Myo Min Oo

Myo Min Oo To develop young generation's high level of knowledge,personality and Information Technology (IT).

27/04/2024
ခွင့်လွှတ်ပါရန် တောင်းပန်ခြင်း========================၇-၄-၂၀၂၄ တနင်္ဂနွေနေ့မှ စ၍ ၁၁-၄-၂၀၂၄ ကြာသာပတေးနေ့အထိ(၅)ရက် တိတိ သဲ...
06/04/2024

ခွင့်လွှတ်ပါရန် တောင်းပန်ခြင်း
========================
၇-၄-၂၀၂၄ တနင်္ဂနွေနေ့မှ စ၍
၁၁-၄-၂၀၂၄ ကြာသာပတေးနေ့အထိ
(၅)ရက် တိတိ သဲအင်းဂူ ဝိပဿနာ ၊ မဂ္ဂင် ဓမ္မာရုံ၌ လေ့ကျင့်ရေး တရားစခန်း ဝင်မည် ဖြစ်ပါသဖြင့် ကိစ္စအရပ်ရပ်တို့အား ယာယီ ရပ်နားမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။
တရားစခန်းမဝင်ခင် တောင်းပန်ခြင်တာက
အနမတ္တဂ္ဂ သံသရာမှ စ၍ ယနေ့ထိတိုင်အောင်
ခင်ပွန်းကြီး ၁၀ ပါးနှင့်တကွ ၊ မိမိထက် ကြီးသော ငယ်သော ပုဂ္ဂိုလ် အားလုံးတို့အား ကာယကံ ဝစီကံ မနောကံ ကံ(၃)ပါးတို့ဖြင့် ပြစ်မှားမိခဲ့သည်ရှိသော် ခွင့်လွှတ်ပါရန် ကြေးအေးပါရန် တောင်းပန်းပါ၏
--------

ထိုအတူ
မိမိ မျိုးမင်းဦး AMT computer အပေါ်၌
ကိုယ် စိတ် ဆင်းရဲအောင်၊ ဘဝ ရည်ရွယ်ချက်ပျက်အောင် ၊ တိုးတက်မှု ပျက်အောင် တိုက်ရိုက်သော်လည်ကောင်း၊ သွယ်ဝိုက်၍သော်လည်ကောင်း ကံသုံးပါးဖြင့် ပြစ်မှားခဲ့ကြသော ကြီးသော ငယ်သော ပုဂ္ဂိုလ် အားလုံးတို့အားလဲ
ကျွန်တော် မျိုးမင်းဦး AMT Computer မိသားစု မှ ကြေနပ်စွာ ခွင့်လွှတ် သီးခံပါကြောင်း အသိပေးအပ်ပါသည်။

၆-၄-၂၀၂၄ စနေနေ့
တရားစခန်းအကြို တောင်းပန်ခြင်း

29/03/2024

USB Stick ကို ဆွဲဖြုတ်တာနဲ့ Eject လုပ်ပြီး ဖြုတ်တာနဲ့ ဘာကွာလဲ
အားလုံးဗဟုသုတအဖြစ် ဒီအကြောင်းလေးကို လေ့လာဖတ်မိသလောက် ရေးသားတင်ပြလိုက်ပါတယ်။
USB Stick ကို ကွန်ပျူတာနဲ့ အသုံးပြုတဲ့အခါ တစ်ချို့ USB Stick ကို တစ်ခါတည်း ဆွဲဖြုတ်တတ်ကြပါတယ်။ တစ်ချို့ Eject ကိုနှိပ်ပြီး၊ Safely Remove Hardware Utility ပေါ်မှဆွဲဖြုတ်တတ်ကြပါတယ်။
တကယ့်ဆိုတော့ Eject လုပ်ပြီး ဆွဲဖြုတ်တာဟာ စနစ်ကျပါတယ်။ အဲလိုပြုလုပ်ဖိုလို့လဲ Safely Remove Hardware Utility ဆိုတာထည့်ပေးထားတာဖြစ်ပါတယ်။
သီးသန့် Software တွေအနေနဲ့လည်း သုံးနိုင်ပါတယ်။
ဒီတိုင်းဆွဲဖြုတ်လိုက်ရင် ၄င်းမှာ ပါဝါရှိနေတဲ့အတွက် ချစ်ပ်ပျက်နိုင်သလိုData တွေ ကူးနေတဲ့အချိန်ဖြစ်နေရင် အဲဒီ Data တွေ ဖိုင်းတွေ ပျက်နိုင်ပါတယ်။
အဲဒါကြောင်း စနစ်တကျ ဖြုတ်ကျပါလို့ အကြံပေးချင်ပါတယ်။

 #စနစ်တကျစာဖတ်သူရဲ့အကျင့်၉ခု          စနစ်ကျတဲ့စာဖတ်ခြင်းနဲ့ ရိုးရိုးစာဖတ်ခြင်းဟာ အတော်လေးကွာခြားပါတယ်။          စနစ်တကျ...
16/03/2024

#စနစ်တကျစာဖတ်သူရဲ့အကျင့်၉ခု

စနစ်ကျတဲ့စာဖတ်ခြင်းနဲ့ ရိုးရိုးစာဖတ်ခြင်းဟာ အတော်လေးကွာခြားပါတယ်။
စနစ်တကျစာဖတ်သူတွေဟာ စာကို ဖတ်ရုံပဲ ဖတ်ကြတာ မဟုတ်ဘူး။ သူတို့ဟာ ဖတ်နေတဲ့ စာထဲမှာ စိတ်ကို နှစ်မြှုပ်ပြီး ဖတ်ကြတယ်။ စာဖတ်ခြင်းကို သူတို့ရဲ့ဘဝလို့ ခံယူထားကြတယ်။ စာဖတ်ခြင်းကို သူတို့ရဲ့ အသိဉာဏ်ထက်မြက်စေဖို့အတွက် အသုံးချကြတယ်။
စနစ်တကျစာဖတ်သူတွေမှာ ထူးခြားတဲ့ အကျင့်လေးတွေရှိကြတယ်။ အကျင့် ၉ ခုဖြစ်ပြီး အဲဒါတွေကို ရေးပြပေးပါမယ်။
အဲဒါတွေက -

1. စာထဲမှာ နှစ်မြုပ်ဖတ်ခြင်းဟာ သော့ချက်ဖြစ်တယ်

စနစ်တကျစာဖတ်ခြင်းဆိုတာ စာမျက်နှာပေါ်က စာတွေကို အပေါ်ယံလျှပ်ပြီး ဖတ်ခြင်း မဟုတ်ဘူး။ ဖတ်နေတဲ့ စာထဲမှာ စိတ်ကို နှစ်မြုပ်ပြီး ဖတ်ခြင်းဖြစ်တယ်။
စာထဲမှာ စိတ်ကို နှစ်မြှပ်ပြီး ဖတ်ရင် ဖတ်နေတဲ့စာကို နက်နက်ရှိုင်းရှိုင်း ခံစားနားလည်တယ်။ အဲဒီလို စာဖတ်ခြင်းဟာ အချိန်ယူတယ်။ အသေးစိတ်ဖတ်ရတယ်။ မိမိရဲ့ အတွေ့အကြုံနဲ့ ယှဉ်ပြီး လေ့လာရတယ်။
တစ်ခု စဉ်းစားကြည့်ပါ။ သင်ဟာ စာအုပ်တစ်အုပ်ကို စိတ်ဝင်တစားဖတ်နေတယ်ဆိုရင် စာလုံးတွေကို ဖတ်ရုံမဟုတ်ဘဲ စာအုပ်ထဲမှာ ရေးထားတာတွေကို မျက်စိထဲ မြင်အောင် ကြည့်တယ်။ စာအုပ်ထဲက ဇာတ်ကောင်တွေရဲ့ နေရာမှာ ဝင်ရောက်ခံစားတယ်။ ဖတ်နေတဲ့ အကြောင်းအရာကို မိမိရဲ့အတွေ့အကြုံနဲ့ယှဉ်ပြီး ဝေဖန်စိစစ်တယ်။
စာထဲမှာ စိတ်ကို နှစ်မြှပ်ပြီး ဖတ်ခြင်းဟာ စာအုပ်တစ်အုပ်ကို ထိုးထွင်းသိမြင်ဉာဏ်၊ အကြံဉာဏ်တွေပြည့်နေတဲ့ ရတနာသေတ္တာတစ်ခုအဖြစ်သို့ ပြောင်းလဲပေးနိုင်ပါတယ်။
စနစ်ကျတဲ့ စာဖတ်ခြင်းဖြစ်လာဖို့ ဘယ်စာကိုဖတ်ဖတ် စာထဲမှာ နှစ်ဝင်နေပါစေ။ ဒါပေမဲ့ တစ်ခုသိထားပါ။ အဲဒီလိုလုပ်တာဟာ ပြိုင်ပွဲဝင်တာ မဟုတ်လို့ အချိန်ယူပြီး အကျင့်ဖြစ်အောင်လုပ်ပါ။

2. မှတ်စုမှတ်ခြင်းဟာ လျှို့ဝှက်လက်နက်တစ်ခုဖြစ်တယ်

ကျွန်တော် စာဖတ်ရင်း လုပ်တဲ့ အကျင့်တစ်ခုက မှတ်စုမှတ်ခြင်းပါ။ အဲဒါဟာ ခေတ်ဟောင်းက နည်းလို့ ထင်ရပေမယ့် အလုပ်ဖြစ်ပါတယ်။
ကျွန်တော် အာရုံဖမ်းစားတဲ့ သို့မဟုတ် တွေးတောစရာ စာတစ်ကြောင်း၊ စာတစ်ပုဒ်တွေ့ရင် မှတ်စုစာအုပ်မှာ ရေးမှတ်လိုက်တယ်။ ဖတ်နေတဲ့ စာအုပ်ဟာ သိပ္ပံဝတ္ထုစာအုပ် သို့မဟုတ် တက်ကျမ်းစာအုပ် - ဘာစာအုပ်ဖြစ်ဖြစ် အရေးမကြီးပါဘူး။ မှတ်သင့်တာကို မှတ်သားလိုက်ဖို့သာ အရေးကြီးပါတယ်။
ကျွန်တော်တို့ရဲ့ ဦးနှောက်ဟာ ဖတ်သမျှ စာနဲ့ အချက်အလက်တွေကို မသိုလှောင် မသိမ်းဆည်းထားနိုင်ပါဘူး။ အထူးသဖြင့် ခက်ခဲနက်နဲပြီး ရှုပ်ထွေးတဲ့ စာတွေဟာ မှတ်စုထုတ်ပြီး မှတ်သားထားတာ မလုပ်ရင် မကြာခင် မေ့သွားမှာပါ။ အဓိကအချက်တွေကို ရေးမှတ်ခြင်းက ဖတ်ပြီးတဲ့ စာကို မမေ့ဖို့ပါ။
နောက်ပြီး လွန်ခဲ့တဲ့ လအတန်ကြာက ရေးမှတ်ထားတဲ့ မှတ်စုတွေကို ပြန်ဖတ်ခြင်းဟာ မိမိဖတ်ခဲ့တဲ့ စာအုပ်ကို အကျဉ်းချုံး ပြန်ဖတ်ရသလို ခံစားရတယ်။
နောက်တစ်ခါ စာကို ဖတ်ရင်း မှတ်စုမှတ်တာလုပ်ပါ။ အဲဒီလို လုပ်ရင်း ပျော်လာပါလိမ့်မယ်။

3. အသံထွက်ခြင်းဟာ နားလည်ခြင်းကို မြှင့်တင်ပေးတယ်

သင်ဟာ စာကို တိတ်တိတ်ဆိတ်ဆိတ် ဖတ်တတ်သူဆိုရင် ဒါကို လက်ခံချင်မဟုတ်ဘူး။ ဒါပေမဲ့ စမ်းလုပ်ကြည့်ပါ။ အသံထွက်ဖတ်ခြင်းဟာ သင်ဖတ်နေတဲ့ စာကို ပိုပြီးနားလည်စေတာကို တွေ့ရပါမယ်။
သင် အသံထွက်စာဖတ်ရင် စာလုံးတွေကို မြင်နေရုံမကဘဲ အသံပါ ကြားနေရတယ်။ အမြင်နဲ့အကြား အာရုံနှစ်ပါးသုံးခြင်းက အမြင်အာရုံတစ်ပါးတည်း သုံးခြင်းထက် စာဖတ်ရာမှာ ပိုပြီး အထောက်အကူဖြစ်စေပါတယ်။ ပိုပြီး နားလည်စေတယ်။ ပိုပြီးလည်း မှတ်မိစေတယ်။
နောက်ပြီး အသံထွက်ဖတ်ခြင်းဟာ သင့်ကို စာဖတ်ရာမှာ နှေးကွေးစေတယ်။ ဒီလိုအားဖြင့် စာလုံး၊ စာကြောင်းတွေကို ပိုပြီး အာရုံစိုက်မိစေပါတယ်။
တကယ်လို့ သင်ဟာ ခက်ခဲနက်နဲတဲ့စာ သို့မဟုတ် သတင်းအချက်အလက်ကို ဖတ်မယ်ဆိုရင် အသံထွက်ဖတ်ကြည့်ပါ။ ရလဒ်ကြောင့် သင် အံ့အားသင့်သွားပါမယ်။

4. ပြန်ဖတ်ခြင်းဟာ အပိုအလုပ်မဟုတ်ပါဘူး

စနစ်တကျစာဖတ်သူတွေဟာ ဖတ်ပြီးသား စာအုပ်ကို ပြန်ဖတ်ခြင်းရဲ့ တန်ဖိုးကို နားလည်ကြတယ်။ ဖတ်ပြီးသား စာအုပ်ကို နောက်တစ်ခါ ပြန်ဖတ်တိုင်း အတွေးသစ် အမြင်သစ်တွေရစေပါတယ်။
မိမိအလွန်နှစ်သက်တဲ့ ရုပ်ရှင်ကားကို ပြန်ကြည့်ရင် ပထမအကြိမ်ကြည့်စဉ်က လွတ်သွားတဲ့ သို့မဟုတ် သတိမထားမိခဲ့တဲ့ အသေးစိတ် အမူအရာလေးတွေ၊ စကားပြောလေးတွေကို သတိထားမိစေပါတယ်။ စာအုပ်ကို ပြန်ဖတ်ခြင်းဟာလည်း အဲဒီအတိုင်းပါပဲ။ စာအုပ်ကို ပြန်ဖတ်ခြင်းဟာ နက်နဲတဲ့စာတွေ၊ အဓိပ္ပာယ်ဖော်ရခက်တဲ့စာတွေ၊ ရှုပ်ထွေးခက်ခဲတဲ့ အတွေးအခေါ်ပါတဲ့ စာတွေကို ပိုပြီး နားလည်စေပါတယ်။
တချို့စာအုပ်တွေဟာ ကောင်းလွန်းလို့ တစ်ကြိမ်ဖတ်ရုံနဲ့ မလုံလောက်ဘူး။ အကြိမ်ကြိမ် ပြန်ဖတ်ရင် အရသာပိုတွေ့တယ်။ ဒါကြောင့် ကြိုက်လွန်းတဲ့ စာအုပ်ကို ပြန်ဖတ်ဖို့ မနှောင့်နှေးပါနဲ့။ အဲဒါအလုပ်အပိုမဟုတ်ပါဘူး။ သင့်ကို အသိဉာဏ်မြင့်မားလာစေပါတယ်။

5. သူတို့ဟာ စိန်ခေါ်တဲ့ စာတွေကို ဖတ်ဖို့ မရှောင်ရှားကြပါဘူး

စနစ်တကျစာဖတ်သူတွေဟာ လွယ်ကူတဲ့စာအုပ်တွေ၊ အပျော်ဖတ်စာအုပ်တွေကိုပဲ ဖတ်ခြင်းဖြင့် တင်းတိမ်ကျေနပ်မနေကြဘူး။ အတွေးအခေါ် မြင့်မားစေတဲ့၊ ခက်ခဲနက်နဲတဲ့စာတွေကို ကြိုးစားဖတ်ကြတယ်။
ခက်ခဲတဲ့ ပညာရေးဆိုင်ရာစာတမ်း သို့မဟုတ် အတွေးအခေါ်ဆိုင်ရာ သုတေသနစာတမ်း သို့မဟုတ် ဂန္တဝင်စာပေဆိုတာတွေဟာ စာဖတ်သူကို စိန်ခေါ်ပါတယ်။ ဒါပေမဲ့ အဲဒီစာအုပ်တွေဟာ အသိဉာဏ်ကြွယ်ဝစေပါတယ်။
စိန်ခေါ်တဲ့ စာအုပ်တွေဖတ်ရင် အစပိုင်းမှာ အခက်အခဲနဲ့ တွေ့ရတတ်တယ်။ စာဖတ်ရတာ နှေးကွေးသလို တစ်ခါတရံ စိတ်ပျက်စရာကောင်းတယ်။ ဒါပေမဲ့ အဲဒီလိုစာအုပ်တွေဖတ်တဲ့ အကျိုးက အသိဉာဏ်ကြွယ်ဝခြင်းနဲ့ စာဖတ်ကျွမ်းကျင်မှုတွေရလာတာကြောင့် ကြိုးစားရကျိုးနပ်စေပါတယ်။ နောက်တစ်ခါ စိန်ခေါ်တဲ့ စာအုပ်တွေတွေ့ရင် ဘေးမဖယ်လိုက်ပါနဲ့။ သင့်တိုးတက်မှုအတွက် အခွင့်အလမ်းလို့ သဘောထားပြီး လက်ကမ်းကြိုဆိုလိုက်ပါ။

6. စာအုပ်တွေဟာ မိတ်ဆွေတွေပါ။ ပုံနှိပ်စာမျက်နှာတွေကို စုချုပ်ထားတဲ့အရာသက်သက် မဟုတ်ပါဘူး။

စနစ်တကျစာဖတ်သူအတွက် စာအုပ်တွေဟာ ပုံနှိပ်ထားတဲ့ စာရွက်တွေထက် ပိုပါတယ်။ စာအုပ်တွေဟာ သူ့အတွက် မိတ်ဆွေတွေ၊ ဆရာတွေနဲ့ လမ်းညွှန်ပြပေးသူတွေဖြစ်ကြပါတယ်။
စာဖတ်ခြင်းဆိုတာ တစ်ယောက်တည်း စာဖတ်နေပေမယ့် တစ်ဦးတည်းလုပ်နေတာ မဟုတ်ပါဘူး။ စာရေးသူပြောတာကို နားထောင်ပြီး အပြန်အလှန်ဆက်သွယ်ခြင်းပါ။ စာတစ်မျက်နှာပြီး တစ်မျက်နှာလှန်လိုက်တိုင်း စာရေးသူပြောချင်တာကို ပိုပြီး နားလည်လာသလို ကမ္ဘာကြီးအကြောင်း၊ လောကအကြောင်းနဲ့ လူတွေအကြောင်း ပိုသိလာပါတယ်။
နောက်တစ်ခါ စာအုပ်ဖတ်ရင် သင်ဟာ စာဖတ်နေတာပဲ လုပ်တာ မဟုတ်ဘူး၊ တစ်စုံတစ်ယောက်နဲ့ ဆွေးနွေးနေတယ်လို့ မြင်ပါ။

7. စာအုပ်ကို ပြီးအောင်မဖတ်နိုင်လည်း ကိစ္စမရှိပါဘူး

ကျွန်တော် စာဖတ်စမှာ စာအုပ်တစ်အုပ်ဖတ်ပြီဆိုတာနဲ့ အဲဒီစာအုပ်ကို ကြိုက်ကြိုက်၊ မကြိုက်ကြိုက် ပြီးအောင် ဖတ်ရမယ်လို့ စိတ်ထဲမှာ စွဲနေမိတယ်။ ပြီးတော့ စာအုပ်ကို ပြီးအောင် ဖတ်ရမယ်ဆိုတဲ့ စိတ်ဖိစီးမှုခံစားရတယ်။
ဒါဟာ မကောင်းမှန်း သိနေတယ်။ ဘာကြောင့်လဲဆိုတော့ ဘဝဟာ တိုတောင်းလွန်းတယ်။ တိုတောင်းတဲ့ ဘဝလေးမှာ ဖတ်ဖို့ အလွန်ကောင်းတဲ့၊ ဖတ်သင့်တဲ့ စာအုပ်တွေ အများကြီးရှိနေတယ်။ ဒီတော့ သင့်ကို စိတ်ဝင်စားမှုမပေးတဲ့၊ ဖတ်ရတာ ပျင်းစရာကောင်းတဲ့၊ စူးစမ်းချင်စိတ်မဖြစ်စေတဲ့ စာအုပ်တစ်အုပ်ဖတ်ရင်း အချိန်ကုန်မခံသင့်ဘူး။ ဒါဆိုရင် အဲဒီစာအုပ်ကို ဆက်ဖတ်မနေပါနဲ့။ စာအုပ်ကို ပြီးအောင် မဖတ်နိုင်လို့ဆိုပြီး ရှက်နေစရာ မလိုပါဘူး။

8. သူတို့ဟာ စာဖတ်ခြင်းကို နေ့စဉ်အလုပ်တစ်ခုအဖြစ် သတ်မှတ်ထားကြတယ်။

စာဖတ်ခြင်းမှာ တစ်သမတ်တည်းဖြစ်ခြင်းဟာ သော့ချက်ဖြစ်ပါတယ်။ စနစ်တကျစာဖတ်သူတွေဟာ အဲဒီအချက်ကို နားလည်ကြလို့ စာဖတ်ခြင်းကို သူတို့ရဲ့နေ့စဉ်အလုပ်တစ်ခုအဖြစ် သတ်သတ်မှတ်မှတ်ထားကြတယ်။
အဲဒီလိုပြောလို့ နေ့စဉ်နာရီပေါင်းများစွာ စာအုပ်ဖတ်နေရမယ်လို့ မဆိုလိုပါဘူး။ နေ့စဉ် အချိန်မိနစ်အနည်းငယ်လေးပေးပြီး စာဖတ်ခြင်းဟာ အချိန်ကြာလာတာနဲ့အမျှ ထူးခြားမှုကို ခံစားလာရပါတယ်။ မနက်စာစားရင်း၊ ကား၊ ရထားစီးရင်း၊ ညမအိပ်ခင်မှာ စာဖတ်တာကို ပုံမှန်အလေ့အကျင့်ဖြစ်အောင် လုပ်ပေးပါ။
အဲဒီလိုလုပ်ခြင်းဟာ စာဖတ်တာ တိုးတက်လာသလို သင့်စိတ်ကို မြေတောင်မြှောက်ပေးတာလည်း ဖြစ်ပါတယ်။ ကာယလေ့ကျင့်ခန်းလုပ်ခြင်းဟာ သင့်ခန္ဓာကိုယ်ကို သန်စွမ်းစေသလို စာဖတ်ခြင်းဟာ သင့်စိတ်ကို ကြံခိုင်စေပါတယ်။
နေ့စဉ်အချိန်ရှာပြီး စာဖတ်တာလုပ်ပါ။ ဒီအကျင့်ရိုးရိုးလေးကြောင့် သင်တိုးတက်လာတာကို အံ့ဩနေပါလိမ့်မယ်။

9. စူးစမ်းချင်စိတ်၊ သိချင်စိတ်နဲ့ စာဖတ်ခြင်းဟာ ပဓာနကျပါတယ်

စနစ်တကျစာဖတ်ခြင်းဟာ ဖတ်တဲ့စာကို ကျေညက်အောင်လုပ်ရုံတင်မဟုတ်ဘဲ စူးစမ်းချင်စိတ်၊ သိချင်စိတ်နဲ့ ဖတ်ရမယ်။ မေးရမယ်။ စဉ်းစားရမယ်။
သင်ဟာ စူးစမ်းချင်စိတ်နဲ့ စာဖတ်ရင် စာလုံးတွေကို စိုက်ကြည့်နေတာ မဟုတ်ပါဘူး။ ဖတ်နေတဲ့စာထဲမှာ စိတ်ကို နစ်မြုပ်ထားပြီး မေးခွန်းတွေမေးတယ်။ စာရဲ့အဓိပ္ပာယ်ကို အလေးအနက်တွေးတယ်။
သင်ဟာ သမိုင်းနောက်ခံဝတ္ထုစာအုပ်ဖြစ်ဖြစ်၊ သိပ္ပံဂျာနယ် သို့မဟုတ် အတ္ထုပ္ပတ္တိစာအုပ်ဖြစ်ဖြစ် ဖတ်နေရင် စူးစမ်းချင်စိတ်၊ သိချင်စိတ်နဲ့ ဖတ်ပါ။ ဒီနည်းနဲ့ စနစ်တကျစာဖတ်သူကို တခြားစာဖတ်သူတွေထဲက ကွဲပြားခြားနားစေပါတယ်။

#နောက်ဆုံးစကား - စာဖတ်ခြင်းဟာ ခရီးသွားနေခြင်းဖြစ်ပြီး ခရီးလမ်းဆုံးမဟုတ်ပါ။

စာဖတ်ခြင်းက ကျွန်တော်တို့ကို ကမ္ဘာအနှံ့ပို့ဆောင်ပေးတယ်။ မသိတဲ့လူတွေနဲ့ မိတ်ဆက်ပေးတယ်။ မသိတဲ့အကြောင်းအရာတွေနဲ့ ရင်းနှီးစေတယ်။
ဒါကြောင့် စာဖတ်ခြင်းကို ခရီးသွားတာနဲ့ တင်စားချင်ပါတယ်။
သင် စာအုပ်တစ်အုပ်ကို ဖတ်ဖို့ ဖွင့်လိုက်ရင် စွန့်စားရတဲ့ ခရီးအသစ်တစ်ခု စတင်လိုက်ခြင်းပါ။ စာတစ်မျက်နှာဖတ်ပြီးတိုင်း ခရီးရဲ့အဆင့်တစ်ခုရောက်သွားပါတယ်။ လမ်းခရီးမှာ သင် သိလိုက်ရသူတွေ၊ သင်ရောက်တဲ့နေရာတွေနဲ့ သင်ရလိုက်တဲ့ အသိတွေကြောင့် သင့်ရဲ့အသိဉာဏ်တိုးလာပါတယ်။

❝ကွန်ပျူတာတစ်လုံးပိုင်ဆိုင်ထားပြီဆိုရင် မဖြစ်မနေသိသင့်တဲ့ HDD နဲ့ SSD အကြောင်း❞👨🏻‍💻ဒီနေ့ခေတ်မှာ HDD ထက် SSD ကိုပိုပြီးအသ...
13/03/2024

❝ကွန်ပျူတာတစ်လုံးပိုင်ဆိုင်ထားပြီဆိုရင် မဖြစ်မနေသိသင့်တဲ့ HDD နဲ့ SSD အကြောင်း❞

👨🏻‍💻ဒီနေ့ခေတ်မှာ HDD ထက် SSD ကိုပိုပြီးအသုံးများလာတာတွေ့ရမှာပါ။ အကြောင်းကတော့ 𝗦𝗽𝗲𝗲𝗱 𝗣𝗲𝗿𝗳𝗼𝗿𝗺𝗮𝗻𝗰𝗲 ကြောင့်ပါ။ SSD Read/Write Speed က ပိုပြီးမြင့်မားလာတဲ့အတွက် SSD (Solid State Drive) ကိုအသုံးများလာတာပဲဖြစ်ပါတယ်။

🔸 Traditional Storage ဖြစ်တဲ့ Hard Disk Drive (HDD) က Speed Limit ရှိတဲ့အတွက် Battery နဲ့သုံးရတဲ့ Laptop တွေမှာဆိုရင် သိပ်အဆင်မပြေပါဘူး။

🔸 Platter ပေါ်က Data တွေကို Read / Write လုပ်ပြီး Data access လုပ်ရတဲ့အတွက်ကြောင့် Noise တွေရှိနိုင်ပြီး Heat ထွက်နိုင်ပါတယ်။ Heat တက်လာလို့ Restart ချတဲ့အခါ စက်ရပ်တာမျိုးတွေဖြစ်နိုင်ပါတယ်။

🔸 HDD ရဲ့အားသာချက်ကတော့ စျေးနှုန်းသက်သာတယ်။ သိမ်းစည်းနိုင်မှုပမာဏများတယ်။ အားနည်းချက်အနေနဲ့ Window ၊ Software ဖွင့်၊ပိတ်လုပ်တဲ့အခါ နှေးမယ်၊ Data အကူး၊အပြောင်းနှေးမယ်။အကြမ်းမခံတာကြောင့် ပြုတ်ကျတာ၊ဆောင့်မိတာမျိုးဖြစ်ရင် Data တွေ ပျက်စီးနိုင်ခြေပိုများပါတယ်။

🔹 SSD က Read/Write ပိုင်းကို တာဝန်ယူတာဖြစ်လို့ Loading နဲ့ ပတ်သတ်ပြီး Hard Disk ထက် ပိုမြန်ပါတယ်။ Moving part တွေမပါတဲ့အတွက်ကြောင့် Data ကို Access လုပ်ရတဲ့ ကြာချိန်လည်းနည်းမယ်။ Battery ပိုပြီးကြာရှည်အသုံးပြုနိုင်မယ်။

🔹 အဓိကကတော့ Windows နဲ့ Software အဖွင့်၊ အပိတ် မြန်လာမယ့်အပြင် Data အကူး၊ အပြောင်းပါမြန်လာပါမယ်။

SSD နဲ့ HDD ယှဉ်ကြည့်ရင်တော့ SSD ကအဘက်ဘက်ကသာပါတယ်။ HDD ထက်စျေးနှုန်းအနည်းငယ်များပေမယ့် ရေရှည်ခံမှု၊ အမြန်နှုန်း၊ စိတ်ချရမှုကတော့ ယှဉ်လို့မရပါဘူး။ ဒါကြောင့် HDD နဲ့ SSD နှစ်မျိုးထဲကတစ်မျိုး ရွေးချယ်ရတော့မယ်ဆိုရင် SSD ကိုရွေးချယ်ဖို့အကြံပြုချင်ပါတယ်။

#ကွန်ပျူတာ

History of Keyboardလက်နှိပ်စက်ခေတ် (၁၉ ရာစုနှောင်းပိုင်း) စီးပွားရေး အတွက် အသုံးပြုနိုင်လောက်သည့် ပထမဆုံး လက်နှိပ်စက်ဖြစ...
08/03/2024

History of Keyboard

လက်နှိပ်စက်ခေတ် (၁၉ ရာစုနှောင်းပိုင်း)

စီးပွားရေး အတွက် အသုံးပြုနိုင်လောက်သည့် ပထမဆုံး လက်နှိပ်စက်ဖြစ်တဲ့ Re*****on No1 ဒါမှမဟုတ် Sholes and Glidden ကို 1874 ခုနှစ်မှာ စတင်မိတ်ဆက်ခဲ့ပါတယ်။ ၎င်း ကီးဘုတ်မှာ QWERTY layout ကို ထည့်သွင်းအသုံးပြုထားပြီး ထို layout ကို ယနေ့ အထိ တွင်ကျယ်စွာအသုံးပြုနေဆဲဖြစ်သည်။ ၎င်း layout သည် အသုံးများသော စာလုံးများကို အကွာအဝေး တစ်ခု ခွဲထားခြင်းအားဖြင့် စက်ပိုင်းဆိုင်ရာ ပိတ်ဆို့ မှုတွေကို ကာကွယ်နိုင်စေဖို့ ဖန်တီး ထုတ်လုပ်ထားပါတယ်။

Computer Mainframes and Punch Cards (Mid-20th Century)

၂၀ ရာစု အလယ်ပိုင်းမှာတော့ ကွန်ပျူတာတွေဟာ Input အတွက် punch card များကို အသုံးပြုလာကြသည်။ အသုံးပြုသူတွေက ကွန်ပျူတာကို ညွှန်ကြားချက်တွေ ပေးဖို့ ကတ်တွေကို အပေါက်ထဲ ထိုးထည့်ပြီး အသုံးပြုကြပါတယ်။ အဲ့အချိန် ကီးဘုတ်တွေက ခေတ်မီသော ကီးဘုတ်တွေနဲ့ ဆင်တူပြီး အချို့သော ကွန်ပျူတာတွေမှာ အက္ခရာ ဂဏန်း ကီးတွေပါရှိပါတယ်။

Teletype and ASCII (1950s-1960s)

Teletype ရိုက်စက်များ၏ ဖွံ့ဖြိုးတိုးတက်မှုသည် ASCII(American Standard Code for Information Interchange) ဟု လူသိများသော စံသတ်မှတ်ထားသော စာလုံးအစုံပါသည့် ကီးဘုတ်များကို မိတ်ဆက်ပေးသည်အထိ တိုးတက်လာခဲ့သည်။ ထိုစံစနစ်သည် ယနေ့ခတ် ကွန်ပျူတာကီးဘုတ်များအတွက် အခြေခံအုတ်မြစ် ဖြစ်လာခဲ့သည်။

Early Computer Keyboards (1960s-1970s)
တစ်ကိုယ်ရည်သုံး ကွန်ပျူတာ များ ထွန်းကားလာသည် နှင့်အမျှ ကီးဘုတ်များသည် ကွန်ပျူတာစနစ်များတွင် ပိုမို ပါဝင်ပေါင်းစပ်လာကြည်သည်။1968 ခုနှစ်တွင် မိတ်ဆက်ခဲ့သော IBM 2741 terminal မှာ Escape key ၏ အစောပိုင်းပုံစံ ပါလာခဲ့သည်။

QWERTY Standardization and Layout Evolution

QWERTY layout သည် ကီးဘုတ်များအတွက် စံသတ်မှတ်ချက်တစ်ခု ဖြစ်လာခဲ့သည်။အချိန် ကြာလာသည် နှင့်အမျှ သုံးစွဲသူများ၏ တိုးတက်ပြောင်းလဲနေသော လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် Function Key များနှင့် Navigation Keys များကို ထည့်သွင်းလာခဲ့ကြသည်။

Introduction of Mechanical Keyboards (1980s)
1980 ခုနှစ် အစောပိုင်းတွေမှာတော့ Mechanical Keyboard တွေဟာ ခလုတ် တစ်ခုချင်းစီအောက်မှာ စက်ခလုတ် တစ်ခုစီပါဝင်ပြီး ကီးတွေကို ရိုက်လိုက်တဲ့အခါ ထွက်ပေါ်လာတဲ့ အသံက အသုံးပြုသူတွေကို ထိထိ မိမိ နှင့် ခံစားနိုင်စေတဲ့အတွက် ကြောင့် လူကြိုက်များလာခဲ့ကြသည်။

Compact and Ergonomic Designs (1990s-Present)
ကီးဘုတ်များသည် ကျစ်လစ်သိပ်သည်းသော ဒီဇိုင်းများနှင့် အပိုလုပ်ဆောင်ချက်များ ထည့်သွင်းပြီး ဆက်လက်တိုးတက်လာကြသည်။Laptop Keyboard / membrane keyboards တွေ နှင့် လက်တစ်ဖက်တည်း အသုံးပြုနိုင်တဲ့ ကီးဘုတ် ergonomic designs keyboard တွေဟာ အသုံးများလာကြပါတယ်။ multimedia key တွေနဲ့ touch ကို အာရုံခံနိုင်တဲ့ အစိတ်အပိုင်းတွေကြောင့် ကီးဘုတ်တွေရဲ့ လုပ်ဆောင်နိုင်စွမ်းက ပိုမိုတိုးတက်လာခဲ့ပါတယ်။

Wireless and Bluetooth Technology (2000s-Present)
21 ရာစု မှာတော့ Bluetooth နဲ့ ကြိုးမဲ့ကီးဘုတ်တွေ ခေတ်စားလာပြီး ကြိုးတွေနဲ့ ချိတ်ဆက်ရတဲ့ အခက်အခဲတွေကို ပြေလည်စေခဲ့ပါတယ်။ကြိုးမဲ့ကီးဘုတ်တွေက ပြောင်းလွယ်ပြင်လွယ်ပြီး သယ်ဆောင်ရလွယ်ကူသောကြောင့် အသုံးပြုသူတွေ အတွက်ပိုအဆင်ပြေလာစေပါသည်။

Mechanical Keyboard Resurgence (2010s-Present)
Mechanical keyboard တွေက 2010 တွေမှာ အသုံးပြုသူတွေ ကြားမှာ တစ်ကျော့ပြန်ရေပန်းစားလာခဲ့ကြပြန်ပါတယ်။ မတူညီသော ခလုတ် အမျိုးအစားတွေ ကီးအဖုံးတွေနဲ့ နောက်ခံ အလင်းရောင်တွေကို စိတ်ကြိုက်ရွေးချယ်လို့ရတာတွေကြောင့် အသုံးပြုသူတွေ က ပြန်လည် ကြိုက်နှစ်သက်လာကြပါတယ်။

Virtual Keyboards and Touchscreens
စမတ်ဖုန်းတွေနဲ့ တက်ဘလက်တွေ တိုးတက်လာတာကြောင့် အသုံးပြုသူတွေဟာ ကီးဘုတ်တွေအစား tablet တွေ ဖုန်းတွေ က touch screen တွေကို Virtual Keyboard အဖြစ် အဓိက ထား အသုံးပြုလာကြပြီး ဒစ်ဂျစ်တယ် စက်ပစ္စည်းတွေကို ပိုမိုအသုံးချလာတတ်ကြသည်။

အချုပ်အားဖြင့် ကီးဘုတ်များသည် အသုံးပြုသူများ၏ ဦးစားပေး တီထွင်မှုများကြောင့် ဆက်လက် တိုးတက်နေပြီး ကျွန်တော်တို့ ဒစ်ဂျစ်တယ်ကမ္ဘာကြီးမှာ ကီးဘုတ် ဟာ အရေးပါတဲ့ Input Device တစ်ခုအဖြစ် ရှိနေမှာ အသေအချာပါပဲခင်ဗျာ။

08/03/2024

ဒီနေ့ညီတစ်ယောက်ရေးထားတဲ့ပိုစ့်လေးကြောင့် ရေးဖြစ်လိုက်တာပါ။

ဒီခေတ်လူငယ်တွေ ပညာလေ့လာမှု့အားကောင်းပေမယ့် မတူကွဲပြားမှု့လေးတွေ တွေ့နေရတယ်။

(၁) ပညာလေ့လာတာကို သိယုံမျှလေ့လာတာ

(၂) ပညာကိုလေ့လာတာဟာ သူ့လုပ်ငန်းနယ်ပယ်နဲ့ ဆက်စပ်လို့ ထပ်ဖြည့်တဲ့သဘော

(၃) ပညာကို တကယ်အသုံးချဖို့ လေ့လာတာ

(၄) ပညာကိုလေ့လာတာဟာ စဉ်ဆက်မပြတ် လေ့လာစိတ်နဲ့ လေ့လာတာ

(၅) လက်မှတ်လိုချင်တာ သက်သက် အတန်းထဲဝင်ထိုင်နေတာ

(၆) သူများတွေတက်နေလို့လိုက်ပြိးတက်နေတာ

(၇) ဘာတွေသင်မှာလည်း၊ ဘာတွေခိုးကူးလို့ရမလည်း ဆိုတဲ့သူက သပ်သပ်ရှိသေး

ဒီဟာကပြဿနာတစ်ရပ်၊

ဒီကြားထဲ ငွေမသုံးပဲပညာအလကားလည်းလိုချင်၊ပညာရဲ့တန်ဖိုးကိုလည်းနားမလည်၊ ချမှတ်ထားတဲ့စည်းကမ်းကျတော့လည်းမလိုက်နာချင်၊ ပညာကျတော့တကယ်တတ်ချင်၊ ကြိုတင်ပြင်ဆင်မှု့ကျတော့မရှိ၊ (အဲ့လိုလူမျိုးဆို ကျွန်တော် CB ကိုတိုက်ရိုက်လာခဲ့ကြပါ)

ဆရာတွေရဲ့ သင်ကြားမှု့မှာကျ

Lecture, Coach, Mentor, Facilitator, Academic, Practitioner, Operator ဆိုပြီးကွဲပြားတာဖြစ်တဲ့ အတွက် သင်ကြားမယ့် ဘာသာရပ်/ပညာရပ်နဲ့ ကိုက်ညီမယ့် ပုံစံက်ုပေးမှ ပေါင်းစပ်ပြီးပေးမှအဆင်ပြေလိမ့်မယ်။

သင်ကြားခံတဲ့သူကလည်း ကိုယ့်ကိုသင်နေတဲ့သူဟာ ဘယ်အမျိုးအစားနဲ့ မျှဝေသင်ကြားနေသလည်းဆိုတာ သိဖို့လိုမယ်။ ဒါမှသာ ကိုယ်ဆရာတင်နေတဲ့သူက ဘယ်အဆင့်ထဲကလည်းဆိုတာ သိနိုင်မှာပါ။

ဆရာလို့ခေါ်နေတယ်ဆိုရင် ဘာဆရာလည်းသိအောင်လုပ်ပါ။ ဆရာအစွဲမထားပါနဲ့။

ဆရာဆိုသူတွေကလည်း ငါဆရာကွဆိုပြီး မာန်မတက်ပါနဲ့။

ခုခေတ်မှာ တရာဖိုးသုံးပုဒ်နဲ့ ဆရာဂုဏ်ပုဒ် ယူထားသူတွေ အများကြီးရှိတယ်ဆိုတာသတိရပါ။

# Myo Min Oo

အကောင့် အားလုံး အပြင်ထွက်သွားတာက Facebookဖက်က ချွင်းချက် ဖြစ်ပါတယ်။အခု အားလုံးပြန်ဝင်လို့ရနေပါပြီ။ ပြန်ဝင်လို့ မရသေးတဲ့ ...
06/03/2024

အကောင့် အားလုံး အပြင်ထွက်သွားတာက Facebookဖက်က ချွင်းချက် ဖြစ်ပါတယ်။အခု အားလုံးပြန်ဝင်လို့ရနေပါပြီ။ ပြန်ဝင်လို့ မရသေးတဲ့ သူတွေနဲ့ ဗားရှင်းအသစ်ကို သုံးချင်ကြတဲ့သူတွေကတော့ အောက်မှာပေးထားတဲ့ ဗားရှင်းအသစ်လေးကို ဒေါင်းပြီး သုံးလို့ရပါတယ်။
Facebook/Messenger နောက်ဆုံးထွက်ဗားရှင်း - https://t.me/phonemobile99/28786

Laptops အတွက် အရေးကြီးတဲ့Licence Activation အကြောင်း … ❗️ Windows ကိုင်တဲ့မိတ်ဆွေတွေအတွက် ပြောပြချင်တာကတော့ Licence key ...
03/03/2024

Laptops အတွက် အရေးကြီးတဲ့Licence Activation အကြောင်း … ❗️


Windows ကိုင်တဲ့မိတ်ဆွေတွေအတွက် ပြောပြချင်တာကတော့ Licence key နဲ့ Laptops ဆိုတာ နှစ်လွှာပေါင်းမှ တစ်ရွက်ဖြစ်တဲ့ စွယ်တော်ရွက်လေးတွေလိုပါပဲ။

အကယ်၍ ကိုယ်က windows licence မရှိဘူးဆိုရင်

Activated windows - go to Setting to activate windows ဆိုတဲ့ အသိပေးစာက ညာဘက်အောက်နားလေးမှာ ပေါ်လာမယ်

ဘာမှသိပ်မသုံးရသေးဘဲနဲ့ကို PC အသုံးပြုရတာက လေးနေမှာမျိုး

အဲ့ထက်ဆိုးရင်တော့ Background photo ကိုလုံးဝပြောင်းလို့မရတော့ဘဲ အနက်တွေဖြစ်ကုန်တာမျိုး၊ personalization မှာ theme color တွေကအစ ပြောင်းလို့မရနိုင်တာတွေဖြစ်ပါတယ်

အဲ့ကနေ ဆက်သွားတဲ့ အကျိုးဆက်က ဒီမှာတင်မရပ်သေးပါဘူးခင်ဗျာ…

ကိုယ်လက်ရှိသိမ်းထားတဲ့ recent files တွေ လုပ်လက်စ Projects တွေနဲ့ သုံးလက်စ Software တွေကိုပါ အကုန်လစ်သွားစေတာမျိုး အထိဖြစ်စေပါတယ်.. ⁉️

ဒီလိုအခြေအနေမျိုးတွေအထိ မရောက်ခင် “ မီးဘေးရှောင် မလောင်ခင်တား” အနေနဲ့

ဒီစာလေးကိုဖတ်မိပြီး မိမိ Laptop ရဲ့ Activate Key ၊ License Key အခြေအနေ တွေက

🔴ကိုယ့်အနေနဲ့ Cracked Activator သုံးပြီးတော့ licence ကိုပဲ ဖြေရှင်းထားထား

🔴Licence သက်တမ်းတိုးဖို့ လိုနေတာပဲဖြစ်ဖြစ်

ဒါမှမဟုတ် ဘာမှမသိဘူး၊မရင်းနှီးဘူးဆိုရင်လည်း

🔴Licence သက်တမ်းကျန်မကျန်၊ရှိမရှိစစ်တာက အစ လာမေးတာမျိုးအပါအဝင်

💯တစ်သက်တာစိတ်ချရတဲ့ Licence Key Lifetime Activated လုပ်ခြင်းကို

AMT Computer ကျောင်းသားဟောင်း (၂၀၂၄ )
တွေက အေးဆေးပျော်ရွှင်စာ လုပ်‌ ပေးနေပါပြီ

# Myo Min Oo
# AMT Computer
# ကွေ့ကြီးကုန်းရွာ
# computer သင်တန်း

AMT computer သင်တန်းမှာ Time Management သင်ပေးတဲ့အခါ ထည့်ပြောဖြစ်တာလေးပါOne year plan ဆွဲတတ်ဖို့ အခမဲ့စေတနာအပြည့် သင်ပေး...
03/03/2024

AMT computer သင်တန်းမှာ Time Management သင်ပေးတဲ့အခါ ထည့်ပြောဖြစ်တာလေးပါ
One year plan ဆွဲတတ်ဖို့ အခမဲ့စေတနာအပြည့် သင်ပေးနေလျှက်ပါ။

plan ကောင်းကောင်းမရှိပဲ ပန်းတိုင်ကို သေချာ မရောက်နိုင်ပါဘူး။ planning မလုပ်ထားတဲ့သူက ကိုယ်လျှောက်နေတဲ့လမ်းကိုတောင် ကိုယ့်ဟာကိုယ် ရှင်းရှင်းလင်းလင်း မမြင်တဲ့အတွက် အခက်အခဲတွေကို ကောင်းကောင်း မကိုင်တွယ်တတ်သလို အတွေးလွန်ဖို့လည်း အခွင့်အရေး သိပ်များပါတယ်။ ဒါကြောင့် အကောင်အထည်ဖော်ချင်တဲ့ goal အတွက် ဗျူဟာမြောက် ပလန်တခု ရှိထားခြင်းက ပထမခြေလှမ်း အောင်မြင်ပြီလို့ ဆိုနိုင်တယ်။

plan ချဖို့ ကဏ္ဍအလိုက်သုံးတဲ့ template တွေ ရှိပေမယ့် ဘယ်ကဏ္ဍဖြစ်ဖြစ် ကျွန်တော် အမြဲထည့်သုံးတဲ့ ၃ ချက်ရှိပါတယ်။

နံပါတ်တစ် တချက်က ကိုယ့်အတွက်ကိုယ်သာ စဥ်းစားပြီး ကိုယ်ဖြစ်ချင်တဲ့အရာတွေအတွက်ကို ပလန်ချဖို့ပါ။ ကျွန်တော်တို့တွေမှာ ကိုယ့်ကို ချိုးနှိမ်တတ်တဲ့၊ ရိသဲ့သဲ့ လှောင်ပြောင်တတ်တဲ့ အမျိုးတွေ၊ အပေါင်းအသင်းတွေ၊ မိသားစုဝင်တွေ ရှိတတ်ကြတယ်မလား။ စောင်ဂရုမစိုက်ပါနဲ့။ သူတို့ကို သက်သေပြဖို့ အသက်ရှင်စရာမလိုပါဘူး။

ကိုယ့်ကို xyz မလုပ်နိုင်လို့ဆိုပြီး လှောင်သွားတဲ့သူကို ငါ xyz လုပ်နိုင်တယ်လို့ ပြန်ပြပြီး ၅ မိနစ်စာ စိတ်အဆာပြေဖို့ ကိုယ့်အချိန် ၅ လ၊ ၅ နှစ်ရင်းစရာ မရှိပါဘူး။

ဒါကြောင့် အရေးကြီးဆုံးအချက်က ကိုယ်တကယ်လိုချင်တာမှ မဟုတ်ရင် မလုပ်ပါနဲ့။ ပြင်ပက အသိအမှတ်ပြု ပစားပေးမှု ခံရဖို့ ချတဲ့ plan က အောင်မြင်ချင် အောင်မြင်သွားမယ်။ ဒါပေမယ့် ကိုယ့်အတွက်ကိုယ်တော့ ရှုံးသွားပါတယ်။

နံပါတ်နှစ် တချက်က အနာဂတ် ဟိုးအဝေးကြီးအတွက် အသေးစိတ် ပလန်ကြိုမဆွဲဖို့ပါ။ နောက် ၃ နှစ် ၅ နှစ်မှာ ဘာလုပ်မယ်ဆိုတာမျိုး အသေးစိတ် ကြိုစီစဥ်ထားတာက လုံးဝ လက်တွေ့မကျပါဘူး။ ၃ နှစ် နေနေသာသာ တနှစ်ထဲမှာတောင် ဘာအပြောင်းအလဲတွေ ဖြစ်လာမှာလဲ ကိုယ်မသိနိုင်ဘူးလေ။ ဒါကြောင့် ၃ နှစ်စာအတွက် စဥ်းစားမယ့်အစား ဒီတပတ် ဒီလနဲ့ နောက်လ ဘာလုပ်မလဲ ဆိုတာကိုသာ သတ်မှတ်ပြီး အချက်အလက် စုဆောင်းပါ။

ဒီလိုပြောလို့ နောက် ၁၀ နှစ်မှာ ဘာဖြစ်ချင်လဲ မတွေးရတာ မဟုတ်ပါဘူး။ goal ရှိလို့ရပါတယ်။ ရှိလည်းရှိသင့်ပါတယ်။ လိုအပ်မယ်ထင်တဲ့ objective တွေလည်း ထားနိုင်တယ်။ ဒါပေမယ့် လုပ်ရင်းနဲ့ ရလာတဲ့ အတွေ့အကြုံနဲ့ အချက်အလက်အပေါ် မူတည်ပြီး objective တွေက အလျဥ်းသင့်သလို ပြောင်းလဲနေမှာဖြစ်လို့ မရေရာသေးတဲ့ ကိစ္စတွေအတွက် energy ကုန်ခံတာက လက်တွေ့မကျပါဘူး။

နံပါတ်သုံးအချက်ကတော့ ကိုယ့်ပလန်ကို လူ ၃ မျိုးဆီကနေ နမူနာယူပြီး တည်ဆောက်တတ်ဖို့ပါ။ ပထမလူတမျိုးက အောင်မြင်ပြီးသူတွေ တနည်းပြောရရင် ကိုယ့်ပလန်ချင်တဲ့ goal ကိုရောက်ခဲ့ပြီးသူတွေပေါ့။ သူတို့ဆီကနေ ဘာကြောင့် အောင်မြင်လာသလဲ။ ဘယ်လမ်းမျိုးကို သူတို့လျှောက်ခဲ့သလဲ အတုယူရမယ်။

ဒုတိယလူကတော့ ကိုယ်နဲ့ပန်းတိုင်တူသူတွေဖြစ်တယ်။ လောလောလတ်လတ် ကြုံရတဲ့ အခက်အခဲအတွက် သူတို့ဆီမှာ အဖြေရှိတတ်ပါတယ်။ နောက်ဆုံးတမျိုးက ကိုယ်နဲ့ ပန်းတိုင်တူပေမယ့် ကျရှုံးသွားတဲ့သူတွေပါ။ သူတို့ဟာလည်း တလေးတစားနဲ့ နမူနာယူစရာ တခုဖြစ်ပြီး သူတို့တွေ ဘယ်နေရာ မှားခဲ့သလဲ။ ဘာတွေက သူတို့ကို ကျရှုံးသွားစေခဲ့သလဲဆိုတာ သင်ခန်းစာယူပြီး ကိုယ့်အလှည့်မှာ မဖြစ်အောင် ပလန် သေချာဆွဲရပါမယ်။

ဒါပေမယ့် ပန်းတိုင်ကို လျှောက်ရမှာ လုံးဝကို ထည့်မစဥ်းစားရမယ့် လူတမျိုး ရှိပါတယ်။ အဲဒါကတော့ လက်ရှိမှာ ကိုယ်ရောက်ချင်တဲ့ နေရာမှာ ရှိမနေတဲ့အပြင် ကိုယ်တိုင်လည်း မလျှောက်ဖူးပဲနဲ့ ပေါက်လွှတ်ပဲစား အာချောင်တဲ့သူတွေပါ။

Stan Lee ပြောခဲ့တာ ရှိပါတယ်။ "If You Have an Idea that You Genuinely Think is Good, Don't Let Some Idiot Talk You Out of It."

မင်းအကြံက တကယ်ကောင်းတယ်လို့သာ ယုံရင် စောင်ရူးတကောင်ရဲ့ စကားကြောင့် လက်မလျှော့လိုက်ပါနဲ့တဲ့ခင်ဗျာ။ Stan Lee ပြောသလိုပါပဲ။

01/03/2024

Typing မြန်အောင် ဘယ်လို လေ့ကျင့်မလဲ?
================
မဂ်လာပါ။ ကျနော်လည်း အလုပ်များနေတာနဲ့ စာအသစ်တွေ မတင်ဖြစ်နိင်ဘူးဗျာ။ ဒီနေ့တော့ ကျနော် နည်းနည်း အားတာနဲ့ ကွန်ပျုတာလေ့လာ
နေတဲ့သူများအတွက် လက်ကွက်မြန်အောင် လေ့ကျင့်ဖို့အတွက် နည်းလမ်းလေး (၅) ခုကို ဝေမျှပေးသွားမှာ ဖြစ်ပါတယ်။
အခု ဖော်ပြမယ့် နည်းလမ်းလေးတွေက လိုက်လုပ်ဖို့ မခက်ခဲသလို သေချာသာ လိုက်လုပ်မယ်ဆိုရင် မိတ်ဆွေရဲ့ Typing Skills တွေ ပိုပြီး တိုးတက်
လာပါလိမ့်မယ်။
အိုကေ၊ ဒါဆိုရင် တချက်ကြည့်ရအောင်ပါ။
၁. လက် ၁၀ ချောင်းကို အသုံးပြုပါ။
ကျနော် ကိုယ်တိုင် ကွန်ပျုတာ သင်ခါစ အချိန်မှာလည်း ကီးဘုတ်မှာ ရှိတဲ့ စာလုံးလေးတွေကို နှိပ်ရင် လက်တစ်ချောင်းစီဘဲ နှိပ်လေ့ ရှိတယ်။ ကိုယ့်
စိတ်ထဲမှာ ဒါကို မြန်တယ်ဘဲ ထင်နေတာ။ တကယ်တမ်း မဟုတ်ဘူးဗျ။ လက် ၁၀ ချောင်း သုံးပြီး စာရိုက်တာက ပိုမြန်တယ်။ ဒါ့ကြောင့် မိတ်ဆွေတို့
အနေနဲ့ လက်ရှိမှာ ကျနော် ပြောတဲ့ အတိုင်း ဖြစ်နေရင် အဲ့ဒီ အကျင့်ဆိုးကို ပြင်လိုက်ပါနော်။
၂. စနစ်တကျ လေ့လာသင်ယူပါ။
စသင်တဲ့ အချိန်မှာတော့ သေချာ စနစ်တကျ လေ့လာ သင်ယူဖို့ လိုပါတယ်။ အမှားကြီးကို သင်မိရင် နောက်ပိုင်းလည်း အမှားကို ကိုယ်က အမှန်အနေ
နဲ့ ဆက်သုံးနေရင် ဒုက္ခဘဲလေ။ Typing စ ရိုက်တော့မယ်ဆိုရင် လက် အထားအသို ဘယ်လိုထားရမလဲ? ကီးဘုတ် ကြည့်စရာ မလိုဘဲ လက်အထား
အသို မှန်နေအောင် ဘယ်လို လုပ်မလဲ? စတာလေးတွေကို လေ့လာသင်ယူသင့်ပါတယ်။
၃. Typing Software တစ်ခုခုကို သုံးပြီး လေ့ကျင့်ပါ။
အခုမှ စ လုံးရေ စပြီး လေ့ကျင့်မယ့်သူတွေကတော့ Typing Software လေးကို သုံးပြီး လေ့ကျင့်စေချင်ပါတယ်။ Typing Software ကတော့ အစုံပါဘဲ
ဗျာ။ ကွန်ပျုတာတိုင်းနဲ့လည်း ကိုက်ညီတဲ့၊ သုံးရတာလည်း လွယ်ကူတဲ့ Typing Software တွေ ရှိပါတယ်။
၄. ဂိမ်းဆော့ပါ။
ကလေးတွေနဲ့ လူငယ်တွေ ကြိုက်တဲ့ အစီအစဉ်ပါ။ လူကြီးပိုင်းတွေ အတွက်တော့ ကျနော်တို့လို စာသင်တဲ့သူတွေအတွက် အခက်တွေ့လှပါတယ်။ မည်
သို့ပင်ဆိုစေကာမူ ဂိမ်းဆော့ရတာ ကြိုက်ကြိုက်၊ မကြိုက်ကြိုက် ကျနော်ကတော့ Typing Game လေးတွေကို ဆော့ဖို့ အကြံပေးလိုက်ပါတယ်။ ဂိမ်း
လေးတွေကို ဘာကြောင့် ဆော့ခိုင်းရလည်း ဆိုရင် Level တွေ တခုပြီး တစ်ခု အောင်ချင်တဲ့ စိတ်နဲ့ ဆော့သွားတော့ မြန်မြန်တက်လွယ်တာပေါ့ဗျာ။
၅. Typing Software မသုံးပါနဲ့။
ဟမ်.... ဘယ်လိုလဲဟ။ အပေါ်မှာ ပြောတုန်းကတော့ Typing Software သုံးပါ။ အခုကျတော့ မသုံးပါနဲ့။ ဒီလိုပါခင်ဗျာ။ Typing Software က စ
ပြီး လေ့ကျင့်တဲ့ အချိန်မှာ သုံးသင့်တယ်။ နည်းနည်းလေး ကျွမ်းသွားပြီပေါ့ဗျာ။ အဲ့လို အချိန်မျိုးမှာ ဘာတွေလုပ်သင့်လဲဆိုတော့ သတင်းစာထဲ
မှာပါတဲ့
အကြောင်းအရာတွေ ထိုင်ရိုက်နေတာမျိုး၊ ဝတ္ထုစာအုပ်ထဲမှာပါတဲ့ အကြောင်းအရာလေးတွေကို တနေ့ကို ၁၅မိနစ်လောက် ထိုင်ရိုက်နေတယ်ဆိုရင်
တကယ့်လက်တွေ့မှာ သုံးနေတဲ့ဟာတွေနဲ့ ပိုရင်းနှီးသွားသလို လက်ကွက်လည်း ပိုမိုမြန်ဆန်သွားစေမှာပါ။

Computer တစ်လုံး၏ အလုပ်လုပ်ပုံComputer ကို အခုမှ စထိတွေ့ ဖူးတဲ့ သူတစ်ယောက်အနေနဲ့ Computer တစ်လုံးရဲ့ အလုပ်လုပ်ပုံကို သိထ...
29/02/2024

Computer တစ်လုံး၏ အလုပ်လုပ်ပုံ
Computer ကို အခုမှ စထိတွေ့ ဖူးတဲ့ သူတစ်ယောက်အနေနဲ့ Computer တစ်လုံးရဲ့ အလုပ်လုပ်ပုံကို သိထားသင့်ပါတယ်။
အောက်မှာဖော်ပြထားတဲ့ ပုံကို တစ်ချက်ကြည့်
ကြည့်ပါ။ Input, Central Processing Unit ( CPU), Output, Memoryဆိုတဲ့ အဓိက အချက် ၄ ချက်နဲ့ computer စက်တစ်လုံးကိုလည်ပတ်စေပါတယ်။
1. Input ကို user က ရိုက်ထည့်ပေးရပါတယ်။
2. Processing( CPU ) က user ရိုက်ထည့်လိုက်တဲ့ input တွေကို တွက်ချက်တာ အလုပ်လုပ် တာတွေ လုပ်ပါတယ်။
3. CPU က တွက်ချက်လိုက်လို့ ရလာတဲ့ ရလဒ်/အဖြေ ကို output အနေနဲ့ ပြန်ထုတ်ပြပါတယ်။
4. Memory ကတော့ data တွေ သိမ်းဆည်းတဲ့ နေရာပါ။
ဥပမာအနေနဲ့ ကျွန်တော်တို့ 10 နဲ့ 13 ကို ပေါင်းမယ်ဆိုပါစို့။ 10 နဲ့ 13 က ဦးနှောက်ထဲကို input အနေနဲ့ ဝင်လာတယ်။ ဦးနှောက်ထဲမှာ ပေါင်းတဲ့ ကိစ္စကို လုပ်တာက processing ပါ။ Processing လုပ်ပြီးနောက် 23 ဆိုတဲ့ အဖြေက output အနေနဲ့ ထွက်လာတယ်။ လူ့တွေမှာ ဦးနှောက်က စဥ်းစားတာတွက်ချက်တာ အလုပ်လုပ်သလို computer တွေမှာလည်း CPU က စဥ်းစားတာတွက်ချက်တာတွေကို တာဝန်ယူ လုပ်ဆောင်ပါတယ်။ ဒါကြောင့် CPU ကို Brain of Computer လို့ ခေါ်ပါတယ်။ Computer ရဲ့ အရေးအကြီး ဆုံး အစိတ်အပိုင်းလို့လည်း ပြောနိုင်ပါတယ်။
Input တွေက Input device တွေ ကနေ တဆင့် computer ထဲ ဝင်လာပါတယ်။ Keyboard, mouse, scanner, microphone, barcode reader စတာတွေက input device တွေပါ။
speaker, projector, monitor ( computer screen ) , printer စတဲ့ output devices တွေကနေ တစ်ဆင့် Output တွေကို ထုတ်ပါတယ်
Memory ရဲ့ အဓိက ၃ မျိုးဖြစ်တဲ့ ROM(read only memory) , secondary memory, primary memory
အကြောင်းကိုလည်း ပြောပြပါဦးမယ်။
ROM(read only memory)
Read only ဆိုသလိုပဲ ROM ထဲမှာ ရှိတဲ့ data တွေကို ဖတ်လို့ပဲ ရပါတယ်။ data တွေကို ပြန်ပြင်တာတွေ အပိုထည့်ရေးတာတွေ လုပ်လို့မရပါဘူး။ ROM ထဲမှာ စက်တစ်လုံး အလုပ်လုပ်ဖို့ လိုအပ်တဲ့ အရာတွေကို ထုတ်လုပ်တဲ့ဆီက တစ်ခါတည်းထည့်ထားပေးပါတယ်။ROM ထဲမှာ ရှိတဲ့ data တွေကို ဖတ်လို့ ရမယ်။ ယူသုံးလို့ရမယ်။ ဒါပေမယ့် ပြန်ပြင်လို့ရမှာ မဟုတ်ပါဘူး။
Secondary Memory
Secondary memory ထဲမှာ ရှိတဲ့ data တွေကို ပြန်ဖျက်တာ ၊ ပြန်ပြင်တာ၊ ထပ်ထည့်တာ တွေ လုပ်လို့ရပါတယ်။ စက်ကို power ပိတ် လိုက်ရင် လည်း secondary memory ထဲမှာ ရှိနေတဲ့ data တွေက ပျက်မသွားပါဘူး။ ဒါကြောင့် ဒီ memory ထဲမှာ photos , videos, Mp3, documents, files စတာတွေ ကို သိမ်းရပါတယ်။
Primary Memory
Primary memory ကို RAM ( Random Access Menory ) ဒါမှမဟုတ် main memory လို့လည်း ခေါ်ပါတယ်။ ဒီ memory မှာ ရှိတဲ့ data တွေကတော့ power ပိတ်လိုက်တာနဲ့ အကုန်ပျောက်ကုန်ပါတယ်။
အငွေ့ပျံသလို ပျောက်သွားတယ် ဆိုတဲ့ အဓိပ္ပါယ် နဲ့ volatile memory လို့လည်း ခေါ်ပါသေးတယ်။
ဒီ memory ထဲ မှာ သိမ်းထားတဲ့ data တွေက temporarily(ယာယီ) အနေနဲ့ သာ သိမ်းထားတာ ဖြစ်လို့ Power ပိတ်လိုက်တဲ့အခါ data အားလုံး ပျက်သွားပါလိမ့်မယ်။
ဥပမာ အနေနဲ့ ကျွန်တော်က power point သုံးမယ် ဆိုပါစို့။ Power point software ကို ဖွင့်လိုက်ပြီဆိုတာနဲ့ primary memory ပေါ်ကို ရောက်သွားပါတယ်။ ယခုလက်ရှိ power point မှာ ရိုက်ထားတဲ့ စာတွေ ထည့်ထားတဲ့ ပုံတွေ video တွေ စတဲ့ data တွေဟာ မ save မချင်း primary memory ထဲမှာပဲ ရှိနေမှာပါ။ save လိုက်ပြီ ဆိုတာနဲ့ secondary memory ထဲကို data တွေအကုန် ရောက်သွားပါလိမ့်မယ်။ အကယ်၍ သာ ကျွန်တော်က မေ့ပြီး မ save ခဲ့ရင်သော်လည်းကောင်း၊ မ save လိုက်ရသေးခင်မှာ မီးပျက်သွားရင်သော်လည်းကောင်း၊ power ရုတ်တရက် သူ့အလိုလို ပိတ်သွားရင်သော်လည်းကောင်း data တွေအကုန် ပျက်သွားမှာပဲ ဖြစ်ပါတယ်။ ဘာလို့လဲ ဆိုတော့ မ save လိုက်ရတဲ့အတွက် primary memory ထဲမှာပဲ data တွေက ရှိပါတယ်။ primary memory ဖြစ်တဲ့အတွက် power ပိတ်တာနဲ့ data တွေအကုန် ပျက်ပါတယ်။
ဒါကြောင့် power ပိတ်လိုက်ရင်တောင် data တွေ ရှိနေစေချင်ရင် secondary memory မှာ သွားသိမ်းဖို့ save ခဲ့ရပါမယ်။
လူတစ်ယောက်နဲ့ တစ်ယောက် ဦးနှောက် မှတ်နိုင်စွမ်းတွေ၊ သိမ်းဆည်းနိုင်စွမ်းတွေ၊ လုပ်ဆောင်နိုင်စွမ်းတွေ မတူညီကြသလို computer တစ်လုံးနဲ့ တစ်လုံးမှာလဲ memory တွေရဲ့ သိမ်းဆည်းနိုင်တဲ့ ပမာဏ ၊ အလုပ်လုပ်နိုင်စွမ်းတွေ မတူညီကြပါဘူး။
Computer တစ်လုံးရဲ့ အလုပ်လုပ်ပုံ (computer system) အကြောင်းကို အခုဆို နားလည်သွားကြလိမ့်မယ် လို့ ထင်ပါတယ်။

Info Tech Computer မှ ကူးယူတင်ပြသည်

Group Link
https://www.facebook.com/groups/1078549253189486/?ref=share_group_link

Address

Mandalay

Telephone

+81775544440

Website

Alerts

Be the first to know and let us send you an email when Myo Min Oo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share