05/10/2024
𝗪𝗼𝗿𝗹𝗱 𝗧𝗲𝗮𝗰𝗵𝗲𝗿𝘀' 𝗗𝗮𝘆
05 October 2024
[Myanmar version below]
Today, we celebrate the countless hours teachers devote, the unwavering patience they demonstrate, and the dedication they bring to empowering students to achieve their full potential. Teachers are more than educators — they are mentors, role models, and champions of a brighter future.
This year, we celebrate World Teachers’ Day with the theme "Valuing Teacher Voices: Towards a New Social Contract for Education," recognizing the critical role teachers play in shaping the future of education. Please check the reflection on World Teachers’ Day of a Lincoln Scholar who is studying in the education-related discipline below.
“𝘐, 𝘢𝘴 𝘢𝘯 𝘦𝘥𝘶𝘤𝘢𝘵𝘰𝘳, 𝘱𝘳𝘰𝘮𝘪𝘴𝘦 𝘵𝘩𝘢𝘵 𝘐 𝘸𝘪𝘭𝘭 𝘤𝘰𝘯𝘴𝘪𝘥𝘦𝘳 𝘵𝘦𝘢𝘤𝘩𝘪𝘯𝘨 𝘢𝘴 𝘢 𝘤𝘰𝘮𝘮𝘶𝘯𝘪𝘵𝘺 𝘴𝘦𝘳𝘷𝘪𝘤𝘦 𝘢𝘯𝘥 𝘥𝘦𝘥𝘪𝘤𝘢𝘵𝘦 𝘮𝘺𝘴𝘦𝘭𝘧 𝘸𝘩𝘰𝘭𝘦𝘩𝘦𝘢𝘳𝘵𝘦𝘥𝘭𝘺 𝘵𝘰 𝘵𝘩𝘪𝘴 𝘮𝘪𝘴𝘴𝘪𝘰𝘯. 𝘈𝘴 𝘢 𝘭𝘢𝘯𝘨𝘶𝘢𝘨𝘦 𝘪𝘯𝘴𝘵𝘳𝘶𝘤𝘵𝘰𝘳, 𝘐 𝘸𝘪𝘭𝘭 𝘪𝘯𝘤𝘰𝘳𝘱𝘰𝘳𝘢𝘵𝘦 𝘮𝘰𝘳𝘦 𝘴𝘰𝘤𝘪𝘢𝘭𝘭𝘺 𝘢𝘯𝘥 𝘤𝘶𝘭𝘵𝘶𝘳𝘢𝘭𝘭𝘺 𝘳𝘦𝘭𝘦𝘷𝘢𝘯𝘵 𝘱𝘦𝘥𝘢𝘨𝘰𝘨𝘺 𝘧𝘰𝘳 𝘮𝘺 𝘤𝘰𝘮𝘮𝘶𝘯𝘪𝘵𝘺. 𝘗𝘳𝘰𝘨𝘳𝘦𝘴𝘴 𝘢𝘯𝘥 𝘱𝘰𝘴𝘪𝘵𝘪𝘷𝘦 𝘤𝘩𝘢𝘯𝘨𝘦𝘴 𝘪𝘯 𝘮𝘺 𝘴𝘵𝘶𝘥𝘦𝘯𝘵𝘴’ 𝘱𝘦𝘳𝘴𝘰𝘯𝘢𝘭 𝘢𝘯𝘥 𝘱𝘳𝘰𝘧𝘦𝘴𝘴𝘪𝘰𝘯𝘢𝘭 𝘭𝘪𝘧𝘦 𝘸𝘪𝘭𝘭 𝘴𝘵𝘢𝘯𝘥 𝘢𝘴 𝘵𝘦𝘴𝘵𝘪𝘮𝘰𝘯𝘪𝘢𝘭𝘴 𝘰𝘧 𝘮𝘺 𝘤𝘰𝘮𝘮𝘪𝘵𝘮𝘦𝘯𝘵.” 𝘊𝘰𝘩𝘰𝘳𝘵 5 𝘓𝘪𝘯𝘤𝘰𝘭𝘯 𝘚𝘤𝘩𝘰𝘭𝘢𝘳
With the support of USAID’s Lincoln Scholarship Program (LSP), 15 scholars have either completed or are currently pursuing advanced studies in education-related disciplines. Through LSP, scholars gain the knowledge, skills, and leadership capacity needed to drive meaningful change in their communities and beyond.
Let’s take this opportunity to express our deepest gratitude to the teachers and commit to ensuring that their voices help shape educational systems that benefit everyone.
ဒီနေ့ကျရောက်တဲ့ ကမ္ဘာ့ဆရာ၊ဆရာမများနေ့မှာ ကျောင်းသူ၊ ကျောင်းသားတွေရဲ့ ဘဝရည်မှန်းချက်တွေ ပြည့်ဝဖို့ စိတ်ရှည်သည်းခံ၊ အချိန်ပေးပြီး ပညာသင်ကြားပေးတဲ့ ဆရာ၊ဆရာမ အားလုံးကို ဒီနေရာကနေ လေးစားဂုဏ်ပြုပါတယ်။ ဆရာ၊ ဆရာမတွေက ပညာသင်ကြားပေးသူတွေသာမက၊ အနာဂတ်ပိုမိုကောင်းမွန်လာဖို့ ရှေ့ဆောင်လမ်းပြသူတွေ၊ ထိန်းသိမ်းပဲ့ပြင်ပေးသူတွေလည်း ဖြစ်ပါတယ်။
အနာဂတ် ပညာရေးကို ဖော်ဆောင်တဲ့နေရာမှာ အရေးကြီးတဲ့ ဆရာ၊ဆရာမတွေရဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုတဲ့အနေနဲ့ ဒီနှစ် ကမ္ဘာ့ဆရာ၊ဆရာမများနေ့ကို “ဆရာ၊ဆရာမများ၏ဖွင့်ဟသံကို တန်ဖိုးထားခြင်း: ပညာရေးအတွက် လူမှုပဋိညာဉ်အသစ်တစ်ခုဆီသို့” ဆိုတဲ့ ဆောင်ပုဒ်နဲ့ ကျင်းပကြပါတယ်။ ပညာရေးနဲ့ ဆိုင်တဲ့ဘာသာရပ်နယ်ပယ်မှာ ပညာဆည်းပူးနေသူ လင်ကွန်းပညာသင်တစ်ဉီးရဲ့ ကမ္ဘာ့ဆရာ၊ ဆရာမများနေ့ အတွက် အတွေးအမြင်ဝေမျှထားတာကတော့_
“ပညာသင်ကြားပေးနေသူတစ်ဦးအနေနဲ့ သင်ကြားရေးကို ရပ်ရွာဝန်ဆောင်မှုအလုပ်တစ်ခုအဖြစ် မှတ်ယူပြီးတော့ အဲဒီ ဝန်ဆောင်မှုအတွက် မိမိကိုယ်ကိုယ်အားစိုက်နှစ်မြှပ်ဖို့ကိုလည်း ကတိပြုပါတယ်။ ဘာသာစကား သင်ကြားပေးသူတစ်ဦးအနေနဲ့ ကျွန်မတို့ရဲ့ ရပ်ရွာဝန်းကျင်မှာရှိတဲ့ ယဉ်ကျေးမှုတွေ၊ လူမှုဓလေ့တွေနဲ့ သဟဇာတဖြစ်တဲ့ သင်ကြားရေးနည်းနာတွေကို ထည့်သွင်းပေါင်းစပ်သွားပါမယ်။ ကျွန်မသင်ပေးတဲ့ ကျောင်းသူ၊ ကျောင်းသား တစ်ဦးတစ်ယောက်ခြင်းရဲ့ တိုးတက်ပြောင်းလဲမှုတွေက ကျွန်မရဲ့ ကြိုးစားအားထုတ်မှုအတွက် အောင်မြင်မှုမှတ်တိုင်အဖြစ် ရှိနေမှာဖြစ်ပါတယ်။”
Cohort 5 လင်ကွန်းပညာသင်တစ်ဦး
အမေရိကန်ပြည်ထောင်စု နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ USAID ရဲ့ လင်ကွန်းပညာသင်ဆုအစီအစဉ်မှာ ပညာရေးနဲ့သက်ဆိုင်တဲ့ ဘာသာရပ်နယ်ပယ်တွင် အဆင့်မြင့် ပညာသင်ယူပြီးသူနှင့်သင်ယူနေဆဲ ကျောင်းသူ၊ကျောင်းသား ၁၅ ဦးပါဝင်ပါတယ်။ လင်ကွန်းပညာသင်ဆုအစီအစဉ်မှာ ကျောင်းသူ၊ ကျောင်းသားတွေက မိမိတို့ရဲ့နေရပ်ဒေသမှာရှိတဲ့ လူမှုအသိုင်းအဝိုင်း အပြင် အခြားသော နေရာဒေသတွေမှာပါ တိုးတက်ပြောင်းလဲမှုတွေ လုပ်ဆောင်နိုင်ဖို့အတွက် ခေါင်းဆောင်မှုစွမ်းရည်၊ ကျွမ်းကျင်မှုနှင့် အသိပညာ ဗဟုသုတတွေကို သင်ယူရရှိကြပါတယ်။
ကမ္ဘာ့ ဆရာ၊ဆရာမများနေ့မှာ ဆရာ၊ဆရာမတွေကို နှလုံးသားထဲကနေ ကျေးဇူးတင်တဲ့အကြောင်း ထုတ်ဖော်ပြသကြဖို့နဲ့ ဆရာ၊ ဆရာမတွေရဲ့ ထုတ်ဖော် ဖွင့်ဟသံတွေလည်း ပညာရေးစနစ်တွေမှာ ထင်ဟပ်နိုင်ဖို့အတွက် အားလုံးကိုဖိတ်ခေါ်တိုက်တွန်းပါတယ်။