တာတွေကတော့
Device & Application ၊ Setup Progarm ၊
User Profile ၊
NTLDR
Device Driver
Hardware Profile
Application Progarms ဒါတွေဖြစ်ပါတယ်။

ဒီ Registry ကိုထဲမှာ Logical Organization နဲ့
Physical Organization ဆိုပြီး ကျွန်တော်တို့ တည်ဆောက်ပုံ ( ၂ ) မျိုးခွဲထားပါတယ်။

1= Logical Organization
=====================
သူ့မှာတော့ Branch (5) ခုရှိတယ် အဲ့ဒီ ငါးခုကို High level key (or) Sub key (or) Main key လို့ခေါ်ပါတယ် သူ့အောက်မှာလည်း နောက်ထပ် Sub key တွေရှိပြီးတော့ အောက်ဆုံးအဆင့်မှာ Value တွေရှိပါတယ် Value တွေမှာလည်း Valuename တွေ Assign လုပ်ထားတဲ့ Data & Data Type တွေရှိပါတယ်၊
အဲ့ဒီ High level key(or) Sub key(or) Main key တွေကတော့ ....

HKEY_CLASSES_ROOT
--------------------------------
သူကတော့ Software တွေ ဘယ်လိုဖွဲ့စည်းထားတယ်ဆိုတာကို ဖော်ပြပေးထားတာဖြစ်ပြီး HKEY_LOCAL_MACHINE ၏ Sub key တစ်ခုလည်းဖြစ်ပါတယ်။

HKEY_CURRENT_USER
--------------------------------
သူကတော့ လက်ရှိ logon ဝင်ရောက်နေတဲ့ User နဲ့သက်ဆိုင်တဲ့ အချက်လက်တွေကိုဖော်ပြပေးတယ် ပြီးတော့ လက်ရှိ User ရဲ့ အချက်လက်တွေကို သိမ်းထားပေးတဲ့ နေရာဖြစ်ပါတယ်။

HKEY_CURRENT_CONFIG
------------------------------------
ဒီကောင်ကတော့ လက်ရှိ Active ဖြစ်နေတဲ့ Hardware Configuration ကိုဖော်ပြပေးပြီး သူသည် HKEY_LOCAL_MACHINE ၏ Sub key နှစ်ခုဖြစ်သော Software နှင့် System မှ Data များကို ထုတ်နှုတ်ဖော်ပြပေးတဲ့နေရာ ဖြစ်ပါတယ်။

HKEY_USERS
-------------------
သူကတော့ လက်ရှိ Logon ဝင်ရောက်နေသော User ရဲ့ ID & Logon Screeen ကိုတည်ဆောက်ရန် လိုအပ်တဲ့ အချက်လက်တွေကိုပြပေးပြီး
User အားလုံးရဲ့ Profile တွေကိုလည်း သိမ်းထားပေးပါတယ်၊
HKEY_CURRENT_USER သည် HKEY_USERS ၏ Sub key တစ်ခုလည်းဖြစ်ပါတယ်။

HKEY_LOCAL_MACHINE
----------------------------------
သူကတော့ Windows OS စတင်ရန်လိုအပ်သော Device များ၊ Device Driver များနဲ့သက်ဆိုင်သော Data များအပါအဝင် Computer နဲ့သက်ဆိုင်သော Data Configuration များကိုပြပေးတဲ့နေရာဖြစ်ပါတယ်၊
အခြား မတူညီသော User များ Logon ဝင်ရောက်နေစဉ် သူရဲ့ အချက်လက်တွေကို မပြောင်းပေးပါ။

အထက်ပါ Sub Key ( ၅ ) ကိုခုကိုကြည့်ခြင်းအားဖြင့် Registry မှာ အဓိက Sub key နှစ်ခုပဲရှိတာကို သိရှိနိုင်ပါတယ် ၊
HKEY_USERS အောက်မှာ –HKEY_CURRENT_USER , နဲ့ HKEY_LOCAL_MACHINE အောက်မှာ -HKEY_CURRENT_CONFIG နဲ့ HKEY_CLASSES_ROOT ရှိနေပါတယ်။

2= Physical Organization
======================
သူ့မှာလည်း Registry ကို Hive လို့ခေါ်တဲ့ File ( 5 ) ခုရှိပါတယ်၊

1.Default
2.SAM
3.SECURITY
4.SOFTWARE
5.SYSTEM ဒီ ( 5 ) ခုဖြစ်ပါတယ်၊

အဲ့ဒီ ( 5 ) ခုက

HKEY_LOCAL_MACHINE အောက်မှာ
1-SAM
2-SECURITY
3-SOFTWARE [-HKEY_CLASSES_ROOT - HKEY_CURRENT_CONFIG]
4-SYSTEM [-HKEY_CURRENT_CONFIG] ဒီလေး ခုနဲ့

HKEY_USERS မှာ
Default [-HKEY_CURRENT_USER] ဒီတစ်ခုရှိနေပါတယ်၊

ကျွန်တော်တို့ အလုပ်လုပ်တာက Logical မှာပဲ အဓိက အလုပ်လုပ်တာဖြစ်တဲ့ အတွက် Logical လောက်ပဲရှင်းရှင်းလင်းလင်းသိထားပြီး Physical ပိုင်းကိုတော့ နားလည်ရုံဆို အဆင်ပြေပါပြီ ဒါကြောင်း Registry အသုံးပြုပုံ အသုံးပြုနည်းကို ဆက်သွားကြရအောင်....။

ကျွန်တော်တို့ အများစုဟာ Registery ဆိုတာကို Run Box ကနေ regedit ဟုရိုက်ထည့်ပြီး ခေါ်ကြတယ် ဖွင့်ကြတယ် အသုံးပြုကြတယ် ... သူဘယ်မှာရှိတယ် သူ့ရဲ့တည်နေရာက ဘယ်မှာလဲ သူ့ရဲ့အချက်လက်တွေကို ဘယ်မှာသိမ်းထားလဲဆိုတာ သတိမပြုမိကြသလို တော်ရုံနဲ့လည်း မလေ့လာဖြစ်ကြပါဘူး .

သူ့ရဲ့တည်နေရာကတော့ %SystemRoot%\System32\Config ထဲမှာရှိနေပါတယ် Windows OS ဟာ Registry ကို Automatic Backup လုပ်ပေးပြီးတော့ Backup File တွေကို %System%\Repair ထဲမှာသိမ်းထားပေးပါတယ်။

ဒီလောက်ရှင်းပြရင် Registery အကြောင်းကို နားလည်သိရှိလောက်ပြီဆိုတော့ Registery ကို သွားကြရအောင်...

Win+R ကိုနှိပ်ပြီး Run Box ကိုခေါ်လိုက်ပါ Run Box ပွင့်လာရင် အဲ့အထဲမှာ regedit ဟုရိုက်ထည့်ပြီး Enter ကို နှိပ်ပေးလိုက်ရင် Registry Editor Box ပွင့်လာပါလိမ့်မယ်၊ ပွင့်လာတဲ့ Box ရဲ့ ဘေဘက်မှာ High level key(or) Sub key(or) Main key လို့ခေါ်တဲ့ Registry ရဲ့ အဓိက Branches (၅ ) ခုကို တွေ့ရမှာဖြစ်ပြီး ညာဘက်မှာတော့ Registry Value အောက်က Data တွေကိုပြသမယ့် Data Name, Data Type နဲ့ Data အမျိုးစားတွေကို ပြသပေးမှာဖြစ်ပါတယ်။

အထက်မှာပြောပြခဲ့သလို Value တစ်ခုမှရှိတဲ့ Data တစ်ခုခုကိုဖော်ပြတဲ့ နေရာမှာ Data type အမျိုးစား (၆ ) ခုထဲက တစ်ခုခုနဲ့ဖော်ပြနိုင်ပါတယ်. အဲ့ ( ၆ ) မျိုးကဘာလဲဆိုတော့ အောက်မှာကြည့်ပါ

1.REG_BINARY
----------------------
Raw Binary Data, Hardware သတင်းတွေကို Computer မှ binary အဖြစ်သိမ်းပေးမယ့်
Registery editor မှာအကျဉ်းချုံးရန် Hexa Decimal နဲ့ပြပေးပါတယ်။

2.REG_DWORD
------------------------
4 byte အရှည်ရှိတဲ့ ကိန်းဂဏန်းများနဲ့သိမ်းပြီး Device Driver များ Service နဲ့သက်ဆိုင်သော parameter ကိုဖော်ပြပေးပါတယ်။

3.REG_EXPAND_SZ
----------------------------
variable များဖြစ်ပါတယ်။

4.REG_MULTI_SZ
--------------------------
multiple type, user များသိနိုင်သော Char နှင့် ဂဏန်းများရောနှောပုံ နေရာလွတ်တွေနဲ့ အခြားအမှတ်တွေကိုဖော်ပြပေးပါတယ်။

5.REG_SZ
-----------------
စာသားများပါဝင်ပြီး အလျားသတ်မှတ်ချက်ရှိသော အက္ခရာစဉ် ကိန်းတန်းတစ်ခုကိုဖော်ပြပါတယ်။

6.REG_FULL_RESOCE_DESCRIPTOR
------------------------------------------------------
Hardware Dirver တစ်ခု Resource List ကိုသိမ်းဆည်းရန် ဒီဇိုင်းထုတ်ထားသော
Nested Array တစ်ခုရှိပါတယ်။

ဒီနေရာမှာ တစ်ခုမှာချင်တာက ကျွန်တော်တို့သည် Registry ကိုလေ့လာပြီဆိုရင် သိချင်လာမယ် ကလိချင်လာမယ် စမ်းသတ်မှုတွေပြုလုပ်မှာသေချာသလောက်ပါပဲ ... Registry ဟာ Windows ရဲ့ အဓိက အရေးပါ အရေးကြီးတဲ့ ကွန်ပျူတာဦးနှောက်ဆိုလည်း မမှားတာကြောင်း ကလိလို့ စမ်းသတ်မှုပြုလုပ်လို့ တစ်စုံတစ်ခု ချို့ယွင်းပျက်စီးသွားရင် Windows ပြန်မတက်လာတဲ့အထိပြဿနာရှိပါတယ် ဒါကြောင်း Registry ကို ကလိတော့မယ် စမ်းသတ်ပြုလုပ်တော့မယ်ဆိုရင် အရင် ဦးဆုံး Registry Backup ပြုလုပ်ထားဖို့ အကြံပြုမှာထားချင်ပါတယ် ဒါမှ ပြဿနာတစ်ခုခုဖြစ်သွားရင် Restore နဲ့ ပြန်ဖြေရှင်းလို့ အဆင်ပြေမှာပါ..။

ကဲဒါဆို ကျွန်တော်တို့ Windows မှာ Auto ပါတဲ့ Backup or Restore Wizard ကို အသုံးပြုပြီး Registry ကို Backup ပြုလုပ်ကြရအောင် ....

Registry Backup
-------------------------

ပထမဆုံး Run Box ထဲမှာ regedit လို့ရိုက်ထည့်ပြီး Enter ကို နှိပ်ပေးလိုက်ပါ
Registry Editor box ပွင့်လာပါလိမ့်မယ် အဲ့ Box မှာ ဘေဘက်အပေါ်နားက File ကိုနှိပ် Export ကိုနှိပ်ပြီး Backup File ကို သိမ်းမယ့်နေရာကို ရွေးပေး File Name တစ်ခုပေးပြီး Save လိုက်ပါ ဒါဆို ကျွန်တော်တို့ Registry ကို Backup လုပ်တာပြီးသွားပါပြီ ...

Registry Restore
-------------------------

Restore ပြလုပ်ချင်တယ်ဆိုရင်တော့ မိမိ Backup လုပ်ပြီး သိမ်းထားခဲ့တဲ့ File လေးကို
၂ချက်တောက်ပြီး Yes ပေးလည်းရသလို ဒါမှ မဟုတ် အဲ့ File ပေါ် Right-Click ထောက်ပြီး Merge ကို နှိပ်ပေးပြီး Yes ကို နှိပ်ပေးလိုက်လည်း ရပါတယ် အားလုံးပြီးသွားရင်တော့ ကွန်ပျူတာ Restart ကျသွားပါလိမ့်မယ် မကျရင် ချပေးလိုက်ပါ။
Windows ပြန်တက်လာရင် Windows Registry က အရင်အတိုင်းပုံမှန်ဖြစ်သွားပါလိမ့်မယ်။

ခုနောက်ပိုင်းက Software တွေ အများကြီးရှိနေပြီဆိုတော့ အခြားသော Registery Software တွေ အသုံးပြုပြီး Backup & Restroe လုပ်လည်းရပါတယ်...။

ကဲ့ ဒီလောက်ဆိုရင် Windows Registry အကြောင်းကို နားလည် သဘောပေါက်လိမ့်မယ်လို့ ထင်ပါတယ် နောက်လည်း လေ့လာတွေ့ရှိချက်များကို ထပ်မံ၍ ရေးသားဖော်ပြတင်ပေးသွာပါမယ်။

Computer မှာ USB ကြိုးကနေ Virus မဝင်အောင် ကြိုတင် ကာကွယ်နည်း...============================================Computer က လိ...
18/04/2018

Computer မှာ USB ကြိုးကနေ Virus မဝင်အောင် ကြိုတင် ကာကွယ်နည်း...
============================================

Computer က လိုချင်တဲ့ file တေကို
တစ်ခုနဲ့ တစ်ခု ကူးကြတဲ့ အခါမှာ USB
ကြိုးတေကို အသုံးများကြပါတယ်..
အဲ့ လိုအခါမှာ ကူးတဲ့ device က virus ပါတတ်ပါတယ်...
USB ကြိုးနဲ့  Computer ကို ချိတ်လိုက်တာနဲ့ Virus က computer ထဲကို တန်းပီး ဝင်ပါတယ်....
အဲ့လို virus အလွယ်တကူ မဝင်နိုင်အောင်
Computer မှာ "Turn Off Autoplay"
ကိုEnabledလုပ်ပီး ကြိုတင် ကာကွယ်ထားနိုင်ပါတယ်.....
ပထမဆုံး Run box ကို Windows +Rနဲ့ ခေါ်ပါ...
ပီးရင် box ထဲမှာ gpedit.msc လို့ ရိုက်ထည့်ပါ...နောက်ပီး Enter ခေါက်ပါ..
File တေ ကျလာမှာပါ..
File တေထဲက Administrative Templates ကို နှိပ်ပါ...ပီးရင်
All Settings ကိုရွေးပေးပါ....
file တေကျလာမှာပါ..
Turn Off Autoplay ဆိုတာကို ရှာပါ
((ရှာတာလွယ်ချင်ရင် keyboard က T ကို နှိပ်လိုက် ပါ...
T နဲ့ စတဲ့ file တေပဲ ကျလာမှာ...))
Turn Off Autoplay ကို တွေ့ ရင်
နှိပ်လိုက် ပါ...
ပီးရင် Enabled ကို ရွေးပေး လိုက်ပါ...
အကုန်ပီးရင် Computer ကို restart
ချပေးပါ......အဲ့ဒါဆို computer မှာ virus အလွယ်တကူ မဝင်နိုင်တော့ပါဘူး.....
ပုံနဲ့ လဲ ပြထားပေးပါတယ်...
တစ်ဆင့်ချင်းလုပ်ပါ.....
အဆင်ပြေပါစေ....😃😃😃😃😃

Crd… Kyaw The

ဒီနေ့ RAM အကြောင်းဆက်သွားကြရအောင်..--------------------------------------------------စာကတော့ ရှည်တယ် ဒါပေမဲ့ ဖတ်စေချင်တ...
19/03/2018

ဒီနေ့ RAM အကြောင်းဆက်သွားကြရအောင်..
--------------------------------------------------
စာကတော့ ရှည်တယ် ဒါပေမဲ့ ဖတ်စေချင်တယ်..။

RAM ကတော့တော်တော်များများနားယဉ်ပြီးသားဖြစ်မှာပါ..

RAM ဆိုတာ Random Access Memory ကိုပြောတာဖြစ်တယ်..main memory ,system Ram,physical Ram, DRAM စသဖြင့် ခေါ်ကြတယ် ဘယ်လိုခေါ်ခေါ် ရပါတယ်..
သူကကွန်ပျူတာမှာ cpu နဲ့ hard disk ကြားမှာ data တွေကိုရေးဖို့ ဖတ်ဖို့ အတွက်လုပ်data တွေကိုသယ်ဆောင်ပေးရတယ်..hard diskလို့ ပြောရတာထက် storage area လို့  ပြောရင်ပိုမှန်တာပေါ့ cdrom ,memory, stick, external drive စသဖြင့်ပေါ့ .. သူက data တွေကိုရေးတဲ့ဖတ်တဲ့နေရာမှာ series အလိုက်မဟုတ်ပဲခုန်ကျော်ပြီးတော့ကြိုက်တဲ့နေ ရာက နေဖတ်နိုင် ရေး နိုင် တယ် ..အဲဒါကို random လို့ ခေါ်တယ်.
ဥပမာအနီးစပ်ဆုံးပြောရရင် တို့ mp3 သီချင်း10ပုဒ် ကိုဖွင့် မယ် ဆိုပါစို့ ပထမတစ်ပုဒ်ဖွင့်လိုက်တယ်…နောက်ဒုတိယကိုမဖွင့်ချင်တော့ဘူး နောက်7ပုဒ်မြောက် လောက်ကိုကျော်ဖွင့်လိုက်တယ်..အဲလိုခုန်ကျော်ပြီးတော့အလုပ်လုပ်နိုင်တယ်..အဲလိုခုန်ကျော်ပြီးအလုပ်လုပ်တာကို random access လို့ ခေါ်တယ်.RAMတွေမှာvolatileram၇ှိတယ်nonvolatileramရှိတယ်..volatileဆိုတာpowerရနေစဉ်အချိန်ခနလေးသာဒေတာတွေကိုမှတ်နိုင်တယ် Power မရှိတော့ရင် သူ့ ပေါ်မှာမရေး နိုင်မမှတ်နိုင်တော့ဘူး....
non volatile ကျတော့သူနဲ့ပြောင်းပြန်ပေါ့ Power off သွားပေမဲ့လို့ သူ့ မှာဒေတာ တွေကို ဆက်လက်ထိန်းသိမ်းထားနိုင်စွမ်းရှိတယ်..အခုကျွန်တော်တို့ ကွန်ပျူတာမှာ main memory အဖြစ်သုံးနေတာ သည် volatile ram တွေဖြစ်တယ် …..nvramလို့ ခေါ်တဲ့ rom bios တွေက non volatile ram တွေဖြစ်တယ်..

RAM အမျိုးအစား.......................
RAM အမျိုးအစားတွေလေ့လာကြည့်ရအောင်..
RAM မှာ static RAM နဲ့  Dynamic RAM ဆိုပြီးတော့၇ှိတယ်
static RAM တွေဟာ dynamic RAM ထက်ပိုမြန်ပါတယ်..ပိုပြီးတော့လဲ heat ပိုများတယ် ပမာဏလဲပိုကြီး တယ် ဈေးလဲကြီးတယ် ဒါကြောင့်ကျွန်တော်တို့ ရဲ့  main memory အဖြစ်မသုံးတော့ပဲ processor ထဲမှာ cache memory အဖြစ်သုံးပါတယ်…
dynamic ram ဆိုတာကျွန်တော်တို့ အခုကွန်ပျူတာမှာသုံးနေတဲ့ RAM ကိုပြောတာ ဒါပေမဲ့ဘယ်သူမှတော့DRAM လို့ မခေါ်ကြပါဘူး RAM လို့ ပဲလူသိများကြတာ ဒါကရေဘူယျခေါ်တာပေါ့… RAM လို့ ပြောလိုက်တာနဲ့ dynamic RAM ကိုပြောတယ် ဆိုတာတော့ သိထားရမယ်..cpu အခန်းမှာတုန်းက လည်းကျွန်တော်တို့ ပြောခဲ့တယ် SRAM ကို cache memory အဖြစ်အသုံးပြုတယ်ဆိုတာ ဒါဆိုရင် DRAM ဆိုတာ ဘာကိုပြောတယ် SRAM ဆိုတာ ဘာကိုပြောတယ်ဆိုတာသိသွားလောက်ပါပြီ..

RAM တွေဘယ်လိုတည်ဆောက်ထားသလဲ.....................................................
အခုကျွန်တော်တို့ သုံးနေတဲ့ DRAM ကိုဘယ်လိုဖွဲ့  စည်းထားသလဲဆိုတာဆက်လေ့လာကြည့်ရအောင်..DRAM တစ်ချောင်းမှာ transistor တွေသန်းပေါင်းများ စွာပါဝင်တယ်..အဲဒီ transistor တစ်ခုချင်းစီက on off လုပ်တယ် digital နဲ့ပြောရင် 1 0 ပေါ့အဲတော့ ဒီ transistorတွေက ပါဝါရမှ အလုပ်လုပ်နိုင်မှာပေါ့ data တွေစီးဆင်းနိုင်မှာပေါ့…သို့ ပေမဲ့တဲ့ ဒီ transistor တွေက ပါဝါတော့ရပါရဲ့ အင်မတန်သေးငယ်တဲ့ အတွက်ကြောင့် လျပ်စစ်ဓါတ်အားကိုကြာ၇ှည်သို လှောင်မထား နိုင်ဘူး..refresh ခနခန ပြန်ပြန် လုပ်ရတယ်..ဒါကြောင့်cpu ကနေတွက်ချက်ပြီးသမျှကို RAM ကနေရယူဖို့  အသင့်မဖြစ်သေးတဲ့အခါမှာ wait state ဆိုတာဖြစ်ပေါ်လာတယ်..အဲဒါကို access speed (or) access time လို့ ခေါ်တယ်..
SIMM module
DRAM module တစ်ခုဖြစ်တဲ့  SIMM ကိုလေ့လာကြည့်ရအောင် SIMM ဆိုတာ..single in line memory module လို့ ခေါ်တယ်..သူ့ မှာ30pin simm နဲ့ 72 pin simm ဆိုပြီးတော့ရှိတယ် 386 486 pentium အစောပိုင်းကာလတွေမှာသုံးခဲ့ကြတယ် memory capacity ကို8MB 16MB 32MB ထိပဲတပ်ဆင်လို့  ရတယ်..ဒီနေ့ မှာတော့ မသုံးကြတော့ပါဘူး access time ကို 60ns 70ns နဲ့ လုပ်ဆောင်ကြတယ် အဲမှာ access time ဆိုတာဘာကိုပြောတာလဲဆိုတော့ cpu ရယ် north bridge ရယ် RAM ရယ် ကြားထဲက ဒေတာတွေကို အသယ်အပို့ လုပ်ရာမှာ စောင့်ဆိုင်းရတဲ့အချိန်ကိုပြောတာ..အဲတော့ ns (nano second) များလေလေပိုကြာ လေပေါ့ ကွန်ပျူတာရဲ့ မြန်နှုန်းလည်းကျဆင်းတယ်..performance ကျတယ်ပေါ့..SIMM RAM က အောက်ခြေလေး တွေကြည့်လိုက်လို့ ရှိရင်ေ၇ွေ၇ာင်အသွားစိတ်ကလေးတွေ တစ်ဖက်ပဲပါတယ် single ပေါ့အောက်ကပုံမှာတွေ့  မှာပါ..ယခုမသုံးတော့ပါဘူး ဒါတွေက အရင်တုန်းက RAM အမျိုးအစား တွေပါ…မတွေ့ ရသလောက်ကို ရှားသွားပါပြီ..

DIMM module
simm ပြီးတော့ dimm ပေါ်လာတယ် dual in line memory module လို့  ခေါ်တယ်… အခုကျွန်တော်တို့  personal computer ,server နဲ့ high end work station တွေမှာသုံးတယ်..DIMM တွေဟာ size မျိုးစုံနဲ့  လာပါတယ် 168 pin 184 pin 220pin 240 pin စသဖြင့်လာပြီးတော့ capacity မျိုးစုံနဲ့လာပါတယ်… RAM type တွေဟာ Pin ရယ် notch ရယ် ဒါတွေနဲ့ခွဲထားလေ့၇ှိတယ်..အရင်တုန်းကကျွန်တော်တို့  cpu ကလုပ်သမျှကို RAM ကစောင့်ဆိုင်းရတဲ့အတွက်ကြောင့်အချိန်ကြာတယ် performance ကျတယ်ပေါ့ နောက်ပိုင်းကျတော့ အားလုံး တပြိုင် နက် တည်းတချိန်တည်းမှာဆောင်ရွက်လို့  ရအောင်synchronous operating system ကိုထည့်လိုက်တဲ့ အချိန်မှာနဂိုကထက်ပိုပြီး တော့လုပ်ဆောင်နိုင်တာတွေ့ရတယ်.. အရင်ကလို ns တွေနဲ့မ တိုင်းတာတော့ပဲနဲ့ MHz နဲ့ တိုင်းတာတဲ့ unit အဖြစ်ပြောင်းလဲ လိုက်ကြတယ်..ဒီနေ့အထိပါပဲ…အခုကျွန်တော်တို့  သုံးနေတဲ့ RAM တွေဟာ SDRAM (synchronous DRAM)ဖြစ်တယ်…DDR မပေါ်ခင် SDRAM ဆိုတာ ပေါ်ခဲ့သေး တယ် သူက 1Hz မှာ1bit ကိုပဲသယ်ဆောင်နိုင်တာဖြစ်လို့ ဥပမာ100MHz ဆိုရင် 100 Mbps ကိုပဲသယ်နိုင်မှာဖြစ်ပါတယ်.DDR ဆိုတာ double data rate လို့ အဓိပ္ပာယ် ရလို့  data တွေကို နှစ်ဆ သယ်နိုင်တယ်.. 1Hz မှာ2bitကိုသယ်နိုင်တယ် ဒါကြောင့် 100 MHz ဆိုရင် 200Mbps ကိုသယ်နိုင်တယ် ။

ပထမဆုံး DDR-SDRAM ရဲ့  data clock speed ကိုကြည့်ကြည့်လိုက်ပါ 100 MHz လို့ ပြောထားတယ် အဲဒီ100 MHz ဆိုတာ cpu နဲ့ hard disk ကြားမှာ 1 second မှာ frequency 100 MHz ထုတ်ပေးနေတာကိုပြောတာ..အဲ နောက် ဒုတိယအကွက်က DDR RAM speed ဆိုတာတွေ့ မယ် double data rate ဖြစ်တဲ့အတွက် စောနကတို့ 100 MHz ခုန်တိုင်းမှာ data bit ကိုနှစ်ဆသယ်တာဖြစ်လို့  200 Mbps ဖြစ်သွားပါတယ် ..
DDR/DDR2/DDR3
DDR RAM version အလိုက်ကွာခြားမှုကိုအောက်တွင်လေ့လာနိုင်ပါတယ်…DDR အမျိုးအစားက 184 pin ရှိပြီးတော့ DDR 2 နဲ့ DDR3 ကတော့ 240 pin စီရှိကြပါတယ်…notch (အချိုင့်ကလေး) တွေရဲ့  အကွာ အဝေးမတူညီတဲ့အတွက် pin အရေတွက်ချင်းတူသော်လည်း DDR2 slot မှာ DDR3 ကို စိုက်လို့ မရပေ..

ဈေးကွက်ထဲမှာ PC5300/PC6400 ဆိုတာ
ဈေးကွက်ထဲမှာ DDR2 လို RAM ကိုရောင်းရင် PC2-6400 ဆိုပြီးကြေငြာပြီးတော့ရောင်းလေ့ရှိတယ် ဒါဆိုရင် ကျွန်တော်တို့  က PC2-6400 ဆိုတာကိုတွက်တတ်ဖို့ လိုလာပြီ..အခုကျွန်တော်တို့  သုံးနေတဲ့ DDR2 RAM တွေဟာ transfer rate 64bit ၇ှိပါတယ် အဲဒီ 64bit ကိုပဲ byte ဖွဲ့ လိုက်တော့ 8byte ရပါမယ်.1MHz မှာ8byte ကို transfer လုပ်နိုင်မယ် FSB 800MHz အတွက်ဆိုရင် (8byte*800)6400 Mbps ရပါတယ်အဲဒါကို ကိုယ်စားပြုပြီးတော့ PC2-6400 လို့  ခေါ်တယ်..FSB 667MHz အတွက်ဆိုရင် 5300Mbps ပေါ့ ဒါကြောင့်ကျွန်တော်တို့ ဟာ RAM ၀ယ်ယူတဲ့အခါမှာ RAM ရဲ့  FSB ကိုသိဖို့လိုပါတယ်

DDR RAM ဟာ pinအရေအတွက်184 pin ရှိတယ် အဲတော့ SDRAM တို့ နဲ့  ဆင်တူပေမဲ့  လည်းတပ်ဆင်လို့ မရဘူးဘာလို့  လဲဆိုတော့ pin အရေတွက်ချင်း notch အကွာ အဝေးခြင်း မတူညီတဲ့ အတွက်ကြောင့်ဖြစ်တယ်…DDR2 ကျတော့ 240 pin ဖြစ်တယ် ခုနောက်ဆုံး DDR3 လည်း240 pinပဲဒါပေမဲ့  notch(အချိုင့်ကလေး) တွေရဲ့ distance ကမတူညီပါဘူး တူတာဆိုလို့ pin အရေ အတွက် ပဲတူတာ..DDR2 ကို DDR3 slot မှာစိုက်လို့ မရပါဘူး ထို့အတူပဲ DDR3 slot မှာလည်း DDR2 ကိုစိုက်လို့  မရပါဘူး အခုလက်ရှိ အပြင်မှာသုံးနေတဲ့တော်တော်များများက DDR2 နှင့် DDR3 အသုံးများပါတယ် အချို့  သောကျောင်းနဲ့  ရုံးတွေမှာတော့ DDR RAM ကိုသုံးနေဆဲပါပဲ..desktop မှာ DDR DDR2 အသုံးပြုပြီး တော့ခုနောက်ပိုင်း ထုတ်တဲ့core 2duo core i3 i5 i7laptop နဲ့ notebook တွေမှာDDR3ကို အသုံးပြုလာကြပါတယ်
ECC / Non ECC RAM ဆိုတာ
Ecc ဆိုတာ Error Code Correction ပါ သူက ဘာလုပ်ပေးလဲဆိုရင် program တစ်ခုကို RAM ပေါ်ဆွဲတင်တဲ့အခါ ပဲဖြစ်ဖြစ် ပေးပို့ နေချိန်ပဲဖြစ်ဖြစ် လမ်းခရီးမှာ error ဖြစ်ပေါ်ခဲ့မယ်ဆိုရင် အဲဒီ error ကို user ကတောင်မသိနိုင်ပဲ သူ့ ဘာသာသူ ဖြေရှင်းနိုင်စွမ်းရှိပါတယ်..နောက်ကွယ်မှာ parity code နဲ့  အလုပ်လုပ်သွားတာပါ..သို့ သော်ငြားလည်းပဲ အဲဒီ ECC RAM တွေက ဒီလို error ကိုဖြေရှင်းနိုင်ဖို့ ဆိုရင် RAM တစ်ခု တည်းလုပ်ဆောင်လို့ မရပါဘူး motherboard မှာပါတဲ့  north bridge က support လုပ်မှ ရမှာပါ..ဘာနဲ့ တူသလဲဆိုရင် ဦးလှဟာ သူ့ ရဲ့ သား မောင်ဖြူ ကို ခရီးတစ်ခုကိုလွတ်လိုက်တယ်ဆိုပါစို့ အဲလိုခရီးသွားနေစဉ်မှာ အရေးအကြောင်းရှိရင်ဆက်ဖို့  ဖုန်းတစ်လုံးထည့်ပေးလိုက်တယ်ပေါ့ဗျာ အဲဒီအတွက် မောင်ဖြူက လမ်းခရီးမှာ ဖုန်းဆက်ဖို့ လိုအပ်လာရင် ဦးလှမှာလည်း ဖုန်းတစ်လုံး ရှိနေမှ အဆင်ပြေမှာဖြစ် ပါတယ်.. ဒါမှချိတ်ဆက် မိမှာဖြစ်ပါတယ် ဒီသဘောတရားပါပဲ..Non ECC ကျတော့ အလုပ်လုပ်နေစဉ်မှာ error ပေါ်လာခဲ့ရင် ဖြေရှင်းနိုင်တဲ့ function မပါဘူးပေါ့ဗျာ..ECC RAM တွေက Non ECC RAM တွေထက် ဈေးအနည်းငယ်ပိုပါတယ်..
ယခင်က RDRAM
နောက် RDRAM ဆိုတာရှိခဲ့ သေးတယ် Rambus DRAMပေါ့ သူကအစုံလိုက်တပ် ဆင်ရတယ်.. RDRAM တွေက bus width ကျဉ်းပြီးတော့ high speed နဲ့ လုပ်ဆောင်တယ် bus width က 8 byte ပဲပါတယ်..နည်းတာပေါ့ ဒါပေမဲ့သူကလည်း 1clock cycle မှာ 2 bit data ကိုသယ်ပေးတယ် သူကhigh speed နဲ့ transfer လုပ်တော့ ဒီ RDRAM ကမြန်တော့မြန်ပါရဲ့ အရမ်းပူတယ် အဲဒီ RAM တွေမှာဆိုရင် heat spreader တွေတပ်ထားရတယ် နောက်တော့သူကပူလာလို့ ရှိ၇င် heat spreader တောင်အပူကိုမထိန်းနိုင်တဲ့အခါ windowsကပြုတ်ပြုတ်ကျတယ်..စက်ပြန်တက်တယ်..စောနကပူတဲ့အရှိန်နဲ့  ထပ်ပြီးတော့ပြန်သုံး တော့ပြန်ကျ တာပါပဲ..အဆင်မပြေပါဘူး..တို့ ကွန်ပျူတာမှာ ရှိတဲ့  device တွေအား လုံးကအပူနဲ့ မကင်းဘူး အပူတွေကိုလည်း အင်မတန်ကြောက်ကြပါတယ်.. ဒါကြောင့်ခုနောက်ပိုင်းထုတ်တဲ့ DDR2 DDR3 တို့ ဆိုရင်1.8 volt လောက်ပဲရှိတယ်..ဒီRAM ထုတ်တဲ့  company တွေကလည်း volt အားနည်းနိုင် သမျှနည်း အောင် ထုတ်လုပ်လာကြတယ်.. နည်းပညာတွေ ပိုပိုမြင့်မားလာတာပေါ့…
RAM အကြောင်းပြော တော့မယ်ဆိုရင်
RAM အကြောင်းပြော တော့မယ်ဆိုရင် ဘာအမျိုးအစားလဲ MB ဘယ်လောက်လဲ bus speed ဘယ်လောက်လဲ bus width ဘယ် လောက်လဲ ဒါသိရမယ် ECC RAM အမျိုးအစားလား non ECC RAM အမျိုးအစားလားသိရမယ်..memory space ဘယ်လောက်လဲ size ကို MB /GB နဲ့ တိုင်းတာတယ် memory ဘယ်လောက်လဲ 512 MB 1GB စသဖြင့်ပြောရပါတယ်..memory speed ဘယ်လောက်လဲ ဒါဆိုရင် FSB ကိုမေးတာ 400MHz 800MHz တစ်ခုခုဖြစ်မယ်ပေါ့ ဒါဆိုရင် ကွန်ပျူတာတစ်လုံးမှာRAM ဟာအရေးပါပြီးတော့ RAM ပမာဏများ လေကွန်ပျူတာပိုပြီးတော့ သွက်သွက်လက်လက်အလုပ် လုပ်နိုင် မှာဖြစ်တယ်..

ကိုယ့်စက်မှာ RAM ဘယ်လောက်လိုသလဲ
RAM ပမာဏများလေ ကောင်းလေပါပဲ..RAM မလောက်လို့ operating system တင်လို့ မ၇တဲ့  windows တွေ၇ှိတယ် ဒါကြောင့်windows အတွက် RAM ဘယ်လောက်၇ှိသင့် တယ်ဆို တာ လေ့လာကြည့်၇အောင်..Operating system တစ်ခုကောင်းမွန်စွာလည် ပတ်အလုပ်လုပ်နိုင်ဖို့ အတွက် RAM ပမာဏ လုံလောက်ဖို လိုအပ်ပါတယ်…ဘယ် os ဆိုရင် RAM ပမာဏ ဘယ်လောက်ရှိရမယ်ဆိုတဲ့  သတ်မှတ်ချက်လေး ရှိလာပါတယ်...ဘာကြောင့် OS ပေါ်မူတည်ပြီးRAM ပမာဏလိုအပ်ရသလဲဆိုရင် အသုံးပြုတဲ့ applicationSoftware တွေရဲ့ လိုအပ်ချက်ကြောင့်ပါပဲ…ဒါကြောင့် ကွန်ပျူတာတစ်လုံးဆင်တဲ့ အခါ RAM ကိုဘယ်လောက်MB (Megabyte)/GB(Gigabyte) တပ်ဆင်မလဲဆိုတာ စဉ်းစား ဖို့  လိုအပ်တဲ့  အချက်တစ်ချက်ပါပဲ...RAM ကိုပြောဆိုတဲ့နေရာမှာcapacityနှင့်speedကိုအဓိကထားပြီး သုံးသပ်ပြောဆိုလေ့ရှိ ပါတယ်… နောက်တစ်ချက်ကတော့ ထုတ်လုပ်တဲ့ company ဖြစ်ပါတယ်.. အဲလိုထုတ်လုပ်ရောင်းချတဲ့  နေရာမှာkingston ကနာမည်ကြီးရေပန်းစားတဲ့ componyတစ်ခုဖြစ်ပါတယ် RAM ရဲ့  capacity ကိုတော့ MB (သို့ ) GB unit နဲ့ တိုင်းတာပါတယ်...512 MB,1GB စသဖြင့်တိုင်းတာပါတယ်.. speed ကိုတိုင်းတာတဲ့ unit ကတော့ MHz နဲ့ တိုင်းတာပါတယ် 400MHz/533MHz/800MHz/1066MHz စသဖြင့်….အနာဂတ်မှာတော့ GHzနဲ့ တောင်တိုင်းတာဖို့ အထိမျော်လင့်ထားကြပါတယ်...RAMပမာဏ များလေ ပိုကောင်းလေပါပဲ ပိုများလေ ပိုကောင်းလေဆိုဈေးကလဲကွာသွားတာကိုး..RAMတစ်ချောင်းဝယ်တော့မယ်ဆိုရင် 1GBလိုတစ်ချောင်းတည်း ၀ယ်ယူတပ်ဆင်တာသိပ်တော့ပြသနာမရှိပါ..512 နစ်ချောင်းလိုမျိုးဝယ်တပ်မည့် အချိန်မျိုးကျရင် (သို့ ) နဂို512MB ရှိပြီးသားကိုမှ နောက်ထပ်512MB ထပ်စိုက်ချင်တဲ့ အခါကျရင် သူနဲ့  အမျိုးစားတူ capacity နဲ speedကိုက်ညီမှုရှိတဲ့ အမျိုးအစားတူကိုရှာဝယ်တာအဆင်ပြေဆုံးပါ…capacity တူ speed မတူတာမျိုး speedတူပြီး capacity မတူတဲ့  အမျိုးအစားတွေဝယ်ပြီးတပ်ဆင်ထားတာတွေလဲတွေ့  ဖူးပါတယ်..speedတူပြီး capacity မတူရင်ပြသနာမရှိပါ..အလုပ်လုပ်မှာဖြစ်ပါတယ်..ဒါပေမဲ့ လို့ capacity တူပြီး speedမတူရင်တော့ စက် hung တာတို့  system unstable ဖြစ်တာတို့  ဖြစ်တတ်ပါတယ်။

ဆွေးနွေးချက်အနှစ်ချူပ်
၁။ RAM ဆိုတာ Random Access Memory ကိုပြောတာဖြစ်တယ်..main memory ,system ram,physical ram DRAM စသဖြင့် ခေါ်ကြတယ် ဘယ်လိုခေါ်ခေါ် ရပါတယ်..သူကကွန်ပျူတာမှာ cpu နဲ့ hard disk ကြားမှာ data တွေကိုရေးဖို့ ဖတ်ဖို့ အတွက်လုပ်data တွေကိုသယ်ဆောင်ပေးရတယ်..
၂။ RAM တွေမှာ volatile ram ၇ှိတယ် non volatile ram ရှိတယ်..volatile ဆိုတာpower ရနေစဉ်အချိန်ခနလေးသာဒေတာတွေကိုမှတ်နိုင်တယ် Power မရှိတော့ရင် သူ့ ပေါ်မှာမရေး နိုင်မမှတ်နိုင်တော့ဘူး..non volatile ကျတော့သူနဲ့ပြောင်းပြန်ပေါ့ Power off သွားပေမဲ့လို့ သူ့ မှာဒေတာ တွေကို ဆက်လက်ထိန်းသိမ်းထားနိုင်စွမ်းရှိတယ်..အခုကျွန်တော်တို့ ကွန်ပျူတာမှာ main memory အဖြစ်သုံးနေတာ သည် volatile ram တွေဖြစ်တယ် …
၃။ RAM အကြောင်းပြော တော့မယ်ဆိုရင် ဘာအမျိုးအစားလဲ MB ဘယ်လောက်လဲ bus speed ဘယ်လောက်လဲ bus width ဘယ် လောက်လဲ ဒါသိရမယ် ECC RAM အမျိုးအစားလား non ECC RAM အမျိုးအစားလားသိရမယ်..memory space ဘယ်လောက်လဲ size ကို MB /GB နဲ့ တိုင်းတာတယ် မင်းmemory ဘယ်လောက်လဲ 512 MB 1GB စသဖြင့်ပြောရတယ်..memory speed ဘယ်လောက်လဲ ဒါဆိုရင် FSB ကိုမေးတာ 400MHz 800MHz တစ်ခုခုဖြစ်မယ်ပေါ့ ဒါဆိုရင် ကွန်ပျူတာတစ်လုံးမှာRAM ဟာအရေးပါပြီးတော့ RAM ပမာဏများ လေကွန်ပျူတာပိုပြီးတော့ သွက်သွက်လက်လက်အလုပ် လုပ်နိုင် မှာဖြစ်တယ်..
၎။RAMပမာဏ များလေ ပိုကောင်းလေပါပဲ ပိုများလေ ပိုကောင်းလေဆို ဈေးကလဲကွာသွားတာကိုး.. RAMတစ်ချောင်းဝယ်တော့မယ်ဆိုရင် 1GBလိုတစ်ချောင်းတည်း ၀ယ်ယူတပ်ဆင်တာ သိပ်တော့ပြသနာမရှိပါ.. 512MB နစ်ချောင်းလိုမျိုးဝယ်တပ်မည့် အချိန်မျိုးကျရင် (သို့ ) နဂို512MB ရှိပြီးသားကိုမှ နောက်ထပ်512MB ထပ်စိုက်ချင်တဲ့ အခါကျရင် သူနဲ့  အမျိုးစားတူ capacity နဲ speedကိုက်ညီမှုရှိတဲ့ အမျိုးအစား တူကိုရှာ ၀ယ်တာအဆင်ပြေဆုံးပါ…capacity တူ speed မတူတာမျိုး speedတူပြီး capacity မတူတဲ့  အမျိုးအစားတွေဝယ်ပြီးတပ်ဆင်ထားတာတွေလဲတွေ့  ဖူးပါတယ်..speedတူပြီး capacity မတူ ရင်ပြသနာ မရှိပါ..အလုပ်လုပ်မှာဖြစ်ပါတယ်..ဒါပေမဲ့ လို့ capacity တူပြီး speedမတူရင်တော့ စက် hung တာတို့  system unstable ဖြစ်တာတို့  ဖြစ်တတ်ပါတယ်…
၅။RAM တွေကို ကိုင်တွယ်တဲ့အခါ ဘေးနှစ်ဖက်ကနေခွကိုင်ပါ မတတ်သာမှ အပေါ်အောက်ခွကိုင်မှာ RAM ကိုလက်ထဲမှာဆုတ်ပြီးတော့မကိုင်ပါနဲ့ ..RAM ကိုဖြုတ်တတ်လုပ်တဲ့အခါမှာ အပူနဲ့ လွတ်ကင်းရာမှာပြုလုပ်ပါ..။

Credit..ကိုစံငြိမ်း..

Address

Taikkyi

Website

Alerts

Be the first to know and let us send you an email when ဇာတ်ဆရာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share