SNK Computer Learning

SNK Computer Learning မင်္ဂလာပါ..ကွန်ပျူတာနည်းပညာကို ချစ်?

04/09/2022

ဝင်စေသော်ဝ်...ဝင်စေသောဝ်..🙏🙏

မိဘပြည်သူများအားလုံး ဘေးရန်ကင်းဝေး၍ အမြဲထာဝစဥ် ကျန်းမာပျော်ရွှင်နိုင်ကြပါစေလို့..ဆန္ဒပြုဆုတောင်းလိုက်ပါတယ်ခင်ဗျာ...🙏🙏🙏🙏🙏...
13/06/2022

မိဘပြည်သူများအားလုံး ဘေးရန်ကင်းဝေး၍ အမြဲထာဝစဥ် ကျန်းမာပျော်ရွှင်နိုင်ကြပါစေလို့..ဆန္ဒပြုဆုတောင်းလိုက်ပါတယ်ခင်ဗျာ...
🙏🙏🙏🙏🙏🙏
Crack, Patch, Serial, Keygen များ အကြောင်းနှင့် အသုံးပြုပုံ
===============

Free မရတဲ့ Program တစ်ခုကို အသုံးပြုဖို့ရာ key လိုအပ်ပါတယ်။ ဒီအတိုင်း program ကို install လုပ်ရုံနဲ့ သုံးလို့မရသေးပါဘူး။ key ထည့်မှသာ အပြည့်အဝ အသုံးပြုရပါတယ်။ လိုအပ်တဲ့ key ကို program ကို ဝယ်မှသာ ရပါတယ်။ key မှာ နံပါတ်တွေ အင်္ဂလိပ်စာလုံးတွေ ရောနှောပါရှိပါတယ်။ တစ်ခါတစ်လေ * # $ တို့ ပါတတ်ပါတယ်။

ဥပမာ = 2T8V - 445P 2AL8 11EE 6588 AC67
= 259LPC24OL4P25E6S8XX14

Program တစ်ခု အလကား သုံးရဖို့ လုပ်ပေးတဲ့ နည်း ၄ မျိုး ရှိပါတယ်။

Crack ကို အသုံးပြုခြင်း
Patch ကို အသုံးပြုခြင်း
Serial ကို အသုံးပြုခြင်း
Keygen ကို အသုံးပြုခြင်း တို့ ဖြစ်ပါတယ်။

Crack အကြောင်း
++++++++
Key နဲ့ ထည့်သုံးနေသော်လည်း internet ချိတ်လိုက်တာနှင့် ထို program ရေးတဲ့သူက သုံးစွဲသူရဲ့ key တရားဝင် ဟုတ်မဟုတ် online ကနေ လှမ်းစစ်ပါတယ်။ ဒီလို တရားဝင်မဝင် စစ်ဆေးတဲ့ အပိုင်းကို hacker က အရင် ဖျက်ပစ်ထားပြီး ပြန်လည် ပြုပြင်ထားတဲ့ file ကို ပြောတာပါ။ Crack file တွေက size ကြီးပါတယ်။ သူ့ရဲ့ အားနည်းချက်က အဲ့ဒီ program က update ပေးလို့ လုပ်လိုက်မယ်ဆိုရင် crack file အသုံးပြုထားတဲ့ ဒီ program ဟာ နဂို မူလ တရားဝင်မဝင် စစ်ဆေးတဲ့အပိုင်းကို မဖျက်ခင် အခြေအနေရောက်သွားပြီး key တောင်းပါလိမ့်မယ်။ ဒီလိုဆို ဒီ program က free သုံးလို့မရတော့ပါဘူး။

Patch အကြောင်း
++++++++
Patch က crack တစ်မျိုးပါပဲ။ ဒါပေမယ့် file size သေးပါတယ်။ File မှာ ဒီ patch ကို ဘယ်သူလုပ်တယ် ဘာတွေပါတယ်ဆိုတဲ့ information တွေ ပါလေ့ရှိပါတယ်။ patch က installed လုပ်ထားတဲ့ program ကို အချက်အလက်တွေ ထပ် ဖြည့်ပြီး crack file ရအောင် လုပ်ပေးတဲ့ program အသေးစား တစ်ခုပါ။ သူ့အားနည်းချက်က crack နည်းလိုမျိုးပဲ program update လုပ်လိုက်ရင် အရင်အနေအထား ပြန်ရောက်သွားပြီး key မထည့်ပေးရင် ပြန်သုံးလို့မရတော့ပါဘူး။

Serial အကြောင်း
+++++++++
လူ တော်တော်များများက ဒီ serial ကို ဘာလဲ ဘယ်အတွက်ကြောင့် သုံးရလဲဆိုတာ သိပ်မသိကြပါဘူး။ serial ဆိုတာ ဒီ program ကို အမှန်တကယ် ဝယ်ထားသည်ကို မှတ်ပုံတင်ခဲ့ကြောင်း အထောက်အထားပြတဲ့ key ပါဝင်တဲ့ text file ဖြစ်ပါတယ်။ hacker တွေက ဒီ program ကို သူတို့ကို နာမည်တွေ website တွေ လိပ်စာတွေနဲ့ မှတ်ပုံတင် ဝယ်ပြီး ရလာတဲ့ key ကို လူအများ free သုံးရအောင် ဝေမျှ share ပေးလေ့ရှိပါတယ်။ တစ်ခါတစ်လေ serial တွေမှာ ဝယ်တဲ့လူ နာမည် company နာမည် email နာမည် တွေ ပါတာကို မြင်ရမှာပါ။ အဓိက အားနည်းချက်ကတော့ serial number ကို blacklisting ထဲ အသွင်းခံလိုက်ရပြီးဆိုရင်တော့ ဒီ serial နဲ့ ဝယ်ထားတဲ့ program ကို သုံးလို့ရတော့မှာ မဟုတ်ပါဘူး။

Keygen အကြောင်း
+++++++++
Key generator ကို အတိုကောက် keygen လို့ ခေါ်ထားတာပါ။ ဒီ keygen တွေကတော့ ၄ နည်းထဲမှာ အကောင်းဆုံးပါ။ serial ကတော့ key တစ်ခုတည်း ရနိုင်ပေမယ့် keygen ကတော့ အများကြီး ရနိုင်ပါတယ်။ သူက program activate ဖြစ်ဖို့ register လုပ်ရာမှာ လိုအပ်တဲ့ key နှင့် information တွေကို ထို program ရဲ့ file ကို ပြုပြင်ပြောင်းလဲပေးတာမျိုး မရှိပဲ တိတိကျကျ ထုတ်ပေးနိုင်ပါတယ်။ key တစ်ခုမရလျှင် နောက်တစ်ခု စသဖြင့် keygen ကို တစ်မျိုးပြီးတစ်မျိုး ထုတ်ခိုင်းပြီး activate လုပ်လို့ရပါတယ်။ ထွက်လာတဲ့ key တွေဟာ တစ်ခုနဲ့ တစ်ခုမတူတတ်ပါ။

အထက်ပါ ၄ နည်းထဲမှာ risk အန္တရာယ် အများဆုံးက Crack နည်းပါ။ ဒုတိယ Patch တတိယ Keygen စတုတ္တ serial လိုက်ပါတယ်။

Crack / Patch / Serial / Keygen တွေကို ဘယ်လို သုံးမလဲ?

Crack ကို အသုံးပြုပုံ
++++++++++
အရင်ဦးဆုံး program ကို install လုပ်ရပါမယ်။ install လုပ်တဲ့အခါ trial version ဖြစ်ရပါမယ်။ သွင်းပြီးတဲ့အခါ crack လို့ ရေးထားတဲ့ folder ထဲက file ကို copy လုပ်ပြီး installed သွင်းလိုက်တဲ့ program ရဲ့ လမ်းကြောင်း (directory) ကို ရှာပြီး program တည်ရှိတဲ့နေရာမှာ paste လုပ်ရပါမယ်။ ဒီလို လုပ်နေစဉ်အတောအတွင်း program ကို ဖွင့်ထားလို့ မရပါ။ အကယ်၍ ကိုယ်သွင်းလိုက်တဲ့ program ရဲ့ icon က desktop ပေါ် ရောက်နေလျှင် ထို icon ကို right click -> properties ထဲက Open File Location ကို နှိပ်လိုက်ပါက installed လုပ်ခဲ့တဲ့ ထို program ရဲ့ နေရာကို တွေ့ရပါလိမ့်မယ်။ ဒါမှမဟုတ်လျှင် start menu ထဲက All programs မှာ ကြည့်လျှင် လောလောလတ်လတ် သွင်းထားတဲ့ program ကို လိမ္မော်ရောင်နဲ့ ပြထားသည်ကို တွေ့ရပါလိမ့်မယ်။ ထို လိမ္မော်ရောင်နဲ့ ပြထားသည့် program နာမည်ပေါ် right click -> properties -> Open File Location ကနေတစ်ဆင့် ဝင်လျှင် ထို program ရဲ့ နေရာကို ရောက်ပါပြီ။ crack file ကို paste လုပ်တဲ့အခါ "This file already exists, do you want to continue and overwrite it?" လို့ မေးပါလိမ့်မယ်။ ထိုအခါ YES နှိပ်လိုက်ပါ။ ထိုအခါ crack နည်း အသုံးပြုခြင်း ပြီးဆုံးပါပြီ။ Crack နည်းစနစ်က program ရဲ့ trial version ကို ဖယ်ပြီး full version ဖြစ်အောင် လုပ်ပေးပါတယ်။ ထို နည်းစနစ်က program version တစ်မျိုးအတွက်သာ ကောင်းပါတယ်။

Patch ကို အသုံးပြုပုံ
++++++++++
Patch က crack လိုမျိုး installed program ရဲ့ တည်နေရာမှာ (paste) နေရာချပေးရပါမယ်။ ထူးခြားတာ တစ်ခုက ဒီလို paste လုပ်တဲ့အခါ "This file already exists, do you want to continue and overwrite it?" လို့ မမေးပါ။ ဒါပေမယ့် paste လုပ်ရုံနဲ့ မပြီးသေးပါဘူး။ paste လုပ်ပြီးလျှင် ထို patch file ကို double click လုပ်ပေးရပါသေးတယ်။ ထိုအခါ patch ဒါမှမဟုတ် crack စာသားပါတဲ့ windows ငယ်တစ်ခု တက်လာပါလိမ့်မယ်။ patch ဒါမှမဟုတ် crack အဓိပ္ပာယ်ရတဲ့ စာသားကို နှိပ်လိုက်လျှင် patch လုပ်သွားပါလိမ့်မယ်။ လုပ်ပြီးသွားရင်တော့ ပြီးပါပြီ။

Serial ကို အသုံးပြုပုံ
++++++++++
Serial ဆိုတာ key လိုမျိုး ပါတဲ့ text file ဖြစ်ပါတယ်။ install လုပ်တဲ့အခါ program က key တောင်းပါလိမ့်မယ်။ အဲ့ဒီအခါ serial ထဲက key ကို ထည့်ပေးလိုက်ရုံပါပဲ။ အကယ်၍ program က install လုပ်ပြီးတာတောင်မှ key မတောင်းသေးဘူးဆိုရင် program ထဲ ဝင် Help ထဲက About ကို နှိပ်လိုက်ပါ။ ထိုအခါ Registration ဒါမှမဟုတ် Activate ဒါမှမဟုတ် Unlock ဆိုတဲ့ စာသားတွေနဲ့ windows ငယ်တစ်ခု တက်လာပါလိမ့်မယ်။ ထိုအခါ serial ထဲက key နဲ့ information တွေကို ဖြည့်သွင်းပြီး OK သို့မဟုတ် activate လုပ်လိုက်တာနဲ့ serial ထည့်ခြင်း ပြီးဆုံးပါပြီ။

Keygen ကို အသုံးပြုပုံ
+++++++++++
Keygen က application တစ်မျိုးပါ။ သူ့ကို double click နှိပ်ပြီး run လိုက်တာနဲ့ windows ငယ်လေး တစ်ခု တက်လာပါလိမ့်မယ်။ Generate ဆိုတဲ့ စာသားကို နှိပ်လိုက်တာနဲ့ ဒီ program နဲ့ ပတ်သက်တဲ့ key နဲ့ information တွေ ပြပါလိမ့်မယ်။ နောက်တစ်ချက် ထပ်နှိပ်လိုက်လျှင် key နဲ့ information အသစ်ထပ်ထွက်လာပါတယ်။ ဒီထဲက ကိုယ်လိုချင်တဲ့ key နဲ့ information ကိုယူ ပြီးလျှင် program activation ထဲ ထည့်ပြီး activate လုပ်လိုက်တာနဲ့ Keygen အသုံးပြုခြင်း ပြီးဆုံးသွားပါပြီ။

Cracks တွေ patch တွေ serial တွေ keygen တွေ အတု အလိမ်တွေ မမိအောင် ဘယ်လိုရှောင်ရှားရမလဲ?

> ပွင့်ပွင့်လင်းလင်းပြသထားတဲ့ torrent sites တွေ private torrent site တွေကနေ မယူပါနှင့်။ အဖွဲ့အစည်းနှင့်ရှိပြီး download ဆွဲဖို့ ကန့်သတ်ထားတဲ့ .. စည်းမျဉ်းစည်းကမ်းများနဲ့ ထိန်းချုပ်ထားတဲ့ နေရာတွေကနေ ယူပါ။
> လူအများ အားပေးမှု အများဆုံးရရှိထားတဲ့ အုပ်စုတွေကနေ ယူပါ။
> Download မလုပ်ခင် သက်ဆိုင်တဲ့ comment တွေကို သေသေချာချာဖတ်ပြီးမှ ယူပါ။
> အကယ်၍ မရှိပါက ခဏတာ စောင့်စားလိုက်ပါ။ အချိန်ကြာလာတဲ့အခါ အကောင်းဆုံးတွေ ထွက်လာပါလိမ့်မယ်။ အဲဒီအချိန်ကျမှ ယူပါ။

ဒါဆို virus တွေ maleware တွေကင်းရှင်းတဲ့ cracks, patches, serials or keygens တွေ ရလာနိုင်မှာဖြစ်ပါတယ်။

ဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

CreditOriginal Author
အားလုံးကို ချစ်ခင်လေးစားစွာဖြင့်🙏🙏
(နည်းပညာဒါန)

26/04/2022

Computer Hardware များ ပျက်စီးရခြင်း၏ အကြောင်း၊အချက်များ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
( ၁)User Error (အသုံးပြုသူများကစက်ကိုစနစ်တကျအဖွင့်အပိတ်မပြုလုပ်ခြင်း၊လှုပ်ရှားမူ၊များ၊ တိခိုက်လွတ်ကျမူများဖြစ်စေခြင်း။)
(၂)Manufactur Fault(စက်ရုံမှ Qualityနှင့်အရည်အသွေးတို့ကြောင့်ဖြစ်ခြင်း)
(၃)Environmental Condition(Dust-ဖုန်မှုန့်များ)(Temperature-အပူချိန်)(Moisture-စိုထိုင်းခြင်း)(EMU-Electro Magnetic Interferance-
လျှစ်စစ်သံလိုက်ဆိုင်ရာအနှောက်အရှက်များ)(RFI-Radio Frequency Interference_ရေဒီယိုလှိုင်းများကြောင့်ဖြစ်ခြင်း။)
Electrical Power Problem ။ ဥပမာ--
(၁)Noise(မလိုလားအပ်သော Signal များ)
(၂)Spike(မီးအားရုတ်တရက်မြင့်တက်မူ)
(၃)Surge(မီးမားမြင့်တက်သွားခြင်း)
(၄)Brown out(လျှစ်စစ်ဓာက်အားလျော့နည်းကျဆင်းခြင်း)
(၅)Black Out(လျှစ်စစ်ဓာက်အားရုတ်တရက်ပျတ်တောက်ခြင်း)
(၆)Unstable Frequency(ကြိမ်နှန်းမမှန်ခြင်း)
(၇)Unstable Power(လျှစ်စစ်ဗို့အားမတည်ငြိမ်ခြင်း)
Protecting Electrical Power Problem
(လျှစ်စစ်ဓါတ်အားဆိုင်ရာပြသာနာများကိုကာကွယ်ခြင်း)
Noise ၊Spike၊Surge ဖြစ်ခြင်းတို့မှကာကွယ်ရန်Noise Filterများ၊Spike Killer များနှင့်Surge Protector များကိုမိမိအသုံးအသုံ့းပြုမည့်စက်၏
ပါဝါအဝင်များတွင်တဆင့်ခံပြီးအသုံးပြုနိုင်ပါသည်။Brown outနှင့်Black Out ဖြစ်ခြင်းတို့မှကာကွယ်ရန်အတွက် UPS(Uninterruptible Power
Supply )ကိုတဆင့်ခံပြီးအသုံးပြုပါ။အခုအခါ UPS များသည် Electrical Power Problem ကိုကာကွယ်နိုင်သည်။ထို့ကြောင့်လျှစ်စစ်ဆိုင်ရာ၏
ပြသာနာများကြောင့် Computer တစ်ခုလုံးမပျတ်စီးရလေအောင် UPS များကြားခံအသုံးပြုသင့်ပါသည်။

26/04/2022

What is OTG ?
OTG ဆိုတာ လာလဲ?

-OTG ဆိုတာ On-The-Go ရဲ့ အတိုကောက်ဖြစ်ပြီး OTG (ဒါမှမဟုတ်) USB OTG ဆိုပြီး ခေါ်ကြပါတယ်။
-ဖုန်းတစ်လုံးကနေ အခြားမိုလ်ဘိုင်း Devices တွေကို ချိတ်ဆက်နိုင်ဖို့အတွက် ဆက်သွယ်ရေး ပရိုတိုကောတွေ အသုံးပြုထားတဲ့ နည်းပညာတစ်ခု လို့ဆိုနိုင်တယ်။
-OTG နည်းပညာကို (၂၀၀၁) နှောင်းပိုင်းမှာ စတင်အသုံးပြုခဲ့ပြီး USB Device တွေကို အခြား USB/Mobile Device တွေ ( ဖုန်း၊ ကင်မရာ၊ Mouse၊ Keyboard၊Game Controller ၊ Printer ၊ SD Card Memory Stick၊ External Hard disk စတာတွေ ) နဲ့ အလွယ်တကူ ချိတ်ဆက်အသုံးပြုနိုင်ဖို့ တီထွင်ဖန်တီးခဲ့တာဖြစ်ပါတယ်။

-ပထမဦးစွာ ဖုန်းနဲ့ချိတ်ဆက်အသုံးပြုဖို့အတွက် လက်ရှိသုံးနေတဲ့ဖုန်းက USB OTG ကို Support ရှိဖို့လိုပါတယ်။
-အခြား Devices တွေကို သင့်ရဲ့ စိတ်ကူးနဲ့ ချိတ်ဆက် အသုံးပြုချင်တဲ့ ပုံစံအပေါ် မူတည်ပြီး OTG Adapter တွေလည်း အောက်ဖော်ပြပါအတိုင်း ပုံစံမျိုးစုံရှိပါတယ်-
1.OTG Stick
2.OTG Cable
3.OTG Y Cable
4.OTG HUB
5.OTG Card Reader
6.OTG Memory Stick စသည်အားဖြင့် ကိုယ် အသုံးပြုချင်တဲ့ ပုံစံအပေါ်မူတည်ပြီး ကွဲပြားပါတယ်။

1.OTG Stick ခေါင်း တစ်ခုနဲ့ တစ်ခုကြားမှာ ဘာ Cable မှမပါပဲ ခေါင်းပြောင်းပုံစံ ( Micro USB USB Female)

2.OTG Cable ခေါင်းတစ်ခုနဲ့ တစ်ခုကြားမှာ Cable နဲ့ ဆက်ထားတဲ့ ပုံစံ ( Micro USB USB Female)
-သူရဲ့ အသုံးဝင်မူတွေကတော့ အခြား Memory Stick သို့ External Hard disk တို့နဲ့ ချိတ်ဆက်ပြီး Data တွေကို Speed ကောင်းကောင်းနဲ့ အပြန်အလှန် Copy ကူးလို့ရမယ်။ Zapya နဲ့ ကူးတာထက်တော့ သေခြာပေါက်မြန်ဆန်ပါတယ် ။ File Size ကြီးတဲ့ Data တွေ Video File တွေကူးတဲ့ အခါ Zapya နဲ့ကူးရင် တော်တော်လေးလံပါတယ်။
-Hard disk နဲ့ ချိတ်မယ်ဆိုရင်တော့ သင့်ဖုန်းက စွမ်းဆောင်ရည်မြင့် ဖုန်းအမျိုးအစားထဲက ဖြစ်ဖို့ လိုသလို မတူကွဲပြားတဲ့ Storage File Systemတွေကို ဖတ်နိုင်ဖို့လိုပါတယ်။ အဲ့လို မဖတ်နိုင်ရင် ဖုန်းမှာ Third Party Software လိုအပ်မှာဖြစ်ပြီး အဆင်မပြေသေးဘူးဆိုရင်တော့ Hard disk Storage System ကို ပြောင်းပေးဖို့လိုပါတယ်။ ( Eg- NTFS,FAT32... )စွမ်းဆောင်ရည်နိမ့်တဲ့ အချို့ဖုန်းတွေက Data Storage အများကြီးကို လက်မခံနိုင်ပါဘူး။ 500GB (ဒါမှမဟုတ်) 1TB Hard disk တွေနဲ့ ချိတ်ဆက်အသုံးပြုမိရင်တော့ မနိုင်တဲ့ဖုန်းတွေဆိုရင် ဟမ်းသွားနိုင်တဲ့အပြင် Power ပါသေ သွားနိုင်ပါတယ်။ ဒါကြောင့် အများဆုံး 64GB (ဒါမှမဟုတ်) 128GB Stick တွေလောက်နဲ့ ပဲ ချိတ်ဆက်အသုံးပြု သင့်ပါတယ်။
-Phone to Phone Charging လို့ခေါ်တဲ့ ဖုန်းတစ်လုံးကနေ အခြားတစ်လုံးကို Battery အား လွှဲပြောင်းပေးတာမျိုး လုပ်ဆောင်နိုင်ပါတယ်။
-Mouse, Keyboard ,Game Controller အစရှိတဲ့ အခြားသော USB Device တွေနဲ့လည်း ချိတ်ဆက်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ များသော်အားဖြင့် အဲ့လို Input Device တွေက USB Memory Stick လို Plug n Play မဖြစ်ပါဘူး သူနဲ့ ကိုက်ညီတဲ့ Third Party Keyboard Software သွင်းထားဖို့လိုပါတယ်။ ဥပမာ - ဖုန်းကို USB ဂိမ်းခလုပ်နဲ့ P2 Game တွေ ဆော့ချင်ရင်တော့ ဂိမ်းခလုတ်ကို ဖုန်းကသိဖို့အတွက် USB/Bt Joystick (Keyboard Software) နဲ့ PPSSPP လို Emulator တွေ နဲ့ Key/Button တွေ သိအောင်လုပ်ရပါတယ်။ ဒါဆိုရင် စျေးကြီးတဲ့ Bluetooth Game Controller တွေမလိုပဲ Joystick (Game Controller) တွေနဲ့ P1,P2 ဂိမ်းတွေ ဆော့လိုရပြီပေါ့ ။ PES လို Game အကြီးတွေ ဆော့ချင်ရင်တော့ သင့်ဖုန်းက Ram မြင့်ပြီး Graphic ကောင်းဖို့လည်းလို ပါတယ်။

3.OTG Y Cable - OTG Stick နဲ့ တွဲသုံး ရတဲ့ Y Cable ပုံစံရှိပြီး
တွဲသုံးစရာမလိုတဲ့ OTG Y Cable လည်း ရှိပါတယ်။
အချို့ OTG Adaptor Hub တွေ့မှာတော့ Y Cable ပုံစံပါ တစ်ပါတည်း ပြုလုပ်ထားပါတယ်။ အချို့ Hard disk တွေက သင့်ဖုန်းရဲ့ Battery Power ကိုအများကြီး ယူလိုက်တဲ့အတွက် Hard disk ကိုသီးသန့် Power ပေးနိုင်တဲ့ USB Y Cable လို အမျိုးအစားနဲ့တွဲသုံးမှ အဆငျပွနေိုငျပါလျိမျ့မယျ။

4.OTG HUB
- တစ်ဖက်က ဖုန်းနဲ့ ချိတ်တဲ့ Micro USB ခေါင်း ဖြစ်ပြီး နောက်တစ်ဖက်က USB ခေါင်းတစ်ခုထက်ပိုပြီး 2in1,3in1.. ပုံစံတွေကိုလည်း တွေ့မြင်နိုင်ပါတယ်။ အချို့ HUB တွေကတော့ OTG Y Cable ရဲ့ Function တွေပါ ပေါင်းစပ်ထားတာဖြစ်ပါတယ်။

5.OTG Card Reader
- Sd Card တွေ စိုက်ပြီး ဖုန်းနဲ့ကွန်ပြုတာမှာ Plug n Play တိုက်ရိုက် သုံးစွဲလို့ရတဲ့ ပုံစံ နှင့် SD Card တွေ Memory Stick တွေ စိုက်ပြီး ဖုန်းမှာပဲ အသုံးပြုလို့ ရတဲ့ OTG Smart Reader ပုံစံလည်း ရှိပါတယ်။

6.OTG Memory Stick
- Memory Stick ကို ကွန်ပြုတာနဲ့ အသုံးပြုနိုင်သလို ဖုန်းနဲ့လည်း အသုံးပြုလို့ရအောင် ပြုလုပ်ထားတဲ့ ပုံစံပါ။ သိမ်းဆည်းနိုင်တဲ့ ပမာဏ များရင်များသလို စျေးပိုပေးရပါတယ်။ တစ်ဖက်ကဖုန်းနဲ့ သုံးဖို့ Micro USB Male ခေါင်းနဲ့ဖြစ်ပြီးနောက် တစ်ဖက်က ကွန်ပြုတာနဲ့ သုံးဖို့ USB Male ခေါင်းနဲ့ ဖြစ်ပါတယ်။ OTG Adapter ကြားခံ မလိုဘဲ ဖုန်းနဲ့ တိုက်ရိုက်ချိတ်ဆက်နိုင်ပါတယ်။
ကိုယ့်ဖုန်းကို Backup လုပ်ချင်တာတွေ အရေးကြီး Data တွေကို ဖုန်းထဲမှာမထားချင်တာတွေ အတွက်အဆင်ပြေပါတယ်။

OTG Adapter တွေကို
Android အတွက် စျေးပေါပေါနဲ့ ရရှိနိုင်ပြီး iOS အတွက်ကတော့ စျေးကြီးပါတယ်။ ဖုန်းဆိုင်တွေမှာ အလွယ်တကူဝယ်လို့ရနိုင်ပါတယ်။

Phone/Tablet တွေကို Keyboard/Mouse နဲ့ တွဲပြီး စာစီစာရိုက်လုပ်မှာလား? ချက်တင်တက်မှာလာ?
Printer နဲ့ ပရင့်ထုတ်မှာလား?
Joystick နဲ့ တွဲပြီး ဂိမ်းဆော့မှာလား?
ဖုန်းအချင်းချင်း အားသွင်းမှာလား?
External Storage Devices(Sd Card ,Memory Stick ,Hard disk) တွေနဲ့ ချိတ်ဆက်အသုံးပြုမှာလား?
ကြိုက် သလို အသုံးပြုနိုင်ပါလိမ့်မယ်။

26/04/2022

What is Windows ?
Window ဆိုတာ ဘာလဲ?

ကျွန်တော်တို့သိပြီးသား ဝင်းဒိုး(Window)ဆိုတာ ပြူတင်းပေါက်ပါ။ အိုင်တီနယ်ပယ်မှာ Window ဆိုတာကွန်ပျုတာ
ပေါ်မှာ မြင်နေရတဲ့ လေးထောင့်ပုံရှိတဲ့ နေရာအစိတ်အပိုင်း တစ်ခု ဖြစ်ပါတယ်.. သူ့ထဲမှာ ကွန်ပျုတာမှာရှိတဲ့ စနစ်တွေက
ဖော်ပြ ပေးနေတဲ့ လုပ်ငန်းစဉ်တွေကို အသုံးပြုသူတွေ မြင်ရအောင် ဖော်ပြထားလေ့ ရှိပါတယ် ...
သူ့အထဲကို ထည့်သွင်း လာမယ့် အချက်အလက် တွေကို လက်ခံနိုင်သလို အချက်အလက် တွေကိုလည်း ပြန်လည် ဖော်ပြ
ပေးပါတယ်... လေးထောင့်ပုံရှိတဲ့ Window တွေကို ကိုင်တွယ် အသုံးပြုပြီး ကွန်ပျုတာ ကို မောင်းနှင် လည်ပတ် ပေးတဲ့
စနစ်တွေအားလုံးကို ခြုံပြီး "ဝင်းဒိုးများဖြင့် အလုပ်လုပ်သော စနစ် (Windowing System)" ရယ်လို့ ခေါ်တာ ဖြစ်ပါတယ်...
ကွန်ပျုတာ အသုံး ပြုသူ တစ်ဦးအနေနဲ့ Window တွေကို ကိုင်တွယ် ထိန်းချုပ်နိုင်ဖို့ အတွက် ကြားက ဆက်သွယ်
ပေးနေတဲ့ အဓိက အရာ ကတော့ မောက်စ် (Mouse) ဖြစ်ပါတယ် ...

More Details:
နောက်တစ်ခုကတော့ Window လို့ပြောလိုက်တာနဲ့ မိုက္ကရိုဆော့ဖ်က ထုတ်တဲ့ Windows OS လို့ပဲ အသိများကြပါတယ်.. တကယ်တော့ ဒီလိုစိတ်ကူးကို စတင် အကောင်အထည် ဖော်ခဲ့သူတွေကတော့ စတန်းဖို့ သုတေသနသိပ္ပံ (SRI
International) က Douglas Engelbart ဦးဆောင်တဲ့ ပညာရှင်အဖွဲ့ ဖြစ်ပါတယ်.. သူတို့ရဲ့ စနစ်မှာ တစ်ခုနဲ့ တစ်ခု
ထပ်မနေတဲ့ အုတ်စီသလို စီထား (Tile) တဲ့ ဝင်းဒိုးတွေကို အသုံးပြု ခဲ့ပါတယ်.. အဲဒီစနစ်ကို ဆက်လက်ပြီး တိုးချဲ့ တီထွင်ခဲ့
သူတွေကတော့ PARC (Xerox ကော်ပိုရေးရှင်းရဲ့ Palo Alto သုတေသန ဌာန) မှ Alan Kay ဦးဆောင်တဲ့
အဖွဲ့ဖြစ်ပါတယ်.. ဒီအဖွဲ့ကတော့ တစ်ခုနဲ့ တစ်ခုထပ်နေတဲ့ ဝင်းဒိုးစနစ်ကို အသုံးပြုခဲ့ပြီး၊ ဒီလို ထပ်နေတဲ့စနစ်ဟာ
နောက်ပိုင်းမှာ ပိုမို တွင်ကျယ်စွာ အသုံးများလာတဲ့ စနစ်လည်း ဖြစ်ပါတယ်..

Advanced & Reference:
*.Windows တွေကို ကွန်ပျုတာရဲ့ Desktop ပေါ်မှာမြင်တွေ့ရတဲ့ အခါ အပြင်မှာ မြင်တွေ့ နေကြရတဲ့ စာရွက်တွေ၊ စာအုပ်
တွေလို အလျားနှစ်ဘက်ရှိတဲ့အရာ များအတိုင်း မြင်တွေ့ကြရတာ ဖြစ်ပါတယ်... ကျွန်တော်တို့ရဲ့ အလုပ်စားပွဲပေါ်က
စာအုပ် တွေကို မြင်နေရ သလိုပဲ ဖြစ်ပါတယ်...
*.ဝင်းဒိုးကို တိုက်ရိုက် အဓိပ်ပါယျ ပြန်လိုက်တဲ့ အခါ "ပြူတင်းပေါက်" ပါ...
*.ကျွန်တော်တို့ရင်းနှီးနေပြီးသား ဒီပြူတင်းပေါက် အကြောင်းကို အခုထက်ပိုပြီး ထဲထဲ ဝင်ဝင် လေ့လာ ကြည့်လိုက်မယ်
ဆိုရင်-
၁) အများစုသည် လေးထောင့်ပုံ ရှိသည်။
၂) လိုအပ်သလို ဖွင့်/ပိတ်ပြုလုပ်နိုင်သည်။
၃) ဖွင့်ထားသော အချိန်တွင် တပ်ဆင်ထားသော နေရာ၏ အခြားတစ်ဖက်တွင်ရှိနေသော အဖြစ်အပျက်များ၊
လှုပ်ရှားမှုများ၊ မြင်ကွင်းများ၊ တနည်းအားဖြင့် သတင်း အချက် အလက်များကို ကျန်အခြား တစ်ဖက်ရှိ ကြည့်ရှုနေသူများ
မြင်ရစေသည်။
၄) အလုံပိတ်ထားသော (ပြူတင်းပေါက် မရှိသော) အခန်းထဲတွင် အထက် ဖော်ပြပါ အကျိုးကျေးဇူး မရရှိနိုင်။
*.ကွန်ပျုတာထဲက ဝင်းဒိုးတွေဟာလည်း အပြင်က ပြူတင်းပေါက်တွေနဲ့အထက်မှာ ဖော်ပြထားတဲ့အချက်လက်တွေ အားလုံး
အတူတူပါပဲ။
*.ဆောဖ့်ဝဲ ဖြစ်နေတဲ့ အတွက်ထပ်တိုးလာတဲ့ အချက်တွေ ကတော့-
၅) သက်ဆိုင်ရာ ဆော့ဖ်ဝဲများ၊ အင်တာနက်နေရာများကို ကိုယ်စားပြုထားသော ဝင်းဒိုးများ အလိုက် သတင်း အချက်အလက်များကို တစ်ခုချင်းစီတွင် သီးခြား ဖော်ပြ ပေးနိုင်ခြင်း
၆) အရွယ်အစား အကြီးအသေး စိတ်ကြိုက် ပြောင်းနိုင်ခြင်း (Size)
၇) နေရာ ရွှေ့ပြောင်းနိုင်ခြင်း (Move)
ဂ) ကွယ်ဖျောက်ထားနိုင်ခြင်း (Hidden)
၉) အကြီးဆုံးအရွယ်အစား ၊ အသးဆုံးအရွယ်အစား ၊ မူလအရွယ်အစား များသို့ စိတ်ကြိုက် ပြင်ဆင် ပြောင်းလဲ
ထားရှိနိုင်ခြင်း။
၁၀) တစ်ခုနှင့်တစ်ခု ထပ်လျက် ရှိနေသည့် အခါတွင် အပေါ်ဘက်အကျဆုံး ဝင်းဒိုးတွင်သာ သတင်း အချက်အလက်များ
အားလုံးကို တွေ့မြင်ရခြင်း
၁၁) သက်ဆိုင်ရာ ဝင်းဒိုးများဖြင့် အလုပ်လုပ်သောစနစ် (Windowing System) အလိုက် ထည့်သွင်း ထားသော
အခြားအချက်အလက်များ
*.ကွန်ပျုတာတွေရဲ့ မောင်းနှင်စနစ် (OS) အမျိုးအစားတွေဟာ Mac OS X, Windows, Linux စသည်ဖြင့် အမျိုးမျိုး
ခြားနားနေတာနဲ့ အမျှ သုံးထားတဲ့ ဝင်းဒိုးစနစ်တွေဟာ အမြင်ပိုင်းဆိုင်ရာမှာ အနည်းငယ်စီ ခြားနား ကွဲပြားသွားကြမှာ
ဖြစ်ပေမယ့် အထက်မှာ ဖော်ပြထားခဲ့တဲ့ အခြေခံ အချက်အလက် များကတော့ အတူတူ ဖြစ်နေမှာပါပဲ

*.ဝင်းဒိုးအုပ်စုထဲမှာ ပါရှိတဲ့ အခြားအရာတွေကတော့ ...
၁) Application windows - ဆော့ဖ်ဝဲများနှင့် သက်ဆိုင်သော အချက်အလက်များကို ဖော်ပြ ပေးသည်။
၂) Document windows - အလုပ်လုပ်နေ၊ အသုံးပြုနေသည့် စာရွက်စာတမ်း (Document) များနှင့် သက်ဆိုင်သော
အချက်အလက်များကို ဖော်ပြသည်။
၃) Palette windows - ပွင့်လာသောအခါ အခြားသော ဆော့ဖ်ဝဲများ၏ အပေါ်တွင် နေရာအမြဲယူလေ့ရှိပြီး (Float)
သက်ဆိုင်ရာ ဆော့ဖ်ဝဲ အတွက် အချက်အလက်များကို လက်ခံဖြည့်သွင်းပေးခြင်း၊ အထောက်အကူ ကိရိယာ (Tools) များ
ဖြည့်ဆည်း ပေးခြင်းတို့ကို ဆောင်ရွက်ပေးသည်။
၄) Dialog boxes - အသုံးပြုနေသူအတွက် လိုအပ်သော အချက်အလက်များ ဖော်ပြပေးခြင်းနှင့် အချက် အလက်များ
တောင်းခံခြင်းများ လုပ်ဆောင် ပေးသည်။
၅) Inspectors - အရာတစ်ခုခု အတွက် သီးခြား ဖန်တီးထားသော Properties ဝင်းဒိုးကဲ့သို့သော ဝင်းဒိုးများ။
၆) Dashboard windows - အထူးကိစ္စများ အတွက် သီးသန့် ဖန်တီးအသုံးပြုထားသော ဝင်းဒိုးများ။ . .

intel CPU (i3/i5/i7) မော်ဒယ်တစ်ခုနဲ့တစ်ခု ဘာကွာသလဲ---------------------------------အက်ဒမင်တို့ ကွန်ပျူတာတစ်လုံးဝယ်တော့မယ...
26/04/2022

intel CPU (i3/i5/i7) မော်ဒယ်တစ်ခုနဲ့တစ်ခု ဘာကွာသလဲ
---------------------------------
အက်ဒမင်တို့ ကွန်ပျူတာတစ်လုံးဝယ်တော့မယ်ဆိုရင် မဖြစ်မနေ ရွေးချယ်ရမယ့် အစိတ်အပိုင်းတစ်ခုက CPU (Central Processing Unit) ဖြစ်ပါတယ်။ ကွန်ပျူတာစနစ်တစ်ခုရဲ့ တွက်ချက်မှုတွေကို ပြုလုပ်ပေးတဲ့ အစိတ်အပိုင်းဖြစ်လို့အရေးပါပါတယ်။ ကွန်ပျူတာရဲ့ စွမ်းဆောင်ရည် မြန်ခြင်းနှေးခြင်းကို လွန်စွာသက်ရောက်မှုရှိပါတယ်။

1Personal Computer (PC) တွေမှာ အဓိကအသုံးပြုတဲ့ CPU အမှတ်တံဆိပ်နှစ်ခုရှိပါတယ်။ တစ်ခုက Intel ဖြစ်ပြီး နောက်တစ်ခုက AMD ဖြစ်ပါတယ်။ AMD ရဲ့ CPU တွေကို မြန်မာနိုင်ငံမှာ အသုံးအလွန်နည်းပါတယ်။ ယေဘုယျအားဖြင့် Intel CPU တွေက စွမ်းဆောင်ရည်ပိုကောင်းတယ်လို့ဆိုနိုင်ပါတယ်။ ဒါပေမယ့် Intel ဆိုတိုင်း ပိုကောင်းတယ်၊ AMD ဆိုတိုင်း ညံံ့တယ်ဆိုရင် လုံးဝမှားပါတယ်။ မော်ဒယ်အလိုက်၊ စျေးနှုန်းအလိုက်အားသာချက်၊ အားနည်းချက်တွေရှိပါတယ်။

2 Intel က သူရဲ့ CPU တွေကို အသုံးပြုသူတွေ နားလည်လွယ်အောင် စီးရီးတွေ ခွဲခြားထုတ်လုပ်ပါတယ်။

စွမ်းဆောင်ရည်အနိမ့်ဆုံးစီးရီးကို အက်တမ် (Atom) စီးရီးနဲ့ ဆယ်လီရွန် (Celeron) စီးရီး

ဒုတိယအနေနဲ့ ပင်တီယမ် (Pentium) စီးရီး၊

Core i3/ Core i5/ Core i7 စသည်ဖြင့် စွမ်းဆောင်ရည်အဆင့်ဆင့် သတ်မှတ်ရောင်းချပါတယ်။

Desktop CPU တွေမှာ Core i9 ကို ၂၀၁၈ ခုနှစ်မှာစတင်ထုတ်လုပ်ပါတယ်။

အလွန်ပါးလွှာတဲ့ လက်တော့ (Ultra-book) နဲ့ တက်ဘလက်တွေအတွက် ပါဝါစားသက်သာတဲ့ Core m စီးရီးလည်းရှိပါသေးတယ်။ စွမ်းဆောင်ရည်က အကြမ်းအားဖြင့်တော့ Core i3 စီးရီး ဝန်းကျင်ရှိပါတယ်။ ဘက်ထရီစားသက်သာဖို့နဲ့အပူစွန့်ထုတ်မှုနည်းအောင်အဓိကထားပါတယ်။

(Pentium စီးရီးဟုဆိုရာတွင် ယခင် Pentium III/ Pentium IV/ Pentimum D ကဲ့သို့ မော်ဒယ်ဟောင်းများကို ဆိုလိုခြင်းမဟုတ်ပါ။ ၂၀၀၆ ခုနှစ်မှ စတင်ထုတ်လုပ်တဲ့ Pentium များကိုဆိုလိုပါတယ်။)

(အထူးအသုံးပြုပုံတွေအတွက် အခြား CPU စီးရီးများလည်းရှိပါသေးသည်။ ပုံမှန်အသုံးပြုသော စီးရီးများကိုသာ ရွေးချယ်ဖော်ပြထားပါသည်။)

3နောက်တစ်ခုက Core i7 တိုင်းက Core i5 ထက်ကောင်းတယ်။ Core i3 တိုင်းက Pentium ထက်ကောင်းတယ်လို့မှတ်ထားရင် လုံးဝမှားပါတယ်။ CPU ရဲ့ စွမ်းဆောင်ရည်မှာ Core i3/ Core i5 စသည်ဖြင့် သိရှိရန်လိုသလို ထွက်ရှိတဲ့ ခုနှစ် (Generation) နဲ့ မော်ဒယ်နံပါတ်ကလည်း အရေးကြီးပါတယ်။ ဥပမာအားဖြင့် ၂၀၁၈ မှာထွက်ရှိတဲ့ ဒေါ်လာ ၁၃၀ တန် Core i3 8100 က ၂၀၁၀ ခုနှစ်က ထွက်ရှိတဲ့ ဒေါ်လာ ၅၀၀ ကျော်တန်ခဲ့တဲ့ Core i7 880 ထက် စွမ်းဆောင်ရည် ၆၀% လောက်ပိုမြန်ပါတယ်။

4 Intel Core CPU (i3/ i5/ i7) တွေမှာ အရှေ့ဆုံးနံပါတ်က ထွက်ရှိတဲ့အမှတ်စဉ် (Generation) ကိုဖော်ပြပါတယ်။ ဥပမာ i3-8100 ဆိုတာ 8th Generation ဖြစ်ပြီး i3-7100 ဆိုတာ 7th Generation ဖြစ်ပါတယ်။ i3-6100 ဆိုရင်တော့ 6th Generation ပါ။
အနောက်မှာပါဝင်တဲ့ အက္ခရာတွေမှာလည်း ဆိုလိုချက်တွေရှိပါတယ်။

u ဆိုတာ လက်တော့ မှာသုံးတဲ့ စီးရီးဖြစ်ပါတယ်။ (i3-7100u)

HQ ဆိုတာ လက်တော့မှာသုံးတဲ့ စွမ်းဆောင်ရည်မြင့် High Performance စီးရီးဖြစ်ပါတယ်။ (i7-7700HQ)

ရိုးရိုး Desktop CPU တွေမှာ မည်သည့် အက္ခရာမှ ပါလေ့မရှိပါ။ (i3-7100)

T ဆိုတာ Desktop CPU ကို ပါဝါစားနဲ့အပူထွက်ရှိမှုသက်သာတဲ့ အမျိုးအစားဖြစ်ပါတယ် (အဆင်သင့် တပ်ဆင်ပြီး ကွန်ပျူတာတွေမှာ တွေ့ရတတ်ပါတယ်။ အပြင်စျေးကွက်မှာ တွေ့ရလေ့မရှိပါ။) (i3-7100T)

K ဆိုရင် Desktop ရဲ့စွမ်းဆောင်ရည်မြင့်မော်ဒယ်ပါ။ အမြန်နှုန်းမြှင့်တင်ခြင်း (Overclocking) ကို အသုံးပြုနိုင်တဲ့ စီးရီးဖြစ်ပါတယ်။ (i7-7500K)

5ကွန်ပျူတာတစ်ခုမှာ CPU အပြင် Memory၊ Storage (Hard Disk, SSD)၊ Graphic Card (GPU) နဲ့အခြားအစိတ်အပိုင်းတွေရှိပါသေးတယ်။ ဒါ့အပြင် Operating System (Windows/ Mac/ Linux) နဲ့အသုံးပြုထားတဲ့ ဆော့ဝဲလ် (ဥပမာအားဖြင့် Antivirus လို့ဆော့ဝဲလ်) ကိုလည်းထည့်သွင်း စဉ်းစားရမှာပါ။ ကွန်ပျူတာ တစ်လုံးထဲကိုပဲ မတူတဲ့ Windows ဗားရှင်း (ဥပမာ Windows 10 နှင့် Windows 7) အသုံးပြုရင် အမြန်နှုန်းကွာခြားပါတယ်။ Antivirus သွင်းထားတာနဲ့မသွင်းထားတာ အမြန်နှုန်းမတူပါဘူး။ စာဖတ်သူအနေနဲ့ သဘောပေါက်ရမှာက Core i7 သုံးလိုက်ရုံနဲ့ ချက်ချင်း လိပ်က ဒုံးပျံဖြစ်ချင်မှဖြစ်မယ်။ အခြားအစိတ်အပိုင်းတွေကလည်း Core i7 နဲ့ လိုက်မှီအောင်အလုပ်လုပ်နိုင်မှ အပြည့်အဝ အမြန်နှုန်းကို ရရှိမှာပါ။ (ဥပမာအားဖြင့် လုပ်သားတစ်ယောက်က မုန့်ဖုတ်တယ်။ နောက်တစ်ယေက်က မုန့်ကို ပါကင်ထုပ်တယ်ဆိုပါစို့။ လုပ်သားတစ်ယောက်ကို သုံးဆပိုမြန်တဲ့ သူနဲ့အစားထိုးလိုက်ရင် မုန့်သုံးဆ ပိုရမှာလား။ နောက်တစ်ယောက်ပေါ်လည်း မူတည်တယ်မဟုတ်လားဗျ။)

6ကွန်ပျူတာတစ်လုံးကို မြန်တယ်လို့ပြောချင်ရင် ဘာတွေမြန်တာလဲဆိုတာရှိပါတယ်။ Windows တက်တာ (ကွန်ပျူတာဖွင့်တာ) မြန်ချင်တာလား။ ဂိမ်းတွေ ဆော့ဝဲလ်တွေ ဖွင့်လိုက်ရင် ချက်ချင်းပွင့်ချင်တာလား။ ဂိမ်းဆော့ရင် မထစ်ချင်တာလား။ Photoshop တို့၊ Video Editing တို့မှာ လုပ်ဆောင်ချက်မြန်ချင်တာလား စသည်ဖြင့်အမျိုးမျိုးရှိပါတယ်။ အသုံးပြုသူပေါ်မူတည်ပြီး လိုအပ်ချက်တွေကွာခြားပါတယ်။ အားလုံးကောင်းတဲ့ ကွန်ပျူတာမရှိဘူးလားဆိုတော့ ရှိပါတယ်။ စျေးလည်းအကြီးဆုံးဖြစ်မှာပါ။
ဒါပေမယ့် ကွန်ပျူတာအသုံးပြုသူတွေက ဖန်ရှင်အားလုံးကို အသုံးမပြုသလို စျေးအကြီးဆုံးကိုလည်းမဝယ်ကြပါဘူး။ ဒီတော့ လိုအပ်တဲ့ဖန်ရှင်ပေါ်မူတည်ပြီး ပိုမိုအလေးပေးသင့်တဲ့ အပိုင်းတွေကို ဖော်ပြလိုက်ပါတယ်။

တွက်ချက်မှု (Photo editing, Video editing, Auto CAD rendering,) တွေအတွက် CPU ရဲ့ စွမ်းဆောင်ရည်ပေါ်ပိုမိုမူတည်ပါတယ်။

ဂိမ်းဆော့ဖို့အတွက်ဆိုရင် Graphic Card ရဲ့ စွမ်းဆောင်ရည်က ပိုပြီးအရေးပါပါတယ်။

ဖွင့်တာ ပိတ်တာ (Windows တက်တာ၊ ဂိမ်းနဲ့ ဆော့ဝဲလ်တွေစတင်တာ) မြန်ချင်တယ်ဆိုရင် SSD (Solid State Drive) က ပိုအရေးကြီးပါတယ်။ Hard Disk Drive (HDD) တွေက ဖွင့်တာပိတ်တာ နှေးပါတယ်။

ဆော့ဝဲလ်တွေအများကြီးပြိုင်တူသုံးမယ်၊ ဆော့ဝဲလ်အကြီးတွေသုံးမယ်၊ ပရောဂျက်အကြီးတွေလုပ်မယ်၊ အင်တာနက် ဗရောက်စာ (Internet Explorer, Chrome, Firefox, ) မှာ Tab တွေအများကြီးသုံးမယ်ဆိုရင် RAM များဖို့လိုပါတယ်။

7CPU တစ်ခုမှာ မော်ဒယ်နံပါတ်ကို သိရင် သူ့ရဲ့အချက်အလက် (Specification) တော်တော်များများကို သိနိုင်ပါတယ်။ စျေးကွက်ထဲမှာအပြောများတဲ့ အမြန်နှုန်း (GHz) အပြင် အခြားအရေးကြီးတဲ့အချက်တွေလည်းရှိပါသေးတယ်။ တည်ဆောက်ထားတဲ့ နည်းပညာ (နာနိုမီတာ)၊ ပါဝါစားနှုန်း (TDP/ Watt)၊ CPU အစိတ်အပိုင်းအရေအတွက် (Cores/ Threads)၊ Cache Memory၊ တွဲဖက်ပါရှိတဲ့ internal GPU တို့ကိုမူတည်ပြီး စွမ်းဆောင်ရည်၊ အသုံးဝင်ပုံနဲ့ရွေးချယ်မှုတို့ကွာခြားနိုင်ပါတယ်။

စာဖတ်သူတို့လည်း လိုအပ်ချက်နဲ့ဘက်ဂျက်ကို ချိန်ဆပြီး မိမိအတွက် အကောင်းဆုံး ကွန်ပျူတာများကို အသုံးပြုနိုင်ကြပါစေ။

နည်းပညာများသည် အစဉ်ပြောင်းလဲတိုးတက်လျှက်ရှိသောကြောင့် အရာအားလုံးကို လှေနံဓားထစ်မှတ်ယူထားခြင်းထက် အမြဲမပြတ်လေ့လာနေရန်လိုအပ်ပါသည်။ ကျွန်တော်တို့တူတူ ဆက်လက်သင်ယူကြပါစို့။

HDD နဲ့ SSD ဘာကွာလဲ ?Computer Drive တွေကို Price to Performance ဖြစ်လား၊ မဖြစ်လား ဆိုတာကို Speed နဲ့ဘဲ ဆုံးဖြတ်ကြပါတယ်။C...
26/04/2022

HDD နဲ့ SSD ဘာကွာလဲ ?
Computer Drive တွေကို Price to Performance ဖြစ်လား၊ မဖြစ်လား ဆိုတာကို Speed နဲ့ဘဲ ဆုံးဖြတ်ကြပါတယ်။
Computer တွေကို Professional လုပ်ငန်းတွေအတွက် အသုံးချကြတာကြောင့် Data သိမ်းဆဲ နိင်တဲ့ ပမာဏ များများလိုအပ်ပါတယ်။ Storage တွေ အများကြီး ပေးလာပေမယ့် 1Gb ကနေ 100Gb လောက်အထိ Transfer လုပ်ရတဲ့ အခါ DDR 3 နဲ့ DDR 4 မှာပါ Data Transfer လုပ်ရတဲ့ အချိန်က အရမ်းကြာတဲ့ အတွက် HDD ထက် ပိုမြန်တယ် ထင်ရတဲ့ SSD တွေသုံးလာကြပါတယ်။
1Mb ကနေ 1Gb လောက်ထိကိုတော့ Data Transfer လုပ်တဲ့ အခါမှာ DDR 2 လောက်ကနေ ကြာချိန်အရမ်း နည်းလာပါတယ်။
HDD ဆိုတာ Hard Disk ဖြစ်ပြီးတော့ SSD ဆိုတာ Solid State Device ဖြစ်ပါတယ်။
နှစ်ခုစလုံးက Storage Device တွေပဲ ဖြစ်ပါတယ်။
HDD ဟာ 3.5 inch (Desktop) နဲ့ 2.5 inch (laptop) ဆိုပြီး အရွယ်အစား နှစ်မျိုးရှိပါတယ်။
HDD အားသာချက်က ဈေးသက်သာပါတယ်။ သိုလှောင်သိမ်းဆည်းနိုင်တဲ့ ပမာဏများပါတယ် ( ယခုဆိုရင် Hard Disk 12 TBထိတောင် သိမ်းဆည် လာနိုင်ပါပြီ)။
HDD ရဲ့ အားနည်းချက်တွေက အကြမ်းမခံပါဘူး ။ရွေ့လျားနေတဲ့ အစိတ်အပိုင်းတေ ပါဝင်တာကြောင့် လွတ်ကျတာနဲ့ ပျက်စီးနိုင်ပါတယ်။
ပါဝါစားမှုက SSD ထက်များပါတယ် ။ 6 Watt ကနေ 15 Watt လောက်ထိ ပါဝါစားပါတယ်။
HDD ရဲ့ Data ကူးပြောင်းနှုန်းက 200 Mbps အောက်မှာသာ Read/Write လုပ်နိုင်ပါတယ်။
HDD တွေရဲ့ Data လက်ခံနိုင်တဲ့ နှုန်းက 5.5s ကနေ 8.0 Ms အချိန်ထိကြာပါတယ်။
Computer Drive တွေကို Price to Performance ဖြစ်လား၊ မဖြစ်လား ဆိုတာကို Speed နဲ့ဘဲ ဆုံးဖြတ်ကြပါတယ်။
Computer တွေကို Professional လုပ်ငန်းတွေအတွက် အသုံးချကြတာကြောင့် Data သိမ်းဆဲ နိင်တဲ့ ပမာဏ များများလိုအပ်ပါတယ်။ Storage တွေ အများကြီး ပေးလာပေမယ့် 1Gb ကနေ 100Gb လောက်အထိ Transfer လုပ်ရတဲ့ အခါ DDR 3 နဲ့ DDR 4 မှာပါ Data Transfer လုပ်ရတဲ့ အချိန်က အရမ်းကြာတဲ့ အတွက် HDD ထက် ပိုမြန်တယ် ထင်ရတဲ့ SSD တွေသုံးလာကြပါတယ်။
1Mb ကနေ 1Gb လောက်ထိကိုတော့ Data Transfer လုပ်တဲ့ အခါမှာ DDR 2 လောက်ကနေ ကြာချိန်အရမ်း နည်းလာပါတယ်။
HDD ရဲ့ Data Transfer Speed
5400 RPM(1 စက္ကန့်တွင် အပတ်ရေ 5400 လည်ပတ်နေခြင်း) ရှိတဲ့ HDD တစ်ခုရဲ့ Read Speed နဲ့ Write Speed ဟာ ပုံမှန် တစ်စက္ကန့်တွင် 75Mb ကနေ 100Mb ထိရှိတာကြောင့် CPU က Data Transfer လုပ်ဖို့တွက် Core တစ်ခုတည်း သုံးပြီးလုပ်နေတဲ့ အခါ 1 စက္ကန့်မှာ 50Mb လောက်သာပြီးစီးနိင်နိင်မှာ ဖြစ်ပါတယ်။
ဒါပေမယ့် Data Transfer လုပ်ဖို့ အတွက် Core နစ်လုံး အသုံးပြုသော အခါ ပျှမ်းမျှအနည်ဖြင့် 1 စက္ကန့်မှာ 100Mb ထိ ပြီးစီးနိင်မှာ ဖြစ်ပါတယ်။
7200 RPM ရှိတဲ့ HDD တစ်လုံးရဲ့ Data Transfer Speed ကလည်း Core နစ်လုံး နဲ့ လုပ်နေရင် ပျှမ်းမျှအားဖြင့် 1 စက္ကန့်တွင် 80Mb ကနေ 160Mb လောက်ထိ ပြီးစီးပါတယ်။
10000 RPM, 15000 RPM စသည်ဖြင့်ရှိပြီး 2022 တွင်ထွက်သော Samsung T5 HDD ဆိုလျှင် 1 စက္ကန့်တွင် 520Mb မှ 560Mb ထိ Data Transfer လုပ်နိင်တယ်။
CPU Core က Core များပြီး Process များ ခွဲပေးနိင်သေး Function ပါလျှင် Data ပမာဏ ပိုမိုများပြားစွာ Transfer လုပ်နိင်မှာဖြစ်ပါတယ်။
SSD ရဲ့ Data Transfer Speed
SSD ဆိုတာ Micro SD နည်းပညာကို သုံးထားပြီး လျှပ်သို ပါရှိသောကြောင့် Data များကို အသင့်အနေအထားနဲ့ သုံးရန်အဆင်သင့်ရှိနေပါတယ်။
(HDD တွင် သံလိုက်နဲ့ ဓတ်ပြားလည်ပတ်မှုဖြင့် လျှပ်စီးပတ်နေခြင်းပေါ်တွင် ဖလင်ဖြင့် Data ဖမ်းယူကို သိမ်းဆည်းခြင်းကြောင့် Data Transfer ပြုလုပ်ရန် အဆင်သင့် ဖြစ်မနေပါ၊ ဓတ်ပြားလည်ပတ်နုန်း ပုံမှန် RPM ကိုရောက်မှသာ အဆင်သင့်ဖြစ်သည်။ ထို့ကြောင့် Window Boot တက်လျှင် Data အဆင်သင့်ဖြစ်နေသော SSD က ပိုမြန်ခြင်းဖြစ်သည်။)
HDD တွင် Sata တစ်မျိုးတည်းရှိပြီး RPM များလေ ပိုမြန်လေ ဖြစ်သော်လည်း SSD တွင် Better Version များအဖြစ် SataM2, SataM2PCLe, NVMe, NVMeM2, NVMePCLe ဆိုပြီးထွက်လာပါတယ်။ Sata က ဈေး အနည်းငယ် နည်းပြီး NVMe က ဈေးအနည်းငယ်များကာ Data ပမာဏများများ Transfer လုပ်နိင်ပါတယ်။
Sata SSD ရိုးရိုးတွေ က 1 စက္ကန့်မှာ 300Mb လောက် Transfer လုပ်နိင်ပြီး M2, PCLe တွေက Core များပြီး Brand ကောင်းတဲ့ Computer တွေမှာ ဆိုရင် Maximum 3000Mb/4000Mb လောက်ထိ Transfer လုပ်နိင်ပါတယ်။
SSD မှာတော့ 2.5 inch အရွယ်အစားတစ်မျိုးပဲ လာပါတယ်။
2.5 inch Drive အတွက် နေရာမပါတဲ့ Desktop တွေမှာ တပ်ချင်တယ်ဆိုရင် အရွယ်ပြောင်းတဲ့ ကာဗာ (3.5 inch adapter) ခံပြီး တပ်ဆင်ရမှာပါ။ Motherboard ပေါ်မှာရှိတဲ့ SATA-3 အပေါက်နဲ့တွဲဆက်ရမှာဖြစ်ပါတယ်။
SSD ရဲ့ အာသာချက်က Data ကူးပြောင်းနှုန်းမှာ 200 Mbps ကနေ 25000 Mbps ကြား မှာ Read/Write လုပ်နိုင်တဲ့ အတွက် HDD ထက် ၁၀ ဆမက ပိုမြန်ပါတယ်။
SSD တွေက အကြမ်းခံပါတယ်။ ရွေ့လျားနိုင်တဲ့ အစိတ်အပိုင်းတေ မပါဝင်တဲ့ အတွက် တော်ရုံ ပြုတ်ကျတာ၊ ထိခိုက်မိတာ လောက်နဲ့ Data တေ မပျက်စီးနိုင်ပါဘူး။
SSD တွေရဲ့ Data လက်ခံနိုင်တဲ့ နှုန်းက 0.5s အချိန်ထိ သာကြာပါတယ်။ ပါဝါစားမှု က 2 Watt ကနေ 5 Watt လောက်ထိပဲစားပါတယ်။
စက်ဖွင့်တာဖြစ်ဖြစ် ၊ File တွေကူးတာဖြစ်ဖြစ် SSD သုံးထားရင် သိသိသာသာမြန်ဆန်နေမှာပါ။
SSD မှာ မော်ဒယ် နဲ့ သိမ်းဆည်းနိုင်မှု ပမာဏအလိုက် အမြန်နှုန်း ကွာခြားပါတယ်။
အပူထုတ်လုပ်မှုနည်းတယ်။ အလေးချိန်ပေါ့တယ်။
အရွယ်အစားသေးငယ်လို့ ပေါ့ပေါ့ပါးပါး Laptop ဒီဇိုင်းတွေမှာ ထည့်သွင်းအသုံးပြုပါတယ်။
SSD ရဲ့ အားနည်းချက်က ဈေးကြီးပါတယ်။ HDD နဲ့ SSD Storage ပမာဏတူရင်တောင် SSD က ဈေးနှစ်ဆလောက် ပိုပါတယ်။
SSD တေရဲ့ သိုလှောင်သိမ်းဆည်းနိုင်တဲ့ ပမာဏက 1 TB ကနေ 4 TB သာရှိပါတယ်။ Hight-End ကွန်ပျူတာတေမှာ သာ 8TB တွေ့ရတာပါ။
SSD မှာ SSD, M.2 SSD (SATA) နဲ့ M.2 SSD (PCIE) ဆိုပြီး လာပါတယ်။
SSD (SATA) = မြင်နေကျ Hard Disk တွေလို လေးထောင့်ပုံပါပဲ။ 2.5 inch တစ်မျိုးထဲ လာတဲ့ အတွက် 2.5 inch Drive နေရာမပါတဲ့ Desktop ပုံး တွေမှာတပ်ချင်တယ်ဆိုရင် အရွယ်ပြောင်းတဲ့ ကာဗာ (3.5 inch adapter) ခံပြီးတပ်ဆင်ရမှာပါ။ မာသားဘုတ်ပေါ်မှာရှိတဲ့ SATA-3 အပေါက်နဲ့တွဲဆက်ရမှာဖြစ်ပါတယ်။ (SATA-2 နဲ့တွဲဆက်လိုက်ရင် မြန်နှုန်းတစ်ဝက်ပဲရမှာ ဖြစ်ပါတယ်။)
M.2 SSD (SATA) ဟာ M.2 (SATA) ပါတဲ့ မားသားဘုတ် (Motherboard) တွေမှာပဲတပ်ဆင်နိုင်ပါတယ်။ Laptop တွေနဲ့ Desktop ဘုတ်အမြင့်တွေမှာပါပါတယ်။ အမြန်နှုန်းစွမ်းဆောင်ရည်ပိုင်းက SSD (SATA) နဲ့တူတူပါပဲ။ တပ်ဆင်ရတဲ့နေရာကွာခြားသွားတာပါ။ အရွယ်သေးသွားတဲ့အတွက် ပါးလွှာတဲ့ Laptop တွေမှာတော့ နေရာအဆင်ပြေစေပါတယ်။
M.2 SSD (PCIE) ဟာ M.2 (PCIE) ပါတဲ့ မားသားဘုတ် (Motherboard) တွေမှာပဲတပ်ဆင်နိုင်ပါတယ်။ Laptop တွေနဲ့ Desktop ဘုတ်အမြင့်တွေမှာပါပါတယ်။ NVMe ( Non- Volatile Memory Express) SSD လို့လည်းခေါ်ကြပါတယ်။ အားလုံးထဲမှာ speed အမြန်ဆုံးက NVMe SSD ဖြစ်ပါတယ်။
(M.2 SSD တွေမှာလည်းအရွယ်အစားရှိပါတယ်။ 2280 ဆိုတာ ၂၂ မီလီမီတာ x ၈၀မီလီမီတာ အရွယ်ကိုဆိုလိုပါတယ်။ 2242 ဆိုရင် ၂၂ မီလီမီတာ x ၄၂ မီလီမီတာကိုဆိုလိုတာပါ။)
M.2 အပေါက်က တူပေမယ့် PCIE လား၊ SATA လား၊ နှစ်ခုစလုံးရသလားဆိုတာကို Laptop (သို့) Motherboard မော်ဒယ်ကိုကြည့်ပြီး သက်ဆိုင်ရာ Website မှာသွားရှာရမှာပါ။ ဒါမှမဟုတ် စက်ကိုဖွင့်ကြည့်ပြီး ဘာရေးထားလဲကိုရှာနိုင်ပါတယ်။ ဘာမှ မရေးထားရင် မျက်လုံးအမြင်နဲ့ဆုံးဖြတ်ဖို့ခက်ပါတယ်။
ဒေတာ ထိန်းသိမ်းနိုင်မှု
HDDတွေက စက်လှုပ်ရှားမှုအပိုင်းတွေပါပေမဲ့ သံလိုက်ဓာတ်နဲ့ သိမ်းတာမို့ DATA တွေကို သိုလှောင်ထားနိုင်တဲ့ ကာလပိုကြာကြာ သိမ်းထားနိုင်ပါတယ်။
SSD တွေမှာတော့ စက်လှုပ်ရှားမှု အစိတ်အပိုင်းတွေမပါဘဲ NAND Gate Semiconductor တွေထဲမှာ လျှပ်စစ် သိုလှောင်တဲ့ စနစ်နဲ့ သိမ်းထားတာဖြစ်လို့ အချိန်ကာလ တစ်ခုမှာတော့ သိမ်းဆည်းထားတဲ့ လျှပ်စစ်ဓာတ် ယိုစိမ့်ပျောက်ဆုံးပြီး DATAတွေ ပျက်စီးနိုင်တဲ့ အခွင့်အလမ်းရှိပါတယ်။
အချက်အလက်တွေကို နှစ်ပေါင်းများစွာ သိမ်းဆည်းထားချင်တာမျိုးဆိုရင်တော့ SSDတွေကို မသုံးဘဲ HDD တွေကိုသာ သုံးသင့်ပါတယ်။
သင် ဘယ် Storage Device ကို ရွေးဝယ်မလဲ?
ဒါဆို အဖြေက ရှင်းပါတယ်။
ဈေးများများမသုံးနိုင်ဘူး။ Storage များတာလဲ လိုချင်တယ်ဆိုရင် HDD ကို ရွေးချယ် သုံးစေချင်ပါတယ်။
ဈေးလည်းတက်နိုင်တယ်။ မြန်ဆန်တာလေးလည်း သုံးချင်တယ် ဆိုရင်တော့ SSD ကို ရွေးချယ်သုံးစေချင်ပါတယ်ခင်ဗျာ။
Gaming Laptop နဲ့ Gaming Desktop မှာတော့ HDD သုံးနေသေးတယ်ဆိုရင်တော့ အသုံးစရိတ်ချွေတာပြီး SSD ပြောင်းသုံးသင့်ပါတယ်ခင်ဗျာ။
Graphic Design ပိုင်းကို လုပ်ကိုင်နေတဲ့ သူတွေ နဲ့ Video Editing သမားတွေအတွက်ကတော့ မဖြစ်မနေ SSD ကိုပြောင်းသုံးပါလို့ အကြံပေးပါတယ်ခင်ဗျာ။

✅ SSD နဲ့ HDD ဆိုတာ IT users တွေအတွက်တော့ မရှိမဖြစ်   တွေဖြစ်ပါတယ်။✅ အဲ့ဒါကြောင့်မို့လို့ အဲ့ဒါတွေနဲ့ပတ်သက်ပီးတော့ သိထား...
20/04/2022

✅ SSD နဲ့ HDD ဆိုတာ IT users တွေအတွက်တော့ မရှိမဖြစ် တွေဖြစ်ပါတယ်။

✅ အဲ့ဒါကြောင့်မို့လို့ အဲ့ဒါတွေနဲ့ပတ်သက်ပီးတော့ သိထားသင့်တဲ့ အားနည်ချက် အားသာချက်လေးတွေကို ဖေပေးလိုက်ပါတယ်နော်

ပထမဆုံး ကျွန်တော်တို့ SSD လို့ခေါ်တဲ့ /Disk ဆိုတာက HDD ( ) ဖြစ်တဲ့ တွေနဲ့ တည်ဆောက်ပုံချင်း ကွဲပြားတာကတော့ အားလုံးအသိပဲဖြစ်ပါတလ်။

💁‍♂️ HDD မှာဆိုရင် အခြေခံအားဖြင့် လို့ခေါ်တဲ့ မှတ်ဉာဏ်သိုလှောင်တဲ့နေရာရယ် လို့ခေါ်တဲ့ ရေးမှတ်ပေးတဲ့မောင်းတံရယ် ပေါင်းစပ်တည်ဆောက် ထားပေမယ့် SSD မှာတော့ ဘာသံလိုက်ရုပ်ဝတ္တုပစ္စည်း တစ်ခုမှမပါဘူးဗျ ကိုသုံးထားတဲ့ Circuit ပြားလေးတွေပဲ ထည့်ထားပြီးတော့ အဲဒီထဲက လေးတွေထဲမှာ Data တွေကို သိမ်းဆည်းပေးပါတလ်။

💁‍♀️ ဒါပေမဲ့ SSD ကတိုတောင်းတဲ့အချိန် အတွင်းမှာ လုပ်ငန်းဆောင်တာတွေကို နှောင့်နှေးကြန့်ကြာမှု နည်းနည်းနဲ့ လျင်လျင်မြန်မြန် ဆောင်ရွက်ပေးနိုင်တယ်ဗျ HDDထက် အဆတော်တော်များများ မြန်ပါတယ်။

Operating System Boot Time ဟာဆိုရင် SSDမှာ average bootup time ရှိပြီး HDDက average bootup time ရှိပါတလ်။

SSD ရဲ့ Read Speed က HDD ထက် #30% ပိုမြန်ပါတယ်၊ Write Speed ဟာဆိုရင်လည်း ယေဘုယအားဖြင့် /s_550MB/s တောင်ရှိပေမဲ့ HDD ကတော့
#50 MB/s_120 MB/s ထိပဲရှိတယ်ဗျ

😉 အရေအတွက်ထက် အရည်အချင်းက ပိုအရေးကြီးတာဟုတ် (😉မဟာဗန္ဓုလ ကပြောတာနော်)
အဲလိုပဲ အရည်အချင်းက ဈေးလည်းကြီးတယ်ဗျ 😉 နည်း.နည်း...များများလေးပါ

အကြမ်းအားဖြင့် ပြောရမယ်ဆိုရင် 1TB ကို #၁သိန်း ဝန်းကျင်ရှိပြီးတော့ ကတော့ 1TB ကို #၅သောင်း ဝန်းကျင်လောက်သာရှိတယ်ဗျ

🙇 ဒါပေမဲ့ ကိုယ်ကွန်ပြူတာအသုံးပြုနေတုန်းမှာ နှောင့်နှေးမှုမရှိ မြန်ဆန်မှုအတိနဲ့ ပီတိတွေအပြည့်ရနိုင်တယ် ဆိုတဲ့ အရည်အသွေးနဲ့ လှဲရမယ်ဆိုတော့ကား ဒီဈေးက ဘာအရေးလဲနော်…

နောက်ဆုံး Sharing လုပ်ချင်တာကတော့ SSDကို Boost လုပ်ဖို့အတွက် သုံးပြီး HDDကို Storage အတွက် တွဲသုံးမယ်ဆိုရင်တော့ အဆင်ပြေဆုံးအတွဲအစပ်ကိုရနိုင်မှာပါ…

💁 အဲ့လို တွဲပီးသုံးချင်တဲ့သူတွေ comment မှာ လို့ ရေးခဲ့ပေးပါ။ အသက်သာဆုံးလေးကို တွက်ပေးပါ့မလ် 🤔🤔🤔

😎😎 အဲ့လို HDD နဲ့ SSD ကို တွဲသုံးတဲ့အခါ ဖွင့်လိုက်တာနဲ့ မြန်မြန်ဆန်ဆန် တက်လာမှာဖြစ်သလို တွေ အသုံးပြုတဲ့အခါမှာလည်း သွားတာတွေ လေးနေတာတွေ မဖြစ်တော့ပါဘူး။ Storage အတွက် HD ကို သုံးရင်းနဲ့လည်း smart ကျကျလေး ချွေတာနိုင်ပြီပေါ့ဗျာ…

နောက်နေ့မှာလည်း Wifi အတွက်သုံးတဲ့ Access Point က ဘာလဲ❓ဆိုတာ ပြောပြပေးမှာမို့လို့ အားရှိအောင်
ကွန့်မန့်မှာ Access Point လို့ မန့်ပေးခဲ့ကြပါအုန်း။

ယခုတင်ပြပေးထားသော အကြောင်းအရာသည်
မှ ကူးယူဖော်ပြပေးထားခြင်းဖြစ်ပါတလ်...

#လေးစားစွာဖြင့်
🅲 🆁🅴🅳 🅸🆃

to
C RED IT

Address

Nawnghkio

Website

Alerts

Be the first to know and let us send you an email when SNK Computer Learning posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share