CTO Computer Online Training Center

CTO Computer Online Training Center အားလုံးမင်္ဂလာပါဗျ

မိမိတို့ကိုယ်တိုင် ကွန်ပျူတာမှာ ရှိနေတဲ့ မလိုတဲ့ဖိုင်တွေကို ဘယ်လို Disk Cleanup ဘယ်လိုလုပ်ရမလဲ❓ ဆိုတာကို ထပ်ပီးတော့ အသေး...
07/09/2021

မိမိတို့ကိုယ်တိုင် ကွန်ပျူတာမှာ ရှိနေတဲ့ မလိုတဲ့ဖိုင်တွေကို ဘယ်လို Disk Cleanup ဘယ်လိုလုပ်ရမလဲ❓ ဆိုတာကို ထပ်ပီးတော့ အသေးစိတ်လေး ပြောပြပေးထားပါတလ် 😉😉😉

အခုရှင်းပြပေးထားတာမှာတော့ Windows မှာ Default ပါပီးသားဖြစ်တဲ့ Disk Cleanup ကို ကွန်ပျူတာမှာ ရှိတဲ့ Personal Files တွေကို မထိခိုက်စေပဲ မလိုတဲ့ဖိုင်တွေ ရှင်းလင်းဖို့ အတွက် အသုံးပြုပါတလ်။

ဘယ်လိုဖိုင်တွေကို ရှင်းလို့ ရလဲဆိုတော့

▪️အင်တာနက်သုံးတဲ့အခါ Temporary အနေနဲ့ ဖိုင်တွေ
▪️Recycle Bin ထဲမှာ မရှင်းရသေးလို့ ကျန်နေတဲ့ဖိုင်တွေ
▪️Windows Update လုပ်တုန်းက Download ဆွဲထားတဲ့ဖိုင်တွေ
▪️Windows Update လုပ်ပီး ကျန်ရှိနေတဲ့ Windows.Old Files တွေ
▪️တစ်ခြားတစ်ခြားသော Temporary Files တွေ

စတာတွေကို ရှင်းထုတ်ပစ်လို့ ရပါတလ်။

ရှင်းပုံရှင်းနည်းလေးကိုတော့ အောက်က ပုံတွေမှာပဲ အသေးစိတ် လေ့လာကြည့်လိုက်ပါတော့။ 👇👇
Credit itshare
#ကွန်ပျူတာအခြေခံ

Task Manager အကြောင်းသိကောင်းစရာများTask Manager ကို ကောင်းကောင်းအသုံးပြုတတ်ရင် ကွန်ပျူတာပြဿနာတော်တော်များများကို ဖြေရှင...
31/08/2021

Task Manager အကြောင်းသိကောင်းစရာများ

Task Manager ကို ကောင်းကောင်းအသုံးပြုတတ်ရင် ကွန်ပျူတာပြဿနာတော်တော်များများကို ဖြေရှင်းနိုင်မှာပါ။
Windows Version အမြင့်ပိုင်းတွေမှာပါလာတဲ့ Task Manager မွာ ပိုပြည့်စုံတဲ့ Features တွေရှိပါတယ်။
Windows 7 Task Manager မွာမပါတဲ့ Startup ပါလာတယ်။ IP လိပ္စာ၊ MAC Address တွေကို
အလွယ်တကူကြည့်လို ့ရတယ်။ ကွန်ပျူတာအသုံးပြုနေတဲ့ Usage Graphs တွေ ကြည့်လို ့ရတယ်။ စသည်ဖြင့်
ပိုကောင်းလာတဲ့ Features အသစ်တွေပါဝင်ပါတယ်။ Task Manager ကိုဘယ်လိုဖွင့်မလဲ။
အလွယ်ဆုံးနည်းက Run box မွာ taskmgr လို ့ရိုက်ထည့်ပြီး Enter နှိပ်လိုက်ပါ။ Ctrl+Alt+Del ကို
တွဲနှိပ်ပြီးဖွင့်လို ့ရသလို Windows Task bar ကို Right Click ထောက်ပြီး Task Manager ကို ဖွင့်နိုင်ပါတယ်။
Search box မွာ Task Manager လို ့ရိုက်ရှာလိုက်ရင်လည်းရပါတယ်။ တစ်ခြားဖွင့်နည်းတွေလည်း ရှိပါသေးတယ်။

Task Manager ကို စဖွင့်ဖွင့်ချင်းမှာTask Manager ရဲ ့Default ကေတာ့ လက်ရှိ Run လုပ်နေတဲ့ Programs,Apps တွေ
အစဉ်လိုက်တွေ ့မှာဖြစ်ပါတယ်။ အောက်က More Details ကိုနှိပ်လိုက်ရင် စက်ထဲမှာ ဘာတွေ အလုပ်လုပ်နေလဲ
အကုန္လုံးကို အသေးစိပ် မြင်ရမယ်။ Run နေတဲ့ Program,App တစ္ခုရဲ ့ဘေးမှာ Expand မြှားလေးပါရင်
ထပ်ချဲ ့ကြည့်လိုက်ပါ။ အဲ့ဒီ Program,App မွာ နောက်ထပ် Run လုပ်နေတဲ့ Processes တွေကို မြင်ရပါမယ်။
အောက်ကပုံမှာတော့ Chrome ကို ပြထားပါတယ်။ တကယ်လို ့မ်ား Program တစ္ခုက သုံးနေရင်းနဲ ့ဟန်းသွားရင်
အဲ့ဒီ Program ကို Right Click နှိပ်ပြီး End Task နဲ ့ပိတ္လိုက္လို ့ရတယ်။ ဒါပေမယ့် Microsoft Corportation,Explorer,
System စသည့် စက် System ပိုင်းဆိုင်ရာတွေကိုတော့ End Task မလုပ်မိစေနဲ ့။ App တစ္ခုကို Right Click နှိပ်ပြီး
Expand, End Task, Resource Value, Debug စသည်ဖြင့် ပြောစရာတွေ ကျန်ပါသေးတယ်။ မလိုအပ်ဘူးထင်လို ့မပြောတော့ပါဘူး။
ကိုယ်တိုင် ဝင်ကြည့်လို ့ရတယ်။ Type အောက်မှာ Run လုပ်နေတဲ့ Program,App တွေကို Apps,Background နဲ ့Windows System ဆိုပြီး
Processes သုံးခုပိုင်းခြားထားပါတယ်။ တကယ်လို ့Program တစ္ခုက ဘယ္လို Type မှန်းမသိရင် အဲ့ဒီ Program ကို Right Click နှိပ်ပြီး
Search Online နဲ ့ရှာနိုင်ပါတယ်။

Performance အောက်မှာ System Information တွေကို Graphs နဲ ့ပြထားတာတွေ ့ရမယ်။ CPU,RAM,Disk,အင်တာနက်စတာတွေ
ဘယ်လောက်ထိ အလုပ်လုပ်နေလဲ၊ ဘယ်လောက်အမြန်နှုန်းနဲ ့အလုပ်လုပ်နေလဲ အကုန်အသေးစိပ်မြင်ရမယ်။ စက်ရဲ ့IP Address ကို
အင်တာနက် Settings မွာ အဆင့်ဆင့်ဝင်ပြီးမကြည့်ချင်ဘူးဆိုရင် Task Manager ရဲ ့ Wifi or Ethernet မွာ သွားကြည့်နိုင်ပါတယ်။
အောက်ဆုံးက Open Resource Monitor ကိုဖွင့်လိုက်ရင် Task Manager ထက် ပိုပြည့်စုံတဲ့ Information အေသးစိပ္ကို မြင်ရမယ်။
အပေါ်မှာ ပြောခဲ့တဲ့ Processes မှာတော့ လက်ရိုသုံးနေတဲ့ Processes Usage တွေကိုသာ ပြပါတယ်။ App History မှာတော့ App တစ္ခုစီမွာ
CPU က ဘယ်လောက်ထိကြာကြာသုံးနေသလဲ။ Network Bandwidth က ဘယ်လောက်ထိ သုံးနေသလဲ စသည်ဖြင့် အကုန်ကြည့်လို ့ရတယ်။
Windows7 Task Manager မွာမပါတဲ့ Startup Tab မှာတော့ စက်စတက်တက်ချင်း ဖွင့်လာတဲ့ Program တွေကို Enable လုပ်ထားတာတွေ ့ရမယ်။
အဲ့ဒီလို မဖွင့်စေချင်ရင်၊ စက်တက်တာအရမ်းကြာနေရင် Starup ထဲက Program အကုန္လုံးကို Disable လုပ်ထားနိုင်ပါတယ်။ အပြီးတိုင် ဖ်က္လိုက္တာ
မဟုတ္လို ့စိတ်ချလက်ချက် Disable လုပ်ထားနိုင်ပါတယ်။ ကွန်ပျူတာစတက်တက်ချင်း ကိုယ်ဖွင့်စေချင်တဲ့ Program ကို Automatically ပြန်ဖွင့်စေချင်ရင်
Disable လုပ္ထားတာကို Enable လုပ်ထားနိုင်ပါတယ်။ ကိုယ်ဖွင့်စေချင်တဲ့ Program ရဲ ့Location ထဲဝင်။ Software name.exe ကို Copy ကူးပြီး
Run box မွာ shell:startup ကိုရိုက်ထည့်၊ အဲ့အောက်မှာ ခုနကကူးခဲ့တဲ့ setup.exe ကို Paste ချထားလိုက်ပါ။ ပုံထဲမှာတော့ Shweyoe Dictionary ကို
အစမ်းပြထားပါတယ်။

Users Tab အောက်မှာတော့ မိမိစက်မှာ ဘယ်နှစ်ယောက်အသုံးပြုနေလဲ၊ ကိုယ်မသိပဲတစ်ခြားတစ်ယောက်က ခိုးသုံးနေလား ကြည့်လို ့ရတယ်။
အခု Login ဝင်သုံးနေတဲ့ User ရဲ ့ CPU,RAM,Disk,Network Usage တွေကိုလည်းကြည့်လို ့ရတယ်။ Details Tab မှာတော့ စက်ထဲမှာ Run တွေရဲ ့
အသေးစိပ်တွေကိုတွေ ့ရမယ်။ Program တစ္ခုကို Right Click နှိပ်ပြီး Set Priority မွာ ဒီ Program ကို သာမန်အနေဖြင့် အလုပ်လုပ်စေလိုသလား၊
မြန်စေချင်သလား၊နှေးစေချင်သလား ကြိုက်သလို သတ်မှတ်ပေးလို ့ရတယ်။ သင့်စက်က CPU တစ်လုံးထက်ပိုပြီး အလုပ်လုပ်နိုင်ရင်တော့
Set Affinity ကိုနှိပ်ပြီး ဘယ် CPU မွာ ဒီ Program ကို အလုပ်လုပ်စေလိုသလဲ ရွေးပေးလို ့ရတယ်။ အောက်ကမလိုအပ်တဲ့ဟာတွေတော့မရေးတော့ပါ။
Services Tab မှာတော့ Program တစ္ခုရဲ ့Services ကို Stop, Run, Restart လုပ္လို ့ရတယ်။ Open Services ကို နှိပ်လိုက်ရင် Control Panel ထဲက
Services ထဲကို ရောက်သွားမှာပါ။ အသုံးပြုနေတဲ့ Program တစ္ခုက ဟန်းသွားရင် ဒီ Services ထဲဝင်ပြီး Stop လုပ်ပြီး Restart လုပ်ပေးနိုင်တယ်။
အသုံးပြုဖို ့မလိုအပ်တဲ့ Program တွေရဲ ့ Services ကို Stop လုပ္ထားလိုက္လို ့ရတယ်။ ကိုယ်ပြန်သုံးချင်တဲ့အချိန်မှ ပြန်ပြီး Restart လုပ်နိုင်ပါတယ်။
စက်ရဲ ့System ပိုင်းဆိုင်ရာ Services တွေကိုတော့ Stop မလုပ်မိပါစေနဲ ့။ အခုဖော်ပြပေးခဲ့တာတွေကတော့ Task Manager အကြောင်း
အနည်းအကျဉ်းမျှသာ ဖြစ်ပါတယ်။ Task Manager ကို ကောင်းကောင်းအသုံးပြုတတ်ရင် ကွန်ပျူတာပြဿနာတော်တော်များများကို ဖြေရှင်းနိုင်မှာပါ။

#ကွန်ပျူတာအခြေခံ

ကီးဘုတ် ရဲ့ အပေါ်ဆုံးမှာ ရှိနေတဲ့ F1;F2;F3;F4;F5;F6;F7;F8;F9 Function keys များ ရဲ့ အသုံးပြုနည်း လျှို့ဝှက်ချက် ၊F1 = ဖွ...
30/08/2021

ကီးဘုတ် ရဲ့ အပေါ်ဆုံးမှာ ရှိနေတဲ့ F1;F2;F3;F4;F5;F6;F7;F8;F9 Function keys များ ရဲ့ အသုံးပြုနည်း လျှို့ဝှက်ချက် ၊

F1 = ဖွင့်ထားတဲ့ Application မှာ မိမိ မသိတာ ရှိတဲ့အခါ အကူအညီတောင်းလို့ ရပါတယ်။( Help Screen ပေါ်လာပါလိမ့်မည်။)

F2 = ဖိုင် တစ်ခုကို ရွေးပြီး F2 ကို နှိပ်ပါက ဖိုင် အမည်အား အလွယ်တစ်ကူ ပြောင်းလို့ရပါလိမ့်မည်။

F3 = ဖွင့်ထားသည့် Application တစ်ခုမှာ စာသား Text တစ်ခုခု ရှာဖို့အတွက် အသုံး၀င်ပါတယ်။

F4 = လက်ရှိ ဖွင့်ထားသည့် Application ဖိုင်ကို ပိတ်လိုလျှင် F4 အား နှိပ်လိုက်ပါ။ ပိတ်သွားပါလိမ့်မည်။

F5 = F5 အား များများ နှိပ်ပေးလေ စက်ကို ပိုမို မြန်ဆန် သွက်လက်စေပါသည်။ (Refersh)

F6 = Browser တွေ အသုံးပြုသည့်အခါ ကာဆယ်ကို adress bar ဆီ တန်းရောက်သွားစေသည့် အစွမ်းထက် key လေးပါ။

F7 = Microsoft word လို စာရိုက်တဲ့ software တွေမှာ စာလုံးပေါင်း။ သဒ္ဒါတွေကို စစ်ဆေးပေးပါတယ်။

F8 = ကွန်ပျုတာကို စဖွင့် ဖွင့်ချင်း Boot Menun သွားမည် ဆိုပါက F8 ကို နှိပ်လိုက်ပါ။

F9 = Microsoft word မှာ ဆိုရင်တော့ Document ကို Refersh (ပေါ့ပါး သွက်လပ်စေသည်) လုပ်ပေးပါတယ်။ Out look နဲ့ Email မှာ အသုံးပြုရင်တော့ Send / Receive အတွက် အသုံးပြုလို့ရပါတယ်ခင်ဗျာ။

မိတ်ဆွေများ အားလုံး အဆင်ပြေချောမွေ့ကြပါစေ ခင်ဗျာ ။

to Original Owner


#ကွန်ပျူတာအခြေခံ

ကွန်ပျူတာစတင်သုံးစွဲသူများ အများဆုံးပြုလုပ်မိသော အမှား (၁၀) ချက်======================================ကွန်ပျူတာကို သုံးစ...
25/08/2021

ကွန်ပျူတာစတင်သုံးစွဲသူများ အများဆုံးပြုလုပ်မိသော အမှား (၁၀) ချက်
======================================
ကွန်ပျူတာကို သုံးစွဲသူများအနေနဲ့ ကွန်ပျူတာကို သုံးစွဲနေစဉ်အတွင်းမှာ ပြုလုပ်မိတဲ့ အမှားတွေကနေ အများဆုံးပြုလုပ်မိတဲ့ အမှား (၁၀) ချက်ကို ရှောင်ရှားနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။ ဒါတွေကိုရှောင်ရှားနိုင်ရင်တော့ တော်ရုံနဲ့ မိမိကွန်ပျူတာမပျက်တော့ဘူးပေါ့။ (မှတ်ချက် ။ ။ expert user များအတွက်မဟုတ်ပါ။)

(၁) အရေးကြီးသောဖိုင်များကို backup မလုပ်ခြင်း။

မိမိသုံးစွဲနေတဲ့ data file တွေ (word, excel, powerpoint, pagemaker, photoshop, image, media) ကို backup လုပ်မထားခြင်းဟာ ကြီးမားတဲ့အမှားတစ်ခုဖြစ်ပါတယ်။ ပျောက်သွားတော့မှ data recovery software များနဲ့ ပြန်လည်ရှာဖွေခြင်းဟာ ကောင်းမွန်တဲ့နည်းလမ်းတစ်ခုတော့မဟုတ်ပါဘူး။ အဲဒီအတွက် external drive, USB, CD, DVD တို့နဲ့ ကူးယူထားသင့်သလို ကွန်ပျူတာအတွင်းမှာလည်း windows နဲ့တွဲပြီး ခွဲထားတဲ့ partition အပိုင်းမှာ သိမ်းဆည်းခြင်းမပြုလုပ်ပဲ သီးခြား drive တစ်ခုနဲ့ သိမ်းဆည်းသင့်ပါတယ်။

(၂) စာကိုသေချာစွာမဖတ်ပဲ Next (သို့မဟုတ်) Ok ကိုနှိပ်ခြင်း။

ကွန်ပျူတာနဲ့ အင်တာနက်သုံးနေစဉ်အချိန်မှာ တစ်ခါတစ်ရံထွက်ပေါ်လာတဲ့ box တွေ၊ message တွေက စာတွေကို သေသေချာချာမဖတ်ပဲ Next (သို့မဟုတ်) Ok ကိုနှိပ်လိုက်ခြင်းဟာ တစ်ခါတစ်ရံမှာ သူ့ကို သဘောတူညီရာရောက်သွားပြီး သင့်ကွန်ပျူတာအတွင်းက browser တွေ Toolbar တွေမှာ install လုပ်သွားပြီး မောင်းထုတ်မရတော့တဲ့ program မျိုးဖြစ်သွားတတ်ပါတယ်။ တစ်ကယ်တော့ သင့်အနေနဲ့ အဲဒီ program ကို install လုပ်ဖို့ရည်ရွယ်ချက်မရှိပါဘူး။ အဲဒီ program ဟာ ကွန်ပျူတာရဲ့ startup မှာ run နေပြီးတော့ ကွန်ပျူတာကိုအနှောက်အယှက်ဖြစ်စေပါတယ်။

(၃) Save မလုပ်ခြင်း။

စာစီစာရိုက်လုပ်နေတုန်းပဲဖြစ်ဖြစ်၊ ပုံဆွဲနေတုန်းပဲဖြစ်ဖြစ်၊ Video edit လုပ်နေတုန်းပဲဖြစ်ဖြစ် save မလုပ်ခြင်းဟာလည်း အမှားတစ်ခုဖြစ်ပါတယ်။ သင်သုံးနေတဲ့ program ဟာ အလိုအလျောက် save လုပ်ပေးတဲ့ function ပါပေမယ့် မိမိလက်က ctrl + s ကို မကြာခဏ ၅ မိနစ်တစ်ကြိမ်လောက် အလိုအလျောက်နှိပ်မိနေဖို့လိုပါတယ်။ ဒါမှ မီးပြတ်သွားလို့ပဲဖြစ်ဖြစ်၊ UPS မကောင်းလို့ပဲဖြစ်ဖြစ်၊ Internet connection မကောင်းလို့ပဲဖြစ်ဖြစ် သင် create လုပ်နေတဲ့ data တွေမပျောက်တော့ဘူးပေါ့။

(၄) ကွန်ပျူတာကို နည်းစနစ်တကျမပိတ်ခြင်း။

ကွန်ပျူတာကို အသုံးမပြုချင်တော့တဲ့အချိန်မှာ မိမိသုံးနေတဲ့ file တွေကို save လုပ်၊ run နေတဲ့ application တွေကိုပိတ်ပြီးမှ ကွန်ပျူတာက shutdown ခလုပ်ကိုနှိပ်ပြီး ကွန်ပျူတာကိုပိတ်သင့်ပါတယ်။ တစ်ခြားနည်းလမ်းကို အသုံးပြုရင်တော့ အမှားတစ်ခုကို ကျူးလွန်မိခြင်းပါပဲ။

(၅) Email ကပါရှိလာတဲ့ attachments ဖိုင်များကိုဖွင့်ခြင်း။

အင်တာနက်ကနေ Email ကို အသုံးပြုသူတစ်ယောက်အဖို့ malware တွေကိုကာကွယ်နိုင်တဲ့ Antivirus program မရှိဘဲ Email နဲ့အတူပါရှိလာတဲ့ attachments ဖိုင်တွေကို မဖွင့်သင့်ပါဘူး။
ကိုယ်နဲ့ဘယ်လောက်ပဲရင်းနှီးတဲ့သူဆီကဖြစ်ပါစေ သတိထားသင့်ပါတယ်။ Virus ၀င်ရောက်ရာ အဓိက လမ်းကြောင်းဟာ attachment ဖိုင်များမှဖြစ်တယ်ဆိုတာ အထူးသတိပြုပါ။

(၆) မိမိထံရောက်ရှိလာသော ကြော်ငြာ email များထဲမှ ပုံစံများကိုဖြည့်သွင်းပြီး ပြန်လည်ပေးပို့ခြင်း။

တစ်ခါတစ်ရံမှာ ကိုယ်မသိတဲ့ ကြော်ငြာ email တွေ၀င်လာတာကို တွေ့ဘူးကြမှာပါ။ ဘယ်မြို့မှာ အလုပ်ရမယ်။ လစာက ဘယ်လောက်ပေးမယ်။ ဖတ်လိုက်ရင်မက်လောက်စရာတွေချည်းပဲ။ အဲဒီအတွက် ဒီပုံစံမှာဒီလိုဖြည့်ပါဆိုပီးတော့ပေါ့။ အဲဒီလိုဖြည့်ရင်းကနေ ကိုယ့်ဆီက အချက်အလက်တွေဖြစ်တဲ့ usernames တွေ၊ passwords တွေ၊ credit card အသေးစိတ်တွေပါသွားပါလေရော။ ဒါဆိုဘာဆက်ဖြစ်မလဲ စဉ်းစားကြည့်ပါတော့။

(၇) Email အတွင်းမှ Spam များကိုစိတ်၀င်စားခြင်း။

ကိုယ်သုံးနေတဲ့ email အတွင်းမှာ မဖိတ်ခေါ်ပဲတဖွဲဖွဲရောက်လာနေတဲ့ Spam mail တွေကို စိတ်မ၀င်စားသင့်ပါဘူး။ ကိုယ့်အတွက်ဘာအကျိုးမှမရှိနိုင်တဲ့ အဲဒီ spam mail တွေကိုဖတ်ကြည့်နေမယ့်အစား delete သာလုပ်ပစ်လိုက်ပါ။

(၈) Email များကို forward လုပ်ခြင်း။

ကိုယ်မသိတဲ့ email ကနေ စိတ်၀င်စားစရာသတင်းအချက်အလက်တွေသိရှိရတဲ့အခါ ဒါကို မိမိမိတ်ဆွေတွေ သိစေချင်တဲ့စေတနာနဲ့ forward မလုပ်မိပါစေနဲ့။ ကောလဟာလတစ်ခုလို့သာ သတ်မှတ်ပြီး ဖျက်ပစ်လိုက်ပါ။ သင့်ရဲ့စေတနာဟာ အန္တရာယ်ကိုဖိတ်ခေါ်လိုက်တာမျိုးဖြစ်သွားတတ်ပါတယ်။

(၉) မကောင်းသော software များကို install လုပ်မိခြင်း။

တိုးတက်နေတဲ့ခေတ်ကြီးဟာ viruses တွေ၊ malware တွေနဲ့ အခြား crapware တွေပြည့်နှက်နေတဲ့ အချိန်ဖြစ်ပါတယ်။ အဲဒီတော့ ကိုယ်လိုချင်တဲ့ free ware software လေးတွေ့တဲ့အချိန်မှာ လျင်လျင်မြန်မြန် download ချပြီးတော့ install မလုပ်မိပါစေနဲ့။ သေသေချာချာစိစစ်ပါ။ ဘယ်ကထုတ်တာလဲ၊ ဘာအတွက်လဲ၊ ဘယ်လိုအကျိုးပြုမှာလဲ၊ ဘာတွေသုံးနိုင်လည်း၊ ဘယ် website ကလဲ၊ လူဘယ်လောက်များများသုံးထားလဲ စတာတွေကို internet ကိုပဲပြန်မေးလိုက်ပါ။ ရတဲ့ result ကို မူတည်ပြီးတော့မှ သုံးသင့်မသုံးသင့်စဉ်းစားချင့်ချိန်ပါ။ install လုပ်ပြီးမှ ဒုက္ခလည်းပေး၊ မောင်းထုတ်လို့လဲမရလို့ ပျက်ရတဲ့ကွန်ပျူတာတွေများလှပါပြီ။

(၁၀) UPS ကိုအသုံးမပြုခြင်းနှင့် အရည်အသွေးညံ့သော ကွန်ပျူတာအရံပစ္စည်းများကိုအသုံးပြုခြင်း။

PC ပဲဖြစ်ဖြစ်၊ Laptop ပဲဖြစ်ဖြစ် သူ့မှာ အပိုလျှပ်သိုပစ္စည်းရှိရပါမယ်။ သဘောက shutdown ချဖို့ အချိန်ရနိုင်အောင်နဲ့ လျှပ်စစ်အ၀င်ကို ထိန်းသိမ်းနိုင်အောင်ဖြစ်ပါတယ်။ အဲလိုမှမဟုတ်လို့ Laptop computer ရဲ့ battery ကလည်း မကောင်း၊ PC computer ရဲ့ UPS ကလည်းမကောင်း၊ ရှိလည်းမရှိ ဆိုရင်တော့ ပျက်ဖို့က ၇၀ % လောက်သေချာနေပါပီ။ နောက်တစ်ချက်က Graphic card, Memory, hard disk နဲ့ Motherboard မကောင်းတော့လို့လဲလှယ်တဲ့အချိန်မှာ တန်ဘိုးနည်းတဲ့ ပစ္စည်းတွေ၊ အသုံးပြုပီးသားတွေကို မလဲလှယ်မိပါစေနဲ့။ အဘိုးနှုန်းချိုသာခြင်းရဲ့နောက်ကွယ်မှာ အခြားသော အဓိပါယ်ဖွင့်ဆိုချက်တွေရှိနေတယ်ဆိုတာကို သတိပြုစေလိုပါတယ်။

Credit... all owner

#ကွန်ပျူတာအခြေခံ

ကွန်ပျူတာဟန်းနေရင် ဘယ်လိုဖြေရှင်းရမလဲ?========================ကွန်ပျူတာအသုံးပြုသူတိုင်း နေ့တိုင်းကြုံတွေ့ရမယ့်ပြဿနာတစ်ခု...
22/08/2021

ကွန်ပျူတာဟန်းနေရင် ဘယ်လိုဖြေရှင်းရမလဲ?
========================

ကွန်ပျူတာအသုံးပြုသူတိုင်း နေ့တိုင်းကြုံတွေ့ရမယ့်
ပြဿနာတစ်ခုက စက်ဟန်းနေခြင်းဖြစ်ပါတယ်။
Temp file, Old files တွေကို ရှင်းလင်းပေးပြီး စက်ကို Restart
ချလိုက်ရင် ပြန်ကောင်းသွားတတ်ပေမယ့် တစ်ခါတစ်လေ
မှာတော့ Not Responding ဖြစ်နေရင်း စက်က Busy ဖြစ်
အပြာရောင်အဝိုင်းလေးလည်နေတာ နာရီဝက်၊တစ်နာရီလောက်
ထိ ကြာနေတတ်ပါတယ်။ အဲ့လောက်ထိကြာနေတာတောင်
စက်က အဆင်မပြေသေးဘူးဆိုရင် စက်ကို ဘာ program
တွေမှ မပိတ်လိုက် တိုက်ရိုက် Shutdown ချတတ်ကြပါတယ်။

အဲ့ဒီမှာ မ Save ရသေးတဲ့ Program, Files တွေက
အကုန်လစ်သွားမှာပါ။ မိမိကွန်ပျူတာက ဟန်းတော့မယ့်
အခြေနေဖြစ်မဖြစ် ဘယ်လိုသိနိုင်မလဲ။ စက်က i3, 6 Gen(U),
RAM က 4 GB လောက်ပဲရှိတာကို Browser မှာ Tab တွေ
အများကြီးဖွင့်ထားတယ်။ တစ်ခြား Programs တွေလည်း
တစ်ပြိုင်တည်း သုံးနေတယ်။ Program အကြီးစား Photoshop
တို့Engineering Software တို့စတာတွေလည်းသုံးနေတယ်။
ဂိမ်းလည်းဆော့နေတယ်ဆိုရင် သေချာပေါက် စက်ဟန်းမှာပါ။
တစ်ချို့စက်တွေမှာတော့ ဘာ program မှ မသုံးပဲလည်း စက်က
Auto ဟန်းနေပြီးသား။ Desktop အပေါ်မှာ Run နေတဲ့
program တွေ မတွေ့ရပေမယ့် နောက်ကွယ်မှာ Run နေတဲ့
program တွေ ရှိပါတယ်။

မိမိစက်ဟန်းတော့မယ်ဆိုရင် CPU က Overheat ဖြစ်ပြီး
အရမ်းပူလာပါမယ်။ အသံတွေလည်း တစ်ရှဲရှဲမြည်လာပါလိမ့်မယ်။
Taskbar ကို Right click နှိပ်ပြီး Task Manager ထဲဝင်ကြည့်ပါ။
အဲ့မှာ Process, Performance အောက်မှာကြည့်ကြည့်ပါ။ CPU,
RAM, Harddisk, Internet, GPU တွေ ဘယ်လောက်အသုံးပြုနေ
တာတွေ တွေ့ရမှာပါ။ CPU, RAM, Harddisk တွေရဲ့Usage က
10%, 15%,20% လောက်ဆို ပုံမှန်အတိုင်းဖြစ်ပေမယ့် အဲ့ဒီထက်
ကျော်လွန်ပြီး CPU က 50% ထက်ကျော်နေမယ်၊ Memory က
အပြည့်သုံးနေမယ်၊ HDD Usage ကလည်း 100% အပြည့်သုံး
နေပြီဆိုရင် မိမိစက်က ပုံမှန်မဟုတ်တော့ပါဘူး။ ဒီအတိုင်းပေကပ်ပြီး
ဆက်သုံးနေရင်တော့ စက်ပျက်ဖို့မဝေးတော့ပါဘူး။ အဲ့ဒီလို
မဖြစ်စေဖို့ကြိုတင်လုပ်ဆောင်ထားသင့်တဲ့ နည်းလမ်းလေးတွေကို
အောက်မှာ ဖော်ပြပေးသွားပါမယ်။

(1) Files အဟောင်းတွေ မလိုအပ်တဲ့ Files တွေ ရှင်းလင်းပါ။

ကျွန်တော်တို့ program တစ်ခုအသုံးပြုတိုင်း သုံးခဲ့သမျှ
programs တွေရဲ့ Temp Files တွေ ကျွန်တော်တို့မမြင်နိုင်တဲ့
နေရာမှာ ကျန်နေလေ့ရှိပါတယ်။ အဲ့ဒါတွေကို ရှင်းလင်းပေးရမယ်။
Windows Key နဲ့R ကို တွဲနှိပ်ပါ။ Run box ပေါ်မှာ အောက်ပါ
(recent, temp, %temp%, prefetch ) command တွေကို
တစ်ခုချင်းစီ ရိုက်ထည့်ပြီး Files တွေကို Select all လုပ်ပြီး
Shift Delete နဲ့ဖျက်လိုက်ပါ။ ဖျက်လို့မရတာတွေကို Skip
လုပ်ပါ။ CCleaner နောက်ဆုံးဗားရှင်းကို Install လုပ်ပြီး ပုံမှန်
Run လုပ်ပေးပါ။ တစ်လတစ်ခါလောက် Run box မှာ (cleanmgr)
လို့ရိုက်ထည့်ပြီး Disk Cleanup လုပ်ပါ။ Run box မှာ (dfrgui)
ရိုက်ထည့်ပြီး Diskfragment လုပ်ပါ။

(2) Background Running Program မလိုအပ်တဲ့
Program တွေပိတ်ပါ။

မိမိစက်မှာ မလိုအပ်တဲ့ program တွေ Install လုပ်ထားခြင်း
ကလည်း မိမိ အသုံးမပြုပဲထားပေမယ့် နောက်ကွယ်မှာတော့
Run နေတတ်ပါတယ်။ Program and Features ထဲဝင်ပြီး
မလိုအပ်တာတွေကို ဖြုတ်ပါ။ ကွန်ပျူတာရဲ့Default App တွေ၊
Store ထဲက App တွေကိုတော့ program and Features ကနေ
ဖြုတ်လို့မရပါဘူး။ ဥပမာ- Notepad ကိုဖြုတ်ချင်တယ်ဆိုရင် သူ့
location ထဲမှာ uninstall.exe နဲ့ဖြုတ်လို့ရသလို့Registry ထဲမှာ
သွားဖျက်လည်းရတယ်။ Microsoft Trusted Store ထဲက App တွေကို
ဥပမာ - Camera ဆိုပါတော့ သူကို ဖြုတ်ဖို့ All Settings\App
အောက်က Apps & Features အောက်မှာ ဖြုတ်ချင်တဲ့ app တစ်ခုကို
click တစ်ချက်နှိပ်ပြီး uninstall နှိပ်ပါ။ နောက်ထပ်ဖြုတ်ရမယ့်
Background running program တွေဖြုတ်ပါ။ All Setting\
Privacy အောက်က Background Apps မှာ မလိုအပ်ရင်
အကုန်သာ Off ထားလိုက်ပါ။ All Settings\App အောက်က
Startup မှာလည်း အကုန်သာပိတ်ထားလိုက်ပါ။ Task Manager
ကနေလည်း မလိုအပ်တဲ့ programs တွေကို End Task လုပ်လိုက်ပါ။
System တွေကိုတော့ မလုပ်မိစေနဲ့နော်။ မိမိစက်မှာ CCleaner
ထည့်ထားရင်တော့ အဲ့ဒီ Tool ကနေဖြုတ်လို့ရတယ်။

(3) Anti-Virus Software တွေ အမြဲ Update လုပ်ထားပါ။

ကွန်ပျူတာမှာ ဘာမှမသုံးထားပဲ CPU Usage 100% ဖြစ်နေရင်
တော့ Virus ရှိလို့လည်းဖြစ်နိုင်ပါတယ်။ အဲ့တော့ Virus Scanner
တွေကို အမြဲ update လုပ်ထားပါ။ Windows Defender ကိုလည်း
update ဖြစ်နေပါစေ။ ဖြစ်နိုင်ရင်နေ့တိုင်း စက်ဖွင့်တိုင်း Virus Scan
run ပေးပါ။ တစ်ချို့Virus တွေက Virus scan ဆော့ဝဲလ်တွေ မသိတာ
တွေတောင်ရှိပါတယ်။ Windows 10 Defender ကတော့ တော်တော်
ကိုအဆင့်မြင့်ပါတယ်။

(4) မလိုအပ်တဲ့ Services တွေကို ပိတ်ထားပါ။

Windows Search ကလည်း မိမိမျက်စိနဲ့မမြင်နိုင်ပေမယ့်
နောက်ကွယ်မှာတော့ user ရှာတာ အလွယ်တကူ တွေ့နိုင်စေဖို့
အလုပ်လုပ်နေရပါတယ်။ Search box ကနေတစ်ခုခု ရိုက်ရှာ
လိုက်ရင် မိမိရှာဖွေလိုက်တဲ့အရာနဲ့ပတ်သက်တာတွေကို ရှိသမျှ
နေရာတွေထဲမှာ လိုက်ရှာနေရပါတယ်။ အဲ့တာကြောင့် Windows
Search ကို ပိတ်ချင်ရင် Services ထဲကိုဝင်ပါ။ Run box မှာ
(services.msc) ရိုက်ထည့်ပါ။ Windows Search ကိုရှာပြီး
Automatic ဖြစ်နေတာကို Disable လုပ် Ok နှိပ်ပေးလိုက်ပါ။
CMD ကနေ ပိတ်မယ်ဆိုရင် cmd ကို admin နဲ့run ပါ။

(net.exe stop “Windows Search”) လို့ရိုက်ထည့်ပြီး Enter
နှိပ်ပါ။ The Windows Search Service was stopped successfully လို့
ပြလာရင် ရပါပြီ။ Superfetch ကိုရှာပြီး Automatic ဖြစ်နေတာကို
Disable လုပ် Ok နှိပ်ပေးလိုက်ပါ။ CMD ကနေ ပိတ်မယ်ဆိုရင် cmd ကို
admin နဲ့run ပါ။ (net.exe stop superfetch) လို့ရိုက်ထည့်ပြီး Enter နှိပ်ပါ။
The Superfetch Service was stopped successfully လို့ပြလာရင် ရပါပြီ။
Background Intelligent Transfer Service(BITS) ကိုရှာပြီး Automatic
ဖြစ်နေတာကို Disable လုပ် Ok နှိပ်ပေးလိုက်ပါ။ မလိုအပ်တဲ့ဟာတွေ
Running ဖြစ်နေတာကို အပေါ်ကနည်းအတိုင်းလုပ်ပါ။

System တွေကိုတော့ မလုပ်မိပါစေနဲ့။ Run box မှာ (msconfig)လို့
ရိုက်ထည့်ပြီး services tab အောက်ဆုံးမှာ Hide All Microsoft Services ကို
အမှန်ခြစ်ခြစ်ပြီး ကျန်တာတွေကို Disable လုပ်လိုက်ရင်လည်းရပါတယ်။
အဲ့ဒီထဲက တစ်ခုခုကို ပြန်သုံးချင်ရင် Services မှာ disable လုပ်ထားတယ်။
သုံးချင်ရင် ပြန်ဖွင့်ပါလို့ message တက်လာပါမယ်။
ကိုယ်သုံးချင်တဲ့အချိန်မှ Enable လုပ်ပြီးသုံးပါ။

(5) Power Options ကို High Performance ပြောင်းပါ။

ကွန်ပျူတာဘက်ထရီ power options က Windows ရဲ့
default plan ဖြစ်နေရင် တစ်ချို့ဘက်ထရီအားအရမ်းစားတဲ့
program တွေနဲ့တွေ့ရင် အဆင်မပြေနိုင်ပါဘူး။ အဲ့ဒီတော့
high performance ပြောင်းထားရမယ်။

Control Panel\All Control Panel Items\Power Options\
Edit Plan Settings ထဲဝင်လိုက်ပါ။ အဲ့ဒီမှာ High Performance
plan မရှိသေးရင် power options အောက်မှာ Create Power Plan မှာ
High Performance plan ကို ရွေးပြီး Create လုပ်ပါ။ အခုမှ High
Performance plan Create လုပ်တဲ့သူရော၊ ရှိပြီးသားသူတွေရော
Change Advanced Power Setting ကို ဆက်နှိပ်ပါ။ အဲ့ဒီမှာ Balanced
နေရာမှာ High Performance plan ကို ရွေးထားပေးပြီး

Save Change လုပ်ပေးပါ။

(6) Disk Check လုပ်ပါ။

CMD ကို admin နဲ့run ပါ။ (chkdsk.exe /f/r) ရိုက်ထည့်ပြီး Enter နှိပ်ပါ။
စက် Restart ချပြီးရင် check disk လုပ်မလုပ်(Y/N) မေးလာရင် 👍 လို့
ရိုက်ထည့်ပါ။ စက် Restart ချပြီးရင် check disk လုပ်ပါလိမ့်မယ်လို့ပြလာပါလိမ့်မယ်။

(7) Flash Player တွေကို Uninstall လုပ်ပါ။

Browser Setting ထဲဝင်ပါ။ Chrome ဆိုရင် chrome://settings/content/flash?search=flash+ ထဲဝင်ပါ။
အဲ့ဒီမှာ block or ကြိုက်သလိုလုပ်နိုင်တယ်။

(8) Diagnostic Tracking ကို Disable လုပ်ထားပါ။

CMD ကို admin နဲ့run ပါ။ (sc config “DiagTrack” start=disabled) လို့
ရိုက်ထည့်ပြီး enter နှိပ်ပါ။ Success ဖြစ်သွားရင် (sc stop “DiagTrack”) လို့
ပြန်ရိုိက်ထည့်ပါ။ The service has not been started ပေါ်လာရင် cmd ကို
ပိတ်လို့ရပါပြီ။

(9) RunFullMemoryDiagnostic Job ကို Disable လုပ်ပါ။

Control Panel\All Control Panel Items\Administrative Tools
အောက်က Task Scheduler ကိုဖွင့်ပါ။ Task Scheduler library ကို
ချဲ့လိုက်ပါ။ Microsoft\Windows\MemoryDiagnostic အောက်အထိ
သွားပါ။
ကို Right click နှိပ်ပြီး
Disable လုပ်ပေးလိုက်ပါ။ စက်ကို Restart ချပေးလိုက်ပါ။

တစ်ခြားသူတွေလည်း လေ့လာရန် လိုအပ်နိူင်တာကြောင့် Shareလုပ်ခြင်းဖြင့် လက်ဆင့်ကမ်း မျှဝေပေးကြပါ။☺️😁

နောက်လည်း Computerနဲ့ ပတ်သတ်တဲ့ ဗဟုသုတတွေ တင်ပေးမှာမို့ Pageကို Like&See First လုပ်ထားကြပါ။😉
Credit....မူရင်းရေးသားသူ/အိုင်တီလမ်းညွှန်

#ကွန်ပျူတာအခြေခံ

Window 10 Activate ပြုလုပ်နည်းနှင့်Microsoft Office 2013,2016Activate ပြုလုပ်နည်းတောင်းဆိုထားသော မိတ်ဆွေများနှင့်လိုအပ်သ...
21/08/2021

Window 10 Activate ပြုလုပ်နည်းနှင့်
Microsoft Office 2013,2016
Activate ပြုလုပ်နည်း
တောင်းဆိုထားသော မိတ်ဆွေများနှင့်
လိုအပ်သောမိတ်ဆွေများအတွက်
Activate ပြုလုပ်ရန် Software link အောက်တွင် Downယူပါ။
Active ပြုလုပ်နည်း PDF link
https://www.mediafire.com/file/679s360d3ev7hl6/Window_10_Activate_%25E1%2580%2595%25E1%2580%25BC%25E1%2580%25AF%25E1%2580%259C%25E1%2580%25AF%25E1%2580%2595%25E1%2580%25BA%25E1%2580%2594%25E1%2580%258A%25E1%2580%25BA%25E1%2580%25B8%25E1%2580%2594%25E1%2580%25BE%25E1%2580%2584%25E1%2580%25B7%25E1%2580%25BA_Microsoft_Office_Word.pdf/file

Credit… အိုင်တီလမ်းညွန်

#ကွန်ပျူတာအခြေခံ

BSoD (Blue Screen of Death) ဆိုတာဘာလဲ?စုစည်းတင်ပြထားတာ အတော်ပြည့်စုံသည့်အတွက် ပြန်လည်မျှဝေပေးလိုက်ပါသည်။ အားလုံးကိုယ်စား...
21/08/2021

BSoD (Blue Screen of Death) ဆိုတာဘာလဲ?
စုစည်းတင်ပြထားတာ အတော်ပြည့်စုံသည့်အတွက် ပြန်လည်မျှဝေပေးလိုက်ပါသည်။ အားလုံးကိုယ်စား IT Workshop ကို ကျေးဇူးပါ။
Blue Screen of Death ဆိုတာ Microsoft Windows operating system ရဲ့ Error ပြသပေးတဲ့ screen ဖြစ်ပါတယ်။ အဲသည် Screen ပေါ်မှာ Windows operating system ရဲ့ System conflicts တွေနဲ့ ပြဿနာဖြစ်နိုင်ချေတွေကိုဖော်ပြပေးပါတယ်။ Blue screen လို့ခေါ်ရတဲ့အကြောင်းကတော့ အဲသည်လိုမျိုး Error တွေတက်လာတဲ့အခြေအနေမှာ Error message တွေကို အပြာရောင် Screen မျက်နှာပြင်နဲ့ ပြသပေးလို့ပဲဖြစ်ပါတယ်။ ပြီးတော့ Blue Screen ဆိုတာ Computer နဲ့ System ပျက်စီးတာတွေကို နောက်ထပ်တိုးပြီးမဖြစ်ပွားအောင် ကာကွယ်ဖို့ သတိပေးချက်တစ်ခုဖြစ်တဲ့အတွက် Blue screen တက်ပြီဆိုရင် Blue Screen က Windows ကိုလုံးဝဆက်သုံးလို့မရအောင် ရပ်တန့်လိုက်ပါတယ်။ ပြန်ပြီးဆက်သုံးမယ်ဆိုရင်တော့ Computer ကို Reboot ပြန်လုပ်ပေးရပါတယ်။
Blue Screen ဘာကြောင့်တက်ရတာလဲ?
Blue Screen တက်ရတဲ့အကြောင်းအရင်းတွေကတော့ -
(အဖြစ်အများဆုံးကနေ အနည်းဆုံးကိုစဉ်ထားပါတယ်)
၁။ Software ပိုင်း Error ဒါမှမဟုတ် Software ပိုင်းမကိုက်ညီမှု
(က) Driver – Computer မှာကိုယ်မောင်းလိုက်တဲ့ Driver က Computer ရဲ့ Hardware နဲ့ကိုက်ညီမှုမရှိရင် Blue Screen တက်နိုင်ပါတယ်။
(ခ) Virus - ကိုယ့်ရဲ့ Computer မှာ Virus ဝင်ထားမယ်ဆိုရင် အဲသည် Virus က Windows Process တစ်ခုခု၊ Registry ဒါမှမဟုတ် System File တစ်ခုခုကို သွားပြီးအနှောင့်အယှက်ပေးနေမယ်ဆိုရင်လည်း Blue Screen တက်တတ်ပါတယ်။
(ဂ) Third-Party Softwares – Computer ထဲမှာ ကိုယ်အသစ်သွင်းလိုက်တဲ့ Software က Computer ရဲ့ စက်ပိုင်းဆိုင်ရာ ဒါမှမဟုတ် Driver Signature တွေနဲ့ ကိုက်ညီမှုမရှိခဲ့ရင်လည်း Blue Screen တက်နိုင်ပါတယ်။
၂။ Hardware ပိုင်း Error ဒါမှမဟုတ် Hardware ပိုင်းမကိုက်ညီမှု
Computer ရဲ့ Hardware ပိုင်းဖြစ်တဲ့အတွက် Hardware ပိုင်းအနေနဲ့ -
(က) RAM – ကိုယ့် Computer မှာစိုက်ထားတဲ့ RAM က ပျက်နေမယ်၊ RAM ကြေးသွားတွေက ချေးတက်နေမယ်၊ Slot လွတ်နေမယ် ဒါမှမဟုတ် Motherboard ပေါ်က RAM Slot က ပျက်နေမယ်ဆိုရင် Blue Screen တက်နိုင်ပါတယ်။ RAM Error ဟုတ်မဟုတ်သိရဖို့အတွက် RAM လှဲစမ်းကြည့်နိုင်ပါတယ်။ RAM ကြေးသွားတွေချေးတက်နေရင်တော့ ခဲဖျက်နဲ့တိုက်ပြီး သန့်ရှင်းရေးပြုလုပ်နိုင်ပါတယ်။ အောက်ကပေးထားတဲ့ Link ထဲက Rebooter software နဲ့လည်း Computer ကို Restart လုပ်တဲ့အချိန် RAM loading ဆွဲနေတုန်း Blue Screen တက်၊ မတက် Automatic reboot လုပ်စေပြီးစမ်းလို့ရပါတယ်။
Link – https://www.passmark.com/downloads/rebooter.zip
Rebooter software settings – Maximum reboots: 20> Delay: 15> Auto load…> Start Cycle
(ခ) Hard disk drive - ကိုယ်သုံးနေတဲ့ Hard disk မှာ မကောင်းတဲ့အပိုင်း Bad sectors တွေရှိတဲ့အခါ အဲသည် Bad sector အပေါ်မှာ Windows ရဲ့ System file တစ်ခုခု Write လုပ်မိရင် Blue Screen တက်တတ်ပါတယ်။ Hard disk ရဲ့ Health မကောင်းရင်လည်း Blue Screen တက်တတ်ပါတယ်။ အောက်ကပေးထားတဲ့ Link ထဲက HD Tune Pro Software ကို Download ဆွဲပြီး Bad sectors ကို Error scan ဖတ်နိုင်သလို Health မှာ Warning ရှိ၊ မရှိစစ်ဆေးနိုင်ပါတယ်။
Link – https://www.hdtune.com/download.html
(ဂ) Power supply unit – Power Supply က သူနဲ့တွဲဖက်ချိတ်ဆက်ထားတဲ့ Hardware တွေကိုပေးတဲ့ Voltage မလောက်တာ၊ Wattage မပြည့်တာ၊ တပ်ဆင်အသုံးပြုတဲ့ Hardware တွေက Power supply ရဲ့သတ်မှတ်ထားတဲ့ Wattage ကိုကျော်လွန်သွားတာတွေကြောင့် Blue Screen တက်တတ်ပါတယ်။
(ဃ) Motherboard – Motherboard ပေါ်က Sound controller, Network controller, USB Controller စတဲ့ Component တစ်ခုခုရဲ့ Error ကြောင့်လည်း Blue Screen တက်နိုင်ပါတယ်။ Motherboard ပေါ်မှာဆားပေါက်တာ၊ သံချေးကိုက်တာ၊ အစိုပြန်တာ၊ Circuit ပတ်လမ်းကြောင်းတွေမှာ ပြင်းထန်ခြစ်ရာရှိမရှိစစ်ဆေးရပါမယ်။ အဲတာတွေရှိနေရင် Warranty ရှိမယ်ဆိုရင်တောင် Warranty မရနိုင်တဲ့အတွက် အသစ်လှဲလှယ်ရတာမျိုးရှိပါတယ်။
(င) CPU – CPU က Computer ထဲမှာ Reliable အဖြစ်ဆုံး Hardware ဖြစ်တဲ့အတွက် CPU မကောင်းလို့ Blue Screen တက်တာက ရှားတော့ရှားပါတယ်။ ဒါပေမဲ့ ဖြစ်နိုင်ချေလည်းရှိပါတယ်။ CPU ကို Overclocking လုပ်တဲ့အချိန်တွေမှာဖြစ်တတ်လေ့ရှိပါတယ်။ ပြီးတော့ CPU အောက်ခြေက ကြေးသွားတွေချေးကပ်နေရင်လည်းဖြစ်နိုင်ပါတယ်။
(စ) Peripherals – Computer မှာချိတ်ဆက်အသုံးပြုနေတဲ့ ဆက်စပ်ပစ္စည်း Accessories တွေဖြစ်တဲ့ Memory Stick, External Hard Drive, Scanner, Printer စတာတွေမှာ Error ရှိရင်လည်း ဖြစ်တတ်ပါတယ်။
(ဆ) System Temperature – Computer ထဲက CPU နဲ့ GPU လိုမျိုး သက်ဆိုင်ရာ Component တွေကို အအေးပေးတဲ့ ပန်ကာ (Fan) တွေကကောင်းကောင်းအလုပ်မလုပ်ဘူး၊ ပြီးတော့ Fan အောက်က Heat sink နဲ့ CPU, GPU ကြားမှာရှိတဲ့ Thermal compound တွေကလည်း ခြောက်နေမယ်ဆိုရင် အပူစီးကူးနိုင်မှု မရှိတော့တဲ့အတွက် System Temperature တက်လာပြီး Blue Screen တက်တတ်ပါတယ်။
BSoD တက်တဲ့ Error က ဖြစ်နိုင်ချေတွေအများကြီးရှိတဲ့အတွက် ဘယ်အပိုင်းကနေ စတင်ပြီးစစ်ဆေးရမလဲ?
Computer မှာ မကြာခဏ Blue screen တက်နေပြီဆိုရင်တော့ စစ်ဆေးရမယ့်အပိုင်း အနေနဲ့ Software ပိုင်းနဲ့ Hardware ပိုင်းဆိုပြီး (၂) ပိုင်းရှိပါတယ်။
Blue Screen တက်နေတဲ့ Computer တစ်လုံးကို Software ပိုင်းကနေ ပထမဆုံးစပြီးစစ်ဆေးရပါမယ်။ Software ပိုင်းစစ်ဆေးပြီး အဆင်မပြေတော့မှပဲ Hardware ပိုင်းကိုပြောင်းပြီး စစ်ဆေးရပါမယ်။ Software ပိုင်းကို စပြီးစစ်ဆေးတဲ့အချိန် Software ပိုင်းနဲ့ပတ်သတ်ပြီး Error ကိစ္စတွေရှင်းအောင် Windows ကိုအသစ်ပြန်တင်ပြီးမှ ကျန်တဲ့ Hardware အစိတ်အပိုင်းတွေကို စစ်ဆေးရတာမျိုးရှိပါတယ်။
ကျနော်ကိုယ်တိုင်ကတော့ Keyboard, Mouse တို့ မကောင်းလို့ Blue Screen မကြာခဏတက်တာ ကြုံဖူးပါသည်။ လဲလိုက်မှ အဆင်ပြေသွားပါတယ်။ Hardware ကြောင့်ဖြစ်ပါက မဖြစ်မနေ သက်ဆိုင်ရာ အစိတ်အပိုင်းကို လဲကြရပါမည်။
Credit…. အိုင်တီလမ်းညွှန်


#ကွန်ပျူတာအခြေခံ

14/08/2021

ZOOM meeting account ပြုလုပ်နည်းပါ ဖုန်းနဲ့ပြုလုပ်ထားပါတယ်ဖုန်းနဲ့ကော ကွန်ပျူတာနဲ့ကောအတူတူပါ videoလေးကိုဆုံးအောင်ကြည့်ပေးနော်

Computer zoom app ထည့်သွင်းနည်း
https://www.facebook.com/102093592158951/posts/118988797136097/

နောက်ထပ်သိချင်တာတွေသိရအောင်page ကို like and follow လုပ်သွားပေးနော်🙆🏻‍♂️

သာယာသောနေ့လေးဖြစ်ပါစေ


#ကွန်ပျူတာအခြေခံ

11/08/2021

🖥Computer မှာ Zoom app မထည့်တတ်တဲ့သူတွေအတွက်zoom app ထည့်သွင်းနည်းပါဗဟုသုတရတယ်ဆိုရင်pageကိုlike လိုက်ထားပေးနော်.......

#ကွန်ပျူတာအခြေခံ

Web App Security အတွက်သိထားသင့်တဲ့ Anti-bot Systems 🤖❌=========================အားလုံးဘဲ မင်္ဂလာပါခင်ဗျ…ဒီနေ့မှာတော့ web...
02/08/2021

Web App Security အတွက်သိထားသင့်တဲ့ Anti-bot Systems 🤖❌
=========================
အားလုံးဘဲ မင်္ဂလာပါခင်ဗျ…
ဒီနေ့မှာတော့ web app security ရဲ့အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ anti-bot system တစ်ခုအကြောင်း ဆွေးနွေးသွားမှာဖြစ်ပါတယ်ခင်ဗျ။ ဒီ system တွေကိုတော့ မိတ်ဆွေတို့ website တွေအသုံးပြုတဲ့အခါတွေ့ဖူးကြမှာပါ။
ယခုခေတ်မှာတော့ မိတ်ဆွေတို့မှာ website တစ်ခု ဒါမှမဟုတ် web application တစ်ခုသာပိုင်ဆိုင် ထားမယ်ဆိုရင် မိမိတို့ web service ကို high level security နဲ့လည်ပတ်နိုင်ဖို့ security ကောင်းဖို့ Spam Bot ပြဿနာ ဟာလည်း ထည့်သွင်းစဉ်းစားရမယ့် ပြဿနာတစ်ခုဖြစ်လာပါတယ်။ အထူးသဖြင့် ကျွန်တော်တို့ system ရဲ့ user registration ပိုင်းတို့လို မျိုးကို Bot တွေသုံးပြီး account အတုတွေအများကြီးဆောက် သွားနိုင်ပါတယ်။ ထိုနည်းတူ comment စနစ်မှာ ကြော်ငြာ Spam တွေ လာထည့်သွားနိုင်ပါတယ်။ ပြဿနာကတော့ ထို Bot တွေဟာ automate script တွေဖြစ်လို့ သူတို့ထည့်သလောက် လိုက်ဖျက်မနေနိုင်ပါဘူး။ ဒါကြောင့် အစကတည်းက bot တွေမဝင်အောင် ကာကွယ်ဖို့လိုလာပါတယ်။

ဒီပြဿနာကို ဖြေရှင်းဖို့ developer တွေဟာ CAPTCHA ဆိုတဲ့ စနစ် တစ်ခုကိုအသုံးပြုလာကြပါတယ်။ အဲ့ဒါကတော့ မိတ်ဆွေတို့နဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ website တွေရဲ့ form တော်”များ” မှာတွေ့ရပြီး စိတ်ရှုတ်စရာ ဖတ်ရခက်တဲ့ Image တွေဘဲဖြစ်ပါတယ်။ Image ပေါ်မှာ စာတစ်ခုပေါ်နေမှာ ဖြစ်ပြီး ဖတ်ပြီးမှန်အောင်ဖြေနိုင်မှ နောက်တစ်ဆင့်ကိုသွားခွင့်ပြုမယ့် စနစ်ဘဲဖြစ်ပါတယ်။ သူတို့က စိတ်ရှုတ်စရာ ကောင်းပေမဲ့လည်း bot နဲ့ လူ ကိုတော့ခွဲခြားပေးနိုင်ပါတယ်။ ထိုအရာတွေကို bot တွေကဖတ်နိုင်မှာမဟုတ်ဘဲ လူတွေကသာ ဖတ်နိုင်မှာဖြစ်ပါတယ်။ ထိုနေရာမှာ အားနည်းချက်အနေနဲ့ တချို့ bot တွေကတော့ ဖတ်နိုင်ပါတယ်။ ဒါကြောင့် ဝေဖန်မှုတွေထွက်လာပေမဲ့ captcha တွေက spam bot အများစုတွေကိုတော့ ကာကွယ်ပေးနေတာကြောင့် ယခုအချိန်ထိသူတို့ကို အားကိုးနေရဆဲဖြစ်ပါတယ်။

CAPTCHA ကိုအသုံးပြုဖို့ Google က အခမဲ့ပေးထားတဲ့ reCAPTCHA ဆိုတဲ့ web service တစ်ခုရှိပါတယ်။ တစ်နေ့ ကိုအကြိမ်ပေါင်း သန်း ၃၀ လောက် Image များဖော်ပြပေးနေရလောက်အောင် လူသုံးများတဲ့ service တစ်ခု ဘဲဖြစ်ပါတယ်။ reCAPTCHA ရဲ့ ဆောင်ပုဒ်ကတော့ “STOP SPAM, READ BOOKS” ဘဲဖြစ်ပါတယ်။ ထို service မှာ စာလုံးနှစ်တွဲ ဖော်ပြလေ့ရှိပြီး တစ်လုံးမှန်ကန်ရင် နောက်တစ်ဆင့်ကို ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ အများစုကိုတော့ digital စနစ် မပြောင်းရသေးတဲ့ စာအုပ်တွေထဲက စာလုံးတွေကိုဖော်ပြလေ့ရှိပါတယ်။ OCR program တွေက အဓိပ္ပါယ်ဖော်ပြနိုင်ထားပြီးသား စာလုံးတစ်လုံး နဲ့ မဖော်ပြနိုင်တဲ့ စာလုံးတစ်လုံးကို တွဲထားပေးမှာဖြစ်ပါတယ်။ OCR ဆိုတာကတော့ optical character recognition ဖြစ်ပြီးတော့ scanned documents တွေ photo documents တွေကရလာတဲ့ handwritten or printed text တွေကို machine-encoded text or digital form အနေနဲ့ပြောင်းပေးတဲ့ စနစ်တစ်ခု program တစ်ခုဘဲဖြစ်ပါတယ်။

Get Started for reCAPTCHA service
============================
ဒီ service ကိုအသုံးပြုဖို့အတွက်
google.com/recaptcha
ဒီ link ကနေသွားရောက်ပြီး Sign Up လုပ်ပြုလုပ်ရမှာဖြစ်ပြီး public key တစ်ခုနဲ့ private key တစ်ခုရရှိလာမှာဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုတာတွေ အသေးစိတ် အသုံးပြုပုံတွေကိုလည်း ထို link ကဘဲ သွားရောက်လေ့လာနိုင်မှာဖြစ်ပါတယ်။ ထို့နောက် ထည့်သွင်း အသုံးပြုဖို့ reCAPTCHA php api ကိုအရင်ဆုံး download ဆွဲရမှာဖြစ်ပါတယ်။

Form Page တွင်ထည့်သွင်းအသုံးပြုခြင်း
=========================
Api download ဆွဲပြီးပြီဆိုရင် အောက်ပါ အတိုင်းမိမိတို့ form မှာထည့်သွင်း အသုံးပြုနိုင်ပါပြီ…

————————————————



Address

Main Road
Sittwe

Telephone

+959440846743

Website

Alerts

Be the first to know and let us send you an email when CTO Computer Online Training Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to CTO Computer Online Training Center:

Share