BizSolve Tech

BizSolve Tech "Turning Business Challenges into Digital Triumphs"

17/10/2023

Python???
-Programmingကို စတင်လေ့လာသင့်တဲ့သူတွေအတွက်ရွေးချယ်သင့်တဲ့ Programming Languageတစ်ခု၊
-လစာအများဆုံးရတဲ့ Programming Languageထဲကရွေးချယ်စရာ Language
- လေ့လာရတာလွယ်ကူပြီးသူမတူတဲ့ စွမ်းဆောင်ရည်တွေကြောင့် နာမည်ကြီးလာတဲ့ Python
- International Schoolတွေမှာပါ subjectတစ်ခုအနေနဲ့ သင်ကြားပေးခံနေရတဲ့ Python
Videoထဲမှာ အပြည့်အစုံကြည့်လိုက်ပါ။

01/10/2023
📌ဒီ 3ချက်မသိရင် Social Mediaပေါ်မှာ ဈေးမရောင်းပါနဲ့!!!တကယ်လို့ မိတ်ဆွေသာ business ownerတစ်ယောက်သာဖြစ်မယ်ဆိုရင် social me...
21/09/2023

📌ဒီ 3ချက်မသိရင် Social Mediaပေါ်မှာ ဈေးမရောင်းပါနဲ့!!!

တကယ်လို့ မိတ်ဆွေသာ business ownerတစ်ယောက်သာဖြစ်မယ်ဆိုရင် social media marketing အတွက် Researchလုပ်ရတာ သဘောကျမှာသေချာပါတယ်။

--->စစ်တမ်းတွေအရ ယခုလက်ရှိမှာ Social Mediaသုံးစွဲသူဦးရေ 4.2 Billion ရှိနေပါတယ်။ အဲ့ဒီ ကိန်းဂဏန်းက လွန်ခဲ့တဲ့ ၅နှစ်, 2017ခုနှစ်ကထက် နှစ်ဆနီးပါးရှိနေပါတယ်။သုံးစွဲသူများဟာ ပျမ်းမျှအားဖြင့် တစ်ရက်ကို 2နာရီနဲ့ 25မိနစ်လောက် Social Mediaပေါ်မှာအချိန်ကုန်လေ့ ရှိကြတယ်။

->Social Media ဆိုတာစီးပွားရေးလုပ်ငန်းကြီးအတွက်ဘဲ အသုံးဝင်တာလား?

--->Websiteတွေပေါ်မှာရှိတဲ့ Dataတွေအရ အသေးစား/အလတ်စား စီးပွားရေးလုပ်ငန်းတွေရဲ့ 71%ရာခိုင်နှုန်းဟာ Social Mediaကိုအသုံးချပြီး သူတို့ရဲ့ Productတွေကိုရောင်းဖို့ကြိုးစားကြပါတယ်။ အဲ့ထဲကမှ 52% ကတစ်ရက်ကိုpost တစ်ခုနှုန်း တင်ကြပါတယ်။

--->Marketမှာယှဥ်ပြိုင်မယ်ဆိုရင် Onlineပေါ်မှာလဲသင်ရှိနေဖို့လိုပါတယ်။ Social Mediaကို သင့်လုပ်ငန်းအတွက် ဘာကြောင့်သုံးသင့်တယ်ဆိုတဲ့ အချက်3ချက်ကို ဖော်ပြပေးလိုက်ပါတယ်။

1. Potential Customerများတိုးပွားလာခြင်း

--->Customer အသစ်ရဖို့ မလွယ်ကူမှန်း စီးပွားရေး လုပ်ငန်းရှင်တိုင်းသိကြပါတယ်။ မိတ်ဆွေအနေနဲ့ ကိုယ့်ရဲ့ Productကို ပိုကောင်းအောင်ထုတ်နိုင်ဖို့ ဒါမှမဟုတ် ပိုပြီးရောင်းကောင်းအောင် အချိန်တွေအများကြီးပေးရတာမှန်ပေမဲ့ မိတ်ဆွေရဲ့ လုပ်ငန်းတည်ရှိနေတာကို လူအများကမသိဘူးဆိုရင် ထင်သလောက် ရောင်းအားမကောင်းတာတွေဖြစ်တတ်ပါတယ်။
--->Social Mediaက ဒီအခက်အခဲတွေကိုကူညီဖြေရှင်းပေးမှာပါ။ Contentတွေကောင်းကောင်းဖန်တီးမယ်၊ ကိုယ့်Productတွေကဘယ်လိုလူမျိုးတွေနဲ့သင့်တော်မယ်၊ စသဖြင့် ကြောငြာတွေဖန်တီးပြီး အရောင်း Postတင်မယ်ဆိုရင်တော့ Potential Customerတွေ သေချာပေါက်တိုးပွားလာမှာပါ။

2. Brand awareness တိုးတက်လာခြင်း

--->Social Mediaမှာကြောငြာမယ်ဆိုရင်တော့ Social Media Marketing Plan ကောင်းကောင်းတစ်ခု ရှိနေဖို့လိုအပ်ပါတယ်။ Social media Marketing Planဆိုတာကတော့ ဘယ်နေ့မှာ အရောင်းPostတွေတင်မယ်၊ဘယ်နေ့မှာတော့ ကိုယ်ရဲ့ Viewerတွေ အတွက် Knowledgeရစေမယ့် Postလေးတွေတင်မယ်၊ စသဖြင့် စီစဥ်ထားတာကိုဆိုလိုတာပါ။ ကိုယ်ရဲ့ Social Media Platformမှာ လူအများစိတ်ဝင်စားစေမယ့် အရောင်းPostတွေ/ Knowledge Sharing Postတွေတင်တဲ့ အခါမှာ အသုံးပြုသူတွေ များများမျှဝေကြမယ်ဆိုရင် View တွေသေချာပေါက်တက်လာမှာပါ။ ကိုယ်ရဲ့အမှတ်တံဆိပ်ကို လူတွေများမျာတွေ့လေ ဝယ်ယူဖို့ Chanceများလေပါ။

3. ကိုယ်ရဲ့ Customerအကြောင်းကို ပိုပြီးနားလည်လာခြင်း

->Customerတွေအကြောင်းကို မိတ်ဆွေအနေနဲ့ဘယ်လောက်သိသလဲ?

--->ဘာလို့ဒီမေးခွန်းကို မေးရလဲဆိုရင် မိတ်ဆွေအနေနဲ့ ကိုယ့်ရဲ့ Customerအကြောင်းကိုသိမှ ပိုပြီးရောင်းအားတက်စေမှာဖြစ်ပါတယ်။ Social Media ကိုအသုံးချပြီး Customerတွေရဲ့စိတ်ဝင်စားမှု၊လိုအပ်ချက်၊ သူတို့ရဲ့ အပြုအမူတွေနဲ့ ဆုံးဖြတ်ချက်တွေကိုဖော်ထုတ်လို့ရပါတယ်။ ရလာတဲ့Dataတွေကို အသုံးချပြီး လူကြီးမင်းတို့ရဲ့ Market Strategyတွေကိုပိုမိုကောင်းမွန်အောင် လုပ်ဆောင်လို့ရပါတယ်။

📌ကျွန်တော်ကတော့ BizSolve Tech ကချမ်းပြည့်ပါ။ စီးပွားရေးလုပ်ငန်းတွေအတွက် နည်းပညာပိုင်းအရကူညီပေးနေသူတစ်ယောက်ဖြစ်ပါတယ်။
Contact us--->[email protected]

15/09/2023

--->နေ့စဥ်လူနေမှုဘဝမှာ သင်္ချာဆိုတဲ့ဝေါဟာရကကြားဖူးနေကြပါ။ ဈေးဝယ်တာကအစ အာကာသထဲကို ဒုံးပျံလွတ်တင်တာအဆုံး သင်္ချာကိုအသုံးပြုနေကြတာပါ။
--->တော်တော်ကိုစိတ်ဝင်စားဖို့ကောင်းတဲ့အပြင် သိပ္ပံသီအိုရီတွေကို လက်တွေ့ပြနိုင်တဲ့အထိ တွက်ချက်နိုင်တဲ့ ဘာသာရပ် တစ်ခုဖြစ်ပါတယ်။

ကဲ.... သင်္ချာဆိုတာ...ဘယ်လိုမျိုးလဲ? ၊ Videoထဲမှာကြည့်လိုက်ရအောင်......

---ကိုယ့်Productက qualityကောင်းပေမဲ့ အရောင်းမသွက်ဘူးဖြစ်နေပါသလား???>>>Customerဖြစ်လာနိုင်မယ့်လူတွေကို အနည်းဆုံးတစ်ခါလောက...
11/09/2023

---ကိုယ့်Productက qualityကောင်းပေမဲ့ အရောင်းမသွက်ဘူးဖြစ်နေပါသလား???
>>>Customerဖြစ်လာနိုင်မယ့်လူတွေကို အနည်းဆုံးတစ်ခါလောက်ကိုယ့်ပစ္စည်းကို ဝယ်သုံးဖူးအောင်ရောင်းကြည့်ပါ။

ဒီဘက်ခေတ်ကြီးထဲမှာတော့ စီးပွားရေးလုပ်ငန်းတွေရဲ့ကြောငြာတွေဟာ Social Media ပေါ်မှာပလူတွေပျံနေတာဘဲ။ သွားကြားထိုးတံကအစဒုံးပျ...
05/09/2023

ဒီဘက်ခေတ်ကြီးထဲမှာတော့ စီးပွားရေးလုပ်ငန်းတွေရဲ့ကြောငြာတွေဟာ Social Media ပေါ်မှာပလူတွေပျံနေတာဘဲ။ သွားကြားထိုးတံကအစဒုံးပျံ(ဒုံပျံ ဂျုံမှုန့် အပါအဝင်)အဆုံး ဘာလိုချင်ချင် Social Media ပေါ်မှာရှာလိုက်ယုံဘဲ ။တံဆိပ်အစုံ ပစ္စည်းပေါင်းစုံကိုတစ်နေရာထဲမှာတွေ့ရမှာပါ။ အဲ့လိုဖြစ်ရတယ် ဆိုတာလဲ ခေတ်ရဲ့ရေစီးကြောင်း အတိုင်းလိုက်လာကြတာပါ။ ကိုယ့်ရဲ့ ကုန်ပစ္စည်းတွေ၊ ဝန်ဆောင်မှုတွေကို လူတွေများများသိအောင် social media ပေါ်တက်လာပြီး အပြိုင်အဆိုင်ကြောငြာကြတာပါ။ ဒါကို Digital Marketingလုပ်တယ်လို့ ခေါ်ကြပါတယ်။ Digital Marketing နယ်ပယ်က ကျယ်ပြန့်အတွက် သီးသန့်ပြောပြပါမယ်။

-ကိုယ့်အနေနဲ့ ဘယ်လိုပစ္စည်းမျိုးတွေ၊ဝန်ဆောင်မှုတွေရောင်းတယ်၊ဝယ်တယ်ဆိုတာကို Social Media ပေါ်မှာ free ကြောငြာလို့ရပါတယ်(Boostလုပ်တာကတော့ ကိုယ့်ဒေါ့သနဲ့ ကိုယ်ပါ)။
-လူတော်တော်များများက Social Mediaပေါ်ရှိနေတဲ့အတွက် customerတွေကို အချိန်နဲ့တပြေးညီ ဆက်သွယ်လို့ ရတယ်။ လိုအပ်မယ်ဆိုရင် Photo contentတွေ၊ Video contentတွေကောင်းကောင်းပြင်ဆင်ပြီး ကိုယ့်ရဲ့ customerတွေကို ဆွဲဆောင်လို့ရပါတယ်။
-နောက်ပြီး ပြည်တွင်းဈေးကွက်သာမက ပြည်ပဈေးကွက်တွေအထိ ချဲ့ထွင်လို့ရမယ်။
-ကိုယ့် ကုန်ပစ္စည်းရဲ့ Brandingကို ကုန်ကျစရိတ်သက်သက်သာသာနဲ့ လုပ်လို့ရမယ်။
− နောက်ပြီးကိုယ့်ရဲ့ ပြိုင်ဘက်တွေရဲ့ အခြေအနေတွေကိုလဲ မျက်ခြေမပြတ်စောင့်ကြည့်လို့ရမယ်။
-ကိုယ့်ရဲ့ online networkကိုအသုံးချပြီး ကိုယ့်ရဲ့ Productတွေကို ရောင်းမယ်၊ ဝယ်မယ် စသဖြင့်။
-Social Mediaမှာ Planကောင်းကောင်းမလုပ်ဘဲကြော်ငြာမယ်ဆိုရင်အချိန်ကုန်၊လူပင်ပန်းတာဘဲအဖက်တင်မယ်။
-နောက်ပြီး ကိုယ့်ရဲ့ကြော်ငြာက လူတစ်ဦးကိုဘဲဖြစ်ဖြစ် အဖွဲ့အစည်းတစ်ခုခုကိုဘဲဖြစ်ဖြစ် ထိခိုက်မိသွားရင် ဝေဖန်မှုတွေအများကြီးကြုံရနိုင်တယ်။
-စီးပွားရေးပြိုင်ဘက်တွေရဲ့ ဝေဖန်မှုတွေ၊ ပြစ်တင်မှုတွေကိုလဲအနည်းနဲ့အများခံရနိုင်တယ်။
-ဒီဘက်ခေတ်မှာတော့ Onlineပေါ် ပွဲတွေအများကြီးဖြစ်နေတဲ့အတွက် ကိုယ့်ရဲ့လုပ်ငန်းကအဲ့လိုပွဲတွေကြားမှာ ပဲလှော်ကြားဆားမညှပ်ဖို့လိုပါတယ်။
ဘယ်လိုဘဲဖြစ်ဖြစ် လုပ်ငန်းတွေကိုပိုပြီးရောင်းအားကောင်းချင်ဆိုရင်တော့ Social Mediaပေါ်မှာကြောငြာမှအဆင်ပြေပါ့မယ်ဗျ။
စာတွေလဲပေရှည်သွားပြီဆိုတော့ ဒီမှာဘဲ အဆုံးသတ်ပါမယ်။
ကျွန်တော်ကတော့ BizSolve Techကချမ်းပြည့်ဖြစ်ပါတယ်။

31/08/2023

📌Punch Cardဆိုတာ????
♦️Memory Stick လို့ခေါ်တဲ့ Tumb driveတွေမပေါ်သေးတဲ့ခေတ်မှာ Dataတွေရွေ့ပြောင်းဖို့အတွက် အသုံးပြုခဲ့ရတဲ့ Punch cardတွေအကြောင်း
Videoထဲမှာ ကြည့်လိုက်ပါ။
Contact Us>>>
-09795790924
[email protected]

📌Social Media ဆိုတာဘာလဲ??? ဘယ်လဲ???---Facebook, Instagram, စတဲ့ Social Media တွေကိုအသုံးမပြုဖူးဘူးဆိုရင်တော့ တော်တော်ခေတ...
28/08/2023

📌Social Media ဆိုတာဘာလဲ??? ဘယ်လဲ???

---Facebook, Instagram, စတဲ့ Social Media တွေကိုအသုံးမပြုဖူးဘူးဆိုရင်တော့ တော်တော်ခေတ်နောက်ကျနေပြီလို့တောင် ပြောလို့ရပါတယ်။ Social Media websiteတွေစတင်အောင်မြင်ခဲ့တဲ့အချိန်ကတော့ 2003 ခုနှစ်ပတ်ဝန်းကျင်လောက်ကပါ။ မြန်မာပြည်မှာတော့ 2013ခုနှစ်ဝန်းကျင်လောက်ကမှ စတင်ခေတ်စားခဲ့တာပါ။ Internetလို့ပြောလိုက်တာနဲ့ လူတစ်ချို့က Social Mediaကိုဘဲ ပြေးမြင်ရတဲ့အထိအောင်မြင်နေတာပါ။

အဲ့တော့ Social Media ဆိုတာဘာလဲ။

📍Social Mediaကို အသုံးပြုသူတစ်ယောက်အနေနဲ့ တခြားသုံးစွဲသူတွေနဲ့ မိတ်ဆွေဖွဲ့လို့ရတယ်။ ဗန်းစကားနဲ့ဆိုရင်တော့ Friendလုပ်လို့ရတယ်ပေါ့။ 😁
📍Friendဖြစ်သွားပြီဆိုရင် friend အချင်းချင်းစကားပြောလို့ရပါပြီ။တချို့ဆိုရင် Social Media ကို အသုံးချပြီး တစ်အိုးတစ်အိမ်တည်ထောင်သွားတဲ့သူတွေ လဲရှိပါတယ်😋
📍နောက်ပြီး ကိုယ့်ခံစားချက်တွေကိုလဲ Social Mediaပေါ်မှာ ရေးတင်လို့လဲရမယ်၊ နောက်ပြီးကိုယ်ရဲ့ပျော်ရွှင်စရာ Memoryတွေ၊ photoတွေကိုတခြားသူတွေနဲ့ မျှဝေလို့ရပါသေးတယ်။ တစ်ချို့ဆိုရင် တစ်နေ့တစ်မျိုး အမျိုးမျိုးသော Photoတွေ ခံစားချက်တွေကို အားတိုင်းယားတိုင်း Postတင်ကြတဲ့သူတွေလဲ ရှိပါတယ်။😂
📍တခြားသူတွေရဲ့ တင်ထားတဲ့ Postတွေကို ကိုယ်အနေနဲ့နှစ်သက်ရင် Like👍တာတို့ Love♥️ ပေးတာတို့လဲလုပ်လို့ရပါသေးတယ်။ တခြားကောင်မလေးတွေတင်ထားတဲ့ Postကို Love ♥️သွားပေးလို့ ပြသာနာတက်သွားတဲ့ ဘဲတွေလဲ အများကြီးပါ။🙃
📍ဒါအပြင် ကိုယ်နှစ်သက်တဲ့ Postတွေဆိုရင်လဲ ကိုယ့်ရဲ့ Wallပေါ်မှာ ပြန်တင်လို့ရပါတယ်။ Social Mediaစကားအရဆိုရင်တော့ Shareတယ်လို့ခေါ်တာပေါ့။ တခြားသူတွေဆိုရင် အားအားယားယား ထိုင်shareပြီး စိတ်ဒုက္ခပေးနေတဲ့သူတွေ အများကြီးရှိပါတယ်။😜
♦️Social Mediaကို သုံးတတ်ဖို့အတွက် လေ့လာရပါမယ်။

"""Social Mediaများကွာ၊ accountဖွင့် တန်းသုံး၊ဘာများခက်လို့လဲ""" ဆိုပြီးမေးစရာရှိပါတယ်။
📎Social Mediaကို အသုံးပြုပြီး ဘဝပျက်သွားတဲ့သူတွေအများကြီးရှိသလို ကိုယ့်ရဲ့ဘဝကိုတိုးတက်ပြောင်းလဲသွားအောင်လုပ်ဆောင်ခဲ့သူတွေလဲ အများကြီးပါ။
📌ဒါကြောင့် Social Media ကိုဘယ်လိုသုံးရမလဲဆိုတာ
လေ့လာသင့်တယ်လို့ပြောတာပါ။
Social Mediaကို ကိုယ့်ရဲ့ လုပ်ငန်းအတွက် ဘယ်လိုအသုံးချရမလဲဆိုတာ ရေးတင်ပါအုံးမယ်။
💼ကျွန်တော်ကတော့ BizSolve Techကချမ်းပြည့်ဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းတွေအတွက် Softwareတွေ၊ ကြောငြာWebsiteတွေရေးသားပေးနေသလို Coding ပိုင်းမှာလဲ Python, Web, Scratch programmingတို့ကိုအဓိကသင်ကြားပေးနေတဲ့ Coding Instructor တစ်ယောက်ဖြစ်ပါတယ်။

>>>Chan Pyae (Web Developer/Coding Instructor)
>>>28/8/2023..

Contact us---
📳 09-795790924
📬 [email protected]

24/08/2023

📌Google တည်ထောင်သူ Larry Page အကြောင်း

Address

Mandalay

Telephone

+959795790924

Website

Alerts

Be the first to know and let us send you an email when BizSolve Tech posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to BizSolve Tech:

Share