Zaw Myint Oo သုံးဆယ်

Zaw Myint Oo သုံးဆယ် Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Zaw Myint Oo သုံးဆယ်, Computer training school, Pyay.

အဝါရောင်ဆိုတာ အပူဒဏ်ကိုကာကွယ်တယ် အပူဒဏ်ကိုတွန်းလှန်နိင်တယ်လို့ မှတ်သားဖူးတယ် ဒါကြောင့် သဘာဝကြီးက ပူပြင်းတဲ့ရာသီမှာ ငုဝါ ...
09/04/2026

အဝါရောင်ဆိုတာ အပူဒဏ်ကိုကာကွယ်တယ် အပူဒဏ်ကိုတွန်းလှန်နိင်တယ်လို့ မှတ်သားဖူးတယ် ဒါကြောင့် သဘာဝကြီးက ပူပြင်းတဲ့ရာသီမှာ ငုဝါ ပန်းတွေ ပိတောက်ပန်းတွေ တစ်ပင်လုံးဝေအောင်များ ဖန်တီးပေးရော့သလား

​နွေရဲ့အပူကို ပန်းနဲ့ဖြေ
အဝါရောင်ပန်းတွေ ဖျာခင်းလို့
အလှချင်းပြိုင်လို့ ဝင့်ထည်နေ
တစ်ပင်လုံးဝေ တစ်တောလုံမွှေး
မြန်ပြည်ကြီးလည်း အေးပါစေ။

ပူပြင်းလှတဲ့ခုလိုချိန်မှာ စိတ်အပမ်းပြေစရာ သဘာဝအလှ လယ်တောအလှ​🌾 စိမ်းလန်းစိုပြည်  လယ်တောမြေ 🌾​မိုးကုတ်စက်ဝိုင်း၊ ဘောင်ခတ်ပ...
08/04/2026

ပူပြင်းလှတဲ့ခုလိုချိန်မှာ စိတ်အပမ်းပြေစရာ သဘာဝအလှ လယ်တောအလှ

​🌾 စိမ်းလန်းစိုပြည် လယ်တောမြေ 🌾

​မိုးကုတ်စက်ဝိုင်း၊ ဘောင်ခတ်ပိုင်း၍
မှိုင်းမှိုင်းစိမ်းမြ၊ လယ်ပြင်မွေ။

​ရွှေရောင်မသန်း၊ စိမ်းရောင်လန်းလျက်
ပျိုမြစ်နုနယ်၊ စပါးပင်တွေ။

​ရေကြည်အိုင်ထွန်း၊ လယ်ကွက်ဝန်းမှာ
လန်းဆန်းစိုပြည်၊ အသက်ဝေ။

​ပင်စည်တုန်ယင်၊ လေအလာမှာ
လှိုင်းဂယက်ထ၊ ကခုန်နေ။

​အတားအဆီးမဲ့၊ မြင်ကွင်းကျယ်လို့
ကြည်နူးဖွယ်ရာ၊ မြင်ရပေ။

​အေးရိပ်စိမ်းစိမ်း၊ စိတ်ကိုငြိမ်းစေ
သာယာလှပ၊ လယ်တောမြေ။

04/04/2026

ဘုန်းကံရှိသူ၏ လက္ခဏာ
~~~~~~~~~~~~~~~~
☸️မြတ်ဗုဒ္ဓ၏ ဒေသနာတော်များအရ
ဘုန်းကံ ဆိုသည်မှာ အတိတ်ကံနှင့် ပစ္စုပ္ပန်ကံတို့၏ ပေါင်းစပ်မှုမှ ဖြစ်ပေါ်လာသော ကောင်းကျိုးများပင်ဖြစ်သည်။ မိမိကိုယ်တိုင် ပြုလုပ်ခဲ့သော ဒါန၊ သီလ၊ ဘာဝနာ စသည့် ကုသိုလ်ကောင်းမှုတို့၏ အရှိန်အဟုန်ကြောင့် ဘုန်းကံသည် ဖြစ်ပေါ်လာပြီး၊ ထိုဘုန်းကံရှိသူသည် ဘဝတွင် အခက်အခဲများ ကြုံတွေ့ရသော်လည်း အဆင်ပြေပြေ ကျော်လွှားနိုင်စွမ်းရှိသည်ဟု ဆိုသည်။ ဘုန်းကံရှိသူတို့သည် မည်သည့်နေရာသို့ ရောက်ရောက် လမ်းပွင့်တတ်ပြီး၊ ကုသိုလ်အသစ်များကို ဆက်လက်ဖြည့်ကျင့်ခြင်းဖြင့် ဘုန်းကံကို ပိုမိုတိုးပွားစေနိုင်သည်။

☸️ဘုန်းကံရှိသူ (သို့မဟုတ်) သူတော်ကောင်းတို့၏ လက္ခဏာရပ်များကို ဗုဒ္ဓဒေသနာတော်များတွင် အမျိုးမျိုး ဖော်ပြထားရာ၊ အောက်ပါတို့မှာ အဓိကကျသော လက္ခဏာရပ်များ ဖြစ်ကြသည်။

📙ဘုန်းကံရှိသူတို့၏ အဓိက လက္ခဏာရပ်များ

1. စိတ်ရှည်ခြင်း (ခန္တီ)
ဘုန်းကံရှိသူတို့သည် စိတ်ရှည်သည်းခံတတ်ကြသည်။ ခက်ခဲသော အခြေအနေများတွင်လည်း စိတ်ကို မတုန်လှုပ်စေဘဲ ငြိမ်သက်စွာ ရင်ဆိုင်ဖြေရှင်းနိုင်စွမ်းရှိသည်။

2. မကြွားဝါတတ်ခြင်း (အမာန)
မိမိ၏ ကောင်းမှု၊ ဂုဏ်ပုဒ်တို့ကို သူတစ်ပါးအား ထုတ်ဖော်ကြွားဝါခြင်း မရှိဘဲ နှိမ့်ချစွာ နေထိုင်တတ်ကြသည်။

3. ဒေါသမလွန်ကဲခြင်း (အကောဓ)
ဒေါသကို ထိန်းချုပ်နိုင်စွမ်းရှိပြီး အမျက်ဒေါသ လွန်ကဲစွာ မဖြစ်ပေါ်စေရန် ကြိုးစားနေထိုင်ကြသည်။

4. အတ္တမာနမကြီးခြင်း (နိရတ္တမာန)
မိမိကိုယ်ကို အထင်ကြီးခြင်း၊ မာနထောင်လွှားခြင်း မရှိဘဲ နှိမ့်ချသော စိတ်ထားရှိကြသည်။

5. ကျေးဇူးတရားသိတတ်ခြင်း (ကတညုတ ကတဝေဒီ)
သူတစ်ပါး၏ ကျေးဇူးကို သိတတ်ပြီး ထိုကျေးဇူးကို ပြန်လည်ဆပ်ရန် ကြိုးစားတတ်ကြသည်။

6. ဂုဏ်တုဂုဏ်ပြိုင်မလုပ်ခြင်း (အနုပ္ပတိယ)
သူတစ်ပါးနှင့် ဂုဏ်ပြိုင်ခြင်း၊ အတုယူခြင်း၊ အပြိုင်အဆိုင်လုပ်ခြင်းတို့ကို ရှောင်ကြဉ်ပြီး မိမိလမ်းကြောင်းကိုသာ မှန်ကန်စွာ လျှောက်လှမ်းကြသည်။

7. မိမိကိုယ်ကျိုးကို မကြည့်တတ်ခြင်း (အနတ္တ)
မိမိတစ်ဦးတည်း၏ အကျိုးစီးပွားထက် သူတစ်ပါး၏ အကျိုးစီးပွားကို ပိုမိုရှေးရှုတတ်ကြသည်။

8. သူတစ်ပါးအပြစ်ကို စိတ်မှတ်မထားခြင်း (အနုပဝါဒ)
သူတစ်ပါး၏ အပြစ်များကို စိတ်ထဲတွင် မှတ်သားထားခြင်း၊ ရန်ငြိုးဖွဲ့ခြင်း မရှိဘဲ ခွင့်လွှတ်တတ်ကြသည်။

9. အပြစ်မြင် အပြစ်တင် မပြောတတ်ခြင်း (အနုပဝါဒ)
သူတစ်ပါး၏ အပြစ်များကို မြင်တွေ့ရသော်လည်း ထုတ်ဖော်ပြောဆိုခြင်း၊ အပြစ်တင်ဝေဖန်ခြင်း မပြုလုပ်တတ်ကြပေ။

10. မကောင်းမှုကို မနှစ်သက် မလိုလားခြင်း (အကုသလဝိရတိ)
မကောင်းမှုမှန်သမျှကို ရှောင်ကြဉ်ပြီး မနှစ်သက် မလိုလားကြပေ။

11. ကုသိုလ်ကောင်းမှုကို ကြိုးပမ်းရယူခြင်း (ကုသလသမ္ပဒါ)
ကုသိုလ်ကောင်းမှုမှန်သမျှကို တတ်နိုင်သမျှ ကြိုးစားအားထုတ်၍ ပြုလုပ်ကြသည်။

12. သည်းမခံနိုင်တဲ့အထိ သည်းခံခြင်း (အဓိဝါသနာ ခန္တီ)
သာမန်လူများ သည်းမခံနိုင်သော အခြေအနေမျိုးတွင်ပင် စိတ်ရှည်သည်းခံနိုင်စွမ်းရှိကြသည်။

☸️အချုပ်အားဖြင့် မြတ်ဗုဒ္ဓ၏ ဒေသနာတော်အရ ဘုန်းကံရှိသူတို့သည် စိတ်ကောင်းနှလုံးကောင်းရှိပြီး၊ ကုသိုလ်ကောင်းမှုတို့ကို အစဉ်မပြတ် ပြုလုပ်အားထုတ်ကာ၊ မကောင်းမှုတို့ကို ရှောင်ကြဉ်ကြသည်။ ထို့ပြင် သည်းခံခြင်း၊ မာနမထားခြင်း၊ ကျေးဇူးသိတတ်ခြင်း စသည့် မြင့်မြတ်သော စိတ်နေသဘောထားများဖြင့် ပြည့်စုံကြသည်ဟု ဆိုနိုင်ပါသည်။ ဤသို့သော လက္ခဏာရပ်များသည် ဘုန်းကံကို တိုးပွားစေရုံသာမက ဘဝကိုလည်း အေးချမ်းသာယာစေပြီး၊ နိဗ္ဗာန်သို့ ရောက်ရှိရန် အထောက်အပံ့ဖြစ်စေသည်။

🪷အားလုံးလောကီဆု ဗောဓိဆုတို့နှင့်ပြည့်စုံပါစေ ။

Credit 🙏🌹🙏

#မေတ္တာဖြင့်မျှဝေပူဇော်သည်

.ဆရာနေဇင်လတ်ရဲ့ Post လေးသဘောကျလို့ ကျွန်တော်လည်း ဗေဒင်နက္ခတ်နဲ့ပတ်သက်ပြီး အရူးအမူးလေ့လာဖူးတယ် ကိုယ့်တွေ့ဖြစ်ရပ်တွေမှန်လွ...
27/03/2026

.ဆရာနေဇင်လတ်ရဲ့ Post လေးသဘောကျလို့
ကျွန်တော်လည်း ဗေဒင်နက္ခတ်နဲ့ပတ်သက်ပြီး အရူးအမူးလေ့လာဖူးတယ် ကိုယ့်တွေ့ဖြစ်ရပ်တွေမှန်လွန်းလို့

☯️( ဉာဏ်မမှီရင် သဒ္ဓါဖြစ်ဖို့ခက်တယ် )
ဘမောင်တို့ငယ်ငယ်က သိပ္ပံမှသိပ္ပံ ဘမောင်က (၆) တန်း၊ (၉) တန်းက အစ်ကိုကြီးက သဘာဝလွန်နဲ့ ပါတ်သက်ပြီး ပညာပေးတာခံလိုက်ရတယ်၊

အဲ့ဒီကစပြီး အိန္ဒိယက ဆာဒူးကြီးတွေနဲ့ တိဘက်က ရမ်ပကြီးတို့အကြောင်းဖတ်တော့တာပဲ ။...........

( ၁၀) တန်းအောင်တော့ DSA တက်ဖို့လုပ်တယ်၊ သားအကြီးဆုံးဆိုတော့ အားလုံးက ဝိုင်းကန့်ကွက်ကြတယ်၊ Botany ကဌာနမှုး ဒေါက်တာဒေါ်ခင်စိန်က " သားရယ်၊ အမှတ်ကောင်းတာပဲ၊ ကျောင်းဆက်တက်လိုက်ပါ၊ ဘွဲ့ရပြီး OTS လျှောက်ပေါ့၊
အဲ့ဒီအချိန်မှာ အိမ်ကကန့်ကွက်ရင် တီချယ်ကြီးပြောပေးမယ် "RIT ရောက်တယ်၊

ဦးသန့်၊ အလုပ်သမားအရေးအခင်းနဲ့ ညားကြတယ်၊ ကျောင်းပြီးနောက်ကျပြီး စည်းတားရက်ကျော်လို့ဖြေခွင့်မရှိတော့ဘူး၊ မထင်မှတ်ပဲ စည်းတားရက် နောက်ဆုတ်ပေးလိုက်လို့ OTS-61 မှာတက်ဖြစ်သွားတယ်၊ နက္ခတ်အဟောက မယုံနှိုင်စရာ ။..
.........မယုံတဲ့သူတွေကိုသဘာဝက သင်္ခန်းစာပိုပေးလေ့ရှိတယ်၊ မယုံတဲ့... လက်မခံချင်သေးတဲ့ ဘမောင်ကို ဖြစ်ရပ်များစွာက သင်္ခန်းစာပေးသွားတယ်၊

ဂြိုလ်တွေကမလိမ်ဘူးတချို့ဆရာတွေကသာ အယူအဆလွဲကြတာ...........

သိဒ္ဓတ္ထ မင်းသားဖွားတော့ ကောတိညက လက်ညှိုးတချောင်းထဲထောင်ပြီး " ဘုရားဧကန်စင်စစ်ဖြစ်လိမ့်မယ်".... လို့ဟောနိုင်တဲ့ ပညာဟာ အလကားမဟုတ်ဘူး၊...
......စီမံခန့်ခွဲရေးကိုသင်ပေးတဲ့အခါမှာ တပည့်တွေကို သတိပေးတတ်တာ တခုရှိတယ်၊

* မျက်ကန်းထက်ဝိရိယရှိသူကသာတယ်

* ကြိုးစားတာချင်းတူရင် ဉာဏ်အရာသာသူက ပိုသာတယ်

* ဝိရိယနဲ့ ဉာဏ်ခြင်းတူရင် ကံအရာသာသူကသာတယ်၊

* အားလုံးတူရင် Management တတ်သူကပိုသာတယ်၊

* အားလုံးတူပြန်ရင်လဲ နက္ခတ်နားလည်သူက အသာဆုံး၊

ဒါကြောင့် လူတော်တွေ စိတ်ဓါတ်ကျမသွားအောင် နက္ခတ်ကိုလဲ သတိထားဖို့မှာလေ့ရှိတတ်ပါတယ်၊နက္ခတ်က ဘဝတခုရဲ့ Road map ပဲ၊

ထိုင်ရမဲ့အချိန် မှာပြေးရင် အင်အားဖြုံးရာကျတယ်၊ ပြေးရမဲ့အချိန်မှာ ထိုင်နေရင်လဲ Timing လွဲလို့ အချည်းအနှီးဖြစ်ပြန်တယ်၊

နက္ခတ်အရ စီမံခန့်ခွဲတာက အကောင်းဆုံး စီမံခန့်ခွဲမှုပါ၊ဘယ်အရာကိုမှ မျက်လုံးမှိတ်ပြီး၊ ယုံခြင်း မယုံခြင်းမပြုသင့်ဘူး၊ ဉာဏ်အရာ ခပ်တွင်တွင်သုံးရတဲ့ခေတ်ကြီးမှာ ကိုယ်နဲ့စိတ်မတွေ့တိုင်း မျက်လုံးမှိတ်မယုံဘူးဆိုတာမျိုးက " ဉာဏ်မမှီ" သူတွေရဲ့အလုပ်သာပါ ။

ဗုဒ္ဓက" ကံ အရာကိုယုံပါ ကံ ကိုမပုံပါနဲ့ ".... တဲ့၊မယုံရင်လာခဲ့သေမဲ့နေ့ အတိအကျပြောပေးလိုက်မယ်အနီးကပ်ဆုံး ဒုက္ခရောက်မဲ့ရက်ပြောပေးလိုက်မယ်၊လူလောက်မပြောနဲ့နိုင်ငံကြီးတခုလုံးတောင် နက္ခတ်အလိုကျဖြစ်ပေးနေရတာပါ ။

BaMg ☯️.

27/03/2026

ကြားရင် တဘောင် မြင်ရင် နိမိတ်
"""""""""""""""""""""""""""""""""""""
( ဇမ္ဗူထိပ်ကျွန်းနိမိတ်ထွန်း) တဲ့

" မြန်မာပြည်ကြီးမှာ ရှေ့ဖြစ်လာမယ့်
အကြောင်းအရာတွေ ကြိုတင် သိဖို့
ဝိဇ္ဇာကြီးများက

ကလေး, သဘင်, အရူး တွေ ရဲ့
ပါးစပ်ထဲ ထည့်ခဲ့သည် ဆို၏
လူပြောများတဲ့ ဗန်းစကား ဟာလည်း
ဖြစ်လာမယ့် နိမိတ် အသွင်
ပြောင်းလဲလာတတ်လေသည်.....

ဗန်းစကား အပြောများပြီဆိုရင်

အနုပညာရှင်တွေ စကား
ခေတ်စားလာပြီ ဆိုရင်

ကလေးတွေရဲ့ စကား
တွင်ကျယ်လာပြီ ဆိုရင်

ထို နိမိတ်တွေကို သတိထားရပါတော့မယ်
နိမိတ်တွေ မှာ ကောင်းသော နိမိတ်
ရှိသလို မကောင်းသော နိမိတ် လည်း
ရှိပါတယ်.....

နိမိတ် ရဲ့ အဓိပ္ပာယ် သက်ရောက်မှု
ကိုလည်း ကြည့်ရပါမည်

ထွက်လာသမျှ နိမိတ်တွေ မှာ
မကောင်းတဲ့ အနိဌ နိမိတ်တွေက
များလို့ လောက လူသား အတွက်
ကြောက်စရာ အလွန်ကောင်းပါတယ်
တကယ်လား အဟုတ်လား ဆိုတာ
နောက်ကြောင်း ပြန်ကြည့်ရင်
မှန်တာတွေ များနေပါတယ်

ကျန်ခဲ့တဲ့ နှစ်များက
( လန်ထွက်နေတာဘဲ) နာဂစ်
( ရွေ့ပြီ, လိမ့်မယ်) ဆိုတော့ အပြောင်းအရွေ့
( ဆေးထိုးတယ်)ဗန်းစကား
အံအော စရာ ဘုရားတ တောင် မှ ( ဖျားဖျား)
( စမီး) အပြောများတော့ မီးဘေး
ဒီ နိမိတ်တွေ ပေါ်ခဲ့ပါတယ်.....

မကြာသေးခင်က
( ဂေါ်ချက် ဖုန်ရှူလိုက်) မြေပြို မြေပိ
( လမ်းပျောက်နေတယ်) ရေကြီး
( 9 လောက်ရှိတယ်, ရိုက်လိုက်ပါအုံး)
အခု မနိုင်မနင်း ဖြစ်နေတဲ့
အကြောင်းအရာ များ ဖြစ်နေပြီလား
စဉ်းစားစရာတွေ ဖြစ်နေတော့သည်

( ကမ္ဘာကြီးနှစ်ခြမ်းကွဲရင်) ဆိုတဲ့
နိမိတ် ကြောက်ခမန်းလီလီ

အနုပညာရှင်တွေရဲ့ ခေတ်စားလာတဲ့
သီချင်းတွေဟာလည်း နိမိတ် အဖြစ်
ပေါ်ပေါက်လာပါတယ်

( ရေပါတီ) သီချင်း
ပေါက်တော့ ရေပွဲတော်ကြီး
ဖြစ်သွားတယ်

ရောဂါ သီချင်း
အိုးလေးလှုပ်ပါဟေ့
အပြည်ပြည်ဆိုင်ရာ လေဆိပ်က ဘိုင့်ဘိုင်
ကမ္ဘာမှာရှာလို့ မတွေ့တဲ့ " ဆေး "
အဲ့ဒီ့လို နိမိတ် စကားရဲ့
အသံ စွမ်းအင်တွေ
တစ်ဖြေးဖြေး ကြီးထွားလာကာ
ရုပ်လုံးကြွ၍ ပုံဖော်လာပါတော့တယ်

ထို့အတွက်ကြောင့်
" ဇမ္ဗူထိပ်ကျွန်းနိမိတ်ထွန်း " တဲ့
မြန်မာပြည် မှာ
" ဝဇီဗေဒ ထိတိုင်းရှ " တတ်တယ် ဆိုတာ
လက်တွေ့ မျက်မြင်
အကျိုးသက်ရောက်မှုတွေ
မြင်တွေ့နေရပါပြီ

ဒါကြောင့်
မကောင်းသော အနိဌ စကားများ
မပြောဖို့ ကောင်းသော
စကားများ ဖြင့်
မြန်မာပြည်သူပြည်သားတွေ
သာယာပျော်ရွင်စေခြင်း
ဆန္ဒဖြင့် ရေးသားခြင်းသာ
ဖြစ်ပါတယ်။

မည်သူတစ်ဦး တစ်ယောက်ကိုမျှ
မရည်ရွယ်ပါ.........

ဆရာမကြီး
သခင်သူဇာဗိုလ် အား ဂါရဝပြုပါသည်

Address

Pyay
08081

Telephone

+959794247375

Website

Alerts

Be the first to know and let us send you an email when Zaw Myint Oo သုံးဆယ် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Zaw Myint Oo သုံးဆယ်:

Share