Esri Myanmar

Esri Myanmar Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Esri Myanmar, Information Technology Company, No. 6078, Myit Kyi Nar Road, Zawana Theikdi Quarter, Ottarathiri Township, Naypyidaw.

Esri Myanmar was established with the aim of providing Myanmar customers to the world’s number one software solution for geographic information systems (GIS) – ArcGIS.

Paper Records to Smarter Asset Management with GIS**********Woodford County Highway Department၏ user story တွင် ပြန်လည်ခ...
27/08/2026

Paper Records to Smarter Asset Management with GIS
**********
Woodford County Highway Department၏ user story တွင် ပြန်လည်ချိတ်ဆက်ရန်လိုအပ်သော သီးခြားစီ ဖြစ်နေသည့် Asset information (စာရွက်စာတမ်းများ၊ excel file dataများ၊ မှတ်တမ်းဓာတ်ပုံများ..)များကို GIS စနစ်ဖြင့် ပြုပြင်ပြောင်းလဲဖြေရှင်းပုံကို လေ့လာနိုင်ပါသည်။
ArcGIS Online ဖြင့် Asset Management System တစ်ခု တည်ဆောက်ပြီး Field Crew များက ArcGIS Field Maps ကို အသုံးပြု၍ Asset များကို ကွင်းဆင်းစစ်ဆေး၊ Update ပြုလုပ်ခဲ့သည်။

ထို့ကြောင့်-
🔍 Asset Location များကို Map ပေါ်တွင် ကြည့်နိုင်သည်။
🔍 Information များကို တစ်နေရာတည်းမှာ စုစည်းထားနိုင်သည်။
🔍 Field တွင် ရိုက်ကူးထားသည့် မှတ်တမ်းဓာတ်ပုံနှင့် Asset Information များကို ချိတ်ဆက်နိုင်သည်။
🔍 Asset Condition နှင့် Maintenance Information များကို ပိုမိုလွယ်ကူစွာ စောင့်ကြည့်နိုင်သည်။
🔍 Field တွင် Update ပြုလုပ်ထားသည့် Information များကိုလည်း ရုံးတွင်း၌ မြန်မြန်ဆန်ဆန် အသုံးချနိုင်သည်။

GIS နည်းပညာသည် မြေပုံရေးဆွဲခြင်းတစ်ခုတည်းအတွက် သာမက အခြေခံအဆောက်အအုံများကို ပုံဖော်ပြသရန်၊ လေ့လာဆန်းစစ်ရန်၊ ပြုပြင်ထိန်းသိမ်းရန်၊ ဆုံးဖြတ်ချက်ချမှတ်နိုင်ရန် ချိတ်ဆက်ပေးသည့် Platform တစ်ခုလည်း ဖြစ်ပါသည်။

မိမိအဖွဲ့အစည်းတွင် Asset Information များကို Paper Records, Excel/Spreadsheet ဖြင့် စီမံမည့်အစား အချိန်ကုန်သက်သာပြီး၊ လုပ်ငန်းတွင်ကျယ်စေမည့် GIS-based Asset Managementဖြင့် ပိုမိုထိရောက်သည့် Infrastructure Management ကို စတင်နိုင်ပါသည်။

case study အပြည့်အစုံကို ဖတ်ရှုရန်➡️
https://www.esri.com/en-us/lg/industry/public-works/stories/enhancing-infrastructure-management-with-asset-management-mapping-portal?utm_source=chatgpt.com

Discover how Woodford County's Highway Department transformed its infrastructure management with a GIS asset management system, boosting efficiency and accuracy of data.

မဂ်လာပါရှင်ဒီနေ့မှာတော့ ArcGIS Online အသုံးပြုသူများကို ArcGIS Web Editor နှင့် မိတ်ဆက်ပေးချင်ပါတယ်ရှင့်။🗺️ ArcGIS Web E...
13/08/2026

မဂ်လာပါရှင်
ဒီနေ့မှာတော့ ArcGIS Online အသုံးပြုသူများကို ArcGIS Web Editor နှင့် မိတ်ဆက်ပေးချင်ပါတယ်ရှင့်။

🗺️ ArcGIS Web Editor ဆိုတာဘာလဲ?
ArcGIS Web Editor သည် ArcGIS Online အတွင်းရှိ Web-based Data Editing Application တစ်ခုဖြစ်ပြီး GIS Data များကို လွယ်ကူ၊ မြန်ဆန်စွာ ပြင်ဆင်ခြင်းနှင့် ထိန်းသိမ်းခြင်း ပြုလုပ်နိုင်ရန် ကူညီပေးပါသည်။
GIS Professional များသာမက GIS အတွေ့အကြုံမရှိသော User များအတွက်ပါ ရိုးရှင်းလွယ်ကူစွာ အသုံးပြုနိုင်စေပြီး ရှုပ်ထွေးသော GIS Data Editing Workflow များကိုလည်း လုပ်ဆောင်နိုင်ပါသည်။
✨ ArcGIS Web Editor ဖြင့် ဘာတွေလုပ်နိုင်လဲ?
🔹 Feature အသစ်များ ဖန်တီးခြင်း
Point, Line, Polygon စသည့် Feature များကို အသစ်ဖန်တီးနိုင်ပါသည်။)
🔹 ရှိပြီးသား Feature များကို Update ပြုလုပ်ခြင်း
မြေပုံပေါ်ရှိ GIS Feature များ၏ တည်နေရာနှင့် ပုံသဏ္ဍာန်များ၊ အချက်အလက်များ ကို ပြင်ဆင်နိုင်ပါသည်။)
🔹 Feature များကို Delete ပြုလုပ်ခြင်း
အသုံးမလိုအပ်တော့သော Feature များကို ဖျက်နိုင်ပါသည်။
🔹 Attribute အချက်အလက် များကို ပြင်ဆင်ခြင်း
Feature များနှင့်သက်ဆိုင်သော အချက်အလက် (Attribute Information) များကို ထည့်သွင်းခြင်းနှင့် ပြင်ဆင်ခြင်းများ ပြုလုပ်နိုင်ပါသည်။
🔹 Vertex များကို ပြင်ဆင်ခြင်း
Feature ၏ Vertex များကို ရွှေ့ပြောင်းနိုင်ပြီး ပိုမိုတိကျသော Shape ရရှိအောင် ပြင်ဆင်နိုင်ပါသည်။
🔹 Split, Merge, Move & Reshape များ ပြုလုပ်ခြင်း
Feature များကို ခွဲခြင်း၊ ပေါင်းစည်းခြင်း၊ ရွှေ့ခြင်းနှင့် ပုံသဏ္ဍာန်ပြန်လည်ပြင်ဆင်ခြင်းများ ပြုလုပ်နိုင်ပါသည်။
🔹 Copy & Paste
ရှိပြီးသား Feature များကို Copy ကူးယူပြီး လိုအပ်သည့်နေရာတွင် Paste ပြုလုပ်နိုင်ပါသည်။

💡 ဘယ်နေရာတွေမှာ အသုံးဝင်လဲ?
🏙️ City & Urban Management
🛣️ Road & Transportation
💧 Water & Utility Management
🏢 Facility Management
🌳 Land & Property Management
🏗️ Infrastructure Management
📍 GIS Data Maintenance

ArcGIS Web editor ကို အသုံးပြုနိုင်သူများကတော့
မိမိအဖွဲ့အစည်းရဲ့ ArcGIS Online စီမံခန့်ခွဲသူ (Administrator) အနေနဲ့ အောက်ပါ user type များကို Web editor အသုံးပြုနိုင်ရန် ဖွင့်ပေးရန် လိုအပ်ပါသည်။
• Creator, Professional, or Professional Plus user type
• Data Editor, User, Publisher, Facilitator, or Administrator role, or a custom role with Edit privileges

🌐 Web ပေါ်မှာ GIS Data ကို လွယ်ကူစွာ Edit လုပ်လိုက်ပါ!
ArcGIS Web Editor ဖြင့် GIS Data Creation → Editing → Updating → Maintenance လုပ်ငန်းစဉ်များကို Web Browser ပေါ်မှတစ်ဆင့် ထိရောက်စွာ ဆောင်ရွက်နိုင်ပါသည်။
GIS Data များကို နောက်ဆုံးအခြေအနေအတိုင်း ထိန်းသိမ်းပြီး သင့်အဖွဲ့အစည်း၏ လုပ်ငန်းဆောင်ရွက်မှုများ ပိုမိုထိရောက်စေရန် ArcGIS Web Editor ကို အသုံးပြုလိုက်ပါ။

GIS Resources for Flooding**********************ရေကြီးရေလျှံမှုများအတွက် ကြိုတင်ပြင်ဆင်ခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်း...
11/08/2026

GIS Resources for Flooding
**********************
ရေကြီးရေလျှံမှုများအတွက် ကြိုတင်ပြင်ဆင်ခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်း တို့ကို အထောက်အကူပြုနိုင်ရန် GIS Applications၊ Capabilities နှင့် Data Resources များကို ArcGIS StoryMaps ဖြင့် စုစည်းပေးထားပါသည်။

➡️ ရေကြီးရေလျှံမှုမတိုင်မီ ကြိုတင်ပြင်ဆင်ပြီး ဖြစ်ပေါ်လာနိုင်မည့် အလားအလာများကို လေ့လာဆန်းစစ်ခြင်း၊
➡️ရေကြီးရေလျှံမှုကာလအတွင်း အခြေအနေများကို မျက်ခြေမပြတ်စောင့်ကြည့်ပြီး ထိရောက်စွာ တုံ့ပြန်ဆောင်ရွက်ခြင်းနှင့်
➡️ရေကြီးရေလျှံမှုဖြစ်ပွားပြီးနောက် ပျက်စီးဆုံးရှုံးမှုများကို အကဲဖြတ်နိုင်ရန် ဖော်ပြထားပါသည်။

အဆိုပါ resources များသည် emergency management agencieများ၊ public safety professionalများ နှင့် community partnerများအတွက်
➡️Situational Awareness မြှင့်တင်ရန်၊
➡️ပူးပေါင်းဆောင်ရွက်ခြင်းနှင့် သတင်းအချက်အလက်မျှဝေခြင်းကို ပိုမိုကောင်းမွန်စေရန်၊
➡️Damage Assessment လုပ်ငန်းစဉ်များကို ပိုမိုထိရောက်စေရန် အထောက်အကူပြုနိုင်ပါသည်။

GIS Resources for Flooding ကိုလေ့လာရန် ➡️ https://storymaps.arcgis.com/stories/91b972c1633648f2acc1ee3903b67753

My Esri နှင့် ArcGIS Online********ArcGIS ကို အသုံးပြုသူများအနေဖြင့် My Esri နှင့် ArcGIS Online account တို့၏ ကွဲပြားခြ...
04/08/2026

My Esri နှင့် ArcGIS Online
********
ArcGIS ကို အသုံးပြုသူများအနေဖြင့် My Esri နှင့် ArcGIS Online account တို့၏ ကွဲပြားခြားနားချက်ကို ဖော်ပြအပ်ပါသည်။

📍 My Esri မှတစ်ဆင့်
* License များကို စီမံနိုင်သည်၊
* Software များကို Download ရယူနိုင်သည်၊
* Technical Support ကို တောင်းခံနိုင်သည်၊
* Account အချက်အလက်များကို စီမံနိုင်ပါသည်။

📍 ArcGIS Online ဖြင့်-
* Interactive Web Maps များ ဖန်တီးနိုင်သည်၊
* Data များကို မြင်ကွင်းပုံစံ ပုံဖော်ပြသနိုင်သည်၊
* Maps နှင့် Apps များကို အခြားသူများနှင့် မျှဝေနိုင်သည်၊
* Cloud-based GIS Platform ဖြစ်သည့်အတွက် အချိန်မရွေး အသုံးပြုနိုင်ပါသည်။

အသေးစိတ်ကို ဖော်ပြပါ StoryMaps တွင် လေ့လာနိုင်ပါသည်။
https://storymaps.arcgis.com/stories/b4e21736c4cd4f538cd08d17d1346b4a

GIS နည်းပညာဖြင့် သဘာဝဘေးအန္တရာယ်တုံ့ပြန်မှုကို ပိုမိုထိရောက်စေသည်****************၂၀၂၆ ခုနှစ်၊ Mozambiqueတောင်ပိုင်းတွင် ...
28/07/2026

GIS နည်းပညာဖြင့် သဘာဝဘေးအန္တရာယ်တုံ့ပြန်မှုကို ပိုမိုထိရောက်စေသည်
****************
၂၀၂၆ ခုနှစ်၊ Mozambiqueတောင်ပိုင်းတွင် ဖြစ်ပွားခဲ့သော ရေကြီးရေလျှံမှုကြောင့် အကူအညီ လိုအပ်လျက်ရှိသော ပြည်သူများအတွက် UKအခြေစိုက် MapAction မှ GIS စေတနာ့ဝန်ထမ်းများသည် ArcGIS Pro ကို အသုံးပြု၍ ရေဘေးဒဏ်ခံရသော ဒေသများ၏ မြေပုံများကို အချိန်နှင့်တစ်ပြေးညီ ဖန်တီးခဲ့ပြီး ကယ်ဆယ်ရေးအဖွဲ့များအား အရေးပေါ်အကူအညီများကို အမြန်ဆုံးနှင့် အထိရောက်ဆုံး ပို့ဆောင်နိုင်ရန် ကူညီပေးခဲ့သည်။

GIS နည်းပညာသည် အောက်ပါလုပ်ငန်းများတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။
✅ ရေဘေးဒဏ်ခံရသော တည်နေရာများကို ဖော်ထုတ်ခြင်း
✅ ကယ်ဆယ်ရေးပစ္စည်းများ ပို့ဆောင်မည့် လမ်းကြောင်းများ စီစဉ်ခြင်း
✅ ဆေးရုံ၊ ဆေးခန်းနှင့် အရေးကြီးသော အခြေခံအဆောက်အအုံများ၏ အခြေအနေကို စောင့်ကြည့်ခြင်း
✅ အဖွဲ့အစည်းများစွာမှ အချက်အလက်များကို ပေါင်းစည်း၍ ဆုံးဖြတ်ချက်ချနိုင်ရန် Dashboard နှင့် မြေပုံများ ဖန်တီးခြင်း

📍 GIS သည် မြေပုံရေးဆွဲခြင်းအတွက်သာမက အရေးပေါ်အခြေအနေများအတွက် ဆုံးဖြတ်ချက်များကိုလည်း ကူညီတွက်ချက်ပေးနိုင်သည့် နည်းပညာတစ်ခုဖြစ်သည်။

ရေကြီးရေလျှံမှု၊ မုန်တိုင်း၊ မြေပြိုမှု စသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလေ့ရှိသည့် နေရာဒေသများအတွက် ArcGIS ကဲ့သို့သော GIS နည်းပညာများကို အသုံးပြုခြင်းဖြင့် အခြေအနေများကို အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်နိုင်ပြီး ကယ်ဆယ်ရေးနှင့် အရင်းအမြစ်ခွဲဝေမှုများကို ပိုမိုထိရောက်စွာ စီမံဆောင်ရွက်နိုင်ပါသည်။

၂၀၂၆၊ ဇူလိုင်လထုတ် ArcWatchတွင် ဖော်ပြ Case Study ကို ဖတ်ရှုနိုင်ပါသည်။
https://www.esri.com/about/newsroom/arcwatch/volunteers-deliver-lifesaving-maps-during-mozambique-floods

ArcWatch: https://www.esri.com/about/newsroom/arcwatch

From Data to Decisions*******- Real-Time Monitoring for Better Decisionsအဖွဲ့အစည်းများတွင် အချိန်နှင့်တပြေးညီ ရရှိလျက်ရှ...
22/07/2026

From Data to Decisions
*******
- Real-Time Monitoring for Better Decisions
အဖွဲ့အစည်းများတွင် အချိန်နှင့်တပြေးညီ ရရှိလျက်ရှိသည့် ဒေတာအချက်အလက်များစွာကို ပိုမိုထိရောက်သော လုပ်ဆောင်ချက်၊ ဆုံးဖြတ်ချက်များအဖြစ် ပြောင်းလဲနိုင်ရန် လွန်စွာအရေးကြီးပါသည်။
ArcGIS Dashboards ဖြင့် မြေပုံများ၊ ဇယားများနှင့် အရေးကြီးသော အချက်အလက်များကို Dashboard တစ်ခုအတွင်း တပြိုင်တည်း စုစည်းကြည့်ရှုနိုင်ပြီး လုပ်ငန်းဆောင်ရွက်မှုများကို အချိန်နှင့်တပြေးညီ စောင့်ကြည့်နိုင်ပါသည်။

✅Real-Time Monitoring
✅ Interactive Maps & Charts
✅ Operational Awareness
✅ Executive Reporting
✅ Faster Decision-Making

သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု၊ ပြည်သူ့ဝန်ဆောင်မှုများနှင့် အခြားလုပ်ငန်းဆောင်ရွက်မှုများအတွက် ArcGIS Dashboards သည် ထိရောက်သော ဆုံးဖြတ်ချက်ချမှုများကို အထောက်အပံ့ပြုပါသည်။

https://www.esri.com/en-us/arcgis/products/arcgis-dashboards/overview -to-use

"Flood Simulation with ArcGIS Pro"GIS နည်းပညာဖြင့် ရေကြီးရေလျှံမှုအန္တရာယ်များကို ကြိုတင်ခန့်မှန်းမည်...************ရေကြ...
20/07/2026

"Flood Simulation with ArcGIS Pro"
GIS နည်းပညာဖြင့် ရေကြီးရေလျှံမှုအန္တရာယ်များကို ကြိုတင်ခန့်မှန်းမည်...
************
ရေကြီးရေလျှံမှုများသည် လူနေအိမ်များ၊ လမ်းပန်းဆက်သွယ်ရေးနှင့် အခြေခံအဆောက်အအုံများအပေါ် ကြီးမားသော သက်ရောက်မှုများ ဖြစ်စေနိုင်ပါသည်။
ArcGIS Pro ၏ Flood Simulation Workflow ကို အသုံးပြု၍ ရေကြီးနိုင်ခြေရှိသော ဧရိယာများကို 3D ပုံစံဖြင့် ခန့်မှန်းလေ့လာနိုင်ပြီး၊ ဖြစ်ပေါ်လာနိုင်သည့် သက်ရောက်မှုများကို ကြိုတင် လေ့လာသုံးသပ်နိုင်ပါသည်။
GIS user တို့ကိုယ်တိုင် ပါဝင်စမ်းသပ် အသုံးပြုနိုင်ရန် ဖော်ပြပါ linkမှ တဆင့် လေ့လာနိုင်ပါသည်။
https://learn.arcgis.com/en/projects/set-up-a-flood-simulation/
https://learn.arcgis.com/en/paths/simulate-a-flood-in-arcgis-pro/

2026 Esri User Conference*********Plenary Session ၏ စိတ်လှုပ်ရှားဖွယ် အကောင်းဆုံး အခိုက်အတန့်များကို ပြန်လည်ခံစားလိုက်ပါ...
16/07/2026

2026 Esri User Conference
*********
Plenary Session ၏ စိတ်လှုပ်ရှားဖွယ် အကောင်းဆုံး အခိုက်အတန့်များကို ပြန်လည်ခံစားလိုက်ပါ!
ထူးခြားအကြောင်းအရာများနှင့် အမှတ်တရ အခိုက်အတန့်များကို ဗီဒီယိုများမှတစ်ဆင့် ကြည့်ရှုနိုင်ပါသည်။
အသေးစိတ်ဗီဒီယိုများကို အောက်ပါ linkတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

https://mediaspace.esri.com/channel/2026+Esri+User+Conference/406598532

မြို့ပြဝန်ဆောင်မှုအတွက် ArcGIS Solutions-Citizen Problem Reporter*********************မြို့နယ်အတွင်း ဖြစ်ပေါ်နေသော ပြဿနာ...
08/07/2026

မြို့ပြဝန်ဆောင်မှုအတွက် ArcGIS Solutions-Citizen Problem Reporter
*********************
မြို့နယ်အတွင်း ဖြစ်ပေါ်နေသော ပြဿနာများဖြစ်သည့် လမ်းပျက်စီးမှုအခြေအနေ၊ လမ်းမီးပျက်စီးမှု၊ ရေစီးရေလာ ပြဿနာများ စသည့် ပြည်သူ့ဝန်ဆောင်မှုဆိုင်ရာ ပြဿနာများကို အချိန်နှင့်တစ်ပြေးညီ အလွယ်တကူ တင်ပြနိုင်ပြီး သက်ဆိုင်ရာဌာန အဖွဲ့အစည်းများက ထိရောက်စွာ စီမံခန့်ခွဲ ဖြေရှင်းနိုင်ပါသည်။
Citizen Problem Reporter Solution တွင်-
▶️ ဖြစ်ပေါ်လာသည့် အခြေအနေများကို တင်ပြနိုင်ခြင်း
▶️ တင်ပြလာသည့် အခြေအနေများကို စောင့်ကြည့်နိုင်ခြင်း
▶️ စစ်ဆေးအကဲဖြတ်ပြီး အခြေအနေ Update များပြုလုပ်နိုင်ခြင်း
▶️ Dashboard များဖြင့်စောင့်ကြည့်စီမံခန့်ခွဲနိုင်ခြင်း
▶️ ဝန်ဆောင်မှုအပေါ် စစ်တမ်းကောက်ယူနိုင်ခြင်း စသည့် လုပ်ဆောင်မှု အဆင့်ဆင့်ကို လေ့လာနိုင်ပါသည်။
အသေးစိတ်လေ့လာရန်-
https://www.arcgis.com/apps/solutions/citizen-problem-reporter
Demo video လေ့လာရန်-
https://mediaspace.esri.com/media/t/1_ran92mmh

အချိန်ကုန်သက်သာစွာဖြင့် GIS လုပ်ငန်းစဉ်များကို စတင်နိုင်မည့် "ArcGIS Solutions"  ************************************Arc...
24/06/2026

အချိန်ကုန်သက်သာစွာဖြင့် GIS လုပ်ငန်းစဉ်များကို စတင်နိုင်မည့် "ArcGIS Solutions"
************************************
ArcGIS Solutions သည် မိမိ၏ GIS လုပ်ငန်းအတွက် လိုအပ်သော မြေပုံများ၊ Dashboard များနှင့် App များကို အချိန်ကုန်သက်သာစွာဖြင့် အသင့် အသုံးပြုနိုင်ရန် စီစဉ်ပေးထားသော Esri ၏ နည်းပညာတစ်ခု ဖြစ်ပါသည်။
ArcGIS Solutions ကို အသုံးပြုသင့်သည့် အချက်များမှာ -
🔵အသင့်အသုံးပြုနိုင်ခြင်း (Ready-to-use): မိမိတို့အဖွဲ့အစည်း၏ လုပ်ငန်းနယ်ပယ်များအတွက် အထူးပြု ဖန်တီးထားသော Configuration များ ပါဝင်ပါသည်။
🔵လုပ်ငန်းစဉ်များကို မြန်ဆန်စေခြင်း (Accelerate workflows): အချိန်ကုန်သက်သာစေပြီး အဆင့်မြင့် GIS လုပ်ဆောင်ချက်များကို ချက်ချင်း အသုံးပြုနိုင်ပါသည်။
🔵အလွယ်တကူ စိတ်ကြိုက်ပြင်ဆင်နိုင်ခြင်း (Customizable): မိမိတို့လုပ်ငန်း၏ လိုအပ်ချက်နှင့်အညီ လွယ်ကူစွာ ပြုပြင်ပြောင်းလဲ အသုံးပြုနိုင်ပါသည်။
🔵Best Practices ကို အသုံးပြုခြင်း: Esri ၏ ပညာရှင်များ ရေးဆွဲထားသော စံနှုန်းများကို အသုံးပြုခြင်းဖြင့် ပိုမိုတိကျပြီး ထိရောက်သော ရလဒ်များ ရရှိစေပါသည်။
ArcGIS Solutions သည် မိမိတို့၏ လုပ်ငန်းကို ပိုမိုသွက်လက်ပြီး ထိရောက်မှုရှိစေရန် ကူညီပေးပါလိမ့်မည်။
အသေးစိတ်လေ့လာရန်-
https://www.esri.com/en-us/arcgis/products/arcgis-solutions/overview

Address

No. 6078, Myit Kyi Nar Road, Zawana Theikdi Quarter, Ottarathiri Township
Naypyidaw
15015

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959886366874

Alerts

Be the first to know and let us send you an email when Esri Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Esri Myanmar:

Shortcuts

Share