KMA Phone Shop

KMA Phone Shop Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from KMA Phone Shop, Information Technology Company, ミャンマー, Mawlamyine.

17/12/2024
24/11/2024
17/11/2024

" #အလုပ်ကြိုးစားတိုင်းမချမ်းသာနိုင်ဘူး"

တစ်ခါက အဘိုးကြီးတစ်ယောက်ဟာ စိတ်ညစ်နေတဲ့လူငယ်တစ်ယောက်ကိုတွေ့တော့ မေးလေတယ်။

"သားငယ်လေး မင်းဘာတွေ တွေးပြီးစိတ်ညစ်နေတာလဲကွ"

အဘိုးကြီးက ဘေးမှာဝင်ထိုင်ရင်းမေးလိုက်တယ်

"ကျွန်နော်ဗျာ အခုထိမချမ်းသာနိုင်သေးလို့ ကိုယ့်ကိုကိုယ်စိတ်ပျက်နေတာ"

အဘိုးကြီးက မျက်လုံးပြူးသွားကာ

"ဟေ မင်းကချမ်းသာချင်လို့လား " လူငယ်က ကသိကအောက်ဖြစ်သွားကာ

"ဦးလေးကလဲဗျာ မချမ်းသာချင်တဲ့သူဘယ်သူရှိလို့တုန်း လူတိုင်းချမ်းသာချင်ကြတာပဲဗျ"

"အေးပါ ဟုတ်ပါပီ။ ဒါနဲ့ မင်းချမ်းသာချင်တော့ အခုဘာတွေလုပ်နေတုန်း"

"ကျွန်နော် အခု Company တစ်ခုမှဝန်ထမ်းလုပ်နေတာ ၁၀ နှစ်ကျော်ပီ။ အလုပ်လဲ ကြိုးစားတာပဲဗျာ၊ ခုထိမချမ်းသာသေးဘူး" အဘိုးကြီးကတစ်ချက်ပြုံးသွားကာ

"မင်းအခု ဘယ်သူ့အတွက် အလုပ်လုပ်နေတာလဲ "

"Company မှာလုပ်တာဆိုတော့ Company တိုးတက်ဖို့အတွက်ပေါ့ဗျ"

"မင်းက မင်းအတွက် လုပ်တာမှ မဟုတ်တာ မင်း Company အတွက်လုပ်တာပဲဟာ မင်းချမ်းသာမလား Company ပဲချမ်းသာသွားမလား ၊ ဒါနဲ့နေပါအုံး မင်းတစ်နာရီ ဘယ်လောက်နဲ့ အလုပ်လုပ်နေတုန်း "

"ကျွန်နော် တစ်နာရီ 1500 ရတယ်"

"ဒါဆို မင်းတစ်နေ့မှာ ဘယ်နှနာရီ အလုပ်လုပ်တုန်းကွာ"

"10 နာရီလောက် အလုပ်လုပ်ပါတယ်"

"ဟုတ်ပီ အဲ့တာဆိုရင် မင်းတစ်ရက် 30000 ရချင်ရင် နာရီ 20 အလုပ်လုပ်မှာလား? " လူငယ်က အဖိုးကြီးပြောလိုက်တာကို စဉ်းစားသွားရင်း အဖိုးကြီးကဆက်ပြောတယ်

" မင်း နာရီ 20 အလုပ်လုပ်လို့ရတဲ့ ဝင်ငွေ အတိုင်းအတာကို တချို့လူတွေက 1 နာရီထဲနဲ့ ရနေကြတာကော မင်းဘာလို့လဲ မစဉ်းစားမိဘူးလား"

"အလုပ်လုပ်နေရုံ၊ အလုပ်ကြိုးစားနေရုံနဲ့ မချမ်းသာလာနိုင်ဘူးကလေး ရွေးချယ်မှုမှန်ကန်ဖို့၊ အသိဥာဏ်ရှိဖို့၊ နည်းစနစ်ကျဖို့တွေလိုတယ်"

အဖိုးကြီးပြောပုံအတိုင်းဆိုရင် ကျွန်တော်တို့ အလုပ်ကြိုးစားလုပ်နေရုံနဲ့မရပါဘူး ရွေးချယ်မှုမှန်ကန်လာအောင် ဘယ်လိုတွေလုပ်ရမလဲ၊ ချမ်းသာလာအောင် ဘယ်လိုအသိဥာဏ်တွေရှိဖို့လိုအပ်မလဲ၊ နည်းစနစ်ကျစွာ ဘယ်လိုတွေအကောင်ထည်ဖော် ငွေရှာကြမလဲဆိုတာတွေ လိုအပ်လာပါတယ်။ ဒါ့ကြောင့် အလုပ်ကြီးပဲဖိလုပ်၊ ကြိုးစားငွေရှာနေကြမယ့်အစား ဘယ်လိုတွေလုပ်သင့်တယ်၊ ဘယ်လိုတွေက ပိုပီး အခွင့်လမ်းတွေရှိမယ် လို့ ရွေးချယ်ဆုံးဖြတ်ဖို့တွေ လိုအပ်နေတယ်ဆိုတာ ငြင်းစရာတောင် မလိုပါဘူး။ ဒါ့ကြောင့် သင်ဘာတွေဆက်လုပ်သင့်တယ်၊ ဘာတွေဆက်လုပ်ရမယ်ဆိုတာကို အရင်ဆုံးရှာဖွေပီး ရွေးချယ်မှု မှန်ကန်ကြပါစေလို့ ဆန္ဒမွန်ပြုရင်း .

Address

ミャンマー
Mawlamyine
12011

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+817045186503

Website

Alerts

Be the first to know and let us send you an email when KMA Phone Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to KMA Phone Shop:

Share