22/02/2024
Laptop တစ်လုံးမှာအရေးကြီးဆုံးက
Cpu,ram,gpu,...... ဆိုပြီးအများစုကသတ်မှတ်ကြပေမယ့်လို့
ကိုယ့်အတွက်ကတော့ Design ပိုင်းနဲ့ hand feeling ကိုအဓိကထားပြီးရွေးဝယ်ဖြစ်တယ်
Laptop တစ်လုံးကြည့်လိုက်ရင် ခပ်ပါးပါးနဲ့ ခပ်ပေါ့ပေါ့လေးဖြစ်နေမှ စိတ်ဝင်စားတာ၊ handfeeling အရကိုင်ကြည့်လိုက်ရင်လည်း စျေးပေါတဲ့ခံစားချက်မျိုးရရင် ဆက်မကြည့်ချင်၊ keyboard ရိုက်တာကအစ touch pad သုံးတာကအဆုံး အကုန်ညင်သာနေမှ စိတ်ထဲဘဝင်ကျတယ်။
ဒါပေမယ့်တစ်ခုရှိတာက အပေါ်ကအချက်တွေနဲ့ မငြိတဲ့ laptop မျိုးဆိုတာက
Unlimited budget သုံးနိုင်မှ ဝယ်နိုင်မယ့်စျေးတန်းတစ်ခုမှာရှိတယ်။
အခုလက်ထဲရောက်နေတဲ့ laptop က
Design ပိုင်းရော build quality ပိုင်းရော သူ့စျေးတန်းတစ်ခုမှာမဆိုးဘူးလို့ပြောရမယ်✨️
Performance အနေနဲ့ကလည်း i5 7 gen ဆိုတော့ နိမ့်တဲအထဲတော့မပါဘူး
စာသင်၊ zoom class တက်၊ photoshop ပေါ့ပေါ့ပါးပါးသုံးတာလောက်ဆို
အေးဆေးကြီး handle လုပ်နိုင်တဲ့ cpu မျိုး။ (i5-7200U)2.50GHz✨️
Ram ကတော့ 8 gb
တော်ရုံ software 4 ခု 5 ခုအသာလေး run လို့ရတယ်။ (DDR4 2133MHz)
စက်အဖွင့်အပိတ်နဲ့ software တွေအဝင်အထွက် သွက်သွက်လက်လက်ရှိဖို့က ssd စိုက်ထားသေးတယ်။ 512 gb ဆိုတော့ data လည်းစိတ်ကြိုက်သိမ်း။😌
Video quality တွေကောင်းကောင်းကြည့်ဖို့က 1080p FHD display ကို 14 လက်မဆိုတော့ ပေါင်ပေါ်တင်သုံးတောင်အနေတော်ပဲ။
ဂိမ်းတော့သွားမဆော့လေနဲ့၊ ဂိမ်းပါဖြတ်ချင်သွားမယ်။😅
720 we**am က zoom class တက်ဖို့လုံလုံလောက်လောက်ရှိမယ်။
ကိုယ်က laptop တစ်လုံးကို heavy use အနေနဲ့မသုံးဘူး
ပေါ့ပေါ့ပါးပါးနဲ့သေသေသပ်သပ်ပဲသုံးချင်တယ်၊ စျေးကလည်း 5 သိန်းခွဲဆိုတဲ့ low budget ဖြစ်နေတဲ့စျေးမှာ ဒီ design နဲ့ ဒီ build quality မျိုးရတာ အနှစ်ပဲ။
Laptop model လေးကတော့
HP Probook 440 G5 ပါ
ရုံးသုံးမယ်၊ စာသင်မယ်၊ တစ်ခါတစ်လေ ဓါတ်ပုံပြင်မယ်၊ အခုမှ computer စကိုင်မယ်ဆိုတဲ့ကလေးတွေအတွက် အရွေးသင့်ဆုံးကောင်လေး။
ဝယ်ဖို့စိတ်ဝင်စားနဲ့ ကိုယ်သုံးမယ့် software ပေါ်မူတည်ပြီး laptop ဝယ်သင့်မဝယ်သင့်ကို ကျွန်တော်နဲ့ တိုင်ပင်လို့ရပါတယ်
Contact us 09952221022