S&K Used Laptop Store

S&K Used Laptop Store Welcome to S&K used laptop store ယုံကြည်စိတ်ချစွာ၀ယ်ယူအားပေးနိုင်ပါသည်။

မဂ်လာပါ။ဒီနေ့ကတော့ အကြမ်းစား Wi-Fi 7 နဲ့ပက်သက်တဲ့ Knowledge လေးတွေကို မျှဝေပေးလိုက်ပါတယ်။ဒီအကြောင်းအရာလေးဖတ်ပြီးတော့ ကို...
08/03/2024

မဂ်လာပါ။

ဒီနေ့ကတော့ အကြမ်းစား Wi-Fi 7 နဲ့ပက်သက်တဲ့ Knowledge လေးတွေကို မျှဝေပေးလိုက်ပါတယ်။

ဒီအကြောင်းအရာလေးဖတ်ပြီးတော့ ကိုယ့်ရဲ့ Office မှာ Wireless ပက်သက်ပြီး သုံးနေတဲ့ Device တွေ Out of Date ဖြစ်နေလား စမ်းစစ်လို့ရသွားတာပေါ့။

တစ်ချို့အခေါ်အဝေါ်တွေကတော့ နည်းပညာဆန်တဲ့အတွက် အတတ်နိုင်ဆုံးရှင်းပြပေးထားပါတယ်။
ကောင်းပြီ...အဲ့ဒါဆို စလိုက်ကြရအောင်

Wi-Fi 7 ဆိုတာကြိုးမဲ့ချိတ်ဆက်မှုများရဲ့နောက်ထပ် မျိုးဆက်တစ်ခုဖြစ်ပြီး Personal အသုံးပြုတာပဲဖြစ်ဖြစ် Organization တွေမှာပဲဖြစ်ဖြစ် Wi-Fi 7 ကိုအသုံးပြုမယ်ဆိုရင် မယုံနိုင်လောက်အောင်မြန်ဆန်တဲ့ချိတ်ဆက်မှုများကို လုပ်ဆောင်ပေးပါလိမ့်မယ်။

Wi-Fi 7 ရဲ့ Standard ကတော့ IEEE 802.11be ဖြစ်ပြီးတော့ ပြီးခဲ့တဲ့ Generation Wireless Band တွေဖြစ်တဲ့ Frequency 2.4GHz , 5GHz , 6GHz သုံးမျိုးစလုံးမှာ အလုပ်လုပ်မှာဖြစ်ပါတယ်။

ယခု‌လောလောဆယ် ကျွန်တော်တို့တွေ Wi-Fi 6 ကိုအသုံးပြုနေကြသော်လည်း အသုံးပြုမှုတိုးပွားလာတဲ့ Device တွေကို လျင်မြန်စွာချိတ်ဆက်နိုင်ဖို့အတွက် ပိုမိုကောင်းမွန်သောအမြန်နှုန်းများကို ရရှိနိုင်ဖို့အတွက် Wi-Fi 7 ကမိတ်ဆွေတို့အတွက် Ready ဖြစ်နေမှာပါ။

ပြီးခဲ့တဲ့ Wi-Fi Standard Bandwidth တွေကိုပြန်ကြည့်မယ်ဆိုရင်။ Bandwidth ဆိုတာ တစ်စက္ကန့်ကို Data ပို့တဲ့နှုန်းဖြစ်ပါတယ်။

𝐖𝐢-𝐅𝐢 𝟓 𝟖𝟎𝟐.𝟏𝟏𝐚𝐜 𝟔.𝟗𝐆𝐛𝐩𝐬
𝐖𝐢-𝐅𝐢 𝟔 𝟖𝟎𝟐.𝟏𝟏𝐚𝐱 𝟗.𝟔𝐆𝐛𝐩𝐬
𝐖𝐢-𝐅𝐢 𝟕 𝟖𝟎𝟐.𝟏𝟏𝐛𝐞 𝟒𝟗𝐆𝐛𝐩𝐬

Wi-Fi 5 ထက် 13 ဆပိုမြန်ပြီး Wi-Fi 6 ထက် 4.8 ဆပိုမြန်တာကိုတွေ့ရှိရပါတယ်။ Wi-Fi 6/6E တို့ထက် ပိုပြီး Smooth ဖြစ်တဲ့အတွက်နောက်ထပ်ပေါ်ထွက်လာတဲ့ Application မျာကိုလည်း အသုံးပြုနိုင်ရန်အတွက် ပိုပြီးစွမ်းဆောင်ရည်ကောင်းစွာဖြင့်လုပ်ဆောင်နိုင်မှာပါ။

Wi-Fi 7 ဟာနောက်ဆုံး Generation 6GHz Frequency ကိုအသုံးပြုပြီး 320MHz Channel အကျယ်ထိ ချဲ့ထွင်နိုင်ခြင်းကြောင့် Data ပို့ဆောင်မှုများဟာ ဖြစ်နိုင်သမျှအမြန််ဆုံးနှုန်းဖြင့် Simultaneous Transmissions ထပ်ခါထပ်ခါတစ်ပြိုင်နက်ထုတ်လွင့်မှုများစွာကို လုပ်ဆောင်နိုင်ပါတယ်။

ပြောရမယ်ဆိုရင် Device ပေါင်းစုံကို Connection Loss မဖြစ်စေပဲ ကောင်းမွန်စွာချိတ်ဆက်အသုံးပြုနိုင်ခြင်းဖြစ်ပါတယ်။

Wi-Fi Device တွေအသုံးပြုမှုများပြားလာခြင်းကြောင့် Traffic Jam များဖြစ်ပေါ်လာရပြီး Access Point တွေမှာဆိုရင် Antennas တွေကို ထပ်တိုးတပ်ဆင်ရပြီး Spatial Multiplexing စွမ်းဆောင်ရည်ကိုကောင်းမွန်အောင်လုပ်ဆောင်ရပါတယ်။

Spital Multiplexingဆိုတာ တူညီတဲ့ Frequency Channel တစ်ခုပေါ်မှာ Data တွေပို့ဆောင်တဲ့အခါ တစ်ပြိုင်နက်တည်း ပေးပို့လုပ်ဆောင်တဲ့ နည်းပညာတစ်ခုဖြစ်ပြီး ဒီလိုလုပ်ဆောင်နိုင်ဖို့အတွက် Antennaများကို ထပ်တိုးတပ်ဆင်ရခြင်းဖြစ်ပါတယ်။

ဘာကောင်းသွားလဲဆိုရင် Signal Quality ကောင်းမွန်လာတယ်။ Data ပေးပို့မှုနှုန်း တိုးတက်လာပါတယ်။

အရှည်ထပ်ပြောရမယ်ဆိုရင် ဒီနည်းပညာဟာ Wi-Fi Network , Cellular Network , အခြားသော ဆက်သွယ်ရေးစနစ်တွေမှာ ကျယ်ပြန့်စွာ အသုံးပြုနေတဲ့ Multiple-Input Multiple-Output ( MIMO )နည်းပညာတစ်ခုဖြစ်ပါတယ်။

Wi-Fi 7မှာဆိုရင် Spatial Stream က 8 ကနေ 16အထိ တိုးတက်လာပြီး 16MIMO အသုံးပြုတဲ့အတွက် သီအိုရီအရ Wi-Fi 6 ထက် Transmission Rate နှစ်ဆတိုးတက်လာသောကြောင့် များစွာသော Device ဟာဆိုရင်လုံလောက်တဲ့ Bandwidth ရရှိနိုင်ပြီးချောမွတ်စွာဖြင့် အလုပ်လုပ်တော့မှာဖြစ်ပါတယ်။

ကဲ အဲဒါပြီးရင် QAM ကိုလေ့လာကြည့်ရအောင်။
သူ့ရဲ့ အရှည်ကောက်ကတော့ Quadrature Amplitude Modulation ဖြစ်ပါတယ်။

သူလည်းပဲ Data တွေပေးပို့လုပ်ဆောင်တဲ့ နည်းပညာတစ်ခုဖြစ်ပါတယ်။အမျိုးမျိုးသော ဆက်သွယ်ရေးစနစ်တွေWi-Fi Network တွေ, Cable Internet နဲ့ Digital Television တွေမှာ ကျယ်ပြန့်စွာအသုံးပြုတဲ့ နည်းပညာတစ်ခုလည်းဖြစ်ပါတယ်။

Wi-Fi 7မှာဆိုရင် 4096QAM အသုံးပြုတဲ့အတွက် Wi-Fi 6 ရဲ့ 1024QAM ထက် Data ပို့ဆောင်မှုနှုန်း Transmission Rate 20 % ပိုမြင့်မားပါတယ်။

Data ပို့ဆောင်မှုနှုန်းများလေလေ အသုံးပြုတဲ့ User တွေအတွက် ပိုမိုကောင်းမွန်မြင့်မားတဲ့ စွမ်းဆောင်ရည် ရရှိစေပါတယ်။

ကဲ...အခုဆိုရင် Wi-Fi 7 ကြောင့် 4K /8K Video တွေကို အပြစ်အနာဆာကင်းစွာထစ်ငေါ့ခြင်းမရှိဘဲ
ကြည့်ရှု့နိုင်ပါပြီ။

Onlin Game တွေကိုလည်း Lag ခြင်းမရှိဘဲ Smooth ဖြစ်စွာကစားနိုင်ပါပြီ။

Live Stream လွှင့်မလား လုံးဝ OK ပါပဲ။ AR/VR တွေသုံးချင်သေးလား နှေင့်နှေးခြင်းမရှိပါဘူးနော်။

အချုပ်ပြောရမယ်ဆိုရင်တော့.... Wi-Fi 7 ဟာဆိုရင် မိတ်ဆွေဆီမှာ Smart Home Device တွေ Office တွေ Home တွေမှာ အသုံးပြုတဲ့ များစွာသော
Wi-Fi Device တွေကို အမြန်ဆုံးနှုန်းနဲ့ အကောင်းဆုံး Performance တွေပေးစွမ်းမှာဖြစ်ပါတယ်။

နောက်ထပ်မှတ်ထားရမှာက Wi-Fi 7 Device အချင်းချင်း တူညီနေမှသာ Full Speed ကိုရရှိမှာ ဖြစ်ပါတယ်။

Example Wireless Router ကလည်း Wi-Fi 7 , Smart Phone or Computer ကလည်း Wi-Fi 7 Support ရှိမှာသာ OK မှာပါ။

မိတ်ဆွေတို့ Organization မှာလည်း Wi-Fi
Generation အနိမ့်တွေဆက်ပြီး သုံးနေရင်လည်း Upgrade လုပ်ဖို့အကြံပြုပရစေ။

မကြာခင် Wi-Fi 7 ဟာ Market ထဲမှာတွင်ကျယ်ကျယ်ရောက်ရှိလာတော့မဲ့အတွက် Wi-Fi နဲ့ပက်သက်တာလေးတွေကို လေ့လာမိသလောက် အကျဉ်းချုံ့ မျှဝေလိုက်ပါတယ်။

မိတ်ဆွေတို့ရဲ့ မှတ်ချက်လေးတွေကိုလည်း ကျွန်တော်တို့ Service Team ကို အကြံပြုလို့ရတဲ့အပြင် Knowledge လေးတွေကို မျှဝေခြင်းဖြင့် ကူညီလို့ ရပါတယ်ခမျှ။

အားလုံးပဲ...ဗဟုသုတတွေ တိုးပွားကြပါစေ။

User အများစုသတိမထားမိကြတဲ့Laptop များရဲ့အားသာချက်တချို့========================Desktop နဲ့ Laptop ရဲ့ ကွာခြားမှုအများစုက...
05/03/2024

User အများစုသတိမထားမိကြတဲ့
Laptop များရဲ့အားသာချက်တချို့
========================
Desktop နဲ့ Laptop ရဲ့ ကွာခြားမှုအများစုကို အသုံးပြုသူအများစုသတိထားမိကြမှာပါ။ ၂ မျိုးစလုံးမှာ အသုံးဝင်ပုံနဲ့ ဖွဲ့စည်းတည်ဆောက်ပုံအရ အားနည်းချက် အားသာချက်ကိုယ်စီရှိကြပါတယ်။ ဒါပေမယ့် Computer အသုံးပြုသူတွေ သတိမပြုမိကြတဲ့ Laptop တွေရဲ့ အားသာမှုတချို့ ရှိပါတယ်။ အများအားဖြင့် Desktop အသုံးပြုသူတွေအနေနဲ့ မသိကြတာများပါတယ်။ အဲဒါတွေကိုစုစည်းဖော်ပြလိုက်ပါတယ်။
ပုံစာနဲ့လည်း ပူးတွဲဖော်ပြထားပါတယ်။

(၁) Wi-Fi / Bluetooth
Laptop တွေဟာ Mobile Used သွားလာသယ်ဆောင်အသုံးပြုရတဲ့ ပစ္စည်းတစ်ခုဖြစ်တာကြောင့် Wifi / Bluetooth အစရှိတဲ့ ကြိုးမဲ့ကွန်ယက်ကို အသုံးပြုလို့ရအောင် စံနှုန်းအနေနဲ့ ထည့်သွင်း‌ထားပါတယ်။ Desktop System Unit အားလုံးနီးပါးမှာ Wifi Network Chip နဲ့ Bluetooth Chip တွေ မပါဝင်တဲ့အတွက် Wifi / Bluetooth ချိတ်ဆက်မှု တွေကို လုံးဝ ပြုလုပ်နိုင်မှာမဟုတ်ပါဘူး။ User အများစုက Desktop ကို Wifi စနစ်ပါတယ်ထင်ပြီး Wifi ချိတ်ဆက်ဖို့ ခဏခဏကြိုးစားကြပါတယ်။ အဲဒီလိုချိတ်ဆက်နိုင်ဖို့အတွက် USB Wifi / Bluetooth Adapter လေးတွေ ဝယ်ယူတပ်ဆင်ပြီးအသုံးပြုရပါမယ်။

(၂) We**am
Laptop အများစုမှာ we**am တပါတည်း ပါဝင်‌လေ့ရှိပါတယ်။ Desktop တွေအားလုံးမှာတော့ We**am ပါဝင်မှုမရှိပါဘူး အဲဒါကြောင့် USB We**am ကို ထပ်မံတပ်ဆင်အသုံးပြုရပါမယ်။

(၃) Sound Speaker
Mobile ထုတ်ကုန် ဖြစ်တဲ့ Laptop တွေမှာ အသံထွက်စနစ်အတွက် Speaker တစ်စုံကိုပါ တစ်ပါတည်းတပ်ဆင်ထားပါတယ်။ Desktop တွေမှာက Buzzer လို့ခေါ်တဲ့ Error Message ပေးတဲ့ Speaker သေးသေးလေးကိုသာ Motherboard မှာတပ်ဆင်ထားတာကလွဲပြီး တခြားအသံစနစ်အတွက် Speaker တွေတပ်ဆင်ထားတာမရှိပါ။ (တချို့ Branded PC တွေနဲ့ AIO PC တွေမှာတော့ Monitor မှာ တပါတည်းတပ်ဆင်ပေးထားပါတယ်) အဲဒါကြောင့် သီချင်းသံ အစရှိတဲ့ အသံတွေနားထောင်ချင်ရင် Desktop Computer System Unit ရဲ့ Audio Out အပေါက်ကနေတစ်ဆင့် အသံချဲ့စနစ်ပါတဲ့ Active Computer Speaker ကိုသီးသန့် တပ်ဆင်ရပါတယ်။

(၄) Hibernation Power Option
Laptop တွေမှာ Battery ပါဝင်တဲ့အတွက် အသုံးပြုနေတဲ့ System ကို မပိတ်ပဲ Hibernate Option ကို အသုံးပြုနိုင်ပါတယ်။ Hibernate ဟာ ရောက်လက်စ သုံးလက်စနေရာကို မှတ်ထားပြီး Battery ရှိနေသမျှ ကြိုက်တဲ့အချိန် အသင့်ပြန်ဝင်သုံးနိုင်ပါတယ်။ အဲဒီ Option ကို On Windows ထဲမှာ ထားရင် Shut Down ခလုပ်နှိပ်တဲ့အခါ Hibernate ခလုတ်လေးပိုလာပါမယ်။ Desktop တွေမှာက Battery မပါတာကြောင့် Hibernation ဟာ အပိုဖြစ်နေပါတယ်။

(၅) Fn Key
Fn Key ဟာ Laptop တွေမှာ စံနှုန်းတစ်ခုတွေနဲ့ ပါဝင်ပါတယ်။ Fn Key ကို တခြား Key တွေနဲ့ တွဲနှိပ်မယ်ဆိုရင် Laptop တလုံးရဲ့ အရေးပါတဲ့ အလင်းအမှောင်ချိန်ညှိတာတွေ/ အသံအတိုးအကျယ်တွေ/Wireless စနစ် အဖွင့်အပိတ်တွေ
/ ပြင်ပ Monitor သို့မဟုတ် TV နဲ့ချိတ်ဆက်မှု Screen Sharing အစရှိတဲ့ လုပ်ဆောင်ချက်တွေကို ပြုလုပ်နိုင်သလို Laptop Model အပေါ်မူတည်ပြီး Fn ခလုတ်ရဲ့ အသုံးဝင်ပုံချင်း ကွာခြားပါတယ်။

(၆) Screen Sharing
Laptop တွေဟာ ၎င်းမှာပါဝင်တဲ့ HDMI/VGA Port ကနေတစ်ဆင့် External Monitor သို့မဟုတ် TV တွေကို ကြိုးနဲ့ချိတ်ဆက်ပြီး Screen Sharing ပြုလုပ်နိုင်သလို Wifi ကို အသုံးပြုပြီး Screen Cast စနစ်နဲ့ Smart TV တွေနဲ့ ကြိုးမဲ့ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။ Desktop တွေမှာက Monitor သီးသန့် ပါဝင်ပြီးသားဖြစ်တဲ့အတွက် Graphic Card အပေါ်မူတည်ပြီး နောက်ထပ် Monitor/TV တစ်လုံးနဲ့ချိတ်ဆက်ဖို့ အကန့်အသတ်ရှိပါတယ်။

(၇) Card Reader
Laptop အများစုမှာ Card Reader တပါတည်း ပါဝင်ပါတယ်။ ပုံမှန်အနေနဲ့ SD Card ထည့်သွင်းအသုံးပြု ရသလို မော်ဒယ်မြင့်ပါးလွှာတဲ့ Laptop တွေမှာဆိုရင် Micro SD Card ပေါက်ပါဝင်ပါတယ်။ အဲဒါကြောင့် Memory Card များကို တိုက်ရိုက်ထည့်သွင်းအသုံးပြုနိုင်ကြပါတယ်။

ဒါတွေဟာ User အများစု သတိမထားမိတဲ့ Laptop တွေရဲ့ အားသာချက်တချို့ ဖြစ်ပါတယ်။

Page မှာ Knowledge လေးတွေတင်ပေးသွားအုန်းမှာဖြစ်လို့ like & Follow လုပ်ဖို့မမေ့နဲ့နော် 😊

လေးစားစွာဖြင့်မူရင်းရေးသားသူအား credit ပေးပါသည်။

Laptop computer သုံးစွဲသူများ သတိပြုရန်အချက်များ============================၁။ မျက်နှာပြင်ညီညာသည့် နေရာတွင် Laptop compu...
04/03/2024

Laptop computer သုံးစွဲသူများ သတိပြုရန်အချက်များ
============================
၁။ မျက်နှာပြင်ညီညာသည့် နေရာတွင် Laptop computer ကို အသုံးပြုပါ။ ကွန်ပျူတာထဲတွင်လည်ပတ်နေသည့် Harddisk ရှိပါသည်။ တစ်ခါတစ်ရံအနည်းငယ်လှုပ်ခြင်းသည်ပြဿနာ မရှိနိုင်သော်လည်း
အမြဲတစေလှုပ်ခါနေခြင်းက Harddisk ကမကြိုက်ပါ မျက်နှာပြင် မညီသည့်နေရာတွင်တင်ပါကကွန်ပျူတာသုံးနေစဉ်တစ်လျှောက်လုံးလှုပ်နေပါမည်။ Harddisk အသက်တိုနိုင်ပါသည် ကွန်ပျူတာသုံးခါနီးတိုင်း ခြေထောက်လေးချောင်းလုံး အထိုင် ညီမညီ စစ်ပါ။ ကွန်ပျူတာ သုံးစွဲနေစဉ်မကြာခဏမပြီး ရွှေ့ခြင်းကို ရှောင်ပါ။

၂။ကွန်ပျူတာကို လေရအောင်လုပ်ပါ။
Laptop computerတို့သည်အလွန်ကျဉ်းမြောင်းသောအကန့်ထဲတွင်အတွင်းကလီစာ ပေါင်းစုံကို ကွက်တိ နေရာချ ရသည် ဖြစ်ရာအပူချိန်တက်လွယ်ပါသည်။ အပူချိန်ကြောင့်အများဆုံးထိခိုက်မည်မှာ processor နှင့် Harddrive ဖြစ်ပါသည်။ ထို့ကြောင့် Laptop computer သုံးလျှင် အောက်ခံပန်ကာတပ်ပြီးသုံးပါ။
ကွန်ပျူတာ အောက်ဘက်မျက်နှာပြင်တွင် ဖောက်ထားသော လေပေါက်များပိတ်စေမည့်အပြုအမူကို ရှောင်ရှားပါ။ ထိုအပေါက်များတွင်ဖုန်နှင့် အမှိုက်သရိုက်များ မပိတ်အောင် ဂရုစိုက်ပါ။

၃။သံလိုက်စက်ကွင်းရှိနိုင်သည့် နေရာများတွင် ကွန်ပျူတာကို မထားပါနှင့်၊ မသုံးပါနှင့်။ သံလိုက် စက်ကွင်းသည် Laptop computer ၏ စွမ်းဆောင်ရည်ကို ထိခိုက်စေနိုင်ပါသည်။
ထို့ကြောင့် ရေခဲသေတ္တာ၊ ရုပ်မြင် သံကြားစက်၊အင်ဗာတာ၊ ယူပီအက်စ်တို့နှင့် အနားကပ်ပြီး ကွန်ပျူတာ မသုံးသင့်ပါ။

၄။ ကွန်ပျူတာကို နေရောင်ခြည်တိုက်ရိုက် မထိပါစေနှင့်။
LaptopComputerသည်ပြင်ပတွင်သယ်ဆောင်အသုံးပြုရန်တည်ဆောက်ထားခြင်းဖြစ်ပါသည်။သို့သော်နေရောင်အောက်တွင်သုံးစွဲရန်ပြုလုပ်ထားခြင်းမဟုတ်ပါ။
နေရောင်ကစက်၏အပူချိန်ကိုမြင့်တက်စေနိုင်ပါသည် ။နေရောင်ခြည်တွင် ပါလာသော ခရမ်းလွန်ရောင်ခြည် တို့ကလည်း ရေရှည်တွင် စက်ကို ထိခိုက်စေနိုင်ပါသည်။

၅။ အလေးချိန်ရှိသော ပစ္စည်းတစ်ခုခုကို ကွန်ပျူတာပေါ်တင်မထားပါနှင့်။ Laptop computer အတော်များများသည် 25Kg ခန့် ဖိအားဒဏ်ကို ခံနိုင်အောင် တည်ဆောက် ထားသည်ဟုဆိုပါသည်။
ပုံမှန်အရွယ်အစား ရှိသော လူကြီးတစ်ယောက် လက်ဖြင့် ဖိမိသည့် အနေအထားမျိုး ဖြစ်ပါသည်။ သို့သော်ခဏတဖြုတ်ဖိမိခြင်း ကိုသာ ခံနိုင်ပါလိမ့်မည်။
ထို့အတူ ကွန်ပျူတာ သုံးနေစဉ် ယင်းအပေါ်သို့ ပစ္စည်းတစ်ခုခု ပြုတ်ကျနိုင်ခြေ ရှိမရှိသတိထားပါ။ စားပွဲပေါ် ခုန်တက်သည့် ကြောင်များကိုလည်း သတိထားပါ။

၆။ အပူအအေးပြင်းထန်သည့်နေရာ၊ စိုထိုင်းသည့် နေရာများတွင် ကွန်ပျူတာအသုံးပြုခြင်းကို ရှောင်ပါ။
Laptop computer အား ရာသီဥတု ပူလွန်းသည့် အချိန်၊ ရေခဲမတတ်အေးသည့် အချိန်များတွင် အိမ်၏အပြင်ဘက်သို့
ယူဆောင်အသုံးပြုခြင်းကို ရှောင်ပါ။ ကွန်ပျူတာ၏ ပုံမှန် လုပ်ဆောင်နိုင်စွမ်းကို ထိခိုက်စေပါသည်။ ထို့အတူ မိုးရွာနေသောအချိန်တွင် မိုးပက်နိုင်သော နေရာ၌ ကွန်ပျူတာကို အသုံးမပြုပါနှင့်။ မီးဖိုဆောင်ထဲတွင် ကွန်ပျူတာ သုံးနိုင်သော်လည်း ထမင်းဟင်းချက်ပြုတ်ထားသဖြင့် အငွေ့တလူလူ ထွက်နေသော နေရာအနီးတွင် ကွန်ပျူတာ အသုံးပြုခြင်းကို
ရှောင်ပါ။

၇။ ကွန်ပျူတာပြကွက် (display) ကို ရေဖြင့်လည်းကောင်း၊ အခြားအရည်ဖြင့်လည်းကောင်း မသုတ်ပါနှင့်။
Laptop computer ၏ မျက်နှာပြင် သန့်ရှင်းရေး လုပ်ရန်အတွက် LCD Cleaner ဟုခေါ်သော အရည်ဘူးများ တရုတ်
ပြည်မှဝင်ပါသည်။ တချို့သော Cleaner set တွင် Spary ဘူးများပင် ပါရှိပါသည်။ ကွန်ပျူတာ၏ မျက်နှာပြင်တို့ကို
sparayဖြင့်တိုက်ရိုက် ပက်ဖျန်း၍ မရပါ။ အစမဖွာသော အ၀တ်စ (ဖြစ်နိုင်လျှင် မျက်မှန်သုတ်သော အဝတ်စမျိုး)ပေါ်သို့
ဆေးကြောအရည်ကို ဖျန်းပီးမှ ကွန်ပျူတာ၏ ပြကွက် မျက်နှာပြင်ကို ညင်သာစွာ ပွတ်တိုက် သန့်ရှင်းရန် ဖြစ်ပါသည်။
သို့သော် အဆိုပါမျက်နှာပြင်သည် ရေကိုသော် လည်းကောင်း၊ တခြားအရည် တစ်ခုခုကိုလည်းကောင်း စိုရွှဲသည်အထိတင်ခြင်းကို မခံနိုင်ပါ။

၈။ ကြာရှည် အသုံးမပြုလျှင် Laptop computer မှ ဘက်ထရီကို ဖြုတ်ထားပါ။ အိမ်သုံးလျှပ်စစ်မီးဖြင့် သုံးစွဲနေစဉ်တွင် အားမပြည့်သေးသော ဘက်ထရီကို ကွန်ပျူတာတွင်တပ်ဆင်ထားပါက ဘက်ထရီအသက်တို စေပါသည်။
ထို့အပြင်ကွန်ပျူတာပိတ်ထားစဉ်တွင်လည်းဘက်ထရီတပ်ထားပါကအတွင်းဓာတ်စီးပတ်လမ်းဖြစ်ပေါ်နေသောကြောင့် ဓာတ်အားဆုံးရှုံးမှု ရှိနေမည် ဖြစ်ပါသည်။
ထို့ကြောင့် ဘက်ထရီ အသုံးပြုရန် မလိုအပ်ချိန်တွင်ဖြုတ်ထားပါ။ မဖြုတ်မီတွင် အားအပြည့်ရှိအောင် သွင်းထားပါ။ အိမ်သုံးလျှပ်စစ်မီးဖြင့် သုံးနေချိန်တွင် Desktop computerများသုံးနေသလို Laptop computer ကို လည်း UPS ခံပြီး အသုံးပြုသင့်ပါတယ်။

၉။ ကွန်ပျူတာကို အထိအခိုက် မခံရအောင် အကာအကွယ်ပြုပါ။
Laptop computer များသည် စက် ပိတ်ထားစဉ်တွင် အမြင့်(၂ .၅) ပေခန့်မှ လွတ်ကျသည့်တိုင်အတွင်းအစိတ်အပိုင်းများ
အလွယ်တကူ မပျက်စီးနိုင်အောင် ပြုလုပ်ထားပါသည်။ သို့သော် လွတ်မကျလျှင်သာ၍ ကောင်းပါသည်။

to Original Writer

How to delete Windows.old Folder---------------------------------ဒီနေ့တော့ မိမိတို့ကွန်ပျူတာရဲ့ Local Disk C ထဲမှာရှိတဲ့...
03/03/2024

How to delete Windows.old Folder
---------------------------------
ဒီနေ့တော့ မိမိတို့ကွန်ပျူတာရဲ့ Local Disk C ထဲမှာရှိတဲ့ Windows.old folder ကိုအလွယ်တကူဖျက်နည်းကို ဗဟုသုတအနေနဲ့မျှဝေပေးလိုက်ပါတယ်။မိမိ Windows ကို Windows Update install လုပ်ပြီးသွားချိန်မှာ Local Disk C ထဲမှာ အရင် Windows Version အဟောင်းရဲ့ Windows.old ဆိုတဲ့ Folder တစ်ခုပေါ်နေပါလိမ့်မယ်။ Storage က 30 GB ကျော်လို့ Storage memory နည်းတဲ့ Hard Disk တွေအတွက်မလိုအပ်ပဲနေရာအများကြီးယူနေမှာပါ။

ထို Windows.old Folder ကိုဒီတိုင်း Delete နဲ့ဖျက်လို့မရတာကြောင့် Windows setting ထဲမှာသွားဖျက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။Windows Setting ထဲသွားပေးပါ။ System ကိုနှိပ်ပါ။ Storage ကိုထပ်နှိပ်ပေးပါ။ 'Change how we free up space automatically' သို့မဟုတ် 'Configure Storage Sense or run it now' ကိုထပ်နှိပ်ပါ။ Delete previous version of Windows ကိုနှိပ်ပြီး Clean now ကိုနှိပ်လိုက်လျင် Local Disk C ထဲက Windows.old folder ကိုဖျက်ပြီးသွားပြီဖြစ်ပါတယ်။ဒီနည်းလမ်းလေးကိုအသုံးချပြီး မိမိတို့ကွန်ပျူတာထဲကမလိုအပ်ပဲ Storage နေရာယူနေတဲ့ Windows.old Folder ကိုလွယ်ကူစွာဖျက်လို့ရပြီဖြစ်ပါတယ်။
ကဲ.. ဒီလို ​Laptop&Computer နဲ့ပက်သက်တဲ့ မဟုသုတ လေးတွေတင်းပေးသွားမဲ့ အတွက်ကြောင့် Admin တို့ Page ကို Like&Follow လေးလုပ်ထားဖို့ မမေ့နဲ့နော်။🤗

Welcome Back 🤗
01/03/2024

Welcome Back 🤗

E-mail ရေးသားရာမှာ အသုံးပြုလေ့ရှိတဲ့ အတိုကောက်စာလုံးများ======================================မနက်ရုံးရောက်လို့ အလုပ်လုပ...
04/12/2023

E-mail ရေးသားရာမှာ အသုံးပြုလေ့ရှိတဲ့ အတိုကောက်စာလုံးများ
======================================
မနက်ရုံးရောက်လို့ အလုပ်လုပ်ဖို့ ကွန်ပျူတာဖွင့်လိုက်တဲ့အခါ “FYI: Please confirm the date of meeting. Can you LMK it before EOD? ...” အစရှိတဲ့ အတိုကောက်စကားလုံးတွေနဲ့ရေးထားတဲ့ e-mail တွေကို ကိုယ့်ရဲ့အထက်လူကြီးဆီကနေ ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်တွေကနေ ရဖူးပါလိမ့်မယ်။ အဲဒီအခါမှာ ကိုယ်နဲ့သိပ်မရင်းနှီးတဲ့အတိုကောက်စကားလုံးတွေကို နားလည်အောင်ပြန်လုပ်ရတာက တစ်ခါတလေမှာစိတ်ရှုပ်စရာကောင်းပါတယ်။ နိုင်ငံတကာကုမ္ပဏီအများစုဟာ အင်္ဂလိပ်စာကို နိုင်ငံတကာဘုံဘာသာစကားအဖြစ် အသုံးပြုတဲ့အတွက်ကြောင့် ကိုယ့်ရဲ့အလုပ်လိုအပ်ချက်အရ နိုင်ငံခြားသားတွေနဲ့ဆက်သွယ်ရတဲ့အခါမှာ အင်္ဂလိပ်စကားကိုကောင်းကောင်းအသုံးပြုတတ်ဖို့ လိုပါတယ်။ တကယ်လို့ ကိုယ့်ရဲ့အထက်လူကြီးက နိုင်ငံခြားသားဖြစ်တယ်ဆိုလျှင် သူနဲ့ပြောဆိုဆက်သွယ်နိုင်ဖို့အတွက် ပိုပြီးတော့တောင်အင်္ဂလိပ်စာကို အသုံးပြုရပါလိမ့်မယ်။ အဲဒီလိုဆက်သွယ်ရတဲ့အခါမှာ သူ့နဲ့ပြောဆိုနိုင်ဖို့လည်းအရေးကြီးသလို သူပြောသမျှနဲ့ရေးသမျှအကြောင်းအရာတွေကိုလည်း နားလည်နိုင်ဖို့လိုပါတယ်။
နောက်ပြီး လုပ်ငန်းပိုင်းဆိုင်ရာသတင်းအချက်အလက်တွေကို အချိန်နဲ့တပြေးညီသိရှိစေဖို့ ကုမ္ပဏီအတွင်းမှာ တစ်ယောက်နဲ့တစ်ယောက်ဆက်သွယ်တဲ့အခါမှာလည်း အချိန်တိုတိုအတွင်းမှာလျင်လျင်မြန်မြန်ပေးပို့နိုင်တဲ့ အီးမေးလ်နဲ့ စာတိုပေးပို့စနစ်တွေကို ပိုပြီးအသုံးပြုလာကြပါတယ်။ တကယ်လို့များ ကိုယ့်ရဲ့နိုင်ငံခြားသားအထက်လူကြီးက သူ့ရဲ့မက်ဆေ့ခ်ျတွေနဲ့ အီးမေးတွေထဲမှာ အတိုကောက်စာလုံးတွေကိုထည့်ပြီး သုံးလာခဲ့လျှင် သူပြောချင်တဲ့အကြောင်းအရာတွေကို အပြည့်အဝနားလည်ဖို့ အဲဒီစကားလုံးတွေကိုနားလည်ဖို့လိုပါတယ်။ မဟုတ်လျှင် တချို့အရေးကြီးတဲ့အချက်တွေကို ကျန်ခဲ့နိုင်ပါတယ်။ အဲဒါကြောင့် လုပ်ငန်းခွင်မှာ e-mail နဲ့ပဲဖြစ်ဖြစ် Instant messaging နဲ့ပဲဖြစ်ဖြစ် ဆက်သွယ်ပေးပို့တဲ့အခါ အသုံးများလေ့ရှိတဲ့အင်္ဂလိပ်အတိုကောက်စကားလုံးတွေကို ဗဟုသုတရအောင်ဖော်ပြပေးလိုက်ပါတယ်။
1. ASAP – as soon as possible (ကိုယ့်ရဲ့အထက်လူကြီးဆီကနေ “Send me the report ASAP” ဆိုတဲ့ e-mail ကို ရတယ်ဆိုရင်တော့ သူကကိုယ့်ကို ကျန်တဲ့အလုပ်တွေအကုန်ပစ်ချထားပြီးတော့ အဲဒီအစီရင်ခံစာကို ပြီးအောင်လုပ်တော့လို့ ပြောနေတာပဲဖြစ်ပါတယ်။)
2. BTW – by the way (ဥပမာ - “I read that article BTW. Not so great.” တစ်ခါတလေမှာ back to work လို့လည်း ဆိုလိုပါတယ်။ အဲဒါကြောင့် btw ဆိုတဲ့စကားလုံးကို ဘယ်လိုအသုံးပြုထားသလဲဆိုတာကို ဂရုစိုက်ဖို့လိုပါတယ်။)
3. COB – close of business (လုပ်ငန်းတစ်ခုပြီးစီးဖို့အတွက် သတ်မှတ်ထားတဲ့နောက်ဆုံးအချိန်ကို ဆိုလိုတာဖြစ်ပါတယ်။ ဥပမာ - “This is just a reminder that the survey is still open and will remain open until COB today”)
4. COD – cash on delivery (ပစ္စည်းရောက်မှငွေချေရတဲ့ ငွေပေးချေမှုအမျိုးအစားတစ်ခုဖြစ်ပါတယ်။ ဥပမာ - We don’t have to pay the printer now. It’s COD.”)
5. EOD – end of day (ယေဘုယျအားဖြင့်တော့ အလုပ်အချိန်ရဲ့နောက်ဆုံးအချိန်ကိုပြောချင်တာပါ။ တစ်ခါတလေမှာလည်း နေ့တစ်နေ့ရဲ့နောက်ဆုံး သန်းခေါင်းယံအချိန်ကိုပြောချင်တာပါ။ ကိုယ့်အလုပ်ရှင်က ဘယ်လိုမျိုးသုံးနှုန်းထားသလဲဆိုတာကိုတော့ သိအောင်လုပ်ရပါ့မယ်။ ဥပမာ - “I’d like to submit it before EOD.”)
6. EOM – end of message (အချိန်တိုတိုအတွင်းမှာ မလိုအပ်ဘဲနဲ့ e-mail ဖွင့်ဖတ်ရတဲ့အခက်အခဲတွေကို မဖြစ်စေဖို့ ဒီစကားလုံးကို e-mail ရဲ့အကြောင်းအရာမှာသုံးလေ့ရှိပါတယ်။ ဥပမာ - e-mail မှာဘာမှမရေးဘဲနဲ့ Subject မှာပဲ “Budget meeting 10/11/2019 at 11am (EOM)” ဆိုပြီးသုံးလို့ရပါတယ်။)
7. F2F – face to face (မျက်နှာချင်းဆိုင်တွေ့ဆုံပြီး ပြောချင်တဲ့အခါမှာ သုံးပါတယ်။ ဥပမာ - "Let's meet and work it out F2F.")
8. FAQ – frequently asked question(s) (အကြောင်းအရာတစ်ခုနဲ့ပတ်သက်ပြီး အမေးများတဲ့မေးခွန်းတွေကို ဆိုလိုပါတယ်။ ဥပမာ - “What are the FAQs for our new product?”)
9. FYI – for your information (ဒီစကားလုံးကိုတော့ ရင်းနှီးပြီးသားဖြစ်ပါလိမ့်မယ်။ ကိုယ်မျှဝေပေးပို့လိုက်တဲ့ သတင်းအကြောင်းအရာကို သတိထားမိစေချင်ရင် အဲဒီစကားလုံးကို သုံးနှုန်းပါတယ်။ ဥပမာ - “FYI, this is the update I got from the team.”)
10. F/U – follow up (ကိုယ့်ရဲ့ Client ဆီကို e-mail ပို့ပြီးပြောဆိုဆွေးနွေးထားတဲ့အကြောင်းအရာကို ဖုန်းနဲ့ပဲဖြစ်ဖြစ် လူကိုယ်တိုင်ပဲဖြစ်ဖြစ် ဆက်လက်ဆောင်ရွက်တာကိုပြောတာ ဖြစ်ပါတယ်။ နမူနာစာကြောင်းဆိုရင် “You should f/u your e-mail over phone-call or in person.”)
11. FWD – forward (ကိုယ့်ရဲ့ အထက်လူကြီး ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်က သူ့ရဲ့e-mail ကို နောက်တစ်ယောက်ဆီ ပေးပို့ပေးစေချင်တဲ့အခါမှာ “Can you FWD my e-mail to ### as I forgot to loop him/her in the convo?” အဲဒီမှာ Convo ဆိုတာ Conversation ကိုပြောတာပါ။)
12. IOW – in other words (အကြောင်းအရာတစ်ခုကို အရှေ့မှာပြောထားတာထက် ပိုပြီးရှင်းလင်းအောင်ပြောချင်ရင် ဒီစာလုံးနဲ့စပြီးပြောပါတယ်။ ဥပမာ - “The mobile library services have been reorganized – IOW, they visit fewer places.”)
13. LMK – let me know (ကိုယ်ပေးပို့လိုက်တဲ့ e-mail နဲ့ပတ်သက်ပြီး နောက်ဆက်တွဲမေးခွန်းတွေမေးလို့ရအောင် ဖွင့်ပေးတဲ့သဘောနဲ့ အသုံးပါတယ်။ ဥပမာ - “LMK, if you have any questions about this event.”)
14. N/A – not applicable (မေးထားတဲ့မေးခွန်းနဲ့ပတ်သက်ပြီး ကိုက်ညီသင့်တော်တဲ့အဖြေမရှိတဲ့အခါမှာ ဒီစကားလုံးကိုသုံးပါတယ်။ ဥပမာ - “If a question does not apply to you, please put N/A in the box.”)
15. N/B, NB, n/b – nota bene (လက်တင်ဘာသာစကားကနေ ဆင်းသက်လာတာဖြစ်ပြီး အင်္ဂလိပ်လို “Note Well” ကို ဆိုလိုတာဖြစ်ပါတယ်။ ကိုယ်ပေးပို့လိုက်တဲ့အရေးကြီးအချက်အလက်တွေကို စာဖတ်သူသတိထားမိစေဖို့ အဲဒီအချက်အလက်ရဲ့အရှေ့မှာရေးလေ့ရှိပါတယ်။ E.g. “NB Applications received after the closing date will not be accepted.”)
16. NLT – no later than (အကြောင်းအရာတစ်ခုနဲ့ပတ်သက်ပြီး ကိုယ်လိုချင်တဲ့အဖြေ ဒါမှမဟုတ် အစီရင်ခံစာ ဒါမှမဟုတ် အတည်ပြုချက်တွေကို သတ်မှတ်ထားတဲ့အချိန်ထက် နောက်မကျစေဘဲလိုချင်တယ်ဆိုရင် “Please provide feedback NLT EOD Wednesday.”)
17. NRN – no reply necessary (တစ်ခါတလေမှာ မလိုအပ်ဘဲ reply လုပ်တဲ့ e-mail လုပ်တွေကြောင့် ကိုယ့်ရဲ့ Inbox ထဲမှာ e-mail တွေအများကြီးနဲ့မျက်စီရှုပ်နေတတ်ပါတယ်။ တကယ်လို့မြန်း ကိုယ်ပို့လိုက်တဲ့ e-mail ကို reply မလုပ်လည်းရတယ်ဆိုရင် ဒီစကားလုံးကိုသုံးနိုင်ပါတယ်။)
18. RSVP - Répondez s’il vous plait (ပြင်သစ်စကားလုံးတစ်ခု ဖြစ်ပြီး ယေဘုယျပြောရမယ်ဆိုရင် please respond နဲ့အတူတူပဲဖြစ်ပါတယ်။ ဥပမာ - “RSVP to me by April 20th.”)
19. TBD – to be determined (အကြောင်းအရာတစ်ခုဟာ ဆုံးဖြတ်ဖို့လိုသေးရင် ဒီစကားလုံးကိုသုံးကြပါတယ်။ ဥပမာ - “No. of participant: TBD”)
20. OOO – out of office (အကြောင်းကိစ္စတစ်ခုခုကြောင့် အချိန်ပိုင်းပဲဖြစ်စေ ရက်တော်တော်ကြာဖြစ်စေ ရုံးမှာမရှိတဲ့အကြောင်းကို ကိုယ့်ရဲ့မက်ဆေ့ခ်ျတွေမှာဖော်ပြချင်ရင် “I will be OOO until Tuesday.”)
21. WFH – work from home (တချို့တချို့သောလူတွေဟာ သူတို့ရဲ့အလုပ်တွေကို ရုံးမှာမဟုတ်ဘဲ အိမ်မှာနေပြီးပြီးအောင်လုပ်နေတယ်ဆိုတာကို သူတို့ရဲ့အထက်လူကြီးနဲ့ လုပ်ဖော်ကိုင်ဖက်တွေကိုပြောပြတဲ့အခါမှာ သုံးလေ့ရှိပြီး အဲဒါဟာ ရုံးမှာဘယ်သူကတော့ရှိတယ် ဘယ်သူကတော့မရှိဘူးဆိုတာကို သိစေဖို့အတွက် အထောက်အကူဖြစ်ပါတယ်။)
22. YTD – year to date (ပြက္ခဒိန်နှစ်ပဲဖြစ်ဖြစ် ဘဏ္ဍာရေးနှစ်ပဲဖြစ်ဖြစ် နှစ်တစ်နှစ်ရဲ့ ကိုယ်ရောက်နေတဲ့လက်ရှိအချိန်ကို ရည်ညွှန်းဖော်ချင်လျှင် သုံးပါတယ်။ ဥပမာ - ကိုယ့်ရဲ့အစီရင်ခံစာမှာ အသားတင်အမြတ်ငွေပမာဏကို ဖော်ပြချင်တဲ့အခါမှာ “We’ve made $800,000 in sales YTD.”)
အခုဖော်ပြထားတဲ့အတိုကောက်စာလုံးတွေက စီးပွားရေးလုပ်ငန်းသုံးအင်္ဂလိပ်စာရေးသားနည်းမှာ အသုံးများလေ့ရှိတာတွေပဲဖြစ်ပါတယ်။ ဒီလိုစကားလုံးတွေဟာ ကိုယ့်ရဲ့ e-mail ကို ကျစ်လစ်သွားအောင် ကူညီပေးနိုင်သလို အချိန်တိုတိုအတွင်းမှာ အလုပ်တွင်ကျယ်အောင်လည်း အထောက်အကူဖြစ်နိုင်ပါလိမ့်မယ်။
Credit_to_original_writer

🥹
13/11/2023

🥹

Computer တလုံးဝယ်တော့မယ်ဆိုရင်    #PC SPECS AND SYSTEM REQUIREMENTS 🧐 # System Requirements  #အရင်ဆုံးစဉ်းစားရမှာက ဘာအတွ...
03/09/2023

Computer တလုံးဝယ်တော့မယ်ဆိုရင် #

PC SPECS AND SYSTEM REQUIREMENTS 🧐

# System Requirements #

အရင်ဆုံးစဉ်းစားရမှာက ဘာအတွက်အဓိကသုံးမလဲ ဆိုတာ 🧐
စာစီစာရိုက် ခွေကြည့် ကျောင်းသုံး ရုံးသုံးလောက်ဆိုရင်
သိပ်စဉ်းစားနေစရာမလိုပါဘူး၊ ကြိုက်နှက်သက်ရာ ရွေးဝယ်လိုက်ယုံပါပဲ
စဉ်းစားရမှာက Game ဆော့မယ် Softwares ကြီးကြီးမားမား သုံးတော့မယ်ဆိုရင်တော့ စဉ်းစားရွေးချယ်ရပါတော့မယ်
ကိုယ်သုံးချင်တဲ့ Games (သို့) Softwares ရဲ့ လိုအပ်ချက်
(System Requirements) နဲ့ကိုက်ညီမယ့် စက်ကိုရွေးချယ် ၀ယ်ယူရပါမယ်၊ အမေးများတဲ့ မေးခွန်းလေးတွေပါ၊
@ PUPG ဆော့လို့ရလား
@ Dota ရလား
@ Autocad နိုင်လား
၀ယ်ယူမယ့်စက်နဲ့ အသုံးပြုချင်တာနဲ့ ကိုက်ညီမှု ရှိမရှိ
စစ်ဆေးနိုင်ဖို့ အသုံးပြုချင်သော Games (သို့) Softwares ရဲ့ System Requirements ကို Google မှာရှာကြည့်နိုင်ပါတယ် (ပုံမှာကြည့်ပါ)

# PC SPECS #

laptop တစ်လုံးဝယ်မယ်ဆိုရင် i3 လား i5 လား၊ generation ဘယ်လောက်လဲ၊ ram ဘယ်လောက်လဲ၊ graphic ကရောဘယ်လောက်ပါလဲ၊ HDD ရောဘယ်လောက်လဲ စသည်ဖြင့် ယေဘူယျမေးမြန်းတတ်ကြပါတယ်။ ဟုတ်ပြီ။ ကိုယ်တိုင်လဲ စစ်ဆေးကြည့်လို့ရပါတယ်။

စစ်ဆေးကြည့်ဖို့ဆိုရင် -

window key + pause break key နှိပ်ပါ

processor မှာ i3-3110M လို့ ပြပါတယ်။ i3 ကတော့ ရှင်းပါတယ်။ Brand Modifier ပါ။ 3110 ရဲ့ အစစာလုံးက generation ပါ။ 3 ဆိုတော့ third generation ပေါ့။

Installed memory(RAM) ကေတာ့ ram 4GB ပါ။

graphic ဘယ်လောက်ပါလဲ ကြည့်မယ်ဆိုရင် -

window key + r(R) key ကို နှိပ်ပါ။ Run dialog box ကျလာပါလိမ့်မယ်။ အဲမှာ dxdiag လို့ရိုက်ပြီး enter ခေါက်ပါ။ Display ထဲ ဆက်ဝင်ပါ။

Total Memory 1766MB ပါ။ (1024MB = 1GB)

HDD ကကြည့်ရလွယ်ပါတယ်။ window key + e(E) key နှိပ်ပြီး C နဲ့ D ပေါင်းကြည့်လိုက်ပါ။ HDD 500 GB ပါရင် သုံးလို့ အဆင်ပြေပြေရှိတယ်ပေါ့။ အဲထက်နည်းရင်တော့ data သိမ်းတာ ချွေတာရေးတွေ လုပ်ဆောင်ရပါလိမ့်မယ်။ 500GB++ ပါရင် ok စိုပြေပဲ။ ဗဟုသုတပြောပြရရင် SSD ဆိုတာ ရှိပါသေးတယ်။ HDD ထက် 30% ပိုမြန်တယ်လို့ဆိုပါတယ်။

ယခု အချက်အလက်တွေအပေါ် ချင့်ချိန်ပြီး laptop တစ်လုံးဝယ်ဖို့ ဆုံးဖြတ်သင့်ပြီလားဆိုတော့ မပြည့်စုံသေးဘူးလို့ပြောရပါမယ်။

CPU ရဲ့ performance ကလည်း အရေးကြီးပါတယ်။ ပထမဆုံး ကိုယ်က ဘာအတွက်သုံးချင်တာလဲ သိရပါမယ်။ ပုံမှန် software လေးတွေသုံးချင်တာလား၊ ပုံမှန် game လေးတွေပဲ ဆော့ချင်တာလား။ ဒါမှမဟုတ် photoshop တို့လို၊ video editing တို့လို၊ ပြီးတော့ အတန်အသင့်မြင့်တဲ့ဂိမ်းမျိုးတွေ ဆော့ချင်တာလား ဆုံးဖြတ်ရပါမယ်။(ဟဲဗီးသုံးချင်သူတွေအတွက်ကတော့ ရှင်းပါတယ် gaming laptop မှတပါး အခြားမရှိပါဘူး။)

CPU မှာ B, U, M, H, HQ, K စသည်ဖြင့် series တွေ ရှိပါတယ်။(ဘယ်လိုကြည့်ရလဲဆိုတော့ 7500U ဆို U series ပါ။ 3110M ဆို M series ပါ။)

B, U က low performance ပါ။ ဒါပေမယ့် သူ့ရဲ့အားသာချက်က ဘက်ထရီကြာကြာခံပါတယ်။ ပုံမှန် software တွေကို ဇိမ်လေးနဲ့သုံးချင်တယ်ဆို ရွေးချယ်သင့်တဲ့ အမျိုးအစားပါ။ ကွန်ပျူတာ အပူချိန်တက်တာ သက်သာတဲ့ အားသာချက်လဲ ရှိပါတယ်။ ကွန်ပျူတာအမျိုး အစားအပေါ်မူတည်ပြီး display ပိုင်း အားသာချက်တွေလည်းရှိပါတယ်။ B, U series က low performance ဆိုပေမယ့်လည်း photoshop, video editing(not professional) နဲ့ ပုံမှန်ဂိမ်းတွေ ကောင်းကောင်းဆော့ရပါတယ်။

H, HQ, K ကတော့ high performance ပါ။ ကွန်ပျူတာအပူချိန်မြင့်ခြင်း၊ ဘတ်ထရီစားခြင်း စတဲ့ အားနည်းချက်တွေ ရှိပါတယ်။ စျေးမြင့်တဲ့ gaming laptop တွေမှာ အသုံးပြုလေ့ရှိတာကြောင့် cooling စနစ်ကောင်းကောင်းနဲ့ cover ပြန်လုပ်ထားတော့ OK တာပေါ့။

M ကတော့ B, U ထက်စာရင် CPU performance ကောင်းပါတယ်။ နည်းတူပဲ အပူချိန်မြင့်၊ ဘတ်ထရီစားစတဲ့ အားနည်းချက်တွေရှိပါတယ်။ တခြား U series စျေးမြင့်တာနဲ့ ယှဉ်ရင်လည်း အားနည်းချက်တွေ ရှိနိုင်ပါတယ်။

ဒါနဲ့ ကျန်ခဲ့တာလေး ပြောပြပါဦးမယ်။ i3-3110M နောက်က 2.40GHz က clock speed ပါ။ ရိုးရိုးလေးတွေးလိုက်တဲ့အတိုင်း clock speed များရင် ပိုကောင်းပါတယ်။ ပိုသိချင်ရင်တော့ What is ဆိုပြီး google ခေါက်လိုက်တာ ပိုအဆင်ပြေပါတယ်။

-----------------------------------------------------------------------------------

Computer မှာ Core i3, Core i5, Core i7 တွေက ဘယ်လို ကွာခြားသလဲ …..

Central Process Unit (CPU) ကို နောက်ထပ် Processor လို့ခေါ်တယ်ဆိုတာ ကျွန်တော်တို့ သိထားခဲ့ပြီးကြပါပြီ … အရင်က Software လိုအပ်ချက်တွေ ကြောင့် ကျွန်တော်တို့ Processor တစ်ခုမက အများကြီးကို ထည့်သွင်းအသုံးပြုချင်တဲ့အခါ Mother Board ရဲ့ နေရာအခက်အခဲတွေကြောင့် အဆင်မပြေဖြစ်ရပါတယ်။

ဥပမာ- Mother Board မှာ Processor (2) လုံး တပ်ရင် သိပ်ပြီး နေရာအခက်အခဲမရှိပေမယ့် (4) လုံးလောက် တပ်ရတော့မယ်ဆိုရင် နေရာအခက်အခဲ ပြဿနာတွေဖြစ်လာပါပြီ ။ ဒါပေမယ့် ဒီဘက်ခေတ်မှာ Processor အရေအတွက်တိုးပြီးတပ်ဆင်ရမယ့်အစား Processor တစ်ခုထဲမှာပဲ Core တွေကို ထည့်သွင်းဖန်တီးလိုက်တဲ့အတွက် Multiprocessor တွေ ပေါ်လာရပါတယ် ။

Processor တစ်ခုအတွင်းမှာ Core (2) ခု ထည့်ထားရင် Dual Core ဒါမှမဟုတ် Core 2 Duo ၊ Core (4) ခု ထည့်ထားရင် Quad Core ၊ Core (8) ခု ထည့်ထားရင် Octal Core စသဖြင့် ခေါ်ကြပါတယ် …

အခု အဓိက ပြောပြချင်တာက Intel ရဲ့ core processor တွေမှာ Core i3, Core i5, Core i7 ဆိုတာ ကွဲပြားနေတဲ့အကြောင်းနဲ့ သူတို့တွေရဲ့ ကွာခြားချက်တွေပါ ။ ယေဘုယျအားဖြင့်တော့ Core i5 က Core i3 ထပ်ပိုကောင်းတယ်ပေါ့ …. I7 ကတော့ အကောင်းဆုံးပေါ့ဗျာ ….

Intel Core i3 Processor တွေက Dual Core ဖြစ်ပါတယ်။ ပြောချင်တာက အထဲမှာ တကယ်အလုပ် လုပ်တဲ့
CPU Core ၂ ခုပါဆိုတာကိုပါ။ ဒါပေမယ့် သူ့မှာ အားသာချက်ရှိတယ်။ အဲဒါက Core 1 ခုမှာ Thread ၂ ခုကို ကိုင်တွယ်နိုင်တဲ့ နည်းပညာပါလို့ 2 Cores / 4 threads ဖြစ်သွားပါတယ် ။ အဲဒါကြောင့် Window OS ထဲမှာ သွားကြည့်ရင် CPU 4 ခုရှိတယ်လို့ပဲ မြင်ရမှာပါ။ Thread ဆိုတာ processor ကို instruction ပေးပို့ရာမှာ လမ်းကြောင်း 1ခု 2ခု 4ခု 8ခု စသဖြင့်ရှိပါတယ် 2ခုနဲ့2ခုအထက်ကို multi-thread လို့ခေါ်ပါတယ်..

Core i5 ကတော့ 4 Core (Quad-Core) processor ဖြစ်ပါတယ်။ အမှန်တကယ် run တဲ့ physical cores 4 ခု ပါပါတယ်။ ဒါပေမယ့် သူက i3 လိုတော့ Hyper thread ကို Support မလုပ်ပါဘူး။ သူ့အားသာချက်က Core 4 ခု လုံး သုံးမနေဘူးဆိုရင် လက်ရှိသုံးနေတဲ့ Clock speed ကို သတ်မှတ် Speed ထက် ပိုပြီး မြန်မြန်လုပ်ခိုင်းနိုင်တာပါပဲ။ အဲဒါကို Turbo Boost နည်းပညာလို့ခေါ်ပါတယ်။ Turbo Boost ဆိုတာ လိုအပ်တဲ့ အချိန်မှာ core တစ်လုံး နဲ့တစ်လုံး ပေါင်းစည်းလုပ်ဆောင်ပေးပါတယ်။ i5 မှာ i3 ထက်သာတဲ့အချက်ဟာ Turbo Boost ဖြစ်ပါတယ်။

နောက်ဆုံး Core i7 …..
သူက အကောင်းဆုံးပေါ့နော်။ အကောင်းဆုံးဖြစ်နေရတာလဲ သူ့အကြောင်းအရင်းနဲ့ သူပါ ။ Core i7 ဟာ Quad Core ဖြစ်တဲ့အပြင် i5 မှာတုန်းက သုံးထားတဲ့ Turbo Boost လည်းပါ၀င်လာပါတယ် ။ Hyper Thread နဲ့လည်း ကောင်းကောင်း အလုပ် လုပ်ပါတယ် ။ Hyper-threading ဆိုတာ processor တစ်လုံးထဲကမှ အချိန်တစ်ခုထဲမှာပင်လျင် thread နစ်ခုကို တစ်ပြိုင်နက်ထဲ တာ၀န်ထမ်းဆောင်နိုင်ပါတယ်ဒါကြောင့် Window OS ထဲမှာဆို Core 8 ခု ပါတယ်လို့ မြင်ရမှာပါ။ တကယ် Core (4) ခုအပြင် Thread ကြောင့်မို့ ထပ်ပွားလာတဲ့ cores က နောက်ထပ် 4 ခု ဖြစ်လာပါတယ် ။ ဒါကြောင့် လည်း Core i7 ဟာ Multithread Application တွေကို ကောင်းကောင်း ကိုင်တွယ်နိုင်တာပါ ။

နောက်ပြီး Core i3/i5/i7 တွေမှာ နောက်ထပ် ကွာဟစေတဲ့အချက်က cache memory ဖြစ်ပါတယ်။ CPU တစ်ခုမှာ စွမ်းဆောင်ရည် ကောင်းစေဖို့ cache memory ဟာ တကယ့် အရေးကြီးဆုံးပါပဲ ။ Core i3 CPU မှာ 3MB cache ပဲ ပါပြီး Core i5 CPU တွေက 4MB ကနေ 6MB ထိ ပါပါတယ်။ Core i7 CPU ကတော့ cache memory 8MB တောင်ပါတာဆိုတော့ သူ အကောင်းဆုံးဖြစ်နေတာမဆန်းတော့ပါဘူး…

ဒီလောက်ဆိုရင် core i3/i5/i7 တွေရဲ့ ကွာခြားချက်တွေကို သတိထားမိလောက်ပါပြီ ….
-----------------------------------------------------------------------------

Credit -မူရင်းရေးသားသူ

  အခုလိုဝယ်ယူအားပေးမှုအတွက်ကျေးဇူးတင်ပါတယ်ခင်ဗျ🙇💻Dell inspiron ✅Processor:i5 7th Gen✅intel(R)HD Graphics620 4Gb✅RAM:8Gb/...
05/08/2023

အခုလိုဝယ်ယူအားပေးမှုအတွက်ကျေးဇူးတင်ပါတယ်ခင်ဗျ🙇
💻Dell inspiron
✅Processor:i5 7th Gen
✅intel(R)HD Graphics620 4Gb
✅RAM:8Gb/SSD:256GB
✅Window 11 Pro
🔋Battery:3hrs
📺Screen display:14"
💽wifi/we**am/dvd raw:all fine
💰Price:670000ks(Fix)
☎️09796769741
🚚ပြည်မြို့နဲ့အနီးတဝိုက်အိမ်မှာလာကြည့်လို့ရပါတယ်/တခြားမြို့နယ်ကဆိုရင်‌ပစ္စည်းဖိုးးငွေချေပြီးတာနဲ့ကားဂိတ်နဲ့ဖြစ်ဖြစ်Royalကနေဖြစ်ဖြစ်ပို့ပေးပါတယ်။


25/07/2023

Laptop တွေကို charger plug in လုပ်ပြီး သုံးနေတုန်းလား ...?

Computer / Laptop တွေဆိုတာ ဘဝမှာ အရေးပါတဲ့အရာတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် လူတိုင်းနီးပါးဟာ လက်တော့ Adapter ကို Plug ထိုးပြီး ဆက်တိုက် သုံးကောင်း သုံးနေပါ လိမ့်မယ်။ ဒီလိုလုပ် နေတယ်ဆိုရင် အခုချက်ချင်း ရပ်လိုက်ပါ။

လက်တော့ Battery ကိုကြာရှည်သက်တမ်းခံချင်ရင် ဘက်ထရီ 100% မရောက်ခင် plug ဖြတ်ပြီး သုံးသင့် ပါတယ်။ ဒါက lithium-polymer battery ကို သက်တမ်း ကြာရှည်စေမှာဖြစ်လို့ပါပဲ။
Cadex Electronics က CEO ဖြစ်တဲ့ Buchmann ရဲပြောကြားချက်အရ လက်တော့အသုံးပြုရင် ဘက်ထရီကို 80% ရောက်တာနဲ့ plug ဖြုတ်ပြီး 40% ရောက်တဲ့အထိပဲ အသုံးပြု သင့်တယ်လို့ အကြုံပေးပါတယ်။ ဒါက ဘက်ထရီကို ပုံမှန်ထက် ၆ ဆထိတောင် သက်တမ်း ပိုမိုကြာရှည်စေမှာ ဖြစ်ပါတယ်။ အကြောင်းပြချက်ကတော့ lithium-polymer battery တွေမှာရှိတဲ့ cellတွေဟာ Voltage level နဲ့ပတ်သက်နေလို့ပါ။

ဘတ်ထရီက charge (အားသွင်းတာ) များလေလေ voltage level လည်းများလေလေပါပဲ။ Voltage မှာ cell တွေ များများစုလေလေ ဘက်ထရီမှာလည်း stress တွေများနေမှာဖြစ်ပါတယ်။ ဝန်ပိသလို ဖြစ်သွားတာကြောင့်ပါ။ အဲဒီ stress က ဘက်ထရီရဲ့ discharge cycle ကိုလျောနည်းစေပါတယ်။
ဥပမာ ဘက်ထရီက 100% ထိအားသွင်းနေချိန်မှာ discharge cycles က 300-500 ထိသာရှိပြီး 70% အားသွင်းချိန်မှာ 1200-2000 ထိ discharge cycles ထိရရှိမှာဖြစ်ပါတယ်။
ဘက်ထရီဆိုတာမျိုးကတော့ သဘာဝအရ စွမ်းဆောင်ရည် တဖြည်းဖြည်းကျဆင်းစမြဲပါ။ ဒါကတော့ အမှန်ပါ။ လက်တော့ ဝယ်ခါစက ဘက်ထရီသက်တမ်းက 7 နာရီဆိုပါစို့၊ တစ်နှစ်လောက် အသုံးပြုပြီးရင် 7 နာရီ မရတော့ပါဘူး။ ဒါပေမယ့် ဘက်ထရီက ပူနေတာများရင် ဘက်ထရီသက်တမ်း ကို ပိုပြီး တိုစေပါလိမ့်မယ်။ တအားပူနေရင် cell တွေထဲမှာ ကွဲအက်နိုင်တဲ့အထိတောင်ဖြစ်နိုင်ပါတယ်။

အပူတွေတအားများတဲ့အခါ ဘက်ထရီက အားသွင်းရင် မြန်မြန်ဆန်ဆန် အားမဝင်တော့တဲ့အထိတောင် တွေ့ရှိရတယ်လို့ iFixit ရဲ့ Kyle Wiens ကပြောပါတယ်။ Buchmann အကြုံပေးတာကတော့ ဘက်ထရီ သက်တမ်းကို တတ်နိုင်သမျှ ကြာရှည်စေချင်ရင် လက်တော့သုံးရင် ဘက်ထရီကို 80% ကနေ 40% ကြားမှာပဲအသုံးပြုပါလို့ဆိုပါတယ်။ ဒါကြောင့် ဘက်ထရီကို plug/unplug လုပ်ပေးဖို့ အကြုံချင်ပါတယ်။တကယ်လို့ ခရီးရှည်တစ်ခုသွားရမယ်ဆိုရင်တော့ 100% အထိအားသွင်းပေါ့လေ။ ဒါက ဘက်ထရီသက်တမ်းကို ကြာရှည်စေမယ့် နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။
S&K Used Laptop Store

Crd to Original

Ok par 🤭
09/07/2023

Ok par 🤭

အားလုံးပဲ မင်္ဂလာပါ ဒီ​နေ့ ​ပြောပြမှာက​တော့ Window Update ပိတ်နည်းအ​ကြောင်းပဲ ဖြစ်ပါတယ်Windows Update ကို Service ထဲက ပိ...
05/07/2023

အားလုံးပဲ မင်္ဂလာပါ ဒီ​နေ့ ​ပြောပြမှာက​တော့ Window Update ပိတ်နည်းအ​ကြောင်းပဲ ဖြစ်ပါတယ်
Windows Update ကို Service ထဲက ပိတ်နည်းနဲ့ Group Policy Editor ထဲမှ ပိတ်နည်းကို ​ပြောပြမှာဖြစ်ပါတယ်
* Service ထဲမှ ပိတ်နည်း *
■ Step (1) - ကီးဘုတ်မှ Window Key နဲ့ R ကို တွဲနှိပ်ပြီး​တော့ Run Box ကို ဖွင့်ပါ
■ Step (2) - Run Box ထဲမှာ services.msc လို့ရိုက်ပါ
■ Step (3) - Window Update ကို မ​တွေ့မချင်း ကီးဘုတ် မှ W ကို နှိပ်ပါ
■ Step (4) Window Update ကို ကလစ်နှစ်ချက် နှိပ်ပြီးဖွင့်ပါ
■ Step (5) Startup type မှာ Manual ဖြစ်​နေပါလိမ့်မယ် Disabled ကို နှိပ်ပါ ပြီးရင် Apply , OK ​နှိပ်ပါ
* Group Policy Editor ထဲမှ ပိတ်နည်း *
■ Step (1) - ကီးဘုတ်မှ Window Key နဲ့ R ကို တွဲနှိပ်ပြီး​တော့ Run Box ကို ​ဖွင့်ပါ
■ Step (2) - Run Box ထဲမှာ gpedit.msc လို့ ရိုက်ပါ
■ Step (3) - Computer Configuration ​အောက်မှ Administrative Template ကို ကလစ်နှစ်ချက် နှိပ်ပါ
■ Step (4) - Windows Components ကို ကလစ်နှစ်ချက် နှိပ်ပါ
■ Step (5) - Windows Update မ​တွေ့မချင်း ကီးဘုတ်မှ W ကို နှိပ်ပြီး Windows Update ကို ရှာပါ
■ Step (6) - Windows Update ကို ကလစ်နှစ်ချက် နှိပ်ပြီး Configure Automatic Updates ကို ရှာပါ
■ Step (7) Configure Automatic Updates ကို ကလစ်နှစ်ချက်နှိပ်ပြီးဖွင့်ပါ Not Configured ဖြစ်​နေတာကို Disable ​ပြောင်းပါ ပြီးရင် Apple , OK ​နှိပ်ပါ
ဒါဆိုရင် Window Update ပိတ်ပြီးပါပြီ နားမလည်တာရှိရင် Comment မှာ Screen Shot နဲ့တကွ ​မေးနိုင်ပါတယ်ဗျာ
Credit ..မူရင်းရေးသားသူ
အားလုံးကိုချစ်ခင်လေးစားလျက်🙏

Address

Yadanarmanaung Ward
Pyay
1819

Telephone

+959796769741

Website

Alerts

Be the first to know and let us send you an email when S&K Used Laptop Store posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to S&K Used Laptop Store:

Share

Category