Tech Noob

Tech Noob Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Tech Noob, Information Technology Company, Sittwe.

ကမ္ဘာ့အတော်ဆုံး သိပ္ပံပညာရှင် ၁၀ ယောက်ထဲမှာပါရေ နာနိုသိပ္ပံပညာရှင် ဦးစောဝေလှ ဆိုပနာ သတင်းတိမှာ  ဖော်ပြစော်ကို ယပြတ်တွီ့ရ...
01/11/2025

ကမ္ဘာ့အတော်ဆုံး သိပ္ပံပညာရှင် ၁၀ ယောက်ထဲမှာပါရေ နာနိုသိပ္ပံပညာရှင် ဦးစောဝေလှ ဆိုပနာ သတင်းတိမှာ ဖော်ပြစော်ကို ယပြတ်တွီ့ရပါ‌ရေ။

အခင်စောဝေလှစော် Nanomaterials (နာနိုပစ္စည်းတိ) ,Thin film coatings, Semiconductor nanostructures ,Energy-saving nanotechnology စရေနယ်ပယ်မှာ သုတေသနလုပ်နီရေ နာနိုသိပ္ပံပညာရှင် ဖြစ်ပါရေ။

တဝငယ်ရေ atom တိအများကြီး ကို X-ray နိန့် scanning tunneling microscopy (STM) စရေ နည်းပညာတိ အသုံးပြုပြီးကေ atom တစ်လုံးတည်းကို ရှာတွီ့ခရေတွက်နိန့် Falling Walls Breakthrough of the Year – Physical Sciences 2024 ဆုရဟိထားပါရေ။ ယင်းပိုင်ဆိုကေ နာနိုနည်းပညာဆိုစော် ဇာပိုင်နည်းပညာလေ။

Nano နည်းပညာဆိုစော်ဇာချင့်လဲ။

“Nano” ဆိုစော် စကားလုံးနိန့်ဖော်ပြလို့မရလောက်အောင် တပျင်းငယ်ပါရေ။ 1 m မှာ 1e+9 nm ရှိပြီးနာတွက်ပြရဖို့ဆိုကေ ၁မီတာမှာ နာနိုမီတာအလုံးပေါင်း ဘီလီယံနဲ့ချီပနာရှိပါရေ။ Atom တစ်လုံးစော် ၀.၅ nm ရှိရေတွက်နဲ့ microscrope ရို့နိန့်ကြည့်မှဘဲ မြင်နိုင်ပါရေ။ နာနိုနည်းပညာဆိုစော် အမှုန်တိ (atoms, molecules) တိကို manipulate (ထိန်းချုပ်) စော်နည်းပညာဖြစ်ပါရေ။ နာနိုနည်းပညာကို ကွန်ပြူတာပိုင်းနိန့် ဆေးပညာပိုင်းမှာ အဓိကအသုံးပြုကတ်ပါရေ။

ကွန်ပြူတာမှာသုံးရေ nano နည်းပညာ

ကွန်ပြူတာတိမှာ အဓိကမပါမဖြစ်စော် CPU ဖြစ်ပါရေ။ CPU တိကို Transistor တိနိန့် ဖွဲ့စည်းထားပါရေ။ Transistor တိစော် လျှပ်စစ်စီးကြောင်းတိကို အဖွင့်အပိတ်လုပ်နိုင်ပါရေ။ Transistor တိစော် Gate တစ်ခုနိန့်တူပါရေ Logic Gate ကိုသုံးပနာ 0 ဆိုကေ ပိတ် 1 ဆိုကေ ဖွင့်ဆိုရေ Binary Code နိန့်အလုပ်လုပ်ပနာ ဒေတာ (data) တိကို တွက်ချက်စော်တိ၊ ထိန်းချုပ်စော်တိ နိန့် ပို့ပီးစော်တိကို လုပ်ဆောင်ပီးပါရေ။

Transistor တိစော် nano နည်းပညာနိန့်တည်ဆောက်ထားရေတွက်နိန့် တပျင်းငယ်ပါရေ။
ဥပမာ၊ Intel Core i9 မှာသုံးရေ processor မှာ ဘီလျံချီရေ transistors ရှိပါရေ။

Nanometer ငယ်လာလီ transistorsတိကို အများကြီး CPU မှာထည့်ထားနိုင်လီဖြစ်ပါရေ။
ယင်းတော့နိန့် အေဂု SoC တိမှာ 4nm SoC, 3nm SoC ဆိုပနာ ကြေညာထားကတ်စော်ဖြစ်ပါရေ။
ဥပမာ - 3nm processor ဆိုစော်က Transistor အရွယ်အစား က 3 nanometer လောက်ရာ ရှိစော်ကို ပြောစော်ပါ။ Nm ငယ်လာလီ Processor တစ်လုံးထဲမှာ Transistor အများကြီး ထည့်နိုင်ရေ တွက်နိန့် Data process လုပ်စော်တိ ပိုယင်လာပါရေ။ Transistor အများကြီး ဖြစ်လာရေတွက်နန့် အယင်ကပိုင် ဖင်ပူအောင်အလုပ်လုပ်စရာမလိုဘဲ အလုပ်ပိစော်တိလျော့လားရေတွက်နန့် ပူစော်တိ ဘတ်ထရီအကုန်ယင်စော်တိကို သက်သာဇီပါရေ။

Tech Company တိဖြစ်ရေ Apple နန့် Qualcomm ရို့က သူရို့ SoC တိကို transistor size တိကိုတတ်နိုင်သမျှ nm size ငယ်အောင်တည်ဆောက်လာကတ်ရေတွက်နိန့် Nano နည်းပညာစော် တပျင်းအရေးပါလာပါရေ။

MacBook Pro နန့်မိတ်ဆက်လားရေ M5 SoC Apple က လွန်ခရေလေးရက်က Mac, iPad နဲ့ Visionအသစ် တိအတွက် M5 chip SoC ကို ကြေညာလိုက်ပါ...
19/10/2025

MacBook Pro နန့်မိတ်ဆက်လားရေ M5 SoC

Apple က လွန်ခရေလေးရက်က Mac, iPad နဲ့ Visionအသစ် တိအတွက် M5 chip SoC ကို ကြေညာလိုက်ပါရေ။

💻ဇာတိပိုကောင်းလာလေ။

✅13nm Process Design
M5 ကို Appleက Third-generation 3nm process နဲ့ တည်ဆောက်ထားရေတွက်နန့် အယင်က M4 ထက် ပိုပြီးယင်ပနာ စွမ်းအင်သုံးစော်နည်းပါရေ။ အေပိုင် 3nm architecture ကြောင့် performance core နန့် efficiency core နှစ်မျိုးလုံးမှာ balance ကို ထိန်းပီးနိုင်ပါရေ။

✅10-Core CPU Architecture
M5 စော် 4 performance cores နန့် 6 efficiency cores ပါဝင်ရေအတွက် နန့် multi-thread performance မှာ M4 ထက် ၁၅% ပိုယင်လာပါရေ။ Application သုံးစော်တိကို ပိုပြီးနာ အယင်လုပ်နိုင်ပြီးကေ battery life ကိုလည်း ထိန်းသိမ်းထားနိုင်ပါရေ။

✅10-Core GPU with Neural Accelerator
GPU core တစ်လုံးစီမှာ Neural Accelerator ပါဝင်ရေတွက်နန့် AI workload တိကို GPU ထက်မှာ ဘဲprocess လုပ်နိုင်လားပါရေ။ M4 ထက် ၄ ဆပိုယင်ရေ AI processing power ရရှိပါရေ။

✅16-Core Neural Engine
Neural Engine 16 cores စော် Apple Intelligence feature တိမှာ အဓိက အခန်းကဏ္ဍကိုယူထားပါ‌ရေ။ Machine Learning တွက်ချက်မှုတိကို ချက်ချင်း run နိုင်ပြီးကေ Text, Voice, Photo, Video AI feature တိအတွက် အထောက်အပံ့ဖြစ်စီပါရေ။

✅153 GB/s Unified Memory Bandwidth
Memory Speed တိစော် 153 GB/s အထိ မြင့်တက်လာရေတွက်နန့် အကြီးသန် AI model တိကို cloud မသုံးဘဲ local မှာ run နိုင်ပြီးကေ Rendering, Video editing, coding, AI generation အစရှိရေ Multitasking တိ ပိုကောင်းလာပါရေ။

💻 M5 အသုံးပြုထားရေ Device တိ

MacBook Pro (M5)
M5 SoC ကြောင့် Video Editor နန့် Designer တိအတွက် Photoshop ရို့ Adobe Premier ရို့ ကိုအီးဆေး run နိုင်ပြီးကေ Meta Llama 3.1 70B နန့် Llama 3.3 70B ရို့ပိုင် Large Language Ai Models တိကို laptop ထက်မှာ တစ်ခါထဲ Offline Run ပနာသုံးလို့ရရေ။ Macbook တိ RAM management ဇာလောက်ကောင်းကောင်း AI ခေါတ်မှာ RAM လည်းလိုအပ်လာပါရေ။ ယင်းတော့နန့် 153 GB/s ထိ speed ရှိရေ Unified Memory RAM ကို16GB အနည်းဆုံး Model နန့်လာစော်တွိ့ရပါရေ။

iPad Pro (M5)
M5 SoC ကြောင့် iPad Pro မှာ Creativity apps တိသုံးရစော်ပိုကောင်းလာပါရေ။ Procreate Dreams(Animation လုပ်စော် App) မှာ 8K canvas မှာတောင် မဟန်းဘဲ အသုံး ပြုနိုင်ပြီးကေ Final Cut Pro ရို့ LumaFusion ရို့ပိုင် video Editing App တိမှာ Export ထုတ်စော်တိ 40% ပိုယင်လားပါရေ။ Latency နည်းပြီး privacy ပိုကောင်းရေ။

Apple Vision Pro (M5)
Apple Vision Pro မှာကျကေ Rendering လုပ်ရစော်တိပိုယင်လာပါဖို့ ၊ 3D spatial တွက်ချက်မှုတိပိုကောင်းလာဖို့နန့် refresh rate ကို 120Hz ထိ အသုံးပြုလို့ရအောင် M5 SoC ကလုပ်ဆောင်ပီးပါရေ။

အေဂုစော် Ai ခေါတ်ဖြစ်ပါရေ။ ယကေလေ့ Google Gemini ရို့ပိုင် Ai တိကို အသုံးပြုနိုင်နီရေအချိန်မှာ Apple Intelligence က တုတ်သတ်ဖြစ်နီပါရေ။ အေဂုပိုင် AI တွက်ပိုကောင်းရေ M5 SoC ကြောင့် Apple Intelligence ပိုကောင်းလာဖို့လားစောင့်ကြည့်ရဖို့ဖြစ်ပါရေ။

SoC ဆိုစော် ဇာလေ?အေဂုခေတ်မှာ လက်တော့ (Laptop) နဲ့ စမတ်ဖုန်း (Smartphone) အသစ်တိ ဝယ်ဖို့ဆိုကေ “SoC” ဆိုရေ စကားလုံးတိကို ယ...
12/10/2025

SoC ဆိုစော် ဇာလေ?

အေဂုခေတ်မှာ လက်တော့ (Laptop) နဲ့ စမတ်ဖုန်း (Smartphone) အသစ်တိ ဝယ်ဖို့ဆိုကေ “SoC” ဆိုရေ စကားလုံးတိကို ယပြတ် တွေ့ရပါရေ။

တစ်ပုံချင်းထောက်ပနာဖတ်ကြည့်ပီးပါ။


Arakanese Language Tech BlogSSDတစ်လုံးကို ဇာပိုင်ရွီးချယ်ပနာ ဝယ်ယူရဖို့လဲ။SSD(Solid Sate Drive) ဆိုစွာ HDD(Hard Disk Dri...
06/10/2025

Arakanese Language Tech Blog

SSDတစ်လုံးကို ဇာပိုင်ရွီးချယ်ပနာ ဝယ်ယူရဖို့လဲ။

SSD(Solid Sate Drive) ဆိုစွာ HDD(Hard Disk Drive) အစားထိုး အေဂုခေတ်စားနီစွာ Storage Device တစ်ခုဖြစ်ပါရေ။

"ဝေးဂိုးချေ ငါ့ လက်တော့ တဝဟန်းနီဗျာယ် ဇာလုပ်ရဖို့လဲ။ SSDတစ်လုံး လှဲပလိုက်ကေအဆင်ပြေလားလိမ့်မယ်။"

ကွန်ပျူတာဆိုင်ကို လားပနာပြခီကေလေ့ SSDလဲပစ်ကေအဆင်ပြေလားလိမ့်မေ ဆိုပနာ ကွန်ပျူတာလောကထဲမှာ ယပြတ်တွီ့ရပါရေ။

SSDလှဲလိုက်ကေအဆင်ပြေလားဗျာယ်လာ။

တစ်ပုံချင်းထောက်ပနာဖတ်ပီးပါ။

ပထမဆုံး Blog ဖြစ်တေတွက်နဲ့ လိုအပ်ချက်တိကို ထောက်ပြပနာ အကြံပြုနိုင်ပါရေ။

Address

Sittwe

Website

Alerts

Be the first to know and let us send you an email when Tech Noob posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Tech Noob:

Share