04/03/2023
TechPro Pakokku Center ရဲ့ တန်းခွဲအသစ်လေးပါ။ ပခုက္ကူမှာနေတဲ့အမျိုးတွေ တက်လို့ရပါတယ်နော်။
🕵 ကလေးများအတွက် နွေရာသီ ဒီဂျစ်တယ်ကမ္ဘာလေ့လာရေး
နွေရာသီအခါသမယမှာ မိမိတို့ရဲ့သားငယ်သမီးငယ်များကို အကျိုးရှိစွာဖြတ်သန်းစေဖို့အတွက်ရည်ရွယ်ပြီး Digital Summer School အစီအစဉ်လေးနဲ့ မိတ်ဆက်ပေးပါရစေရှင့်
ဒီအတန်းလေးက သမရိုးကျ ကွန်ပျူတာအခြေခံအတန်းတွေနဲ့ မတူဘဲကလေးငယ်များအတွက် အထူးဖန်တီးထားတဲ့ appတွေကိုသုံးပြီး ကွန်ပျူတာနဲ့ ရင်နှီးကျွမ်း၀င်စွာထိတွေ့ခြင်းအပြင် ကလေးငယ်များကိုယ်တိုင် ဖန်တီးနိုင်စွမ်းနဲ့ တွေးခေါ်နိုင်စွမ်းကို မြှင့်တင်ပေးမယ့် သင်တန်းလည်း ဖြစ်ပါတယ်
စာတွေ့လက်တွေ့အနေနဲ့ ၀ါရင့်ဆရာ၊ ဆရာမများက ဦးဆောင်ပြီးအပြန်အလှန်ဆွေးနွေးမှုပုံစံများနဲ့ စနစ်တကျ သင်ကြားပေးမယ့် အတန်းလေးဖြစ်ပါတယ်
👇သင်ကြားပေးမည့်ပုံစံများ
➡ကွန်ပျူတာနဲ့ ပန်ချီဆွဲခြင်း
➡အင်္ဂလိပ်စာ မြန်မာစာTyping Skill
➡မိမိရဲ့ data တွေကို စနစ်တကျ စီမံခန့်ခွဲတတ်ဖို့ File Management System အခြေခံ ရုံးစာရိုက်နည်းနဲ့ Presentation Skill တွေအပြင်
➡Computer Science မှာဆိုရင် ကလေးတွေအတွက် ကမ္ဘာကျော် Scratch Programming ကိုပါထည့်သင်ကြားပေးဦးမှာ ဖြစ်ပါတယ်
👉 Online learning ပိုင်းအတွက် မသိမဖြစ်လိုအပ်တဲ့ အင်တာနက်အသုံးပြုနည်းများကို လည်းစနစ်တကျသင်ကြားပေးမှာဖြစ်ပြီး အင်တာနက်ပေါ်ကအန္တရာယ်တွေကို သိနိုင်ဖို့ Safe internet သင်ခန်းစာကိုလည်းအပြန်အလှန် ဆွေးနွေးသင်ကြားဖို့ ထည့်သွင်းထားတယ်ဆိုတော့ တကယ်ကိုရွေးချယ်ဖို့သင့်တဲ့ အတန်းလေးပဲဖြစ်ပါတယ်။
သင်တန်းချိန်
Monday to Thursday ,တစ်ပါတ် ၄ရက်, တစ်နေ့တစ်နာရီ သင်ကြားပေးမှာဖြစ်ပါတယ်ရှင့်
သင်တန်းကာလ
1 month
သင်တန်းကြေး
25000 ks
၅နှစ်မှ ၁၃ နှစ်အထိ သားသားမီးမီးများ ဒီအတန်းလေးကို တက်ရောက်လို့ရပါတယ်ရှင့်
➡ သင်တန်းသား ဦးရေကန့်သတ်ထားလို့ ခုပဲသင်တန်းအပ်လိုက်ရအောင်နော်။
ဉာဏ်ကောင်းတဲ့ကလေးတွေက ကွန်ပျူတာကျွမ်းတယ်လို့ပြောကြပေမယ့် ဒီသင်တန်းမှာတော့ သင့်ရဲ့ကလေးငယ်က ကွန်ပျူတာကျွမ်းကျင်ပြီး ဉာဏ်ရည်လည်းတိုးတက်လာမှာပါ။
09402338875
[email protected]
techpro.technology