Aung Yadanar Electronics Training & Service

Aung Yadanar Electronics Training & Service မြန်မာနိုင်ငံရဲ့ စက်မှုလုပ်ငန်းတိုးတက်ဖို့ အီလက်ထရောနစ်ပညာရပ်ကို တထောင့်တနေရာမှ သင်ကြားပြသပေးနေပါတယ်ခင်ဗျာ

Circuit ပတ်လမ်းတွေလိုက်တတ်ဖို့အဆင့်၄ဆင့်အဆင့်၁။ ပတ်လမ်းတွေလိုက်တတ်ဖို့ ပထမဆုံး component တခုခြင်းစီရဲ့ အလုပ်လုပ်ပုံနှင့်...
27/05/2026

Circuit ပတ်လမ်းတွေလိုက်တတ်ဖို့အဆင့်၄ဆင့်

အဆင့်၁။ ပတ်လမ်းတွေလိုက်တတ်ဖို့ ပထမဆုံး component တခုခြင်းစီရဲ့ အလုပ်လုပ်ပုံနှင့် IC တွေအလုပ်လုပ်ပုံတွေကို သိရပါမယ်။

အဆင့်၂။ Circuit အစုတွေကိုသိရမယ်။
တနေရာကနေတနေရာကို သွားရင် ဒီတိုင်းသွားတာထက် မြေပုံကြည့်သွားရင် ပိုလွယ်ပါတယ်။ ခုခေတ်လိုဆိုရင် google map နဲ့ သွားတာလိုပေါ့ဗျာ။

အဆင့်၃။ Schematic diagram ဘယ်လိုဆွဲရတယ်ဆိုတာသိရပါမယ်။
တချိုက အဆင့်၂ကိုသိသွားရင် သူများဆွဲထားတာကို ဖတ်တတ်တယ်။ ဒါပေမယ့် ကိုယ်တိုင်မဆွဲတတ်သေးဘူးဖြစ်နေပါမယ်။ အဲ့တော့ဘယ်လိုစဆွဲရမှန်းမသိရင် မဆွဲဖြစ်တော့ပါဘူး။

အဆင့်၄။ ကိုယ်တိုင် Schematic diagram ဆွဲကြည့်ရပါမယ်။ လွယ်တာလေးတွေကနေစဆွဲရင် လေ့လာရင်း၊လေ့ကျင့်ရင်းနဲ့ ဆွဲရတာခံတွင်းတွေ့သွားပြီး Circuit ပတ်လမ်းတွေကို နားလည်သွားမှာပါ။

ဒီအဆင့်၄ဆင့်ကျော်ဖြတ်ပြီးသွားရင်တော့ circuit flow ကိုမြင်နိုင်ပြီး ပြစ်ချက်ရှာရတာလွယ်ကူလာမှာပါခင်ဗျာ။

Level 1,2 Group မှာတော့ အဆင့်(၃)နှင့်(၄) ကိုစသင်ပေးနေပါပြီ။

လေ့လာသင်ယူလိုပါက page messenger မှာ စာရင်းပေးနိုင်ပါတယ်ခင်ဗျာ။

AYDN
Electronic Training and Service
Monywa
09792102165(Viber)

25/05/2026

ရေနစ်ပြီး ပါဝါမလာတဲ့

22/05/2026

Fan လည်ပြီး ဘာမှမလာတဲ့ပြစ်ချက်

21/05/2026

No power ဆိုပေမယ့် smps ပြစ်ချက်မဟုတ်ပါဘူး။

SMPS ရဲ့ PWM ic, switching mosfet တွေမှာ no Short.

output+5V, +12V, -12V တွေမှာလဲ no short.

IGBT short ကျထားလို့ သူရဲ့ gate driver ကို စစ်ကြည့်တော့ toetem pole driver ရဲ့ collector တွေက short ကျနေတယ်။

စောစောက smps output တွေတိုင်းတော့ ဘာလို့မတွေ့တာလဲဆိုတော့ အဲ့တုန်းက gnd နဲ့ပဲတိုင်းခဲ့မိလို့။

ဒါနဲ့ toetem pole driver ဖြုတ်တော့လဲ short ကမလွတ်သေးဘူး။ transistor အတွဲမှာလဲ short မရှိဘူး။

အဲ့တော့ +12,-12 သုံးတာက op amp ic တွေ။

တခုခြင်းဖြုတ်နေရင်ကြာတယ်။

Power supply ကို 2V,2A မှာထား ရှော့တိုက်လိုက်တယ်။

မိုက်တဲ့ကောင်ထွက်ခဲဆိုတဲ့အတိုင်း ထင်ထားတဲ့ op amp တွေကကောင်းပြီး ဒီ၂ကောင်ပူလာတယ်။

20/05/2026

ညှော်နံပါ ထွက်တယ်ဆိုတဲ့အလုံးလေးပြင်ပြီးပါပြီ။

👉အင်ဗာတာများပြင်လိုပါက

AYDN
Electronic Training and Service
Monywa
09792102165 (Viber)

19/05/2026

Inverter type refrigerator circuit များကို တင်ပေး‌နေပါတယ်။ Level 3 join ထားတဲ့မိတ်ဆွေများ သွားကြည့်လို့ရပါပြီနော်။

AYDN
Electronic Training and Service
Monywa
09792102165

Air con circuit များကို တင်ပေး‌နေပါတယ်။ Level 3 join ထားတဲ့မိတ်ဆွေများ သွားကြည့်လို့ရပါပြီနော်။
18/05/2026

Air con circuit များကို တင်ပေး‌နေပါတယ်။ Level 3 join ထားတဲ့မိတ်ဆွေများ သွားကြည့်လို့ရပါပြီနော်။

17/05/2026

အားသွင်းမရလို့ ပို့လိုက်တဲ့ power station ကျနော့်ဆီရောက်တော့ကောင်းနေလို့ ပြန်ပို့လိုက်ပီ။

15/05/2026

Circuit Board တခုကိုဘယ်ကနေစစစ်ရမလဲ ဆိုတဲ့သူတွေအတွက်....

AYDN
Electronic Training and Service
Monywa
09792102165

12/05/2026

တခါမှမပြင်ဖူးသေးတဲ့ပြစ်ချက်
+++++++++++++++++++++++

အင်ဗာတာပြင်ပြီးတဲ့အခါမှာ error ၂ခုတက်ပါတယ်။

ပထမတခုက battery voltage ပြတာမမှန်ဘူး။

Battery က 50V ပဲရှိပေမယ့်။ 57,60V လျှောက်ပြနေတယ်။

အာကြောင့် အားသွင်းလိုက်ရင် အားပြည့်ပြီထင်ပြီး charging လုပ်မရဘူး။

နောက် error တခုက

Battery voltage မှန်သွားတော့လဲ EPC နဲ့ပဲ charging ရပြီး ဆိုလာနဲ့အားသွင်းမရပြန်ဘူး။

အဖြေကတော့ video ထဲမှာပါ။

AYDN
Electronic Training and Service
Monywa

"အီလက်ထရောနစ်အခြေခံသိပေမယ့်  ဘယ်ကစစစ်ရမလဲမသိဖြစ်နေတုန်းလား ? 💡❌"​Electronics ကို ဝါသနာပါလို့ လေ့လာနေသူတွေ အဖြစ်အများဆုံး...
09/05/2026

"အီလက်ထရောနစ်အခြေခံသိပေမယ့် ဘယ်ကစစစ်ရမလဲမသိဖြစ်နေတုန်းလား ? 💡❌"

​Electronics ကို ဝါသနာပါလို့ လေ့လာနေသူတွေ အဖြစ်အများဆုံးက -
​Resistor, Capacitor, Diode တွေရဲ့ အလုပ်လုပ်ပုံကို စာအုပ်ထဲမှာ အလွတ်ရနေမယ်။

​ဒါပေမယ့် Inverter တစ်လုံး ဒါမှမဟုတ် Circuit Board တစ်ခု ရှေ့မှာ ချလိုက်ရင် "ဘယ်ကနေ စစစ်ရမလဲ" ဆိုတာ ဝေဝါးနေမယ်။

​သီအိုရီတွေက ခေါင်းထဲမှာ ရှိနေပေမယ့် လက်တွေ့ပြင်တဲ့အခါမှာ အသုံးမချနိုင်ဘဲ ဖြစ်နေတတ်ပါတယ်။

​ဒီလို Theory-Practice Gap ဖြစ်နေတာဟာ အခြေခံမရှိလို့ မဟုတ်ပါဘူး။ "စနစ်တကျ ချိတ်ဆက်တွေးခေါ်နည်း" လိုအပ်နေတာပါ။

​✅ AYDN Electronic Training and Service မှာတော့ ဒီအခက်အခဲကို အထိရောက်ဆုံး ဖြေရှင်းပေးပါတယ်။

ကျွန်တော်တို့ရဲ့ "Electronics Master Online Class" မှာဆိုရင် -

​သီအိုရီသက်သက်ထက် လက်တွေ့နယ်ပယ်မှာ တကယ်သုံးရမယ့် Circuit Tracing (ပတ်လမ်းလိုက်နည်း) ကို အဓိကထား သင်ကြားပေးပါတယ်။

​Board တစ်ခုကို ဘယ်လို စနစ်တကျ Troubleshooting လုပ်ရမလဲဆိုတဲ့ Practical Skills တွေကို ဦးစားပေးပါတယ်။

​သင်တန်းသားတွေ "Master" ဖြစ်လာစေဖို့အတွက် တစ်ဦးချင်းစီရဲ့ အခက်အခဲတွေဖြေရှင်းပေးပြီး ပတ်လမ်းတွေလိုက်နိုင်တဲ့အထိ ဆွဲခေါ်သွားပေးမှာပါ။

Online ကနေလေ့လာရမှာဖြစ်လို့ မိမိအားတဲ့အချိန်မှာလေ့လာလို့ရမယ်၊ နားမလည်တာတွေကို အချိန်မရွေးမေးလို့ရမှာဖြစ်ပါတယ်။

​စာအုပ်ထဲက Electronics ကို လက်တွေ့နယ်ပယ်ထဲအထိ ဆွဲခေါ်လာဖို့ AYDN ရှိပါတယ်။ 🛠️✨

သင်တန်းအသေးစိတ်ကို page messenger မှာ စုံစမ်းနိုင်ပါတယ်ခင်ဗျာ။

AYDN
Electronic Training and Service
Monywa
09792102165

Address

Aung Yadanar Street, Chan Myawaddy Qrt
Monywa

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Aung Yadanar Electronics Training & Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Aung Yadanar Electronics Training & Service:

Share

Category