နည်းပညာများ မျှဝေရာ

နည်းပညာများ မျှဝေရာ follow လုပ်ပေးတဲ့သူတိုင်းကို ‌ကျေးဇူးပါဗျ

ရည်မှန်းချက်တခု ချမှတ်လိုက်ပြီဆိုကတည်းက သေချာတယ်၊ အဲ့ရည်မှန်းချက်က လက်တွေ့ရှိနေတဲ့အနေအထားထက် အများကြီး မြင့်မားနေမှာဘဲဒါ...
20/01/2024

ရည်မှန်းချက်တခု ချမှတ်လိုက်ပြီဆိုကတည်းက သေချာတယ်၊
အဲ့ရည်မှန်းချက်က လက်တွေ့ရှိနေတဲ့အနေအထားထက် အများကြီး မြင့်မားနေမှာဘဲ
ဒါတွေက လူတိုင်းကြုံတွေ့ရတဲ့ အခြေအနေဖြစ်တယ်
ဒါကြောင့် ရည်မှန်းချက် ချပြီးတာနဲ့ လက်တွေ့ မဖြစ်ဖြစ်အောင် အကောင်အထည်ဖော်ပါ
ကိုယ့်ရည်မှန်းချက် လက်တွေ့ဖြစ်မြောက်သွားတဲ့ ခံစားချက်က အရမ်းမိုက်တယ်ဆိုတာ တွေ့လာလိမ့်မယ်
အဲ့ကနေ ဒီလိုခံစားချက်တွေကို စွဲလမ်းလာတယ်
ဒီလိုနဲ့ မြင့်မားတဲ့အနေအထားတခုကို ရောက်လာကြတယ်ဆိုတာ သိထားဖို့ လိုတယ်

01/12/2023

စနစ်က အဖြေပဲ။
စနစ်ဆိုးက လူကောင်းကို
ပျက်စီးစေနိုင်တယ်။
လူဘယ်လောက်ကောင်းကောင်း
စနစ်မကောင်းရင် ပျက်တာပဲ။

ဒါကို အက်ဝေါ့ဒင်းမင်းက
A bad system can beat a good person
every time တဲ့။

စနစ်က အဖြေပဲ။

စနစ်အထက်မှာ ဒီဇိုင်းဆိုတာရှိတယ်။

ကာလံဒေသံနဲ့ ကိုက်ညီပြီး
အနာဂတ်သွားချင်တဲ့ လမ်းကြောင်းနဲ့
ကိုက်ညီအောင် ဒီဇိုင်းလုပ်ဖို့လိုတယ်။

ဘာတွေကို ဒီဇိုင်းလုပ်မလဲ?

ဖွဲ့စည်းမှုပုံစံ Structure ကိုအရင်ဆုံး
ဒီဇိုင်းလုပ်ရတယ်။
ဖွဲ့စည်းမှုပုံစံဆိုတာ ကျောရိုးတစ်ခုပဲ။
ဒီကျောရိုးပေါ်မူတည်ပြီး
လုပ်ငန်းဆောင်တာတွေ၊
ဖြစ်စဥ်တွေ လည်ပတ်တာ။

စနစ် System ဆိုတာကျတော့
ဥပမာဗျာ ကိုက်မုန့်ဖုတ်မယ်ဆိုပါတော့
၁။ မုန့်ဖုတ်မည့်နည်းလိုမယ်
၂။ လူလိုမယ်
၃။ ပန်ကန်းပြား၊ ဇွန်း၊ ဒယ်အိုးအစရှိတာလိုမယ်
၄။ ဆောင်ရန်၊ ရှောင်ရန်တွေလိုမယ်။

စနစ်တစ်ခုမှာ Policies, Process နဲ့ Procedure လိုမယ်။

ဥပမာ Policies စည်းကမ်းမှာဆို
၁။ ဘေးကင်းရေး ပထမ။
၂။ အလေအလွင့် နည်းနည်းနဲ့မုန့်ဖုတ်ပါ။
၃။ သင်ဖုတ်သောအခါတိုင်း ချက်ပြုတ်နည်းများနှင့်
အရသာအသစ်များကို စမ်းကြည့်ပါ။

ဒီထဲမှာ process လို့ခေါ်တဲ့ လုပ်ဆောင်ဆောင်တာကျတော့

အဆင့် 1: ပါဝင်ပစ္စည်းများအားလုံးကိုစုပါ။
အဆင့် 2: ၎င်းတို့ကို ဇလုံတစ်ခုထဲတွင် ရောမွှေပါ။
အဆင့် 3: အရောအနှောကို မုန့်ဖုတ်ဒယ်အိုးထဲသို့ လောင်းထည့်ပါ။
အဆင့် 4: မီးဖို၌ဖုတ်။
အဆင့် 5: အအေးခံပြီး အလှဆင်ပါ။

ဒါမျိုးဖြစ်မယ်။

Procedure ကျတော့

၁။ ဂျုံမှုန့် 2 ခွက်ကို တိုင်းတာပြီး ရောစပ်ထားသော ဇလုံတစ်ခုထဲသို့ လောင်းထည့်ပါ။
၂။ ပန်းကန်လုံးထဲသို့ သကြား 1 ခွက်ထည့်ပါ။
၃။ ကြက်ဥ ၃ လုံးကို ခေါက်ပြီး ရောမွှေလိုက်ပါ။
၄။ ဆီ 1/2 ခွက်ထဲသို့ လောင်းထည့်ပါ။
၅။ vanilla extract လက်ဖက်ရည်ဇွန်း 2 ဇွန်းထည့်ပါ။
၆။ ပါဝင်ပစ္စည်းများကို ချောမွေ့သည်အထိ
ရောမွှေရန် မွှေစက် သို့မဟုတ် ဖျော်စက်ကို အသုံးပြုပါ။
ဒါမျိုးဖြစ်မယ်။

ကိုယ့်လုပ်ငန်းရဲ့ ဖွဲ့စည်းပုံ
Structure က ကိုယ်သွားမည့် မဟာဗျူဟာ
Strategy နဲ့ ကိုက်ဖို့လိုတယ်။

နောက် အရေးကြီးဆုံးက
ဒီဇိုင်းချတဲ့နေရာမှာ
Guiding Principles ပဲ။

ဘယ်လို ဥပဒေသတွေနဲ့ သွားမလဲ။

YEC ရဲ့ Guiding Principles က

၁။ နောက် ၁၀ နှစ်ကိုအဓိကကြည့်။

၂။ ရေတိုမှာ လုပ်ငန်းကြီးထွားမှုထက်
အမြတ်ငွေရပြီး လည်ပတ်နိုင်ဖို့အရင်ကြည့်။

၃။ ဒီနေ့ဖန်တီးမှုက မနက်ဖြန်အတွက်
အချိန်ခြွေတာမှုဖြစ်သွားရမယ်။

၄။ လူဦးရေ သန်းငါးဆယ်အတွက် အရင်ကြည့်။
တစ်နေရာမှာ အခြေမကျနိုင်သေးပဲ
အများကြီး မစဥ်းစားနဲ့အုံး။

၅။ အလုပ်ဖြစ်တာနဲ့ မဖြစ်တာကိုကြည့်။
မဖြစ်တာကိုဖယ်၊ ဖြစ်တာကိုလုပ်။

၆။ စနစ်က အဖြေပဲ။

၇။ စိတ်ရှည်ရှည်ထား။

၈။ ဖောက်သည်ကိုနံပတ်တစ်ထား။ အလုပ်ကိုမြန်မြန်လုပ်။
ပိုးစိုးပက်စက်လုပ်။ နေ့စဥ်သင်ယူ။

၉။ ငါတို့က tribe တစ်ခုပဲ။ စနစ်ဆိုတာအချိန်နဲ့ အခြေအနေပေါ်မူတည်ပြီး အပြောင်းအလဲဖြစ်နေမယ်။

၁၀။ ကိိုယ်ဂုဏ်ယူတဲ့ ကုန်ပစ္စည်းတွေကိုအဓိကဖန်တီး။

၁၁။ ဒရာမာများရင် trauma များတဲ့အတွက် အပိုတွေအရမ်းလုပ်ရင်လစ်။

၁၂။ ငါတို့က မိသားစုမဟုတ်ဘူး။ ငါတို့က ဘောလုံးအသင်းလိုပဲ။ ပါဖောင်းမန့်ကောင်းတဲ့သူကျန်မယ်။ မကောင်းတဲ့သူလစ်မယ်။

ဒီ principles ကတော့ တချို့သူတွေအတွက်
တမျိုးဖြစ်ချင်ဖြစ်လိမ့်မယ်။
ကျွန်တော်တို့အတွက် ဒီအခြေအနေမှာ
ဒီဥပဒေသတွေနဲ့ အဓိကသွားတယ်။

Akyanpay
ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။

01/12/2023
01/12/2023
29/03/2023

hi ပါ

Address

Mandalay
Mandalay

Website

Alerts

Be the first to know and let us send you an email when နည်းပညာများ မျှဝေရာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share