GMW Emergency Free Ambulances

GMW Emergency Free  Ambulances ဥက္ကဌ
ကိုအောင်သော်- 095061838
ဒုဥက္ကဌ
မေတ္တာမြင့်မြတ်ဟိန်း-09675836202

21/03/2022

၂၁.၃.၂၀၂၂

ရဟန်းရှင်လူမိဘပြည်သူများ၏ကျန်းမာရေးကိုကူညီစောင့်ရှောက်မှုများကိုပိုမို၍ကူညီဆောင်ရွက်နိုင်ရန်

GMWလူမှုကယ်ဆယ်ရေးအသင်းအား တည်ထောင်ခဲ့သူ ကိုအောင်သော်ထံမှ၁၅.၃.၂၀၂၂တွင်လွဲပြောင်းရယူပြီးဖြစ်ပါသည်။

မကြာမှီရက်ပိုင်းအတွင်းကူညီကယ်ဆယ်ရေးလုပ်ငန်းများပြန်လည်လုပ်ဆောင်နိူင်ရန် GMWအသင်း၏ စာရင်းဇယားများ အသင်းပိုင်ပစ္စည်းများကို ယခင်ရုံးပိုင်းဆိုင်ရာကိုတာဝန်ယူအုပ်ချုပ်သောတာဝန်ရှိလူကြီးမင်းများထံမှစာရင်းအတိကျဖြင့်လွဲပြောင်းရယူလိုပါ၍ လူကြီးမင်းကိုယ်တိုင်သော်လည်းကောင်း လူကြီးမင်း၏တာဝန်လွဲအပ်ပေးသောကိုယ်စားလှယ်မှလည်းကောင်း ယခုကြေငြာသည့်နေ့မှသုံးရက်အတွင်းဆက်သွယ်အကြောင်းကြားပေးပါရန်အသိပေးအကြောင်းကြားအပ်ပါသည်။

စာရင်းရှင်းလင်းလွဲပြောင်းသတ်မှတ်အချိန် ကြေငြာသည့်နေ့မှတပတ် သတ်မှတ်ထားပါ၍ ထိုကာလကျော်လွန်ပါက သဘောအတိုင်းဆောင်ရွက်ပါဟု ယူဆ မည်ဖြစ်ပါ၍ သတ်မှတ်အချိန်မတိုင်မှီတာဝန်ရှိလူကြီးမင်းများမှပစ္စည်းစာရင်းဇယားအပြည့်စုံဖြင့် လာရောက်တွေ့ဆုံပါရန်လေးစာစွာဖြင့်အသိပေးအကြောင်းကြားအပ်ပါသည်။

ဘဏ္ဏာရေးနှင့်စာရင်းစစ်ကော်မတီ

ကိုဗစ် နဲ့ ဒယ်လ်တာ ညားပြီးအိုမီခရွန်လေး မွေးဖွားအခု အိုမီခရွန်ရဲ့ ရည်းစား ပေါ်လာပြီဘတူး (BA-2) တဲ့
03/03/2022

ကိုဗစ် နဲ့ ဒယ်လ်တာ ညားပြီး
အိုမီခရွန်လေး မွေးဖွား
အခု အိုမီခရွန်ရဲ့ ရည်းစား ပေါ်လာပြီ
ဘတူး (BA-2) တဲ့

03/03/2022

ကူးစက်ပါက

1. ဖျားခြင်း ချမ်းတုန်ခြင်း
2. လည်ချောင်းခြောက်ခြင်း /လည်ချောင်း နာ ခြင်း /ချောင်းခြောက်ဆိုးခြင်း
3. ခန္ဓာကိုယ်နဲ့ ကြွက်သားများ ကိုက်ခဲခြင်း
4. မောပန်းနွမ်းနယ်ခြင်း
5. နှာခေါင်းပိတ်ခြင်း /နှာစေးခြင်း
6. ည တွေ အေးမြသောအခန်းတွင်ရှိသော်လည်း ဇောချွေး များ ထွက်ခြင်း
7. အရင် လိုအနံ့ အရသာ ပျောက် ခြင်း သိပ်မရှိသောကြောင့် တုပ်ကွေးလက္ခဏာများ နှင့် ဆင်တူပါသဖြင့် မိမိတွင်ကူးစက်မိပါက သတိမထားမိ လျှင် ဆိုးဝါးသော အဆင့်ကို ရောက် သွားနိုင်ပါသဖြင့် လက္ခဏာများအား မိမိကိုယ် တိုင်သံသယဖြစ်လျှင် နီးစပ်ရာ ဆရာဝန်နှင့် စနစ်တကျ စစ်ဆေး ကုသမှုခံယူပါရန်
တိုက်တွန်း အပ်ပါသည်

Crd: Samitivej Hospital
အထက်ပါအချက်များကို မျှဝေပေး သော
ကူးစက်ရောဂါ အထူးကု ဆရာဝန်ကြီး
Dr. On-Umar Banpamaiအား အထူးပင်ကျေးဇူးတင်ပါသည်


အိုမီခရွန် ပြည်တွင်းကူးစက်မှု စတွေ့ပါပြီ … အိုမီခရွန်လက္ခဏာတွေက … - (၄၈)နာရီအတွင်း လက္ခဏာပြတယ် …(၁) နှာချေမယ် ၊ ပင်ပန်းန...
25/02/2022

အိုမီခရွန် ပြည်တွင်းကူးစက်မှု စတွေ့ပါပြီ …

အိုမီခရွန်လက္ခဏာတွေက …

- (၄၈)နာရီအတွင်း လက္ခဏာပြတယ် …

(၁) နှာချေမယ် ၊ ပင်ပန်းနွမ်းနယ်မယ် ၊ အားမရှိဖြစ်နေမယ် …

(၂) လည်ချောင်းယားမယ် ၊ ချောင်းခြောက်ဆိုးမယ် ၊ နှာစေးမယ် ...

(၃) ခါးအောက်ပိုင်းနာမယ် ၊ ခေါင်းကိုက်မယ် ၊ ညဘက် ချွေးထွက်များမယ် ၊ ကိုယ်လက်ကိုက်ခဲမယ် ...

(၄) မစားမသောက်ချင်ဖြစ်လာမယ် ...

အထက်ပါလက္ခဏာတွေဖြစ်ရင် အများပြည်သူဆိုင်ရာနေရာတွေကို မသွားခြင်းဖြင့် ကူညီပါ …

Credit

ဒီတစ်ခါ အိုမီခရွန် (Omicron) ကတော့ လူစုံတက်စုံ အကုန်ကူးဖို့များတယ်၊ အခု အသိတွေထဲ COVID အရင်ဖြစ်ဖူးသူလဲကူးတယ်၊ ဆေး နှစ်ကြ...
25/02/2022

ဒီတစ်ခါ အိုမီခရွန် (Omicron) ကတော့ လူစုံတက်စုံ အကုန်ကူးဖို့များတယ်၊ အခု အသိတွေထဲ COVID အရင်ဖြစ်ဖူးသူလဲကူးတယ်၊ ဆေး နှစ်ကြိမ် ထိုးထားလည်းကူးတယ်၊ Booster ထိုးထားတဲ့သူလည်းကူးတယ်၊ အပေါ်က သုံးချက်လုံးနဲ့ ကိုက်ညီတဲ့သူလည်းကူးတယ်၊ အဲ့တော့ မည်သူမဆိုကူး နိုင်တဲ့အနေအထားပါ၊ ကူးစက်မြန်လို့ တစ်ယောက်ဖြစ်ရင် တစ်အိမ်လုံးချက်ချင်းကူးနိုင်ပါတယ်၊

Omicron ဖြစ်ရင် ဘာတွေဖြစ်လဲ၊ ခံစားရတာလေးပြောပြမယ်

၁၊ ချမ်းပြီး ဖျားပါတယ် ၊ အဖျားက တက်လိုက်ကျလိုက် ဖြစ်တယ်၊ ချမ်းဖျားတက်ပါတယ်၊ ဖျားရင်တော့ ဆရာဝန်နဲ့ပြပြီး ဆေးထိုး ဆေးသောက်လုပ်ပါ၊ သက်သာပါတယ်၊

၂၊ ကိုယ်လက် အနည်းငယ် ကိုက်ခဲ၊ အနည်းအများကတော့ တစ်ယောက် နဲ့တစ်ယောက်တော့ တူချင်မှတူမယ်၊

၃၊ ၃ ရက်မြောက် ချောင်းဆိုးပါမယ်၊ ပြီးရင် အသံပါဝင်ပြီး G Fatt သံလိုလို၊ ဇော်ဝင်းထွဋ်သံ လိုလိုဖြစ်မယ်၊ မယုံမရှိနဲ့ rapping ရွတ်ကြည့်လိုက် 😀 ရေနွေးလေးသောက်ပေးရင် သက်သာပါတယ် ၊ ဆားရည်အာလုတ်ကျင်းပါ၊

၄၊ ခေါင်းအနည်းငယ်သာကိုက်ပြီး ခေါင်းမကြည် မူးနောက်နောက်ဖြစ်ပြီး၊ သတိမေ့တတ်သလိုဖြစ်မယ်၊ ဥပမာ ပေးစရာ အကြွေးတွေမေ့သွားတာမျိုး 😂😂

၅၊ ပါးစပ်က မစားချင်ပေမဲ့ ဗိုက်ကတော့ အချိန်မှန်ဆာပြီး ထည့်သမျှအကုန်ဝင်တယ်၊ ဒါကတော့ အရင် ကိုဗစ်တွေနဲ့မတူတာ၊

၆၊ နှာစီးမယ်၊ နှာပိတ်မယ်၊ အနည်းအများ ကွာခြားမှုရှိနိုင်

၇၊ ချွေးထွက်ပြီး ချွေးစော်နံမယ်၊ အင်္ကျီလဲပေးပါ

၈၊ လေပြွန်ရောင်ပေမဲ့ အဆုတ်မရောင်ပါ၊ O2 မကျပါစမ်းသပ်ပေးတဲ့ ဆရာဝန်ပြောတာ၊ တစ်ဦး နှင့်တစ်ဦးကွာခြားနိုင်ပါတယ်၊
~~~~~~~~~~~~
Omicron ရဲ့ ကောင်းတဲ့ အချက်လေးတွေတွေ့လို့ Copy ယူလာတယ်

ယနေ့ကမ္ဘာမှာ ကူးစက်ခံရသူ ၉၀% ကျော်ဟာ Omicron ဖြစ်ပြီးသူကပေးတဲ့ antibody ဟာ T cell ကို memorized လုပ်ပေးပြီး Corona virus ကို မှတ်မိစေမယ်။

ကူးစက်ခံရတဲ့ targeted cell ကို တိုက်ခိုက်တာမို့နောင် အသစ်ထွက်နိုင်မယ့် variant ကိုပါ ကာကွယ်နိုင်မယ်လို့ တွက်ဆထားပါတယ်။

Omicron ကူးစက်ခံရတဲ့အတွက် ထွက်လာတဲ့ antibody ဟာ delta ကူးစက်မှုကို ခံနိုင်ရည်ရှိတယ်လို့လည်း တွေ့ထားပါတယ်။

အထက်ပါတွေ့ရှိချက်အရဆိုရင်
Omicron ဟာ နောက်ဆုံးလာတဲ့ကိုဗစ်လှိုင်းဖြစ်ဖို့များပါတယ်။

ကူးစက်နှုန်းက ထိန်းချုပ်မရလောက်အောင်မြန်တဲ့အတွက် တားဖို့မလွယ်လောက်ပါဘူး။သေဆုံးနှုန်းက ၀.၂% ဆိုတော့ အရင်လိုစိုးရိမ်ဖို့မလိုအပ်ပေမယ့်နာတာရှည် ဆီးချို သွေးတိုး နှလုံး အဆုတ် ရောဂါရှိသူတွေအတွက်တော့ အရဲမစွန့်သင့်တဲ့အနေအထားပါ။

ကျနော်တို့ ကမ္ဘာကြီးဟာ ကိုဗစ်နဲ့ယှဉ်တွဲနေထိုင်နိုင်တဲ့ နေ့သစ်ကိုရောက်ပါတော့မယ်လို့မျှော်လင့်ပါတယ် ။

အားတင်းထားကြပါစို့...။

Credit.

"Donate and encourage"One who donates what one has got obtains the benefit of being wealthy in each plane of existence a...
14/02/2022

"Donate and encourage"

One who donates what one has got obtains the benefit of being wealthy in each plane of existence as a result of donation, for the nature of kamma is called response.

The kamma you do comes back to you in response.

Seeing that the kamma you do makes another person get the benefit, the Dhana, or good deed that enables that another person to obtain the benefit gives you the benefit in return as well.

As regards one who encourages another person to make a donation, another person happens to perform a wholesome deed thanks to one's encouragement.

The one who encourages and the encouragee become companions.

A person who happens to make a donation and has thus done a wholesome deed due to your encouragement happens to become your friend.

Therefore, you get a lot of friends by encouraging others to give away.

This means that you obtain riches and property if you make donations, and you get companions if you encourage others to donate.

Hence, as the reverse, unless you make donations you have no chance to be affluent in every plane of existence, and if you don't encourage others to give away you aren't bound to have good friends.

The Buddha preached those four facts:

One who just makes donations but doesn't encourage others to donate is well off in each and every existence, yet has a scarcity of companions and entourage.

Although one who only encourages others to donate but doesn't oneself make donations has a multitude of companions and entourage in every existence, he is devoid of wealth.

A person who neither himself donates nor encourages others to give away is not merely impecunious but also lives a lonely life in every existence he gets to.

A person who performs a dual meritorious deed of personally making donations and encouraging others to donate acquires the benefit of being affluent as well as having lots of friends.

AT

မိသားစုနှင့်ထပ်တူဝမ်းနည်း​ကြောင်းကျွန်တော်များ Golden Middle Way (GMW)အသင်း၏နာယကဦးခင်မောင်မြင့်(ခ)ဦးမေတ္တာ သည် (၂.၈.၂၀၂...
08/08/2021

မိသားစုနှင့်ထပ်တူဝမ်းနည်း​ကြောင်း

ကျွန်တော်များ
Golden Middle Way (GMW)အသင်း၏နာယက
ဦးခင်မောင်မြင့်(ခ)ဦးမေတ္တာ သည် (၂.၈.၂၀၂၁)ရက်နေ့တွင်ကွယ်လွန်သွားပါသဖြင့်GMW ဥက္ကဋ္ဌနှင့် အသင်းသား/အသင်းသူများမှ မိသားစုနှင့် ထပ်တူ ဝမ်းနည်း​ကြေကွဲရပါသည်...



Golden Middle Way (GMW)

ကျွန်တော်များGolden Middle Way (GMW)အသင်းကြီးအား (၂၅.၂.၂၀၂၁) ကြာသာပတေး နေ့တွင် အသင်းကြီး၏ ပရဟိတလုပ်ငန်းများ အားလုံးကို ခ...
11/06/2021

ကျွန်တော်များ
Golden Middle Way (GMW)
အသင်းကြီးအား
(၂၅.၂.၂၀၂၁) ကြာသာပတေး နေ့တွင် အသင်းကြီး၏ ပရဟိတလုပ်ငန်းများ အားလုံးကို ခေတ္တရပ်ဆိုင်းထားပြီး
ဖြစ်ပါသည် ။
ထိုရပ်ဆိုင်းထားသာအချိန်မှစ၍ အသင်းသည် မည်သည့်လှုပ်ရှားမှု့များအားလုပ်ဆောင်တော့ခြင်းမရှိပါကြောင်းနှင့် အခြားမည်သူကိုမျှတာဝန်ပေးအပ်လှုပ်ရှားစေခိုင်းထားခြင်းမရှိပါကြောင်းအသိပေးအကြောင်းကြားအပ်​ပါသည်။
Golden Middle Way(GMW)အမည်ဖြင့်လှုပ်ရှားမှု့များပြုလုပ်၍ပြဿနာတစ်စုံတစ်ရာဖြစ်လာပါကအသင်းနှင့်လုံးဝမသက်ဆိုင်ပါကြောင်းအသိပေးအပ်ပါသည်။
Golden Middle Way (GMW)

အထူးမေတ္တာရပ်တောင်းပန်ခြင်း

အသင်းရန်ပုံငွေရရှိရန်အတွက်ဆုမဲများ
ရောင်းချခြင်းနှင့် ကျေးဇူးပြန်လည်တုံ့ပြန်မှုကိုလဲ အခြေအနေအချိန်အခါအမျိုးမျိုးကြောင့်ခေတ္တခဏဆိုင်းငံ့ထားရသည့်အပေါ် မိသားစုများအားနာလည်ပေးစေချင်ပါသည်။
အသင်းမှ လိမ်လည်လှည့်ဖျားခြင်းများ တခုမျှမရှိပါကြောင်း (၇)ရက်သားသမီးအလှူရှင်များအားမေတ္တာရပ်တောင်းပန်ရင်းအကြောင်းကြားအပ်ပါသည်........

20.2.2021Saturday ယနေ့မှာ ကျနော်တို့ Golden Middle Way ( GMW )မှာရွှေပင်လုံအိမ်ယာ(၂)၊မြောက်ဒဂုံမြို့နယ်ရှိနေအိမ်တွင် ပို...
20/02/2021

20.2.2021
Saturday

ယနေ့မှာ ကျနော်တို့ Golden Middle Way ( GMW )မှာ
ရွှေပင်လုံအိမ်ယာ(၂)၊မြောက်ဒဂုံမြို့နယ်ရှိနေအိမ်
တွင် ပိုးကင်းစင်နိုင်စေရန်ဆေးဖျန်းခြင်းကိုဆောင်ရွက်ခဲ့ပါသည်....

Golden Middle Way (GMW)
လူမှုကယ်ဆယ်ရေးအသင်း
၂၄နာရီအခမဲ့ကူညီသည်...

လေးစားအပ်ပါသော ပြည်သူများထံ အသိပေးခြင်းရန်ကုန်မြို့ပေါ်ရှိ ပရဟိတလူမှုကူညီရေး အသင်းများ(နှင့် တစ်နိုင်ငံ လုံးရှိ ပရဟိတ အသ...
14/02/2021

လေးစားအပ်ပါသော ပြည်သူများထံ အသိပေးခြင်း

ရန်ကုန်မြို့ပေါ်ရှိ ပရဟိတလူမှုကူညီရေး အသင်းများ
(နှင့် တစ်နိုင်ငံ လုံးရှိ ပရဟိတ အသင်းများ) အနေဖြင့်

စတင်ထည်ထောင်စဥ်ကတည်း က ပြည်သူနှင့်အကူအညီလိုအပ်နေသူများ ၏ အကျိုး ကို စွမ်းစွမ်းတမံ အကူအညီပေးရန် ရည်ရွယ်ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပါသည်။

ကောင်းမွန်သော ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းခဲ့ပြီး
မှန်ကန်သောကူညီမှုများ လုပ်ဆောင်ခဲ့မှုကြောင့်
ပြည်သူများ၏ မေတ္တာဖြင့် ပါဝင် လှူဒါန်းမှုများ ရှိလာကာ
အသင်း/အဖွဲ့အလိုက် တိုးတက်ရန် ဆောင်ရွက်ခဲ့ကြပါသည်။

၎င်းကဲ့သို့ ဆယ်စုနှစ် တစ်စုမက အများပြည်သူအကျိုးကို ကူညီ/ကယ်ဆယ် သယ်ပိုးခဲ့သော်လည်း

ပြည်သူများ ၏ တက်ကြွစည်းလုံးမှုကို အခွင့်ကောင်းယူကာ မသမာသူတစ်စု ၏ ရည်ရွယ်ချက်ရှိရှိ သွေးခွဲ/နှောက်ယှက် မှုများကြောင့် ပြည်သူများ အထင်လွဲ/အမြင်လွဲ မှုများ ဖြစ်ပေါ်လာရပါသည်။
(12-2-2021 ည ပိုင်း တွင် စတင်ခဲ့)

ပြည်သူများအား ကူညီ/ကယ်ဆယ် ဆောင်ရွက်ရန် ဖွဲ့စည်းထားသော အသင်း/အဖွဲ့များ အနေဖြင့် ပြည်သူများ အား စိတ်ဒုက္ခ/ဘေးဒုက္ခ ရောက်စေရန် ယခင်ကလည်း မဆောင်ရွက်ခဲ့သလို နောက်နောင်လဲ ဘယ်တော့မှ ဆောင်ရွက်သွားမည် မဟုတ်ပါ။

လတ်တလော နိုင်ငံ့အရေး ဆောင်ရွက်မှုများတွင်လည်း
ပြည်သူများ နှင့် ဖွဲ့စည်းထားသော ပရဟိတ အသင်းများဖြစ်သည်မို့ ပြည်သူများနှင့် တစ်သားထဲ ရှိနေခြင်းသည်ပင်လျှင် မသမာသူ လူတစ်စု ၏ သွေးခွဲရန် အကြောင်းတရားပင် ဖြစ်ပါသည်။

သို့ပါသောကြောင့် လေးစားအပ်ပါသော ပြည်သူများ အနေဖြင့်
ပညာရေး/ကျန်းမာရေး/အုပ်ချုပ်ရေး/လူမှုရေး စသည့် နယ်ပယ်ပေါင်းစုံ တွင်
မသမာသူ တစ်စု ၏ ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်နေမှုများအား သုံးသပ် ကာ
🚑 အသင်း/အဖွဲ့ အမည် အပြည့်အစုံ ပါရှိသော /
🚑 အလှူရှင်အမည် အပြည့်အစုံ ပါရှိသော /
🚑 အသင်း/အဖွဲ့ ယူနီဖောင်း ပြည့်စုံစွာပါရှိသော /
🚑 လုပ်ဆောင်မှု အတိအကျ ဖော်ပြနိုင်သော

🚨 အသင်း/အဖွဲ့ ပိုင် ယာဥ်များ နှင့်
🚨 အရေးပေါ် လူနာတင်ယာဥ်များ အား

🙏🙏🙏အထင်အမြင် လွဲမှား ၍
ဆန္ဒစောစွာ တုန့်ပြန်ခြင်း မပြု လုပ်ကြပါရန်

နှင့်

မိမိတို့ ညီနောင် အသင်း/ အဖွဲ့များ အနေဖြင့်လည်း တိကျသေချာသည့် အကြောင်းပြချက်ရှိမှသာ
အသင်း အခြေစိုက်ရာ ရုံး မှ ထွက်ခွါ သွားလာ သင့်ကြောင်း

​လေးစားစွာ အကြံပြု ဖော်ပြအပ်ပါသည်။

(Ps .. မသမာသူ လူတစ်စု ၏ အကြံဥာဏ် ဖြင့်
ရန်ကုန် နှင့် မန္တလေး မြို့ကြီးများ တွင်
လူနာတင်ယာဥ် အတုများ အသုံးပြုကာ
တန်ပြန် အနှောက်အယှက် လုပ်ငန်း များအား
ဖန်တီးပုံဖော်လျှက် ရှိပါသည် ခင်ဗျာ)

(ညီနောင် အသင်း/အဖွဲ့များ အနေဖြင့် လည်း
ကောင်းမွန်သော ရည်ရွယ်ချက် နှင့် သွေဖယ်ကာ
ပြည်သူ့မျက်နှာကို မထောက်ပဲ ယုတ်ညံ့သော
ကိုယ်ကျိုးရှာ အသင်း/အဖွဲ့များ ကို
အချင်းချင်း ဖော်ထုတ်ကာ ရှုံ့ချ သင့်ပါသည်။

Golden Middle Way (GMW)
လူမှု့ကူညီကယ်ဆယ်ရေးအသင်း

Crd

(3.2.2021)Wednesday ယနေ့မှာ ကျနော်တို့ Golden Middle Way ( GMW )မှာမလေးရှားနိုင်ငံမှပြန်လည်ရောက်ရှိလာသော မြန်မာနိုင်ငံသာ...
03/02/2021

(3.2.2021)
Wednesday
ယနေ့မှာ ကျနော်တို့ Golden Middle Way ( GMW )မှာ
မလေးရှားနိုင်ငံမှပြန်လည်ရောက်ရှိလာသော မြန်မာနိုင်ငံသားများအားစောင့်ကြည့် Quarantine ထားရှိနိုင်ရန် စီးပွား​ရေးတက္ကသိုလ်(ရွာသာကြီး)Quarantine Center တွင်ခရီးဆောင်အိတ်များအားဆေးဖျန်းခြင်း၊ပြည်တော်ပြန်တစ်ဦးချင်စီတိုင်းရဲ့ခရီးဆောင်အိတ်များအားပို့ဆောင်ပေးခြင်းများ၊ပြည်တော်ပြန်များအားတင်ဆောင်လာသော ကားများအားဆေးဖျန်ပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

Today we (GMW_Golden Middle Way) are spraying the return home luggage’s and their transportation cars, who are came back from Singapore and then helping to carry out their belonging to them at Ywar Thar Gyi Quarantine Center.

Golden Middle Way (GMW)
လူမှုကယ်ဆယ်ရေးအသင်း
၂၄နာရီအခမဲ့ကူညီသည်...
Free 24 hours ambulance

Address

Mingaladon

Telephone

095061838

Website

Alerts

Be the first to know and let us send you an email when GMW Emergency Free Ambulances posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share