Word design

Word design Marketing

Permanently closed.
16/04/2022
15/04/2022

စွဲလမ်း ရူးသွပ်ပါ။ မဟုတ်ရင် သာမန်ပဲ ဖြစ်နေလိမ့်မယ်။
—————————————————————————

သာမန်ထက် ပိုချင်တယ်ဆိုရင်တော့ စွဲလမ်း ရူးသွပ်စွာနဲ့ လုပ်ဆောင်တတ်ခြင်းက တစ်ခုတည်းသော ရွေးချယ်စရာ ဖြစ်ပါလိမ့်မယ်။

ဒီလိုပြောလိုက်ရင် အငြင်းပွားစရာတွေ ရှိကောင်းရှိလာမှာပါ။ ဘာကြောင့်လဲဆိုတော့ ကမ္ဘာကြီးမှာ သာမန်အဆင့်နဲ့ပဲ ကျေနပ်နေကြတဲ့သူတွေ များနေလို့ပဲ ဖြစ်ပါတယ်။

လူတွေက သူတို့မှာ နေလောက် စားလောက်ရင် ကျေနပ်ဖို့‌ကောင်းနေပြီလို့ ထင်တတ်ကြပါတယ်။ ဒါပေမဲ့ အခက်အခဲ ကြုံလာတဲ့အခါမှာ လက်ထဲ ပိုက်ဆံမရှိမှာ၊ တခြားသူတွေကို မကူညီနိုင်မှာ ဒါတွေကို စိုးရိမ်ပူပန်ကြပါတယ်။

နောက်ပြီး လူတွေက စွဲလမ်းရူးသွပ်တယ်လို့ ပြောလိုက်ကြတာနဲ့ အဆိုးဘက်ကိုပဲ အရင်တွေးတတ်ကြပါတယ်။ ဂိမ်းကို စွဲလမ်းတာ၊ မူးယစ်ဆေး စွဲလမ်းတာ စသဖြင့်ပေ့ါ။ ဒီတော့ စွဲလမ်းရူးသွပ်တာက မကောင်းဘူးပေါ့။

ဒါပေမဲ့ အလုပ်တစ်ခုကို စွဲစွဲလမ်းလမ်း ပြုလုပ်ချင်တဲ့ စိတ်ဆန္ဒသာ မရှိဘူးဆိုရင်လဲ လက်ရှိထက်ပိုပြီး ပိုကောင်းလာနိုင်စရာ မရှိပါဘူး။

လူတွေက ကိုယ့်ကို “အလုပ်ကို အေးအေးဆေးဆေး လုပ်ပါလား” “ဒီလောက် ကြိုစားမနေပါနဲ့” လို့ပြောတာက ကိုယ့်ကို သနားလို့ မဟုတ်ပါဘူး။ သူတို့ရဲ့ ခံစားချက်တွေအတိုင်း ပြောနေကြတာပါ။

သူတို့ရဲ့ အိပ်မက်တွေကို အကောင်အထည်မဖော်နိုင်တဲ့အတွက် တခြားသူတွေကိုလဲ အကောင်အထည်မဖော်နိုင်အောင် အဖော်ညှိနေကြတာပါ။

ဒီစကားတွေကို နားယောင်ပြီး စွဲလမ်းရူးသွပ်စွာ အလုပ်မလုပ်ရင် သာမန်ဘဝမှာပဲ ရှိနေပါလိမ့်မယ်။

ကိုယ်သာ အရာတစ်ခုကို၊ အလုပ်တစ်ခုကို စွဲစွဲလမ်းလမ်း ရူးရူးသွပ်သွပ် လုပ်ကိုင်ခဲ့ရင် အများစု သာမန် ပျမ်းမျှဆိုတဲ့ အခြေအနေရဲ့ အထက်မှာ ရှိနေမှာပါ။

နောက်ပြီး စွဲလမ်းရူးသွပ်တယ်ဆိုတာလဲ အချိန်ပိုင်းလောက် လမ်းကြုံဝင်ပြီး စွဲလမ်းနေလို့ မရပါဘူး။ အလုပ်ချိန် မနက် ၉ ကနေ ညနေ ၅ ထိပဲ ဆိုပြီးလဲ လုပ်လို့မရပါဘူး။

ကိုယ့်မှာ ရှိတဲ့အရာတွေထက် ဒီအလုပ်ကို ဦးစားပေးပြီး ရူးသွပ်ရပါမယ်။ သတိအမြဲရှိပြီး စားချိန်၊ အိပ်ချိန်မှာတောင် အလုပ်အတွက် အိုင်ဒီယာတွေ ထွက်လောက်တဲ့အထိ စွဲလမ်းရပါမယ်။

ဒီလိုမျိုး မဆုတ်မနစ် ကြိုးစားမှသာ သာမန်လူတွေလို ပျမ်းမျှအဆင့်မှာ ရပ်မနေဘဲ ထူးခြားအောင်မြင်နိုင်မှာပါ။

ဒီတော့ “ဘာတွေကို ရူးသွပ်စွဲလမ်းရမှာလဲ?” “ ဘယ်လိုမျိုး ရူးသွပ်စွဲလမ်းရမှာလဲ?”

ဒီမေးခွန်းတွေအတွက် အဖြေတွေကိုတော့ Grant Cardone ရဲ့ Be Obsessed or Be Average စာအုပ်ထဲမှာ ဖြေပေးထားပါတယ်။

Grant Cardone ကတော့ Best Seller စာအုပ်ဖြစ်တဲ့ The 10x Rule စာအုပ်ရဲ့ စာရေးဆရာဖြစ်ပြီး စွန့်ဦးတီထွင် စီးပွားရေးနယ်ပယ်၊ ငွေကြေးဆိုင်ရာ စီမံခန့်ခွဲမှု နယ်ပယ်တွေနဲ့ အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမှု နယ်ပယ်တွေမှာ အထူးကျွမ်းကျင်သူတစ်ယောက်ဖြစ်ပါတယ်။

Be Obsessed or Be Average စာအုပ်ရဲ့ မြန်မာလို အနှစ်ချုပ်ကိုတော့ Dream Lab ကို Subscribe လုပ်ပြီး ဖတ်ရှုနိုင်ပါတယ်။

www.dreamlab.news
နေ့စဥ် စာတစ်အုပ်ဖတ်ပါ။

ကင်မရာ လေးတွေ လိုချင်မိ😁
18/02/2022

ကင်မရာ လေးတွေ လိုချင်မိ😁

18/02/2022

မာန်မာနထောင်လွှားမှု ကင်းပြီး လူတကာအပေါ် ဖော်ရွေပျူငှာရုံမက ကြင်နာသနား ကိုယ်ချင်းစာတရားထားတတ်သူများဟာ နေရာတကာ မျက်နှာပွင့်လန်းပါတယ်။ ဘေးကင်းပါတယ်။ လူတကာရဲ့ မေတ္တာထားမှုကိုလည်း ခံရပါတယ်။ အများအကျိူးဆောင်တတ်သူတွေကို လူတကာက တုံပြန်ရိုင်းပင်းကူညီကြသလို နတ်တွေကတောင် ကူညီမှိုင်းမတတ်ကြတယ်လို့ ဆိုတယ်။ လူအများစိတ်ချမ်းသာအောင် စိတ်ချမ်းသာအောင် ဆောင်ကြဉ်းပေးတတ်သူ၊ မိမိကိုယ်ကိုနှိမ့်ချပြီး ယဉ်ကျေးပျူငှာစွာ ရှိနေတတ်သူများဟာ အလိုလိုနေရင်း စိတ်ချမ်းသာမှု ရနေတတ်ပါတယ်။

17/02/2022

ရှေ့တူရူသွားရာ လမ်းမာ ဧရာမတောင်ကြီး တစ်လုံး ပိတ်ဆို့ကာဆီးနေစေဦးတော့..... ငါသည် လက်လျော့လိမ့်မည်မဟုတ်။ ငါသည်..... ဒီတောင်ကြီးကို ရအောင်ကျော်လွှားမယ်။ ဒီအတွက် မဖြစ်မနေ ကြိုးစားအားထုတိမယ်။ ဒီတောင်ကို ကျော်မရရင် တောင်​ခြေက ပတ်ပြီးသွားမယ်။ တောင်ခြေက ပတ်ပြီး သွားမရရင် ဒီတောင်ကို ဖြတ်ဖောက်ထားတဲ့ ဥမင်လမ်းကို ရှာမယ် ။ ဘယ်လိုမှ ကျော်မရ ဖြတ်မရရင် တောင်ခြေမှာ အခြေချ နေထိုင်ရင်း ဒီတောင်ကို ဖြိုမယ်။ တကတတိတိချင်းဖြိုမယ်။ တကယ်လို့ ကုသိုလ်ကံထောက်မမယ်ဆိုရင် ဒီတောင်ကြီးက. ရွှေကြောတွေ အပြည့်ရှိတဲ့ဘရွှေတောင်ကြီး ဖြစ်ချင်​ဖြစ်နေမာ......

ပန်းလေးတွေကို ချစ်တယ်.....သူတို့ကို သံယောဇဉ် ရှိတယ်😊ကျနော့်ကို နာကြင်အောင်မလုပ်သလို့ သူ့တို့ကြောင့် ကျနော် ပျော်ရတယ်❤❤
11/02/2022

ပန်းလေးတွေကို ချစ်တယ်.....
သူတို့ကို သံယောဇဉ် ရှိတယ်😊
ကျနော့်ကို နာကြင်အောင်မလုပ်သလို့ သူ့တို့ကြောင့် ကျနော် ပျော်ရတယ်❤❤

09/02/2022

စိတ်ပိုင်းဆိုင်ရာ_ရင့်ကျက်တည်ငြိမ်_လိုသူများအတွက်🤍🤍

၁။ ဘဝမှာ ကိုယ်လုပ်ချင်တာထက် ကိုယ်လုပ်သင့်တာတွေကို ရွေးချယ်လုပ်ကိုင်ပါ။

၂။ အမှားတစ်ခုခု ကျူးလွန်မိတဲ့အခါ ဝန်ခံတတ်ပါ။ အမှားတွေကနေ သင်းခန်းစာ ယူတတ်ခြင်းက ကိုယ့်ကို ပိုပြီး ရင့်ကျက်သောလူသားတစ်ဦး အသွင် ပုံဖော်ပေးသွားမယ်ဆိုတာကို ယုံကြည်ပါ။

၃။ ဘာမှမလုပ်ဘဲ လေးလံထိုင်းမှိုင်းနေတာနဲ့ အလုပ်တွေ အရမ်းလုပ်ပြီး မောပန်းနေတာဟာ ပင်ပန်းတာချင်းတူပေမဲ့ အဓိပ္ပာယ်ကွာခြား လွန်းလှပါတယ်။ ဒါကြောင့် ကိုယ်စိတ်ဝင်စားတဲ့ အလုပ်တစ်ခုမှာ စိတ်ရောကိုယ်ပါ ရင်းပြီး တစိုက်မတ်မတ် ကြိုးစားလိုက်ပါ။

၄။ တစ်ခါတစ်လေ ကိုယ်မလုပ်နိုင်တဲ့ အရာတွေအတွက် ငြင်းဆိုတတ်ပါ။ ဒါမှသာ ကိုယ်တကယ်လုပ်နိုင်တဲ့ အရာတွေအတွက် ပိုအားစိုက်နိုင်မှာပါ။

၅။ ကိုယ့်ကို အမှန်တကယ်ချစ်မြတ်နိုးသူတွေကို ပိုမိုမေတ္တာထား အချိန်ပေးဆက်ဆံပါ။ ဘဝဟာ တိုတောင်းလှပါတယ်။ ကိုယ့်ကို အကြောင်းအရင်းမရှိဘဲ မုန်းတီးနေသူတွေ အကြောင်း စဉ်းစားဖို့ အချိန်မရှိပါဘူး။

၆။ သူများကိုယ့်ကို စိတ်ဝင်စားအောင် ကြိုးစားဖို့ထက် ကိုယ်စိတ်ဝင်စားတဲ့ အရာတွေကို ပိုမိုအာရုံစိုက် လုပ်ဆောင်ပါ။

၇။ ကိုယ့်မှာရှိတဲ့ အရာတွေအတွက် အမြဲအသိအမှတ်ပြု ကျေနပ်တတ်ပါ။ ဆုံးရှုံးမှုတွေ ဘယ်လောက်ပဲ ကြုံတွေ့နေရပါစေ နောက်ထပ်ကြိုးစားဖို့ လက်ထဲမှာ အချိန်ရှိနေသေးတယ်။ ကျန်းမာသန်စွမ်းတဲ့ ကိုယ်ခန္ဓာရှိနေသေးတယ် ဆိုတာတွေကို အသိအမှတ်ပြုတတ်ပါ။

၈။ အခြားသူတွေရဲ့ ဘဝအောင်မြင်ပျော်ရွှင်နေတာမြင်ပြီး ကိုယ့်ကိုယ်ကို အလိုမကျ ဖြစ်နေတာတွေ ရပ်လိုက်ပါ။ ကိုယ်လုပ်နိုင်တာတွေကို အကောင်းဆုံးလုပ်ဆောင်ပြီး ဘဝကို မြင့်မားလာအောင် စတင်ကြိုးစားလိုက်ပါ။

၉။ ကိုယ့်လွတ်လပ်ခွင့်ကို အကောင်းဆုံး အသိအမှတ်ပြုပြီး အပြည့်အဝ ခံစားပျော်ရွှင်ပါ။

၁ဝ။ အခြေအနေတစ်ခုကနေ တစ်ခုကိုပြောင်းလဲတဲ့အခါ ကိုယ်ပေးဆပ်လိုက်ရတဲ့ အရာတွေအတွက် ပိုကောင်းတာတွေ ရလာနိုင်တယ်ဆိုတာကို နားလည်ထားပါ။

ဒီအချက်တွေအတိုင်း လိုက်နာနေထိုင်နိုင်မယ်ဆိုရင်တော့
စိတ်ရဲ့ ရင့်ကျက်တည်ငြိမ်မှုတွေကို အတိုင်းအတာ
တစ်ခုထိ ခံစားနိုင်မှာဖြစ်တယ်။
ကိုယ့်စိတ်ထဲမှာ
ဖြစ်ချင်လုပ်ချင်နေတာလေးတွေကိုလည်း ပိုမိုခံစားနားလည်နိုင်မှာ ဖြစ်ပါတယ်။
ဒီလိုဆိုရင်တော့ ကျွန်တော်တို့ဟာ ဘဝမှာပိုပြီး
အကျိုးရှိရှိ ရပ်တည်လာနိုင်ပါမယ်။
ဆုံးဖြတ်တွေ ပိုမို ပြတ်သားခိုင်မာပါလိမ့်မယ်။
#ဂန္တဝင်_မဂ္ဂဇင်း

08/02/2022

📖📖—စာဖတ်ပါ—📖📖

စိတ်ဓာတ်ကျနေရင်....စာဖတ်ပါ

အလုပ်အဆင်မပြေရင်....စာဖတ်ပါ

ပင်ပန်းလို့အရှုံးပေးချင်နေပြီဆိုရင်....စာဖတ်ပါ

ပတ်ဝန်းကျင်ရဲ့ စကားလုံးတွေကြောင့်
စိတ်ညစ်နေရင် စာဖတ်ပါ

အသဲကွဲနေရင် .....စာဖတ်ပါ

အထီးကျန်သလို ခံစားရရင်....စာဖတ်ပါ

ဘယ်သူမှ အရေးမထားတဲ့အခါ.....စာဖတ်ပါ

စာဖတ်ရင် အောင်မြင်မှု့တွေကို
ချက်ချင်းသယ်ဆောင်လာပေးတာ
အရာရာပြည့်စုံအောင် ထားပေးတာ မဟုတ်ပေမယ့်..

စာဖတ်ရင်...

စိတ်ဓာက်ကျနေရင်
အားအင်ရှိစေတဲ့ စကားလုံးတွေကို တွေ့နိုင်တယ်။

အရှုံးပေးချင်နေရင် အောင်မြင်သူတိုင်း
ဘယ်နှစ်ခါ လဲကျ ရှုံးခဲ့ရတယ် ဆိုတဲ့
သင်ခန်းစာတွေကို သိနိူင်တယ်...

စိတ်ညစ်နေရင် အချိန်က ဒီမှာ မရပ်နားနေသလို
အရာအားလုံးလဲ ပြီးဆုံးသွားမယ်
ဆိုတဲ့ ခံယူချက်နဲ့ တောင့်ခံနိုင်လာမယ်...

ပတ်ဝန်းကျင် ဆိုတာကို လေးစားရမယ်
ဒါပေမယ့် အရာအာလုံးထဲ
ဂရုစိုက်နေဖို့မလိုတာကိုလဲ သိလာမယ်....

နေ နဲ့ လတောင် အဖော်မပါ
တစ် ကမ္ဘာလုံးအတွက်
အလင်းရောင်ပေးနိုင်တာ
တစ်ယောက်ထဲ ဖြစ်တဲ့ကိုလဲ
တစ်ယောက်ထဲ ဖြစ်အောင် နေတတ်လာမယ်။

ဘယ်သူ့မှ ကိုယ့်ဘက်မရှိတဲ့အခါ
ကိုယ့်အတွက် ကိုယ်ရှိနေတက်လာမယ်။

သန်မာတဲ့ စိတ်ဓာတ်တွေနဲ့အတူ
ရင့်ကျက်စွာ ရှင်သန်နိုင်လာမယ်။

စာအုပ်က စကားမပြောတတ်ပေမယ့်
စာအုပ်က ကိုယ့်ဘဝအလင်းရောင်
ပေးနိုင်တာကြောင့် စာဖတ်ပါ....မိတ်ဆွေ😇

မေတ္တာ ဖြင့်

CRD..

# Htike ( Funny cool )💛

လူတစ်ချို့ကြောင့် စကားနည်းလာတယ်..... စကားနည်းလာတော့ မာနကြီးတယ် ထင်တယ်......မာန ကြီးတယ်လို့ ထင်ချင်လည်း ထင်စရာပေါ့......အ...
28/01/2022

လူတစ်ချို့ကြောင့် စကားနည်းလာတယ်.....
စကားနည်းလာတော့ မာနကြီးတယ် ထင်တယ်......
မာန ကြီးတယ်လို့ ထင်ချင်လည်း ထင်စရာပေါ့......
အဲ့လိုဖြစ်အောင်လည်း သူ့တို့လေ့ကျင့်ပေးလိုက်တာလေ.......
အရာရာတိုင်းကို လိုက်ပြီး မခံစားတော့သလို........
အတိတ်ကို ပြန်ဆွပြီး ကိုယ့်ကိုယ်မနာကျင်အောင် အတတ်နိုင်ဆုံး မလုပ်မိအောင် နေလိုက်တော့မယ်...

Address

Natogyi

Telephone

+959895757791

Website

Alerts

Be the first to know and let us send you an email when Word design posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share