Hein Mobile Second shop

Hein Mobile Second shop PyaPon

21/12/2022

ချွေတာ၊ စုဆောင်း၊ သူဌေးလောင်း
➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖

ပုံပြင်လေး တစ်ပုဒ်ပြောပြမယ်။

တစ်ခါတုန်းက လူတစ်ယောက်ဟာ ခရီးသွားရင်း မျက်စိလည် လမ်းမှားပြီး တောနက်ကြီးထဲကို ရောက်သွားတယ်။

မှောင်ကလည်းမှောင်၊ လမ်းကလည်း ပျောက်နေတော့ ဒီတစ်ညတော့ တောထဲမှာပဲ အိပ်လိုက်တော့မယ်လို့ ဆုံးဖြတ်လိုက်တယ်။

အဲ့ဒါနဲ့ အတော်အတန်ကြီးမားတဲ့ သစ်ပင်ကြီး တစ်ပင်ရှာပြီး အပင်ပေါ် တက်အိပ်လိုက်တယ်။ အဲ့ဒီလိုအိပ်နေတုန်းမှာပဲ သူအိပ်နေတဲ့ အပင်ကိုစောင့်ရှောက်က ရုက္စစိုးက အိပ်မက်လာပေးတယ်။

"မောင်မင်း ဒီအပင်က အရွက်ကို ခူးသွားပါ။ နောက်တနေ့ ညရောက်ရင် အဲ့ဒီအရွက်က ရွှေပြားအဖြစ် ပြောင်းသွားလိမ့်မယ်၊ ဒါပေမဲ့ အဲ့ဒီရွှေပြားကို ရပြီးတာနဲ့ သင်ဝမ်းနည်းရလိမ့်မယ်" တဲ့။

ထိုလူလည်း လန့်နိုးသွားတယ်။ သူလည်းတွေးတယ်။ ရွှေပြား ရမယ်၊ ရွှေပြားရပြီး ဝမ်းနည်းရမယ်၊ ဘယ်လိုအဓိပ္ပာယ်မရှိတဲ့ အိပ်မက်မျိုးလည်း ဆိုပြီး မယုံတဝက်၊ ယုံတဝက်နဲ့ အပင်ကအရွက် တစ်ရွက်၊ နှစ်ရွက်လောက်ကိုခူးပြီး အိတ်ထဲ ကောက်ထည့်လိုက်တယ်။

နောက်တနေ့ညရောက်တော့ ရုက္စစိုးပြောတဲ့ အတိုင်းပါပဲ၊ သစ်ရွက်နှစ်ရွက်ဟာ ရွှေပြားအဖြစ်ပြောင်းလဲနေတာကို အံသြဖွယ်တွေ့လိုက်ရတယ်။ ဒါပေမဲ့ သူဝမ်းမသာနိုင်ပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ သူနှစ်ရွက်ထဲ ခူးခဲ့မိတဲ့အတွက်ကြောင့်ပါ။

ဒီပုံပြင်လိုပဲ...

လူတချို့ဟာလည်း မိမိရသမျှ ပိုက်ဆံတွေကို အကုန်သုံးမပစ်ပဲ ချန်ချန်ပြီး စုသွားရင် အနာဂတ်မှာ ကြွယ်ဝချမ်းသာလာနိုင်တယ်ဆိုတာကို သိတယ်။

ဒါပေမဲ့ ပုံမှန် မစုဖြစ်ဘူး။ တစ်ခါတရံ စုချင်စိတ်ပေါက်ရင် စုပြီး စိတ်မပေါက်ရင် မစုဘူး။

တကယ်လည်း ကိုယ်စုထားတာလေးတွေ အသုံးဝင်လာတဲ့အခါလည်းကျရော "ငါအရင်ကတည်းက များများစုမိခဲ့ရင် ကောင်းသား" ဆိုပြီး နောင်တရရော။

ဒါကြောင့် ဒီလိုမဖြစ်အောင် အချိန်ရှိတုန်း အရွယ်ကောင်းတုန်းမှာ ပိုက်ဆံကို စုနိုင်သလောက် များများစုပါ။

( ယခုအချိန်ကာလကတော့ ငွေတန်ဖိုးကျနေတဲ့ အချိန်ဖြစ်တာကြောင့် ငွေအစား အနာဂတ်မှာ တန်ဖိုးတက်လာနိုင်တဲ့ Assets တစ်ခုခုကို ဝယ်ယူစုဆောင်းတာမျိုး ပြုလုပ်သင့်ပါတယ်။ ချွေတာစုဆောင်း သူဌေးလောင်း ဆိုသလိုပဲ ဘယ်ခေတ်၊ ဘယ်အခြေအနေပဲရောက်ရောက် ငွေမဟုတ်တောင် တစ်ခုခုကို စုဆောင်းထားဖို့က လိုအပ်နေပါသေးတယ်။)

Dr Thet Htar Aung

ီ_ဘာ_ဘာ

HEIN MOBILEGOOD SECOND SHOPမှ ဈေးဦး ဖောက် လာရောက်အားပေးသွား သော ညီလေး အထူးဘဲ ကျေဇူးတင်ပါတယ်
16/12/2022

HEIN MOBILE
GOOD SECOND SHOP
မှ

ဈေးဦး ဖောက် လာရောက်အားပေးသွား သော
ညီလေး အထူးဘဲ ကျေဇူးတင်ပါတယ်

ဆိုင်ဖွင့် ပွဲ လေ ပါ။ todayလာရောက်အားပေသော မိတ်ဆွေ အထူး ကျေးဇူးတင်ပါ
16/12/2022

ဆိုင်ဖွင့် ပွဲ လေ ပါ။ today

လာရောက်အားပေသော မိတ်ဆွေ အထူး ကျေးဇူးတင်ပါ

HEIN... Mobile Second & Service မှ။ ကြိုဆိုပါတယ်လူကြီးမင်းတို့ ၀ယ် ၀ယ် /ရောင်းရောင်း/။ ဈေးနှုန်းအဆင်ပြေအောင်ဆောင်ရွတ် ပေ...
15/12/2022

HEIN... Mobile Second & Service မှ။ ကြိုဆိုပါတယ်

လူကြီးမင်းတို့ ၀ယ် ၀ယ် /ရောင်းရောင်း/။ ဈေးနှုန်းအဆင်ပြေအောင်ဆောင်ရွတ် ပေးပါတယ် ခင် ဗျာ
‌ဖျာပုံ မြို့ (၄)ရပ်ကွက် ရတနာ လမ် း

15/12/2022

Address

Yadana Rode No. 15. Ward. . 4
Pyapon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959400701600

Alerts

Be the first to know and let us send you an email when Hein Mobile Second shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Hein Mobile Second shop:

Share