30/07/2024
ခရီးလမ်းတွေ သိသိသာသာ ပိုကြမ်းလာတာနှင့်အမျှ
ကျွန်တော့်အနာဂတ်တွေ ပိုနွမ်းလာတယ် အမေ ။
လစာရဲ့နောက်မှာ မှေးမှိန်သွားတဲ့
အိပ်မက်တွေဟာ ဒုနဲ့ဒေးပါ အမေရာ ။
အိမ်နဲ့ဝေးရာကို ပြေးထွက်လိုက်ကာမှ
နေကလည်း ပိုပူလာတယ် လမ်းကလည်း ပိုထူလာပုံရတယ် ။
ပင်ပန်းလိုက်တာဗျာ....။