ရွှေအိမ် Mobile

ရွှေအိမ် Mobile Phone Services & Phone Second

ကိုကို Teamတွေစုကြမယ်😁
06/12/2025

ကိုကို Teamတွေစုကြမယ်😁

ဖုန်းသုံးနေသမျှ အလိုအပ်ဆုံးအရာတွေလိုအပ်မှရှာနေရင်ရှာရခက်နေမယ်Shareပြီးသာသိမ်းထားလိုက်ကြတော့
25/11/2025

ဖုန်းသုံးနေသမျှ အလိုအပ်ဆုံးအရာတွေ
လိုအပ်မှရှာနေရင်ရှာရခက်နေမယ်
Shareပြီးသာသိမ်းထားလိုက်ကြတော့

12/10/2025
ခုမှပဲစိတ်အေးရတယ်😊
05/03/2024

ခုမှပဲစိတ်အေးရတယ်😊

မင်မင်လဲအဲ့လိုပဲ
13/12/2023

မင်မင်လဲအဲ့လိုပဲ

10/12/2023

အိမ်မက် အဘိဓါန်အိမ်မက်အကြောင်း သိကောင်းစရာအိမ်မက်တိတ္ထုံကျမ်း အစဆုံး======================== #သဘောကျတယ်ကြိုက်တယ်ဆိုရင် #...
07/07/2023

အိမ်မက် အဘိဓါန်
အိမ်မက်အကြောင်း သိကောင်းစရာ
အိမ်မက်တိတ္ထုံကျမ်း အစဆုံး
========================
#သဘောကျတယ်ကြိုက်တယ်ဆိုရင်
#ကောမန့်မှာ_OK_ပြပေးပြီး_ရှဲပေးသွားပါခင်ဗျာ။
လူအများ ဖတ်လို့ရအောင်လည်း မျှဝေပေးပါ။

နှစ်စဉ် လစဉ် ဟောစာတမ်းများ ဖတ်လိုလျှင်
ဗေဒင်လက္ခဏာ/လောကီဗဟုသုစာပေများဖတ်လိုလျှင်
#ဒီအောက်ကလင့်လေးနှိပ်၍ page ကို
like&follow လုပ်ထားပါ။
https://www.facebook.com/sar.aungchanmin/
-----------------------------------------------------

ေတ္တာဖြင့်မျှဝေပေးသူ
#ဆရာအောင်ချမ်းမင်း
#အွန်လိုင်းဗေဒင်လက္ခဏာ ph-09250699235(viber)
ညာဏ်ပူဇော်ခဖြင့် ဗေဒင်လက္ခဏာမေးမြန်းလိုလျှင်
ဓာတ်ဆင်ဓာတ်ရိုက်နဲ့ယတြာအစီရင်များပြုလုပ်လိုလျှင်
လုပ်ငန်း/ဆိုင်/ကလေးလူကြီး အမည်ပေး/ရွေးလိုလျှင်
ဖေုဘုတ်မက်စင်ဂျာမှဖြစ်စေ ဘိုက်ဘာမှဖြစ်စေ
ဆက်သွယ်စုံစမ်းမေးမြန်းနိူင်ပါသည်။

❄️❄️❄️❄️❄️❄️❄️❄️❄️❄️❄️❄️❄️❄️❄️
==========================
အိမ်မက်အကြောင်း သိကောင်းစရာ
===================
အိမ်မက်ဟူသည်။
အိပ်မက်ကို လူတိုင်းမက်သည်။ သို့သော မိမိတို့ အိပ်မက်၏ကောင်းကျိုး ဆိုး ကျိုးကို ကြိုတင်၍ သတိမထားသည့်အတွက် အကျိုးခံစားသင့်သော အရာ များလွဲချော်သွားသည်လည်း ရှိပေသည်။ မကောင်းကျိုးကို မခံစားရမီ ကြိုတင်၍ နိမိတ်အနေအထားအားဖြင့် အိပ်မက်မြင်မက်သည်ဖြစ်လျက် မိမိတို့၏ အိပ်မက်ကို သတိမမူ၍ ဖြစ်စေ၊ အဓိပ္ပာယ်ကို နားမလည်၍ဖြစ်စေ အမှုမဲ့ အမှတ်မဲ့နေသည့်အတွက် ဒုက္ခမတွေ့သင့်လဲနှင့် တွေ့ရတတ်သည်။

ဓာတ်လေချောက်ချား၍ မြင်မက်ခြင်းသည်လည်း ရှိတတ်၏။ ထိုအိပ်မက်ကို အမှန်မယူနိုင်ပါ။အကယ်၍ ပုဗ္ဗနိမိတ်အဖြစ်ဖြင့် မြင်မက်သည်ဟု ယူဆမိလျှင် မိမိမြင်မက်သော အိပ်မက်၏ ကောင်းကျိုး ဆိုးပြစ်ကို ဝေဖန်တတ်သူကို ရှာ၍ ထိုသူအား ပြောပြရမည်။ သို့မဟုတ် အိပ်မက်ဆိုင်ရာ ကျမ်းစာအုပ် တို့ကို ဖတ်၍ ဝေဖန်ချက်ချပြီးလျှင် ကောင်းကျိုးပေးမည့်အိပ်မက်ဖြစ်က ပေး ရန် အချိန်ကာလကို စောင့်ဆိုင်းလျက်အထူး သတိနှင့် နေရမည်။ ဆိုးကျိုးေ ပးမည့် အိပ်မက်ဖြစ်က ထိုပေးလတ္တံ့သော အကျိုးကို မပေးရန် အဟောသိ ကံ ဖြစ်သွားအောင် ရတနာသုံးပါး၊ ဆရာသမား၊ ဘိုးဘွားမိဘတို့ကိုကိုးကွယ် ဆည်းကပ်၍ ယတြာများဆင်ရပေမည်။ ဤသို့ ညွှန်ပြအပ်သည့်အတိုင်း အိပ်မက်မြင်မက်တိုင်း ဂရုပြုရန် သတိရှိကြစေလိုသည်။ ဤသို့ ကျမ်း အစောင်စောင်တို့ အဆိုမတူညီကြ၊ သို့သော်လည်း အိပ်မက်မကောင်း ထင်မြင်လျက် မက်သည့်အချိန်အခါ နေ့၌ မက်သော အိပ်မက်ဖြစ်စေ 'ယတြာကောင်းက မင်းလောင်းပျော်က' ဆိုသကဲ့သို့ ဆေးရှစ်ပါးဖြင့် ခေါင်းေ ဆးခြင်းကိုလည်းကောင်း၊ ဘုရားပုထိုးရှိခိုးခြင်း၊ နံ့သာပန်းတို့ဖြင့် သက်စေ့ပူဇော်ခြင်း၊ တြိရန်း, စတုန်ရန်း, နံ့သင့်သစ်သား တို့ကို အောက် ခံပြု၍ ခေါင်းဆေးခြင်းကိုလည်းကောင်း ဤသို့ စသော လောက ဓမ္မယတြာ ကို ပြုခြင်းကြောင့် လွန်သည်မရှိ ကင်းပျောက်ကုန်၏။

အိပ်မက်၊ အ တိတ်၊ နိမိတ်၊ တဘောင်၊ စနည်း၊ ဂြိုလ်စာ သက်ရောက်အစရှိသည်တို့ကို မယုံ ကြည့်တတ်လျှင် မိစ္ဆာဒိဠိဖြစ်တတ်၏။ ထို့ကြောင့် "ငါ့အား အ,ကုသိုလ် ကံအကျိုးပေးလို၍ မကောင်းသောအိပ်မက် စသည်တို့ မြင်လာကုန်သည်။ ကုသိုလ်ကံအကျိုးပေးလို၍ ကောင်းသော အိပ်မက် စသည်တို့ မြင်လာ ကုန်သည်။ ဤသို့ ပုဗ္ဗနိမိတ်အဖြစ်ဖြင့် ကံကို အရင်းထား၍ ယုံကြည်ရ မည်"ဟု ပညာရှိတို့ မိန့်တော်မူကြ၏။ ထို့ကြောင့် အိပ်မက်များအားကံကို အရင်းထား၍ ယုံကြည်ကြပါလေ။


(အိပ်မက်ခြင်း ခြောက်ပါး)

၁။ မြင်ဖူးသည်ကို စွဲ၍မက်မူ အကျိုးအပြစ်ရှိ၏။
၂။ကြားဖူးသည်ကို စွဲ၍မက်မူ အကျိုးအပြစ်ရှိ၏။
၃။ ခံစားဖူးသည်ကို စွဲ၍မက်မူ အကျိုးအပြစ်ရှိ၏။
၄။ ကြုံဖူးသည်ကို စွဲ၍မက်မူ အကျိုးအပြစ်ရှိ၏။
၅။ ဖြစ်ဖူးသည်ကို စွဲ၍မက်မူ အကျိုးအပြစ်ရှိ၏။
၆။ ဓာတ်ချောက်ချား၍မက်မူ အကျိုးအပြစ်မရှိ။

အိပ်မက်အပြား လေးပါး

၁။ နတ်တို့ပြောကြား၍မက်မူ အကျိုးအပြစ်ရှိ၏။
၂။ ရှေ့ခံစား လေ့လာဖူး၍မက်မူ အကျိုးအပြစ်မရှိ။
၃။ ဓာတ်ချောက်ချား၍မက်မူ အကျိုးအပြစ်မရှိ။
၄။ အကျိုးပေးလတ္တံ့သော်ကြောင့်မက်မူ ဧကန္တ အကျိုးရှိ၏။

အိပ်မက်သော အခါသုံးပါး

၁။ ညဉ့်ဦးယံမက်မူ တစ်နှစ်အတွင်း အကျိုးအပြစ်ပေးအံ့။
၂။ သန်းခေါင်မက်မူ နှစ်နှစ်ခွဲအတွင်း အကျိုးအပြစ်ပေးအံ့။
၃။ မိုးသောက်မက်မူ တစ်လအတွင်း အကျိုးအပြစ်ပေးအံ့။

အိပ်မက်သော အခါလေးပါး

၁။ နေ့အခါမက်မူ မှန်မမှန် နှစ်ပါး။
၂။ ညဉ့်ဦးမက်မူ မှန်မမှန် နှစ်ပါး။
၃။ မိုးသောက်မက်မူ အမှန်။
၄။ အရုဏ်တက်မက်မူ အမှန်။

အိပ်မက်သော အခါငါးပါး
၁။ ညဉ့်ဦးယံမက်မူ တစ်နှစ်အတွင်း အကျိုးအပြစ်ပေးအံ့။
၂။ သန်းခေါင်မက်မူ နှစ်နှစ်အတွင်း အကျိုးအပြစ်ပေးအံ့။
၃။ မိုးသောက်မက်မူ တစ်နှစ်အတွင်း အကျိုးပေးအံ့။
၄။ နံနက်နေတက် မက်မူ ခုနစ်လအတွင်း အကျိုးပေးအံ့။
၅။ မွန်းတည့်မက်မူ ခုနစ်လအတွင် အကျိုးအပြစ်ပေးအံ့။

အိပ်မက်သော အခါလေးပါး

၁။ ညဉ့်ဦးမက်မူ တစ်နှစ်အတွင်း အကျိုးအပြစ်ပေးအံ့။
၂။ သန်းခေါင်ယံမက်မူ တစ်လခွဲအတွင်း အကျိုးအပြစ်ပေးအံ့။
၃။ သန်းလွဲမက်မူ ခုနစ်ရက်အတွင်း အကျိုးအပြစ်ပေးအံ့။
၄။ မိုးသောက်မက်မူ တစ်လအတွင်း အကျိုးအပြစ်ပေးအံ့။

အိပ်မက်သော အခါငါးပါး

၁။ နေ့အခါမက်မူ အကျိုးအပြစ်မပေး။
၂။ ပထမယံမက်မူ အကျိုးအပြစ်မပေး။
၃။ သန်းခေါင်ယံမက်မူ အကျိုးအပြစ်ပေးအံ့။
၄။ မိုးသောက်ယံမက်မူ အကျိုးအပြစ်ပေးအံ့။
၅။ အရုဏ်တက် မက်မူ အကျိုးအပြစ်ပေးအံ့။

အိပ်မက်သော အခါငါးပါး

၁။ ပထမယံမက်မူ တစ်နှစ်အတွင်း အကျိုးပေးအံ့။
၂။ ဒုတိယံမက်မူ ခြောက်လအတွင်း အကျိုးအပြစ်ပေးအံ့။
၃။ တတိယံမက်မူ သုံးလအတွင်း အကျိုးအပြစ်ပေးအံ့။
၄။ စတုတ္ထယံမက်မူ ဆယ်ရက်အတွင်း အကျိုးအပြစ်ပေးအံ့။
၅။ အရုဏ်တက် မက်မူ ဆယ်ရက်အတွင်း အကျိုးအပြစ်ပေးအံ့။

အိပ်မက်သော နေ့များ

၁။ တနင်္ဂနွေမက်မူ မယားအတွက် မက်သည်။
၂။ တနင်္လာနေ့မက်မူ ဆွေမျိုးအတွက် မက်သည်။
၃။ အင်္ဂါနေ့မက်မူ မိဘ၊ ဆရာသမားအတွက် မက်သည်။
၄။ ဗုဒ္ဓဟူးနေ့မက်မူ သားသမီးအတွက် မက်သည်။
၅။ ကြာသပတေးနေ့မက်မူ အဆွေခင်ပွန်းအတွက် မက်သည်။
၆။ သောကြာနေ့မက်မူ ကျွန်၊ ကျွဲ၊ နွားအတွက် မက်သည်။
၇။ စနေနေ့မက်မူ ကိုယ့်အတွက် မက်သည်။

အိပ်မက်မကောင်း ပျောက်အောင် ကုနည်း

အိပ်မက်ကောင်းသည် ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ နံနက်အခါ မြော်
မြင်တတ်သူထံ ပြန်ကြားရာ၏။ အိပ်မက်ကောင်းမူဘုရားကို မီးပူဇော်၍ အိပ်
မက်ကို ရွေးရာ၏။ အသက်ရှည်၍ ဘုန်းကြီးပြီး စည်းစိမ်ဥစ္စာနှင့် ပြည့်စုံလိုပါ၏ဟု
ဆုတောင်းရာ၏။
အိပ်မက်ကောင်းမက်မူ ဆရာသမားတို့ကို ပူဇော်၍ ပြန်ကြားရာ၏။
မကောင်းမက်မူ ထမင်းတစ်ဆုပ်၊ ရေတစ်မှုတ်နှင့် သစ်ငုတ်တိုတွင် တင်ခဲ့၍
ကောင်းသောအရသာ တစ်ပါးပါးစား၍ ပြန်ရာ၏။
အိပ်မက်မကောင်းသော သူသည် ပရိတ်တော်ရေ ခံ၍ ခေါင်းဆေး
ရာ၏။ သစ်ငုတ်၊ ရေချမ်း၊ ထီး၊ တံခွန်၊ ပန်းတို့ဖြင့် ဘုရားပုထိုးကို ပူဇော်ရာ၏။
ဗောဓိညောင်ကို ထောက်ရာ၏။

အိပ်မက်မကောင်းလျှင် ယတြာပြုခြင်း

အင်္ကုရ ရသေ့ တိတံ္ထုကျမ်း၌ မကောင်းသောအိပ်မက်တို့ကို မြင်မက်ခဲ့
လျှင် ရတနာသုံးပါး မိဘ, ဆရာသမားတို့အား ပူဇော်ကန်တော့ခြင်း၊ ဥပုသ်သီလ
ဆောက်တည်ခြင်းတို့ကို ပြုလျှင်မကောင်းကျိုးပျောက်၍ ကောင်းကျိုးရောက်ရာ၏။ ဆိုခဲ့ပါသည်။

==========================
♨ ♨" က" မှ " အ " ထိ

[ က ] နှင့်ပက်သက်သော အိပ်မက်များ♨ ♨
•••••••••••••••••••••

၁။ ကြာမျိုးငါးပါးအနံ့ကို ရှုရသည်ဟု မြင်မက်မူ တည်ကြည့်စွာ ဂုဏ်သတင်းကျော်စောရအံ့။
၂။ ကြာညိုပန်းကို ပန်ရသည်ဟု မြင်မက်မူု မယားကောင်းရအံ့။
၃။ ကြာသွတ်အိုးနှင့် ရေချိုးရသည်ဟု မြင်မက်မူ သူတစ်ပါးတို့၏မှီခိုရာ ဖြစ်အံ့။ ကြာသွတ်အိုးမြင်မက်မူ စည်းစိမ်များအံ့။
၄။ ကြာပန်းစသည်မြင်မက်မူ ဖျားနာအံ့။
၅။ ကျွဲစီးရသည်ဟု မြင်မက်မူ ကျေးကျွန်ရအံ့။
၆။ ကျွဲ၊ နွား၊ ဝက်၊ မြေခွေး၊ လင်းတ တိရစ္ဆာန်တို့ကို မြင်မက်မူ ဥပါဒ်ရောက်အံ့။
၇။ ကျွဲ၊ နွား၊ ဝက်၊ ဆင်၊ မြင်းတို့အား ကောင်းသော အခြင်းအရာဖြင့် မြင်မက်မူ နတ်စိမ်းတို့ နှစ်သက်အံ့။
၈။ ကျွဲခတ်သည်ဟု မြင်မက်မူ ရန်ြကီးစွာ တွေ့ရအံ့။
၉။ ကျွဲထွက်ပြေးသည်ဟု မြင်မက်မူ ရန်သူ၊ ကျွန်အမှုလုပ်တို့ ပြေးအံ့။
၁၀။ ကျင်ကြီးစွန့်သည်ဟု မြင်မက်မူ ဥစ္စာလျှောအံ့။
၁၁။ ကျင်ငယ်စွန့်ရသည်ဟု မြင်မက်မူ ဂုဏ်သရေလျှောအံ့။
၁၂။ ကိုယ်ပေါ်သို့ လောက်တက်သည်ဟု မြင်မက်မူ ဥစ္စာရအံ့။ ကျေးကျွန်၊ ကျွဲ၊ နွားသော် ရအံ့။
၁၃။ ကိုယ်ခန္ဓာပုပ်သည်ဟု မြင်မက်မူ တန်ခိုးကြီးအံ့။
၁၄။ ကိုယ်မှာ အကြောင်အကြားရှိသည်ဟု မြင်မက်မူ မယားကောင်းရအံ့။ ကိုယ်အမွေးရှည်သည်ကို မက်မူ လာဘ်ကြီးရအံ့။ ကိုယ်ယောင်တောက်ပသည်ဟု မြင်မက်မူ တန်ခိုးကြီးအံ့။
၁၅။ ကောင်သော အခြင်းအရာဖြင့် မြွေကို မြင်မက်မူ ပြိတ္တာ၊ သရဲ၊ သဘက်တို့ ကျေးဇူးပြုအံ့။ ကောင်းသော အခြင်းအရာဖြင့် လင်းတကို မြင်မက်မူ ဇော်ဂနီနတ်ချစ်ရအံ့။
၁၆။ ကောင်းကင်၌ တည်ရှိသော ပြာသာဒ်တို့တက်၍ ကာမဂုဏ်ခံစားရသည်ဟု မြင်မက်မူ အကြီးအမှူးဖြစ်ရအံ့။
၁၇။ ကောင်းကင်ပျံတက် တံခွန်လွှားမြင်မက်မူ ထင်ရှားရအံ့။
၁၈။ ကျောက်ဖျာအိမ်မိုးမြင်မက်မူ အများသခင်ဖြစ်ရအံ့။
၁၉။ ကျော်ဖျာထက်နေရသည်ဟု မြင်မက်မူ အလွန်ကောင်းအံ့။
၂၀။ ကျောက်ဖျာ်ကို မျိုရသည်ဟု မြင်မက်မူ ကျေးဇူးသတင်း ပျံ့နှံ့ခြင်းဖြစ်အံ့။
၂၁။ ကြက်ချင်းခွပ်သည်ဟု မြင်မက်မူ တရားတွေ့ရအံ့။
၂၂။ ကြက်၊ ငှက်တို့၏အတောင်များကို စားရသည်ဟု မြင်မက်မူ ချမ်းသာရအံ့။
၂၃။ ကခုန်မြူးတူးရသည်ဟု မြင်မက်မူ မကောင်း။
၂၄။ ကျားစွယ်၊ မိကျောင်းစွယ်ကို ရင်ခွင်ပိုက်ရသည်ဟု မြင်မက်မူ အများတက် ထူးချွန်သူ ဖြစ်ရ၏။
၂၅။ ကျားကို မြင်မက်မူ မကောင်း။
၂၆။ ကုန်းကိုတက်ပြီးမှ ကျင်းသို့ဆင်း၍ ခေါင်းဆေးရသည်ဟု မြင်မက်မူ ဘုန်တန်းခိုးကြီးအံ့။
၂၇။ ကြွယ်ဝသောသူကို မြင်မက်မူ ကောင်းကျိုးရောက်အံ့။
၂၈။ ကျက်ပြီးသား လူသားကိုလည်းကောင်း၊ လူ၏လက်ရုံးသားကိုလည်းကောင်း စားရသည်ဟု မြင်မက်မူ ထီပေါက်အံ့။
၂၉။ ကွန်းစင်အခေါင် တက်ရသည်ဟု မြင်မက်မူ အကြီးအကဲ ဖြစ်အံ့။
၃၀။ ကွမ်းရွက်၊ သစ်ရွက် စားရသည်ဟု မြင်မက်မူ ပုဆိုးကောင်း၊ အဝတ်ကောင်းရအံ့။

[ ခ ] နှင့် ပက်သက်သော အိပ်မက်များ

၁။ ခရုသင်းကို မြင်မက်မူ ဘေးဥပါဒ်ပျောက်ကင်းအံ့။
၂။ ခရုသင်းပေးလာသည်ကို မြင်မက်မူ အကျင့်မြတ်သူ သန္ဓေတည်အံ့။ ခရုသင်းမှုတ်ရသည်ဟု မြင်မက်မူ စည်းစိမ်တိုးအံ့။
၃။ ခွေးကိုက်သည်ဟု မြင်မက်မူ အမှောင့်ပယောဂ ကိုယ်သို့ကပ်အံ့။
၄။ ခေါင်းဖြီးသည်ဟု မြင်မက်မူ မိဘတို့ အကျော်အစောရှိအံ့။ ဘေးပျောက်အံ့။
၅။ ခံတွင်းသို့ မကောင်းသောအနံ့ဝင်သည်ဟု မြင်မက်မူ သီချင်းကျက်မှတ်ရအံ့။ ခံတွင်းက အနံ့မကောင်းထွက်သည်ဟု မြင်မက်မူ ယုတ်မာသော စကားကို ဆိုရအံ့။ ခံတွင်းက ကောင်းသောအနံ့ ထွက်သည်ဟု မြင်မက်မူ ကောင်းသော စကားကို ဆိုရအံ့။
၆။ ခံတွင်းသို့ မွှေးကြိုင်သော ရနံ့ ဝင်သည်ဟု မြင်မက်မူ လောကုတ္တရာ ကျမ်းစာကျက်မှတ်ရအံ့။ ခံတွင်းက အပုပ်နံ့ထွက်သည်ဟု မြင်မက်မူ ယုတ်မာသော စကားကို ဆိုရအံ့။
၇။ ခံတွင်းဖြင့် လက်နက်ကို ယူရသည် မြင်မက်မူ ချမ်းသာကြွယ်ဝအံ့။
၈။ ခြေလက်တိုသည်ဟု မြင်မက်မူ ဘုန်းကြီးအံ့။
၉။ ခြေသည်းလက်သည်းတို့ကို လှီးရသည်ဟု မြင်မက်မူ အကြီးအကဲ ဖြစ်အံ့။ အထက်လူကြီးများ ချစ်ခင်အံ့။
၁၀။ ခြေသည်းလက်သည်းတို့ကို ရေတွက်ရသည်ဟု မြင်မက်မူ အသက်ရှည်အံ့။
၁၁။ ခြင်္သေ့ကို စီးသွားသည် မြင်မက်မူ စီးသး ကြီးပွားချမ်းသာအံ့။ ခင်ပုပ်ငှက်သံကို ကြားရသည်မြင်မက်မူ အနာဖျားသင့်အံ့။
၁၂။ ခရီးသွားရသည်ဟု မြင်မက်မူ အကြံမြောက်အံ့။
၁၃။ ခိုးသူတို့ အရပ်လေးမျက်နှာမှ လာသည်ကို ဖမ်းမိသည်ဟု မြင်မက်မူ ချမ်းသာအံ့။
၁၄။ ချွေးထွက်၊ သွေးထွက်သည်ကို မြင်မက်မူ ဘနုးကြီးအံ့။
၁၅။ ချွန်းတောင်းလက်ဆွဲရသည်ဟု မြင်မက်မူ အကြီးအကဲဖြစ်အံ့။
၁၆။ ချောင်းအကြည်၊ ကန်အကြည်ကို မြင်မက်မူ ဝန်ထမ်းဖြစ်အံ့။
၁၇။ ချိုးသား၊ ကြက်သားကို စားရသည်ဟု မြင်မက်မူ လာဘ်ရအံ့။
၁၈။ ခုံညင်းကစားရသည်ဟု မြင်မက်မူ အကြီးအကဲ ဖြစ်အံ့။
၁၉။ ခြူ၊ ဆည်းလည်းလှုပ်သည်ဟု မြင်မက်မူ မကောင်း။
၂၀။ ခင်ပုပ်ငှက်မြည်သံကို ကြားရသည် မြင်မက်မူ အနာကြီး သင့်ရာ၏။
[ ဂ ] နှင့်ပက်သက်သော အ်ိပ်မက်များ

၁။ ဂူလိုဏ်ကိုလည်းကောင်း၊ တံတိုင်းကိုလည်းကောင်း ပြုလုပ်ရသည် မြင်မက်မူ ချမ်းသာသုခကိုရ၍ ဘေးရန်မရှိတည်မြဲအံ့။
၂။ ဂူ(သင်္ချိုင်း)ကို မြင်မက်မူ အမွေရအံ့၊ ထီပေါက်အံ့။
၃။ ဂျုံစားရသည်ကို မြင်မက်မူ လုံခြုံအံ့၊ အသက်ရှည်အံ့။
၄။ ဂဏာန်းသချာင်္ များ အပေါင်းရသည်၊ မြှောက်ရသည် မြင်မက်မူ ဝင်ငွေတိုးအံ့၊ စိတ်ချမ်းသာအံ့။
၅။ ဂမုန်းပင်ကို မြင်မက်မူ အကြီးအကျယ်စီးပွားဖြစ်အံ့။( စီးပွားဂမုန်း) မီးကွင်းဂမုန်းဖြစ်လျှင် ပူပင်သောက ကင်းဝေးအံ့။
၆။ ဂုန်လျှော်ပင်များ စိုက်ရသည်ဟု မြင်မက်မူ သာယာသော အိမ်ထောင်ရေး ဖန်တီးရအံ့။
၇။ ဂေါ်မုတ်ကျောက်ကို မြင်မက်မူ အေးချမ်းသာယာအံ့။
၈။ ဂေါက်သီးကစားရသည်ကို မြင်မက်မူ လိုအင်ဆန္ဒပြည့်စုံအံ့။
၉။ ဂျုံခင်းထဲ၌ သွားရသည်မြင်မက်မူ မြင့်မြတ်သော သူနှင့် လက်ထပ်ရအံ့၊ ချမ်းသာရန် နီးကပ်အံ့။

[ င ] နှင့်ပက်သက်သော အိပ်မက်များ

၁။ ငှက်ပျောပင်ကို မြင်မက်မူ ရွာအရပ်ပြောင်းရအံ့။
၂။ ငှက်ပျောပင်းကို စိုက်ရသည်ဟု မြင်မက်မူ ရာထူးကြီးရအံ့။
၃။ ငှက်တော်ကို ဖမ်းမိသည်ဟု မြင်မက်မူ ပညာရှိဖြစ်အံ့။
၄။ ငရုတ်သီးကို စားရသည်ဟု မြင်မက်မူ ရာထူးတိုးတက်အံ့။
၅။ ငရုတ်၊ ချင်းစားရသည်ကို မြင်မက်မူ သူတကာတို့၏ ဆရာဖြစ်အံ့။
၆။ ငိုကြွေးရသည်ဟု မြင်မက်မူ လာဘ်ရအံ့။

[ စ ] နှင့် ပက်သက်သော အိပ်မက်များ

၁။ စင်ကြယ်သော ကလေးသူငယ်ကိုလည်းကောင်း၊ မီးရဲရဲကိုလည်းကောင်း၊ ခြသေ့င်္ကိုလည်းကောင်း၊ နန်းပြဿဒ်ကို လည်းကောင်း၊ နတ်ကိုလည်းကောင်း၊ ပုဏ္စားကိုလည်းကောင်း၊ မြင်မက်မူ ချမ်းသာသုခကြီးအံ့။
၂။ စင်ကြယ်သောနွားကို မြင်မက်မူ ကောင်းကျိုးဖြစ်အံ့။
၃။ စောင်းတီးရသည်ဟု မြင်မက်မူ စည်းစိမ်တိုးအံ့။
၄။ စောင်းမှတပါး အခြားတူရိယာတို့ကို တီးရသည်၊ သီချင်းဆိုရသည်ဟု မြင်မက်မူ မကောင်း။
၅။ စပါးကိုမြင်မက်မူ စကားဟောင်း ပေါ်အံ့။
၆။ စစ်သည်အများ လာသည်ကို မြင်မက်မူ အနာရောဂါ ဖြစ်အံ့။ စစ်ဗိုလ်ပါကို မြင်မက်မူ ချမ်းသာသုခတိုးအံ့။
၇။ စည်၊ ကြေးနန်း၊ မောင်း၊ ခွက်ခွင်း၊ ပက်သာ၊ နရည်၊ ခေါင်းလောင်း စသော အသံကို ကြားရသည်ဟု မြင်မက်မူ ဘုန်းကျက်သရေတိုးအံ့။
၈။ စားကြူးရသည်ဟု မြင်မက်မူ ဥစ္စာရွှေငွေလျော့အံ့၊ ဖျားနာအံ့၊ စိုးရိမ်ကြောင့်ကြမြင်မက်မူ ဆိုလေရာကောင်းအံ့။

[ ဆ ] နှင့်ပက်သက်သော အိပ်မက်များ
===========================

၁။ ဆင်၊ မြင်း၊ ဗိုလ်ပါကို မြင်မက်မူ စိတ်ချမ်းသာအံ့။
၂။ ဆင်ပေါက် မြင်မက်မူ သူတစ်ပါးကိုးကွယ်ရာ ဖြစ်အံ့။
၃။ ဆင်၊ မြင်း၊ နွားတို့ကို မြင်မက်မူ ကောင်းစားအဲ့။
၄။ ဆင်ဖြူချွန်းတင် မြင်မက်မူ သူကောင်းပြုခံရအံ့။
၅။ ဆင်စွယ်နှစ်ချောင်းဆွဲရသည်ကို မြင်မက်မူ ထင်ရှားကျော်စောအံ့။
၆။ ဆင်ဖြူစီး၍ကောင်းကင်သို့တက်ရာ နေလနှစ်ပါးကျလာ၍ ခြေဖဝါးအပြင်ကပ်လျက်တည်သည်ဟု မြင်မက်မူ တန်ခိုးကြီးအံ့။
၇။ ဆံပင်ရှည်ကို မြင်မက်မူ တန်ခိုးကြီးအံ့။
၈။ ဆံပင်ရှည်ကိုမြင်မက်မူ အကျင့်ကောင်း၍ အကြီးအကဲ ဖြစ်အ့့ံ့။
၉။ ဆံပင်ဖြေရသည်ကို မြင်မကမူ မကောင်း။
၁၀။ ဆား၊ ဆီ၌ ထိုင်ရသည်ကို မြင်မက်မူ သူတစ်ပါးတို့ ကိုးကွယ်ရာ ဖြစ်အံ့။
၁၁။ ဆားလျက်ရသည်ဟု မြင်မက်မူ သူတစ်ပါးတို့ ကိုးကွယ်ရာ ဖြစ်အံ့။
၁၂။ ဆင်းတုရုပ်ပွား တရားဟောသည်ကို ကြားရမက်မူ ကျော်စောအံ့။ ဆိတ်ဆိတ်နေသည်ကို မြင်မက်မူ သေအံ့။
၁၃။ ဆူးစူးသည်ဟု မြင်မက်မူ ရန်တွေ့အံ့။

[ ဇ ] နှင့် ပက်သက်သော အိပ်မက်များ
===========================

၁။ ဇာထိုးရသည်ကို မြင်မက်မူ အချစ်တိုးအံ့၊ အကြံအောင်အံ့။
၂။ ဇာကနာနှင့် အသုံးပြုသည် မြင်မက်မူ အဆွေခင်ပွန်းကောင်းရအံ့။
၃။ ဇာတာလုပ်ရသည်ကို မက်မူ မိမိအတွက် အထူးအကျိုးပေးအံ့။
၄။ ဇီးကွက်ကို နေ့အခါမြင်မက်မူ လာဘ်ကြီးရအံ့၊ ပျော်ရွှင်ရအ့့။
၅။ ဇီးကွက်အော်သံကြားရသည် မြင်မက်မူ အတင်းပြောသူတို့ တိတ်ဆိတ်အံ့၊ ကောင်းမွန်သော နည်းလမ်းများ ရအံ့၊ အလုပ်အကိုင်ကြံပေးသူများပေါအ့ံ့။
၆။ ဇရပ်ဆောက်လုပ်ရသည်မြင်မက်မူ ရပ်ရေးရွားရေးကိစ္စများ၌ အထူးကူညီရအံ့၊ ငွေရလွယ်အံ့။
၇။ ဇောဂျီကို မြင်မက်မူ ကျမ်းမာအံ့၊ ဆေးကောင်းတွေ့အံ့၊ ထင်ပေါ်ကျော်စောအံ့။
၈။ ဇော်က က ရသည်ကို မက်မူ အချစ်ရေး စိတ်ကူး အောင်မြင်အံ့။
၉။ ဇွဲ၊ ဝီရိယစိုက်၍ အလုပ်လုပ်ရသည်မြင်မက်မူ မနာလိုသူတို့ တီးတိုးစကားပြောအံ့၊ အလုပ်ကောင်းအံ့။

[ ဈ ] နှင့်ပက်သက်သော အိပ်မက်များ
===========================

၁။ ဈေးဆိုင်များစွာ မြင်မက်မူ အမြတ်အစွန်းများရအံ့။
၂။ ဈေးဝယ်နေသည် မြင်မက်မူ ကံကောင်းအံ့။
၃။ ဈေးသည် မိမိအိမ်သို့ ခေါ်သည် မြင်မက်မူ ဝင်ငွေတိုးကာ လာဘ်ကောင်းအံ့၊ စိတ်ပျော်ရွှင်ရအံ့။
၄။ ဈန်ရသည် မြင်မက်မူ အရောင်းအဝယ်ကောင်းအံ့။
၅။ ဈာန်ပျံရသည့်လူများကို မြင်မက်မူ အကြီးအကဲဖြစ်အံ့၊ အောင်မြင်အံ့။
၆။ ဈာန်ရသော ဘုန်းတော်ကြီးကို မြင်မက်မူ အထူကဲကောင်းအံ့၊ မျက်နှာပွင့်အံ့။
၇။ ဈာန်ပျံရထား စီးရသည် မြင်မက်မူ အကြီးအကဲဖြစ်အံ့၊ ထင်ပေါ် ကျော်စောအံ့။

[ ည ] နှင့်ပက်သက်သော အိပ်မက်များ
===========================

၁။ ညမှောင်ပြီး အလင်းရောင်ပေါ်သည် မြင်မက်မူ ကံကောင်းချိန်ရောက်ပြီဟု မှတ်ယူပါ။
၂။ ညစာစားရသည်ကို မြင်မက်မူ အိမ်တွငးရေး အေးအံ့၊ ချစ်သူ ခင်သူ ပေါများအံ့။
၃။ ညဉ့်ငှက်သံ သာယာစွာ ကြားရသည် မက်မူ ချမ်းသာ သုခ ဖြစ်အံ့၊ မိမိလိုမင်အန္ဒပြည့်အံ့။
၄။ ညီညာစွာ စွမ်းဆောင်ရသည်မြင်မက်မူ အထင်ကြီးခြင်းခံရအံံ့၊ ပူဇော်ခံရအံ့။
၅။ ညီအစ်ကို မောင်နှမများကို မြင်မက်မူ ကျန်းမာအံ့၊ ရောဂါ အနာကင်းအံ့။
၆။ ညောင်ရေအိုး မြင်မက်မူ မုချလက်ထက်ရအံ့၊ ပျားရည်ဆမ်း ချစ်ခရီးထွက်ရအံ့။
၇။ ညောင်ပင်ကို မြင်မက်မူ အသက်ရှည်အံ့၊ ဥစ္စာ ပစ္စည်း တိုးတက်အံ့။
၈။ ညောင်ရွက်ကို မြင်မက်မူ သူတော်ကောင်းများက စောင့်ရှောက်အံ့၊ အလွန်ကံကောင်းအံ့။
၉။ ညောင်ရွက်အိမ် ဦးခန်းကျသည်ကို မြင်မက်မူ ရွှေဆင်းတုတော်ရရှိအံ့၊ ဘုရားကိုးဆူပင့်ရအံ့
၁၀။ ညည်းညူသံကြားရသည် မြင်မက်မူ ချီးမွမ်းခံရအံ့၊ ရန်သူများ ဒုက္ခရောက်အံ့။

[ တ ] နှင့် ပက်သက်သော အိပ်မက်များ
===========================

၁။ တောင်ပို့တက် ခေါင်းဖြီးရသည်ဟု မြင်မက်မူ သူတစ်ပါး တို့၏ ကိုးကွယ်ရာဖြစ်အံ့့။
၂။ တောင်ထိပ်၌ နေရသည်ဟု မြင်မက်မူ ပြည်သူ့ဝန်ထမ်း အကြီးအကဲ ဖြစ်အံ့။
၃။ တောင်အရပ်သို့ သွားရသည်ဟု မြင်မက်မူ ရောဂါရအံ့။
၄။ တောင်ကလပ်တက်နေသည်ဟု မြင်မက်မူ လက်ရှိ ရာထူးထက် မြင့်သောအဆင့်ကို ရအံ့။
၅။ တောင်ဖျားတက်ရသည်ဟု မြင်မက်မူ လာဘ်ကြီးရအံ့။
၆။ တံခွန်လှူရသည်ဟု မြင်မက်မူ ထင်ရှားအံ့။
၇။ တံခွန်လွှားရသည်ဟု မြင်မက်မူ အကြီးအကဲဖြစ်အံ့။
၈။ တံတားပေါ်လျှောက်ရသည်ဟူ မြင်မက်မူ သောက ရှိလျက် အလိုပြည့်အံ့။
၉။ တန်ဆာဆင်ရသည်ဟု မြင်မက်မူ သူတစ်ပါး ရှိခိုးခံရအံ့။
၁၀။ တန်ဆောင်းညိုဟု မြင်မက်မူ စာတတ်အံ့၊ ထင်ရှားအံ့။
၁၁။ တူရီယာ အမျိုးမျိုးတွင် စောင်းမှတစ်ပါး အခြားတူရိယာတို့ကို တီးရသည်ဟု မြင်မက်မူ မကောင်း။
၁၂။ တလားမှာ ဝင်သည်ကို မြင်မက်မူ သေအံ့။

[ ထ ] နှင့် ပက်သက်သော အိပ်မက်များ
===========================

၁။ ထောပတ်၊ ပျားရည်တို့ကို နှစ်နှစ်သက်သက် မြင်မက်မူ ချမ်းသာအံ့။
၂။ ထောပတ်၊ နို့ စသည်တို့ကို ရွံရှာဖွယ်မြင်မက်မူ ဘီလူးဘေး၊ ငတ်မွတ်ဘေူး၊ နာဖျားသောဘေး တွေ့အံ့။
၃။ ထမ်းစင် သံလျှင်စီးရသည် မြင်မက်မူ လာဘ်ရအံ့။
၄။ ထမ်းစင်ထက် ကျီးနားသည်ဟု မြင်မက်မူ နာဖျား ပျက်စီးအံ့။
၅။ ထမင်းစားရသည်ဟု မြင်မက်မူ လာဘ်ရအံ့၊ ကြောင့်ကြရအံ့။
၆။ ထမင်းနှင့်တကွ သပိတ်လွယ်ရသည်ဟု မြင်မက်မူ လာဘ်ရအံ့။
၇။ ထီးဆောင်းရသည်ဟု မြင်မက်မူ စိတ်အေးမြအံ့။
၈။ ထိတ်လန့်သည်ဟု မြင်မက်မူ မကောင်း။
၉။ ထင်းပုံပြိုကျသည်ဟု မြင်မက်မူ မကောင်း။

[ ဒ ] နှင့် ပက်သက်သော အိပ်မက်များ
===========================

၁။ ဒွန်းစဏ္ဍားအထက်က နေရသည်ဟု မြင်မက်မူ မကောင်း။
၂။ ဒါနပြုရသည်ဟု မြင်မကမူ ရာထူးတိုးအံ့၊ စန်းပွင့်အံ့၊ စကားကောင်းပြောအံ့။
၃။ ဒုံးလှေကို မြင်မက်မူ စိတ်ပျော်ရွှင်အံ့။
၄။ ဒေလီယာပန်းပွင့်ကြီးကို မြင်မက်မူ အခြွေအရံ အသင်းအပင်းများပေါများအံ့။
၅။ ဒေလီယာပန်းကြီး ပန်ရသည်ဟု မြင်မက်မူ မုချလက်ထပ်ရအံ့။ စိတ်လွတ်ကိုယ်လွတ် ပျော်ရအံ့။
၆။ ဒန်အိုး၊ ဒန်ခွက်များကို မြင်မက်မူ အိမ်တွင်းသုခ ရအံ့။
၇။ ဒယ်အိုးကို မြင်မက်မူ စိတ်ချမ်းသာရအံ့။
၈။ ဒေါင်းမွေးမြူရသည်ဟု မြင်မက်မူ အိမ်ကျက်သရေတိုးအံ့။

[ ဓ ]နှင့် ပက်သက်သော အိပ်မက်များ
===========================

၁။ ဓာတ်တော်ရသည်ဟု မြင်မက်မူ ကျက်သရေတက်အံ့။
၂။ ဓာတ်လုံးနှင့် ပေါက်ရသည်၊ ပစ်ရသည်ဟု မြင်မက်မူ ရန်သူအပေါင်းကို အလွယ်တကူ နိုင်အ့ံ့။
၃။ ဓားသွေးကျောက်ကို မြင်မက်မူ အကြံအစည်များရှိနေအံ့။
၄။ ဓား၊ လှံအရောင်တောက်သည်ဟု မက်မူ ဘုန်းတန်းခိုးကြီးအံ့။
၅။ ဓား၊ လှံ စွဲကိုင်ရသည်ဟု မြင်မက်မူ အသက်ရှည်အံ့။
၆။ ဓား၊ လှံ အရောင်တောက်သည်ကို မြင်မက်မူ ဘုန်းတန်ခိုး ကြီးအံ့။
၇။ ဓား၊ လှံ ကိုင်ရသည် မြင်မက်မူ အသက်ရှည်အံ့။
၈။ ဓူဝံကြယ်ကို မြင်မက်မူ အကြံအောင်အံ့။

[ န ]နှင့် ပက်သက်သော အိပ်မက်များ
===========================

၁။ နို့အမျိုးမျိုးကို သောက်သည်ဟု မြင်မက်မူ သူတစ်ပါး ပညာပေးအံ့။
၂။ နို့ညှစ်ရသည်ဟု မြင်မက်မူ ကြွယ်ဝအံ့။
၃။ နို့ကို ရွှေခွက်နှင့် ထည့်၍ သောက်ရသည်ဟု မြင်မက်မူ လာဘ်ရအံ့။ နွားနို့သောက်ရသည်ဟု မြင်မက်မူ သူတစ်ပါးတို့ထက် ကျော်စောအံ့။
၄။ နွားမ, ဖမ်းရသည်ဟု မြင်မက်မူ သူကြီးဖြစ်အံ့။
၅။ နွားရသည်ဟု မြင်မက်မူ ပစ္စည်းဥစ္စာတိုးအံ့။
၆။ နွားစီးရသည်ဟု မြင်မက်မူ ချမ်းသာအံ့။
၇။ နွားကျောင်းရသည်ဟု မြင်မက်မူ အကြီးအကဲဖြစ်အံ့။
၈။ နွားချေးရေချိုးရသည်ဟု မြင်မက်မူ လာဘ်ရအံ့။
၉။ နတ်ရုပ်၊ ဗိဿနိုးရုပ်ကို မြင်မက်မူ အဆွေခင်ပွန်းကောင်းရအံ့။
၁၀။ နတ်ဆေးလိမ်းကျံမြင်မက်မူ ဥစ္စာရအံ့။
၁၁။ နတ်တို့ စကားပြောသည်ဟု မြင်မက်မူ တုန်လှုပ်ပျက်စီးအံ့။
၁၂။ နေဗိမာန်သည် ကြယ်အပေါင်းခြံရံချက် မြေမှ ကောင်းကင်သို့ ပျံတက်သည်ဟု မြင်မက်မူ ဘုန်းကံသေးငယ်သူတို့ အတုမရှိ ဘုန်းကြီးအံ့။
၁၃။ နေ လ ကြတ်သည်ဟု မြင်မက်မူ ဘုန်းကျက်သရေ တိုးအံ့။
၁၄။ နေ လတို့ မွန်းတည့်သည်ဟု မြင်မက်မူ ကြီးစွာသော ချမ်းသာသုခကို ရအံ့။ အမျိုး(၇)ဆက်တိုင် မပျက်နိုင်သော စည်းစိမ်ကို ရအံ့။
၁၅။ နေ လတို့ကို ရင်ခွင်ပိုက်ရသည်ဟု မြင်မက်မူ ဘုန်းကြီးသော သားကို ရအံ့။ နေအိမ်၊ လအိမ်ဖွဲ့၍ ဝမ်းတွင်းဝင်သည်ဟု မြင်မက်မူ ကောင်းစားအံ့။
၁၆။ နေ လ ကြယ်တို့ကို မြင်ရသည်ဟု မြင်မက်မူ သူတစ်ပါးတို့ထက် မြင့်မားသော ရာထူးရှိသူ ဖြစ်အံ့။
၁၇။ နေသည် အရှေ့က ထွက်၍ အနောက်သို့ ဝင်သည်ဟု မြင်မက်မူ ကမ္ဘာတွင် ထင်ရှားသော ပုဂ္ဂိုလ်ပေါ်ပေါက်အံ့။
၁၈။ နေ လတိုိ့ကို ဖက်ရသည်ဟု မြင်မက်မူ ကြွယ်ဝချမ်းသာအံ့။
၁၉။ နေသည် ဝမ်းတွင်းသို့ ဝင်ရောက်သည်ဟု မြင်မက်မူ သားကောင်းဖွားအံ့။
၂၀။ နေကြာပန်းပန်၍ ပတ်စည်တီးရသည်ဟု မြင်မက်မူ မင်းဆရာဖြစ်အံ့။
၂၁။ နားတွင်းသို့ မစင်ရည်ဝင်သည်ဟု မြင်မက်မူ လာဘ်ရအံ့။
၂၂။ နားပင်းသည်ဟု မြင်မက်မူ သူတစ်ပါး အတင်းပြောအံ့။
၂၃။ နားတွင်းသို့ ဆီသန့်သန့်ဝင်သည်ဟု မြင်မက်မူ နှစ်သက်ဖွယ်ရာ စကားကို ကြားရအံ့။
၂၄။ နှာခေါင်းသွေးယိုထွက်သည်ဟု မြင်မက်မူ သူတစ်ပါးတို့ မှီခိုရာဖြစ်အံ့။
၂၅။ နှာခေါင်းလှီးမြင်မက်မူ စည်းစိမ်တိုးပွားအံ့။
၂၆။ နှာခေါင်းပဲ့သည်ဟု မြင်မက်မူ စီးပွားဥစ္စာလျှောအံ့။
၂၇။ နှာခေါင်းတွင်းသို့ မကောင်းသော အနံ့ဝင်သည်ဟု မြင်မက်မူ မကောင်းသော အကြံကို ကြံရအံ့။
၂၈။ နှာခေါင်းတွင်းသို့ ကောင်းသော အနံ့ဝင်သည်ဟု မြင်မက်မူ ကောင်းသော အကြံကို ကြံရအံ့။
၂၉။ နှလုံးသား အပြင်ထွက်သည်ဟု မြင်မက်မူ သားသမီး အရပ်တပါးသို့ ပြောင်းအံ့။
၃၀။ နဂါးကို ဖမ်းမိသည်ဟု မြင်မက်မူ ရန်ပျောက်အံ့။
၃၁။ နှမ်းဆီကို သောက်ရသည်ဟု မြင်မက်မူ စိုးရိမ်သောက ကင်းအံ့။
၃၂။ နနွင်း၊ စန္ဒကူးလိမ်းကျံရသည်ဟု မြင်မက်မူ ဖျားနာအံ့။
၃၃။ နန်းတော်အိမ်ကို မီးလောင်သည်ဟု မြင်မက်မူ ရန်အောင်၍ အနာနှိပ်စက်ပျက်စီးအံ့။
၃၄။ နံံ့သာမျိုးငါးပါး တစ်ပါးပါးကို နမ်းရှုရသည်ဟု မြင်မက်မူ တစ်နေ့တခြား ဂုဏ်သတင်းထွက်အံ့။

[ ပ ]နှင့် ပက်သက်သော အိပ်မက်များ
===========================

၁။ ပန်းအမျိုးမျိုးတွင် မိမိကြိုက်နှစ်သက်သော ပန်း၏အနံ့ကို နမ်းရှူရသည်ဟု မြင်မက်မူ ကျက်သရေ ဂုဏ်သတင်း ပျံ့နှံံ့အံ့။
၂။ ပန်းစည်းမြင်မက်မူ ရာထူးရအံ့။
၃။ ပန်းထီးဆောင်းရသည်ဟု မြင်မက်မူ ကျော်စောအံ့။
၄။ ပန်းနီပန်၍ ဖန်ရည်စွန်းသောအဝတ်ကို ဝတ်ရသည်ဟု မြင်မက်မူ ဘေးထိတတ်အံ့။
၅။ ပန်းကြာပန်ရသည်ဟု မြင်မက်မူ နာဖျားတတ်အံ့။
၆။ ပန်းပန်ရသည်ဟု မြင်မက်မူ ဖျားနာအံ့။
၇။ ပန်းဖြူ ပန်ရသည်ဟု မြင်မက်မူ အကြီးအကဲ ဖြစ်အံ့။
၈။ ပြာသာဒ်ထက်၌ အစားအစာကို စားရသည်ဟု မြင်မက်မူ အထူးကောင်းမွန်အံ့။ ပြာသာဒ်ထက်မှနေ၍ အရသာအဖျော်ကို သောက်ရသည်ဟု မြင်မက်မူ ချမ်းသာသုခ တစ်နေ့တခြားတိုးအံ့။
၉။ ပြာသာဒ်၊ တောစိုးသစ်ပင်၊ အထိကရသစ်ပင်၊ တောင်တို့ကို တက်စီးရသည်ဟု မြင်မက်မူ ချမ်းသာစီးပွားများအံ့။
၁၀။ ပြာသာဒ်ကြီးကို ပြုရသည်ဟု မြင်မက်မူ ဘုန်းကြီးအံ့။
၁၁။ ပုဆိုးအသစ်၊ လုံချည်သစ်ကို မြင်မက်မူ ဘုန်းကျက်သရေ တိုးအံ့။
၁၂။ ပုဆိုးဖြူကို ဝတ်ရသည်ဟု မြင်မက်မူ အကြီးအကဲဖြစ်အံ့။
၁၃။ ပုဏ္ဍားရေသွန်း၍ စကားပြောသံကြားရသည်ဟု မြင်မက်မူ ရန်သူ လက်မှ လွတ်အံ့။
၁၄။ ပုဏ္ဍားကို စွဲလန်းမက်သော် လာဘ်ရအံ့။
၁၅။ ပုခက်စီးရသည်ဟု မြင်မက်မူ ထင်ရှားကျော်စောအံ့။
၁၆။ ပုပ်စော ဆီ၊ ရေတို့ နားတွင်းသို့ ဝင်သည်ဟု မြင်မက်မူ ဒုစရိုက်နှင့်စပ်သော မနှစ်သက်ဖွယ်ကို ကြားရအံ့။
၁၇။ ပျားရည်သောက်ရသည်ဟု မြင်မက်မူ ကြံသမျှ ပြီးစီး၍ လာဘ်ရအံ့။
၁၈။ ပျားတုတ်ခံရသည်ဟု မြင်မက်မူ ရန်တွေ့အံ့။
၁၉။ ပခြုပ်တွင်း၌ မီးလောင်သည်ဟု မြင်မက်မူ လက်အောက်ငယ်သားတို့ တော်လှန်အံ့။
၂၀။ ပွဲခံရသည်ကိုလည်းကောင်း၊ ပွဲလမ်းသဘင်ကိုလည်းကောင်း မြင်မက်မူ မကောင်း၊ သေပျောက်တတ်၏။
၂၁။ ပျဉ်တလားတွင်းသို့ ဝင်ရသည်ဟု မြင်မက်မူ မကောင်း။
၂၂။ ပိတုန်းတုပ်သည်ဟု မြင်မက်မူ ရန်တွေ့အံ့။
၂၃။ ပါးစပ်ပဲ့သည်ဟု မြင်မက်မူ အလိုရှိသောစကားကို မပြောနိုင်ဘဲ ဆွံ့အနေအံ့။
၂၄။ ပတ္တမြားရသည်ဟု မြင်မက်မူ သားကောင်း ရအံံ့။

[ ဖ ]နှင့် ပက်သက်သော အိပ်မက်များ
===========================

၁။ ဖျာလှုပ်သည်ဟု မြင်မက်မူ လာဘ်ရအံ့။
၂။ ဖွဲမီးတငွေ့ငွေ့ကို မြင်မက်မူ အလွန်ပူအံ့။
၃။ ဖိနပ်စီးရသည်ဟု မြင်မက်မူ အသရေတိုးအံ့။
၄။ ဖယောင်းတိုင်ကို မြင်မက်မူ စိတ်ချမ်းသာအံ့။
၅။ ဖယောင်းတိုင် မီးလင်းနေသည်ကို မြင်မက်မူ နတ်ကောင်းနတ်မြတ်တို့ မ စအံ့။
၆။ ဖရဲသီး မြင်မက်မူ သားကောင်းရအံ့။
၇။ ဖရဲသီးစားရသည် မြင်မက်မူ ရောဂါဝေဒနာ ကင်းရှင်းအံ့။
၈။ ဖောင်တိန်လက်ဆောင်ရသည် မြင်မက်မူ စာပေ၌ အထူးအောင်မြင်ကျော်စောအံ့။
၉။ ဖောင်တိန်ကို မြင်မက်မူ စာပေ၌ ကျော်စောအံ့။
၁၀။ ဖန်ခွက်ရေအပြည့်နှင့်မြင်မက်မူ မင်္ဂလာပွဲများ ခင်းကျင်းရအံ့။

[ ဗ ]နှင့် ပက်သက်သော အိပ်မက်များ
===========================

၁။ ဗေဒါပန်းကို မြင်မက်မူ အကြံကောင်းရအံ့။
၂။ ဗေဒင်ဟောသည် မြင်မက်မူ လိုအပ်သော အကူအညီများပေးစွမ်းနိုင်သူ ပေါ်အံ့။
၃။ ဗိုလ်ချုပ်ကြေးရုပ်ကို မြင်မက်မူ ရာထူးတိုးအံ့။ သားကောင်းရတနာရအံ့။
၄။ ဗျောသံကြားရသည် မြင်မက်မူ ရာထူးတိုးအံ့။
၅။ ဗျိုင်းငှက်ကို မြင်မက်မူ ဇနီးကောင်း ရအံ့။
၆။ ဗြဟ္မာမင်းကို မြင်မက်မူ လာဘ်ကြီးရအံ့။

[ ဘ ]နှင့် ပက်သက်သော အိပ်မက်များ
===========================

၁။ ဘုရားရုပ်ထုတော် မိမိဦးခေါင်း၌ တည်ရှိသည်ဟု မြင်မက်မူ အကြီးအကဲတို့ ချီးမြှောက်အံ့။
၂။ ဘုရားရုပ်ထုတော် မိမိလက်ဝဲ၊ လက်ယာ ပခုံးတို့၌ တည်ရှိသည်ကို မြင်မက်မူ ကြီးမြင့်သော အခြွေအရံ ပရိသတ်ရအံ့။
၃။ ဘုရားရုပ်တုတော် မိမိခြေရင်း၌ တည်ရှိသည်ဟု မြင်မက်မူ ရှိပြီး အကြီးအကဲသည် ရာထူးသက်လျှော၍ မိမိသည်ပင် အကြီးအကဲဖြစ်အံ့။
၄။ ဘုရားရုပ်တုတော် ကြွသွားတော်မူသည်ဟု မြင်မက်မူ ဘုန်းကျက်သရေတိုးအံ့။
၅။ ဘုရားရုပ်ပွားတော် ဖူးတွေ့ရသည်ဟု မြင်မက်မူ တစ်နေ့တခြား ကျော်စောအံ့။
၆။ ဘုရားရုပ်တုတော်၊ စေတီတော်၊ ပုထိုးတော်တို့ကို မြင်မက်မူ နတ်ကောင်းနတ်မြတ်တို့ ချစ်အံ့။
၇။ ဘုရားရုပ်တုတော် မကောင်းသော အခြင်းအရာဖြင့်ကြွသွားသည်ကို မြင်မက်မူ ဘုန်းကျက်သရေ ဆုတ်ယုတ်အံ့။
၈။ ဘုရားရုပ်ပွား၊ စေတီ၊ ပုထိုးကို မကောင်းသော အခြင်းအရာအားဖြင့် မြင်မက်မူ နတ်ကောင်းနတ်မြတ်တို့ မချစ်ခင်သဖြင့် ဥပါဒ်ရောက်အံ့။
၉။ ဘုရားရုပ်ပွားတော်၊ ဆင်းတုတော် တရားဟောသည်ကို မြင်မက်မူ ကျော်စောအံ့။
၁၀။ ဘုရားရုပ်ပွားတော်၊ ဆင်းတုတော် တရားဟောသည်၊ စကားပြောသည်ကို ကြားရသည်ဟု မြင်မက်မူ ကျော်စောအံ့။
၁၁။ ဘုရားရှိခိုးသည်ဟု မြင်မက်မူ ချမ်းသာသုခတိုးအံ့။
၁၂။ ဘုရားရုပ်တုတော်ကို ဖက်ရသည်ဟု မြင်မက်မူ ကျက်သရေတိုးအံ့။
၁၃။ ဘုရားဓာတ်တော်ရသည်ဟု မြင်မက်မူ ကျက်သရေတိုးအံ့။
၁၄။ ဘုရားဓာတ်တော် မြင်ရသည်ဟု မြင်မက်မူ ကျက်သရေ တိုးတက်အံ့။

[ မ ]နှင့် ပက်သက်သော အိပ်မက်များ
===========================

၁။ မိမိရူးသည်ဟု မြင်မက်မူ လာဘ်ရအံ့။
၂။ မိမိအူကို ထုတ်၍ ပတ်ရသည်ဟု မြင်မက်မူ သြဇာအာဏာ အရှိအဝါကြီးမားအံ့။
၃။ မိကျောင်းဖမ်းသည် မြင်မက်မူ လာဘ်ရအံ့။
၄။ မိကျောင်းစီးရသည် မြင်မက်မူ ရန်သူကို နိုင်အံ့။
၅။ မိကျောင်းစွယ်ကို ရင်ခွင်ပိုက်သည်ဟု မြင်မက်မူ ရာထူးကြီးအံ့။
၆။ မိကျောင်းသား စားရသည်ဟု မြင်မက်မူ လာဘ်ကြီးအံ့။
၇။ မိန်းမကို ဆွဲရသည်ဟု မြင်မက်မူ ချမ်းသာကြွယ်ဝအံ့။
၈။ မ်ိန်းမနှင့် အတူ အိပ်ရသည်ဟု မြင်မက်မူ လာဘ်ရအံ့။
၉။ မိန်းမကို နားထွင်းရသည်ဟု မြင်မက်မူ ရွှေရအံ့။
၁၀။ မိန်းမအမွေးအမျှင်ရှည်သည်ကို မြင်မက်မူ ချမ်းသာအံ့။
၁၁။ မျက်စိမှိတ်သည်ဟု မြင်မက်မူ အရမ်းကာရော ပြုမိအံ့။
၁၂။ မျက်စိဖွင့်သည်ဟု မြင်မက်မူ ကောင်းကျိုး၊ မကောင်းကျိုးကို မြင်ရအံ့။
၁၃။ မျက်စိကြည်လင်သည်ဟု မြင်မက်မူ ကောင်းသော ဉာဏ်တိုးအံ့။
၁၄။ မျက်စိ၌ အမှိုက်ဝင်သည်ဟု မြင်မက်မူ အနိဠာရုံကို ရအံ့။
၁၅။ မျက်စိ၌ တိမ်သလ္လာကျသည်ဟု မြင်မက်မူ အသိဉာဏ်နည်းပါးအံ့။
၁၆။ မျက်စိ၌ မျက်ချီးများသည်ဟု မြင်မက်မူ အရှိန်အစော်မဲ့အံ့။

[ ယ ] နှင့် ပတ်သက်သော အိပ်မက်များ
============================

၁။ ယောက်ျားချင်းသင့်မြတ်၍ ကိုယ်ဝန်ရှိသည်ကို မြင်မက်မူမကောင်း။
၂။ ယမမင်းကို မြင်မက်မူ အသက်ရှည်အံ့။ အိမ်တွင်းအေးချမ်းအံ့။
မိမိအားစောင့်ရှောက်သူကို ကျေနပ်ဖွယ်တွေ့ရအံ့။
၃။ ယိုးစွပ်ခံရသည်မြင်မက်မူ အကြံအောင်အံ့။ မကောင်းပြောသူများ
ပျက်စီးအံ့။ အနီးရန်သူများ ဘေးတွေ့ကြအံ့။

[ ရ ] နှင့် ပတ်သက်သော အိပ်မက်များ
===========================
၁။ ရွှေကိုဖြစ်စေ၊ ငွေကိုဖြစ်စေ မြင်မက်မူ ယောက်ျ

❤ Happy International Mother's Day ❤ဒီနေ့ မေလ(၁၄)ရက်နေ့ဟာ ကမ္ဘာ့နေရာအသီးသီးမှာ နေထိုင်ကြတဲ့ မေမေတို့အားလုံးကို ဂုဏ်ပြုသတ...
14/05/2023

❤ Happy International Mother's Day ❤

ဒီနေ့ မေလ(၁၄)ရက်နေ့ဟာ ကမ္ဘာ့နေရာအသီးသီးမှာ နေထိုင်ကြတဲ့ မေမေတို့အားလုံးကို ဂုဏ်ပြုသတ်မှတ်ပေးထားတဲ့ International Mother's Day ဖြစ်ပါတယ်ရှင့်။

တစ်ကမ္ဘာလုံးမှာ နေထိုင်ကြတဲ့ မေမေများအားလုံးနဲ့ မိခင်လောင်းများကို ပျော်ရွှင်စရာ အမေများနေ့ ဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင့် ❤

Address

No. 3, Abayathukha Road
Myingyan

Website

Alerts

Be the first to know and let us send you an email when ရွှေအိမ် Mobile posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share