27/02/2026
🎮🤩💢Clair Obscur: Expedition 33 ကို အခု မြန်မာနိုင်ငံက Gamer တွေလည်း Raccoon Game Myanmar မှာ ဆော့လို့ ရနေပါပြီ။💢🎮🤩
🎮Storyline: ဂိမ်းရဲ့ Story က တော်တော်လေး Deep ဖြစ်ပါတယ်။ "The Paintress" လို့ခေါ်တဲ့ နတ်ဘုရားမက နှစ်စဉ်နှစ်တိုင်း နံပါတ်တစ်ခုကို ရေးဆွဲပြီး အဲဒီအသက်အရွယ်ရှိတဲ့သူတွေကို ပျောက်ကွယ်သွားစေတဲ့ ကမ္ဘာပါ။ အခုတစ်ခါမှာ "33" ဆိုတဲ့ နံပါတ်ကို ရေးဆွဲတော့မှာဖြစ်လို့ Expedition 33 အဖွဲ့သားတွေက ဒီကျိန်စာကို အဆုံးသတ်ဖို့ ထွက်ခွာလာတဲ့အကြောင်း ဖြစ်ပါတယ်။
🎮Gameplay: Turn-based Combat ကိုမှ Real-time Action တွေဖြစ်တဲ့ Dodge, Parry နဲ့ Counter တွေကို ထည့်ထားတာမို့ တခြား RPG တွေလို အလှည့်စောင့်နေရုံတင်မဟုတ်ဘဲ အမြဲတမ်း Active ဖြစ်နေစေမှာပါ။
🎮Visual & Art: Unreal Engine 5 နဲ့ တည်ဆောက်ထားတာဖြစ်လို့ ပတ်ဝန်းကျင်အလှအပတွေက ရုပ်ရှင်ကြည့်နေရသလိုပါပဲ။ Belle Époque France ခေတ်ရဲ့ အနုပညာလက်ရာတွေကို ခံစားရမှာပါ။
Verdict: Story ကောင်းကောင်း၊ Gameplay အဆန်းနဲ့ Graphics လန်းလန်း ကြိုက်သူတွေအတွက် Must Play ဂိမ်းတစ်ခုပါ။