27/03/2026
⚠️ CEIR စနစ်အတွက် အသိပေးကြေညာခြင်း ⚠️
💙 BK Mobile & Electronic ရဲ့ချစ်ရတဲ့ Customer များခင်ဗျာ
BK မှဝယ်ယူထားတဲ့ မိုဘိုင်းဖုန်းများအား ၂၀၂၆ ခုနစ်၊ မတ်လ (၃၁) ရက်နေ့ မတိုင်ခင် CEIR စနစ်တွင်ပါဝင်၍ မိုဘိုင်းဖုန်းနက်ဝပ်များတွင် အသုံးပြုနိုင်စေရေးအတွက် SIM Card ၂ကဒ်ထည့်သွင်းအသုံးပြုထားကြဖို့လိုပါမယ်ဗျ
Physical SIM Card တစ်ကတ်နှင့် eSIM တွဲလျက် အသုံးပြုနိုင်သော မိုဘိုင်းဖုန်းများတွင်လည်း eSIM များပါ ထည့်သွင်း၍ အသုံးပြုထားရန် လိုအပ်ပြီး၊ Physical SIM Card နှစ်ကတ် ထည့်သွင်း၍ အသုံးပြုနိုင်သော မိုဘိုင်းဖုန်းများတွင်လည်း SIM Card နှစ်ကတ် ထည့်သွင်း၍ အသုံးပြုထားရန် လိုအပ်ပါသည်
၂၀၂၆ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ မတိုင်ခင် ယခုကဲ့သို့ Register ပြုလုပ်ထားကြရန်လိုအပ်ပြီး မလုပ်ဆောင်ထားမိပါက ဧပြီလ (၁) ရက်နေ့နောက်ပိုင်းတွင် မိမိတို့၏ မိုဘိုင်းဖုန်းများသည် မိုဘိုင်းနက်ဝပ်များတွင် အသုံးပြု၍ မရခြင်းကဲ့သို့သော နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာနိုင်ပါကြောင်း လေးစားစွာဖြင့် အသိပေးလိုပါသည်
CEIR Register ပြုလုပ်လိုပါကဆိုင်မှာ အခမဲ့လာရောက်ဆောင်ရွက်နိုင်ပါတယ်ခင်ဗျာ
www.ceir.gov.mm
CEIR Registerမလုပ်မိတဲ့ အတွက် Simကဒ်ထည့်သွင်းအသုံးပြုမရခြင်းများကိုလည်း တာဝန်ယူဆောင်ရွက်မပေးပါခင်ဗျာ
CEIR အတွက် ဆိုင်ဖုန်း 09268000556 ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်