Emperor -Audio & Electronic

Emperor -Audio & Electronic Audio & Electronic,Japan Domestic Sale.

05/01/2025

156.5K likes, 3871 comments. “Song titled: am not sure am okay 😭24GH ⭐️🌍 🪡🤯 ゚viral🖤 🇬🇭fyp💫❤️❤️🔥foryoupage 🇳🇬🇳🇬🇳🇬 🇬🇭🇬🇭🇬🇭🇳🇬🇳🇬...

အခုရောက်-အခု‌outပဲအလွင့်ကြီးကိုမှ second ဈေးလောက်နဲ့ဆိုတော့ Sold out ပေါ့
22/12/2024

အခုရောက်-အခု‌outပဲ
အလွင့်ကြီးကိုမှ second ဈေးလောက်နဲ့ဆိုတော့
Sold out ပေါ့

ပစ္စည်း အသစ်လေးများရောက်ရှိ
01/11/2024

ပစ္စည်း အသစ်လေးများရောက်ရှိ

18/09/2024

ဆီးဖြူသီးဟာ ဗီတာမင်စီ ပါဝင်မှုအရမ်းမြင့်မားပြီး ဓာတ်တိုးဆန့်ကျင် ဂုဏ်သတ္တိတွေရှိတာကြောင့် ဆဲလ်တွေပျက်စီးမှုကို တားဆီးပေးကာ ခန္ဓာကိုယ်ကို အိုမင်းရင့်ရော်ခြင်းတွေကနေ တားဆီးပေးနိုင်စွမ်းရှိပါတယ်။ အသက်အရွယ်ကြီးလာခြင်းကြောင့်ဖြစ်တဲ့ အမြင်အာရုံပျက်စီးတာကိုလည်း ကာကွယ်နိုင်တဲ့အပြင် Collagen တွေ ပျက်စီးဆုံးရှုံးမှုကို လျော့နည်းစေနိုင်တဲ့အတွက် အသားအရေလှပစေပြီး နုပျိုစေပါတယ်။ ထိုင်းနိုင်ငံမှာဆိုရင် ဆီးဖြူသီးကို ဆံပင်သန်ဖို့ရာအတွက်လည်း အသုံးပြုကြတာကိုတွေ့ရပါတယ်။ ဘာလို့လဲဆိုတော့ သူက ဆံပင်ကျွတ်ဖို့အားပေးတဲ့အင်ဇိုင်းတွေကို တားဆီးပေးနိုင်စွမ်းရှိလို့ဖြစ်ပါတယ်။ ဆီးဖြူသီးဟာ ဗီတာမင်စီနှင့် အင်တီအောက်စီဒန့်တွေ ကြွယ်ဝတဲ့အပြင် Tannin နဲ့ Flavonoid ဓာတ်ပစ္စည်းတွေပါဝင်တာမို့ ခန္ဓာကိုယ်မှာ အဖုအကြိတ်တွေနဲ့ ကင်ဆာဆဲလ်တွေ မဖြစ်ပေါ်အောင်လည်း ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။
ထိုင်းနိုင်ငံတက္ကသိုလ်တစ်ခုက ပြုလုပ်ထားတဲ့ သုတေသနအရ ဆီးဖြူသီးဟာ နာတာရှည် စားချည့်ပြန် ရောဂါ (GERD) ရှိတဲ့ လူပေါင်း ၆၈ ယောက်ကို ၄ ပတ်ကြာ စမ်းသပ်ပြီးတဲ့နောက်မှာ ရင်ပူတာ၊ ပျို့အန်တာတွေ သက်သာလာပြီး ခံစားရတဲ့အကြိမ်ရေလည်း လျော့လာတာကို တွေ့ရှိရပါတယ်။ ဇီးဖြူသီးဟာ နှလုံးကျန်းမာရေးကိုလည်း အဘက်ဘက်ကနေ အထောက်အပံ့ပေးနိုင်ပါသေးတယ်။ ၂၀၁၃ ခုနစ်၊ ဇူလိုင်လမှာ ထွက်ရှိခဲ့တဲ့ စာတမ်းတစ်ခုအရ ဆီးဖြူသီး ၁၀၀၀ မီလီဂရမ်ကို နေ့စဉ်သောက်သုံးတဲ့ ဆီးချိုလူနာတွေဟာ Atorvastatin သောက်သုံးတဲ့အာနိသင်အတိုင်း သွေးကြောတွေရဲ့နံရံမှာရှိတဲ့ဆဲလ်တွေရဲ့လုပ်ငန်းစဉ် (Endothelial function) ကို ကောင်းမွန်စေတဲ့အာနိသင် တစ်ပုံစံတည်းပေးနိုင်တယ်ဆိုတာကို လေ့လာတွေ့ရှိရပါတယ်။ ဇီးဖြူသီးဟာ သွေးတွင်းမကောင်းတဲ့အဆီတွေဖြစ်တဲ့ LDL (Bad cholesterol) တွေကို ကျစေနိုင်ပြီးတော့ HDL (Good Cholesterol) တွေကိုတော့ တက်စေနိုင်တယ်ဆိုတာကိုလည်း သုတေသနတွေအများကြီးမှာ ဖော်ပြထားတာကို တွေ့ရပါတယ်။ ဆီးဖြူသီးက သွေးတိုးကိုကျစေပြီး သွေးကြောထဲမှာ သွေးခဲတာ (Blood clot) တွေကိုပါ တားဆီးပေးတာကြောင့် လေဖြတ်တာ ရုတ်တရက်နှလုံးဖောက်တာ (Heart attack) စတာတွေကိုလည်း ကာကွယ် ပေးနိုင်စွမ်းရှိပါတယ်။
ဆီးဖြူသီးဟာ ဆီးချိုသမားတွေမှာလည်း အလွန်အသုံးဝင်လှပါတယ်။ Type II ဆီးချိုသမားတွေက ဆီးဖြူသီး ၁၀၀၀ ကနေ ၃၀၀၀ မီလီဂရမ်ကို ၂၁ ရက်ခန့်သောက်ပြီးနောက်မှာ သွေးတွင်းသကြားဓာတ် အနည်းငယ် ကျဆင်းလာတယ်လို စာတမ်းတစ်ခုမှာ ဖော်ပြခဲ့ပါတယ်။ ဗီတာမင်စီတွေဟာ ကိုယ်ခံအားကို မြင့်တင်ပေးနိုင်စွမ်း ရှိတာကိုတော့ ပြောစရာလိုမယ်မထင်ပါ။ သူဟာ ကိုယ်ခံအားကို မြင့်တင်ပေးပြီး အနာကျက်မြန်တာ၊ သွားဖုံး သွေးယိုစီးတာတွေ သက်သာစေတဲ့အပြင် ဆီးချိုသမားတွေ၊ Autoimmune ရောဂါ ခံစားနေရသူတွေမှာ ရောင်ရမ်းမှုတွေကို သက်သာစေနိုင်တာကိုလည်း တွေ့ရပါတယ်။
ခုနောက်ပိုင်းမှာဆိုရင် နိုင်ငံတကာမှာ ဆီးဖြူသီးကထုတ်လုပ်ထားတဲ့ သွေးတွင်းLDL ကျဖို့၊ နှလုံးရောဂါ၊ ကင်ဆာရောဂါတွေကို ကာကွယ်ဖို့၊ ရင်ပူခြင်းသက်သာဖို့နဲ့ အရွယ်တင်နုပျိုဖို့အတွက် အာနိသင်များရရှိနိုင်ဖို့ဆိုပြီး အဓိကဖော်စပ်ထုတ်လုပ်ထားတဲ့ ဖြည့်စွက်စာများကိုလည်းတွေ့မြင်နေရပြီဖြစ်ပါတယ်။
ဒေါက်တာခင်မောင်လွင် (FAME)

References:
Effects of Phyllanthus emblica extract on endothelial dysfunction and biomarkers of oxidative stress in patients with type 2 diabetes mellitus: a randomized, double-blind, controlled study - PubMed (nih.gov)
Endothelial dysfunction in cardiovascular disease and Flammer syndrome—similarities and differences - PMC (nih.gov)
Antioxidant, anti-collagenase and anti-elastase activities of Phyllanthus emblica, Manilkara zapota and silymarin: an in vitro comparative study for anti-aging applications - PubMed (nih.gov)
5Îą-reductase inhibition and hair growth promotion of some Thai plants traditionally used for hair treatment - PubMed (nih.gov)
Anti-diabetic Effect of Emblica- officinalis (Amla) Against Arsenic Induced Metabolic Disorder in Mice - PubMed (nih.gov)

26/06/2024

အဝတ်လျှော်ရလို့ ပင်ပန်းနေတဲ့အိမ်ရှင်မများအတွက် Emperor မှကူညီပေးနေပါတယ်ခင်ဗျ😁😁

ရာသီစာလေးတွေ🥰🥰
26/04/2024

ရာသီစာလေးတွေ🥰🥰

25/04/2024

Solar system တစ်ခုဟာ watt ချင်းတူရင် မီးစက်တစ်လုံး ဝယ်သုံးတာထက် ပိုပြီး ကုန်ကျစရိတ် များပါတယ် ဒါပေမယ့် ရေရှည်တွက်မယ်ဆိုရင် ဆိုလာက အများကြီး တွက်ခြေကိုက်တယ်

Solar system မှာ ဘာတွေသိသင့်လဲဆိုတော့
ပထမဆုံး solar panel ပါ
လက်ရှိ solarpanel မှာ
Poly, mono, thinflim solar ရယ်ဆိုပြီး သုံးမျိုးရှိပါတယ်

Thinflim solar က အကောင်းဆုံး ဆိုပေမယ့် စျေးများတယ် အသုံးနည်းတယ်
Satellites တွေမှာလောက်ပဲ သုံးတယ်လို့သိပါတယ်
Poly နဲ့ mono က အသုံးအများဆုံးပါ
Poly က အရည်ကြိုထားတဲ့ silicon crystal ကနေထုတ်ပြီး mono ကတော့ သန့်စင်ထားတဲ့ silicon ကနေ ထုတ်တယ်

အလွယ်ခွဲလို့ရတာက poly ဆို အပြာရောင်အကွက်နဲ့ mono ဆို အမည်းရောင် နက်ပြာရောင်ဆိုပြီး တွေ့ရပါတယ်
Poly solar တွေရဲ့ အကွက်အရောင်တွေက မညီညာဖူး mono ကတော့ တညီတညာထဲပါ

Poly တွေက ရေးထားတဲ့ watt ရဲ့ 70% လောက်ပဲထွက်ပြီး Mono ကတော့ 99% လောက်ထိ ထုတ်ပေးပါတယ် စျေးကလည်း အနည်းငယ်လောက် ပိုများတယ်

Warranty အနေနဲ့ poly ကို 15 years လောက်ပေးတယ်
Mono ဆို 25 years လောက်ထိ ပေးပါတယ်
ဒါတောင် မပျက်စီးသေးပါဖူး power effency လျော့သွားတာမျိုးပဲ ရှိပါသေးတယ်
Mono မှာ halfcell ဆိုပြီး ထပ်ခွဲထားတာရှိတယ်

အတွင်းထဲမှာ bypass diode တွေအကြောင်းလည်း သိသင့်တယ်ဗျ အဲ့ diode တွေက ဆိုလာအလုပ်လုပ်အောင်ဆိုတာထက် အရိပ်ကျတဲ့အခါ ကျော်ပြီး ထုတ်ပေးနိုင်အောင်နဲ့ battery က reverse ပြန်ထွက်တာကို ထိန်းနိုင်အောင် တပ်ထားတာပါ diode တွေအကုန်ဖြုတ်ပြီး မောင်းရင်လည်း cell တစ်ခုမပျက်စီးရင် ပုံမှန်အတိုင်း ထွက်ပါတယ်

တစ်ခုရှိတာက ခုနောက်ပိုင်း ဆိုလာတွေမှာ cell အတုတွေပါလာတာပါ အဲ့ အလုပ်မလုပ်တဲ့ cell တွေကို bypass diode နဲ့ ကျော်ပြီးပေးထားပါတယ် ဒီတော့ ရေးထားတဲ့ watt နဲ့ တကယ်ထွက်တာက အတော်ကြီး ကွာပါတယ် ဂျင်းတွေပေါ့ဗျာ
Solar ဝယ်မယ်ဆို တကယ် warrenty ရှိပြီးသား brand ကိုဝယ်သုံး brand ကိုစိတ်မချရင် solar tester နဲ့ စမ်းပြီး watt ပြည့်မပြည့် တိုင်းပြီး ဝယ်တာ အဆင်အပြေဆုံးပါပဲ

Solar cable. တွေကတော့ အနည်းဆုံး ဆယ်စုနှစ်တစ်ခုစာ သုံးရမှာဖြစ်လို့ အသေအချာ ရွေးဝယ်သင့်ပါတယ် သူက ရိုးရိုးမီးကြိုးတွေနဲ့ တပ်မရပါ
Solar ကြိုးတွေက efficiency အမြင့်ဆုံးရအောင်ကော ရာသီဥတုဒါဏ်ခံအောင် ထုတ်ထားပါတယ်
Copper99% ပါတဲ့ကြိုးတွေကိုမှ အပေါ်က ငွေရည်စိမ်ပေးထားပါတယ် ကြိုးတွေက ငွေရောင်ပါ ကြေးခြစ်လိုက်မှ ကြေးရောင်ထွက်ပါတယ်
ဒါက အလွယ်ပြောတာပါ ပိုပြောရင် အများကြီးရှိပါသေးတယ်

နောက်တစ်ခုကတော့ solar system မှာအရေးအကြီးဆုံး controller ပါ သူက နှစ်မျိုးရှိပါတယ်
PWM (Pulse Width Modulation) နဲ့
MPPT (Maximum Power Point Tracking) controller တွေပါ

Pwm ကတော့ battery ကို ဘယ်အချိန်သွင်းမယ် ဘယ်လောက်သွင်းမယ် ဘယ်အချိန်ရပ်မယ် ဆိုတာလောက်ကို အဓိကထားပါတယ်
PV ကနေလာတဲ့ power ကို တိုးမြင့်ပေးတာမရှိပါ

Mppt ကတော့ pv ရဲ့ power ကို တိုးမြင့်လုပ်ဆောင်ပေးပါတယ် မိုးရွာနေတဲ့ အချိန်တွေမှာတောင် power ကို အမြင့်ဆုံးရအောင် လုပ်ထားပေးနိုင်ပါတယ် inverter စျေးထက်တောင်ကြီးတဲ့ mppt တွေရှိပါတယ်
တကယ်သုံးမယ်ဆိုရင်တော့ mppt ကို ရွေးပါ

နောက်မှာတော့ inverter ကတော့ ပုံစံသုံးမျိုးရှိပါတယ်
ဒါက solargrid system နဲ့ ဆိုင်ပါတယ်
On grid
Offgrid နဲ့ hybird ပါ

On grid ကတော့ မီးအမြဲရတဲ့နေရာတွေ(မီးမပျက်) လျပ်စစ်မီးရော solar ရောတွဲသုံးတဲ့ ပုံစံပါ
Backup အတွက် battery မပါပါ
Solar ကထွက်တဲ့ power ကပိုနေရင် main grid ပြန်ပို့ပေးပြီး (ပိုတဲ့powerကိုအစိုးရဆီပြန်ရောင်းပါတယ်) သုံးတာက solar power ထက်များရင် maingrid ကနေ လိုသလောက် ယူသုံးပေးပါတယ်

Off grid ကတော့ solar ရယ် battery ရယ်ပဲသုံးပါတယ် မီးလာနေရင်မီးနဲ့သုံးပြီး မီးမရရင် solar ကနေသုံးတယ် ညဖက်လိုမျိုးဆို backup ထားတဲ့ battery ကနေပြန်သုံးပါတယ်

Hybird ကတော့ အထက်ကနှစ်မျိုးကိုပေါင်းထားတာမျိုးပါ ဒါပေမယ့် ဒီမှာက မီးပျက်တော့ မီးအားကို main grid ဆီပြန်ပို့မရပါဘူး

ဘယ်အမျိုးအစား inverter မျိုး သုံးသုံး puresine wave ဖြစ်ဖို့လိုအပ်ပါတယ်
modified sinewave ဆိုရေးထားတဲ့ watt ရဲ့ တစ်ဝက်ပဲ သုံးလို့ရမယ်

Freezer တွေ aircon တွေ motor တွေသုံးမယ်ဆို Peakpower မြင့်တဲ့ low frequency puresine wave တွေဝယ်ရပါမယ်

Battery မှာတော့ leadacid နှစ်မျိုး
Nomalplate
tubeller tall
Gel type
Calcium battery
Nicad နီကယ်-ကက်
Lifepo4 ဆိုပြီးထွက်ပါတယ်

Nomalplate battery တွေက solarsystem မှာ သုံးမရပါဖူး ကျတော်တို့ဆီမှာ သုံးနေတဲ့ ကားအိုး
3K toyo အစရှိတာတွေပါ ဆိုလာနဲ့သုံးရင် တစ်နှစ်ဆိုတာ အလွန်ဆုံးပါ
Solar နဲ့ သုံးမယ်ဆို အနည်းဆုံး tubeller tall ကနေစသုံးရပါမယ်
ပြီးရင် gel type deepcycle တွေ

Lifepo4 တွေကတော့ solar နဲ့ အသင့်တော်ဆုံးပါ
Charge rate မြင့်သလို peak power လည်း မြင့်တယ်
ရိုးရိုး leadacid 200A တစ်လုံးနဲ့ယှဉ်ကြည့်ရင်
Lifepo4 100A တစ်လုံးက အသုံးပိုခံတယ်
စျေးနဲ့ တွက်ရင်များပေမယ့် 5years လောက် စိတ်ချလက်ချသုံးရမယ် ပျက်စီးခဲ့ရင်တောင် လိုတဲ့ cell တစ်ချင်းပဲ လဲလို့ရမယ် ဒီလိုအားသာချက်တွေ ရှိပါတယ်

တော်သေးပြီ 😁 😁 😁 😁

Credit Ko Wai Yan
PhyuPhyu Min

Address

Pathein

Alerts

Be the first to know and let us send you an email when Emperor -Audio & Electronic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share