FFA Computer Training Center - MWD

FFA Computer Training Center - MWD မြင့်မားသောအသိပညာ၊ ကြီးမားသော အတွေးအခေါ် ရည်မှန်းချက်များနှင့် အသိပညာရယူဖို FFA မှာတက်ကြစို့။

FFA Computer training center မြဝတီ မြို့တွင်းက ညီကိုမောင်နှမတွေအပြင် နယ်ဝေးညီကိုမောင်နှမလေးများအတွက်လည်း နေစာငြိမ်း စီစဉ...
27/02/2025

FFA Computer training center

မြဝတီ မြို့တွင်းက ညီကိုမောင်နှမတွေအပြင် နယ်ဝေးညီကိုမောင်နှမလေးများအတွက်လည်း နေစာငြိမ်း စီစဉ်ပေးပါတယ်။

အလုပ်အခက်ခဲဖြစ်နေတဲ့ ညီကိုတို့အတွက်လည်း အလုပ်တစ်ခါတည်း ချိတ်ပေးတဲ့ computer သင်တန်းတစ်ခုပါ။
လုပ်ငန်းအတွေ့ကြုံ ၂ နှစ်နှင့်အထက်ရှိတဲ့ ခေါင်ဆောင်ဆရာတွေကနေ
English/Myanmar typing။
Software မျိုးစုံ အစအဆုံးအသုံးပြုနည်း။
Dating app အသုံးပြုနည်း။
Finding process အစဆုံး။
အလုပ်ထဲမှာ ဆောင်ရန်ရှောင်ရန်တွေ၊ ဒဏ်ကြေးမထိအောင်နေထိုင်နည်းတွေ။
E skill အတွက် အလုပ်ထဲမှာ အသုံးများတဲ့ vocabulary (ဝေါဟာရ)ကအစ အခြေခံစကားပြောနည်း၊ ဝါကျစီနည်းအဆုံး သင်ပေးပါတယ်။

လူကြီးမင်းတို့ရဲ့ ကလေးငယ်များကိုလည်း ခေတ်နဲ့အညီ computer နဲ့ထိတွေ့နိုင်စေဖို့ လူကြီးမင်းတို့မှာ တာဝန်ရှိပါတယ်။
ကွန်ပျူတာ အခြေခံအသုံးပြုနည်း
Microsoft Excel, PowerPoint, Word အစရှိတဲ့ ရုံးသုံး ဆော့ဝဲလ်အသုံးပြုနည်း၊ keyboard, Mouse ကိုစနစ်တကျသုံးနည်း စတဲ့ သင်ခန်းစာတွေကို အတွေ့ကြုံရှိတဲ့ ဆရာများနဲ့အတူ သင်ကြားလိုက်ပါ။

ဆက်သွယ်ရန် ☎️ - 09660141460/ 09766297046

Telegram 💻 -
https://t.me/Ffa777Center

ဆက်သွယ်ရန်လိပ်စာ - အမှတ် ၅ ကျွန်းတော၊ သရက်ပင်ဂိတ်အနီး၊ ကရင်ပြည်နယ်၊ မြဝတီမြို့။

💻  Computer မှာ အသုံးပြု တဲ့ Command များ🖥️ ကွန်ပြူတာအသုံးပြုသူတိုင်းသိထားသင့်တဲ့ Command Prompt တွင် ရိုက်ရသော Command ...
02/01/2025

💻 Computer မှာ အသုံးပြု တဲ့ Command များ

🖥️ ကွန်ပြူတာအသုံးပြုသူတိုင်းသိထားသင့်တဲ့ Command Prompt တွင် ရိုက်ရသော Command များကို ပြောပြမှာ ဖြစ်ပါတယ်။
တစ်ခြား Command တွေလည်း အများကြီးရှိပါသေးတယ် ။ (တစ်ပုံချင်းစီ ထောက်ပြီး ဖတ်နိုင်ပါတယ်။)

ဆက်သွယ်ရန်လိပ်စာ - အမှတ် ၅ ကျွန်းတော၊ သရက်ပင်ဂိတ်အနီး၊ ကရင်ပြည်နယ်၊ မြဝတီမြို

#မြဝတီ #ကနပျူတာသင်တန်း

Windows တင်ပြီးရင် လုပ်ဆောင်သင့်သောအချက်များ 👨💻............................................................................
31/12/2024

Windows တင်ပြီးရင် လုပ်ဆောင်သင့်သောအချက်များ 👨💻...............................................................................
ကွန်ပျူတာကို ကိုယ်တိုင် Windows တင်ပြီးရင် လုပ်ဆောင်သင့်၊
လုပ်ဆောင်ရမယ့် အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။ (တစ်ပုံချင်းစီ ထောက်ပြီး ဖတ်ရှူနိုင်ပါတယ်)

#မြဝတီ #ကန်ပျူတာသင်တန်း

ဖုန်းနဲ့ ကွန်ပျုတာတွေမှာ လူသုံးများတဲ့ သင်္ကေတ အခေါ်အဝေါ်များ________________________ဆက်သွယ်ရန်လိပ်စာ - အမှတ် ၅ ကျွန်းတေ...
29/12/2024

ဖုန်းနဲ့ ကွန်ပျုတာတွေမှာ လူသုံးများတဲ့ သင်္ကေတ အခေါ်အဝေါ်များ
________________________

ဆက်သွယ်ရန်လိပ်စာ - အမှတ် ၅ ကျွန်းတော၊ သရက်ပင်ဂိတ်အနီး၊ ကရင်ပြည်နယ်၊ မြဝတီမြို

#မြဝတီ #ကန်ပျူတာသင်တန်း

Computer မှာ USB ကြိုးကနေ Virus မဝင်အောင် ကြိုတင် ကာကွယ်နည်း...........................................Computer က လိုချင...
27/12/2024

Computer မှာ USB ကြိုးကနေ Virus မဝင်အောင် ကြိုတင် ကာကွယ်နည်း...........................................
Computer က လိုချင်တဲ့ file တွေကိုတစ်ခုနဲ့ တစ်ခု ကူးကြတဲ့ အခါမှာ USBကြိုးတွေကို အသုံးများကြပါတယ်။
အဲ့ လိုအခါမှာ ကူးတဲ့ Device က Virus ပါတတ်ပါတယ်..
USB ကြိုးနဲ့ Computer ကို ချိတ်လိုက်တာနဲ့Virus က Computer ထဲကို တန်းပီး ဝင်ပါတယ်..

အဲ့လို Virus အလွယ်တကူ မဝင်နိုင်အောင် Computer မှာ "Turn Off Autoplay"ကို Enabled လုပ်ပီး ကြိုတင် ကာကွယ်ထားနိုင်ပါတယ်.....

ပထမဆုံး Run box ကို Windows +R နဲ့ ခေါ်ပါ...
ပြီးရင် box ထဲမှာ gpedit.msc လို့ ရိုက်ထည့်ပါ...
နောက်ပြီး Enter ခေါက်ပါ..
File တွေ ကျလာမှာပါ..
File တွေထဲက Administrative Templates ကို နှိပ်ပါ...
ပီးရင် All Settings ကိုရွေးပေးပါ....
File တွေကျလာမှာပါ..
Turn Off Autoplay ဆိုတာကို ရှာပါ ..(keyboard ကနေလည်း T လို့ရိုက်ရှာလို့ရပါတယ်။)
Turn Off Autoplay ကို တွေ့ရင်
နှိပ်လိုက် ပါ...
ပြီးရင် Enabled ကို ရွေးပေး လိုက်ပါ...
အကုန်ပြီးရင် Computer ကို restart ချပေးပါ......အဲ့ဒါဆို Computer မှာ Virus အလွယ်တကူ မဝင်နိုင်တော့ပါဘူးခင်ဗျ။

ဆက်သွယ်ရန် ☎️ - 09766297046
Line 💻 - https://line.me/ti/p/FOxoJGzVf7
Telegram Username 💻 -

ဆက်သွယ်ရန်လိပ်စာ - အမှတ် ၅ ကျွန်းတော၊ သရက်ပင်ဂိတ်အနီး၊ ကရင်ပြည်နယ်၊ မြဝတီမြို

#မြဝတီ #ကန်ပျူတာသင်တန်း

Computer စက်ရှင်းနည်း .............................................(I) windows key+R ကိုတွဲနှိပ်ပါ။Box ထဲသို့အောက်က စာမျ...
17/12/2024

Computer စက်ရှင်းနည်း .............................................

(I) windows key+R ကိုတွဲနှိပ်ပါ။
Box ထဲသို့အောက်က စာများရိုက်ထည့်ပေးပါ။
1-temp
2-%temp%
3-prefetch
4-recent
ပေါ်လာသမျှ folder and file များကို Shift delete ပေးဖျက်ပြစ်ပါ။ အပေါ်က ၄ခုလုံးလုပ်ပါ။
ပြီးရင် desktop ပေါ်က recycle bin ကို rightclick ထောက် empty recycle bin ကိုနှိပ်>>>>>yes နှိပ်

(II) disk cleanupလုပ်ခြင်း

ကွန်ပြူတာကို နှေးစေသောအကြောင်းရာများထဲမှာ disk cleanup မလုပ်ခြင်းလည်းပါပါတယ်။ disk ကိုနေရာများများရအောင် လုပ်ခြင်းဖြစ်ပါတယ်။
Run Box ( Window + R) >> cleanmgr >> ok >> Disk Clean Tab ထဲတွင် အောက်သုံးမျိုးကို အမှန်ခြစ်ပေးပါ။
- Download program files,
- Temporary Internet files,
- Thumbnails >> okပေး >> delete files

(III) disk defragmenter လုပ်ခြင်း

programs ကိုသွင်းလိုက် ထုတ်လိုက် လုပ်ဖန်များလာရင် ဖိုင်တွေက ဟိုနားတခု ဒီနားတခုနဲ့ ပြန့်ကျဲနေပြီး စက်ဖွင့်ရင် ဖိုင်ကိုလိုက်ရှာနေရတာကြောင့် စက်က
လေးနေမယ်။ တော်တော်လေးကြာမှ ပွင့်လာတတ်တယ်။
ဒါကြောင့် ဖိုင်တွေကို ပြန်စီပေးလိုက်ခြင်းဖြင့်
စက်က ပိုပြီး မြန်ဆန်သွက်လက်လာပါလိမ့်မယ်။
start>> all programs>> accessories>> system tools>>
disk defragmenter ကိုနှိပ် ပီးရင် Ok . Deleted ။
(OR) Search bar မှာ Defrag လို့ရိုက် »(C:) » Analyze » Close
>>> ၁ပတ်ကို ၁ကြိမ် defragment လုပ်ပေးပါ > msconfig Ok. Restart ချပေးလိုက်ပါ။
Service ထဲကတော့ ကိုအသုံးမလိုတဲ့ Software များကို
အမှန်ခြစ်ဖြုတ်ပီး ပိတ်ချင်လဲ ပိတ်ထားလိုက်လို့ရပါတယ်။

ဆက်သွယ်ရန် ☎️ - 09660141460
Line 💻 - https://line.me/ti/p/FOxoJGzVf7
Telegram 💻 -

ဆက်သွယ်ရန်လိပ်စာ - အမှတ် ၅ ကျွန်းတော၊ သရက်ပင်ဂိတ်အနီး၊ ကရင်ပြည်နယ်၊ မြဝတီမြို

#မြဝတီ #ကန်ပျူတာသင်တန်း

Microsoft Excel အတွက် အရေးပါသော Short-Cut လေးများ ..........................................ctrl + a - အားလုံးကို ရွေးပါ...
16/12/2024

Microsoft Excel အတွက် အရေးပါသော Short-Cut လေးများ ..........................................
ctrl + a - အားလုံးကို ရွေးပါ
ctrl + b - bold
ctrl + c - ကော်ပီကူးခြင်း
ctrl + d - ဖြည့်ပါ
ctrl + f - ရှာတွေ့သည်
ctrl + g - စာသား ၏ နောက်ထပ် ဖြစ်ရပ်ကို ရှာပါ
ctrl + h - အစားထိုးရန်
ctrl + i - italic
ctrl + k - hyperlink ကို ထည့်ပါ
ctrl + n - workbook အသစ်
ctrl +o - ဖွင့်သည်
ctrl + p - ပုံနှိပ်ခြင်း
ctrl + r - ဘာမှမရှိပေ
ctrl + s - သိမ်းဆည်းသည်
ctrl + u - underline
ctrl + v - paste
ctrl + w - ပိတ်သည်
ctrl + x - cut
ctrl + y - redo
ctrl + z - ပယ်ဖျက်သည်
f1 - ကူညီမှု
f2 - edition
f3 - file ကို ရှာပေးသည်
f4 - နောက်ဆုံးလုပ်ဆောင်ချက်ကို ထပ်လုပ်ပါ
f5 - refresh
f6 - window explorer အတွင်း ဟိုဘက်၊ ဒီဘက် cursor ကို ရွှေ့နိုင်ပါသည်
f7 - စာလုံးပေါင်းစစ်
f8 - mode ရဲ့ တိုးချဲ့မှု
f9 - workbooks အားလုံးကို တွက်ချက်ပါ
f10 - menubar ကို ဖွင့်ပါ
f11 - စာပိုဒ်အသစ်
f12 - save
ctrl +:-လက်ရှိအချိန်ကို ထည့်ပါ
ctrl +;-လက်ရှိရက်စွဲကို ထည့်ပါ
ctrl + "- အထက်ပါဆဲလ်ရဲ့ တန်ဖိုးကို မိတ္တူကူးယူပါ
cell အထက်မှ formula ကို ctrl + '- copy
အလုပ်ချိန် - excel မီနူးမှာ နောက်ထပ်functions အတွက် offset ချိန်ညှိမှု
shift + f1 - ဘာတွေလဲ ။
shift + f2 - cell comment ကို တည်းဖြတ်
shift + f3 - formula မှာ လုပ်ဆောင်မှုကို ပေ့စ်လုပ်ပါ
shift + f4 - နောက်ရှာမယ်
shift + f5 - find
shift + f6 - ယခင် pane
shift + f7 - meaning changeသည်
shift + f8 - ရွေးချယ်မှုကိုထည့်ပါ
shift + f9 - အလုပ်စာရွက်ကို တွက်ချက်ပါ
shift + f10 - context menu
shift + f11 - spreadsheetစာရွက်အသစ်
shift + f12 - save
ctrl + f3 - နာမည်သတ်မှတ်ပါ
ctrl + f4 - ပိတ်သည်
ctrl + f5-xl, မူရင်းပြတင်းပေါက် ၏ အရွယ်အစား
ctrl + f6 - နောက်ထပ် workbook window
shift + ctrl + f6 - ယခင် workbook window
ctrl + f7-ဝင်းဒိုးကို ရွှေ့ပါ
ctrl + f8 - resize window
ctrl + f9 - workbook ကို minimize
ctrl + f10 - maximize သို့မဟုတ် ပြန်လည်ထားရှိရန် ပြတင်းပေါက်များ
ctrl + f11 - inset 4.0 macro အလွှာ
ctrl + f1 - open file
alt + f1 - စာပိုဒ်တစ်ခု ထည့်ပါ
alt + f2 - ကယ်ပါ
alt + f4 - output
alt + f8 - macro dialogue
alt + f11 - visual basic တည်းဖြတ်သူ
ctrl + shift + f3 - အတန်းနှင့်ကော်လံအညွှန်းများကို အသုံးပြုပြီး နာမည်တစ်ခုဖန်တီးပါ
ctrl + shift + f6 - ယခင် window
ctrl + shift + f12 - ပုံနှိပ်ခြင်း
alt + shift + f1 - spreadsheet အသစ်
alt + shift + f2 - ကယ်ပါ
alt + = - autosum
formula အတွက် ctrl + '- အဖွင့်တန်ဖိုး / ပြပွဲ
ctrl + shift + a - formula မှာရှိတဲ့ အငြင်းပွားစရာ နာမည်တွေကို ထည့်လိုက်
alt + မြားအောက်မြား - အလိုအလျောက်မြင်ကွင်း စာရင်း
alt + '- format စတိုင် ဒိုင်ယာလော့စ်
ctrl + shift + ~ - general format

ဆက်သွယ်ရန် ☎️ - 09660141460
Line 💻 - https://line.me/ti/p/FOxoJGzVf7
Telegram 💻 -

ဆက်သွယ်ရန်လိပ်စာ - အမှတ် ၅ ကျွန်းတော၊ သရက်ပင်ဂိတ်အနီး၊ ကရင်ပြည်နယ်၊ မြဝတီမြို

#မြဝတီ #ကန်ပျူတာသင်တန်း

Function Keys အကြောင်း တစ်‌စေ့တစ်စောင်း=====================================Computer Keyboard ပေါ်မှာရှိတဲ့ F1 ကနေ F12 ထ...
15/12/2024

Function Keys အကြောင်း တစ်‌စေ့တစ်စောင်း
=====================================
Computer Keyboard ပေါ်မှာရှိတဲ့ F1 ကနေ F12 ထိ Function Key တွေကို ဘယ်နေရာတွေမှာ အသုံးချနိုင်မှန်း ကွန်ပျူတာ အသုံးပြုသူတိုင်း သိမယ်မထင်ပါဘူး။
(Function Key တွေရဲ့အသုံးပြုအများဆုံး ယေဘုယျ လုပ်ဆောင်ချက် တွေကို သိသလောက် ပြန်လည်မျှဝေလိုက်ပါတယ်...)

F1 = Program အားလုံးနီးပါးမှာ အကူအညီလိုအပ်တဲ့အခါ အသုံးပြုနိုင်ပါတယ်.. F1 Key ကိုနှိပ်လိုက်တဲ့အခါ လက်ရှိ Active ဖြစ်နေတဲ့ Program ရဲ့ အကူအညီ ( Help ) Screen ပေါ်လာမှာဖြစ်ပါတယ်..

F2 = Select လုပ်ထားတဲ့ File သို့မဟုတ် Folder ကို Rename လုပ်ဖို့အတွက် အသုံးပြုနိုင်ပါတယ်.. နောက်တစ်ခုက Windows Loading လုပ်နေစဉ်မှာ F2 ကိုနှိပ်ရင် BIOS Setting ကိုရောက်ပါတယ်.. ဒါကတော့ ကွန်ပျူတာအားလုံးမှာ လုပ်ဆောင်နိုင်မှာမဟုတ်ပေမယ့် တော်တော်များများမှာတော့ Loading လုပ်နေစဉ်မှာ F2 ကိုနှိပ်လိုက်ရင် BIOS Setting ကိုရောက်ပါတယ်..

F3 = လက်ရှိ ဖွင့်ထားတဲ့ Program အတွက် Search Box ကိုဖေါ်ပြဖို့အတွက်သုံးပါတယ်...

F4 = Alter Key နဲ့ F4 Key ကိုတွဲနှိပ်လိုက်ရင် လက်ရှိဖွင့်ထားတဲ့ Program သို့မဟုတ် Windows Explorer Box ကို ပိတ်ပစ်နိုင်ပါတယ်..

F5 = Windows Desktop ကို Refresh လုပ်ဖို့ အသုံးပြုနိုင်ပါတယ်.. အင်တာနက် Browser မှာ ဖွင့်ထားတဲ့ Page ကို Reload လုပ်ဖို့အတွက်လည်းအသုံးပြုနိုင်ပါတယ်... Microsoft Office Word မှာတော့ Find and Replace Dialog Box ပေါ်လာပြီး Go To မှာ Active ဖြစ်နေပါမယ်...

F6 = အင်တာနက် Browser ကိုဖွင့်ပြီးအသုံးပြုနေစဉ်မှာ F6 ကိုနှိပ်လိုက်ရင် Address Bar မှာ Active ဖြစ်သွားပါမယ်... Adobe Pagemaker မှာတော့ Bold Type ကိုပြောင်းဖို့သုံးပါတယ်...

F7 = Microsoft Office Word မှာတော့ Spelling and Grammar Check လုပ်ဖို့သုံးပါတယ်..

F8 = Windows Loading လုပ်နေစဉ်မှာ F8 ကိုဖိထားရင် Safe Mode ကိုရောက်ပါတယ်.. ဖိမထားဘဲ တစ်ချက်တည်းနှိပ်လိုက်ရင်တော့ Boot Menu ကိုရောက်ပါတယ်..

F9 = Microsoft Office Word မှာ Document ကို Refresh လုပ်ဖို့သုံးပါတယ်.. Microsoft Office Outlook မှာတော့ Send and receive email ကိုရောက်သွားပါမယ်...

F10 = ဖွင့်ထားတဲ့ Program ရဲ့ Menu ကို Active လုပ်ဖို့သုံးပါတယ်.. နောက်တစ်ခုက Shift Key နဲ့ F10 ကိုနှိပ်ရင် Mouse ရဲ့ Right Click နဲ့ အတူတူဖြစ်ပါတယ်..

F11 = Full Screen Mode ကိုပြောင်းတာဖြစ်ပါတယ်.. ဘယ် Program မဆို F11 ကိုနှိပ်လိုက်ရင် Full Screen မြင်ရမှာဖြစ်ပါတယ်..

F12 = Microsoft Office Word မှာတော့ Save as Dialog Box ပေါ်စေပါတယ်.. File Name, File Type, File Location တွေကိုပြောင်းလဲသိမ်းဆည်းလိုတဲ့အခါ အသုံးပြုပါတယ်...

ခုပြောပြခဲ့တာတွေက ကျွန်တော်သိသလောက် Function Key တွေကို အသုံးပြုနိုင်တဲ့ Feature တွေထဲက အချို့တဝက်လောက်ပဲဖြစ်ပါတယ်။ Program အလိုက် ပြောင်းလဲနိုင်တဲ့အတွက် အခြား အသုံးပြုနိုင်တဲ့ နည်းတွေရှိရင်လည်း ပြောပေးခဲ့ကြပါဦးဗျ...

ဆက်သွယ်ရန် ☎️ - 09660141460
Line 💻 - https://line.me/ti/p/FOxoJGzVf7
Telegram 💻 -

ဆက်သွယ်ရန်လိပ်စာ - အမှတ် ၅ ကျွန်းတော၊ သရက်ပင်ဂိတ်အနီး၊ ကရင်ပြည်နယ်၊ မြဝတီမြို

#မြဝတီ #ကန်ပျူတာသင်တန်း

Adobe PageMaker အခြေခံ အသုံးပြုနည်း လမ်းညွှန်👇👇------------------------------------အသုံးလိုသူတို့အတွက် အခြေခံ သိထားသင့်တ...
14/12/2024

Adobe PageMaker အခြေခံ အသုံးပြုနည်း လမ်းညွှန်👇👇
------------------------------------

အသုံးလိုသူတို့အတွက် အခြေခံ သိထားသင့်တာလေးတွေကို ဝေမျှပေးလိုက်ပါတယ်။

ခေတ်လူငယ်တိုင်း တတ်ထားသင့်တဲ့ Microsoft word, Ecxel, Powerpoint စတဲ့ ဆော့ဝဲလ်တွေကို စနစ်တကျနဲ့ မြန်မြန်ဆန်ဆန် မှန်မှန်ကန်ကန် တတ်ချင်သူတွေအတွက်လည်း သင်တန်းလေး ဖွင့်ပေးဖို့ ရည်ရွယ်ထားပါတယ်ဗျ။ တတ်ချင်သူတွေရှိရင် စရင်းလေးလာပေးထားလို့ ရပါတယ်ခင်ဗျ။

ဆက်သွယ်ရန် ☎️ - 09660141460
Line 💻 - https://line.me/ti/p/FOxoJGzVf7
Telegram 💻 -

ဆက်သွယ်ရန်လိပ်စာ - အမှတ် ၅ ကျွန်းတော၊ သရက်ပင်ဂိတ်အနီး၊ ကရင်ပြည်နယ်၊ မြဝတီမြို

#မြဝတီ #ကန်ပျူတာသင်တန်း

Printer ဝယ်တော့မလ်ဆိုရင် …Printer နှင့် ပတ်သက်ပြီး မေးထား၊ မြန်းထား၊ ဖတ်ထား၊ မှတ်ထား တာ၊ လေ့လာထားသမျှလေးတွေ ပြန်လည်ဝေမျှ...
13/12/2024

Printer ဝယ်တော့မလ်ဆိုရင် …
Printer နှင့် ပတ်သက်ပြီး မေးထား၊ မြန်းထား၊ ဖတ်ထား၊ မှတ်ထား တာ၊ လေ့လာထားသမျှလေးတွေ ပြန်လည်ဝေမျှလိုက်ပါတလ်။
Printer အမျိုးအစားတွေကို အဓိကအားဖြင့်
1️⃣ Dot Matrix Printer
2️⃣ Laser Printer
3️⃣ Inkjet Printer
ဆိုပီးတော့ (၃) မျိုးခွဲခြားထားပါတလ်....

(တစ်ပုံချင်းစီထောက်ပြီး ဖတ်ကြည့်နိုင်ပါတယ်။)

ဆက်သွယ်ရန် ☎️ - 09660141460
Line 💻 - https://line.me/ti/p/FOxoJGzVf7
Telegram 💻 -

ဆက်သွယ်ရန်လိပ်စာ - အမှတ် ၅ ကျွန်းတော၊ သရက်ပင်ဂိတ်အနီး၊ ကရင်ပြည်နယ်၊ မြဝတီမြို

#မြဝတီ #ကန်ပျူတာသင်တန်း

Zoom ဆော့ဖ်ဝဲရဲ့အစ ချစ်ခြင်းကချစ်သူကို တွေ့ချင်ပြီး နောင်တရမှာစိုးလို့ Zoom ဆော့ဖ်ဝဲကို တီထွင်ခဲ့သူ အဲရစ်ယွမ်။ အဲရစ်ယွမ်...
12/12/2024

Zoom ဆော့ဖ်ဝဲရဲ့အစ ချစ်ခြင်းက

ချစ်သူကို တွေ့ချင်ပြီး နောင်တရမှာစိုးလို့ Zoom ဆော့ဖ်ဝဲကို တီထွင်ခဲ့သူ အဲရစ်ယွမ်။ အဲရစ်ယွမ်က တက္ကသိုလ် ပထမနှစ်ကျောင်းသားဘဝမှာ ရည်းစားထားတယ်။ သူ့ချစ်သူကို တွေ့ရင်ချင် ၁၀ နာရီလောက် ရထားစီးသွားရတော့ ဒီထက် ပိုလွယ်မယ့်နည်းလမ်းတွေကို တွေးရင်း ရုပ်မြင်ရတဲ့ တယ်လီဖုန်း ဆော့ဖ်ဝဲရှိရင် ကောင်းမယ်လို့ သူ အကြံရသွားတယ်။
ဒါက သူ့အိပ်မက်ပဲ။ အဲဒီအချိန်တုန်းက သူ့အသက် ၁၇ နှစ်ပဲ ရှိသေးတယ်။ ၁၇ နှစ်သားလေး အဲရစ်ယွမ်က နှစ် ၂၀ ကျော်ကြာတဲ့အထိ သူ့အိပ်မက်ကို မစွန့်လွှတ်ခဲ့ပါဘူး။

အဲရစ်ယွမ်ကို တရုတ်နိုင်ငံ ရှန်ဒေါင်းပြည်နယ်မှာ မွေးတယ်။ သူ့မိဘတွေက သတ္တုတွင်း အင်ဂျင်နီယာတွေ။ ငယ်ငယ်ကတည်းက စီးပွားရေးအကွက်မြင်တယ်လို့ ပြောရမလားပဲ။ ၄ တန်းကျောင်းသားအရွယ်မှာကတည်းက အတိုအစတွေကို ပြန်ရောင်းပြီး ငွေရှာနေတတ်ပြီ။ အထက်တန်းကျောင်းပြီးတော့ ရှန်ဒေါင်းသိပ္ပံနဲ့ နည်းပညာတက္ကသိုလ်မှာ အသုံးချသင်္ချာဘာသာရပ်ယူပြီး ဘွဲ့ရတယ်။ ပြီးတော့ တရုတ်နိုင်ငံ မိုင်းတူးဖော်ရေးနဲ့ နည်းပညာတက္ကသိုလ်မှာ သတ္တုတွင်းအင်ဂျင်နီယာဘာသာရပ်နဲ့ မာစတာဘွဲ့ ထပ်ယူတယ်။ မာစတာဘွဲ့ သင်တန်းတက်နေတုန်းမှာပဲ သူ့ချစ်သူ ရှာရီနဲ့ အိမ်ထောင်ပြုပြီး ဘေဂျင်းမှာပဲ အခြေချလိုက်တယ်။

အဲရစ်ယွမ်ရဲ့အိပ်မက်တွေကို တစ်ကျော့ပြန် နိုးဆွပေးသူက ဘီလ်ဂိတ်လို့ ပြောရမယ်။ အဲရစ်ယွမ်က အိမ်ထောင်ကျပြီးနောက် ဂျပန်နိုင်ငံမှာ အလုပ်သွားလုပ်တယ်။ ၁၉၉၅ ခုနှစ်မှာ ဘီလ်ဂိတ်က ဂျပန်ကို ရောက်လာပြီး မိန့်ခွန်းပြောသွားတယ်။ သူ့မိန့်ခွန်းထဲမှာ ဆီလီကွန်တောင်ကြားအကြောင်း ပါတယ်။ အဲဒီစကား ကြားလိုက်ရကတည်းက အမေရိကန်ကို သူ သွားချင်နေပြီ။ ဒါပေမဲ့ သူ့ဇာတာက ဆိုးတယ်လို့ပဲ ပြောရမလား။ အမေရိကန်သွားဖို့ ဗီဇာ လျှောက်တာ ၈ ကြိမ်တောင် ပယ်ချခံရတယ်။ ပြီးတော့ သူက အင်္ဂလိပ်စကားလည်း ကောင်းကောင်းမပြောတတ်ဘူး။
ဒါပေမဲ့ သူ လက်မလျှော့ခဲ့ဘူး။

၁၉၉၇ မှာတော့ ၉ ကြိမ်မြောက် ဗီဇာလျှောက်တာ အောင်မြင်ခဲ့ပြီး သူ အမေရိကန်ကို ရောက်လာခဲ့တယ်။ ဗီဒီယိုကွန်ဖရန့်နည်းပညာ application တွေရေးတဲ့ WebEx မှာ သူ အလုပ်ဝင်လုပ်တယ်။ ရေငတ်တုန်း ရေတွင်းတယ်ကျတယ်ပဲ ဆိုရမလား။ သူ့အိပ်မက်နဲ့ ကိုက်ညီတဲ့အလုပ်ကို လုပ်နေရတော့ အဲရစ်ယွမ်က အမြဲတမ်းတကုပ်ကုပ် လုပ်နေတာပဲတဲ့။
၂၀၀၇ ခုနှစ်မှာ WebEx ကို Cisco Systems က ဝယ်လိုက်တယ်။ အဲဒီနှစ်မှာပဲ အဲရစ်ယွမ်လည်း အင်ဂျင်နီယာပိုင်းဆိုင်ရာ ဒုတိယဥက္ကဋ္ဌ ဖြစ်နေပါပြီ။
နောက် ၄ နှစ်ကြာချိန်မှာ သူက စမတ်ဖုန်းတွေနဲ့ အသုံးပြုနိုင်တဲ့ ဗီဒီယိုကွန်းဖရန့်စနစ်တစ်ခု ဖန်တီးဖို့ အဆိုပြုတယ်။ ဒါပေမဲ့ ကုမ္ပဏီဘက်က သူ့အကြံကို လက်မခံဘူး။ ပယ်ချလိုက်တယ်။ ဒီတော့ အဲရစ်ယွမ်လည်း အလုပ်ထွက်ပြီး ကိုယ်ပိုင်ကုမ္ပဏီထောင်လိုက်တယ်။ သူ့ဇနီးကတော့ အလုပ်ထွက်မှာကို မလိုလားဘူး။

'' ဒီခရီးက ရှည်လျားပြီး ခက်ခဲကြမ်းတမ်းမယ်ဆိုတာ ကိုယ် သိပါတယ်။ ဒါပေမဲ့ ကိုယ် မကြိုးစားဘူးဆိုရင် ဘဝမှာ နောင်တရနေလိမ့်မယ်''

လို့ အဲရစ်ယွမ်က ပြောခဲ့ဖူးပါတယ်။ အင်ဂျင်နီယာအယောက် ၄၀ နဲ့ စတင်ခဲ့တဲ့ သူ့ကုမ္ပဏီက Saasbee, Inc. တဲ့။ နောက်တော့မှ Zoom Communications ဖြစ်လာတာပါ။ အဲဒီအချိန်မှာ လူတော်တော်များများက ဗီဒီယိုတယ်လီဖုန်းဈေးကွက်မှာ ဝေစုတွေ ပြည့်နေပြီလို့ ထင်ကြတာကြောင့် သူ့ကုမ္ပဏီမှာ ရင်းနှီးမြှုပ်နှံမှု မလုပ်ချင်ကြဘူး။ ၂ လလောက်ကြာတော့မှ WebEx ကို တည်ထောင်သူ ဆူဘရာအိုင်ယာ၊ Cisco ရဲ့ ဒုတိယဥက္ကဋ္ဌဟောင်း ဒန်ရှိန်းမန်းနဲ့ နောက်ထပ် မတည်သူ ၃ ယောက်က ဒေါ်လာ ၃ သန်း မြှုပ်နှံခဲ့ကြတယ်။
၂၀၁၂ မှာတော့ လူ ၁၅ ယောက် ပါဝင်ဆွေးနွေးနိုင်တဲ့ beta version စထုတ်နိုင်ခဲ့တယ်။ Zoom ရဲ့ ပထမဆုံးဖောက်သည်ကတော့ စတန်းဖို့ဒ်တက္ကသိုလ်ပဲ။ အဲရစ်ယွမ်ကလည်း စတန်းဖို့ဒ်တက္ကသိုလ်မှာ တက်ခဲ့သူလေ။ နောက်တစ်နှစ်ကြာတော့ ရင်းနှီးမြှုပ်နှံငွေ ဒေါ်လာ ၆ သန်း ထပ်ရပြီး ၂၀၁၃ ခုနှစ် ဇန်နဝါရီမှာ Zoom ကို စတင်မိတ်ဆက်နိုင်ခဲ့တယ်။ Zoom ကို စတင်နိုင်ချိန်မှာ အဲရစ်ယွမ်က ၄၃ နှစ် ရှိနေပါပြီ။ ၁၇ နှစ်အရွယ်က အိပ်မက်ကို ၂၆ နှစ်အကြာမှာ အကောင်အထည်ဖော်နိုင်ခဲ့တာပေါ့။
Zoom ရဲ့ version 1.0 မှာ လူ ၂၅ ယောက်အထိ ပါဝင်ဆွေးနွေးလို့ရနေပြီ။ Zoom စတင်တဲ့ ပထမဆုံးလမှာ အသုံးပြုသူ ၄ သိန်းအထိ ရှိခဲ့ပြီး နောက် ၄ လအကြာမှာတော့ အသုံးပြုသူ ၁ သန်းပြည့်သွားတယ်။ ၄ နှစ်အကြာမှာတော့ အမေရိကန်ဒေါ်လာ ၁ ဘီလျံတန်ကြေးရှိတဲ့ ကုမ္ပဏီစာရင်း ဝင်သွားခဲ့ပါပြီ။ ၂၀၁၉ ခုနှစ်မှာ ပထမဆုံး အမြတ်ငွေစရခဲ့ပြီး ကိုဗစ်-၁၉ ကပ်ရောဂါကာလမှာတော့ Zoom အသုံးပြုသူတွေ တဟုန်ထိုး မြင့်တက်လာခဲ့တာပါ။ ဒါကြောင့် အမြတ်ငွေစရပြီး ၂ နှစ်မပြည့်ခင် အချိန်အတွင်းမှာပဲ အဲရစ်ယွမ်ရဲ့ အသားတင်ကြွယ်ဝမှုက အမေရိကန်ဒေါ်လာ ၁၇ ဘီလျံအထိ ရှိလာခဲ့ပါတယ်။ Zoom ရဲ့ ရှယ်ယာတန်ဖိုးတွေ အမြင့်ဆုံးဖြစ်သွားချိန်မှာ အဲရစ်ယွမ်ရဲ့ကြွယ်ဝမှုက ဒေါ်လာ ၂၅ ဘီလျံလောက် ဖြစ်သွားခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ ပြန်ကျသွားခဲ့ပါတယ်။

ကြွယ်ဝမှုပမာဏ ကျဆင်းသွားခဲ့ပေမဲ့ အဲရစ်ယွမ်ရဲ့ အောင်မြင်မှုကတော့ တည်တံ့နေတုန်းပါပဲ။ အင်္ဂလိပ်စကား ကောင်းကောင်းမပြောတတ်သလို ဗီဇာ ၈ ကြိမ်တောင် ပယ်ချခံခဲ့ရသူတစ်ယောက်ဟာ အခုချိန်မှာတော့ ဆီလီကွန်တောင်ကြားရဲ့ ဘီလျံနာတစ်ယောက် ဖြစ်နေပါပြီ။ သူကတော့ ၅၂ နှစ်ပဲ ရှိသေးတဲ့ အမေရိကန်နိုင်ငံသား အဲရစ်ယွမ်ပါပဲ။ Zoom ကို အသုံးပြုသူတွေ အခက်အခဲ ကြုံရတဲ့အခါ အဲရစ်ယွမ်က ကုမ္ပဏီဝန်ထမ်းတွေကို မခိုင်းဘဲ ကိုယ်တိုင်ကိုယ်ကျ ဝင်ရောက်ဖြေရှင်းပေးတတ်သူပါ။ စွန့်ဦးတီထွင်လုပ်ငန်းရှင် ဖြစ်ချင်တဲ့ လူငယ်တွေအတွက် အဲရစ်ယွမ်ရဲ့ အမှာစကားကတော့ ကုမ္ပဏီစထောင်မယ်ဆိုကတည်းက ကုမ္ပဏီရဲ့ ယုံကြည်ချက်နဲ့ နှုန်းစံတန်ဖိုးတွေကို အခိုင်အမာတည်ဆောက်ကြပါတဲ့။

ဆက်သွယ်ရန် ☎️ - 09660141460
Line 💻 - https://line.me/ti/p/FOxoJGzVf7
Telegram 💻 -

ဆက်သွယ်ရန်လိပ်စာ - အမှတ် ၅ ကျွန်းတော၊ သရက်ပင်ဂိတ်အနီး၊ ကရင်ပြည်နယ်၊ မြဝတီမြို

#မြဝတီ #ကန်ပျူတာသင်တန်း

Microsoft PowerPoint အခြေခံ အသုံးပြုနည်း လမ်းညွှန်👇👇------------------------------------အသုံးလိုသူတို့အတွက် အခြေခံ သိထား...
04/12/2024

Microsoft PowerPoint အခြေခံ အသုံးပြုနည်း လမ်းညွှန်👇👇
------------------------------------

အသုံးလိုသူတို့အတွက် အခြေခံ သိထားသင့်တာလေးတွေကို ဝေမျှပေးလိုက်ပါတယ်။

ခေတ်လူငယ်တိုင်း တတ်ထားသင့်တဲ့ Microsoft word, Ecxel, Powerpoint စတဲ့ ဆော့ဝဲလ်တွေကို စနစ်တကျနဲ့ မြန်မြန်ဆန်ဆန် မှန်မှန်ကန်ကန် တတ်ချင်သူတွေအတွက်လည်း သင်တန်းလေး ဖွင့်ပေးဖို့ ရည်ရွယ်ထားပါတယ်ဗျ။ တတ်ချင်သူတွေရှိရင် စရင်းလေးလာပေးထားလို့ ရပါတယ်ခင်ဗျ။

Line - https://line.me/ti/p/FOxoJGzVf7
Ph - 09 768 787976

ဆက်သွယ်ရန်လိပ်စာ - အမှတ် ၅ ကျွန်းတော၊ သရက်ပင်ဂိတ်အနီး၊ ကရင်ပြည်နယ်၊ မြဝတီမြို့

#မြဝတီ #ကွန်ပျူတာသင်တန်း

Address

Myawadi

Website

Alerts

Be the first to know and let us send you an email when FFA Computer Training Center - MWD posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share